လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၂
နောက်ဆုံးတော့
ဖန့်ရှောင်နွမ် ဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားသည်။ သူမ လည်ပင်းကို ခဏလှည့်လိုက်ပြီး
ကျီလင်းချန်ရဲ့လက်ကို စောင်းကြည့်လိုက်သည်။ သူ့ရဲ့လက်ပေါ်က သူမရဲ့ လက်သည်းရာတွေက အတိုင်းသားကြီး
ထင်ရှားနေသည်။ တကယ်ကို ဆိုးရွားနေတဲ့ပုံပေါ်သည်။
ကျီလင်းချန်ရဲ့
အတွေးတွေ ပြန့်ကျဲနေသည်။ သူက ဘာတွေးလို့ တွေးရမှန်းကို မသိတော့ဘူး။
...
အိမ်ကိုပြန်ဖို့
ကတိပေးထားတဲ့ရက်က ရောက်လာပြီ။
မနက်ခင်းထဲက
ဖန့်ရှောင်နွမ်က အဝတ်အစားတွေ ထည့်သိမ်းထားပြီး ကျီလင်းချန်လာမှာကို စောင့်နေသည်။ သူ့ကို
သူမ မြင်မြင်ချင်း မထိန်းထားနိုင်ဘဲ “ရှင် ကျွန်မကို ကတိပေးထားတာကို မှတ်မိပါတယ်နော်”
လို့ပြောလိုက်သည်။
ကျီလင်းချန်က
သူမကို လျစ်လျူရှုထားသည်။ အဲ့ဒီအစား သူက သူမအိမ်အတွက် ပေးဖို့ ပြင်ထားတဲ့လက်ဆောင်တွေကို
သူ့ မေဘက်ရှ်ကား နောက်ခန်းထဲကို ထည့်နေသည်။
ဖန့်မိသားစုအိမ်ကို
ကျီမိသားစုရဲ့ အိမ်တော်ကနေ တစ်နာရီကျော်ကြာ မောင်းပြီး သွားရမည်။ တစ်ဖက်မှာတော့ ဖန့်ရှောင်နွမ်က
သူမကိုယ်သူမ ကောင်းကောင်းပြုမူတတ်အောင် ကြိုးစားနေသည်။ သူမက ကျီလင်းချန်က တစ်ခြားသူတွေရှေ့မှာ
သူမကို အရှက်ရအောင် လုပ်ခွင့်မရှိအောင် ကြိုးစားနေနေသည်။
ကျီလင်းချန်က
ဖန့်ရှောင်နွမ်ကို မျက်လုံးအိမ်ထောင့်ကနေ ဝေ့ကြည့်လိုက်သည်။ သူက “တအားကို တိတ်ဆိတ်နေပါလား၊
မိန်းကလေးလို ပြုမူနေတယ်၊ ငါတောင် သူ့ကို စိုက်ကြည့်လို့ရနေတယ်”လို့ တွေးနေသည်။
ဖန့်ရှောင်နွမ်က
“ကျီလင်းချန်၊ ကားကို ကောင်းကောင်းမောင်း။ ဘာဖြစ်လို့ ကျွန်မကို လာကြည့်နေတာလဲ?” လို့ပြောလိုက်သည်။
ကျီလင်းချန်က
“မင်းကပဲ ငါ့ကို ရူးအောင်လုပ်နေတာလေ”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
ဘာမှမပြောနိုင်ဘဲ ငြိမ်ပြီး သည်းခံနေရတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ
တစ်နာရီကျော်ကုန်သွားပြီ ဖြစ်သည်။ ဖန့်အိမ်တော်ကို တဖြေးဖြေးနဲ့ နီးကပ်လာနေပြီးဖြစ်သည်။
ဖန့်ရှောင်နွမ်က သူမရဲ့ မိဘတွေ တံခါးပေါက်မှာ စောင့်နေတာကို တွေ့သွားသည်။ သူမ အနည်းငယ်
စိတ်လှုပ်ရှားသွားပြီး သူမဘေးနားက အမျိုးသားကို ကြည့်လိုက်သည်။ သူသာ သူမကိုပေးထားတဲ့ကတိကို
မတည်ခဲ့ရင် ဘယ်လိုလုပ်မလဲ?
ကားရပ်သွားပြီးနောက်
ကျီလင်းချန်က ခါးပတ်ဖြုတ်ပြီး ပစ္စည်းတွေယူဖို့ ကားနောက်ခန်းထဲကို သွားဖို့ ပြင်လိုက်သည်။
ဖန့်ရှောင်နွမ်က လောနေသည်။ သူမက ကျီလင်းချန်ရဲ့အင်္ကျီကို ဆွဲဖို့လုပ်လိုက်သည်။ ဒါပေမဲ့
သူမက သူ့ရဲ့လက်ကို ဆွဲမိသွားမယ်လို့ မထင်ထားပေ။ “ကျီလင်းချန်၊ ရှင် ကျွန်မကို ကတိပေးထားတာကို
မမေ့နဲ့နော်။”
......
“ငါက
မင်းမျက်လုံးထဲမှာ မယုံကြည်ရတဲ့ပုံ ပေါ်နေလို့လား?” ကျီလင်းချန်က ပြန်မေးလိုက်သည်။
“ရှင့်ကို
မယုံလို့ မဟုတ်ပါဘူး။ ရှင်မေ့မှာ စိုးလို့ သတိပေးတာပါ။” ဖန့်ရှောင်နွမ်က လက်ဖြုတ်ပြီး
ကားထဲကနေ အရင်ဆုံး ထွက်သွားသည်။
ကားဘေးမှာ
သူမရင်းနှီးတဲ့ လူတစ်ချို့ကို ဖန့်ရှောင်နွမ် တွေ့လိုက်တော့ ညင်သာစွာ ပြုံးပြလိုက်သည်။
“အဖေ၊ အမေ၊ လင်းချန်နဲ့ သမီး ရောက်ပြီ။”
ကျီလင်းချန်က
ပစ္စည်းတွေယူဖို့ ကားနောက်ခန်းဆီကို သွားသည်။ သူလမ်းလျှောက်သွားတဲ့အခါ ဖန့်ရှောင်နွမ်ရဲ့
မျက်နှာထားကို မြင်လိုက်လို့ မှင်သက်သွားသည်။
ဘာကြောင့်လဲဆိုတော့
လုပ်ပြီးပြုံးပြနေတာတောင် တကယ်လို့ ထင်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်သည်။ ကျီလင်းချန်က
တကယ်အံ့ဩသွားရသည်။ သူ့မိသားစုထဲမှာ စစ်မှန်တဲ့အပြုံးဆိုတာ ရွှေထက်ရှားသလိုဖြစ်နေပေမယ့်
သူမအတွက်တော့ အရမ်းကို လွယ်ကူနေသည်။
ဖန့်ရှောင်နွမ်က
သူမရဲ့မိဘတွေကို တယုတယဖက်လိုက်သည်။ သူမ နောက်ကို လိုက်လာတဲ့ ကျီလင်းချန်ရဲ့လက်ထဲမှာ
လက်ဆောင်ပစ္စည်းတွေနဲ့ ပြည့်နေသည်။
“အထဲကို
မြန်မြန်ဝင်လေ၊ အပြင်မှာ ပူနေတယ်။” သခင်မဖန့်က သူတို့နှစ်ယောက်လုံးကို အိမ်ထဲကို ခေါ်ခဲ့သည်။
သူတို့နှစ်ယောက်လုံး
ဧည့်ခန်းထဲ ရောက်တဲ့အခါ ဖန့်ရှောင်နွမ်က ကျီမိသားစုဝင်ဖြစ်ရလို့ ဘယ်လောက်တောင် သူမဘဝက
ကောင်းကောင်းဖြတ်သန်းနေရတယ်ဆိုတာကို ပြောပြနေသည်။ “အဖေ၊ အမေ အိမ်ထောင်ကျလို့ ရလိုက်တဲ့
အကျိုးကျေးဇူးတွေကို သမီးနောက်ဆုံးတော့ သိလိုက်ရပြီ။ အခု သမီးက အရမ်းကို လွတ်လပ်နေတယ်။
သမီး အိိပ်ချင်သလောက်လည်း အိပ်လို့လည်းရပြီ၊ ကျီလင်းချန်က စိတ်ထဲမထားဘူးလေ။”
ကျီလင်းချန်က
မလိုအပ်ဘူးလို့ ထင်တဲ့အတွက် သူမကို ဘာမှ ခွန်းတုံ့မပြန်ပေ။ ဖန့်ရှောင်နွမ်ပြောတာတွေကို
ထောက်ခံပေးဖို့ သူက ပြုံးပဲပြုံးပြနေသည်။
တကယ်တော့
သူနဲ့သမီးက မင်္ဂလာဦးမှာတောင် အတူတူ မအိပ်ရသေးဘူး။
သူမ
ကောင်းကောင်းနေတယ်ဆိုတာကို သူမရဲ့ မိဘတွေ သိအောင်၊ ဖန့်ရှောင်နွမ်က အရမ်းကောင်းချင်ယောင်ဆောင်ပြီး
သူမရဲ့ အပြုံးတွေက တကယ်အစစ်အမှန်လို့ပင် ထင်စေသည်။
ကျီလင်းချန်က
သူတစ်ခုခုတော့ ပြောသင့်တယ်လို့ ထင်တာကြောင့် သူက “ အဖေ နဲ့ အမေ၊ ဖန့်ဟန်ကော ဘယ်မှာလဲ”လို့
မေးလိုက်သည်။
သခင်မဖန့်က
“သူ အတန်းတက်နေတာ မပြီးသေးဘူး”လို့ ပြန်ဖြေလိုက်သည်။
ဖန့်ဟန်က
ဖန့်ရှောင်နွမ်ရဲ့ မောင်လေးဖြစ်သည်။ သူက အသက်ဆယ့်ခြောက်နှစ်ပဲ ရှိပြီး နိုင်ငံခြားမှာ
ပညာသင်နေသည်။ သူ့ရဲ့မိသားစုက သူ့အစ်မ အိမ်ထောင်ကျတာကို သူ့ကို မပြောပြကြသေးပေ။
“ဖန့်ဟန်က
တက္ကသိုလ်တက်ဖို့အတွက် ဒီကို ပြန်လာချင်နေတာလို့ ရှောင်နွမ်ဆီက ကျွန်တော်သိထားတယ်။”
ကျီလင်းချန်က ဖန့်မိသားစုနဲ့ စကားဆက်ပြောနေသည်။
ဖန့်ရှောင်နွမ်က
လှည့်လိုက်ပြီး မယုံသင်္ကာနဲ့ ကျီလင်းချန်ကို ကြည့်လိုက်သည်။ သူမ အဲ့ဒါကို တကယ်ကော
ပြောခဲ့လို့လား?
“အဲ့ဒါ
အမှန်ပါပဲ၊ ဒါပေမဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက သူ့ကို စိတ်ပူပန်မှုတွေ ပေးနိုင်တယ်။
ဒီမှာက နိုင်ငံခြားထက်ကို ပိုပြီးခက်ခဲနေတယ်။ ဒါ့ကြောင့် သူ့ကို အခုအချိန်မှာ ပြန်မလာစေချင်ဘူး၊” သခင်မဖန့်က ဆက်ပြောလာသည်။
သူ့မောင်လေးက
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြောင့် ပြန်လာချင်နေတယ်။ သူမက အဲ့ဒါကို ဘာလို့မသိရတာလဲ?
“နွမ်နွမ်၊
လင်းချန်ကို ကြည့်နေတာ တော်လောက်ပြီ။ သူ့ကို သမီးအိမ်မှာ ကြည့်ရတာ မလုံလောက်သေးဘူးလား။
အမေနဲ့ မီးဖိုချောင်ထဲ လိုက်ခဲ့ချေ။” သခင်မဖန့်က ဟင်းချက်တာကူဖို့ သူ့သမီးကို ခေါ်သွားရင်း
ပြုံးနေသည်။
ဖန့်ရှောင်နွမ်ရဲ့
မျက်နှာ ချက်ချင်း နီရဲသွားသည်။ “သမီး မဟုတ်ပါဘူး။” အဲ့ဒါပြောပြီးနောက် သူ့အမေက သူမကို
ဆွဲခေါ်သွားသည်။
ကျီလင်းချန်နဲ့
သခင်ကြီးဖန့်သုန်တို့ နှစ်ယောက်ပဲ ဧည့်ခန်းထဲမှာ ကျန်နေခဲ့သည်။ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး
အဆင်မပြေဖြစ်နေကြသည်။ တခြားပုဂ္ဂိုလ်ရေးရာတွေ ပြောစရာမရှိတဲ့အတွက် အလုပ်ကိစ္စအကြောင်းမေးဖို့
ကျီလင်းချန်က စကားစလိုက်သည်။
“အဖေ
ပရောဂျက်တွေ အကုန်လုံးကို တစ်ခါတည်း ပယ်ချပစ်တယ်လို့ ကျွန်တော်ကြားတယ်။ အဖေ့မှာ လိုအပ်တဲ့
မတည်ငွေနဲ့ တခြားဟာတွေ လုံလုံလောက်လောက်မရှိလို့လား? အဲ့ဒါဆိုရင် ကျွန်တော့်ကို ပြောလို့ရပါတယ်။
“ကျီလင်းချန်က ဥက္ကဌ ဖန့်ကို ကြည့်နေရင်း သူဘာတွေးနေလဲဆိုတာကို နားမလည်နိုင်တဲ့အတွက်
စိတ်ရှုပ်နေသည်။
“အဲ့ဒါကြောင့်
မဟုတ်ပါဘူး၊ လင်းချန်။ ဒီပရောဂျက်တွေ ဘယ်လိုရလာလဲဆိုလည်း မင်းနဲ့ ငါလည်း ကောင်းကောင်းသိနေတာပဲ။
သူတို့က ကျီမိသားစုကို မျက်နှာလုပ်ပြီး ဖန့်မိသားစုကို အသုံးချင်နေကြတာ။ အမှန်အတိုင်းပြောရရင်၊
ဖန့်မိသားစုမှာ လုံလောက်တဲ့ ပစ္စည်းတွေနဲ့ ငွေ ရှိပါတယ်။ ဒါကြောင့် ဘယ်ပရောဂျက်မှ လက်ခံမှာမဟုတ်ဘူး။”
ဥက္ကဌဖန့်က အဲ့ဒါကိုပြောပြီး ခဏနားကာ အေးအေးဆေးဆေးနဲ့ ရေသောက်လိုက်သည်။