Chapter 4
Viewers 3k

🤒အခန်း ၄

 [ခြားနားချက်ကို ရှာဖွေတွေ့ရှိခြင်း]



ကျောင်းဂိတ်တံခါးမှ ဒုတိယမြောက်စာသင်ဆောင်သို့ သွားလိုလျှင် ဦးစွာ ကစားကွင်းကိုဖြတ်ရန်လိုအပ်ပြီးလျှင် ထပ်မံ၍ ကျောင်းသားရေးရာအဆောင်ကိုဖြတ်ရကာ ခြေလှမ်းအနည်းငယ်ဆက်လျှောက်ရပေမည်။


ကျူးထုန်မှာ ကျောင်းသားရေးရာအဆောက်အအုံကိုကျော်လာပြီးမှ ဆက်လျှောက်လာရင်း အပိတ်ခံလိုက်ရခြင်းဖြစ်လေ၏။


လူသုံးယောက်က သူသွားမည့်လမ်းတွင်ပိတ်ထားခဲ့သည်။ ကျောပိုးအိတ်ကြီးနှင့် ယွမ်ရှောင်ကျိုးမှလွဲလျှင် ကျန်နှစ်ယောက်က ဆံပင်အရောင်ဆိုးထားကြသည်။


စတွေ့တွေ့ချင်းအမြင်မှာ မဆိုးလှပါချေ။


ကျူးထုန်က တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။ 


"ကိစ္စရှိလို့လား..."


"......"


သူခေါင်းမော့လိုက်သည့်အခိုက်မှာပင် တားထားသည့်လူသုံးယောက်လုံး တပြိုင်တည်းမှင်သက်သွားကြသည်။


သူတို့ တန်းခွဲသုံးမှ အတွင်းသတင်းရခဲ့သည်။


မိန်းကလေးများက ကျောင်းပြောင်းလာသည့် ကျောင်းသားအသစ်ကို ချောလွန်းသည်ဟုပြောကြသော်လည်း ယွမ်ရှောင်ကျိုးအနေဖြင့် အလေးအနက်မထားခဲ့ပါချေ။ အကြောင်းမှာ ထိုမိန်းကလေးများက ချဲ့ကားပြောရခြင်းကိုကြိုက်ကြသောကြောင့်ဖြစ်သည်။


ယခုတစ်ကြိမ်တွင်မူ မိန်းကလေးများက အပိုပြောနေကြခြင်းမဟုတ်သောကြောင့် သူအံ့ဩသွားရသည်။


တစ်ဖက်လူက နေမကောင်းဖြစ်နေသည့်ကောင်ငယ်လေးဖြစ်နေခြင်းကမူ သနားစရာကောင်း၏။


ချူချာနေလည်း အဆင်ပြေပါတယ်။


ဖမ်းရလွယ်တာပေါ့။


ယွမ်ရှောက်ကျိုးက ဆွဲဆောင်မှုရှိစွာဖြင့် အေးတိအေးစက်ပြုံးပြလိုက်သည်။ 


"ငါကြားတာတော့ မင်းက ရှောက်မင်နဲ့တစ်ခုံတည်းအတူထိုင်ချင်တယ်လို့ ပြောခဲ့တာဆို..."


ကျူးထုန်မှာ သူ့ရယ်သံကြောင့် တုန်ယင်သွားရသည်။


မင်းဟာက ကြောက်ဖို့မကောင်းဘူး။ ဖော်ရွေလွန်းနေတာကွ။


ယွမ်ရှောက်ကျိုးကလည်း ပိုးပန်းသူများအနက်မှ တစ်ဦးဖြစ်ပြီး အမြှောင်စာ ဇာတ်ကောင်တစ်ဦးသက်သက်သာဖြစ်သည်။ သူ့ခမျာ တတိယဘီးလေးပင်[တတိယလူ - အရေးပါသောဇာတ်ကောင်]မဟုတ်ရှာပေ။


ထိုလူက သာမန်သာဖြစ်ပြီး ဇာတ်ကောင်အဆင့်ကလည်း နိမ့်သေးသည်။ 


ထိုသူက ဝိုင်းစက်တောက်ပနေသောမျက်လုံးများဖြင့် ရသလောက်မျက်နှာလိုမျက်နှာရကြည့်ကာ ရုတ်တရက်ပြုံးပြလာလေ၏။


ကျူးထုန်မှာ အစာအိမ်ကို နောက်တကြိမ်မွှေနှောက်ခံလိုက်ရသလိုဖြစ်သွားပြီး ခြေလှမ်းတဝက်ခန့်နောက်ဆုတ်လိုက်မိလေသည်။ 


"အင်း၊ ဘာဖြစ်လို့လဲ..."


ယွမ်ရှောက်ကျိုးက သူ၏နောက်ဆုတ်သွားသောပုံစံကိုကြည့်ကာ စိတ်ထဲမှကျိတ်ရယ်လိုက်၏။


ကောင်းတယ်၊ မင်းအခုတော့ ကြောက်ရကောင်းမှန်းသိသွားပြီပေါ့။


"ဘာရယ်မဟုတ်ပါဘူး၊ ရှောက်မင်ရဲ့ဘေးခုံက မင်းထိုင်ဖို့အတွက်မဟုတ်ဘူးလို့ ပြောချင်ရုံပါ၊ ပြောစကားနားထောင်ပြီး ဆရာ့ကို ထိုင်ခုံပြောင်းခိုင်းလိုက်၊ ငါလည်း နောက်ဆက်ဖြစ်လာမှာတွေကို အာမမခံပေးနိုင်ဘူးနော်..."


သူက ကျူးထုန်ကို ခပ်တင်းတင်းကြည့်လိုက်သည်။


သူ့ဘေးမှညီအစ်ကိုနှစ်ယောက်ကလည်း ဘေးသိူ့လျှောက်လာကြ၏။ ကုန်းရွှေ အမှတ် ၁ အလယ်တန်းကျောင်းတွင် ကျောင်းပြောင်းလာသည့်ကျောင်းသားဟူ၍ အများအပြားမရှိပေ။ ယခင်က ရှောက်မင်နှင့်အတူထိုင်ခဲ့ကြသူများမှာ တကိုယ်ကောင်းဆန်ပြီး ဉာဏ်များကြသည်။ သူတို့က အစပိုင်းတွင် ရှောက်မင်နှင့်အတူထိုင်ခွင့်ရရန် အလျှော့မပေးချင်ခဲ့ကြချေ။


ဒီတော့ရော ဘာဖြစ်လဲ။ နောက်ဆုံးတော့လည်း ထိုင်ခုံပြောင်းရတာပဲမလား။


ကျောင်းပြောင်းကျောင်းသားများက အနည်းငယ်လေး တုံ့ဆိုင်းနေလျှင် သူတို့က တုံ့ဆိုင်းနေသည့်တန်ကြေးကို မြင်အောင်ပြပေးရလိမ့်မည်။


သို့သော်လည်း သူတို့စိတ်ပျက်သွားရသည်။


ညီငယ်လေးနှစ်ယောက်၏ ဆုတောင်းပင်မပြည့်သေးမှီ ကျူးထုန်က ဂရုမစိုက်သလိုပြန်ဖြေလာလေသည်။ 


"Oh..ငါသဘောပေါက်ပြီ..."


ယွမ်ရှောင်ကျိုး: "......"


ညီငယ်လေးနှစ်ယောက်: "...."


အရမ်းပျော်လိုက်ရတော့မှာလား။


မထင်မှတ်ထားသောရလဒ်ဖြစ်ပြီး သုံးယောက်လုံး ကြောင်သွားကြသည်။


ကျုးထုန်ကဆက်ပြောလိုက်၏။


"ပြောစရာကျန်သေးလား..."


သုံးယောက်သား : "...."


ကျူးထုန်: "ဒါဆို ငါသွားတော့မယ်..."


သူတို့က လှုပ်ရှားခြင်း မရှိတော့ရာ ကျူးထုန်ကလည်း သူတို့ဘေးမှဖြတ်လာပြီး စာသင်ဆောင်ဘက်သို့လျှောက်သွားလေသည်။


ယွမ်ရှောင်ကျိုးမှာ ဝါဂွမ်းကို လက်သီးနှင့်ထိုးမိသလိုခံစားရသောကြောင့် ဒေါသထွက်လာရ၏။ သူ မသိစိတ်အရတားလိုက်ချင်သော်လည်း ဆရာတစ်ယောက်က ခပ်လှမ်းလှမ်းမှလျှောက်လာသောကြောင့် ဆန့်လိုက်မိသည့်လက်ကို အတင်းပြန်ရုတ်လိုက်ရလေသည်။


အပေါ်ထပ်ကိုတက်လာစဥ်မှာပင် စနစ်၏အသံက ကျူးထုန်၏ဦးနှောက်ထဲတွင်ပေါ်လာလေ၏။ 


"Host မှာ ထိုင်ခုံပြောင်းဖို့အစီအစဥ်ရှိလား..."


ကျူးထုန်: "ငါကဘယ်ခုံကိုပြောင်းရမှာလဲ..."


"ဒါပေမဲ့ အခုလေးတင်ပဲ..."


"ငါပြောတာက သဘောပေါက်ပြီ လို့ပဲလေ...ပြောင်းမယ် လို့မှမပြောလိုက်တာ..."


666: "....."


ကတိပေးလိုက်ရင်တောင် လုပ်ရမယ်လို့ ဘယ်သူကပြောထားလို့လဲ။


ယင်းက ယွမ်ရှောင်ကျိုး၏ ဘာသာစကား အားနည်းချက်သက်သက်သာ။


ထို့အပြင် ယွမ်ရှောင်ကျိုးကသူ့အား ထိုင်ခုံပြောင်းပေးရန်ခြိမ်းခြောက်ထားလင့်ကစား လရောင်ဖြူလေး၏သဘောထားကရှိသေးသည်လေ။


သူ စားပွဲကပ်စတစ်ကာများဖြင့် အတန်းကိုပြန်လာခဲ့သည်။


သူက အရှေ့တံခါးဝမှထွက်သွားပြီး အနောက်တံခါးမှပြန်ဝင်လာခဲ့ခြင်းပင်။


သို့သော် မည်သည့်နေရာကပင်ဝင်လာပါစေ သူ့အနေဖြင့် တစ်တန်းလုံး၏အာရုံစိုက်ရာဖြစ်လာဆဲဖြစ်၏။


"ကျောင်းသားအသစ်ပြန်ရောက်လာပြီ..."


"သူအပြင်ထွက်သွားတုန်းကလည်း ဒီပုံစံပဲ..."


"သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်..."


"စားပွဲပေါ်မှာ စတစ်ကာကပ်ဖို့တောင် အချိန်ရှိသေးတယ်.."


"ယွမ်ရှောင်ကျိုးက သူ့ကိုမတွေ့တာများလား..."


အတန်းထဲတွင် ကျွတ်စီကျွတ်စီအသံများ ထွက်လာပြန်သည်။


ကျူးထုန်ကလည်း ဘာမှမကြားသလိုဟန်ဆောင်နေဆဲပင်။


သူမြင်နေရသည့်အရာဟူ၍ သူ့ခုံသာရှိလေသည်။


ရှောက်မင်က သူ့ခုံတွင်သူ ပြန်ထိုင်နေပြီဖြစ်သော်လည်း ကျူူထုန်ကမူ သူ့ထိုင်ခုံဖော်အား တစ်ချက်ပင်မကြည့်လာပေ။


ထိုသူက စေ့စပ်သေချာသူဖြစ်ကြောင်း ရှောက်မင်သိလိုက်သည်။


ကျူးထုန် နှစ်သက်သည့်တစ်ခုတည်းသောအရာမှာ ပြီးပြည့်စုံမှုကိုလိုက်ရှာခြင်းပင်။ သူက တကူးတကဖြင့် စားပွဲခုံထောင့်များအထိပါ စတစ်ကာကပ်နေပြီး ပိုနေသည့်အစများကိုပါခေါက်ကာ ကော်နှင့်ကပ်ထားလိုက်သေးသည်။


သူက စိတ်ရှည်ရှည်ဖြင့် အသေးစိတ်လုပ်နေခဲ့၏။


အလျင်လိုနေခြင်းမျိုးမဟုတ်ဘဲ စကားနည်းရုံသာ။


ထိုသို့သောလူမျိုးဖြင့် စားပွဲတစ်လုံးတည်း အတူထိုင်ရလျှင် သူ့အနေဖြင့် စိတ်ပျက်စရာလိုတော့မည်မဟုတ်ဟု ရှောက်မင်တစ်ယောက် တွေးလိုက်မိပါတော့သည်။


ရှောက်မင် လက်တစ်ဖက်ဖြင့်ခေါင်းကိုထောက်ထားလိုက်ပြီး လက်တစ်ဖက်ဖြင့်ဖုန်းကိုထုတ်ကာ လက်ဖဝါးထဲတွင်ထည့်လျက် ဖွင့်လိုက်၏။ ဖုန်းမှန်က နေရောင်အောက်တွင်အလင်းပြန်နေပြီး အလင်းစက်လေးက သူ့လှုပ်ရှားမှုနှင့်အတူ မျက်နှာကျက်ပေါ်တွင် ရွေ့လျားနေလေသည်။


အခြားသူများက ကျူးထုန် စားပွဲပေါ်တွင် စတစ်ကာကပ်နေသည်ကိုကြည့်ပြီး ပျင်းရိလာကာ ခေါင်းလှည့်သွားကြသည်။


အတန်းထဲတွင် နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့စုနေသောကြောင့် စကားပြောသံများက နောက်တစ်ကြိမ်ကျယ်လာပြန်သည်။


ပေါ့ပါးနေသည့်လေထုလေးက ကြာကြာမခံလိုက်ပါချေ။ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန် နီးကပ်လာသည်နှင့် အတန်းထဲတွင် လူအပြည့်နီးပါးဖြစ်လာသည်။ ရုတ်တရက် "ဘမ်း" ကနဲအသံထွက်လာ၏။ အတန်း၏အရှေ့တံခါးရော အနောက်တံခါးပါ တစ်ချိန်တည်းမှာပင် ခြေတစ်ဖက်ဖြင့် ကန်ဖွင့်ခံလိုက်ရပြန်သည်။


တံခါးဘေးမှ အနောက်ဘက်ခုံတန်းတွင် မျက်စိနောက်စရာ ညီအစ်ကိုတစ်ယောက်က တမှေးအိပ်နေခဲ့သည်။ တစ်စုံတစ်ယောက်၏နှောင့်ယှက်မှုကြောင့် သူ့ခမျာ ဆတ်ခနဲလန့်နိုးသွားရပြီး အော်ဟစ်လာလေ၏။ 


"ဘယ်ခွေးသားက..."


စကားပင်ပြီးအောင်မပြောဘဲလှည့်ကြည့်လိုက်လေရာ တံခါးနားတွင်လူတစ်ယောက်ရပ်နေသည်ကိုမြင်လိုက်ရသည်။ သူ့အသံက လည်ချောင်းထဲတွင်ပင် တန်းလန်းဖြစ်သွားလေ၏။


ယွမ်ရှောင်ကျိုးက သူ့ကိုအာရုံမရှိပေ။ ပြတင်းပေါက်ဘေးမှအနောက်တန်းကိုသာ စိုက်ကြည့်နေခဲ့ပြီး ဘေးချင်းကပ်ထားသည့်ခုံနှစ်ခုံကိုမြင်လိုက်သည်နှင့် သူ့မျက်လုံးများကအစိမ်းရောင်တောက်သွားတော့သည်။


"လူသစ်လေးက ငါနဲ့လာကစားရဲတယ်ပေါ့လေ..."


စားပွဲကိုတောင် စတစ်ကာတွေကပ်ထားလိုက်သေးတယ်။


သူ့ကို လျစ်လျူရှုထားရဲတယ်။


ယွမ်ရှောင်ကျိုး၏ ရုတ်တရက်ပေါ်လာမှုက တန်းခွဲသုံးတစ်တန်းလုံးကို နောက်တဖန်ငြိမ်သက်သွားစေပြန်သည်။


အားလုံးက ကျူးထုန်ကို တပြိုင်တည်းလှမ်းကြည့်လာသော်လည်း စကားမပြောရဲကြပေ။


ယွမ်ရှောင်ကျိုးကလည်း ကျောင်းသားသစ်အကြောင်းသိသွားပုံရ၏။


သူတို့ကြားမှာဘာတွေဖြစ်ခဲ့ကြတာလဲ။


အားလုံးက ကျူးထုန်အတွက် စပြီးစိုးရိမ်လာကြလေသည်။


သို့သော်လည်း သူတို့အားလုံးက စိတ်ပူရုံသာတတ်နိုင်ကြ၏။ သူတို့သိထားသလောက် ယွမ်ရှောင်ကျိုးက ကျောင်းတွင် လွှမ်းမိုးနိုင်သူပင်။ ထိုသူက မိသားစုနောက်ခံလည်းကောင်းသလို ကျောင်းပြင်ပမှ ဂိုဏ်းစတားများနှင့်လည်း အဆက်အသွယ်ရှိသည်။


ကျောင်းတွင် ဆရာများရှိနေ၍ စိတ်ပူစရာမရှိသော်လည်း သူမုန်းသည်ကိုခံရလျှင် ကျောင်းပြင်ပ၌ ဒုက္ခရောက်နိုင်၏။


သူ့အင်အားကိုမကြောက်ဘဲ ထိပ်တိုက်တွေ့ရဲသူများလည်းရှိသည်။


လော့ရှိုးမှာ ယွမ်ရှောင်ကျိုးမျက်လုံးထဲမှ မကျေနပ်မှုတို့ကိုမြင်ရသည့်အခါ ချက်ချင်းထလာလေ၏။ 


"ဟေး...ဘာလဲ၊ လာရဲသေးတာလား၊ ပြီးခဲ့တဲ့ရက်က ကျောင်းအပြင်မှာ တခြားလူတွေပါလာတာနဲ့တင် မင်းကိုယ်မင်း ရှင်ဘုရင်လို့ထင်နေတာလား.."


ယွမ်ရှောင်ကျိုး လှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထားက ရုတ်တရက်ပြောင်းသွားလေသည်။


"လော့ရှိုး၊ ဒီနေ့ကိစ္စကမင်းနဲ့မဆိုင်ဘူး၊ ဝင်မပါနဲ့..."


ထို့နောက် သူ ကျူးထုန်ကို ထပ်ပြီးလက်ညိုးထိုးလိုက်ပြန်သည်။ 


"မင်း၊ထွက်လာခဲ့..."


ကျူးထုန်က စတစ်ကာများကို စားပွဲပေါ်တွင်ကပ်ပြီးသည့်နောက် သုံးပြီးသားပစ္စည်းများကိုသိမ်းဆည်းနေ၏။ သူ့စကားကိုကြားလိုက်ရသည့်အခါ လှည့်ကြည့်ပြီး ပြန်လှည့်သွားသည်။ ယွမ်ရှောင်ကျိုး၏စကားကို ခွေးဟောင်လိုက်သလိုပင်သဘောထားနေ၏။


တဖက်ကသူ့အား သိက္ခာရှိစွာဖြင့် လျစ်လျူရှုသွားချေသည်။ ယွမ်ရှောင်ကျိုးမှာ ကျူးထုန်ဘေးမှ ရှောက်မင်ကို ဖျတ်ခနဲကြည့်ပြီး မနာလိုဖြစ်သွားရ၏။ စိတ်တိုတိုဖြင့် အကြည့်လွှဲလိုက်ပြီး စာသင်ခန်းထဲသို့တန်းဝင်လာကာ ကျူးထုန်၏စားပွဲကို ကန်ထည့်လိုက်သည်။ ခုံကကြမ်းပြင်မှလွင့်ထွက်သွားကာ စာသင်ခန်းအနောက်မှ နံရံနှင့်ရိုက်သွားလေသည်။


"ဘမ်း" ဆိုသောအသံက အားငယ်သော မိန်းကလေးများ၏အလန့်တကြားအော်ဟစ်လိုက်သံနှင့်အတူထွက်ပေါ်လာ၏။


ယွမ်ရှောင်ကျိုးက ကျူးထုန်အရှေ့တည့်တည့်တွင်ရပ်လိုက်သည်။


လူတိုင်းက အသက်ပင်မရှူနိုင်ဘဲ ကျူးထုန်ကို စိုးရိမ်စွာဖြင့်ကြည့်နေကြ၏။


ကျူးထုန်မှာ လက်ထဲတွင်ပုလင်းတစ်လုံးကိုင်ထားရင်း သူသန့်ရှင်းပြီးသွားသော စားပွဲခုံက နံရံနှင့်ရိုက်သွားကာ ညစ်တီးညစ်ပတ်ကြမ်းပြင်ပေါ်မှ လဲတော့မယောင်နှင့် ပြန်ထောင်လာသည်ကိုတွေ့လိုက်ရသည့်အခါ သူဟာသူတွေးလိုက်မိသည်။ ဒီစားပွဲခုံ တော်တော်ခိုင်တာပဲ။


ယွမ်ရှောင်ကျိုးက ဟောက်လာပြန်သည်။ 

"မင်းငါပြောတာကိုမကြားလိုက်ဘူးလား..."


ရှောက်မင်က သူ့ကိုယ်ကို တဖက်လှည့်မှသာသိလိုက်ရသည်။ သူက ပြတင်းဘောင်ကိုမှီထားရင်း ရန်ပွဲကိုမျက်နှာချင်းဆိုင်ပြီး သူ့အရှေ့မှ ငြိမ်သက်သွားပုံနှင့်လှုပ်ရှားသွားပုံကိုကြည့်နေလေသည်။


ကျူးထုန်က ချက်ချင်းလှည့်ကြည့်လိုက်သည်။ 


"Oh...ဘာပြောလိုက်လို့လဲ..."


တစ်တန်းလုံး: "......"


ဒီအဖြေက ပေါ်တင်ကိုရန်စလိုက်တာပဲ။


ယွမ်ရှောင်ကျိုး ရန်စခံလိုက်ရတယ်။ 


"မင်း...."


သူ့မျက်နှာမှာ ဝက်အသည်းရောင်နှင့် တူလာခဲ့၏။


သူကား လက်ခုံမှသွေးကြောများပင် ပေါက်ထွက်တော့မည်အထိ လက်နှစ်ဖက်လုံးကို ကျစ်နေအောင်ဆုပ်လိုက်မိပြီး ကျူးထုန်ကိုအကြာကြီးစိုက်ကြည့်နေလေသည်။ သူက တဖက်လူအား ကော်လာမှဆွဲကာ ဆွဲထုတ်ရန် လက်ကိုဆန့်ထုတ်လိုက်၏။


တစ်ယောက်က အလိုလို အာမေဋိတ်သံပြုလိုက်သည်။


ရှောက်မင်က ကျူးထုန်ဘေးတွင်ထိုင်နေပြီး မတော်တဆဖြစ်သွားသလိုလုပ်ရန်အကြံဖြင့် ခြေတံရှည်တို့ကို ပေါ့ပါးစွာဖြင့်လှုပ်ရှားလိုက်သည်။


သူ မလှုပ်ရှားရသေးခင် သူ့အရှေ့မှလူက ရုတ်တရက် လက်မြှောက်လိုက်ပြီး လက်ညိုးလေးကိုအသာဖိလိုက်လေးရာ အရည်အချို့က ယွမ်ရှောင်ကျိုးမျက်နှာပေါ်သို့ အရှိန်ဖြင့်ပန်းထွက်သွားလေသည်။


ယွမ်ရှောင်ကျိုး အသက်ရှူရပ်သွားလေသည်။ ချက်ချင်းလက်မြှောက်ကာ သူ့ကိုယ်သူကာကွယ်ရင်း အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။


သူ့ခမျာ စပရေးဖြန်းနေခြင်းရပ်သွားသည်အထိ အချိန်အတန်ကြာအောင် လက်ဖြင့်ယမ်းနေလိုက်ရသည်။


အလျင်စလိုဖြစ်သွားသောကြောင့် စပရေးကဘာမှန်း မခွဲခြားလိုက်နိုင်ဘဲ ကျူးထုန်ကို သတိအပြည့်ဖြင့်ကြည့်နေမိ၏။


ကျူးထုန်က အရည်ပုလင်းကိုကိုင်ထားဆဲရှိသေးပြီး အေးအေးဆေးဆေးရှင်းပြလာ၏။ 


"ဆားပျော်ရည်၊ အသားအရေကိုမထိခိုက်ဘူး..."


ယွမ်ရှောင်ကျိုး: "..."


"ခွီး..ငါဆိုလည်း ဒီလိုဆားပျော်ရည်နဲ့ နှပ်ချခံရရင်လန့်သွားမှာ..."


"ငါက anti - wolf စပရေးထင်နေတာ၊ ဒီရက်ပိုင်းမှာ ယောကျ်ားလေးတွေက သူတို့ကိုယ်သူတို့ကာကွယ်ရတယ်လေ.."


"ဒီကျောင်းသားအသစ်က သူ့ကို ဆားရည်စပရေးနဲ့တောင်ဖြန်းတယ်၊ သူကအဆိပ်ပြင်းတာတောင် ပိုးသတ်ဆေးလိုနေသေးတယ်လို့ နင်ထင်လား.."


"ဟား...ဟား..ဟား..."


တစ်ယောက်ပြီးတစ်ယောက်ရယ်လိုက်ကြသည်။ ယွမ်ရှောင်ကျိုးမျက်နှာက ရုပ်ဆိုးလွန်းနေပြီး သူတို့အားလုံးကိုဝါးစားချင်နေသလိုပင်။


သူက သွားကြားထဲမှ စကားလုံးအချို့ကိုညှစ်ထုတ်လိုက်သည်။ 


"မင်းသေချင်နေတာလား..."


သူက တံတောင်ကိုအနောက်လွှဲလိုက်ပြီး ကျူးထုန်၏မျက်နှာကို လက်သီးဖြင့်အညှာအတာမရှိထိုးပစ်ချင်နေလေသည်။


ထိုအချိန်မှာပင် တချိန်လုံးငြိမ်နေခဲ့သော ရှောက်မင်ခြေထောက်က ဆရာတကျလှုပ်ရှားလာလေသည်။ သူကမတ်တပ်ရပ်ကာ ခြေထောက်ကိုအမှတ်တမဲ့ဆန့်ထုတ်ပြီး ယွမ်ရှောင်ကျိုးကို ခြေထိုးခံလိုက်သည်။


"ဂုဏ်ယူပါတ

ယ်၊ Host က လရောင်ဖြူလေးရဲ့နှစ်သက်မှုကို ငါးရာခိုင်နှုန်းရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုက +10% ပါ..."


ကျုးထုန်: "....."


10%


သူ ICU အခန်းထဲကို ထပ်သွားစရာမလိုတော့ဘူးလား။


ကျုးထုန်မျက်လုံးများက အနည်းငယ်မျှတောက်ပလာပြီး သူ့အနောက်မှလူကိုလှည့်ကြည့်လိုက်လေသည်။



🤒