လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၃
ကျီလင်းချန်က
အတွေးထဲမှာ နစ်မျောနေပေမဲ့ ဘာမှတော့ မပြောပေ။
ဥက္ကဌဖန့်က
ဆက်ပြောခဲ့သည်။“ ဖန့်မိသားစုသာ ဒီပရောဂျက်တွေကို လက်ခံလိုက်မယ်ဆိုရင်၊ တခြားသူတွေရဲ့
အမြင်မှာ၊ အကျိုးမြတ်ရချင်လို့ မိန်းကလေးတစ်ယောက်ကို ရောင်းစားလိုက်သလို ဖြစ်နေမယ်။
ဒါကြောင့် အဲ့ဒါတွေကို လက်မခံခဲ့တာ။ အခုပဲ အဲ့ဒါကိုတွေကို လက်မခံတာမဟုတ်ဘဲ နောင်လည်း
လက်ခံမှာမဟုတ်ဘူး။ ဖန့်မိသားစုက ကျီမိသားစုကို အားကိုးနေတာမဟုတ်ကြောင့် သူတို့သိသွားလိမ့်မယ်၊
ဦးလေးတို့ ဘာသာရနိုင်တဲ့ ပရောဂျက်တွေကိုပဲ လက်ခံမယ်။ ဉီးလေးတို့က ကျီမိသားစုရဲ့ ဂုဏ်သတင်းကို
အသုံးချပြီး ကိုယ်ကျိုးရှာမနေဘူးဆိုတာကို ကျီမိသားစုကို သိစေချင်တယ်။ ဒီလက်ထပ်ပွဲကို
စီးပွားရေးတစ်ခုလို သဘောမထားပါနဲ့။ နွမ်နွမ်ကို သေချာလေး ဂရုစိုက်ပေးပါ။”
ဒီလိုတွေဖြစ်လာမယ်လို့
ကျီလင်းချန် ဘယ်တုန်းကမှ မတွေးထားပေ။ သခင်ကြီးဖန့်ရဲ့ စကားတွေက သူ့ကို အရှက်ရစေသလိုဖြစ်နေသည်။
ဖန့်မိသားစုက
သူတို့အတွက် ဂုဏ်နဲ့ စည်းစိမ်တွေရချင်လို့ သူတို့ရဲ့သမီးကို လက်ထပ်ခိုင်းခဲ့တာ မဟုတ်ဘူးဆိုတာ
ထင်သာနေသည်။ တကယ်က တချို့အခြေအနေတွေကို ရှောင်ရှားဖို့ သူတို့ရဲ့ သမီးကို သူနဲ့ လက်ထပ်ဖို့
သဘောတူခဲ့ရတာ။
“အဖေက
နွမ်နွမ်ကို တကယ်ချစ်မြတ်နိုးတာပဲ။ ကျွန်တော်နဲ့ နွမ်နွမ်ကို လက်ထပ်ဖို့ ဘာကြောင့်သဘောတူခဲ့တာလဲ?”
သခင်ကြီးဖန့်ရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ ကျီလင်းချန်က ဖန့်မိသားစုမှာ ဘာမှ မကောင်းတဲ့
အစီအစဉ်တွေ မရှိဘူးဆိုတာကို သိလိုက်ရသည်။ သူ့ရင်ထဲမှာ ရှိနေတဲ့ သံသယတွေက ပိုပြီးတော့တောင်
များလာနေသည်။ ဒီလက်ထပ်ပွဲက ရိုးရိုးစီစဉ်ထားတဲ့ဟာ မဟုတ်ဘူးဆိုတာကို သူ့ရဲ့မသိစိတ်က
ပြောနေသည်။
ဘယ်လိုပဲဖြစ်နေပါစေ၊
သူတို့နှစ်ယောက်က အရင်ကလည်း တစ်ခါမှလည်း မတွေ့ဖူးကြဘူး။ အသက်ကွာခြားတာက အရေးမကြီးပေ။
ဒါပေမဲ့ သူတို့နှစ်ယောက်က ချစ်မြတ်နိုးနေကြတဲ့ ဆက်ဆံရေးလည်း ရှိမနေဘူး။ တစ်နည်းပြောရရင်
သခင်ကြီးကျီက ဘာလို့သူ့ကို လင်းရိုကို လက်ထပ်ဖို့ ခိုင်းနေလဲဆိုတာကို ကျီလင်းချန် သိနေလို့ပဲ။
သခင်ကြီးဖန့်က
“နွမ်နွမ်က မင်းကို ဒီအကြောင်းမပြောရသေးဘူးလား?”လို့ ပြောလိုက်သည်။
ကျီလင်းချန်က
ခေါင်းခါလိုက်သည်။ သခင်ကြီးက ဖန့်က ပြောမယ့်အချိန်မှာပဲ ဖန့်ရှောင်နွမ် ရောက်လာပြီး
“အဖေ၊ ယောကျာ်း၊ စားလို့ရပြီ”လို့ အော်လိုက်သည်။
...
ထမင်းစားပြီးနောက်
ဖန့်ရှောင်နွမ်က သူမရဲ့မိဘတွေနဲ့စကားပြောနေတာကို ကျီလင်းချန်က စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတာ
သူနဲ့ မပြန်ချင်သေးတဲ့ ဖန့်ရှောင်နွမ်နဲ့ ပြန်သွားတော့မယ့် နေ့ခင်းအချိန်ထိပင်။
သူတို့
ထွက်သွားတဲ့အခါ ဖန့်ရှောင်နွမ်က ခရီးသည်ထိုင်တဲ့ထိုင်ခုံမှာ ထိုင်လိုက်သည်။ ကားပြတင်းပေါက်ကို
သူမ ဖွင့်လိုက်ပြီး ကားရွေ့သွားတဲ့အချိန်ထိကို သူမရဲ့ မိဘတွေကို ကြည့်နေသည်။ သူတို့
တဖြေးဖြေး ထွက်ခွာကြပြီးနောက် အဝေးကို ရောက်သွားသည်။ ဖန့်ရှောင်နွမ်ရဲ့ မျက်စိတွေ ရဲလာပြီး
ထိန်းလို့မရဘဲ မျက်ရည်တွေကျလာသည်။ ကျီလင်းချန်က မြန်မြန်အရှိန်မြှင့်ပြီး မောင်းနေသည်။
ကားမှန်ထဲကနေ ဖန့်ရှောင်နွမ် သူမရဲ့ အိမ်တော်ကို မမြင်နိုင်တော့မှ အရှိန်လျှော့လိုက်သည်။
ဖန့်ရှောင်နွမ်ရဲ့
မျက်နှာတွေ နီရဲနေသည်။ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်နေပေမဲ့ သူမ စကားလုံးဝမပြောပေ။
ကျီလင်းချန်က
“မင်းက အိမ်ရောက်ရင် အဲ့လောက်စကားများလား?”လို့ မေးလိုက်သည်။
“မဟုတ်ဘူး။
ဒါက ရှင် ပထမဆုံး သွားလည်တာလေ။ ကျွန်မ မိဘတွေ အတွက်လည်း သူတို့ရဲ့ သားမက်နဲ့တွေ့တာ
ပထမဆုံးအကြိမ်လေ။ ကျွန်မ ဇနီးတစ်ယောက်ဖြစ်ပြီး သမီးလည်းဖြစ်တယ်။ ကျွန်မသာ စကားစမပြောရင်
ရှင်နဲ့ ကျွန်မမိဘတွေ အနေအထိုင်ခက်နေမှာကြောင့်လို့ ပြောနေတာ။”လို့ ဖန့်ရှောင်နွမ်က
မတုံ့မဆိုင်းဘဲ ပြောလိုက်သည်။
သူမကို
သူမ “ဇနီးမယား”လို့ ပြောတာကို ကျီလင်းချန် ပထမဆုံးကြားဖူးတာပဲ။ ကလေးတစ်ယောက်က သူ့ကိုယ်သူ
လူကြီးဖြစ်ပြီလို့ ပြောတာနဲ့ တူနေသည်။ သူ အရမ်းကို စိတ်ဝင်စားသွားသည်။
ပြန်တွေးကြည့်တော့မှ
ဖန့်ရှောင်နွမ်ပြောတာလည်း မမှားဘူးပဲ။ သူမက တကယ်ပဲ သူ့ရဲ့ ဇနီး ပဲကို။
“ကျီလင်းချန်၊
ဒီနေ့အတွက် ကျေးဇူးပါပဲ။”
“ကျွန်မမိဘတွေရှေ့မှာ
သေချာလေး သရုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဖန့်ရှောင်နွမ်ပြောလိုက်တဲ့ နောက်ဆုံးစာကြောင်းက
တကယ်ရင်ထဲက ပြောနေတာ။ လက်ထပ်ပြီးလို့ သုံးရက်အကြာမှာ သူတို့နှစ်ယောက်အတွက် စကားကောင်းကောင်းပြောဖြစ်တာ
ဒါပထမဆုံးပဲ။
ဒီနေ့၊
ဖန့်ရှောင်နွမ်ရဲ့ သရုပ်မှန်နဲ့ ပုံစံအမှန်ကို သိဖို့ ကျီလင်းချန်အတွက် ထိုက်တန်သည်။
“ငါ
ကြည့်လုပ်လိုက်ပါမယ်။” ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို ပြောတာလား၊ သူ့ကိုယ်ယ်သူ ပြောနေတာလား
မသဲကွဲဘူး ဖြစ်နေသည်။ ဒီနေ့ ဖန့်မိသားစုနဲ့ ဖန့်ရှောင်နွမ်အပေါ် သူထားတဲ့ ဆက်ဆံရေးက
ရုတ်ချည်းပြောင်းလဲသွားသည်။
ကျီမိသားစုအိမ်တော်ကို
သူတို့ မောင်းထွက်သွားသည်။ ယောကျာ်းနဲ့ မိန်းမက အတော်ကို အတိုင်အဖောက် ညီနေကြသည်။ ဒါပေမဲ့
အိမ်ထဲကို ဝင်သွားသွားချင်း အဲ့ဒီမှာ မရှိသင့်တဲ့ လူတစ်ယောက်ကို သူတို့ တွေ့လိုက်သည်။
သူကတော့ လင်းရိုပါ။
ကျီလင်းချန်
ကြားလောက်အောင် ဖန့်ရှောင်နွမ်က ကျယ်ကျယ်ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့၊ ရှင် ကျွန်မကို
ဒီနေ့ အများကြီး ကူညီထားလို့ ကျွန်မလည်း ရှင့်ကို ပြန်ကူညီမှာပါ။”
ကျီလင်းချန်
ခေါင်းမော့လိုက်ပြီး ဖန့်ရှောင်နွမ်ကို ကြည့်လိုက်သည်။ အဲ့ဒီအချန်မှာ ဖန့်ရှောင်နွမ်ကလည်း
သူ့ကို ကြည့်နေသည်။ သူက “မစိုးရိမ်ပါနဲ့၊ စောင့်သာကြည့်လိုက်”လို့ ပြောပြီး မျက်စိမှိတ်ပြလိုက်သည်။
အဲ့ဒီနောက်
ဖန့်ရှောင်နွမ်က သခင်ကြီးကျီဆီကို အပြုံးနဲ့လျှောက်သွားပြီး ‘အဖေ၊ သမီးတို့ ပြန်လာပြီ”လို့
ပြောလိုက်သည်။
သခင်ကြီးကျီက
အရိပ်အချည်သိလို့ အိပ်ချင်တဲ့ပုံစံဟန်ဆောင်လိုက်သည်။ “ဒီနေ့ အဖေတအား ပင်ပန်းနေတယ်။
နွမ်နွမ်၊ အခုသမီးက သမီးက အိမ်ရှင်ပါ။ လာတဲ့ဧည့်သည်တွေကို ကောင်းကောင်း ဧည့်ခံနော်။”
သခင်ကြီးကျီက
“အိမ်ရှင်”လို့ ပြောလိုက်တဲ့အခါ လင်းရို မျက်နှာပျက်သွားသည်။ သခင်ကြီးကျီက တမင် သူမကြားနိုင်အောင်
ဒီဟာတွေကို ပြောနေတာလို့ သူမ သဘောပေါက်သွားသည်။ သခင်ကြီးက သူမကို လင်းချန်နဲ့အတူတူရှိဖို့
ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သွယ်ဝိုက်ပြောနေသည်။
“သိပါပြီ၊
အဖေ။ အဖေ့ကို အရင် အပေါ်ထပ်ကို လိုက်ပို့မယ်လေ။”လို့ ဖန့်ရှောင်နွမ်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“မလိုပါဘူး။
အဖေ့ဘာသာ လျှောက်နိုင်ပါတယ်။” သခင်ကြီးကျီက အိမ်တော်ထိန်းနဲ့အတူ အပေါ်ထပ်ကို တက်သွားသည်။
ဖန့်ရှောင်နွမ်က
လင်းရိုကို တမင်တကာ အရွဲ့တိုက်လုပ်နေတယ်ထင်စေတဲ့အရာ တစ်ခုမှမလုပ်နေပေ။ လင်းရိုက ကြည့်ကောင်းပေမယ့်
မိတ်ကပ်တွေ အများကြီး လိမ်းထားသည်။ သူမ ကိုင်ထားတဲ့အိတ်ကလည်း အခုမှ ဝယ်ထားတဲ့အသစ်စက်စက် ဘရန်းအိတ်လိုပဲ။ သူမဆွတ်ထားတဲ့
ရေမွှေးက တအားကို အနံ့ပြင်းနေသည်။
ဖန့်ရှောင်နွမ်က
သူမကို တမင်ရွဲ့ပြီးလုပ်နေတယ်ဆိုတာကို သိလို့ လင်းရို တအားကို စိတ်ဆိုးသွားသည်။ “ဖန့်ရှောင်နွမ်၊
ကျီလင်းချန်က နင့်ကို မချစ်ဘူး။”
“သိတယ်လေ။”
သူတို့နှစ်ယောက်က လက်မထပ်ခင် တစ်ခါမှ မတွေ့ဖူးထားတော့ ကျီလင်းချန် သူမကို မချစ်ဘူးဆိုတာကို
အစောကြီးထဲက သိထားသည်။