အပိုင်း (၂၀)
Viewers 31k

Part  20 


ယွမ်ရှသည် သဘာဝနှင့် လူတို့ဖန်တီးသော ဘေးအန္တရာယ်များကို ရှောင်ရှားချင်ခဲ့သည်။ သူ၏လက်ရှိစိတ်ခြေနေသည် သူမ၏မျက်နှာပေါ်တွင် ပေါ်လွင်နေသောခံစားချက်များလွန်ကဲနေသည်ကို သူမသိသည်။ဘာမှကို နားမလည်သော စုန့်ထင်ရှန်းသည် သူမရဲ့ ဦးနှောက်တွင် တစ်စုံတစ်ခုမှားနေပြီ ဟု မထင်ခဲ့လျှင် သူမ ဒေါသထွက်မည် မဟုတ်ချေ။


စုန့်ထင်ရှန်းသည် စိတ်ရှုပ်မှုများလာတော့သည်။ယွမ်ရှက ဘာတွေကြံစည်နေတာလဲ....။ 


သို့သော် သူတို့ဆက်ဆံရေး သက်တမ်းကြာလာသည်နှင့်အမျှသူ  သူမအား အတတ်နိုင်ဆုံးသည်းခံဖို့ ကြိုးစားခဲ့သည်။သူသည် သူမထက် ၁၁နှစ်ခန့်ကြီးသည်။သူမသည် အသက်ငယ်ပြီးမရင့်ကျက်သေးသောကြောင့် သူမနှင့် ရန်ဖြစ်မည့်အစား သူမရဲ့လမ်းကို လျှောက်ခွင့်ပေးလိုက်သည်။


ထို့အပြင် သူမက သူ့ ကလေးကို မွေးပေးခဲ့သောကြောင့် သူမအားကျေးဇူးတင်မိသည်။


သူမလျှောက်ခဲ့သောလမ်းက သင့်တော်တော် မတော်တော် သူတိူ့နှစ်ယောက် လုံးကစုန့်ရှုယန်၏မိဘများဖြစ်ကြသည်။သူကသူမကို ဇနီးအဖြစ် မမြင်နိုင်သော်လည်းသူသည် သူမရဲ့ တရားဝင်ခင်ပွန်းအဖြစ်သူတတ်နိုင်သမျှအရာအားလူံးကို ပေးသင့်သည်။


ထို့ကြောင့် သူက ယွမ်ရှ ဘာကြောင့် ရထားစီးချင်သည်ကို မမေးခဲ့ပေ။သူမက လက်မှတ်များ ဝယ်ထားသောကြောင့် သူက ရထားစီးဖို့ လက်ခံလိုက်တော့သည်။


စုန့်ထင်ရှန်းက ဘာမှပြန်မပြောသောအခါ ယွမ်ရှ  သက်ပြင်းချလိုက်မိသည်။

သူမမြင်တွေ့ခဲ့ရသည်ကို အခြေခံပြီးပြောရလျှင်  စုန့်ဝ

ထင်ရှန်းသည် ဝတ္ထုထဲမှ အမျိုးသားသရုပ်ဆောင်နှင့်တူညီမှုရှိသည်။


သူက စကားပြောမတတ်သော်လည်း စိတ်ထားကောင်းသည်။ သူရဲ့အပြုအမူများက သူ့အသက်ရွယ်နှင့် လိုက်လျောညီထွေ ဖြစ်စေသည်။

ပြောရမည်ဆိုလျင် သူက အသက်၃၅နှစ်အရွယ် အောင်မြင်တဲ့ယောကျာ်းတစ်ယောက်ဖြစ်ပေသည်။


သူမရဲ့ကံကောင်းမှုကို အားကိုးလိုက်ရင်း


 “ ဟို ကျွန်မတို့ မြေအောက်ရထားစီးသွားလို့ရလား” ဟုမေးလိုက်သည်။


စုန့်ထင်ရွန်း အံ့သြသွားသည်။ အခုအချိန်၌ “ထူးဆန်းတယ်” ဆိုတဲ့ စကားလုံးက သူမကို ဖော်ပြဖို့ မလုံလောက်နိုင်ပေ။


ယွမ်ရှတွင် ထိုတောင်းဆိုမှုအတွက် အကြောင်းပြချက်များစွာရှိလေသည်။


မိုးမရွာသေးသလို...သူတို့က လေဆိပ်ကို မသွားဖြစ်ခဲ့ပမေဲ့လည်း သတိကြီးကြီးထားနေတုန်းဖြစ်သည်။


 မြေအောက်ရထားနဲ့ထရပ်ကားတော့  ဝင်တိုက်ဖို့ နည်းလမ်းမရှိဘူး...


"မင်းအဆင်ပြေရဲ့လား. .." နောက်ဆုံး၌ 

စုန့်ထင်ရှန်းက မေးလိုက်မိသည်။


ယွမ်ရှ က ခေါင်းညိမ့်လိုက်ပြီး အနည်းငယ် စိတ်ပျက်အားငယ်စွာကြည့်၍ ပြောလိုက်သည်


 "ကျွန်မရဲ့ ဒီအိမ်မက်ကို ကြောက်မိတယ်..."


အရင်က ဝတ္ထုများကို သူမဖတ်သော်လည်း

ဒီဇာတ်ဆောင်များက ဘာကြောင့်အရေးကြီးအခြေနေများတွင် အေးဆေးမနေနိုင် ဖြစ်နေသည်ကို သူမ သည် လုံးဝနားမလည်ခဲ့ချေ။


 ယခုမူ ထိုဇာတ်ကောင်များ လက်တွေ့ကျပြီး 

စဉ်းစားတတ်စေရန်...စာရေးသူက   ပထမတွင်  ရူးနှမ်းသော သာအရာများကိုလုပ်ခိုင်းစေလိမ့်မည်ဖြစ်ကြောင်း သူမ နားလည်သွားပေပြီ။


သူမ ကိုယ်တိုင်သေရမှာကြောက်သလို စုန့်ထင်ရှန်းသေသွားမှာကိုလဲေုကာက်နေမိပြန်သည်။


ဟုတ်ပါတယ်၊ စုန့်ထင်ရှန်းက သူမခင်ပွန်းမဟုတ်ရင်လဲ သူ အသတ်ခံရမဲ့ အန္တာရာယ်ရှိတာကို သိရင် သူမကြောက်ရွံမိမှာပါပဲ....


စုန့်ထင်ရှန်း သက်ပြင်းသာချလိုက်သည်။


 သူ့နှုတ်ဆိတ်နေခြင်းက ယွမ်ရှရဲ့တောင်းဆိုမှုကို ကျေနပ်စေခဲ့သည်။


  တစ်ခြားတစ်ဖက်တွင် ကလေးလေးစုန့်ကလဲ တက်ကြွနေပေသည်။

သူ့ကို ဘယ်သူကမှ မြေအောက်ရထားစီးဖို့မခေါ်သွားခဲ့ဖူးဘူး ဒါပထမဆုံးအတွေ့အကြုံပဲ...


မြေအောက်ရထားဘူတာရုံတွင် လူများစည်းကားလှသည်။


 စုန့်ထင်ရှန်းက ခရီးဆောင်အိတ်သေးလေးကို အခြားလက်တစ်ဖက်ဖြင့် ဆွဲရင်းနောက် လက်တစ်ဖက်တွင် ဝဝကစ်ကစ်ကလေးငယ်ကို ပွေ့ချီထားသည်။


ယမ်ရှက သူမ၏ ခရီးဆောင်အိတ်ကိုသယ်၍ မြေအောက်ရထားဘူတာသို့ လိုက်သွားခဲ့သည်။


ဘယ်မြို့ကမှမဟုတ္ဘဲ မြေအောက်ရတားများက အမြန်ရထားဘူတာရုံကို ပြောင်းရွေ့ရန်လူမ်ားနွင်ျ့ပည့်က်ပ်နေလိမ့်မည်။


ယွမ်ရှ၏အလှသည် မငြင်းဆန်နိုင်သောအလှမျိုးဖြစ်သည်။ ဇာတ်ကားတစ်ကားတွင် သူမသာ သရုပ်ဆောင်ဖြစ်ခဲလျှင် သူမ ရဲ့အလှက ခောင်းဆောင်မင်းသမီးတစ်ယောက်ထက်ပိုဆိုးမည်မဟုတ်ချေ။


ကလေးကေ မိုချီလုံးလေးကဲ့သို့ ဖြူဖွေးထွားကျိုင်းပြီးဖက်ရှင်ကျကျ ဝတ်ထားသည်။သူကအလွန်ချစ်ဖို့ကောင်းသည်။


အရပ်ရှည်ပြီးဖြောင့်မတ်သည့်

စုန့်ထင်ရှန်းကိုအရှေ့တည့်တည့်မှ ကြည့်ပါက သဘာဝအတိုင်းဖိနှိပ်ချုပ်ချယ်သော အသွင်အပြင်ရှိသောကြောင့်အောင်မြင်သူတစ်ယောက်ဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။


ထိုမိသားစုသုံးယောက်ရဲ့ပုံစံက လူတော်တော်များများရဲ့ အကြည့်တွေကို ဆွဲဆောင်နိုင်ခဲ့သည်။ 


 မြေအောက်ရထားတွင် ကြပ်ညပ်နေသောကြောင့် ယွမ်ရှ... စုန့်ထင်ရှန်းနားသို့ ပိုမိုနီးကပ်စွာတွန်းပို့ခံလိုက်ရသည်။ 


ထိုကဲ့သို့ အလွန်နီးကပ်မှုက ယောကျားနှင့်မိန်းမကြားတွင်  ရင်ခုန်စရာ ခံစားချက်ဖြစ်ပေါ်လာရန် လွယ်သော်လည်း သူတို့နှစ်ယောက်အတွက်တော့ မတူညီပေ။


နီးနီးကပ်ကပ်ဖြစ်နေသော်လည်း နှစ်ယောက်လုံး မျက်လုံးချင်းမဆုံအောင်ပင် ရှောင်ရှား နိုင်ခဲ့သည်။