လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၈
အဲ့ဒါကို
ကြားလိုက်တဲ့အခါ သခင်ကြီးကျီ အတော်မျက်နှာပျက်သွားသည်။ ကျီလင်းချန်နဲ့ လင်းရိုရဲ့ကြားက
ဆက်ဆံရေးကို သူ မသိလို့ ဖြစ်ရခြင်းမဟုတ်ပေ။ ဒါပေမဲ့ ကျီလင်းချန်သာ လင်းရိုကို တကယ်ကြိုက်ရင်
အရင်တည်းက သူ လက်ထပ်ပြီးတာကြာပေါ့။ သူ အခုချိန်ထိ စောင့်နေမှာ မဟုတ်ဘူး။
သို့သော်
လင်းရိုရဲ့ စကားလုံးတွေက မနေ့ညက သူ့ရဲ့ ချွေးမက
မင်္ဂလာဦးညကို တစ်ဦးတည်းဖြတ်သန်းနေရချိန်မှာ ကျီလင်းချန်နဲ့သူမ အတူတူရှိခဲ့ကြောင်းကို
အခိုင်အမာ ပြောဆိုနေလေသည်။ ဒါက ကျီမိသားစုရဲ့ မျက်နှာကို အိုးမဲသုတ်တာပဲ။
အဲ့ဒီမှာ
ရှိနေတဲ့သူတိုင်း လင်းရိုက ဖန့်ရှောင်နွမ်ကို ရန်စနေတယ်ဆိုတာ သိနေကြသည်။ ကျီလင်းချန်ကို
ဖန့်ရှောင်နွမ် လက်ထပ်လိုက်တော့ ဘာဖြစ်လဲ? မင်္ဂလာဦးညမှာ ကျီလင်းချန်ကို အဖော်ပြုပေးနေတဲ့သူက
လင်းရိုပဲလေ။
တစ်ဖက်မှာတော့
သူမ ပုတ်ခတ်ပြောဆိုနေတဲ့သူက သူနဲ့ဘာမှမဆိုင်သလို အေးဆေးဆေးဆေးနဲ့ ဆိုဖာပေါ်မှာ ထိုင်နေခဲ့သည်။
ဖန်ချီက
ဘာမှမစဉ်းစား မဆင်ခြင်ဘဲ “မင်းတို့နှစ်ယောက်က မနေ့ညက အတူတူရှိနေတာလား၊ ဒါဖြင့် ဒီနေ့
အတူတူပြန်လာခဲ့ကြရောပေါ့”လို့ ရယ်မောကာ ပြောလိုက်သည်။
သခင်ကြီးက
အတော်လေးကို မျက်နှာပျက်နေပုံရသည်။ သူက ဒေါသကြီးစွာနဲ့ အိမ်တော်ထိန်းကို “ကျီလင်းချန်
ဘယ်မှာလဲ”လို့ မေးလိုက်သည်။
“သခင်ကြီး၊
ဒုတိယသခင်လေးက ဖုန်းမကိုင်ဘူးလို့” အိမ်တော်ထိန်းက ပြန်ဖြေလိုက်သည်။
တစ်ချိန်တည်းမှာပဲ
ခြံရှေ့ဝင်းထဲမှာ အနက်ရောင် မေဘက်ရှ်ကားတစ်စီး ထိုးရပ်လိုက်သည်။ ကားထဲကထွက်လာတဲ့သူက
မျက်နှာထားတင်းကား အေးစက်စက်ဖြစ်နေသည်။ သူ့ရဲ့ပုံက ချောမောခန့်ညားသည်။ သူကကားတံခါးကို
ပိတ်လိုက်ပြီး အိမ်တော်ကြီးရဲ့ ဧည့်ခန်းထဲကို ဝင်လာခဲ့သည်။
သခင်ကြီးကျီက
တံခါးကို ကြည့်လိုက်သည်။ သခင်ကြီးဘာမှမပြောခင်မှာဘဲ သူ့ရဲ့အကြီးဆုံးချွေးမ ဖန်ချီက
ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ “မင်း ဘယ်တွေသွားနေတာလဲ? ကြည့်စမ်း၊ မင်းက မနေ့က ရိုအာနဲ့
ရှိနေတာကို။ ဘာလို့ဒီနေ့ သူမနဲ့ ပြန်မလာတာလဲ? မင်း ဘယ်သူ့ကို ဖွက်ထားချင်နေတာလဲ?
သူမ
ပြောနေတာတွေက ကျီလင်းချန်က လစ်လျူရှုနေသည်။ သူက လင်းရိုနဲ့ အပြစ်ကင်းစင်တဲ့ ဖန့်ရှောင်နွမ်ကို
ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ်အဖို့တော့ ဒီဟာတွေက သူမနဲ့ ဘာမှမဆိုင်ပေ။
ဖန့်ရှောင်နွမ်က
ဘာကိုမှ အပြစ်တင်မနေဘဲ ဒီတိုင်းလေးနေနေသည်။ ချမ်းသာတဲ့ မိသားစုဝင်တစ်ယောက်ဖြစ်လာတဲ့အခါ
အကျိုးကျေးဇူးတွေ အများကြီး ရှိနေပေမဲ့ အသိတရားကတော့ ခဏဧည့်သည်ပါပဲ။ သူမ ဘာမှကို မလုပ်ရသေးခင်မှာပဲ
သူမရဲ့ အချစ်ပြိုင်ဘက်က လာပြီး ရန်စနေသည်။ ဒီဖန်ချီဆိုတဲ့ မိန်းမကတော့ တကယ်ကို ဦးနှောက်မရှိတဲ့သူပဲ။
“အိမ်တော်ထိန်း၊
ဧည့်သည်ကို အပြင်ကို လိုက်ပို့လိုက်စမ်း။” ကျီလင်းချန်ရဲ့ မင်္ဂလာပွဲရဲ့ ပထမရက်မှာ
သူနဲ့ သခင်မလေးတို့ သူတို့အမေကို ဂါရဝပြုရဉီးမယ်။ ဧည့်သည်တစ်ယောက်အတွက် မသင့်တော်နေဘူး။
” သခင်ကြီးက မျက်နှာပျက်နေပေမယ့် စိတ်ရှည်ရှည်နဲ့ပဲ လုပ်ခိုင်းနေသည်။
ဖန်ချီက
“အဖေ၊ ရိုအာက ဧည့်သည်မဟုတ်ပါဘူး။ သူလည်း….” လို့ပြောလိုက်သည်။
......
ဖန်ချီ
ပြီးအောင် မပြောရသေးခင်မှာပဲ သခင်ကြီးကျီက စကားဖြတ်ပြောလိုက်သည်။ သူက “မင်းလည်း ကျီမိသားစုက
ထွက်သွားချင်ရင် ထွက်သွားလို့ရတယ်။ အိမ်တော်ထိန်း ဧည့်သည်ကို ပြန်ပို့လိုက်”လို့ ဒေါသတကြီးနဲ့
ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ၊
သခင်ကြီး။” အိမ်စေက လင်းရိုကို လိုက်ပို့ပေးနောက် ထွက်သွားဖို့ အမူအရာပြလိုက်သည်။
သခင်ကြီးရဲ့
စကားတွေကြောင့် ဖန်ချီ ကြောက်လန့်သွားသည်။ သခင်ကြီးကျီရဲ့ ဒေါသကို ကျီမိသားစုထဲမှာ
ဘယ်သူမှ ဖြေလျော့လို့မရပေ။ သူမသာ တစ်ခုခုပြောလိုက်ရင် သခင်ကြီးက သူမကို တန်းမောင်းထုတ်တော့မှာ။
ဒါကြောင့် လင်းရို ဆက်နေလို့ရအောင် ကာမပြောရဲတော့ပေ။ အိမ်စေက လင်းရိုကို လိုက်ပို့တာကိုပဲ
ကြည့်နေရတော့သည်။
လင်းရိုက
ကျီလင်းချန်ကို သူမကို ဆက်နေခိုင်းဖို့ ပြောစေချင်သည့်အတွက် တန်းတန်းပဲ ပြန်ကြည့်နေသည်။
ဒါပေမဲ့ ကျီလင်းချန်ကတော့ ဘာမှမပြောပေ။ သူမကိုပင် ကြည့်မနေတဲ့အတွက် ဝမ်းနည်းစွာပဲ ထွက်သွားလိုက်ရသည်။
“အဲ့ဒီအချိန်မှာ၊
မင်းအမေအတွက် အမွှေးတိုင်ထွန်းပြီး ဂါရဝပြုရအောင်၊ သွားပြီး အဝတ်အစားသွားလဲချည်။” လင်းရို
ထွက်သွားတော့မှ သခင်ကြီးကျီက သက်ပြင်းချနိုင်တော့သည်။ ပြီးတော့မှ ကျီလင်းချန်နဲ့ ဖန့်ရှောင်နွမ်ကို
စကားပြောခဲ့သည်။
အဝတ်အစားလဲဖို့
သူတို့နှစ်ယောက်လုံး အပေါ်တက်သွားသည်။ နှစ်ယောက်တည်း ရှိတဲ့အချိန်မှာ ဖန့်ရှောင်နွမ်က
“သူသာ ငါ့ကို မထိပါးရင် ငါလည်း သူ့ကိုပြန်ပြီး ထိပါးမှာမဟုတ်ဘူး၊ သူက စပြီးထိပါးလာရင်တော့
ငါ ငြိမ်ခံနေလို့မရဘူး”ဆိုပြီး သူမကိုယ် သူမ သတိပေးနေသည်။
ကျီလင်းချန်က
ဖန့်ရှောင်နွမ်နဲ့ နားလည်မှုလွဲနေတာတွေကို မဖြေရှင်းရသေးပေမယ့် သူမအပေါ် မနှစ်သက်မှုကိုတော့
ဖုံးကွယ်မထားပေ။ “မင်း ရှိတာနဲ့ ဒီအခန်းထဲကလေတွေက ရှုရှိုက်လို့မရလောက်အောင် ညစ်ပတ်သွားပြီ။”
ဖန့်ရှောင်နွမ်က
“ကျွန်မက ဒီကမ္ဘာမြေပေါ်မှာ နေနေရုံကလွဲပြီး တခြားမရှိဘူးလေ။ ရှင်ကော ဘာလို့ အာကာသထဲ
သွားမနေတာလဲ? ကျွန်မကြောင့် ရှင့်ကိုယ်ရှင် စိတ်ဆင်းရဲခံမနေနဲ့။”လို့ အမြန်ပဲ ခွန်းတုံ့ပြန်လိုက်သည်။
သူမက ဘယ်တော့မှ စော်ကားတာတွေကို ငြိမ်ခံလေ့မရှိချေ။
ကျီလင်းချန်က
“ဖန့်ရှောင်နွမ်၊ မင်းကို ငါ လုံးဝကို မမြင်နေတာ။” လို့ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
“ဒါဆိုရင် ရှင့်မျက်လုံးကို အုပ်ထားလိုက်လေ။ ဒါဆိုရင် ရှင် ကျွန်မကို မြင်ရမှာ မဟုတ်တော့ဘူး။”လို့
ပြောသည်။
ကျီလင်းချန်က
သူမကို မကြိုက်သလို သူမကလည်း ကျီလင်းချန်ကို မကြိုက်ပဲနဲ့ ဘာလို့ သည်းခံနေရမှာလဲ။ ဒါက
ဖန့်ရှောင်နွမ် တွေးနေတဲ့ အတွေးပင်။
“ဟင်း…
မင်းက အခုတော့ မင်းရဲ့သရုပ်မှန်တွေကို ချပြီနေပြီပေါ့။ ငါ မင်းကို လျှော့တွက်ခဲ့မိတာပဲ။”
ကျီလင်းချန် စကားပြောရင်းကို သူ့ရဲ့ နှုတ်ခမ်းတွေ ကော့တက်နေသည်။
“ဒါကလည်း
ကျွန်မရဲ့ သရုပ်မှန်အစစ်မဟုတ်ဘဲ ကျွန်မဘာသာ ချပြထားတာပဲ။ ကျွန်မရဲ့ သရုပ်မှန်ကို သိနိုင်ဖို့
ရှင်က မထိုက်တန်ဘူး။” ဖို့ ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို ကြည့်ပြီးပြောလိုက်သည်။
“ဟုတ်ပါပြီ၊
ငါက မထိုက်တန်ပါဘူး”လို့ ကျီလင်းချန်က တိုးတိုးလေး ပြောလိုက်သည်။
ဖန့်ရှောင်နွမ်စိတ်ထဲ
မသက်မသာဖြစ်နေသည်။ ကျီလင်းချန် အဲ့ဒါကိုပြောလိုက်တဲ့အခါ သူစိတ်ဆိုးပြီးပြောတယ်ဆိုတာ
သိသာနေသည်။ သူက ပြုံးပြီးပြောနေပေမယ့် သူမကို ပိုပြီးလန့်စေသည်။
ဒါပေမဲ့
ဖန့်ရှောင်နွမ်က သူမ ကြောက်နေတာကို ထုတ်ဖော်မပြဘဲ မကြောက်ဟန်ဆောင်နေသည်။
အိမ်စေက
တံခါးကို လာခေါက်ခဲ့သည်။ သခင်ကြီးကျီ အလျင်လိုနေပုံထောက်သည်။
ဖန့်ရှောင်နွမ်က
အချိန်ကောင်းသဖြင့် သူမရဲ့အကြည့်တွေလွှဲဖို့
အခွင့်အရေးယူလိုက်သည်။ အဲ့လိုမှမဟုတ်ဘဲ ကျီလင်းချန်ကိုသာ ဆက်ကြည့်နေရင် သူမရဲ့ အကြောက်တရားတွေကို
ဖော်ပြလိုက်နိုင်သည်။ ဒါပေမဲ့ ကျီလင်းချန် အကုန်လုံးကို မြင်လိုက်သည်။