အပိုင်း ၄၃
Viewers 14k

Chapter 43


ဤကလေးမက အရမ်းစိတ်ရှုပ်စရာကောင်း၏။ ယွီချင်းရှီ သူမကို တစ်စက်လေးမှ သဘောမကျချေ။ 


ယွီဝမ်ချန်းကမူ အံ့အားသင့်သွားလေသည်။ဟသူ့နှလုံးသားတွင် ပျော်ရွှင်မှုများပြည့်နှက်သွားပြီး မျက်ရည်ဟောင်းများပင် လျှံထွက်လုမတတ်ဖြစ်နေ၏။


သူ့ သားလေး၏ရောဂါအဆိုးဆုံးအချိန်များတွင် သူ့ကိုယ်သူအခန်းထဲတွင်အခန်းထဲတွင်လော့ချကာပိတ်ထားပြီး ဘယ်သူ့ကိုမှအတွေ့မခံခဲ့။ စိတ်ရောဂါအထူးကုတွေနဲ့ မိသားစုထဲရှိ လူကြီးသူမများက တစ်လှည့်စီချော့မော့ကြသော်လည်း သူက တံခါးဖွင့်ရန်  ဆန္ဒမရှိနေဆဲဖြစ်နေ၏။ အကယ်၍ သူ့ကိုဆက်ပြီးဖိအားပေးနေပါက သူက စားသောက်ဖို့ကိုပါ ငြင်းဆန်လိမ့်မည်ဖြစ်သည်။ ၎င်းက အမှန်တကယ်ကို ခေါင်းကိုက်စေ၏။


သူ့ကိုဆရာဝန်တစ်ဦးနှင့် သွားပြခဲ့ချိန်က သူ့သား ထိုဆရာဝန်အား တစ်ခွန်းတည်းသောစကားကိုပြောဖို့ရာ ဆရာဝန်အနေဖြင့် သူနှင့်တစ်ပတ်လုံးလုံး ဆက်ဆံရေးတစ်ခုထူထောင်ခဲ့ရလေသည်။ 


ကျန်းရှောင်မန်လေးက အံ့အားသင့်စရာပင်။


သူမလေးက သူ့သားကို သူတို့  စတွေ့တွေ့ချင်း စကားပြောလာစေရန် လုပ်ပြီးနေရုံတင်မကဘဲ စကားအများကြီးပြောအောင်လည်း လုပ်နိုင်၏။


ကြည့်ရသည်မှာ သူ သူ့သားလေးအတွက် အမှန်ပင် သက်တူရွယ်တူကစားဖော် ရှာပေးလိုက်သင့်ပုံရလေသည်။


ယွီဝမ်ချန်း ကလေးကိုအောက်ချပေးလိုက်ပြီး သူ့ရဲ့စိတ်လှုပ်ရှားမှုကို တောင့်ခံလျက်ပြောလိုက်၏။

"အဖေဒီဦးလေးနဲ့ ခဏလောက်လုပ်ငန်း အကြောင်းပြောလိုက်ဦးမယ်...သားက ရှောင်မန်လေးနဲ့ အရင်သွားကစားနေလိုက်နော်...."


ယွီချင်းရှီက မျက်မှောင်ကြုံ့ကာ ခေါင်းယမ်းပြလာသည်။


"ပြောစကားနားထောင်လေကွာ....."


သူက ထပ်မံခေါင်းယမ်းပြပြန်သည်။


ကျန်းရှောင်မန်၏မျက်လုံးလေးများက ပြူးကျယ်လျက် ကလယ်ကလယ်ဖြစ်နေပြီး သူမ၏ဆံမြိတ်များအောက်ရှိ ထိုမျက်လုံးတစ်စုံသည် အလွန်ချစ်စရာကောင်းကာ အသက်ဝင်နေ၏။


ဘွားဘွားက သူမကို ဧည့်သည်တွေကိုကောင်းကောင်းဆက်ဆံဖို့ ပြောထားသည်။ ထို့ကြောင့် သူမ သူမ၏သူငယ်ချင်းအသစ်ကိုလည်း သေချာပေါက် ကောင်းကောင်းဆက်ဆံရမည်ဖြစ်၏။


သူမ သံသေတ္တာလေးကို ယွီချင်းရှီ၏လက်ထဲသို့ ထိုးထည့်ပြီး သူ့ကိုဆွဲခေါ်လိုက်သည်။ သူမက ယွီဝမ်ချိန်ကို အာမခံလိုက်၏။


"စိတ်မပူနဲ့နော် ဦးလေးယွီ...သမီးသူ့ကို ကာကွယ်မှာပါ...."

ရှောင်မန်သူမခေါင်းလေးကို လှည့်ကာ ယွီချင်ရှစ်ကိုလည်း ပြောလိုက်သည်။


"ငါနင့်ကို ပျော်စရာတစ်ခုခု ကြည့်ဖို့ခေါ်သွားပေးမယ်...."


ယွီချင်းရှီထံတွင် သူ့လက်ထဲသို့ အတင်းအဓမ္မ ထိုးထည့်ထားသည့် သံသေတ္တာလေးရှိနေပြီး မြေကြီးပေါ် ပြုတ်ကျမည်စိုးကာ ကိုင်ထားရလေ သည်။ သူ့အနေဖြင့် ရုန်းကန်ရန်အခွင့်အရေးမရလိုက်ဘဲ ကျန်းရှောင်မန်၏ တရွတ်တိုက်ဆွဲခေါ်သွားခြင်းခံလိုက်ရ၏။ 


သူမက ဘာလို့တအား အားသန်နေရတာလဲ...


ယွီချင်းရှီ လိုက်ချင်သလား၊ မလိုက်ချင်သလားကို ဂရုမစိုက်ဘဲ ကျန်းရှောင်မန်က သူ့ကို အတင်းဆွဲခေါ်သွားလေသည်။


ကလေးနှစ်ယောက်သည် စိမ်းပြာရောင်ကျောက်တုံးကြီးပေါ်တွင်ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။


ပုန်းစရာချောင်  တစ်ခုရှာချင်သဖြင့် သူပတ်ပတ်လည်ကို ခဏလောက်ကြည့်လိုက်ပြီး၊ထို့နောက် သူ့ခေါင်းကို တိတ်တိတ်လေး လှည့်လိုက်သည်။ 


သို့သော်လည်း သူထရွှေ့ချိန်တွင် ကျန်းရှောင်မန်က သူ့ကိုပြန်ဆွဲထားလေ၏။

"မပြေးနဲ့...ကလေးတွေဆိုတာ လိမ္မာရမယ်...."


ယွီချင်းရှီ မချင့်မရဲဖြစ်သွားသည်။ သူမပြောချင်သော်လည်း မပြောဘဲနေလိုက်လျှင်လည်း သူမရဲ့ အလွန်စိတ်ကြီးဝင်နေပြီး အရှိကိုအရှိအတိုင်းပြောနေသလိုပုံစံကြီးကို  အောင့်အီးသည်းခံပြီးကြည့်နေရဦးမည်။


သူကကလေးမဟုတ်ဘူး...


"ငါက လေးနှစ်ရှိပြီ...."

ယွီချင်းရှီ မချင့်မရဲဖြစ်စွာဖြင့်ပြောလိုက်၏။


ကျန်းရှောင်မန်က အတော်လေးဝမ်းသာသွားပြီး လက်သုံးချောင်းထောင်ပြလိုက်သည်။


"ငါရောပဲ...ဒါဆို နင်လည်း လိမ္မာရမယ်... သွားခွင့်မရှိတဲ့နေရာတွေကိုမသွားရဘူး...မြစ်နားကိုလည်းမသွားရဘူး...ပြီးတော့ မီး.ရေ.ဓားတွေနဲ့လည်းမဆော့ရဘူး...တောတွေတောင်တွေထဲလည်း မသွားရဘူး... လူကြီးတွေအိမ်မှာမရှိတဲ့အချိန်ဆိုရင် အိမ်မှာပဲနာနာခံခံနေရမယ်.. .လူစိမ်းတွေပြောတဲ့စကားကို လုံးဝနားမထောင်ရဘူး... ပြီးရင်သူတို့က နင့်ကို ချိုချဥ်တွေပေးတယ်ဆိုရင်တောင် သူတို့နဲ့လိုက်မသွားရဘူး... နင်လူဆိုးတစ်ယောက်ကိုမြင်ရင် ...အော်ပြီးအကူအညီတောင်းသင့်တယ်...နင်မသိတဲ့လူတွေကို တံခါးလုံးဝဖွင့်မပေးရဘူးနော်.....ဒီမှာ ကျိုးဟိုင်ယန်ဆိုတဲ့ကလေးလေးတစ်ယောက်ရှိတယ်...သူက အတော်ကို မလိမ္မာ...ခဏခဏ သစ်ပင်ပေါ်တက်ပြီး ငှက်ဥတွေနှိုက်တဲ့အပြင် မြစ်ထဲကိုဆင်းပြီး ငါးသေးသေးလေးတွေ ဖမ်းသေးတာ ...ပြီးတော့သူနေ့တိုင်းတင်ပါးကို လက်ဝါးနဲ့အရိုက်ခံရပါလေရော....."


 ဘယ်သူ သစ်ပင်ပေါ်တက်ပြီးငှက်ဥ၍နှိုက်တာတို့ မြစ်ထဲဆင်းပြီးငါးသေးသေးလေးတွေဖမ်းတာတို့ လုပ်ချင်နေလို့လဲ ...သူကအဲ့လောက်မနုံအ ပါဘူးနော်...


သူက အေးစက်စက် အမူအရာပြုလုပ်ရင်း သံသေတ္တာလေးကို သူမဆီပြန်ပေးလိုက်၏။

"ငါ့ အဖေနားကို သွားတော့မယ်...."


ထို့နောက် သူက တစ်ချက်မှနောက်ပြန်မကြည့်ဘဲ ထွက်သွားလေသည်။ သူတံခါးအပြင်ထွက်တော့မည့်အချိန်တွင် သူ့နောက်ရှိ ရှိုက်သံတိုးတိုးလေးကိုကြားလိုက်ရ၏။ 


သူရဲ့မျက်နှာပိစိလေးက ရှုံ့မဲ့သွားပြီး နောက်

ပြန်လှည့်လိုက်ချိန်တွင် ဝမ်းပမ်းတနည်းငိုကြွေးနေရင်း မျက်ရည်များကို တိတ်တိတ်လေးခိုးသုတ်နေသည့် ကျန်းရှောင်မန်ကို တွေ့လိုက်ရလေသည်။ 


သူ သူမကို အနိုင်မကျင့်ခဲ့ပါဘူးနော်...ဟုတ်တယ်မလား...


ကျန်းရှောင်မန်ကလည်း သူ့ကို ငိုရင်းရှိုက်ရင်းဖြင့်  စိုးရိမ်တကြီးကြည့်လာ၏။


"နင်ငါ့ကို မုန်းနေတာလား...ငါ့ကိုဘယ်တော့မှ ခွင့်မလွှတ်တော့ဘူးလား...ဆရာထန်ကပြောတယ်...လိမ္မာတဲ့ကလေးတစ်ယောက်က သူ့အမှားကို သူသိပြီး ပြန်ပြင်ဆင်တယ်တဲ့...ငါ လွန်ခဲ့တဲ့လေးငါးရက်တုန်းက  နင့်ပစ္စည်းကို မဖျက်စီးလိုက်သင့်ဘူး...ငါနင့်ကို တောင်းပန်ပြီးသွားပြီလေ...နင်ငါ့ကို ဆက်မမုန်းပါနဲ့တော့လားဟင်..."


သူမက အလွန်ကို သနားစရာကောင်းလောက်အောင် ငိုကြွေးနေခဲ့လေသည်။