လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၉
“မင်း
သရုပ်ဆောင်တာ တကယ်ညံ့တာပဲ။” ကျီလင်းချန်က ပြုံးရုံ ပြုံးနေပေမဲ့ သူ့ရဲ့အသံကတော့ နားလည်ဖို့
ခက်နေသည်။
ဖန့်ရှောင်နွမ်က
ဂရုမစိုက်ဘဲ အဝတ်အစားလဲဖို့ ထွက်သွားသည်။ သူမရဲ့ ယောက္ခမကို ဂါရဝပြုဖို့ အမွှေးတိုင်
မီးညှိပြီးတော့မှ အခန်းထဲကို ပြန်သွားသည်။ ဖန့်ရှောင်နွမ် “ကျွန်မတို့ စကားပြောကြမလား”လို့
ပြောပြီး ကျီလင်းချန်ကို ခေါ်လိုက်သည်။
“ဘာလို့လဲ?
ငါနဲ့ စကားပြောဖို့ မင်းမိသားစုက ပြောထားလို့လား?”လို့ ကျီလင်းချန်က စိတ်ဝင်တစား မေးလိုက်သည်။
ဖန့်ရှောင်နွမ်
အံ့အားသင့်သွားသည်။ “ကျွန်မ မိသားစု?”
ကျီလင်းချန်က
နားမလည်နိုင်ဖြစ်နေသည်။ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီးတော့ ဖန့်မိသားစုက ဖန့်ရှောင်နွမ်ကို
မပြောထားဘူးလား?
ကျီလင်းချန်က
စားပွဲဘက်ကို လှည့်ပြီး “မင်းက ငါ့ကို ဘာပြောချင်တာလဲ?”လို့ မေးလိုက်သည်။
“နှစ်ခုထဲပါ။
ပထမတစ်ခုက ရှင်က ကျွန်မနဲ့ အတူတူ ကောင်းကောင်း သရုပ်ဆောင်ပေးရမယ်။ ကျွန်မတို့နှစ်ယောက်
အဆင်မပြေဘူးဆိုတာကို ကျွန်မမိဘတွေ သိလို့မရဘူး။ သူတို့ကို စိုးရိမ်မိစေလိမ့်မယ်။ ကျွန်မတို့နှစ်ယောက်သာ
တစ်ယောက်ကိုတစ်ယောက် မုန်းနေတယ်ဆိုတာ သူတို့သိရင် တန်းလမ်းခွဲခိုင်းလိမ့်မယ်။ အဲ့ဒါက
ရှင်အဖေ ဖြစ်စေချင်တာနဲ့ တခြားစီဖြစ်သွားလိမ့်မယ်။ ရှင့်အဖေက ရှင့်ကို ဖိအားပေး လက်ထပ်ခိုင်းခဲ့တယ်ဆိုတာ
မသိပေမဲ့ ကျွန်မသာ ရှင်နဲ့ ပြတ်စဲဖို့ ပြောမယ်ဆိုရင် ရှင့်အတွက် ခက်ခဲသွားလိမ့်မယ်။
နောက်တစ်ခုက ရှင့်ရဲ့ မရီးနဲ့ ကျွန်မနဲ့ အဆင်မပြေဘူး။ ကျွန်မတို့ အိမ်ပြောင်းနေကြမယ်။
ဒီမှာ ဆက်နေနေရင် ရှင့်မိသားစုရဲ့ အတွင်းရေးကိစ္စတွေ ဒီ့ထက်ပိုဆိုးလာလိမ့်မယ်။ ကျွန်မတို့အိမ်ပြောင်းနေလည်း
ရှင်ညဆိုရင် ပြန်မလာမှန်း ကျွန်မသိပါတဘ်။ ဒါပေမယ့် ရှင် ဆောင်ကြာမြိုင်မှာ သွားနေရင်
ရဲဖမ်းခံရလိမ်းမယ်။ ကျွန်မက စာရွက်ပေါ်က ရှင့်ရဲ့ ဇနီးမယားဆိုတော့ ရှင့်ကို ကျွန်မက
လာခေါ်လို့ရတယ်။ ဒါ့အပြင် ရှင်သာ အိမ်ပြောင်းမယ်ဆိုရင် ရှင်နဲ့ မိန်းကလေး လင်းတို့
နှစ်ယောက် ဘာလုပ်လုပ် ဘယ်သူမှ ဘာမှပြောရဲမှာမဟုတ်ဘူး။ အကယ်၍ လိုအပ်ရင် ကျွန်မကိုယ်တိုင်
ရှင့်ဘက်က လိုက်ပြီး ပြောပေးမှာ။ အတိုးချူံးရရင်တော့ ဒီနှစ်ခုလုံးကိုသာ ရှင်သဘောတူရင်
ဘာကိစ္စမှမရှိဘဲ ကျွန်မတို့နှစ်ယောက်လုံးအတွက် အကျိုးရှိတယ်မလား။”
ကျီလင်းချန်က
သူ့ရဲ့မိန်းမကို သေချာကြည့်ပြီး “ဖန့်ရှောင်နွမ်၊ ငါက အဲ့ဒါတွေကို သဘောတူမယ်လို့ ဘာလို့ထင်ရတာလဲ”လို့
မေးလိုက်သည်။
“ဒီအချက်နှစ်လုံးက
ရှင့်ကို ဘာမှမှမထိခိုက်တာ။ ကျွန်မက ရှင်စဉ်းစားဖို့ အချိန်ပေးရဦးမှာလား?” ဖန့်ရှောင်နွမ်က
တမင်တကာကို ခွန်းတုံ့ပြန်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ကျီလင်းချန်က
ရုတ်တရက် ဖန့်ရှောင်နွမ်ဆီကို နီးကပ်လာသည်။ သူမက မသိလိုက်ဘဲ ခြေလှမ်းနောက်ဆုတ်မိသွားသည်။
“ရှင် သဘောတူလား၊ မတူလားပဲ ပြောပါ။ ဘာလို့ ကျွန်မဆီ ကပ်လာတာလဲ?”
ကျီလင်းချန်က
“မင်းက အရမ်းပုလွန်းနေလို့ ငါနဲ့ ဆွေးနွေးဖို့ မထိုက်တန်ဘူး”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
ခေါင်းငုံ့လိုက်ပြီး သူမရဲ့ ခြေထောက်တွေကို ငုံ့ကြည့်လိုက်သည်။ သူမ အရမ်းမပုပေမယ့်
ကျီလင်းချန်ရဲ့ ရှေ့မှာတော့ နည်းနည်းပုနေသည်။ “ရှင် သဘောမတူလည်း ရတယ်။ ကျွန်မကို ပုတ်ခတ်ပြောနေစရာမလိုဘူး။”
ကျီလင်းချန်က
ဖန့်ရှောင်နွမ်ကို မခို့တရို့နဲ့ ပြုံးပြတာ ဒါပထမဆုံးပဲ။ စကားနိုင်လုတာ သူနိုင်သွားလို့
ပျော်နေပုံရသည်။ သူ့ကို တကယ်ပျော်စေလို့ ပြုံးတဲ့ အပြုံးပဲ။ သူစကားပြောလို့ ပြီးသွားတာကို
သိလိုက်တော့ ပြန်ပြီတော့ အေးစက်တဲ့ မျက်နှာထား ဖြစ်သွားသည်။
......
သူ
ချောင်းဟန့်လိုက်ပြီးတော့ သူ့ရဲ့ အပေါ်ဝတ်ကို ဆွဲယူလိုက်သည်။
“ဟန့်၊
နွေ ခေါင်ခေါင်ကြီးထဲမှာ အနွေးထည်ဝတ်နေတယ်။ ကျွန်မ ရှင့်ကို သေအောင်သတ်ပစ်ချင်တယ်၊
အရူး။ ရှင် ကျွန်မကို ပုတယ်လို့ ခေါ်ခွင့်ပြုလိုက်မယ်၊” လို့ ဖန့်ရှောင်နွမ်က ဒေါသကြီးစွာနဲ့
အော်လိုက်သည်။
ကျီလင်းချန်
အိမ်ထဲက ထွက်သွားတဲ့အခါ တံခါးမှာ အိမ်တော်ထိန်း စောင့်နေတာကို သူမြင်လိုက်ရသည်။ “သခင်လေး၊
သခင်ကြီးမှာ အရေးကြီး ပြောစရာရှိတယ်။”
“အဲ့ဒါက
အရေးကြီး ကိစ္စဆိုရင် အခု ငါ မပြောချင်ဘူး။ အရေးမကြီးဘူးဆိုရင် ပြောမယ်”လို့ ကျီလင်းချန်က
ပြောလိုက်သည်။ တစ်ခါတလေ စိတ်ကောင်းဝင်တတ်လို့ အဲ့ဒီကိစ္စဆွေးနွေးရင် သူ့ကို အနှောင့်အယှက်ပေးမယ်မှန်း
သူသိနေသည်။ တံခါးကို အမြန်ဖွင့်လိုက်ပြီးတော့ ကားထဲဝင်သွားသည်။ သူကိုင်ထားတဲ့ ဝတ်ရုံကို ကြည့်ရင်းနဲ့ စိတ်ကောင်းဝင်နေပုံရသည်။
ပြီးတော့၊ ဝတ်ဖို့ ယူလာတဲ့ အဝတ်ကို တခြားဖက်မှာ ထားလိုက်သည်။
သခင်ကြီးကျီက
သူ့သားပြောသွားတာတွေကို သေချာကြားလိုက်ရတော့ စိတ်တိုသွားသည်။ “အသုံးမကျတဲ့သား၊ အမြဲတမ်း
အရာရာကို ကောင်းကောင်းပြီးအောင် ငါ့ကို လုပ်ခွင့်မပေးဘူး”
ကျီလင်းချန်က
ဆယ်ကျော်သက်အရွယ်ထဲက သူ့ဘာသာသူ နေလာတာ။ ဒါကြောင့်လည်း အဖေနဲ့ သားရဲ့ကြားက တချို့အရာတွေအပါ်
အမြင် မတူလာတာတွေက တဖြေးဖြေးနဲ့ များလာသည်။ သွေးချင်းစပ်ထားတဲ့ ဆက်ဆံရေးကလွဲရင် သူတို့နှစ်ယောက်လုံးက
သူစိမ်းတွေအတိုင်းပဲ။
အိမ်တော်ထိန်းက
“သခင်ကြီး၊ စိတ်လျှော့ပါ။ သခင်လေးရဲ့ စိတ်ကို သိနေပြီးသားပဲဟာ။ ကျွန်တော်တို့မှ ဘာမှလုပ်လို့မရတာ။”လို့
ပြောလိုက်သည်။
ကျီလင်းချန်က
တစ်ယောက်ထဲ နေရတာကို အသားကျနေသည်။ မိသားစုရဲ့ နွေးထွေးမှုကိုလည်း သူ မလိုသလို သူ့ကို
ဂရုစိုက်ပေးမယ့်သူကိုလည်း မလိုအပ်ပေ။ ဒီအရာတွေက ငယ်ငယ်ကတည်းက ဖြစ်လာတဲ့အတွက် အခုချိန်ကျမှ
ပြောင်းလဲဖို့ လွယ်မနေချေ။
“ထားလိုက်တော့၊
ထားလိုက်တော့။ ငါအစထဲက သူ့ကို တစ်ယောက်ထဲ နေခွင့် မပေးခဲ့သင့်ဘူး။” သခင်ကြီးကျီက သက်ပြင်းချလိုက်သည်။
သူလှည့်ကြည့်လိုက်ပြီး ပြတင်းပေါက်ကနေ တစ်နေရာကို ကြည့်နေသည်။ သူ ဝမ်းနည်းနေပုံရသည်။
အိမ်တော်ထိန်းက
“သခင်ကြီး၊ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဖြစ်ခဲ့တာတွေအားလုံးက သခင်ကြီးရဲ့ အပြစ်မဟုတ်ပါဘူး။”လို့
ပြောလိုက်သည်။
ကျီလင်းချန်
ကုမ္ပဏီကို ပြန်သွားသည်။ သူ့ရဲ့လက်ထောက်က အလျင်အမြန် ရုံးခန်းထဲဝင်လာသည်။ “သူဌေး ကျီ၊
အလုပ်ကို ဘာလို့ ဒီလောက် မြန်မြန်ပြန်လာရတာလဲ? ကြင်စဦးးမောင်နှံက ပျားရည်ဆမ်းခရီးထွက်သင့်တယ်မလား?”
ကျီလင်းချန်က
“ဖန့်မိသားစုက မင်းကို အကြောင်းကြားထားတာရှိလား”လို့ ဆက်ပြောလိုက်သည်။
လက်ထောက်က
“မရှိပါဘူး။ ဖန့်မိသားစုကို တကယ်ပဲ သူဌေးက ဝယ်ချင်နေတာလား?”
ကျီလင်းချန်
နားမလည်နိုင် ဖြစ်နေသည်။ ဖန့်မိသားစုက သူ့ကို ဘာလို့ မဆက်သွယ်သေးတာကို သူစဉ်းစားမရဖြစ်နေသည်။
ကျီမိသားစုဆီက ပစ္စည်းတွေတောင်းဖို့အတွက် ငါ့နာမည်ကို ဖန့်မိသားစုက အသုံးချသင့်တာ မဟုတ်ဘူးလား။
“တခြားကုမ္ပဏီတွေဆီက
ကုန်ကြမ်းတွေဝယ်ယူဖို့ ဖန့်မိသားစုက ငါတို့ ကုမ္ပဏီနာမည်ကို သုံးခဲ့လား?” ဒါက ကျီလင်းချန်
စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော အစီအစဉ်ပဲ။