လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၆
မြို့တော်မှာ
ကြွယ်ဝချမ်းသာပြီး လှပတဲ့မိန်ကလေးတွေ အများကြီးရှိသည်။ သူမရဲ့ မိသားစုကျောထောက် နောက်ခံကလည်း
ကောင်းပေမဲ့ အဲ့လိုကောင်းတဲ့ မိသားစုတွေ ဘယ်လောက်များများ ရှိတယ်ဆိုတာကိုတော့ ဘာကမှ
မဖော်ပြပေးထားပေ။ သို့တိုင် သခင်ကြီးကျီ ဘာလို့ သူမကို ရွေးလိုက်လဲဆိုတဲ့အပေါ်မှာ ဖန့်ရှောင်နွမ်က
သံသယဖြစ်နေသည်။ ကျီမိသားစု လက်ခံထားတဲ့ ဒီလက်ထပ်ပွဲက လက်ထပ်ပွဲတစ်ခုထက်ကို ပိုနေသည်။
ဖန့်ရှောင်နွမ်
ဒီလောက်မောက်မာတတ်လိမ့်မယ်လို့ ဖန်ချီ မထင်ထားပေ။ သူမရဲ့ မျက်နှာက အရမ်းစိတ်ဆိုးနေပုံရသည်။
ဖန်ချီက သူမကို ပြန်ပြောမယ့်အလုပ်မှာ ဖန့်ရှောင်နွမ်ရဲ့ လက်ခုပ်တီးကာ သူမရဲ့ အိပ်ခန်းထဲကို
ဝင်သွားတာကို တွေ့လိုက်သည်။ သူမ တံခါးကို အရှိန်ပြင်းပြင်းနဲ့ ပိတ်ချလိုက်သည်။ သူမက
သူ့ကို ထပ်စိတ်ဆိုးအောင် ဆွလိုက်သည်။
ဖန်ချီ
လန့်သွားသည်။
သူမ
အခုပိုပြီးတော့တောင် စိတ်ဆိုးနေသည်။
အဲ့ဒီအချိန်မှာ
ကျီလင်းချန်က သူ့ရဲ့နေအိမ်ကို ကားမောင်းထွက်သွားသည်။ သူက အမြဲတမ်း “ဝိညာဉ်စီးချောင်း”
အိမ်တော်မှာပဲ တစ်ယောက်ထဲနေတတ်တဲ့အတွက် သူအိမ်တော်ဟောင်းကို သွားလေ့ရှိတာကို လက်ချိုးရေလို့တောင်
ရသည်။ သူ့ကားကို နေရာမှာထိုးထားပြီးနောက် အိမ်တော်အဝင်ဝမှာ အရက်မူးနေတဲ့မိန်းကလေးတစ်ယောက်ကို
သူသတိထားမိသွားသည်။ အဲ့ဒီမိန်းကလေးက ဝိုင်ပုလင်းကို ကိုင်ထားပြီး မပိတ်ထားသေးတဲ့ ကားရဲ့အရှေ့မီးတွေပေါ်မှာ
သူမရဲ့ မျက်လုံးတွေက စိုက်ရောက်နေသည်။
ကျီလင်းချန်က
ခဏစဉ်းစားပြီးတော့ ကားထဲက ထွက်လာသည်။ “မင်းက ဘာလို့ဒီမှာရှိနေရတာလဲ။”
လင်းရိုက
သူ့ကို မြင်မြင်ချင်းပဲ ဘာမှမပြောနိုင်ဖြစ်ကာ ငိုချလိုက်သည်။ “လင်းချန်၊ ဘာလို့လဲ?
အဲဒီမိန်းမကို လက်ထပ်ဖို့ သဘောတူလိုက်ရတာလဲ?” သူမရဲ့ မျက်ရည်တွေက ကြိုးပျက်သွားတဲ့
ပုလဲကုံးအလား တစ်စက်ချင်းစီ ပဲ့ကြွေလာနေသည်။
“မင်းသောက်တာများနေပြီ”
လို့ ကျီလင်းချန်က ပြောလိုက်သည်။
“ငါ
အဲ့လောက်ကြီး မသောက်ထားဘူး၊ လင်းချန်။ ငါ နင့်အပေါ်ကို ဘယ်လိုခံစားချက်ရှိလဲ နင် သိပါတယ်။
၁၅နှစ်လုံးလုံး နင့်တစ်ယောက်တည်းကိုပဲ ကြိုက်လာတာ။ နင့်ဘေးနားမှာ တခြားမိန်းကလေးတစ်ယောက်ရှိနေတာကို
နင် ခွင့်ပြုလို့မရဘူး၊ ဒါပေမဲ့ ငါ့ကိုလည်း နင်က နင့်ဘေးနားမှာ ရှိနေအောင် လုပ်ထားတယ်။
ငါတစ်ယောက်ထဲကပဲ နင့်ကို လက်ထပ်နိုင်တဲ့သူလို ငါထင်ခဲ့မိတာ၊ ဒါပေမဲ့ ဘာလို့ အဲ့ဒီမိန်းကလေးလဲ?
နင်ဘာလို့ အဲဒီ ထူးဆန်းတဲ့ ဖန့်ရှောင်နွမ်ကို လက်ထပ်ခဲ့ရတာလဲ? သူက ငါ့ထက် ပိုငယ်နေလို့လားဟာ?”
လင်းရိုက ရင်ကွဲမတတ်ကိုငိုနေသည်။ ကျီလင်းချန် လက်ထပ်တော့မယ့် သတင်းကို သူမ ကြားတာနဲ့
သူမရဲ့အဖေက သူမကို အိမ်ထဲမှာ သော့ခတ်ထားသည်။ ညအချိန်ပဲ ထွက်ခွင့်ပြုထားသည်။
ကျီလင်းချန်က
လှေကားပေါ်မှာ စို့နင့်စွာငိုထားတဲ့ မိန်းကလေးကို တိတ်တဆိတ် ကြည့်လိုက်သည်။ ခဏကြာပြီးတဲ့အခါ
“မင်း အရက်မူးပြေသွားရင် သွားလို့ရပြီ”လို့ ခက်မာမာပြောလိုက်သည်။
“မသွားဘူး။”
လင်းရိုရဲ့ခြေထောက်တွေ ယိမ်းယိုင်နေသည်။ “လင်းချန်၊ နင် အဲ့ဒီမိန်းမကို မချစ်ပါဘူး။
နင် သူ့ကို မချစ်ဘူးဆိုတာ ငါသိတယ်။ ငါ နင့်ဘေးနားမှာ ၁၅ နှစ်လုံးလုံးနေလာတာပါ။ ငါ့လောက်
နင့်ကို နားလည်တဲ့သူ မရှိဘူး။ နင်သာ အဲ့ဒီမိန်းမကို ချစ်ရင် အခုဒီနေရာမှာ တစ်ယောက်တည်း
ဖြစ်နေမှာမဟုတ်ဘူး။ နင့်ကို ဒီ”ဝိညာဉ်စီးချောင်း”အိမ်တော်မှာ နေခိုင်းတဲ့မိန်းကလေးဆိုရင်တောင့်
နင့်ရဲ့ခွင့်ပြုချက်ရမှ သူမ အဲ့လိုလုပ်ရဲမှာ။ လင်းချန်၊ နင် အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့နေရတာလား?
နင့်ကို အဲ့ဒီမိန်းမနဲ့ လက်ထပ်ဖို့ ကျီမိသားစုက ဖိအားပေးခဲ့တာမလား?”
..ကျီလင်းချန်
အဲ့ဒီမေးခွန်းကို ပြန်မဖြေပေ။ လက်ထပ်ဖို့အတွက် သူက ဖိအားပေးခံခဲ့ရတာ မဟုတ်လို့ပဲ။ ဒါက
မျှတပြီး အပေးအယူသက်သက်တစ်ခုပဲဖြစ်သည်။ သူ့အဖေဆီက သူလိုချင်တာရဖို့ ဖန့်ရှောင်နွမ်ကို
လက်ထပ်ခဲ့တာ ဖြစ်သည်။
“မင်းသောက်ထားတာ
များနေပြီ၊ မင်းကို အိမ်ပြန်ပို့ပေးဖို့ ငါ လူတစ်ယောက် ခေါ်လိုက်မယ်”လို့ ကျီလင်းချန်က
ပြောလိုက်သည်။
လင်း
မိသားစုက လူရောက်လာတဲ့အခါ အိမ်တော်ရဲ့တံခါးကို မပိတ်လိုက်ခင် လင်းရို ကားထဲဝင်သွားတာကို
ကျီလင်းချန်က စောင့်ကြည့်နေသည်။ ဒီနေ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားသည်။ အခု သူခေါင်းကိုက်နေသည်။
ရေချိုးပြီးတဲ့အခါ သူ့အဖေပေးလိုက်တဲ့ ဖိုင်တွေကို လှန်ကြည့်နေသည်။ သူလိုချင်တာကို ရဖို့
ဘယ်တုန်းကမှ မတွေ့ဘူး၊ မသိဘူးတဲ့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်ခဲ့တာကို တကယ်ကောမှန်ရဲ့လားဆိုတာကို
သူ မသိတော့ပေ။
ဒါပေမဲ့
ဒီလက်ထပ်ပွဲကနေ ဖန့် မိသားစု အကျိုးအမြတ်ရလာတာကိုလည်း သူစဉ်းစားမိသွားသည်။ “ငါတို့က
ကိုယ်လိုချင်တာကို ရဖို့အတွက် တစ်ယောက်ကို တစ်ယောက် အသုံးချနေကြတာပဲ။”
နောက်နေ့မနက်၊
အိမ်စေ တံခါးလာခေါက်ပြီး မနိုးခင်အထိ ဖန့်ရှောင်နွမ်က နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။
သူမ မျက်လုံးတွေကို ပွတ်လိုက်ပြီး ဆေးကြောသန့်စင်ကာ အောက်ထပ်ကို ဆင်းသွားသည်။
ဖန်ချီက
သူမကို ကြည့်လိုက်ပြီး “ နင်က ရိုးရိုးမိသားစုကနေ လာတာဖြစ်လို့ စည်းကမ်းတွေဘာတွေ နားလည်ပုံမရဘူး။
အခုနင်က ကျီမိသားစုဝင်တစ်ယောက် ဖြစ်လာတာနဲ့ နင့်အတွက်နဲ့ အကုန်လုံးကို စောင့်နေရအောင်လုပ်တယ်”လို့
မနှစ်မြို့စွာ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်
စိတ်မဆိုးပေ။ သူမ နံရံပေါ်က နာရီကို ကြည့်လိုက်သည်။ ၇နာရီတောင် မထိုးသေးဘူး။ သူမ ပြုံးလိုက်ပြီး
“ဟုတ်ကဲ့ပါ၊ ကျီ မိသားစုက စည်းကမ်းအရှိဆုံးပါပဲ။ ကျွန်မလည်း သူတို့ဆီက သင်ယူရဉီးမှာပဲ။”လို့
ပြောလိုက်သည်။
ဘယ်လိုအချက်တွေကြောင့်ပဲဖြစ်ဖြစ်
ဖန့်ရှောင်နွမ်က လိမ္မာနာခံတတ်သည်။ သို့သော်လည်း တစ်ခုခုမှားနေတယ်လို့ ဖန်ချီက ထင်နေတုန်းပင်။
ဒါပေမဲ သူမ ဒီထပ်ပိုပြီး ဒီကိစ္စထဲ ဝင်ပါလို့မရဘူး။ “ဟင့်…….နင့်လိုလူက ကျီမိသားစုဝင်နဲ့
ဘယ်လိုမျိုး လက်ထပ်လိုက်တာလဲဆိုတာကို ငါတော့ အခုထိ နားကို မလည်နိုင်သေးဘူး။ နင်က ရိုအာနဲ့တော့
တခြားစီပဲ။”
ကျီခန့်တိ
ချောင်းဟန့်ပြလိုက်ပြီး သူ့ရဲ့ဇနီးကို ဆက်မပြောတော့ဖို့ လက်ဟန်ခြေဟန်ပြလိုက်သည်။ “ရှောင်နွမ်က
အခုမှ ကျီမိသားစုထဲကို ရောက်လာတာမို့ စည်းကမ်းတွေကို နားမလည်တာပါ။ သူရဲ့ ယောင်းမအနေနဲ့
မင်းက သူ့ကို ဖြေးဖြေးချင်း သင်ပေးရမှာပေါ့။”
“သူ့ကို
သင်ပေးဖို့ ကျွန်မမှာ အချိန်မရှိဘူး။” ထိုင်ခုံမှာ အေးအေးဆေးဆေးထိုင်နေတဲ့ ဖန့်ရှောင်နွမ်ကို
ဖန်ချီက ကြည့်မနေပေ။ “နောင်လည်း တစ်ယောက်ယောက်ကများ ကျွန်မသားကို အဲ့လိုမိန်းကလေးနဲ့
မိတ်ဆက်ပေးရင် အဲ့ဒီသူကို ကျွန်မ ကိုယ်တိုင် သတ်ပစ်မှာ။”
“တော်လောက်ပြီ။”
ကျီခန့်တိက အဲ့လောက်မတုံးဘူး။ သူနဲ့ သူအဖေက ကျီလင်းချန်အတွက် ရွေးပေးထားတဲ့ မိန်းကလေးနဲ့
ပတ်သတ်ပြီး ဖန်ချီက မနှစ်သက်ဘူးဆိုတာကို သူ သိသည်။ သူ မျက်နှာပျက်သွားသည်။ “မင်းက လင်းချန်ရဲ့
မရီးပဲ။ လင်းချန်ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သတ်ပြီး မင်းမှာ စွက်ဖက်ခွင့်မရှိဘူး။ ဒီလိုကိစ္စတွေကို
နောက်တစ်ခါ မပြောမိစေနဲ့။”
သခင်ကြီးကျီက
အောက်ထပ်ကို ဆင်းလာခဲ့သည်။ “မနက်ခင်းအစောကြီး ဘာအတွက် ရန်ဖြစ်စကားများနေကြတာလဲ?”