လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၀
လက်ထောက်က
ခေါင်းရမ်းလိုက်သည်။ “သူဌေး ကျီ သိချင်တာကို ကျွန်တော်သိတယ်။ ဒါကိုပဲ ကျွန်တော်က တင်ပြချင်နေတာ။
လွန်ခဲ့တဲ့နှစ်ရက်အတွက် သူတို့ရခဲ့တဲ့ ပရောဂျက်အသစ်တွေကို ဖန့်မိသားစုက ပြန်ပေးထားတယ်။”
“တစ်ခုခုတော့မှားနေပြီ။
ဘာလို့လဲဆိုတာ မင်းသိလား?” ဖန့်မိသားစုက ပရောဂျက်တွေ အကုန်ပြန်အပ်ခဲ့သည်။ ကျီလင်းချန်က
အဲ့လိုဖြစ်လာမှာကို မမျှော်လင့်ထားဘူး။
လက်ထောက်က
“ဖန့်မိသားစုက ဘာကြောင့် အဲ့လိုလုပ်ရလဲဆိုတာကို ဖြေရှင်းချက် မပေးထားဘူး။ သတင်းအစအနရဖို့
တိတ်တဆိတ် ထောက်လှမ်းခဲ့ပေမယ့် ဉက္ကဌ ဖန့်က အကုန်လုံးကို ပိတ်ထားတယ်။”
ဖန့်မိသားစုက
ဘာတွေကြံစည်နေတာလဲဆိုတာကို ကျီလင်းချန် လုံးဝစဉ်းစားလို့ မရပေ။ သူ အသည်းအသန်စဉ်းစားနေတဲ့
အချိန်မှာ ဖန့်ရှောင်နွမ်က သူ့ကို ဖုန်းဆက်လာသည်။
ဖန့်ရှောင်နွမ်ရဲ့
ဖုန်းနံပါတ်မှန်း ကျီလင်းချန်က မသိခဲ့ဘူး။ ဖုန်းကိုင်လိုက်တဲ့အခါ “ဦးလေး”လို့ ခေါ်သံကြားရတော့မှ
သူမအသံကို မှတ်မိသွားသည်။
“ဖန့်ရှောင်နွမ်!”
ကျီလင်းချန်က အဲ့လို အခေါ်ခံလိုက်ရချိန်မှာ တအားကို စိတ်ဆိုးသွားသည်။
“ကျွန်မပါ၊
ဦးလေး။ ဦးလေးရဲ့အဖေက အိမ်ကိုပြန်လာပါတဲ့။ သူ့မှာ အရေးတကြီး ပြောစရာရှိလို့လို့ ပြောတယ်။”
သူမရဲ့ သရုပ်မှန်ကို အစောကြီးထဲက ထုတ်ပြပြီးသွားတဲ့အတွက် အခုချိန်မှာ ပြန်ပြီးဖုံးဖိနေရင်
သွေးကြောင်သလို ဖြစ်သွားနိုင်သည်။ ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို ချစ်စနိုးနာမည် အဖြစ်
“ဦးလေး”လို့ ပေးထားသည်။
ကျီလင်းချန်ရဲ့
အသံကနေတစ်ဆင့် အဲ့လိုခေါ်တာကို သူ မကြိုက်မှန်း သိသာနေသည်။
ကျီလင်းချန်က
ဖုန်းကို ခဏချထားပြီး သူ့ရဲ့ ဒေါ်သတွေကို ထိန်းချုပ်လိုက်သည်။ “ဖန့်ရှောင်နွမ်၊ ငါ့ကို
မင်း “လေး”လို့ ထပ်ခေါ်စမ်း။”
“ဦးလေး။”
ဖန့်ရှောင်နွမ်က အရမ်းကို စိတ်ကောင်းတွေဝင်နေတဲ့အတွက် ချက်ချင်းပဲ သူ့ကို ခေါ်လိုက်သည်။
“မင်းအခု
ငါပြောတာကို နားထောင်။” ကျီလင်းချန်က အံတွေကြိတ်ပြီး တစ်လုံးချင်းစီ ပြောနေသည်။
“ဦးလေးကလည်း
“ဦးလေး”လို့ ခေါ်တာကို ဘာလို့စိတ်ဆိုးနေတာလဲ? ပြန်လာလို့ရရင် ပြန်လာလိုက်ပါ။” ဖန့်ရှောင်နွမ်က
တအားကို စိတ်ကျေနပ်နေသည်။ ကျီလင်းချန်က သူမကို မကြိုက်မှန်း သိပေမဲ့ ဘာမှလုပ်လို့မရတာကို
သိလို့ ကျေနပ်နေသည်။
ကျီလင်းချန်ရဲ့ လည်ဇလုတ်က အလျင်အမြန်ရွေ့လျားနေသည်။ “ဟမ်၊ ဒီမိန်းမက
အတော်လှည့်ဖျားတတ်တာပဲ။” သူမက ကျီလင်းချန်ကို အိမ်ကို ပြန်လာအောင် ကြိုးစားနေသည်။ ဒါပေမဲ့
သူက အိမ်ပြန်ဖို့ ငြင်းဆန်လိုက်သည်။
......
ကျီလင်းချန်
ဖုန်းချလိုက်သည်။ မကြာပါဘူး။ ဖန့်ရှောင်နွမ်က ဖုန်းထပ်ခေါ်ပြီး “ရှင်ဘာလို့ စိတ်ဆိုးတာလဲဆိုတာ
ကျွန်မကို ပြောပါဦး။ ရှင်ကျွန်မကို ပုတယ်လို့ ပြောတုန်းကကျ ကျွန်မ စိတ်မဆိုးဘူး။ ဒါပေမဲ့
ရှင့်ကို “ဦးလေး”လို့ ခေါ်တော့ ရှင်က စိတ်ဆိုးနေတယ်။ ယောကျာ်းဖြစ်ပြီးတော့ ရှင်က အရမ်း
သဘောထားသေးတာပဲ။ ကျွန်မ ရှင့်ကို “ဦးလေး”လို့ခေါ်လို့ အသားပဲ့မပါသွားပါဘူး။ ဟုတ်တယ်မလား၊
ဦးလေး? ဟယ်လို? ကျီလင်းချန်….”
သူ
ဖုန်းထပ်ချလိုက်ပြီ။ ဖုန်းကို ဖန့်ရှောင်နွမ် ကြည့်ပြီးတော့ “အမ်၊ မဖြစ်ပါဘူး။ ဒီလူကတော့
တကယ်ကို သဘောထားသေးသိမ်တာပဲ။ ငါက သူ့ကို ဦးးလေးလို့ ခေါ်တော့ ဘာဖြစ်လဲ? ငါကတော့ ဆက်ခေါ်နေမှာပဲ။
သူ့ကို သေလောက်အောင် စိတ်ဆိုးရအောင်လုပ်ဦးမှာ။”လို့ တိုးတိုးလေး ရေရွတ်နေသည်။
ဖန့်ရှောင်နွမ်က
ထပ်ခါထပ်ခါ ဖုန်းခေါ်နေသည်။ ကျီလင်းချန်က အမြဲတမ်း တန်းချလိုက်သည်။ သူမ ထပ်ခေါ်တဲ့အချိန်
ဘယ်သူမှ ဖုန်းမကိုင်ဘူး။ နောက်တစ်ခါ ထပ်ခေါ်တော့ ကျီလင်းချန်က တခြားတစ်ယောက်နဲ့ ပြောနေသည်။
ဖန့်ရှောင်နွမ်က
“သေစမ်း၊ သူက ငါ့ကို ဘလော့ထားတာပဲ။” အဲ့ဒါကို သိတော့ အောက်ဆင်းသွားပြီး ကျီလင်းချန်ကို
ခေါ်ဖို့ အိမ်ဖုန်းကို ကောက်ယူလိုက်သည်။
အဲ့ဒီအချိန်၊
ကျီလင်းချန်က အစည်းအဝေးလုပ်မယ့်အချိန် အိမ်က ဖုန်းခေါ်နေတာတွေ့လို့ ကိုင်လိုက်သည်။
ဖုန်းကိုင်လိုက်တဲ့အချိန် တစ်ဖက်က သူ့ကို ရန်စနေသလို အသံကို ကြားလိုက်သည်။ “ဦးလေး၊
ဦးလေးအဖေက အရေးတကြီး ပြောစရာရှိလို့ အိမ်ပြန်လာခဲ့ပါတဲ့။ အမြန်ပြန်လာခဲ့ပါ၊ ဦးလေး။”
“ပိ..ပိ……ပီ…”
သူဖုန်းထပ်ချလိုက်သည်။
ဘယ်လောက်မှ
မကြာသေးဘူး။ ကျီလင်းချန်ရဲ့ဖုန်းထပ်လာနေသည်။ ကျီလင်းချန်က တစ်ချက်ကြည့်လိုက်ပြီး ကိုင်လိုက်သည်။
“ဖန့်ရှောင်နွမ်၊ မင်းသေချင်နေတာလား?”
“ကျီလင်းချန်၊
မင်းမိန်းမကို ဘာလို့ အဲ့လို ပြောနေတာလဲ?” သခင်ကြီးကျီရဲ့ အသံကို ကြားလိုက်ရသည်။ သူက
အောက်ဆင်းလာပြီး အိမ်ထဲက အခုမှဝင်လာတဲ့ သူ့ရဲ့ ချွေးမကို တွေ့လိုက်သည်။ သူမက ဖုန်းခေါ်ဖို့အတွက်
ဧည့်ခန်းထဲကဖုန်းကို သုံးနေသည်။ သူမေးဖို့အတွက် အပေါ်တက်သွားတဲ့အခါ ဖန့်ရှောင်နွမ်က
ကျီလင်းချန်ကို ခေါ်နေမှန်း သိသွားသည်။ ကျီလင်းချန်အတွက် သူမ လုပ်နေတာပဲဖြစ်သည်။
ဖန့်ရှောင်နွမ်က
“အဖေ၊ အဖေပြောစရာရှိတယ်ဆိုလို့ သူ့ကို ပြန်လာခဲ့ပါလို့ ပြောနေတာ”လို့ ပြောလိုက်သည်။
သခင်ကြီးကျီရဲ့
အကြည့်တွေက ဖန့်ရှောင်နွမ်ရဲ့ အပြစ်ကင်းစင်တဲ့ မျက်လုံးတွေကို လွှမ်းမိုးသွားသည်။ သခင်ကြီးက
သူမကို ပိုပြီးတော့တောင် နှစ်သက်လာသည်။ သူမှာ့ ကျီလင်းချန်ကို ပြောစရာတကယ်ကို ရှိနေသည်။
ဒါကြောင့် သခင်ကြီးကျီက ကျီလင်းချန်ကို သူ့ဘာသာသူခေါ်ဖို့ လုပ်လိုက်သည်။ ဒါပေမဲ့ သူ
ဖုန်းစကိုင်လိုက်လိုက်ချင်း ကျီလင်းချန်ရဲ့ စိတ်ဆိုးနေတဲ့ လေသံကို ကြားရဖို့ မမျှော်လင့်ထားခဲ့ပေ။
လင်းရိုရဲ့
တမင်တကာ ကြံစည်ပြီးပြောတာကို သခင်ကြီးကျီက ဒေါသထွက်နေသည်။ “ကျီလင်းချန်၊ မင်းမှာ အိမ်ပြန်လာဖို့
နာရီဝက်အချိန်ရှိတယ်၊ ပြန်လာပြီးတော့ နွမ်နွမ်ကို လာတောင်းပန်။”
သခင်ကြီးကျီရဲ့
အကျယ်ကြီး ဆူလိုက်တဲ့အသံကြောင့် ဖန့်ရှောင်နွမ် လန့်သွားပြီး ခြေလှမ်း အနည်းငယ်ဆုတ်လိုက်သည်။
ဒါပေမဲ့ သူမက သိချင်စောနဲ့ “ ဦးလေးက သခင်ကြီးကျီကို စိတ်ဆိုးအောင် ဘာတွေပြောလိုက်တာလဲ”လို့
မေးလိုက်သည်။
တခြားဖက်ကနေ
ဘာပြောလိုက်မှန်း ဖန့်ရှောင်နွမ် မသိပေမဲ့ သခင်ကြီးကျီက ဒေါသတကြီး ဖုန်းချလိုက်တာကို
သူမ တွေ့လိုက်သည်။ ကြောက်လန့်နေတဲ့ သူ့ရဲ့ ချွေးမကို သခင်ကြီးကျီက “နွမ်နွမ်၊ မစိုးရိမ်ပါနဲ့၊
လင်းချန်ပြန်လာရင် သမီးကို တောင်းပန်ခိုင်းလိုက်ပါမယ်။”
“မလိုပါဘူး၊
အဖေ။” ဖန့်ရှောင်နွမ်က တမင်တကာလုပ်နေသလိုလည်း မဖြစ်အောင်၊ တအားနာခံတတ်တဲ့ပုံလည်း မဖြစ်အောင်
ခေါင်းရမ်းပြီးတော့ ပြောလိုက်သည်။
နာရီဝက်အတွင်းပဲ၊
ကျီလင်းချန် အိမ်ပြန်ရောက်လာသည်။ အိမ်ဝကို ဝင်ဝင်ချင်းပဲ သခင်ကြီးကျီရဲ့ နောက်မှာ ပုန်းနေတဲ့
ဖန့်ရှောင်နွမ်ကို တွေ့လိုက်သည်။ အဲ့ဒီအချိန်မှာ အဲ့ဒီမိန်းမက တမင်တကာ သူ့အဖေရဲ့ရှေ့မှာ
သနားစကားကောင်းအောင် လုပ်ပြနေတာလို့ သူ့ရဲ့မျက်လုံးထဲ မြင်နေရသည်။