အပိုင်း ၁၉၀ (Extra-16)
Viewers 26k

Part 190 (extra - 16)


သူက စိတ်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ဒီကလေးမွေးပြီးတာနဲ့ သူသားကြောသွားဖြတ်လိုက်တော့မယ်။သေချာပေါက် ကျန်းကျန်းကို ကလေးမွေးဖို့ထပ်စွန့်စားခွင့် မပေးနိုင်တော့ဘူး။


ချီကျန်းကျန်းက မတတ်နိုင်ဘဲရယ်လိုက်တော့သည်

‘‘ဟုတ်ပါပြီ ဟုတ်ပါပြီ ’’


သူမက သူ့ရှေ့မှာ ပျာယာခတ်နေတဲ့ ဝမ်ယွီကိုကြည့်လိုက်ကာ သူမဝမ်နျန်ကို ကိုယ်ဝန်ဆောင်တုန်းက အချိန်ကိုပြန်သတိရသွားတော့သည်။


သူတို့လက်ထပ်ပြီး နှစ်အနည်းငယ်ကြာတဲ့အထိ ကလေးမရခဲ့ကြပေ။ဝမ်ယွီကလည်း ကလေးယူဖို့အစီအစဉ်မရှိခဲ့ပေ။ချီကျန်းကျန်းကလည်း သူတို့ငယ်သေးတယ်လို့ တွေးထားတာကြောင့် သူမကလည်းစိတ်ထဲမထားနေတော့ပေ။


အဲ့ဒီအချိန်တွင် သူမက အချိန်ပြည့်ဘာသာပြန်အလုပ်ကို ရှာတွေ့ခဲ့ပေသည်။


ပြောရမယ်ဆိုရင် ချီကျန်းကျန်းအတွက် အလုပ်ရှာဖို့က အရမ်းလွယ်တယ်လို့ ခံစားရပေသည်။

သူမက အလုပ်ရဖို့က ခက်ခဲလိမ့်မယ်လို့တွေးထားပေမယ့် ပထမဆုံးအင်တာဗျူးဖြေလိုက်တဲ့ ကုမ္ပဏီကဘဲ သူမကိုအလုပ်ခန့်လိုက်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။


အဲ့ဒါက အပြင်လူတွေကိုအလုပ်ခန့်တဲ့ ကုမ္ပဏီဖြစ်ကာ အင်တာဗျူးလိုအပ်ချက်တွေကလည်း အရမ်းမြင့်ပေသည်။နဂိုက သူမကဒီအတိုင်းကြိုးစားကြည့်ရုံသာဖြစ်ပေမယ့် အဲ့ကုမ္ပဏီက သူမကိုချက်ချင်းဘဲ အလုပ်ခန့်လိုက်မယ်လို့ မထင်ထားခဲ့ပေ။


ချီကျန်းကျန်းက အဲ့တာက ဝမ်ယွီကြောင့်ဆိုတာသိပေသည်။နောက်ဆုံးမှာတော့ ဝမ်ယွီကြောင့်သူမနာမည်ကိုလူအတော်များများက သိသွားကြတာ‌ဖြစ်သည်။


ဒါပေမယ့် အချိန်အတော်ကြာပြီးမှသာ  သူမက ဘာလို့အလုပ်ရသွားတာလဲဆိုတာ သိသွားတော့သည်။


တကယ်တော့ အဲ့ဒါက ဝမ်ယွီကြောင့်မဟုတ်ပေ။


ဝမ်ယွီက သူမကိုအရမ်းကောင်းကောင်းကို ကာကွယ်ပေးထားပေသည်။မီဒီယာတွေက သူမ‌အကြောင်းမထုတ်ပြောနိုင်အောင် လုပ်ထားပေသည်။သူတို့ဓာတ်ပုံတွေတောင်မှ အနည်းငယ်ဘဲရှိပေသည်။ပြီးတော့ သူမကိုအလုပ်ခန့်တဲ့သူက သူမဘယ်သူလဲဆိုတာကို လုံးဝမသိခဲ့ပေ။


အဲ့ဒီလူက နောက်မှပြောလာတာက သူမက အရမ်းကြည့်ကောင်းလွန်းလို့ အလုပ်ခန့်တာဖြစ်သည်ဟူ၍ပင်。。。


အချိန်ပြည့်ဘာသာပြန်သူအလုပ်ကကောင်းပေသည်။သူတို့တွေက နိုင်ငံခြားစကားပြန်ဖို့တွေရှိတဲ့အခါ ချီကျန်းကျန်းက အနားမှာရပ်နေရုံဘဲဖြစ်ကာ သူတို့ရဲ့ပုံရိပ်ကလုံလောက်အောင် ကောင်းမွန်သွားပြီဖြစ်သည်။


ချီကျန်းကျန်းက တကယ်ကိုထင်မထားခဲ့ပေ။အဆုံးမှာတော့ သူမကမျက်နှာကြောင့် အလုပ်ရသွားတာဖြစ်ပေသည်။


ဒါပေမယ့်လည်း သူမရဲ့စံနှုန်းတွေက အရမ်းမြင့်ကာ သူမကိုသူမလည်းမြင့်မြင့် သတ်မှတ်ထားပေသည်။ချီကျန်းကျန်းက တိုက်ခိုက်လိုစိတ်အပြည့်နဲ့ သူမရဲ့စကားပြန်အလုပ်လမ်းကြောင်းမှာ ကောင်းမွန်စေဖို့ အလုပ်ကြိုးစားတော့သည်။


အဲ့ဒီနောက် စကားပြန်လုပ်နေတဲ့အချိန်အတွင်းမှာ သူမကရုတ်တရက်မူးဝေသလိုခံစားလာရကာ 

ကိုယ့်ကိုကိုယ်မထိန်းနိုင်လုနီးပါးဖြစ်သွားလေသည်။


ပုံမှန်အားဖြင့် ဒီလိုအချိန်မှာဆို ထူးချွန်တဲ့အလုပ်သမားတယောက်က ဇွဲနဲ့တောင့်ခံနေမှာဖြစ်သည်။ဘယ်လိုဘဲဖြစ်ဖြစ် မူးဝေတာက ခနနေလို့ပျောက်သွားရင် အရာအားလုံးကောင်းသွားမှာဘဲလေ။


ဒါပေမယ့် ချီကျန်းကျန်းကတော့ သူမဘဝကိုတန်ဖိုးထားတဲ့သူဖြစ်သည်။သူမက စားဝတ်နေရေးအတွက် ဒီအလုပ်ကိုမှီခိုနေဖို့မှ မလိုတာ。。


ဆက်ပြောရမယ်ဆိုရင် သူမက မူးဝေလွန်းလို့သေတော့မတတ်ဘဲ


အဲ့ဒီအချိန်တုန်းက ချီကျန်းကျန်းမျက်နှာက ဖြူဖျော့လာတော့တာဘဲ။‌အဲ့ဒီနောက်မှာတော့ လူတိုင်းရဲ့‌အံ့အားသင့်နေတဲ့ အကြည့်အောက်မှာ စကားပြန်လုပ်နေတာကိုရပ်၊ ထိုင်ဖို့နေရာတစ်ခုရှာလိုက်ပြီး ဝမ်ယွီကိုဖုန်းခေါ်လိုက်တော့သည်။


အဲ့ဒါပြီးတော့ သူမကမလှုပ်ရှားဘဲဆက်ထိုင်နေလိုက်သည်။ဘယ်လိုလုပ်ပြီး စကားပြန်လုပ်တာကို သူမဂရုစိုက်နိုင်တော့မှာလဲ။


ကုမ္ပဏီကလူတွေက သူမကို အကြည့်ဆက်တိုက်ပေးနေကြကာ ခေါင်းဆောင်ရဲ့မျက်နှာကလည်း မဲမှောင်လာတော့သည်။


ဂျာမန်လူကြီးကလည်း ကြောင်အသွားတော့သည်။


သူမမေ့လဲတုန်းကဆိုရင် သူတို့ကဆွေးနွေးတာကိုတောင် ဆက်မလုပ်နိုင်တော့ဘူး၊ ကုမ္ပဏီရဲ့ စီမံရေးရာဌာနက ဝန်ထမ်းက ချီကျန်းကျန်းကို ဆက်သွယ်ဖို့လုပ်ပေမယ့် မရတာကြောင့် သူဘဲကျည်ဆန်ကိုကိုက်ကာ အင်္ဂလိပ်လိုဘဲစကားပြောလိုက်ရတော့သည်။


ဂျာမန်လူကြီးရဲ့ အင်္ဂလိပ်ကလည်း သာမာန်ဘဲဖြစ်ကာ သူတို့ကကောင်းကောင်း ဆက်သွယ်ပြောဆိုလို့မရလုနီးပါးပင် ဖြစ်သွားရလေသည်။သူတို့က ဆွေးနွေးဖို့အတွက် နောက်ထပ်တချိန်ကိုသာ စီစဉ်လိုက်ဖို့လုပ်တော့သည်။


သိပ်မကြာခင်မှာဘဲ ဂျာမန်လူကြီးကလည်း ‌သဘောမတူချင်ဘဲ တူလိုက်ရတော့သည်။သူမထွက်သွားရသေးခင်မှာဘဲ ဝမ်ယွီကအပြေးဝင်လာခဲ့လေသည်။


သူ့မျက်နှာက ဖြူဖျော့နေကာ သူ့ခြေထောက်တွေကလည်း ဂျယ်လီလိုပျော့ခွေသွားမတတ်ပင်၊သူက ချီကျန်းကျန်းရှေ့မှာ လဲကျလုနီးပါးဖြစ်သွားလေသည်။


ခနလောက်နေမှသာ သူကတုန်တုန်ရီရီနဲ့ ချီကျန်းကျန်းကိုသယ်လိုက်ပြီး ဆေးရုံဆီသို့ စစ်ဆေးဖို့သွားတော့သည်။


ဝမ်ယွီနဲ့ ချီကျန်းကျန်းအတွက်တော့ မိုးပြိုနေသလိုဖြစ်နေတာကြောင့် သူတို့ကအခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။သို့သော်လည်း ချီကျန်းကျန်းကုမ္ပဏီရဲ့ ဘော့စ်အတွက်‌ကတော့ ရိုးရှင်းစွာကို ရှော့ရသွားတော့သည်။


အဲ့ဒီအချိန်မှာမှ သူတို့ကုမ္ပဏီရဲ့ ဆန်းကြယ်တဲ့ အချိန်ပြည့်စကားပြန်က တကယ်တော့ ယွီတင်းရဲ့ဘောစ့်ဝမ်ယွီရဲ့ ဇနီးဆိုတာကိုသိသွားရတော့သည် ။


ကုမ္ပဏီကလူတွေက ဘယ်လောက်ဘဲထိတ်လန့်နေပါစေ၊ ဝမ်ယွီက ချီကျန်းကျန်းကို အလျင်အမြန်ဘဲ ဆေးရုံကိုပို့လိုက်ပြီးတဲ့နောက်မှာတော့ သူကဆေးစစ်ချက်အတွက်စောင့်နေရင်း သူ့မျက်နှာက ‌ဖြူရော်နေတော့သည်။


ခနလေးအတွင်းမှာ အကြောက်တရားကရိုက်ခတ်လာကာ ဝမ်ယွီကထိန်းမထားနိုင်လုနီးပါးပင်ဖြစ်လာရတော့သည်။


ဒါပေမယ့် ချီကျန်းကျန်းကလည်း  စိုးရိမ်တကြီးဖြစ်နေပေသည်။သူမကသူ့ကိုလိုအပ်တာကြောင့် သူ့ကိုအနားဆွဲခေါ်ကာ လက်ကိုင်ထားလိုက်လေသည်။


အဲ့ဒီနောက် သူတို့က ဆေးစစ်ချက်ကိုစောင့်နေကြတော့သည်。。。


‘‘。。。သူမက ကျန်းမာရေးကောင်းပါတယ်၊ 

ဒါပေမယ့် သူမမှာကိုယ်ဝန်ရှိနေတယ်၊ လေးပတ်လောက်ရှိပါပြီ ’’


အဲ့ဒီအချိန်တွင် ချီကျန်းကျန်းနဲ့ ဝမ်ယွီတို့နှစ်ယောက်လုံး ကြောင်သွားကြတော့သည်။


အဲ့ဒီနောက်မှာတော့ ဝမ်ယွီက ကြမ်းပြင်ပေါ်သိုကျသွားကာ မေ့သွားလုနီးပါးပင်ဖြစ်သွားတော့သည် ။


နောက်ပိုင်း သူမဆေးရုံကပြန်ဆင်းပြီးတဲ့နောက်မှာတော့ ကုမ္ပဏီက ချီကျန်းကျန်းကို အချိန်မရွေးအလုပ်လာပြန်လုပ်လို့ရကြောင်း ပြောလေလေသည်။အဲ့ဒါက သူတို့က သူမကိုထောက်ပံ့ပေးဖို့ အသင့်ရှိနေသကဲ့သို့ပင် ဖြစ်သည်။


ဖြစ်ချင်တော့ အဲ့ဂျာမန်လူကြီးကလည်း ယွီတင်းရဲ့ လက်အောက်ခံကုမ္ပဏီတခုနဲ့ ပူးပေါင်းချင်နေတာဖြစ်သည်။သူက ချီကျန်းကျန်းရဲ့မေ့လဲသွားမှုကို လုံးဝစိတ်မဆိုးခဲ့ပေ။အဲ့ဒီအစား ပူးပေါင်းဖို့ကို မြန်မြန်ဘဲ အဆုံးသတ်လိုက်တော့သည်။


ဒါပေမယ့် ချီကျန်းကျန်းက ဆက်ပြီးမလုပ်နိုင်တော့တာကြောင့် အလုပ်ထွက်လိုက်တော့သည်။


ဝမ်နျန်ကိုမွေးပြီးမှသာ သူမကိုမသိနိုင်တဲ့ ကုမ္ပဏီသေးသေးလေးဆီကိုပြောင်းလိုက်ကာ အချိန်ပြည့်စကားပြန်အဖြစ် အလုပ်ပြန်လုပ်လိုက်တော့သည်။


xxxxxx