Chapter 30
Viewers 3k

📽️Chapter 30



စန့်ရှန်းက အခြားကိစ္စများ ပြောလာသည်။

"ကိုယ် စားဖိုမှူး ခေါ်လာတယ်... နေ့လည်စာ အတူတူ စားကြရအောင်…" 


"အင်းပါ... ဘာပဲဖြစ်ဖြစ် မနက်ပိုင်း ရိုက်ရမဲ့ အခန်းတွေလည်း ပြီးပြီဆိုတော့..."

ရန်ရှူ ပြောလိုက်ပြီးနောက် ရုတ်တရက် အသံတိုးသွားသည်။

"ရိုက်ကူးရေး အဖွဲ့သားထဲက တစ်ယောက်က မင်း အမျိုးသမီးဇာတ်လိုက်ကို သဘောကျနေတယ် ဆိုပြီး သတင်းတွေ ဖြန့်နေတယ်…" 


"သူတို့ ပြောနေတဲ့ မိန်းကလေးက ဘယ်သူလဲ…" 


"မီးခိုးပြာရောင် ဝတ်ထားတဲ့ မိန်းကလေးကို တွေ့တယ်မလား…" 


စန့်ရှန်းက တစ်ချက် ကြည့်လိုက်ပြီးနောက် တလေးတနက် ပြောလိုက်သည်။

"ဒီဒရာမာထဲ ရင်းနှီးမြုပ်နှံပေးဖို့ လိုသေးလား…" 


"အာ... တကယ် စိတ်ဝင်စားနေတာလား…" 


“ကိုယ်က လူတွေအပေါ် ကြည်တဲ့ အမြင်တော့  သိပ်မတော်ဘူး... ဒါပေမယ့် မင်းအဝတ်တွေက အစေခံတစ်ယောက် ဝတ်ထားတာနဲ့ တူနေတယ်... မင်းရဲ့ ဂုဏ်ပုဒ်ကို မနိမ့်ကျစေလောက်ဘူးလား…" 


"ငါ့ ကြီးကျယ်မြင့်မြတ်ပြီး အထက်တန်းဆန်ဖို့ နဂါးဝတ်စုံ ဝတ်ဖို့ လိုတယ်လို့ ထင်နေတာလား…" 


“အင်း... အဲ့လောက်ကြီးတော့ မဟုတ်ပါဘူး…” 


"အမြင်မရှိတဲ့ လူချမ်းသာတစ်ယောက်အတွက် နောက်ကျောမှာ မင်းတို့ကုမ္ပဏီလိုဂို ရိုက်ထားတဲ့ ရွှေရောင်ဝတ်စုံ ဝတ်ပေးသင့်လား... နောက်ပိုင်းမှာ အထူးပြုလုပ်ချက်တွေ ထပ်ထည့်ရရင် အဲ့ဒီလိုဂိုကြီးက သေချာပေါက် တောက်ပနေမှာပဲ... မင်းတို့လို လူချမ်းသာတွေ ပဲ ကြိုက်ကြလောက်တယ်…" 


စန့်ရှန်းက ထပ်မပြောတော့သော်လည်း အပြုံးယဲ့ယဲ့ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ 


နေ့လည်စာ စားကြသောအခါ နှစ်ယောက်သားက လက်ထောက်၏ ကားအတွင်း ထိုင်လိုက်ကြသည်။ ကားထဲတွင် နှစ်ယောက်တည်းသာ ရှိပြီး စန့်ရှန်းက ရန်ရှူနှင့် မျက်နှာချင်းဆိုင် ထိုင်နေခဲ့၏။ 


ရန်ရှူက သူ့ခန္ဓာကိုယ်ကို ချက်ချင်း ရွှေ့ကာ ဘေးနေရာကို ပုတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒီမှာထိုင်…" 


"ဘာလို့လဲ…" 


"ငါ့ကိုခွံ့ကျွေး…" 


"ဟေး မင်း..."

စန့်ရှန်း အလွန် အံ့အားသင့်သွားလေသည်။ 


ရန်ရှူက ချက်ချင်းဆိုသလို သူ့လက်ကို မြှောက်ကာ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီးနောက် ဒဏ်ရာကို ပြလိုက်သည်။

"ဒဏ်ရာကနာတယ်လေ... အရမ်းနာတာနော်... ငါ့ကို ဂရုမစိုက်ပေးချင်ဘူးလား…"


စန့်ရှန်းက ရန်ရှူဘေးတွင် ထိုင်လိုက်ရပြီး ဇွန်းကို ကောက်ကိုင်၍ ရန်ရှူအား ခွံ့ကျွေးပေးလိုက်ရသည်။ 


ရန်ရှူမှာ မကျေမချမ်း ဖြစ်နေဆဲပင်။ သူ့ကို အတော်လေး မနှစ်မြို့ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ 

"မင်း အကြီးကြီး ခပ်လိုက်တယ်... ဒီလောက် ဇွန်းအပြည့်ကြီးကို ငါမျိုချနိုင်မယ်လို့ ထင်နေတာလား…" 


"သူများတွေ မလုပ်နိုင်ပေမယ့် မင်းကတော့ လုပ်နိုင်ပါတယ်…" 


"ငါ့ကို ပါးစပ်ကြီးတဲ့သူလို့ ပြောချင်တာလား…" 


"ပါးစပ်ကြီးတဲ့သူလား... နားထောင်လို့ ကောင်းသားပဲ…" 


"မစားတော့ဘူး…" 


စန့်ရှန်းမှာ နောက်ထပ်တစ်ဇွန်းကို အနည်းငယ်သာခပ်၍ ရန်ရှူကို ကျွေးလိုက်ရလေသည်။ 


ရန်ရှူက အဆုံးတွင် စိတ်ကျေနပ်သွားပြီး ပါးစပ်ဟပေးလိုက်သည်။ 


စန့်ရှန်းမှ သူ့ပါးစပ်ကို ကြီးသည်ဟု ထင်သွားမည် စိုးသဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပါးစပ်အပြည့် မဟခဲ့ပေ။ 


စန့်ရှန်းက ရန်ရှူ ဟန်ဆောင်ပန်ဆောင် လုပ်နေမှုကို သတိပြုမိပုံမရဘဲ သူ့ကို ဆက်ပြီး ခွံ့ကျွေးနေခဲ့သည်။ ထို့ကြောင့် ရန်ရှူက ဆက်ပြီး အမိန့်ပေးနေခဲ့လေသည်။

"ဒီနံရိုးလေး စားချင်တယ်... အသားနွှင်ပြီး ခွံ့ကျွေး…" 


"ကောင်းပြီလေ…" 


ရန်ရှူကို အစာခွံ့ကျွေးရန် အကြာကြီး အချိန်ယူလိုက်ရသည်။ သို့သော်ငြား ကျွေးနေရင်းမှာပင် စန့်ရှန်းထံ ဖုန်းလာခဲ့သဖြင့် ရွေးစရာ မရှိတော့ဘဲ အပြင်ထွက်ကာ ဖုန်းပြောရလေတော့သည်။ 


ရန်ရှူက သူထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် တူများကို ကောက်ယူကာ သူကိုယ်တိုင်ပင် အလုတ်ကြီးကြီး ယူစားလိုက်သည်။ 


နာမည်ကြီး စာဖိုမှူးဟူသည့်အတိုင်း ချက်သမျှက အရသာ ရှိလှသည်။ 


ရန်ရှူ အားရပါးရစားနေချိန်မှာပင် စန့်ရှန်းက ရုတ်တရက် ကားထဲသို့ ဝင်လာခဲ့သည်။ ရန်ရှူမှာ လန့်သွားသဖြင့် အလျင်အမြန် မျိုချလိုက်သော်လည်း ချက်ချင်း မျိုချ၍မရ ဖြစ်နေခဲ့သည်။ 


ကံအားလျော်စွာဖြင့် စန့်ရှန်းက ရေဘူးတစ်ဘူး ကမ်းပေးလာသဖြင့် ရေနည်းနည်းသောက်လိုက်မှသာ အစာကို ချောချောမွေ့မွေ့ မျိုချနိုင်သွားသည်။ 


ပို၍ နေရအဆင်ပြေလာမှ ရန်ရှူ စန့်ရှန်းအား တစ်ချက်ကြည့်လိုက်သည်။ စန့်ရှန်းဟု ဆိုသည့်အတိုင်း စန့်ရှန်းက ထိုအခြေအနေနှင့် ကြုံတွေ့ရသည့်တိုင် အံ့သြသွားခြင်း မရှိပေ။ 


ထိုအစား ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"ဗိုက်ပြည့်သွားပြီလား... ထပ်ခွံ့ကျွေးဖို့ လိုသေးလား" 


"မင်းက ငါစားနေတုန်း ဖုန်းဖြေဖို့ ထွက်သွားတာလေ... မင်းက အပျော်ကို ဖျက်ပြီးမှတော့ ငါက စားချင်စိတ် ရှိမနေတော့ဘူး... ကိုယ့်ဘာသာ စားလိုက်တော့…" 


"အင်း... ကောင်းသားပဲ…"

စန့်ရှန်းက သူ့ဘေးမှ ခုံကို ဝင်ထိုင်ကာ စတင်စားသောက်လေတော့သည်။


ရန်ရှူက မတိုင်မီလေးကမှ ပါးစပ်ထဲမှ အစာကို အလောတကြီး မျိုချခဲ့ရသည်။ ဗိုက်ထဲသို့ ချောချောမွေ့မွေ့ ရောက်သွားသော်လည်း စန့်ရှန်းအား ဗိုက်ပြည့်သွားသည်ဟု အချက်ပြနေသည်လား စည်းချက်ညီညီ ကျို့ထိုးလာလေတော့သည်။ 


ရန်ရှူမှာ ရှက်ရွံမှုကို ဖုံးကွယ်ရန် ရေကို ပိုက်ဖြင့် စုပ်သောက်လိုက်ရပြီး စန့်ရှန်းကလည်း သတိမထားမိသည့်အလား ဆက်စားနေခဲ့သည်။ 


နှစ်ယောက်သား စားသောက်ခြင်းအမှု ပြီးစီးသွားသောအခါ ပလုတ်ကျင်းဆေးရည်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ဆေးခဲ့ကြသည်။ ထို့နောက် ပြန်လာကာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြလေသည်။ 


စန့်ရှန်းက ရန်ရှူ၏ ခြေချောင်းထိပ်လေးကို ထိကာ မေးလိုက်သည်။

"မင်းခြေထောက်ကို ပွတ်ပေးရမလား…" 


တအား သိတတ်နေပါလား... 


ရန်ရှူက ရှူးဖိနပ်များကိုပင် မချွတ်ချင်ခဲ့ပေ။ ဝတ်စုံထဲမှ ရှူးဖိနပ်များက တင်းကျပ်နေသဖြင့် ချွတ်လိုက်လျှင် အနံ့များ ပြန့်သွားပြီး သူ့ရည်းစားဟောင်းလေးတစ်ယောက် တစ်ဘဝလုံး ရည်းစားဟောင်းအဖြစ် ရှိသွားမည်ကို စိုးရိမ်နေမိလေသည်။ သူ မပျော်မရွှင်ဖြင့် ပြန်ဖြေလိုက်ရသည်။ 

"မလိုပါဘူး…" 


စန့်ရှန်းက ရန်ရှူ၏ လက်ကောက်ဝတ်ကို ဆွဲကာ အနာပိုးသတ်ရန် ကူညီပေးလိုက်သည်။ 


သူ အနားသို့ မှီ၍ မေးလိုက်သည်။

"ငါ့ဒဏ်ရာကို လျက်ပေးဖို့ မလိုဘူးလား…" 


"အချစ်ဝတ္ထုတွေ ဖတ်တာ ရပ်တော့…" 


"အရင်ကကျ လျက်ဖူးပြီးတော့…" 


"ကိုယ်က အခွင့်အရေး ယူခဲ့ရုံပါ…" 


"အခုကျ အခွင့်အရေး မယူချင်တော့ဘူးလား... အသားအိုကြီး... ငါ့ကို ငြီးငွေ့သွားတာလား... ဒါမှမဟုတ်... ဒါလုပ်ဖို့ အရမ်းအိုသွားလို့လား..." 


"ဒါဆို မင်းလုပ်ချင်..." 


စန့်ရှန်း၏ ရယ်သံထိန်းလိုက်သည်အသံကို ကြားသောအခါ ရန်ရှူက ချက်ချင်း လက်ပြန်ရုတ်လိုက်ပြီး ကူညီပေးသူမရှိသော ဒုက္ခသည်လေးလိုပင် ထိုင်ခုံကို ဝမ်းပမ်းတနည်းဖြင့် မှီလိုက်သည်။

“အနာလည်း ပိုဆိုးရင်ဆိုးသွားပါစေတော့.... တစ်နေ့ကျ ငါ့လက် ဖြတ်လိုက်ရရင် မင်းတို့ ကုမ္ပဏီအတွက် ငွေရှာမပေးနိုင်တော့ဘူးဆိုတာ သိထားလိုက်... ပြီးတော့ ဒါက ငါဖြစ်ချင်တာ မဟုတ်ဘူးဆိုတာ သိထားဦး... ဒါပေမယ့် ငါကတော့ အကောင်းဆုံး ကြိုးစားသွားရမှာပေါ့…" 


စန့်ရှန်းက သူ၏ မကျေနပ်ချက်များကို လစ်လျုရှုထားလိုက်သည်။ 


သူက ရန်ရှူ၏ လက်ကောက်ဝတ်ကို ဆွဲကာ ဒဏ်ရာကိုသာ ဆေးဆက်ထည့်ပေးလိုက်သည်။ 


ရန်ရှူက မျက်ရည်ဖြိုင်ဖြိုင်ကျနေဆဲပင်။ 

"အဆုံးကျတော့ ငါကပဲ လူမှားတွေ့ခဲ့ရတာပါ... မင်း ငါ့ကို ဂရုစိုက်ပေးမယ်လို့ ထင်ထားခဲ့တာ... ဒါပေမယ့်... အိုး..." 


“ကျစ်... ကိုယ်လည်း ပိုးသတ်ဆေးကို မလျက်ချင်ဘူးလေကွာ…" 


"..."

ဟုတ်သားပဲ ဒဏ်ရာကို အများကြီး ထည့်ထားတာ ဆေးလို့လည်း မရတော့ဘူး... 


ထို့ကြောင့် သူ့စကားလုံးများကိုသာ ထက်ထက်မြမြ ပြောင်းလိုက်ရသည်။

"မင်း စိတ်မရှည်တော့ဘူး... ငါ့ကို ကျစ်လို့ ပြောတယ်…" 


“ဒါဆို ဒါကို သေချာဂရုစိုက်ပေးရမှာမလား…" 


"အင်း…" 


စန့်ရှန်းက ဖုန်းကို ကောက်ကိုင်ကာ မေးလိုက်သည်။

"ဒါဆို ဆရာဝန်ကို ဖုန်းဆက်ပြီး ဖြတ်ဖို့ ရက်ချိန်းယူထားလိုက်မယ်…" 


ရန်ရှူမှာ ယခင်က နာကျင်လွန်း၍ သေအံ့ဆဲဆဲ ဖြစ်နေပုံ ပေါ်နေသော်လည်း ထိုစကားကို ကြားသောအခါ သေလောက်စရာ ဒဏ်ရာမှ ပြန်ကောင်းသွားသည်နှယ် ထထိုင်လိုက်သည်။ သူ့လက်ကို လှမ်းကာ စန့်ရှန်း၏ လည်ပင်းကို ဆွဲဆိတ်လိုက်သည်။ 


စန့်ရှန်းက သူ့ကို ပေါင်ပေါ်သို့ ပွေ့ချီကာ နှုတ်ခမ်းဖူးဖူးလေးကို အနမ်းပေးလိုက်သည်။  


ရန်ရှူက ရုန်းကန်ခြင်း မရှိပေ။ လည်ပင်းကို ဆွဲဆိတ်ထားသည့်လက်မှာလည်း စန့်ရှန်း၏ လည်တိုင်ကို တွဲခိုလိုက်လေသည်။ 


ရိုက်ကူးရေးအဖွဲ့မှ လူများက ကားအပြင်ဘက်တွင် အချိန်နှင်အမျှ ဖြတ်သွားနေကြသည်။ သူတို့က ရိုက်ကွင်းကို ရှင်းလင်းနေကြပြီး နေ့ခင်းပိုင်း ရိုက်ကူးရေးအတွက် ပြင်ဆင်နေကြပုံရလေသည်။ ထို့ကြောင့် ကားအတွင်းမှ အသံများကို ဝိုးတဝါး ကြားနေရသည်။ 


ကားထဲတွင် အဝတ်များ ပွတ်တိုက်သွားသည့်အသံမှလွဲ၍ တိတ်ဆိတ်နေခဲ့လေသည်။ တဖြည်းဖြည်း ဖရိုဖရဲ ဖြစ်လာသည့် အသက်ရှူသံများသာ ထွက်ပေါ်လာနေသည်။ 


ရန်ရှူ ကားထဲမှ ထွက်လာသောအခါ ခြေလှမ်းများက အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေခဲ့ပြီး မိတ်ကပ်ပြန်ပြင်ရန် မိတ်ကပ်ပညာရှင်ကို ယိုင်ထိုးထိုးဖြင့် သွားရှာလိုက်သည်။ 


အနမ်းက အတော်လေး ပြင်းထန်လှပြီး သူ့မှာ အောက်ဆီဂျင် ပြတ်မတတ်ပင်။ 


စန့်ရှန်းက လက်ထဲတွင် ရှပ်အင်္ကျီ၏ ကြယ်သီးကို ကိုင်ထားရင်း အတော်ကြာသည်အထိ ကားထဲမှ မထွက်လာခဲ့ပေ။ သူ တစ်ခဏမျှ ကြက်သေသေသွားသည်။ 


သူ့အမြင်အရ အားနည်းပြီး ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်သည့် ရန်ရှူက သူ့ရင်ဘတ်ကြွက်သားများအတွက် ရှပ်အင်္ကျီကြယ်သီးများကို လက်ဗလာဖြင့် ဆွဲဖြုတ်လိုက်လေသည်။ 

အခုအချိန်မှတော့ ကြယ်သီးပြန်ချုပ်ပေးမယ့်လူကို ဘယ်မှာ သွားရှာရတော့မှာလဲ... 


အဆုံးတွင် ရန်ရှူကားထဲမှ အပ်ချုပ်သေတ္တာလေးကို ရှာတွေ့သွားသဖြင့် ကြယ်သီးများကို ကိုယ့်ဘာသာ သေသေချာချာ ချုပ်လိုက်သည်။ 


ကံအားလျော်စွာဖြင့် ရန်ရှူထံတွင် အပ်ချုပ်သေတ္တာလေးတစ်ခု ရှိနေ၍သာ။


စဥ်းစားကြည့်ပါက ရန်ရှူသာ ယခုတွင် ဤနေရာ၌ ရှိနေပါက ရှပ်အင်္ကျီကို အားတက်သရော ချုပ်နေသည့် ရှပ်အင်္ကျီ မဝတ်ထားသည့် ကြွက်သားအပြည့် ယောကျ်ား၏ ဓါတ်ပုံကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ရိုက်ယူထားမည် ဖြစ်သည်။ ချုပ်အပ်က စန့်ရှန်း၏ လက်ကြီးကြီးထဲတွင် သေးသေးလေး ဖြစ်နေခဲ့သည်ဟူသော အချက်ကိုကား ဆိုဖွယ်ရာပင် မရှိပေ။ 


‘ရန်ရှူကို သဘောကျတယ်... သူက တကယ့် စွယ်စုံကျွမ်းကျင်သူပဲ…'

စန့်ရှန်း သူ့ကိုယ်သူ တွေးလိုက်မိသည်။ 


—————


စာရေးသူမှာ ပြောစရာရှိပါတယ်: 


ယနေ့ အတွက် talent show: မစ္စတာစန့် အပ်ချုပ်နေပါပြီ... 


ရန်ရှူ: ငါဆိုးဆိုးဝါးဝါး ထိခိုက်သွားပေမယ့် လက်ဗလာနဲ့ ကြယ်သီးကို ဆွဲဖြုတ်နိုင်တုန်းပဲ... အချစ်က ငါ့ကို သေချာပေါက် သန်မာစေတယ်...


—————


ရန်ရှူက သရုပ်ဆောင်နေချိန်၌ ပုံမှန် လုပ်နေကျ အပြုအမူများနှင့် တူညီနေခြင်းမရှိဟု ပြောရန် ထိုက်တန်ပေသည်။   


သူက ကိုယ်ရေးကိုယ်တာဘဝတွင် နူးညံ့ပြီး ချွဲတတ်သူ ဖြစ်သည်။ 


သို့သော်ငြား အလုပ်နှင့် ပတ်သက်လာသည့်အခါ အလေးအနက် ရှိပြီး အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်သူ မဟုတ်ဘဲ အကောင်းဆုံး ဖြစ်သည်အထိ ကြိုးစားတတ်သည်။ 


သူက စိတ်တိုလွယ်သူဟု နာမည်ဆိုးဖြင့် ကျော်ကြားပြီး ရိုက်ကူးရေးက အကောင်းဆုံးမဖြစ်ဟု ခံစားရလျှင် ရိုက်ကွင်းမှ လူတိုင်းကို ပြန်လည်ရိုက်ကူးချင်ကြောင်း အချက်ပြမည် ဖြစ်ပြီး လူတိုင်းကလည်း အလုပ်ပိုကြိုးစားကြရသည်။ 


နောက်တစ်ကြိမ် ရိုက်ကူးသောအခါ ရိုက်ကွင်းက အကောင်းဆုံး ဖြစ်သွားပေလိမ့်မည်။ 


ထို့အပြင် သူ့ကို ဒရာမာကစားတတ်သူလေးဟု သတ်မှတ်နိုင်သေးသည်။ သူက ရိုက်ကူးရေးနေရာနှင့် ကင်မရာတည်နေရာများကို ကောင်းစွာသိပြီး ပူးပေါင်းဆောင်ရွက်နိုင်မှု မြင့်မားသည်။ 


ရိုက်ကူးရေးအဖွဲ့က ရန်ရှူ၏ ကယ်တင်ပေးမှုအတွက် အကြောင်းအရင်းကို ရှာဖွေနေခဲ့သည်။ 


ယခု ကြည့်ရသည်မှာ ရန်ရှူက ယခင် အနုပညာရှင်ထက် ပိုကောင်းသော ရွေးချယ်မှု ဖြစ်ခဲ့ပြီး ရှိုးကို အမှန်တကယ် ကယ်တင်ပေးနိုင်ပေလိမ့်မည်။ 


စန့်ရှန်းက ရန်ရှူ၏ အလုပ်လုပ်ပုံကို အေးအေးဆေးဆေး ကြည့်ရှုရန် အခွင့်အရေး ကြုံခဲသဖြင့် လေးစားမှုများ ယိုဖိတ်လာလေသည်။ 


ရိုက်ကူးရေးသို့ ပြန်ရောက်သောအခါ ထိုင်စောင့်နေရသော်ငြား ပျင်းသည်ဟု မခံစားရပေ။ 


ရိုက်ကူးရေးသို့ လာလည်သည့် နှစ်ကြိမ်အတွင်း စိတ်ကောင်းဝင်နေခဲ့သည်။ 


ရန်ရှူ၏ တစ်နေ့တာ ရိုက်ကူးရေး ပြီးချိန်တွင် ညနက်နေခဲ့ပြီ ဖြစ်ပြီး အဝတ်အစားများ မလဲရသေးဘဲ စန့်ရှန်းထံသို့ ပြေးသွားပြန်လေသည်။ ထို့နောက် ဝေးဝေးမှာ ရှိနေစဥ်ကပင် မေးလိုက်သေးသည်။

"စိတ်မရှည်လက်မရှည် ဖြစ်နေပြီလား…" 


"မင်းကို စောင့်နေရတာ ပျင်းစရာကောင်းတယ်လို့ ပြောရင်ရော..." 


"မင်းကို ဆူမှာ…" 


"မင်း သရုပ်ဆောင်တာ ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်…" 


"အင်း... ငါ မိတ်ကပ်ဖျက်တော့မယ်…"

ရန်ရှူ ပြန်ဖြေပြီးသွားသောအခါ အဝတ်အနားစဖြင့် မိတ်ကပ်များ ပွတ်သုတ်လိုက်လေသည်။ 


ရှောင်ချီကလည်း ရန်ရှူနှင့် အတူ လိုက်ချင်နေသဖြင့် စန့်ရှန်းအား နာနီကား၏ တံခါးကို ကူဖွင့်ပေးလိုက်ပြီး စန့်ရှန်းကို အပေါ် တက်ပြီး စောင့်နေပေးရန် ပြောလိုက်သည်။ 


စန့်ရှန်းက နာနီကားထဲတွင် ထိုင်နေပြီး အချိန်အကြာကြီး စောင့်ဆိုင်းနေပြီးမှ ရန်ရှူက ထသွားထလာအဝတ်များ လဲကာ ပြန်ရောက်လာပြီး ခေါင်းကိုလည်း အားတက်သရော ပွတ်နေခဲ့သည်။

"ပြန်ရင်..." 


စန့်ရှန်းက သာမန်ကာလျှံကာသာ ကြည့်၌ ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ…" 


ဟိုတယ်သို့ ရောက်သောအခါ နေရာအား ရှင်းရှင်းလင်းလင်း လုပ်ထားပြီးပုံရပြီး စန့်ရှန်းက ရန်ရှူ၏ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့လေသည်။ 


ရန်ရှူ ဝင်လာသောအခါ ကုတ်အင်္ကျီ ချွတ်၍ စန့်ရှန်းထံ ပစ်ပေးလိုက်ပြီး ခြေကုန်လက်ပန်းကျနေပုံဖြင့် ပြောလိုက်သည်။

"အရမ်း ပင်ပန်းတယ်..." 


စန့်ရှန်းက နူးနူးညံ့ညံ့ ပြန်ဖြေလိုက်သည်။

"ခဏနေရင် နှိပ်ပေးမယ်လေ…" 


ရန်ရှူက တစ်ခုခု တွေးမိသွားပုံရသည်။

"တခြား အကျိုးခံစားခွင့်တွေလည်း ပေးရမယ်…" 


"ဘာလဲ…" 


ရန်ရှူက စန့်ရှန်းကို ရေချိုးခန်းထဲသို့ တွန်းထုတ်လိုက်သည်။ 

"ရေချိုးရမယ်…" 


စန့်ရှန်းက ရေချိုးခန်းထဲသို့ တွန်းထုတ်ခံလိုက်ရပြီးနောက် တွေးမိသည်မှာ... 

ရေချိုးတာက သူ့အတွက် ပြုစုစောင့်ရှောက်ရေး လုပ်တယ်လို့ ဘယ်လို သတ်မှတ်လို့ ရမှာလဲ... 


သို့သော်လည်း ရန်ရှူက ထိုင်ခုံတစ်လုံးကို ရွှေ့ကာ ရေချိုးကန်ရှေ့တွင် ထိုင်လိုက်သည်။

"မင်းရေချိုးတာကို ကြည့်မယ်…" 


ထိုနေရာမှစ၍ စန့်ရှန်း နားလည်လာခဲ့သည်။ 


ထိုကောင်လေးက သူ့အား နာဘူးအိုကြီးဟု အမြဲတစေ သတ်မှတ်ခဲ့သော်လည်း ရန်ရှူက သူ့ထက်ပို၍ နှာဘူးကျတတ်သေးသည်။ 


သူ့စိတ်ထဲ တစ်ခဏမျှ ရုန်းကန်နေပြီးနောက် ရှပ်အင်္ကျီကိုဆွဲချွတ်ကာ ဘေးတွင် ထားလိုက်သည်။ 


ရန်ရှူက စန့်ရှန်း အင်္ကျီဆွဲချွတ်သည့် မြင်ကွင်းကို ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်လေးများက ထိန်းမနိုင်သိမ်းမရ မြင့်တက်သွားပြီး ကစားလိုသော အပြုံးလေးတစ်ခုကို လှစ်ဟပြလာခဲ့သည်။ 


သို့သော်ငြား မကြာမီတွင် ရန်ရှူ မရယ်နိုင်တော့ပေ။ 


စန့်ရှန်းက သူ့ကိုပါ ဆွဲမလိုက်ပြီး ရေကန်ထဲတွင် ထိုင်စေကာ ရှင်းပြခြင်းအလျဥ်းမရှိဘဲ နမ်းလိုက်သည်။ နမ်းရှိုက်နေရင်း သူ့အဝတ်များကိုပါ ချွတ်သွားလေသည်။ 


*****


ရန်ရှူက ခုံပေါ်တွင် ထိုင်နေစဥ် ရေချိုးဝတ်ရုံ ဝတ်ထားပြီး စန့်ရှန်းက ဆံပင်လေမှုတ်ပေးနေခဲ့သည်။ 


ဤထိုင်ခုံက အတော်လေး လက်တွေ့ကျကျ အသုံးဝင်လာသည်။ အနည်းဆုံး ရေချိုးပြီးနောက် တစ်ခဏမျှ ထိုင်နိုင်ပေသည်။ 


စန့်ရှန်း၏ လက်များက သူ့ဆံပင်ကို လေမှုတ်နေစဥ် အလွန် ညင်သာနေပြီး ခေါင်းကိုလည်း ခပ်ဖွဖွ ဖိထားပုံမှာ သူ သက်တောင့်သက်သာ ဖြစ်စေရန် ဦးရေပြားကို ပွတ်ပေးနေသည့်အလား ဖြစ်သည်။



📽️