လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၂၂
“ဘာပြောလိုက်တယ်?”
ဖန့်ရှောင်နွမ်က အံကြိတ်ပြီး မေးလိုက်သည်။
“အာ..
နင့်မိဘတွေက နင့်ကို တွေ့ချင်လို့လာတာ။ ဝမ်းနည်းစွာပဲ ငါက သူတို့ကို ကြိမ်းမောင်းပြီး
နှင်ထုတ်လိုက်တယ်။” လို့ ဖန့်ချီက မောက်မာစွာ ပြောလိုက်သည်။ သူမပြောခဲ့တာတွေကို စဉ်းစားပြီး
ပျော်နေသည်။ အစောနက သူမက ဖန့်ရှောင်နွမ်ရဲ့ မိဘတွေကို ယဉ်ကျေးစွာနဲ့ ဧည့်မခံခဲ့ရုံပင်။
နှင်တော့ မထုတ်လိုက်ပေ။
ဖန့်ရှောင်နွမ်က
ဖန်ချီရဲ့ ဗိုက်ကို ကန်လိုက်သည်။ အကုန်လုံးက လန့်သွားသည်။ ဖန်ချီ လဲကျသွားသည်။ အိမ်စေတွေက
အမြန်ပဲ ရောက်လာကြသည်။ တစ်ယောက်က ဖန့်ရှောင်နွမ်ကို ဆွဲထားပြီး နောက်တစ်ယောက်က ဖန်ချီကို
ပြန်ထနိုင်အောင် ကူပေးနေသည်။ တခြားတစ်ယောက်ကတော့ အိမ်မှာ ရှိနေတဲ့ လူတွေကို အကြောင်းသွားကြားခဲ့သည်။
ကျီမိသားစုမှာ
နေနေတဲ့ လူတွေအကုန် ဒီတစ်ခုကိုတော့ သိနေသည်။ ကျီမိသားစုရဲ့ သခင်မနှစ်ယောက်က မတည့်ကြဘူး။
သူတို့နှစ်ယောက်က တွေ့တာနဲ့ တန်းပြီးတော့ကို စကားများ ရန်ဖြစ်ကြသည်။ ဒါပေမဲ့၊ ဒီအချိန် သူတို့နှစ်ယောက် တကယ်ရန်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှ
မထင်ထားမိကြချေ။
သူမကို
လာတားတဲ့ အိမ်စေကို ဖန့်ရှောင်နွမ်က တွန်းထုတ်လိုက်ပြီး ဖန်ချီဆီကို ရန်ဖြစ်ဖို့ သွားသည်။
ဖန်ချီက ဖန့်ရှောင်နွမ်ကို ပြင်းပြင်းထန်ထန် ကုပ်ဆွဲလိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ ခေါင်းထဲမှာတော့
ဖန်ချီပြောခဲ့တာတွေကိုပဲ စဉ်းစားမိနေသည်။ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းထန်ထန်
တိုက်ခိုက်နေသည်။
ဖန့်ရှောင်နွမ်က
မတရားအနိုင်ကျင့်ခံရတာလောက်တော့ အဆင်ပြေတယ်လို့ ထင်ခဲ့မိသည်။ မိသားစုစီးပွားရေးကြောင့်
သူမ တစ်ခါမှ မသိခဲ့တဲ့သူကိုတောင် လက်ထပ်ခဲ့သည်။ သူမတစ်ယောက်တည်း စိတ်ဆင်းရဲရတာမဟုတ်ဘဲ
သူမရဲ့မိဘတွေလည်း ခံစားနေရရှာသည်။
သူမရဲ့
မျက်လုံးတွေ နီရဲလာပြီး ဖန်ချီကို ကြမ်းပြင်ပေါ် တွန်းချလိုက်ပြန်သည်။
ရန်ဖြစ်နေတာကို
ကြားတဲ့သူကတော့ သခင်ကြီးကျီဖြစ်သည်။ သူက နှစ်ယောက်သား ရန်ဖြစ်နေတာကို မြင်တဲ့အခါ ပြေးသွားပြီး
အိမ်စေတွေကို ရန်ဖြစ်နေတဲ့နှစ်ယောက်ကို ဆွဲဖို့ ပြောလိုက်သည်။ အိမ်စေတစ်ချို့က မသွားရဲဘူး
ဖြစ်နေသည်။ အဲ့ဒီအချိန်မှာ ကျီလင်းချန်နဲ့ သူ့အစ်ကိုလည်း အိမ်ထဲဝင်လာလာချင်း ရန်ဖြစ်နေတာကို
ကြားမိလိုက်သည်။ ဖန့်ရှောင်နွမ် ဖန်ချီကို တွန်းလှဲလိုက်တာကို သူတို့မြင်တော့ ပြေးလာကြသည်။
သူ့မိန်းမရဲ့
ပေါက်ကွဲထွက်နေသလို အားကြောင့် ကျီလင်းချန် တစ်ခါအံ့ဩသွားရပြန်သည်။ သူမမှာ ဆိုးတဲ့ပါးစပ်ပေါက်တင်
ရှိတာမဟုတ်ဘဲ အကြမ်းပတမ်းပါဆန်နေမယ်လို့ သူဘယ်တုန်းကမှ မထင်မိခဲ့ပေ။ ကျီလင်းချန်က ပြင်းသွားပြီး
တခြားသူကို ထုရိုက်နေတဲ့ သူ့ရဲ့မိန်းမကို ဆွဲလိုက်သည်။ ကျီခန့်တိလည်း ကြမ်းပြင်ပေါ်လဲနေတဲ့
သူ့မိန်းမကို ဆွဲထူလိုက်သည်။ စိတ်ပူနေတဲ့ မျက်နှာထားနဲ့ သူမက “ဖန်ချီ၊ အဆင်ပြေရဲ့လား?”
လို့ မေးလိုက်သည်။
ကျီလင်းချန်က
သူ့ရဲ့လက်ပေါ်မှာ ရှိနေတဲ့ မိန်းကလေးက တုန်နေပြီး ငိုနေတာကို သိသည်။ သူမရဲ့ တရွေ့ရွေ့စီးကျလာတဲ့
မျက်ရည်ပူတွေက သူ့ရဲ့လက်ပေါ်ကို ကျလာသည်။
သခင်ကြီးကျီက
“ဒါကတော့ လွန်သွားပြီ၊ အတော်ကို လွန်သွားပြီလို့”လို့ အော်လိုက်သည်။ သခင်ကြီးက အရမ်းကို
ဒေါသထွက်နေသည်။ တစ်ယောက်ယောက်တော့ ဒုက္ခရောက်တော့မယ်ဆိုတာ အားလုံးက သိနေသည်။
ဖန်ချီရဲ့
အိမ်စေက သခင်ကြီးကျီကို “သခင်ကြီး၊ ပထမသခင်မလေးကို စပြီး ရိုက်နှက်တာ ဒုတိယသခင်လေးပါ။
ကျွန်မတို့အားလုံး မြင်ခဲ့ပါတယ်။ ကျွန်မတို့အားလုံး ဒီကိစ္စကို သက်သေနေပေးလို့ရပါတယ်”လို့
အမြန်ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
ကျီလင်းချန်ရဲ့ လက်ထဲက ထလိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ “ဒါ ရှင်မြင်ချင်ခဲ့တာ
မလား?”
......
“သခင်ကြီးကျီ၊
ဒီနေ့ ကျွန်မရဲ့မိဘတွေကို အစော်ကားခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်မ ငြိမ်ခံနေမှာမဟုတ်ဘူး”လို့
ဖန့်ရှောင်နွမ်က သခင်ကြီးကျီကို ပြောလိုက်သည်။ သူမက သခင်ကြီးကို အဖေလို့တောင် မခေါ်တော့ဘူး။
အဲ့ဒီအစား သူ့ကို စိတ်ပျက်စေသလိုဖြစ်တဲ့ သခင်ကြီးကျီဆိုပြီး တပ်ခေါ်ခဲ့သည်။
ဖန့်ရှောင်နွမ်က
ကြမ်းပြင်ပေါ်က ဖျက်စီးခံထားရတဲ့ လက်ဆောင်ပစ္စည်းတွေဆီ
လမ်းလျှောက်သွားသည်။ တချို့ပစ္စည်းတွေကို ဖန်ချီက ဖျက်စီးပြီးသွားပြီ။ သူမရဲ့ မျက်လုံးထဲမှာ
မျက်ရည်တွေ ဆို့နင့်နေပြီး ပစ္စည်းအချို့ကို ယူကာ အပေါ်ထပ်တက်သွားသည်။ တစ်ခုခုမှားနေပြီးဆိုတာ
သိပြီး ကျီလင်းချန်က သူမနောက်ကို တန်းလိုက်သွားသည်။
သခင်ကြီးကျီက
ဒေါသထွက်နေပေမယ့် တစ်ခုခုမှားနေတယ်ဆိုတာ သူသိနေသည်။ သူက ကြမ်းပြင်ပေါ်က လက်ဆောင်ပုံးတွေကို
ကြည့်ပြီး သူ့ဘေးနားက အိမ်တော်ထိန်းကို “ဘာဖြစ်ခဲ့တာလဲ?’လို့ မေးလိုက်သည်။
အိမ်တော်ထိန်းက
ဖန်ချီကို ကြည့်ပြီး “ဒီနေ့ သခင်ကြီးဖန့်နဲ့ သခင်မဖန့်တို့က ဒုတိယသခင်လေးရဲ့ မိန်းမကို
လွမ်းလို့ အလည်လာခဲ့ပါတယ်။ သူတို့ကို ဧည့်ကြိုခဲ့တာက ပထမသခင်မလေးပါ”လို့ ပြောလိုက်သည်။
အိမ်တော်ထိန်းက အတော်ကိုပါးနပ်ပါသည်။ သူ မသိခဲ့တဲ့
အရာတွေလည်း ရှိနေသေးသည်။ ဘာဖြစ်ခဲ့လဲဆိုတာကို သူခန့်မှန်းလို့ရပေမယ့် သူသိတာကိုပဲ ပြောလို့ရသည်။
သခင်ကြီးကျီက
အခုတင် ဖန့်ရှောင်နွမ်ဆီကနေ အရိုက်ခံထားရလို့ ညိုမည်းကွင်းစွဲနေတဲ့ ဖန်ချီကို ကြည့်လိုက်သည်။
“မင်း ဘာလုပ်ခဲ့တာလဲ?”
ဖန်ချီနွမ်က
သူမ ယောက္ခမရဲ့ မျက်လုံးထဲက ဒေါသတွေရှိနေတာကို သိလိုက်သည်။ သူမက အနည်းငယ် ကြောက်ရွံ့သွားသည်။
ဖန့်ရှောင်နွမ် အိမ်ရောက်လာကတည်းက ကျီမိသားစုက မငြိမ်းချမ်းတော့ပေ။
ဖန့်ရှောင်နွမ်က
အိပ်ခန်းကို ပြန်သွားလိုက်သည်။ သူမက သူမ မိဘတွေယူလာတဲ့ လက်ဆောင်တွေကို သုတ်လိုက်ပြီး
အခန်းထောင့်မှာ ထားလိုက်သည်။ ကျီလင်းချန်က အခန်းထဲဝင်သွားပြီး “မင်းနဲ့ မရီးကြားထဲမှာ
ဘာဖြစ်ခဲ့တာလဲ?”လို့ မေးလိုက်သည်။
ဖန့်ရှောင်နွမ်က
ကျီလင်းချန်ကို ဂရုမစိုက်ဘဲ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်သွားခဲ့သည်။ ဆယ်မိနစ်ကြာတော့
သူမ ထွက်လာသည်။ အဲ့ဒီအချိန်မှာ ကျီလင်းချန်က ဆိုဖာပေါ်ထိုင်နေပြီး သူမပြန်လာတာကို စောင့်နေသည်။
ကျီလင်းချန်က သူမက သူ့ကို စကားမပြောချင်မှန်း သိတော့ ထပြီးတော့ ထွက်သွားသည်။
ကျီလင်းချန်က
အောက်ထပ်ကို ဆင်းသွားပြီး အစောနက သူ့ကို အရင်ဆုံး ပြောပြခဲ့တဲ့ အိမ်အကူကို ခေါ်လိုက်သည်။
သူမက အစောနက ဖန့်ရှောင်နွမ်က သခင်ကြီးကျီလာတာကို မြင်တော့ သူမကို ရိုက်နှက်ခဲ့တာလို့
ပြောခဲ့တဲ့သူပဲ။
ကျီလင်းချန်က
နာခံနေတဲ့ အိမ်အကူကို စိုက်ကြည့်လိုက်ပြီး “ဘယ်သူ အရင်စလုပ်ခဲ့တာလဲ?”လို့ လေသံအေးအေးနဲ့
မေးလိုက်သည်။
“ဒုတိယသခင်မလေးက
စလုပ်ခဲ့တာပါ။ သခင်လေး၊ အစောနက အားလုံးလည်း မြင်ခဲ့ပါတယ်။ ပထမသခင်မလေးကို ဒုတိယသခင်မလေးက
စပြီး လုပ်ခဲ့တာပါ။”လို့ ကြောက်ရွံစွာနဲ့ပဲ အိမ်အကူက ပြန်ဖြေလိုက်သည်။
ကျီမိသားစုက
အိမ်စေတွေက ကျီလင်းချန်ကို ကြောက်တယ်ဆိုတာ သံသယဝင်စရာမရှိပါပေ။ သူက အိမ်မှာ တစ်နှစ်ပတ်လုံး
မနေပေမဲ့ သူ့ရဲ့ ဒေါသကို မိသားစုထဲက အိမ်စေတွေအကုန် သိကြသည်။ သူက သွေးအေးပြီး ကြမ်းတမ်းတယ်ဆိုတာ
အကုန်သိသည်။ သူ့ကို ဘယ်သူကမှ ဘာမှမလုပ်ရဲကြဘူး။ သူက သခင်ကြီးကျီကိုတောင် မကြောက်ဘဲ
သူလုပ်ချင်တာ သူလုပ်တတ်သည်။ ဒါကြောင့် သူ့ကို ဘယ်သူကမှ ရန်မစရဲကြချေ။