အပိုင်း ၂၃
Viewers 1k

လက်ထပ်ပြီးမှ ချစ်ကြမယ်

 

အပိုင်း ၂၃

 

 

ကျီလင်းချန်က အသံတိုးတိုးနဲ့ ပြောလိုက်သည်။ “သူမက‌ နေ့တိုင်း ကျီမိသားစုမှာ အေးအေးဆေးဆေးနဲ့ နေနေတာလေ။ ဘာလို့ ဒီနေ့မှ ရန်ဖြစ်တာလဲ?”

 

 

အိမ်စေက “သခင်လေး၊ ဒီကိစ္စ ကျွန်မဘာမှ မသိပါဘူး။”လို့ ပြောလိုက်သည်။

 

 

“မင်း လိမ်နေတယ်ဆိုရင် ပိပိရိရိ လိမ်နော်။ ငါ့လူတွေကို ငါက လွဲပြီး ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး” ကျီလင်းချန်က သူတို့ကို သတိပေးပြီးတော့ ကင်မရာတွေစောင့်ကြည့်နေတဲ့အခန်းကို တန်းသွားခဲ့သည်။ သူက အိမ်က စောင့်ကြည့်ရေး ကင်မရာတွေ အကုန်လုံးကို စစ်ပြီးတော့ အစကနေ အဆုံး ကြည့်လိုက်သည်။

 

 

နောက်တစ်နာရီကြာလာတဲ့အခါ၊ သခင်ကြီးက ဖြစ်ပျက်ပုံအကြောင်းအရင်းကို စဉ်းစားမိလေသည်။ သူက သူ့ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ တုတ်ကောက်ကို ပစ်ချလိုက်သည်။ တုတ်ကောက်က ကျိုးသွားပြီး အပိုင်းပိုင်းဖြစ်သွားသည်။ ကျိုးပဲ့သွားတဲ့အစက ဖန်ချီရဲ့ ခြေထောက်နားရောက်သွားကာ ဖန်ချီ ထိတ်လန့်သွားသည်။

 

 

သခင်ကြီးကျီက အရမ်းကို စိတ်ဆိုးဒေါသထွက်နေသည်။ သူ ဆိုဖာပေါ်က ထလိုက်သည်။ သူ့ရဲ့ အသက်ရှုပုံက မူမမှန်နေပေ။ သူက အရမ်း ဒေါသထွက်နေတဲ့အတွက် သူ့ရဲ့မျက်နှာနဲ့ နားရွက်တွေတောင် နီနေသည်။ သူက ဖန်ချီကို ကြည့်လိုက်ပေမယ့် ဘာမှတော့ မပြောပေ။ ကျီခန့်တိက တန်းထလိုက်ပြီး သခင်ကြီးကျီကို နားချရတော့သည်။ “အဖေ၊ သား ဖန်ချီကို သေချာဆုံးမလိုက်ပါမယ်။ အဖေ့ ကျန်းမာရေးကို စိတ်ဆိုးတာကြောင့်နဲ့တော့ မထိခိုက်စေပါနဲ့။ သူမ မှားမှန်း ဖန်ချီလည်း သိပြီးပါပြီ။"

 

 

“မင်းက သူ့ကို ဆုံးမမယ်? ဟင့်…ဖန်ချီ၊ မင်း မနက်ဖြန် ဖန့်မိသားစုကို တောင်းပန်ရမယ်”လို့ သခင်ကြီးကျီက ဖန်ချီကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။

 

 

ဖန်ချီက “အဖေ၊ သမီးမသွားဘူး။ အဖေ သမီးကို သေအောင်ရိုက်မယ်ဆိုရင်တောင် မသွားနိုင်ဘူး”လို့ ပြောလိုက်သည်။

 

 

သခင်ကြီးကျီက “မတောင်းပန်နိုင်ရင် ဒီမိသားစုထဲက ထွက်သွား!” လို့ ပြောလိုက်သည်။ သခင်ကြီးကျီ အဲ့လိုပြောလိုက်တဲ့အချိန်ဧည့်ခန်းထဲက လူတွေအကုန် လန့်သွားကြသည်။ ဖန်ချီက စပြီးတော့ ငိုကြွေးတော့သည်။ သူမ ဒီမိသားစုမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်တဲ့အတွက် အခုမှ ရောက်လာတဲ့ ချွေးမကို သူမနဲ့ လာယှဉ်လို့ မရဘူးဆိုပြီး တွေးထားသည်။ သူမက စိတ်ဆိုးပြီး မတရားခံရသလို ခံစားရသည်။

 

 

“ကောင်းပြီ” ဖန်ချီက လှည့်လိုက်ပြီးတော့ ပေးထွက်သွားသည်။ သူမ တအားကို ဒေါသထွက်သွားသည်။

သခင်ကြီးကျီက စိတ်ဆိုးနေလို့ ခဏထိုင်လိုက်ရပြန်သည်။ မျက်နှာထားခပ်တည်တည်နဲ့ သူက သူ့ရဲ့သား အကြီးဆုံးကို “မင်း၊ မနက်ဖြန် ငါနဲ့ လိုက်ပြီး ဖန့်မိသားစုကို လိုက်တောင်းပန်ချေ”လို့ ပြောလိုက်သည်။

 

 

ကျီခန့်တိက ဘာမှမပြောရဲဘဲ လက်ခံပြီး သူ့အဖေပြောတာကိုပဲ သဘောတူရတော့သည်။

 

 

စောင့်ကြည့်ရေးကင်မရာက ဗီဒီယိုကို ကြည့်ပြီးသွားတော့ ကျီလင်းချန်က သူ့ရဲ့ အိပ်ခန်းဆီကို ပြန်သွားသည်။ သူက တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ဝင်သွားတာနဲ့ လိုက်ကာနောက်မှာ တစ်ခုခုကို တွေ့လိုက်သည်။ တစ်ယောက်ယောက် လိုက်ကာနောက်မှာ ပုန်းနေတယ်ဆိုတာ သူချက်ချင်း သိလိုက်သည်။ သူမကိုပင် သူကြားနေရသည်။

 

 

ဖန့်ရှောင်နွမ်က စိတ်အေးဖို့ ကြိုးစားနေသည်။ သူမက သူ့မ မိဘတွေကို ဖုန်းခေါ်ပြီး “အဖေ၊ သမီး အခုမှ အိမ်ပြန်ရောက်တာ။ အဖေနဲ့ အမေနဲ့ ဒီနေ့လာသေးတယ်ဆို၊ ဘာလို့ အစောကြီး ပြန်သွားတာလဲ? သမီးပြန်လာတာကို ဘာလို့ မစောင့်တာလဲ?”လို့ ပြောလိုက်သည်။

 

......

 

တစ်ဖက်က ဘာပြန်ပြောတာလဲဆိုတာကိုတော့ ကျီလင်းချန် မကြားရပေ။ ဖန့်ရှောင်နွမ်က ပြုံးပြီး “အော…သမီးအကြောင်းကို မသိဘူးလား? သမီးက ဘာလို့ အနိုင်ကျင့်ခံရမှာလဲ။ အိမ်မှာနေရတာပျင်းလို့ သမီးက လမ်းထွက်လျှောက်တာ။ အဖေတို့က သမီးကို လာတွေ့လိမ့်မယ်လို့မှ မတွေးမိတာ။ အမှန်ဆို၊ သမီးကို အရင်ဖုန်းဆက်သင့်တာ မဟုတ်ဘူးလား။”လို့ ပြောလိုက်သည်။

 

 

ကျီလင်းချန်က တမင် လမ်းကို ဖြေးဖြေးလေးလျှောက်နေသည်။ သူ လျှောက်လာတဲ့အခါ ခြေသံမကြားရပေ။ သူက ဆိုဖာဆီကို လျှောက်သွားပြီး ထိုင်ကာ ဖန့်ရှောင်နွမ်နဲ့ သူမ မိဘတွေပြောနေတာကို နားထောင်နေသည်။

 

 

“အာ? လင်းချန်လား? သူက သမီးအပေါ် အရမ်းကောင်းပါတယ်။ သူပဲ သမီးပျင်းရင် အပြင်ထွက်လည်လို့ ပြောခဲ့တာလေ။ သခင်ကြီးကျီလည်း သမီးကို ကောင်းကောင်းဆက်ဆံပါတယ်။ သူက ခက်ထန်တယ်လို့ ထင်ရပေမယ့် တကယ်တန်းကျ သမီးကို သေချာစောင့်ရှောက်ပေးပါတယ်။ သူက သမီးဒီမှာ နေရတာ အဆင်မပြေမှန်းသိလို့ အိမ်စေတွေကိုတောင် သမီးကို စောင့်ရှောက်ဖို့ လွှတ်ပေးထားတယ်။ အစ်ကိုကြီးနဲ့ ယောင်းမကလည်း အရမ်းကောင်းကြပါတယ်။ ယောင်းမက သူမကောင်းဖို့အတွက်ပဲ လုပ်လေ့ရှိပေမဲ့ သမီးအပေါ်တော့ ကောင်းပါတယ်။ ကျီမိသားစုမှာက စည်းကမ်းတွေရှိတယ်။ သမီးက အဲ့လိုဟာတွေ သင်ယူရတာ မကြိုက်မှန်းသိတယ်မလား၊ အဲ့ဒါကြောင့် ယောင်းမက သမီးကို သေချာသင်ပေးတယ်။ သူမက တစ်ခါတစ်ခါ ညည်းပြပေမယ့် သမီးက အာရုံမစိုက်လို့ သူမက အဲ့လိုလုပ်တာ။  အစ်ကိုကြီးနဲ့ ကျတော့ သိပ် မဆုံဖြစ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့အလုပ်နဲ့သူရှုပ်နေတာလေ။ အဖေနဲ့ အမေ စိတ်မပူပါနဲ့။ သမီး ဒီမှာ ကောင်းကောင်းနေနေပါတယ်။ သမီးအတွက် စိတ်ပူစရာမလိုဘူး။ နောက်ရက်တွေ သမီးအိမ်ကို လာခဲ့မယ်နော်။” ဖန့်ရှောင်နွမ်က ပြောရင်းနဲ့ မျက်ရည်တွေ ကျနေသည်။ သူမ ဆက်ပြောရင် သူမမိဘတွေ ရိပ်မိမှာကြောက်လို့ သူမ မြန်မြန်ဖုန်းချလိုက်သည်။

 

 

ကျီလင်းချန်က ဖန့်ရှောင်နွမ်က သူ့မိသားစုဝင်အကြောင်းတွေ အကုန်ပြောနေတာကို ကြားလိုက်သည်။ သူက ရှက်မိသလို ခံစားနေရသည်။ အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ယောက် လူလတ်ပိုင်းတစ်ယောက်ဆီကနေ အနိုင်ကျင့်ခံနေရတယ်။ အဲ့ဒီအချိန်မှာ ဖန့်ရှောင်နွမ် လိုက်ကာကို ဖွင့်လိုက်တော့ သူစဉ်းစားနေတာတွေက အဆက်ပြတ်သွားသည်။

 

 

“ရှင် ဘယ်လိုဝင်လာတာလဲ?” သူ့ကို ဆိုဖာပေါ်မှာ မြင်လိုက်တဲ့အခါ ဖန့်ရှောင်နွမ် လန့်သွားသည်။

 

 

“အခုတင်။” ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ မျက်နှာလေးကို ကြည့်လိုက်တဲ့အခါ ဘာစကားကြမ်းကြမ်းတမ်းတမ်းမှ မပြောနိုင်တော့ပေ။ ပြီးတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဗီဒီယိုကြည့်လိုက်တော့ သူအကုန်သိသွားသည်။

 

 

ကျီလင်းချန်က တမင်တကာ သူ့ရဲ့ဖုန်းနဲ့ ဗီဒီယို ကူးလာသည်။ သူ့ဖုန်းထဲက ဗီဒီယိုကို ဖွင့်လိုက်ပြီး ဖန့်ရှောင်နွမ်ဆီကို လျှောက်သွားသည်။ “မင်း ဒါကို အရင်ကြည့်ဖို့ ငါမျှော်လင့်တယ်။ သူမ ပြောခဲ့တဲ့ အတိုင်း ဟုတ်မနေဘူး။ သူမက မင်းမိဘတွေကို ရိုရိုသေသေ မပြုမူခဲ့ပေမယ့် သူမ ပြောခဲ့သလိုတော့ နှင်မထုတ်ခဲ့ဘူး။”

 

 

ဖန့်ရှောင်နွမ်က ဗီဒီယိုကို မကြည့်ပေ။ မလုံခြုံဘူးလို့ ခံစားနေရပြီး အခြောက်လှန့်ခံထားရတဲ့ ကောင်မလေးတစ်ယောက်လို ဖြစ်နေသည်။ သူမက ကျီလင်းချန်ကို မော့ကြည့်လိုက်သည်။ “ရှင် သူ့အတွက် ကာပြောပေးမှာမလား?”