Chapter 29
Viewers 2k

📽️Chapter 29

အခြေအနေ : ထိခိုက်ဒဏ်ရာရခြင်း



နောက်တစ်နေ့တွင် ရန်ရှူတစ်ယောက် ရိုက်ကူးရေးသို့ ပြန်သွားသောအခါ ဒရိုင်ဘာအား တရုတ်တိုင်းရင်းဆေးခန်းသို့ ခေါ်သွားပေးရန် တောင်းဆိုခဲ့သည်။ 


သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားပြီး တိုင်ပင်ဆွေးနွေးခန်းသို့ ဝင်သွားသောအခါ ထိုဒေါက်တာက ဆံပင်ဖြူတစ်ပင်မှ မရှိသည့် အသက်လေးဆယ်အရွယ် လူတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ 


ထို့ကြောင့် အပြည့်အဝ မယုံကြည်နိုင် ဖြစ်သွားရလေသည်။ 


သို့သော်ငြား ကျောက်ကပ်အားနည်းခြင်းက ခက်ခဲပြီး ကုသရ မလွယ်ကူသော ရောဂါ မဟုတ်နိုင်သည့်အတွက် ဝင်သွားပြီးနောက် ထိုင်လိုက်သည်။ 


သီးသန့်ဆေးခန်းထဲမှ ဆရာဝန်က အပြုအမူကောင်းများ ရှိပြီး မေးလာခဲ့သည်။

" ဘာများဖြစ်လို့ပါလဲ…" 


"ဒီရောဂါရှိတာ အံ့သြစရာ မဟုတ်ပါဘူး... ပထမဆုံး လိုအပ်တာက... " 


"ကျွန်တော် မဟုတ်ပါဘူး... သူငယ်ချင်းတစ်ယောက်ပါ…" 


"ကျောက်ကပ်အားနည်းတာက ရှက်စရာ မဟုတ်ပါဘူး…" 

ပြောနေရင်း ရန်ရှူအား သွေးကြောစမ်းရန် လက်ထုတ်ခိုင်းလိုက်သည်။ 


"တကယ် ကျွန်တော် မဟုတ်ပါဘူးဆို... ကျွန်တော် မေးချင်လို့... မှားပြီး ထင်မိမှာ စိုးရိမ်လို့ပါ…" 


"မင်း သူငယ်ချင်းကရော…" 


"သူက ရှက်တတ်လို့ လိုက်မလာဘူး... ဒါပေမယ့် မနေ့က ကျွန်တော် သူ့သွေးခုန်နှုန်း စမ်းလိုက်သေးတယ်... သူ့သွေးခုန်နှုန်းက ဒိုရေမီ... ဒိုရေမီ သံစဥ်လိုပဲ…" 


“…” 

ဒေါက်တာက ရန်ရှူအား ကြည့်လိုက်ပြီးနောက် ဆွံ့အသွားရလေသည်။ 


ရန်ရှူက သေသေချာချာ မဖော်ပြမိဟု ခံစားရသဖြင့် စန့်ရှန်း၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ပြောပြလိုက်သည်။ 

"သူက အသက် နှစ်ဆယ့်ခုနစ်နှစ်... အရပ်က 190စင်တီမီတာ ရှိတယ်... အလေးချိန်ကတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် စံတန်းဝင်တော့ ဖြစ်မှာပါ... သေချာပေါက် အဆီများတာ မဟုတ်ပေမယ့် သူ့ကြွက်သားတွေက လေးတယ်..." 


ဆရာဝန်၏ ဘောပင်က မှတ်စုစာအုပ်ပေါ် ထောက်ထားသော်လည်း  လှုပ်ရှားမှုမရှိဘဲ စဥ်းစားနေခဲ့လေသည်။ 

ငါ ဒီကုသမှုကို တကယ်ရေးရမလား: 190စင်တီ ရှည်တယ်.. ကြွက်သားတွေ ရှိတယ်... သွေးခုန်နှုန်းက ဒိုရေမီ... 


ရန်ရှူက ဆရာဝန်ကို သေသေချာချာ ကြည်ကာ မေးလိုက်သည်။

"ကုနိုင်လောက်လား…" 


"ကုကြည်တာပေါ့…" 


"ဆေးပဲ ညွှန်းပေးလို့မရဘူးလား... ပြုတ်သောက်ရတာတို့... ဆေးမှုန့်လိုမျိုးလေ... ကျွန်တော် လိပ်စာပေးထားလိုက်မယ်... မေးလ်နဲ့ ပို့ပေးမလား…" 


"မစမ်းသပ်ရသေးဘဲ ဆေးညွှန်းပေးလို့ ဖြစ်ပါ့မလား…" 


"ညွှန်းသာ ညွန်းပေးလိုက်ပါ... ဒီရောဂါကလွဲရင် အခြား ဖြစ်စရာအကြောင်း မရှိဘူး…"

မဟုတ်ရင် ခွေးသူခိုးကောင်စန့်ရှန်းက ငါ့ကို မဖာခ့်မိအောင် ထိန်းထားနိုင်ပါ့မလား... 


ဆရာဝန်က ဝေခွဲမရ ဖြစ်နေပြီး ရန်ရှူကို ထပ်ပြီး ထပ်ပြီး အတည်ပြုနေခဲ့သည်။ 


ရန်ရှူ၏ သဘောထားက ခိုင်မာနေခဲ့သည်။ 


ဆေးညွှန်းပေးပါက စန့်ရှန်း၏ ကျောက်ကပ်အားနည်းရောဂါကို ကုသနိုင်ပေလိမ့်မည်။ 

စောစောကုသရင် ငါလည်း စောစော အဖာခ့်ခံ... မဟုတ်ဘူး ပြောချင်တာ စောစော နေကောင်းလာမှာပေါ့လို့...


စန့်ရှန်းအတွက် ဆေးညွှန်း ရပြီးသွားသောအခါ ရန်ရှူက တရုတ်တိုင်းရင်းဆေးခန်းမှ ထွက်လာခဲ့သည်။ ထိုမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချမိသွားလေသည်။ 


စန့်ရှန်းမှာ ငါ့လို ဥာဏ်ကောင်းတဲ့ အချစ်ကလေး ရှိတာ ဘယ်လောက် ကံကောင်းလိုက်လဲ... 


တခြားသူတွေသာ ကျောက်ကပ်အားနည်းတဲ့ ရည်းစားနဲ့ တွေ့ရင် ပစ်သွားတာ ကြာလှပြီ… ငါကသာ အချစ်ဟောင်းလေးကို သတိရပေးလို့ စန့်ရှန်းကို ကုသပေးနိုင်မှာပဲ... 


ငါက အရမ်းကောင်းတာပါလားနော်... 


စန့်ရှန်းသာ ငါ့အပေါ် လုံလုံလောက်လောက် မချစ်ပေးတာ... ခွေးသူခိုးကောင်... 


နောက်တစ်နေ့တွင် စန့်ရှန်းက စားပွဲပေါ်မှ ဆေးထုတ်လေးကို ကြည့်ကာ အကြာကြီး တိတ်ဆိတ်သွားလေသည်။ 


ဖုန်းထဲတွင်မူ ရန်ရှူ့ထံမှ စာတစ်စောင် ရှိနေသည်။ 

[မင်း ညတိုင်း နောက်ကျမှ အိပ်နေရတာ အရမ်းပင်ပန်းနေမှာပဲ... ဒါကြောင့် မင်းအတွက် ဆေးညွှန်း သွားယူပေးခဲ့တယ်... အချိန်မီသောက်ဖို့ သတိရနော်... ယုန်ဖြူသကြားလုံး နှစ်ထုပ်ရော ဝယ်ပေးခဲ့သေးတယ်... မကြာခင် လာပို့ပေးလောက်တယ်... ဆေးသောက်ပြီးရင် သောက်ဖို့ သတိရ…] 


မနီးမဝေးနေရာမှ ရှန်းကျွင့်ကျင်းက အူလိုက်သဲလှိုက် ရယ်မောနေခဲ့သည်။ 


စန့်ရှန်းက သူ့ကို လစ်လျုရှုထားသည်။ 


"ငါ့ပုံက ကျောက်ကပ်အားနည်းနေတဲ့ပုံ ပေါ်လို့လား…" 

စန့်ရှန်းက ရှန်းကျွင့်ကျင်းအား မေးလိုက်သည်။ 


“ငါ့အတွက်တော့ မတူပါဘူး…”


“သူ…” 

စန့်ရှန်း အိတ်ကို ကောက်ယူကာ ရှန်းကျွင့်ကျင်းထံ ပေးလိုက်သည်။

"သွားအပူပေးလိုက်... ပြီးရင် ယူလာခဲ့…" 


"တကယ်ကြီး သောက်မလို့လား... ဖြစ်ပါ့မလား…" 


စန့်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

"သူက ငါ့ကို ဂရုစိုက်ပေးနေတာလေ... သူ သေသေချာချာ ဆေးညွှန်းတောင်းလာရတဲ့ ဆေးကို မသောက်လို့ ဖြစ်ပါ့မလား…" 


ရှန်းကျွင့်ကျင်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အဆုံးတွင် ဆေးထုပ်ကို ယူသွားသည်။

"မင်းကတော့ တကယ့်ကောင်ပဲ…" 


*****


“အောစ့်စီဆိုတဲ့ကောင်က အမှိုက်လိုပဲ... ပိုက်ဆံတွေ အများကြီး ပေးထားတာတောင် ရအောင် မလုပ်နိုင်ခဲ့ဘူး... ငါက သူ့ကို reality show မှာ ပါဖို့ အလကား အခွင့်အရေး ပေးလိုက်သလိုပဲ…" 

စုတျန့်တျန့်က ဒေါသတကြီး ဖြစ်နေပြီး အခန်းထဲတွင် ဆောက်တည်ရာမရ ဖြစ်နေလေသည်။ 


"ကျွန်တော်တို့ဘက်က သေသေချာချာ လုပ်ထားပြီးသား... အောစ့်စီကလည်း ပူးပေါင်းပေးမယ်လို့ ပြောခဲ့တယ်လေ... အကြောင်းအရင်းတချို့ကြောင့် စိတ်ပြောင်းသွားတာ ဖြစ်မယ်…"

လက်ထောက်လေးက ကူကယ်ရာမရဖြစ်နေပြီး သက်ပြင်းသဲ့သဲ့ ချကာ ရှင်းပြလိုက်သည်။ 


"ဖုန်းပေး... ငါကိုယ်တိုင် မေးကြည့်ရမယ်…" 

စုတျန့်တျန့် လက်လှမ်းလိုက်သည်။ 


လက်ထောက်လေးက တုန့်ဆိုင်းသွားသော်ငြား နာခံနေရဆဲပင်။ သူ စုတျန့်တျန့်ထံ ဖုန်းပေးလိုက်သည်။ 


စုတျန့်တျန့် ဖုန်းခေါ်လိုက်ရာ တဖြည်းဖြည်း ဗီဒီယိုကော ချိတ်ဆက်မိသွားသည်။ တစ်ဖက်မှ အာသာဖြေနေသည်ပုံ ပေါ်နေပြီး ကင်မရာကို ရံဖန်ရံခါသာ တစ်ချက် ကြည့်လာလေသည်။ 


"အလုပ်ကို ဘယ်လို လုပ်နေတာလဲ... ငွေယူပြီး ရှိုးမှာတော့ ပါပြီးမှ နောက်ဆုံးကျ အသုံးမကျပါလား..." 


"ရန်ရှူကို စကားနှိုက်ဖို့ ဒါမှမဟုတ် သူနဲ့ သတင်းထွက်အောင် လုပ်ဖို့ ကြိုးစားကြည့်မယ်လို့ ကတိပေးခဲ့တာ ဟုတ်တယ်... ငါက ကြိုးစားကြည့်မယ်လို့ပဲ ပြောတာ... အောင်မြင်လိမ့်မယ်လို့ မပြောဖူးဘူးလေ…" 


“ရေတွင်းထဲကို ကျောက်တုံး ပစ်ချပြီးရင် နောက်ဆက်တွဲ အသံတော့ ကြားရမှာပဲ... အခုကျ မင်းဆီက နောက်ဆက်တွဲ ဘာအကြောင်းမှ မပါလာဘူးလေ…" 


"ကျွန်တော်လည်း အကောင်းဆုံးကြိုးစားခဲ့တာပဲ... နောက်ကျတော့ ခင်ဗျားတို့ ဘောစ့် ရောက်လာတာလေ... ရန်ရှူကိုကပ်ဖို့ အခွင့်အရေးတောင် မရခဲ့ဘူး…" 


"ဒါဆို ပိုက်ဆံပြန်ပေး... မဟုတ်ရင် မင်း ဒီလောကထဲ မနေနိုင်အောင် လုပ်လိုက်မှာနော်…" 


ထိုစကားကို ကြားသောအခါ အောစ့်စီက ရယ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ခင်ဗျားသာ ပြန်လာနိုင်ဖို့ ခက်မှာ... ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ဘယ်ကသတ္တိတွေ ရလာတာလဲ... မထင်ထားတဲ့ ဖြစ်ရပ်လေး ဖြစ်လာဖို့ တောင်းဆိုနေတာလား... ဖုန်းချလိုက်တော့မယ်…" 


စုတျန့်တျန့်က ဗီဒီယိုကော ကျသွားသည်ကို ကြည့်နေခဲ့သည်။ သူ ဆဲရေးသည့်စကားများ ပို့ရန် စာရိုက်လိုက်ရာ သူငယ်ချင်းအဖြစ်မှ အဖယ်ခံလိုက်ရကြောင်း တွေ့လိုက်ရလေသည်။ 


အောစ့်စီက သူ့ကို လုံးဝ မကြောက်ပေ။ 


စုတျန့်တျန့်က ဒေါသများ ပေါက်ကွဲမတတ် ဖြစ်နေခဲ့သည်။ 

"လူကြီးမင်းစန့်က ရန်ရှူဆီ သွားလည်ခဲ့တာလား…" 


"ရန်ရှူက ရိုက်ကွင်းမှာ ဆဲမိသွားလို့ သူ့အသံကို ဖျောက်ပေးဖို့ မစ္စတာစန့်က ရိုက်ကွင်းကလူတွေနဲ့ သွားပြီး ဆွေးနွေးတာလို့ ပြောတာပဲ" 


သူက ရန်ရှူဆီ သွားလည်ခဲ့တာလား... ငါကတော့ အခု အလုပ်တစ်ခု ရဖို့တောင် ခက်ခဲနေတာကို ဒီအကြောင်းကိုတော့ လုံးဝ ဂရုမစိုက်ပေးဘူး... ကုမ္ပဏီကိုတောင် လွှတ်ပေးထားသေးတယ်... 


စုတျန့်တျန့်မှာ ရင်ဘတ်များ ဖောင်းကားလာသည်အထိ ဒေါသထွက်နေသည်။ သူက အမောတကော အသက်ရှူနေရင်းက အဆုံးတွင် ကျိန်ဆဲလိုက်သည်။

"ရန်ရှူက လူကြိီးမင်းစန့်နဲ့ ဘယ်လို တွေ့သွားတာလဲ... ငါ့ကျ ဘာလို့ ဟူရုံချီလို အသုံးမကျတဲ့ အဘိုးကြီးနဲ့ပဲ တွေ့ရတာလဲ…" 


လက်ထောက်လေးက ကယောင်ခြောက်ချား ဖြစ်နေသော စုတျန့်တျန့်ကို ကြည့်ကာ အတော်လေး တုန်လှုပ်သွားသည်။ 

ငါတော့ အလုပ်ပြောင်းသင့်နေပြီ…


စုတျန့်တျန့်က သူ့အခြေအနေကို ပြောင်းပြန်လှန်ရန် ခက်ခဲမည်ကို စိုးရိမ်နေ၍ ယခုလတ်တလော စိတ်မတည်မငြိမ် ဖြစ်နေလေ၏။ ရလဒ်အနေဖြင့် ဘေးနားမှ လူများက ခံစားကြရလေသည်။ 


ယခုတွင်မူ သူက စုတျန့်တျန့်နှင့် အောစ့်စီတို့ နှစ်ယောက် ခွေးလို ကိုက်နေသည်ကို ကြည့်နေရပြီး စုတျန့်တျန့်မှာ ရှုံးသွားသော ခွေးနှင့် တူနေသည်ဟု ခံစားနေရလေသည်။ 


*****


ရက်အနည်းငယ်အကြာ ရိုက်ကူးရေးအဖွဲ့၏ ရှူတင်နေရာအသစ်သို့ ရောက်လာခဲ့ကြသည်။ 


"ဟင်း..."

ရန်ရှူက လက်မောင်းမှ ပြတ်ရှဒဏ်ရာကို ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ 


ရိုက်ကူးရေးအဖွဲ့က အခြေအနေကို စစ်ဆေးရန် အပြေးရောက်လာခဲ့ကြသည်။ 


ဒဏ်ရာ၏ အခြေအနေကို အကြမ်းဖျဥ်း စစ်ဆေးပြီးနောက် ပြောလိုက်လေသည်။

"အဆင်ပြေပါတယ်... ဒဏ်ရာက သိပ်မနက်ပါဘူး…" 


ဒဏ်ရာက အမှန်ပင် သိပ်မနက်ပေ။ အရေပြားပေါ် ရှပ်ထိသွားရုံသာ ဖြစ်သည်။ သို့သော်ငြား သွေးများက စိမ့်ထွက်လာနေဆဲ ဖြစ်သည်။ 


ရှောင်ချီက ရန်ရှူကို ခပ်ဝေးဝေးသို့ ခေါ်သွားပေးခဲ့သည်။ ဒဏ်ရာကို ဆေးထည့်ကာ အနာကပ်ပလာစတာ ကပ်ပေးပြီးမှ ဆက်လက်ရိုက်ကူးခွင့် ပြုလိုက်၏။ 


ညအချိန်တွင် ရန်ရှူ မိတ်ကပ်ဖျက်နေခဲ့သည်။ ထို့နောက် ဆေးကြောရန် သွားသည့်အခါမှ အနာကို ရေဝင်ကာ နာကျင်လာသည်ကြောင့် ဒဏ်ရာကို သတိရသွားလေသည်။ 


လက်မောင်းကို မြှောက်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို စိတ်ကူးတစ်ခု ရလာခဲ့လေသည်။ 


သူက အဝတ်များပင် မဝတ်သေးဘဲ ဖုန်းကို ထုတ်လိုက်၏။ သူက ဒဏ်ရာကို ဓါတ်ပုံရိုက်ကာ ဒဏ်ရာ ပိုပြီး ပန်းရောင်သန်းသွားစေရန်အတွက် ဆွဲဆိတ်ရန်လည်း မမေ့ခဲ့ပေ။  


ပုံကို စန့်ရှန်းထံ ပို့လိုက်သည်။ 


RS: [ပုံ]


RS: [ငါ ဒဏ်ရာ ရသွားတယ်... အရမ်း နာတာပဲ~~~~] 


စန့်ရှန်း၏ စာပြန်နှုန်းက အတော်လေး မြန်သည်။: [မင်းအတွက် သီးသန့်ဆရာဝန် ခေါ်ပေးရမလား…] 


ရန်ရှူက ဖုန်းမျက်နှာပြင်ကို ကြည့်ကာ မည်သို့ ပြန်ဖြေရမည်ကိုပင် မသိတော့ပေ။ 


စန့်ရှန်း၏ ပြဿနာ ဖြေရှင်းနည်းများက သူ့အတွက် အမှားရှာရန် မဖြစ်နိုင်ပေ။ ထိုသို့ အရေးကြီးလှသော အဆင့်မျိုးဆိုလျှင် ဆယ်ချက်မျှ မချုပ်ဘဲနှင့် ကွဲသွားသော အရေပြားလေးကို စိတ်မကောင်း ဖြစ်ရပေတော့မည်။ 


RS: [မဟုတ်ဘူးလေ... မင်း ငါ့ဆီ လာလည်လို့ မရဘူးလား...] 


ထိုမက်ဆေချ့် ရောက်သွားသော်လည်း တစ်ဖက်မှ ပြန်ဖြေမလာခဲ့ပေ။ 


ရန်ရှူ ဒေါသထွက်သွားသည်။ 

စန့်ရှန်းက ရိုက်ကွင်းကို လာလည်ဖို့ ဒီလောက် ခက်နေတာလား... 


ငါ မင်းရဲ့ ကျောက်ကပ်အားနည်းတဲ့ ပြဿနာကိုတောင် အပြစ်မတင်ခဲ့ဘူးလေ... ငါ မင်းအတွက် လုပ်ပေးခဲ့တာတွေကိုကျ မမြင်ဘူးလား…

ရန်ရှူ သူ့ဘာသာ တွေးနေမိသည်။ 


ရန်ရှူ တစ်ခဏမျှ စောင့်နေသေးပါသော်လည်း စာပြန်မလာပပေ။ ထို့ကြောင့် စန့်ရှန်းထံ ချက်ချင်း ဖုန်းခေါ်လိုက်ရာ တစ်ဖက်လူက တစ်ခဏမျှ စောင့်ပြီးမှ ပြန်ဖြေလာသည်။ 


သူ ချက်ချင်း အသံကို ညှစ်ထုတ်ကာ ခေါ်လိုက်သည်။ 

"မစ္စတာစန့်..." 


တစ်ဖက်လူက စက္ကန့်ပိုင်းအတွင်း ဖုန်းချလိုက်သည်။ ရန်ရှူ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မှသာ ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့မျက်နှာ အမူအရာတစ်ခုလုံး ရက်စက်ကြမ်းကြုတ်လာပြီး ချက်ချင်း ပြန်ခေါ်လိုက်သည်။ တစ်ဖက်လူက ဗီဒီယိုကောကို ကိုင်လိုက်သည်နှင့် ဟိန်းဟောက်လိုက်လေသည်။

"ချီးပဲ... မင်း ငါ့ဖုန်းကို ချလိုက်တာလား... သေချင်နေပြီလား မင်း..." 


စန့်ရှန်းအတွက် အသက်ပျောက်ရန် ဆယ်စက္ကန့်အလိုကဲ့သို့ပင်။ 


တစ်ဖက်လူက ချက်ချင်း တီးတိုးရယ်မောလိုက်ပြီး သူ့ကို ပြန်ဖြေလာခဲ့သည်။

"ကိုယ်ထင်တာ တစ်ယောက်ယောက်က မင်းဖုန်းကို သုံးပြီး ခုနက အသံနဲ့ စလိုက်တာလားလို့…" 


"ငါ့အသံကို မကြားရလို့လား…"

ရန်ရှူမှာ အသံပြာသည်အထိ အော်လိုက်သည်။ 


"အခု ကြားရပြီ…" 


"ဘာလို့ ငါ့စာကို ပြန်မဖြေတာလဲ…"

ရန်ရှူ ဆက်မေးလိုက်သည်။ 


"သြော် ကိုယ်က လေယာဥ်လက်မှတ်တွေ စစ်ကြည့်နေရတာ လေယာဥ်ချိန်က မကိုက်ဘူး ဖြစ်နေတယ်... ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်လေယာဥ်ကို ဆက်သွယ်ပြီး ခရီးစဥ် တင်သွင်းနေတာ...သေချာတဲ့ သတင်းရမှပဲ တိကျတဲ့ အဖြေ ပေးမလို့…" 


စန့်ရှန်းက ပထမတန်းမှသာ ခရီးသွားသည်။ ပထမတန်း မဟုတ်လျှင် ရွေးချယ်မည် မဟုတ်ပေ။ 


သာမန်ထိုင်ခုံများတွင် ထိုင်လျှင် သိက္ခာကျသည်ဟု ထင်၍ မဟုတ်ဘဲ သာမန်ခုံတွင် ထိုင်ခြင်းက သူ့ခြေထောက်များ ဆန့်မရသည့်အတွက် သက်တောင့်သက်သာ မရှိခြင်းကြောင့် ဖြစ်သည်။ 


“သြော်…”

ရန်ရှူ့အသံ ချက်ချင်းပျော့သွားသည်။ 

"တကယ်တော့... အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး" 


"ဒါပေမယ့် အလျင်လိုတယ်လေ... ကိုယ်နောက်ကျသွားရင် မင်းဒဏ်ရာကို မကုတော့မှာ စိုးရတယ်…" 


"..." 

ရန်ရှူ အကြာကြီး တိတ်ဆိတ်သွားပြီးမှ ပြောလာသည်။ 

"မင်းက တော်တော်လေး သဘောကောင်းတာပဲ…" 


"ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ…"


ရန်ရှူ နှစ်ကြိမ် ချောင်းဟန့်ကာ အသံအနေအထားကို ပြင်လိုက်ပြီးနောက် ပြောလိုက်သည်။

"မင်း လာဖြစ်မှာလား…" 


"နောက်မှ ပြန်ဖြေပေးမယ်... ခရီးစဥ်လျှောက်ဖို့က အချိန်နည်းနည်း ပေးရတယ်…" 


"သြော်…" 


"သွားပြီး ရေချိုးတော့…" 


"ဘယ်လိုသိတာလဲ…" 


"ကော်ဖီစားပွဲက ဖန်နဲ့ လုပ်ထားတာလေ…" 


ရန်ရှူ မျက်နှာပြင်ကို ချဲ့ကြည့်လိုက်ရာ သူက ဓါတ်ပုံရိုက်နေစဥ် ကော်ဖီစားပွဲဘေးတွင် ရှိနေသဖြင့် ကော်ဖီစားပွဲပေါ်တွင် သူ့ပုံရိပ်က အလင်းပြန်နေခဲ့သည်။ 


ရန်ရှူ ဖုန်းချလိုက်ပြီး ရေချိုးခန်းထဲသို့ ဆေးကြောရန် ထွက်သွားခဲ့သည်။ ဆေးကြောပြီးနောက် မထိန်းနိုင်တော့ဘဲ တဟားဟား အော်ရယ်လိုက်လေသည်။ 


ဆေးကြောပြီးနောက် စန့်ရှန်း မနက်ဖြန်လာမည် ဟူသော သတင်းကို ညနက်သည်အထိ မရရှိခဲ့ပေ။ 


စန့်ရှန်းက ရိုက်ကူးရေးကို ထပ်မံလာလည်ခဲ့သည်။ ရိုက်ကူးရေးအဖွဲ့သားများကလည်း တဖြည်ဖြည်း ကျင့်သားရလာကြလေသည်။ 


အချို့လူများက စန့်ရှန်းမှာ အမျိုးသမီးဇာတ်လိုက်အပေါ် သဘောကျနေသည်ဟု တိတ်တဆိတ် သတင်းဖြန့်လာကြ၏။ အမျိုးသမီးဇာတ်လိုက်တစ်ယောက်အနေနှင့် မုန့်ရှင်းယာက ပြောလိုက်၏။

[ဒီလိုကောင်းတဲ့ကိစ္စမျိုး ရှိလို့လား... ငါ့ကို သဘောကျရင် ဘာလို့ တစ်ချက်လေးတောင် မကြည့်ရတာလဲ…]


စန့်ရှန်းက ရိုက်ကူးရေးဧရိယာ၏ အစွန်းတွင် ထိုင်နေပြီး ရန်ရှူတစ်ယောက် ခဏအနားယူချိန်တွင် ရှေးခေတ် ဝတ်စုံ ဝတ်ထားပြီး အဝတ်အနားစကို ကိုင်၍ သူ့ထံ ပြေးလာနေကြောင်း တွေ့လိုက်ရသည်။ အမြန်ပြေးလာသဖြင့် ခေါင်းပေါ်မှ ဆံပင်တုသည်ပင် လေမှာ လွင့်နေခဲ့သည်။ 


စိတ်အားထက်သန်နေသော မျက်နှာလေးမှာ ကလေးကြီးတစ်ယောက်က သူ့ထံသို့ ပြေးလာနေသည့်အလား စိတ်ဝင်စားစရာ ကောင်းနေသသည်။ 


ရန်ရှူ သူ့ဘေးနားသို့ ရောက်သောအခါ ချက်ချင်းပင် ခါးမတ်လိုက်ပြီးနောက် အင်္ကျီလက်ကို မ၍ စန့်ရှန်းထံ သူ့ဒဏ်ရာကို ပြလိုက်သည်။ 

"ကြည့်…" 


"အိုး... တကယ်ပြင်းထန်တဲ့ ဒဏ်ရာပဲ... နီရဲနေပြီ…" 


"ဟုတ်တာပေါ့…"


"ကိုယ်လည်း အရင်က ကြုံဖူးတယ်... သိပ် မနာရင်တော့ အမာရွတ်ကျန်မှာ ပူစရာ မလိုဘူး…" 


"မင်းလည်း ကြုံဖူးတာလား…"

ရန်ရှူက ဝတ်စုံအပြည့်ဖြင့် စန့်ရှန်း ဘေးတွင် ဝင်ထိုင်ကာ မရေမရာပုံစံဖြင့် မေးလိုက်သည်။ 


“အင်း... အမြဲတမ်း ငိုတတ်တဲ့ ချီဟွားဟွားလေးတစ်ကောင် ရှိတယ်လေ... အရင်က ကိုယ့်ကျောကို ကုတ်ခဲ့ဖူးတယ်... သူချန်ထားတဲ့ အမာရွတ်တွေက ဒီဒဏ်ရာနဲ့ အတူတူပဲ…" 


"..."

ရန်ရှူ ရေပုလင်းကို ကောက်ယူလိုက်ပြီးနောက် ပိုက်ဖြင့် စုပ်သောက်လိုက်သည်။ 


သူက စန့်ရှန်းကို ကုတ်ခဲ့ရုံသာမက ကိုက်လည်းကိုက် ဆံပင်လည်း ဆွဲကာ ဆဲပါဆဲခဲ့သေးသည်။ 


သာမန်လူများက ယင်းကို သေချာပေါက် သဘောကျကြမည် မဟုတ်သော်လည်း စန့်ရှန်းက မတူပေ။ သူက နှာဘူးတစ်ယောက် ဖြစ်၍ ထိုအပြုအမူများကို တော်တော်လေး သဘောခွေ့တတ်သည်။



📽️