Chapter 5
Viewers 3k

🤒အခန်း ၅ 

[ခြားနားချက်ကို ရှာဖွေတွေ့ရှိခြင်း]




သေချာပေါက်ပင် ယွမ်ရှောင်ကျိုး သူ့ကို ကျောင်းခန်းထဲတွင် လာရှာရန်ပြုလုပ်ခဲ့ခြင်းက မှန်သွား၏။


ရန်သူ၏ရန်သူက မိတ်ဆွေပင်။


ဤလှိုင်းကတော့ သိပ်မဆိုးပါချေ။


သူကြည့်နေသည်ကိုမြင်၍ ရှောက်မင်ကပြုံးပြကာပြောလိုက်လေသည်။ 


"ကျေးဇူးတင်စရာမလိုဘူး..."


ကျူးထုန်: "....."

နှစ်ယောက်သား တခဏမျှအပြန်အလှန်ကြည့်နေကြစဥ် ယွမ်ရှောင်ကျိုးက ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလာ၏။ 


"ရှောက်...မင်...ငါမင်းကို သေတဲ့အထိရိုက်ပစ်မယ်..."


ထိုသူက နီရဲနေသည့်မျက်လုံးများဖြင့် ရှောက်မင်ထံပြေးဝင်လာလေသည်။


"ယွမ်ရှောင်ကျိုး၊ ဘာလုပ်နေတာလဲ..."


အတန်း၏အရှေ့တံခါးက ဒေါသောက်နေသည် အသံတစ်ခုနှင့်အတူ အလျင်စလိုဖွင့်ခြင်း ခံလိုက်ရပြီး ပုံရိပ်တစ်ခုက မီတာတစ်ရာတာတိုပြေးပွဲ၏အရှိန်ဖြင့် ပြေးဝင်လာလေသည်။


"ထပ်ပြီး မင်းပဲလား၊ တန်းခွဲသုံးမှာဘာလုပ်နေတာလဲ၊ ကျောင်းသားအသစ်ကိုအနိုင်ကျင့်နေတာလား၊ ကျောင်းမနေချင်တော့ရင်လည်း ဒီအတန်းထဲက မြန်မြန်ထွက်သွား..."


ယွမ်ရှောင်ကျိုး၏လူရိုက်တော့မည့်လက်က အဆွဲခံလိုက်ရပြီး သူပင်မပြောရသေးခင် တံတွေးဖြင့်အပက်ခံရပြန်သည်။


ယွမ်ရှောင်ကျိုး: "ငါက ဒီသောက်..."


"မင်း ဘယ်သူ့ကိုပြောနေတာလဲ၊ မင်းကျောင်းသားအသစ်ကို ရိုက်မလို့လုပ်နေတာကို ငါမမြင်ဘူးထင်နေတာလား၊ မတောင်းပန်သေးဘူးလား..."


ယွမ်ရှောင်ကျိုး: "....."


သူဘယ်တုန်းက ကျောင်းသားအသစ်ကိုရိုက်ရသေးလို့လဲ။


ခံလိုက်ရတာသူပါနော်။


ရုတ်တရက် လူတစ်ယောက်ပေါ်လာ၍ တန်းခွဲသုံးတစ်ခုလုံး စိတ်အေးသွားလေသည်။


အသက်လေးဆယ်အရွယ်၊ မျိုးချစ်စိတ်အပြည့်ရှိသောမျက်နှာနှင့် ပါးရိုင်းမွှေးများပေါက်နေသူက ကြောက်လန့်စရာကောင်းနေသည်။ 


"ယန်ချန် ..ငါတို့ရဲ့ကြီးမြတ်လှတဲ့ဆရာ..."


ရှောက်မင်က အလိုက်တသိဖြင့်မိတ်ဆက်ပေးလိုက်သည်။


ကျူးထုန်က သူ့ကို တချက်လှည့်ကြည့်လိုက်ပြီး အိတ်ထဲမှထုတ်ကာစ anti-wolf စပရေးကို သာမန်ဆားရည်နှင့် တိတ်တိတ်လေးပြန်လဲလိုက်သည်။ 


ရှောက်မင်က သူ၏ခိုးကြောင်ခိုးဝှက်အပြုအမူလေးကိုမြင်သွားပြီး မျက်ခုံးပင့်ကာပြုံးလိုက်လေ၏။


စောစောစီးစီးပင် ယွမ်ရှောင်ကျိုးတစ်ယောက် တစ်ပါးသူကိုအနိုင်ကျင့်မှုကြောင့် ယန်ချန်ထံမှအဆူခံလိုက်ရသည်။ 


ထိုသူက ကျောင်းထုတ်ခံရမည်ကိုမကြောက်ပေ။


သူ့ကို ကျောင်းထုတ်ရန်မှာလည်း မလွယ်ကူပါချေ။


သို့သော်လည်း ဒုတိယနှစ်အတန်းပိုင်ဆရာက စစ်တပ်မှအငြိမ်းစားယူလာသူဖြစ်ပြီး လုပ်ပိုင်ခွင့်လည်းရှိသည်။


ယွမ်ရှောင်ကျိုး၏ဒေါသတို့မှာ တံတွေးဖြင့်အပက်ခံရပြီး ငြိမ်းသွားခဲ့ရသည်။


ယန်ချန်က နဖူးလေးသာဖော်ထားသော ဝူချင်းနှင့် ဖျော့တော့အားနည်းသည့် ကျောင်းသားအသစ်ကိုကြည့်လိုက်သည်။ 


"ပြောပါဦး၊ ဘာတွေဖြစ်နေကြတာလဲ.."


ယွမ်ရှောင်ကျိုး: "ကျွန်တော်..."


"ဆရာယန်၊ ယွမ်ရှောင်ကျိုးက ဘာအကြောင်းမှမရှိပဲနဲ့ အတန်းထဲကိုဝင်လာပြီး အတန်းဖော်အသစ်ရဲ့ခုံကိုကန်ပါတယ်၊ နဖူးပေါ်ကဒဏ်ရာကလည်း သူ တစ်ယောက်ယောက်ကို ရိုက်ဖို့လုပ်ရာက သူ့ဟာသူ မတော်တဆချော်လဲသွားတာပါ..."


ရဲဘော်လော့ရှိုးက သူ့အတန်းဖော်အသစ်အတွက် တရားမျှတမှုကိုယူပေးရန် ခုန်ထွက်လာပြန်သည်။


ယွမ်ရှောင်ကျိုးမျက်နှာက မည်းမှောင်သွားတော့၏။ "လော့ရှိုး၊ ဒီ-ာခေါင်း...."


"ဆရာ၊ ကျွန်တော်ပြောတာမယုံရင် မျက်မြင်သက်သေတွေရှိပါတယ်..."


"....."


ယွမ်ရှောင်ကျိုး ငြင်းမရတော့ပေ။


မေးမြန်းလိုက်သည်နှင့် အားလုံးကိုနားလည်သွားလိမ့်မည်သာ။


ရှောက်မင်ကခြေထိုးခံလိုက်လျှင်ပင် သူနှင့်တန်၍ဖြစ်၏။


သူ၏ဖြူလိုက်ပြာလိုက်ဖြစ်နေသောမျက်နှာကို ယန်ချန်လည်း မြင်သွားချေပြီ။ အရာအားလုံးက ရှင်းလင်းသွားပြီပင်။


"ကျောင်းသားအသစ်ကိုတောင်းပန်လိုက်..."


ယန်ချန်က သူ့ကိုကျူးထုန်အရှေ့သို့ တွန်းပို့လိုက်သည်။


ယွမ်ရှောင်ကျိုးက တောင်းပန်ရန်ငြင်းနေပြီး အေးစက်စက်ဖြင့်နှာမှုတ်ကာ မျက်နှာကိုတဖက်လှည့်သွား၏။


ယန်ချန်: "မင်းမတောင်းပန်ရင်၊ ဒီနေ့တနေ့လုံး တန်းခွဲသုံးမှာပဲရပ်နေရမယ်..."


"....."


ရပ်နေရမယ်။


အဟားခံရအောင်လား။


ယွမ်ရှောင်ကျိုးက ခံပြောရန်ခေါင်းလှည်လိုက်သော်လည်း ယန်ချန်ကပြောလိုက်လေသည်။ 


"ဘယ်ကိုလာကြည့်နေတာလဲ၊ ငါမင်းကိုမတ်တပ်ရပ်နေခိုင်းရမှာလား...."


"....."

 á€‘á€˝á€€á€şá€•á€źá€ąá€¸á€›á€”á€şá€Ąá€á€˝á€„á€şá€ˇá€Ąá€›á€ąá€¸á€œá€Šá€şá€¸á€™á€›á€žá€­á‹


ယွမ်ရှောင်ကျိုးမှာ အတန်းပိုင် အဘယ်ကြောင့်ရောက်လာသည်ကို စဥ်းစားချိန်မရလိုက်ပေ။


သူ ပေါက်ကွဲထွက်သွားမတတ် ရှက်လာရသည်။


နောက်ဆုံးတော့ သူက သူစိတ်မပါတပါဖြင့် တောင်းပန်လိုက်သည်။


ကျူးထုန်မှာ ခံလိုက်ရသူရော တောင်းပန်ခံလိုက်ရသူမှာ သူမဟုတ်သည့်အတိုင်း တချိန်လုံး ခပ်တည်တည်ဖြင့်သာရှိနေလေသည်။


ယွမ်ရှောင်ကျိုးက တောင်းပန်ပြီးသည်နှင့် သူ့ဘက်မှစကားကိုပင်မစောင့်တော့ဘဲ လှည့်ထွက်သွားလေသည်။


"နေဦး..." 

ကျူးထုန်က ရုတ်တရက်တားလိုက်သည်။


ယွမ်ရှောင်ကျိုးက မည်းမှောင်နေသည့်မျက်နှာဖြင့် တုံ့ပြန်လေ၏။ 


"ဘာဖြစ်ချင်သေးတာလဲ..."


ကျူးထုန်: "ငါ့ခုံကိုပြန်ရွှေ့ပေးခဲ့..."


ယွမ်ရှောင်ကျိုး အံကြိတ်လိုက်မိသည်။


 "အဲဒီလောက်အထိမလိုဘူး.."


ကျုးထုန်က အလျှော့မပေးပါချေ။ 


"ညစ်ပတ်သွားတဲ့နေရာကိုပါ သုတ်ပေး..."


"...."


ယွမ်ရှောင်ကျိုးလိုလူမျိုးအတွက် ကျောင်း၏ အပြစ်ပေးစည်းမျဥ်းများက သက်ရောက်မှုမရှိ။


သူ့အမှားအတွက် သူ့ကိုပေးဆပ်စေခြင်းက ပိုကောင်းသည်။ ခုံကိုနေရာတကျပြန်ထားပြီး ပြန်သုတ်ပေးခြင်း စသည့် အသေးအဖွဲလေးများက သူ့အားခဏမျှ အမှတ်ရနေစေလိမ့်မည်။


ယင်းက အလျှော့ပေးခြင်း၊ အရှုံးပေးခြင်းပင်။


အလွန် အရှက်မဲ့ရလွန်းသည်။


ယွမ်ရှောင်ကျိုးကဲ့သို့သောလူမျိုးများ ဂရုအစိုက်ဆုံးက သူတို့၏ ဂုဏ်သိက္ခာပင်။


အတန်းဒါရိုက်တာ၏ အကြည့်စူးစူးနှင့် တန်းခွဲ၃၏ အကြည့်များအောက်တွင် ယွမ်ရှောင်ကျိုးတစ်ယောက် ကန်ထုတ်လိုက်သောစာရေးခုံကို ပြန်ယူလာပေးရသည်။ ညစ်ပတ်သွားသောခုံအစွန်းကိုလည်း အင်္ကျီလက်ဖြင့်သုတ်ပေးလိုက်ရသည်။


သူအလွန်ပင် အရှက်ရသွား၏။


လော့ရှိုးက စတင်ပြီးရယ်လိုက်သောကြောင့် လူအမြောက်အများထံမှရယ်သံများက မသဲမကွဲထွက်လာလေသည်။


ယွမ်ရှောင်ကျိုး၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ သူက ကျူးထုန်ကိုကြည့်ကာမေးလိုက်သည်။ 


"ကျေနပ်ပြီလား..."


ကျူးထုန်က သူဖြဲလိုက်သည့်စတစ်ကာကိုကြည့်ကာ ကျေနပ်သည်ဆိုသည့် စကားနှစ်လုံးပင်မပြောနိုင်တော့ချေ။


နောက်ဆုံးတော့ သူအတန်းပိုင်ကိုကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်ရသည်။ 


"ကျေနပ်ပြီ..."


ယွမ်ရှောင်ကျိုးအနေဖြင့် သူ့အားသတ်ချင်နေပေပြီ။


သူက စိတ်ထဲမှ ခါးခါးသီးသီးတွေးနေလိုက်၏။ ကျောင်းသားသစ်၊ မင်းစောင့်နေလိုက်။


သူတို့ အတန်းထဲမှထွက်သွားမှ အတန်းထဲတွင် ရယ်သံများဖြင့်ဝက်ဝက်ကွဲသွားခဲ့သည်။


အချို့ကမူ သက်ပြင်းချနေကြ၏။


ကျူးထုန်က ယန်ချန်ကိုကြည့်လိုက်သည်။ သူကအရှေ့ကိုတိုးလိုက်ပြီး ယဥ်ကျေးသည့်အမူအရာဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။


ယန်ချန်က ဤကလေးအပေါ်တွင် အမြင်ကောင်းရှိသည့်တိုင် ယွမ်ရှောင်ကျိုးကိုအော်ထားပြီးကာစဖြစ်၍ သူ့အသံကခက်ထန်နေခဲ့သည်။


 "မင်းနာမည်က ကျူးထုန်မလား..."


ကျူးထုန်ကခေါင်းညိတ်ပြလိုက်သည်။ 


"ဟုတ်ပါတယ်.."


"ဟုတ်တာပေါ့..." 


ယန်ချန်ကပြုံးကာပြောလိုက်လေ၏။ 


"ကျောင်းအုပ်ကပြောတယ်၊ မင်းကဒီကို စာသင်ဖို့လာတာဆို၊ ရှောက်မင်နဲ့ စားပွဲတစ်လုံးတည်းအတူထိုင်မယ်လို့လည်းပြောခဲ့သေးတယ်တဲ့၊ ဒီလိုတက်ကြွတာမျိုးကကောင်းတယ်၊ ဆရာကတော့ မင်းကိုချီးကျုးတယ်..."


ထိုသူက ပုံမှန်အတိုင်းပြောလိုက်ခြင်းဆိုသော်လည်း ကျူးထုန်၏နှလုံးမှာမူ ရုတ်တရက် နာကျင်သွားလေသည်။


သူက နှုတ်တောင်မဆက်ရဲသေးတာတာကို၊ ဘာလို့ ရုတ်တရက်ကြီး သူ့ကိုရောင်းစားရတာလဲ။


သူလှည့်ကြည့်လိုက်ရာ ရှောက်မင်ကလည်း သူ့ကိုအံ့အားသင့်နေသည့်မျက်နှာဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။


ကျူးထုန်မှာ စိတ်ထဲ၌အေးခနဲဖြစ်သွားရပြီး ရှင်းပြလိုက်ရသည်။ 


"ဆရာ၊ အထင်လွဲနေပြီ၊ ကျွန်တော်ပြောင်းလာကရှောက်..."


"အိုကေ၊ ရှက်မနေပါနဲ့..." 

ယန်ချန်က ဖြတ်ပြောလာ၏။ 

"ရှောက်မင်က မြို့မှာဆို အမြဲပထမလေ၊ သူက ကူလည်းကူညီပေးတတ်တယ်၊ မင်းမှာမေးစရာရှိရင် သူ့ကိုသာမေး..."


ကျူးထုန်: "ကျွန်တော်..."


"လရောင်ဖြူလေးရဲ့နှစ်သက်မှုက တစ်ရာခိုင်နှုန်းကျသွားပါပြီ၊ လက်ရှိနှစ်သက်မှုက ကိုးရာခိုင်နှုန်းပါ၊ host ကြိုးစားဖို့လိုနေပါတယ်..."


ကျူးထုန်: "....."


သူ ICU အခန်းထဲရောက်သွားသည့်ပုံကို မြင်ယောင်မိသလိုပင်။


အစ်မရေ သူ့ကိုကယ်ပါဦး။



ရွှံ့ရေတို့ကိုမွှေနှောက်ပြီးမှ ယန်ချန် ထွက်သွားခဲ့သည်။


ကျူးထုန်မှာ သူအားကိုးရလောက်သည်ဟုထင်ထားခဲ့သူက ဝက်လိုအသင်းဖော်ဖြစ်သွားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။


ထို့အပြင် ယန်ချန်ကလည်း စကားကို အသံတိုးတိုးဖြင့် ပြောသွားခြင်းမဟုတ်ပေ။


သူနောက်ပိုင်းပြောသွားသည့်စကားအချို့ကို တစ်တန်းလုံးနီးပါးက ကြားသွားခဲ့သည်။


အတင်းပြောချင်နေသည့်မျက်လုံးတို့က သူ့အပေါ်ရောက်လာလေ၏။


ကံကောင်း၍ အတန်းတက်သည့်ဘဲလ်သံက အချိန်မီလေးမြည်လာပြီး ကျူးထုန်မှာလည်း တစ်တန်းလုံး၏အကြည့်အောက်မှ ယာယီရှောင်ကွင်းနိုင်ခဲ့သည်။


သူ ရှောက်မင်ကို ခိုးကြည့်လိုက်၏။


ရှောက်မင်ကမူ ဆရာပြောသွားသည့်စကားများကို စိတ်ထဲမထားသည့်အတိုင်း တည်ငြိမ်နေလေသည်။


သို့တစေ နှစ်သက်မှုပြဘားတန်း အောက်ဘက်ကိုထိုးကျနေမှုကမူ အခြားတစ်စုံတစ်ရာကို ပြော၍နေ၏။


ကျူးထုန်သည်လည်း ယခုလိုဖြစ်လာလိမ့်မည်ကို သိထားပါက သူ့ဘက်မှ ရှောက်မင်နှင့် တစ်ခုံတည်းထိုင်ချင်ပါသည်ဟု ကျောင်းအုပ်ကိုပြောခဲ့လိမ့်မည် မဟုတ်ပေ။


မည်သို့ဆိုစေ မှောက်ကျပြီးသွားသည့် နို့များအတွက် ဘာကြောင့်များ ငိုနေရမည်လဲ။

[ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ လို့ပြောချင်တာပါ]


လွတ်နေသည့်ခုံဟူ၍ ရှောက်မင်ဘေးတွင်သာရှိတော့၏။


မည်သူကမှ ကိုယ်မသိသည့်လူစိမ်းတစ်ယောက် အကွက်တကျဖြင့် ချဥ်းကပ်လာခြင်းကို သဘောကျမည်မဟုတ်ပေ။


ကျူးထုန် သက်ပြင်းရှည်ကြီးကိုသာ ဆွဲချလိုက်သည်။


ယင်းက ကံဆိုးမှုတစ်ခုပင်။


သူက ယွမ်ရှောင်ကျိုးဖြဲသွားသည့် စားပွဲပေါ်မှစတစ်ကာကိုကြည့်လိုက်သည်။


မတိုင်ခင်ကလောက် ကြည့်မကောင်းတော့ပေ။


တော်သေး၍ သူပြင်ဆင်ထားခဲ့သည်။ သူ စတစ်ကာအလိပ်နှစ်ခုဝယ်လာခဲ့၏။


ရှောက်မင် "ဗြိ" ဆိုသောအသံကိုကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်ရာ သူ၏ထိုင်ခုံဖက်က ကြိုးစားပမ်းစားကပ်ထားခဲ့သည့်စတစ်ကာကို ဖြဲပစ်လိုက်မှန်းတွေ့လိုက်ရလေ၏။


သူ နောက်ထပ် စတစ်ကာအလိပ်ကို အိတ်ထဲမှထုတ်နေသော ထိုသူကိုကြည့်နေမိသည်။


ရှောက်မင်: "....."


ယခုအခြေအနေကိုသာ ယွမ်ရှောင်ကျိုးမြင်သွားပါက ပါးစပ်အပြည့်ဖြင့်သွေးအန်သွားနိုင်သည်။


ယွမ်ရှောင်ကျိုးမှာ အနှီစတစ်ကာများကိုသန့်ရှင်းပေးရင်း အရှက်တကွဲဖြစ်ခဲ့ရသည် မဟုတ်ပါလား။


အားလုံး စုတ်ဖြဲခံလိုက်ရပြီးနောက် အမှိုက်များဖြစ်ကုန်၏။


ရှောက်မင်မှာ မနေနိုင်တော့ဘဲပြုံးလိုက်မိသည်။


သူက အာရုံစိုက်ခံချင်လို့လုပ်နေတာလား။


ရှေ့မှအတွေ့အကြုံကြောင့် ဒုတိယအကြိမ်တွင်မူ ပိုပြီးသပ်ရပ်သွားလေသည်။


အတန်းပိုင် အခန်းထဲဝင်မလာမှီ ကျူးထုန်၏ စားပွဲခုံကိုတန်ဆာဆင်နေသည့်အလုပ်က ပြီးဆုံးသွားခဲ့သည်။


တန်းခွဲသုံး၏အတန်းပိုင်မှာ တည်ငြိမ်သည့်အမူအရာဖြင့် ရှစ်ဝမ်ရှုဟုအမည်ရသော ဆရာတစ်ယောက်ပင်။


တရုတ်စာသင်သောဆရာဖြစ်၍လားမသိ၊ ထိုသူတွင် အားကောင်းသော စာပေအငွေ့အသက်တို့ရှိနေ၏။


ရှစ်ဝမ်ရူ စာသင်ခန်းထဲဝင်လိုက်သည်နှင့် သူ့မျက်လုံးတို့က ပြတင်းပေါက်ဘေးမှ နောက်ဆုံးတန်းကို တန်းပြီးရောက်သွားလေသည်။


အခုလေးတင်ပင် သူ့အတန်းမှကျောင်းသားအသစ်က ယွမ်ရှောင်ကျိုးထံမှအနိုင်ကျင့်ခံခဲ့ရသည်ဟု ဒါရိုက်တာထံမှကြားခဲ့ရသည်။


သူက နောက်ကျမှရောက်လာသောကြောင့် ကျောင်းသားအသစ်ကို နှစ်သိမ့်ပေးရန်စီစဥ်ထားခဲ့၏။


သူ ကျူးထုန်ကို ချက်ချင်းလှမ်းခေါ်လိုက်လေသည်။


"အတန်းမစခင် တစ်ခုလောက်အရင်ပြောချင်တယ်၊ ကျူးထုန် စင်ပေါ်တက်လာခဲ့..."


ကျူးထုန်: "....."


စင်ပေါ်တွင်ရပ်နေရင်း ရှစ်ဝမ်ရှူကပြုံးပြလိုက်သည်။


"အားလုံးသိကြတဲ့အတိုင်း ဒီနှစ်မှာ ကျောင်းသားအသစ်တစ်ယောက် ဆရာတို့ကျောင်းကိုပြောင်းလာတယ်၊ ကျူူထုန်၊ လာပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါဦး..."


သူပြောပြီးသည်နှင့် အောက်မှမိန်းကလေးများက တီးတိုးပြောလာကြသည်။


"သူ့နာမည်က ကျူးထုန်တဲ့လား..."


"နာမည်လေးကတောင် ချစ်စရာကောင်းနေတယ်..."


"ကျောင်းသားအသစ် ကိုလူချောလေးရောက်လာတဲ့အတွက် တန်းခွဲသုံးကို ဂုဏ်ပြုပါတယ်..."


ကျူးထုထုန်တွင် စင်ကြောက်သည့်ရောဂါမရှိ၍ ချက်ချင်းပြောလိုက်၏။ 


"ဟယ်လို အားလုံးပဲ ငါကကျူးထုန်ပါ၊ နတ်သမီးပုံပြင်တွေထဲက ကလေးလေးပါ..."


အားလုံး ကျိတ်ပြုံးလိုက်ကြပြီး သူနောက်ထပ်ပြောလာမည့်စကားကိုစောင့်နေကြသည်။


သို့ထိတိုင် ထိုစကားပြီးသွားသည့်နောက် ကျူးထုန်က တိတ်ဆိတ်သွားတော့၏။


သူ စင်ပေါ်မှလှမ်းကြည့်လိုက်သည်။


အောက်မှအတန်းဖော်များကလည်း သူ့ကိုကြည့်နေကြသည်။


မျက်လုံးကျယ်ကျယ်ဖွင့်လျက် အချင်းချင်းကြည့်နေကြ၏။


ဒါပဲလား၊ ပြီးပြီလား။


ရှစ်ဝမ်ရှူ ကယ်ရာမဲ့သည့်အပြုံးဖြင်ဆိုသည်။


 "မင်းထပ်ပြောချင်တာရှိသေးလား..."


ကျူးထုန်က သူ့ကိုလှည့်ကြည့်ပြီး မျက်နှာသေဖြင့်ပြောလိုက်၏။


"ဘာလဲဟင်..."


ရှစ်ဝမ်ရှူ: "....."


"ဥပမာ၊ မင်းဘယ်ကလာတာ၊ ဘာကိုကြိုက်တတ်တာတို့..."


ကျူးထုန်: "ကျွန်တော်က A မြို့ကပါ..."


"....."


ရှောက်မင်က စားပွဲတွင် ဖုန်းတစ်လုံးနှင့်ထိုင်နေပြီး ဖုန်းမှန်ကိုကြည့်ရင်း သူ၏အရှေ့ဆံပင်ကို သပ်နေလေသည်။


"A မြို့" ဆိုသောအသံကြားသည်နှင့် သူ စင်ပေါ်ကို ချက်ချင်းကြည့်လိုက်မိ၏။


သူ၏မျက်လုံးလှလှလေးများက အနည်းငယ်မျှ သတိအပြည့်ဖြင့်ဖြစ်နေပြီး မည်းနက်လာလေသည်။


သူထုတ်ပြောလိုက်သည့်မြို့အမည်ကြောင့် တစ်တန်းလုံး ငြိမ်ကျသွားလေသည်။


"A မြို့..."


သူလည်း A မြို့ကနေလာတာလား။


"ထပ်ပြီး A မြို့ပဲလား..."


"ရှားယန်လည်း A ကနေပဲလာတာနော်၊ ဟုတ်တယ်မလား..."


"သူက ရှောက်မင်ကြောင့် ဒီနေရာကိုလာခဲ့တာတော့မဟုတ်ဘူးမလား၊ ကျောင်းစာနတ်ဘုရားရဲ့ ချောမောမှုက အဆုံးမရှိဘူးပဲ..."


"ဟုတ်လိမ့်မယ်၊ ဆရာယန်ပဲပြောသွားတာလေ၊ သူကရှောက်မင်အတွက်လာခဲ့တာတဲ့..."


"ပွဲကတော့ကြည့်ကောင်းပြီ..."


ရှစ်ဝမ်ရှူကား အုပ်စုလိုက်အတင်းပြောနေကြသည့် အကြောင်းအရာများကို သိပ်မသိပေ။


ကျူးထုန်က ထိုစကားတစ်ခွန်းတည်းသာပြောပြီး ငြိမ်သွားပြန်သည်။


သူက ပတ်ဝန်းကျင်အသစ်ကြောင့် ကျူးထုန် နေရခက်နေခြင်းဖြစ်မည်ဟု တွေးလိုက်ပြီး ကျောင်းသားလေးကို အရှက်မရစေချင်တော့ပေ။


"အားလုံး တိတ်တိတ်နေ..."


ရှစ်ဝမ်ရှူက ကျောင်းသားများ၏ဆွေးနွေးပွဲကို တားလိုက်သည်။


"ကျုးထုန်က ဒီမှာ ကျောင်းသားအသစ်ဆိုတော့ မင်းတို့အချင်းချင်းကူညီပေးရမယ်၊ ထပ်ပြောရရင် အတန်းဖော်ထုန်က ကျန်းမာရေးသိပ်မကောင်းဘူး၊ မင်းတို့သူ့ကို ပိုပြီးဂရုစိုက်ပေးရမယ်၊ ကြားကြလား..."


တစ်ယောက်က ချက်ချင်းတုံ့ပြန်လာလေသည်။


ကျူးထုန်က ရှစ်ဝမ်ရှု၏အကြံပေးချက်အတိုင်း ထိုင်ခုံတွင် သွားပြန်ထိုင်လိုက်သည်။


သူ့ကိုယ်သူမိတ်ဆက်ပြီးသည့်နောက်ပိုင်း အတန်းထဲမှလေထုက အတော်လေးပြောင်းလဲသွားသလိုရှိသည်။


ဘာကြောင့်ရယ်မသိ၊ အတန်းပိုင်ထွက်သွားသည်နှင့် အရှေ့ခုံမှမိန်းကလေးများက သူ့ထံချဥ်းကပ်လာကြသည်။


"ဟယ်လို ကျုးထုန်၊ ငါက ထျန်နွမ်၊ တန်းခွဲသုံးရဲ့ အတန်းခေါင်းဆောင်၊ နောက်ပိုင်း အကူအညီလိုလာရင် ငါ့ကိုလာပြောလို့ရတယ်..."


ထျန်နွမ်ကား အနက်ရောင်ဆံပင်နှင့် ရှေ့ဆံပင်ကို ခပ်ပါးပါးချထားပြီး မျက်လုံးရွဲကြီးများရှိသော မိန်းမလှလေးတစ်ယောက်ဖြစ်လေ၏။


ယင်းက လူများကို သက်သောင့်သက်သာခံစားရစေသည်။


ကျူးထုထုန်ကခေါင်းညိတ်ကာ ယဥ်ယဥ်ကျေးကျေးပင်တုံ့ပြန်လိုက်၏။ 


"ဟယ်လို..."


ထိုအချိန်မှာပင် ထျန်နွမ်၏ ထိုင်ခုံဖက်က လှည့်လာပြီးတိုက်ရိုက်ပင်မေးလိုက်လေသည်။ 


"ဒါနဲ့၊ နင်တကယ်ပဲ A မြို့ကလား...."


"အင်း..."


သူတို့အားလုံးက ထိုကောင်လေးကို ပေါ့ပါးသည့်တုံ့ပြန်မှုအပြင် ပိုပြောလာရန်မျှော်လင့်ခဲ့ကြသည်။


သူကား မိမိကိုယ်မိမိ မိတ်ဆက်တတ်ခြင်းမရှိရာ ထိုမိန်းကလေးနှင့် မည်သို့ဆက်ဆံရမည်အား မသိတော့ပါချေ။


"ဒါဆို နင် ရှားယန်ကိုရောသိလား၊ သူလည်း A မြို့ကပဲလေ၊ သူလည်း ငါတို့ကျောင်းက ကျောင်းသားအသစ်ပါပဲ..."


"......"


ရှားယန်အကြောင်းကိုတော့ သိပ်မသိပါချေ။


ဘာကြောင့်များ ရှားယန်အကြောင်းကို ရုတ်တရက်မေးလာရသည်လဲ။


ရုတ်ချည်းပင် ကျူးထုန်တစ်ယောက် မကောင်းသည့်ခန့်မှန်းချက်တစ်ခုရလိုက်သည်။


ထျန်နွမ်မှာ ရုတ်တရက် သူ့ထိုင်ခုံဖော်က ရှားယန်အကြောင်း မေးလာလိမ့်မည်ဟုမထင်ထားခဲ့သောကြောင့် ခပ်မြန်မြန်ပင် ဖြတ်ပြောလိုက်သည်။ 


"ထျန်မန်၊ ပေါက်ကရတွေမပြောနဲ့..."


ထျန်မန်မှာ မကျေမနပ်ဖြစ်သွားလေသည်။


 "ဘာလို့လဲ၊ ငါကဘာလို့ မေးလို့မရတာလဲ..."


ထျန်နွမ်: "နင်ကတော့..."


သူမက ဘေးမှရှောက်မင်ကို ဖျတ်ခနဲကြည့်လိုက်ပြီး မည်သို့မည်ပုံတားသင့်မှန်းမသိတော့ပေ။


ကျူးထုန်ကလည်း ရှောက်မင်ကိုလှမ်းကြည့်လိုက်ပြီး ထိုသူ၏မျက်နှာထားက ပုံမှန်ဖြစ်နေသည်ကိုမြင်ရသည့်အခါ တွေဝေသွားမိသည်။


 "ရှားယန်ဆိုတာ ဘယ်သူလဲ..."


ထျန်နွမ်က စိုးရိမ်နေသည့်မျက်နှာဖြင့် ချက်ချင်းပြန်ဖြေလာသည်။ 


"ရှားယန်ဆိုတာ အထက်တန်းပထမနှစ်က အချောလေးလေ၊ သူက နင့်ထက်အရင်စောပြီး ကျောင်းပြောင်းလာတာ၊ သူက သင်ယူမှုနတ်ဘုရားကြောင့် ဒီကိုရောက်လာတာလေ၊ သူ ရှောက်မင်ကိုလိုက်နေတာ တစ်ကျောင်းလုံးသိကြတယ်၊ ဆရာယန်ပြောသွားတာကလည်း နင်က...."


"ထျန်မန်..."


ထျန်နွမ်က လေသံမာမာဖြင့် သူမစကားကိုဖြတ်တောက်ပစ်လိုက်သည်။


ထျန်မန်ကရပ်သွားပြီး ထျန်နွမ်ကိုဖျတ်ခနဲကြည့်လိုက်ကာ အသံတိတ်ဖြင့်နှုတ်ခမ်းတို့ကိုခပ်ရေးရေးမျှတွန့်ကွေးထားရင်း ခုံကိုကျောမှီထိုင်နေသည့် ရှောက်မင်ကိုလှမ်းကြည့်လိုက်သည်။


ထျန်နွမ်က မျက်နှာပူပူဖြင့်ပင်ပြောလိုက်ရသည်။ 


"တောင်းပန်ပါတယ် ကျူးထုန်၊ သူကအမြဲတမ်း သူပြောချင်ရာစွတ်ပြောတတ်တယ်၊ စိတ်မရှိပါနဲ့..."


ကျူးထုန်ကပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။


ထျန်နွမ်မှာ ရှက်လွန်းသောကြောင့် သူ့ကိုစကားထပ်ပြောရန်ပင် မျက်နှာပူသွားမိလေ၏။


သူတို့နှစ်ယောက်ပြန်လှည့်သွားသည်နှင့် ကျူးထုန်မျက်နှာပေါ်မှအပြုံးက ပျောက်ကွယ်သွားလေတော့သည်။



🤒