အပိုင်း (၂၁)
Viewers 31k

Part 21


ဝကစ်ကစ်ပေါက်စလေးက တစ်နေ့လုံး ကစားခဲ့ပြီးဖြစ်သည်။ယခုအချိန်မှာတော့ သူ့ရဲ့ခေါင်းငယ်လေးကို စုန့်ထင်ရှန်း၏  ပုခုံးပေါ်တွင်မှီ၍ မျက်လုံးဝေ့ဝါးနေတဲ့ ကြက်ပေါက်လေးကဲ့သို့ သူရဲ့ မျက်လုံးလေးများကို ဖြေးညှင်းစွာ အဖွင့်အပိတ်လုပ်ရင်းအနားယူနေခဲ့သည်။


အနီးအနားရှိ မိန်းကလေး အုပ်စုတစ်စုသည် ဤမြင်ကွင်းကို မြင်လိုက်ရာတွင် ပြုံးမိခဲ့ကြသည်။


အဖေဖြစ်သူ၏ ကြောက်လန့်စေနိုင်သော အရှိန်အဝါကြောင့်သာမဟုတ်ခဲ့ပါက ဤကောင်မလေးများက ပေါက်စလေးရဲ့ပုံတစ်ပုံလောက်ကို သူတို့ရဲ့ဖုန်းများဖြင့်သေချာပေါက် ရိုက်ပြီးနေပြီဖြစ်သည်။ 


 နောက်ဆုံးတွင် ဖက်ထုပ်လုံးလေး၏ မျက်လုံးများ အပြီးတိုင်ပိတ်ကျသွားပြီး အိပ်ပျော်သွားလေသည်။ ပေါက်စလေးက အထူးကောင်းမွန်စွာ အိပ်ပျော်ခဲ့ပြီး အနည်းငယ်ဟောက်စပြုနေပြီပင် ဖြစ်သည်။


ယွမ်ရှ ပေါက်စီလုံးလေးကိုချီဖူးခဲ့ပြီးဖြစ်၍

သူ့ကိုအချိန်အကြာကြီး ချီထားရန်အတွက်ဘယ်လောက်တောင်ခက်ခဲလိမ့်မည်ဆိုသည်ကို လျော့မတွက်ခဲ့ပါချေ။

သို့ရာတွင် အကယ်၍သူမသာ ယခု စုန့်ထင်ရှန်းထံမှ ပေါက်စီလုံးလေးကို ခေါ်မည်ဆိုပါက သူမအတွက်ဆိုပိုပြီး ခက်ခဲလိမ့်မည်သာဖြစ်သည်။အဆုံးတွင် သူမကစုန့်ထင်ရှန်းထက်ပိုပြီးသန်မာနေဖို့ကား လုံးဝပင်မဖြစ်နိုင်ပါချေ။ ထို့ကြောင့် သူမအနေဖြင့် ဘေးပတ်ပတ်လည်ကိုသာ

ကြည့်နေရုံရှိပြီး နောက်ဆုံးတွင်  နောက်မှတ်တိုင်၌ ဆင်းမည့်ပုံရသည့် ခရီးသည်တစ်ယောက်ကို သူမမြင်လိုက်ရသည်။


သူမလည်း ထိုထိုင်ခုံဆီသို့ ကျောက်ငါးတစ်ကောင်ရေကူးသွားသလို အရှိန်မြန်မြန်ဖြင့်သွားလိုက်သည်။ထိူလူသူ့ထိုင်ခုံမှထပြီးသည်နှင့် 

၎င်းအနားရှိလူများထိုင်ခုံလုရရန်စောင့်နေတုန်းမှာပင် သူမထိူလူထသွားသည့်ခုံတွင် အောင်မြင်စွာထိုင်ပြီးနေပြီဖြစ်သည်။သူမ၏ လှုပ်ရှားမှုက 

မြန်လွန်းနေပြီး အနားရှိအခြားလူများအတွက်တော့အလွန်ပင်နောက်ကျသွားလေပြီ။


ထိုင်ခုံလုရန်ပြင်ဆင်နေသည့်လူအုပ်စုကြီး : " ... "


ယွမ်ရှ စုန်ထင်ရှန်းကိုအော်ခေါ်လိုက်သည်


"ဒီနားကိုလာခဲ့..ရှင်ဒီမှာထိုင်လို့ရတယ်"


စုန့်ထင်ရှန်းအတွက်တော့ လက်တစ်ဖက်ကခရီးဆောင်အိတ်ကိုဆွဲပြီး အခြားတစ်ဖက်ဖြင့်သူမတို့ရဲ့ကလေးကိုချီထားရင်း သူမဆီသို့လမ်းလျှောက်လာရုံသာရှိသည်။ 

ယွမ်ရှအတွေးများရင်းမတ်တပ်ရပ်ကာ သူမ၏ခုံကို စုန့်ထင်ရှန်းကိုပေးလိုက်၍ပြောလိုက်သည်။


"ကျွန်မလက်တွေမထုံသွားပဲနဲ့တော့ သူ့ကိုအကြာကြီးချီနိုင်မှာမဟုတ်ဘူး ရှင်ဒီမှာသူနဲ့အတူထိုင်လိုက်ရင်ပိုကောင်းတယ်"


သူမထိုင်နေရမည်ဆိုလျှင်ပင် ရထားခရီးစဉ်တစ်လျှောက်လုံး ဝကစ်ကစ်ပေါက်စီလုံးလေးကို 

ချီထားရပါက အလွန်ပင်ပန်းရမည်ဖြစ်လေသည်။ထို့ကြောင့် ဤအလုပ်ကို ဖခင်ကောင်းဖြစ်သည့်စုန့်ထင်ရှန်းကိုပေးသင့်၏။

စုန့်ထင်ရှန်းလည်းသူမကို အလွန်အမင်းယဉ်ကျေးမနေတော့ဘဲ ကလေးကိုချီရင်းထိုင်လိုက်သည်။


ယခုထိ စုန့်ထင်ရှန်းနှင့် အချိန်အများအပြား မဖြုန်းဖူးသော်လည်း သူမသည် သူ့အပေါ်တွင်အထင်အမြင်ကောင်းများယခုတိုင် ရှိနေသေး၏။

ဝတ္ထုထဲမှ ယွမ်ရှနှင့်သူ၏အတိတ်မှ အပြန်အလှန်

ဆက်ဆံရေးသည်သူမနှင့် ဘာမျှမဆိုင်ပေ။

အပြင်လူတစ်ယောက်အနေဖြင့် ဤရှိပြီးသားဆက်ဆံရေးအပေါ်တွင် သူမသည် သူနှင့်ဝတ္ထုထဲမှယွမ်ရှတို့အားအလွန်အကျွံ အကဲမဖြတ်လိုချေ။


သို့သော် စုန့်ထင်ရှန်းသည် မနေ့ကနေဒီနေ့အထိ သူမအားလည်းစကားအများကြီးမပြောခဲ့ပါ။ သူသည် Big bossတစ်ယောက်ဖြစ်သော်လည်း သူမ၏တောင်းဆိုချက်ဖြစ်သော မြေအောက်ရထားစီးရန် နှင့် သက်တောင့်သက်သာတက္ကစီစီးမည့်အစား မြေအောက်ရထားထဲတွင် ခရီးသည်များဖြင့်အပြည့်အကြပ် နေရသည်တို့ကို လက်ခံနေဆဲဖြစ်သည်။


သူ့ထံမှ ကန့်ကွက်ချက်များသို့မဟုတ်ဘာလို့လဲ ဆိုသည့်မေးစကားများ 

တစ်ခွန်းမှပင်ထွက်မလာချေ။ ဤသို့ဖြစ်နေခြင်းသည် သူမ၏အခြေအနေပေါ်ထားရှိသည့် သူမရဲ့ခံစားချက်များကို ပိုကောင်းလာစေခဲ့သည်။

အကယ်၍ သူသာလက်မခံခဲ့ဘူးဆိုလျှင် သူမသည် သူ့ကိုတိုက်တွန်းရန်အတွက် ဤလူစိမ်းကိုဆိုးရွားတဲ့အာရုံစိုက်မှုမျိူးပေးရန် လုပ်နိုင်မည်မထင်ပေ။


၎င်းက သူမမဖြတ်ကျော်နိုင်သည့် ခက်ခဲ့မှုအဆင့်မျိူးဖြစ်လာပေလိမ့်မည်။

ဤအခြေအနေများမှနေ၍  စုန့်ထင်ရှန်းသည်ဝတ္ထုထဲမှယွမ်ရှပေါ်တွင်ဘာခံစားချက်မျှမရှိသော်လည်း သူတို့ဘယ်လောက်ပင်မရင်းနှီးပါစေ 

သူမ၏တောင်းဆိုချက်များအားလုံးကို သူတတ်နိုင်သရွေ့တော့ ဖြည့်ဆည်းရန်ဆန္ဒရှိကြောင်း သူမမြင်နိုင်ပေသည်။ 


ထိုသို့ဖြစ်ရခြင်းမှာ စုန့်ထင်ရှန်းနှင့် ဝတ္ထုထဲမှ ယွမ်ရှတို့၏ လိုက်လျော်ညီထွေစွာ အတူနေထိုင်ခဲ့ခြင်းကြောင့်ပင် အတိအကျဖြစ်၏။ ဝတ္ထုထဲမှ ယွမ်ရှ၏မှတ်ညဏ်များအရ ဤနှစ်ယောက်သည် လွန်ခဲ့သည့်လေးနှစ်လုံးလုံး ရန်တစ်ခါမျှပင်မဖြစ်ခဲ့ချေ။


ယွမ်ရှရဲ့မူလကမ္ဘာတွင် သူမ ကားမဝယ်ခင်ကာလများ၏ သယ်ယူပို့ဆောင်ရေးနည်းလမ်းမှာ အမြဲတမ်း အများသုံးသယ်ယူပို့ဆောင်ရေးစနစ်သာဖြစ်ခဲ့သည်။ busကားစီးသည်ဖြစ်စေ မြေအောက်ရထားစီးသည်ဖြစ်စေ သူမ၏ ထိုင်ခုံလုနိုင်သည်စွမ်းရည်ကား ထိပ်တန်းပင်ဖြစ်လေ သည်။မှတ်တိုင်အနည်းငယ်ကျော်ပြီးသည်နှင့် သူမအတွက်ထိုင်ခုံကိုရခဲ့ပြီးဖြစ်၏။ 


စုန့်ထင်ရှန်းသည် မည့်သို့မျှစကားမဆိုသော်လည်း ရံဖန်ရံခါ  သူ့ဇနီးကိုလှမ်းစစ်ဆေးနေခဲ့သည်။ သူမအခြားထိုင်ခုံတစ်ခုကို ကြိမ်ဖန်များစွာလုပ်နေကျသည်ပုံစံဖြင့် လုထိုင်လိုက်သည်ကိုမြင်သောအခါ သူ့နှလုံးသားထဲရှိသံသယစိတ်များပိုမိုနက်ရှိုင်းလာခဲ့၏။


သူ၏အမည်ခံဇနီးနှင့် ဆက်ဆံရေးကောင်းမရှိဘဲသူစိမ်းများသာဖြစ်သော်လည်း သူ့ဇနီးနှင့်သူ့သားတို့ဘဝများကို တတ်နိုင်သမျှအကောင်းဆုံးဖြစ်စေရန် သူအကောင်းဆုံးကြိုးစား၍ထားပေး ခဲ့ပြီးဖြစ်သည်။

ယွမ်ရှအပြင်ထွက်သည့်အခါတိုင်း သူမကိုအကြိုအပို့လုပ်ရန် ကိုယ်ပိုင်ယာဉ်မောင်းတစ်ယောက်ရှိသည်။ သူမကားမောင်းသင်ပြီးနောက်ပိုင်းတွင်

သူ သူမအတွက်ကားဝယ်ပေးခဲ့ပြီးသားပင်....


ဒါဆို ဘာကြောင့်များသူမက အများသုံးသယ်ယူပို့ဆောင်ရေးစနစ်မှာ ထိုင်ခုံနေရာအတွက်ပြိုင်ဆိုင်ဖို့ အတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေရှိနေရတာများလဲ...


စုန်းထင်ရှန်း ဒီအတွေးတွေကို ခေါက်(ေ

ဘးဖယ်)ထားလိုက်တယ်။ ဖြစ်နိုင်တာက ဒါမွေးရာပါ

ပါရမီတစ်ခုပဲ ဖြစ်နေမလား။

လွန်ခဲ့တဲ့နှစ်ရက်တုန်းကတောင် သူမထူးထူးဆန်းဆန်းတွေ ပြုမှုနေပေမဲ့လည်း သူမက ငယ်ရွယ်နေတုန်း(မရင့်ကျက်)ပဲရှိသေးသည်။


 အိပ်မက်တစ်ခုကြောင့် မလုံခြုံမှုကိုခံစားရခြင်းက သူမအပေါ်သက်ရောက်နေတာမျိူး မဖြစ်နိုင်တာမဟုတ်ပေ။