အပိုင်း ၄၄
Viewers 14k

Chater 44


ယွီချင်းရှီလေးခမျာ ကူကယ်ရာမဲ့ဖြစ်သွားပြီး

အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ အဆုံးတွင် သူထွက်မသွားဘဲ ထိုနေရာတွင်ပင်နေလိုက်တော့၏။


သူမကို စကားမပြောလိုဆဲဖြစ်သည့်အတွက် အကြံတစ်ခုရလာပြီး ချောင်တစ်ခုကိုရှာကာ ထိုထဲတွင် ငုတ်တုပ်သွားထိုင်နေလိုက်သည်။ သူက ကျန်းရှောင်မန်ကို နောက်ကျောပေးလျက်ရှိပြီး ချောင်နှင့် အံကိုက်ပင်ဖြစ်နေလေ၏။


သူသည် ကျန်းရှောင်မန်ကို ဆက်လက်၍ လျစ်လျူရှုထားပြီး ထိုနေရာတွင် မှိုပွင့်လေးလိုမျိုး မလှုပ်မရှားရှိနေသည်။ 


[တာဝန်:ယွီချင်းရှီကိုငိုအောင်လုပ်ပါ....မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေဖြ​စ်လာလို့မရဘူး.....


ဆုလဒ်:10မှတ်]


ကျန်းရှောင်မန် ထိုအသံကိုမကြားလိုက်ရသလိုဟန်ဆောင်ကာ သနားစရာစနစ်လေးကိုလျစ်လျူရှုထားပြီး ချောင်ထဲတွင် ငုတ်တုပ်ထိုင်နေသည့်သူကို ဆက်ပြီးစူးစမ်းနေ၏။


သူမ သူ့အပြုအမူ၏အဓိပ္ပါယ်ကို နားမလည်ချေ။ သို့သော် ရုတ်တရတ်ကြီး တစ်ခုခုကိုထပ်ပြီး အမှတ်ရသွားလေ သည်။


ကျန်းရှောင်မန် ယွီချင်းရှီ ငုတ်တုပ်ထိုင်နေသည့်နေရာကို လက်ညှိုးလေးထိုးကာ ပြောလိုက်၏။


"အဲ့မှာ မထိုင်နဲ့...အဲ့နေရာမှာ ကြွက်တွင်းတစ်တွင်း ရှိတယ် ...."


နေပါဦး... သူမဘာပြောလိုက်တာ... ကြွက်...ကြွက်တွင်းတဲ့....


ယွီချင်းရှီ ထခုန်လိုက်ပြီး ရန်သူကြီးတစ်ယောက်ကိုရင်ဆိုင်နေရသလိုမျိုး မတ်တပ်ရပ်ကာ သူမျက်နှာလေးကမူ စိုးရိမ်မှုအပြည့်ဖြင့်ရှိနေသည်။ 


ရှောင်မန်က သူ့ကိုမကြောက်ဖို့ပြောချင်ရုံသာဖြစ်ပြီး အဘယ့်ကြောင့်ဆိုသော် ဘွားဘွားက ထိုတွင်းကို   ဘိလပ်မြေနဲ့ ပိတ်ထားပြီးပြီဖြစ်၏။ ထို့ကြောင့် အိမ်ထဲတွင် ကြွက်တစ်ကောင်မှရှိမှာမဟုတ်ချေ။ သို့သော်လည်း သူမထိုအကြောင်းမပြောရသေးခင်တွင် တကျွိကျွိအသံအနည်းငယ်ကို ကြားလိုက်ရသည်။


ယွီချင်းရှီ၏မျက်နှာလေး ဖြူရော်သွားလေ၏။


"မကြောက်နဲ့... ငါနင့်ကိုဖမ်းပေးမယ်...."

 ကျန်းရှောင်မန်က သူကို ချက်ချင်းပင်  စိတ်အေးသွားစေသည်။

 

 သူမသည် အသံထွက်ရာရင်းမြစ်နောက်ကိုလိုက်ပြီး သေတ္တာများ၊ ဗီရိုများကို လှန်လောကာ ကြွက်ဖမ်းရန် အစွမ်းကုန်ကြိုးစားနေ၏။


 သူမက လုံးဝမကြောက်သည့်အပြင် ပျော်ပင်ပျော်နေလေသည်။

 

ခဏအကြာတွင် "အိုက်ရား..."ဟူသောအသံနှင့်အတူ နောက်ဆုံး၌သူမ ကြွက်ကိုဖမ်းမိသွား

သည်။ 


သူမ ကြွက်ပေါက်စလေးကို အမြီးကနေ ကိုင်ပြီး ယူလိုက်၏။ ထိုကြွက်လေးက တကျွိကျွိအော်နေကာ လှည့်ပြီးသူမကိုကိုက်ဖို့ကြိုးစားနေသော်လည်း တစ်ခါမှ မအောင်မြင်ချေ။


ကျန်းရှောင်မန် ပြန်ပြေးလာပြီး ကြွက်ကို ယွီချင်ရှစ်၏ရှေ့တွင် မြှောက်ပြလိုက်သည်။ 


"ကြည့်...ငါဖမ်းမိသွားပြီ...."

သူမက သဘောတူလက်ခံစေချင်သည့်

လေသံလေးဖြင့်ပြောလာ၏။


ယွီချင်းရှီ...ယွီချင်းရှီ အတော်လေးရှော့ရသွားသည်။


ဤဘဝတွင် ယခုကဲ့သို ကြွက်တစ်ကောင်နှင့် နီးနီးကပ်ကပ်မျက်နှာဆိုင် တွေ့ဆုံ ရလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ဖူးချေ။


ရှေ့သွားအကြီးကြီးတွေ၊ ချွန်ထွက်ပြီးမျောက်နဲ့တူသော ပါးစပ်နှင့်မျက်နှာ၊ ရွှန်းရွှန်းစိုနေသည့် ကြွက်မျက်လုံးများ...နေရာအနှံ့ကန်ကျောက်နေသည့် ခြေသည်းများလက်သည်းများအပြင် တကျွိကျွိအော်ငိုနေသည့်အသံလည်းရှိသေး၏။


တစ်...နှစ်...သုံး...


"အူးဝါးးးး..."


စက္ကန့်အနည်းငယ်လောက် အေးခဲနေပြီးနောက်

ယွီချင်းရှီ ရုတ်တရက်ကြီး ကောက်ခါငင်ခါ ချုံးပွဲချငိုလိုက်လေသည်။ 


ကမ္ဘာပေါ်မှာ ဒီလိုကြောက်စရာကောင်းတဲ့အရာမျိုး ဘယ်လိုလုပ်ပြီးရှိနေရတာလဲ...


"အိုက်ရား...မကြောက်ပါနဲ့...ငါဖမ်းပြီး​သွားပါပြီ...ငါနင့်ကို ကာကွယ်ပေးမှာပါ...."

ကျန်းရှောင်မန်လေး စိတ်ပူသွား၏။


"ဝူးး...ဝူးး...ဝူးး..."


အဲ့တာကြီးက အရမ်းကြောက်စရာကောင်းတယ်.... ဝေးဝေးသွား...


ကျန်းရှောင်မန်က ရှေ့ကိုတစ်လှမ်းတိုးပြီး သူ့ခေါင်းလေးကိုပုတ်၍ ချော့မြူလိုက်သည်။ 


"ကြည့်...ငါဖမ်းပြီးသွားပြီလေနော်...."


မင်းကြွက်ကိုယူပြီး ထွက်သွားစမ်းပါ...


"မ...မကြောက်ပါနဲ့ ...."

သူငိုတာကိုကြည့်နေရင်း ကျန်းရှောင်မန်လည်း 

ဝမ်းနည်းတကြီး ထငိုတော့သည်။


"ငါက ကြွက်တွေ ဖမ်းနိုင်ရုံတင်မကဘူး...ပိုးဟပ်တွေလည်း ဖမ်းနိုင်သေးတယ်...

အဲ့ဒီအကောင်သေးသေးလေးတွေက ငါ့ကိုမြင်တာနဲ့ထွက်ပြေးကုန်ကြပြီး ...ဖမ်းရအရမ်းခက်တယ်...ဒါပေမဲ့ မပူပါနဲ့... ငါကကြွက်တွေဖမ်းတဲ့အခါဆိုရင် တအားသတ္တိရှိတာ...."


ဒီမှာပိုးဟပ်တွေလည်းရှိတယ်ပေါ့....သူမကနတ်ဆိုးလား...


ကလေးနှစ်ယောက်က အတူတူငိုယိုနေကြပြီး တကျွိကျွိအသံများလည်း ထွက်နေ၏။  အခြေအနေတွေက အတော်လေး ပရမ်းပတာဖြစ်သွားလေသည်။


ယွီချင်းရှီ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ အော်လိုက်၏။

"အဖေးးးး...သားအဖေ့ကိုလိုချင်တယ်...."


အရမျးဆိုးဝါးတာပဲ...ဝူး...ဝူးး...ဝူးးး...


ယွီဝမ်ချန်းသည် ကလေးများ၏အသံကို အာရုံစိုက်နေသောကြောင့် သူ့အလုပ်ကိုအပြည့်အဝအာရုံစူးစိုက်နိုင်ခြင်းမရှိပေ။ ယွီချင်းရှီ သူ့ ကိုခေါ်နေသည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ပြေးထွက်သွားသည်။


သူ့ကိုမြင်သည့်နှင့်   ယွီချင်းရှီက လက်များကို ချက်ချင်းဆန့်ကာ သူ့အဖေကို ချီခိုင်းတော့၏။


သူသည် နှာရည်တွေမျက်ရည်တွေတလပွဖြင့် ငိုကြွေးနေပြီး 'ယောကျာ်းတွေ မငိုကြဘူး..'ဆိုသော အကြောင်းအရာနှင့် ပတ်သတ်သည့်​အရာအားလုံးကို မေ့နေလေသည်။ 


ယွီဝမ်ချန်း ကလေးကိုပွေ့ချီလိုက်ပြီး ဇဝေဇဝါဖြင့် ချော့လိုက်၏။


သူ့သားလေးက သူ့အပေါ်သိပ်ပြီးမမှီခိုတော့သည့်မှာ ကြာလှပြီဖြစ်၏။ အမြဲလိုလိုပင်  သူ့သားလေးကိုချီချင်ပါက သူအနေဖြင့် သူ့ကိုအရင်ဆုံးချော့မော့ရလေ့ရှိသည်။


 ဒီနေ့ ဘာဖြစ်နေတာလဲ...


ကျန်းရှောင်မန်က နတ်သမီးလေးလား...


ယွီဝမ်ချိန် ကျန်းရှောင်မန်ကို ကြည့်လိုက်ချိန်တွင် သူမလည်း ငိုနေပြီး သူ့သားထက်ပင် ပို၍သဲသဲမဲမဲငိုနေလေ၏။ သူမ၏လက်ထဲတွင် ကြွက်တစ်ကောင်ကိုင်ထားပြီး လွှတ်ပေးဖို့ရာ ငြင်းဆန်နေလေ၏။


[ယွီချင်းရှီကို အောင်မြင်စွာဖြင့် ငိုအောင်လုပ်ပြီးပါပြီ...ခင်မင်မှုလှေငယ်လေးပေါ်မှာ အက်ကြောင်းတစ်ခုပေါ်လာခဲ့ပါပြီ...


ရလဒ်:10မှတ်]


[အမှတ်တွေ လက်ခံရရှိပါတယ် 


လက်ကျန်အမှတ်: -၉၀၀]


ကျန်းရှောင်မန်: "ဝူး...ဝူးး...ဝူးး.."


သူမ ဒီလိုလုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး...