Chapter 6
Viewers 2k

🤒အခန်း ၆

 [ရှားယန်]




နောက်ဆုံးတော့ သူ ဘာကပြဿနာဖြစ်နေသည်ကို ရှာတွေ့သွားရသည်။


အတန်းထဲမှလူများက တစ်ခုခုကိုအထင်လွဲနေပုံရ၏။


သူနှင့်ရှားယန်တို့နှစ်ယောက်လုံးက A မြို့မှလာခဲ့ကြပြီး လက်ရှိမှာ ရှားယန်က ရှောက်မင်အနောက်ကို အသည်းအသန်လိုက်နေသည့် အချိန်လည်းဖြစ်နေလေသည်။


ထို့အပြင် သူကလည်း ကျောင်းပြောင်းလာပြီး ရှောက်မင်နှင့်စားပွဲတစ်လုံးတည်းအတူခွင့်ကိုလည်း တောင်းဆိုခဲ့မိသည်။


ရှားယန်ကြောင့် လူအများက သူ့ကိုလည်း ရှောက်မင်အတွက် လျှို့ဝှက်လှုပ်ရှားနေသည်ဟု အထင်အမြင်လွဲခြင်းက ဖြစ်နိုင်သည်ပင်။


ဝတ္ထုထဲမှမူလစာကြောင်းအရ လူတိုင်းသဘောကျကြသည့် လရောင်ဖြူလေးက အခြားသူများကို ပစ်ပစ်ခါခါငြင်းတတ်သည်ဟု ဆို၏။


ရှားယန်က ရှောက်မင်အနောက်သို့လိုက်နေသော်လည်း အငြင်းခံနေရဆဲပင်။


ရှောက်မင်က အခြားသူများရှေ့တွင်သာ သူ့အပြုအမူကိုထိန်းသိမ်းထားတတ်သူဖြစ်၏။


နောက်ကွယ်တွင်မူ အတော်လေးကို စိတ်ရှုပ်စရာကောင်းလှသည်။


ထိုအတိုင်းဆိုလျှင် ရှောက်မင်က သူ့အပေါ် မည်သို့များတွေးနေမည်နည်း။


"လရောင်ဖြူလေးရဲ့နှစ်သက်မှုရာခိုင်နှုန်းက လေးရာခိုင်နှုန်းအောက်ကိုကျသွားပါပြီ၊ လက်ရှိနှစ်သက်မှုက ငါးရာခိုင်နှုန်းပါ၊ host ရဲ့ကြိုးစားမှုကလိုအပ်နေပါတယ်..."


ကျုးထုန်: "..."


ဘာလုပ်ရမှာလဲ။


သူဘာလုပ်ရမလဲ။


ကျူးထုန်မှာ ရှောက်မင်ကိုရှင်းပြမှဖြစ်တော့မည်ဟုခံစားရသည်။


သို့ဖြစ်၍ မေးခွန်းထဲတွင် ခေါင်းစိုက်နေသောရှောက်မင်ကိုကြည့်လိုက်ပြီး အချိန်အတန်ကြာအောင် တုံ့ဆိုင်းနေခဲ့၏။


သူ ရှောက်မင်ကို ပိုပိုသာသာလေးပြောလိုက်သည်။ "ငါကရှားယန်နဲ့မတူပါဘူး၊ စိတ်ချပါ..."


"....."


ရှောက်မင်၏ ပြဿနာဖြေရှင်းနေသည့် အပြုအမူက လျော့သွားလေသည်။


သူကခေါင်းမော့လိုက်ပြီး မျက်နှာထက်မှအပြုံးက နွေးထွေးလှသော နွေဦးလေညင်းလေးတိုက်ခတ်သွားသလိုပင်။ 


"အင်းပါ၊ ငါမင်းကိုယုံပါတယ်...."


ကျူးထုန်: "....."


မင်းပုံစံက ငါ့ကိုမယုံသလိုပဲနော်။


နှစ်သက်မှုရာခိုင်နှုန်းက မတက်လာသေးဘူး။


ကျူးထုန် စိတ်ထဲမှပြောလိုက်မိလေ၏။ 


"သူ့မျက်နှာကပြုံးနေပေမဲ့ သူ့စိတ်ထဲမှာတော့ မယုံသေးတာလား..."


စနစ်: "ဟုတ်တာပေါ့..."


ကျူးထုန်: "....."


ဘာလို့လဲ။


သူဘာမှားသွားလို့လဲ။


သူကဘာလို့ သံသယအဝင်ခံနေရတာလဲ။


ကျူးထုန်မှာ ဤတခေါက်တွင်တော့ ထုန်ထုန် သူ့ကိုရန်မစရဲပါစေနှင့်ဟု ဆုတောင်းမိသည်။


သူခေါင်းကိုပြန်လှည့်လိုက်ပြီး ဟန်ဆောင်ပန်ဆောင်လုပ်ရန် စာအုပ်လိုက်ရှာသည်။ သို့ရာတွင် အံဆွဲအားဖွင့်လိုက်သည့်အချိန်၌ သူ့တွင် စာအုပ်မရှိနေသေးကိုတွေ့လိုက်ရလေတော့၏။


သူက ဤကျောင်းတွင် လူသစ်လေးပင်။


ဖတ်စာအုပ်နှင့် လေ့ကျင့်ခန်းစာအုပ်များက မည်သည့်နေရာတွင်ရှိနေသည်ကိုလည်း သူမသိပေ။


ကျူးထုန် သူယူလာသည့် ကင်းဗတ်အိတ်အတွင်းသို့ ဟိုစမ်းဒီစမ်းလုပ်လိုက်ရာ နောက်ဆုံးတွင် သူဆေးရုံမဆင်းမှီက ဖတ်မပြီးသေးသည့် ဝတ္ထုစာအုပ်တစ်အုပ်ကို ရလိုက်လေသည်။


ကျူးထုန်: "....."


ကောင်းပြီလေ။ မြန်မြန်လေး ဆက်လုပ်လိုက်တာပေါ့။


သူ ဝတ္ထုစာအုပ်ကို စာရွက်တွင်မှတ်သားထားသည့်နေရာအထိလှန်လိုက်ပြီး စားပွဲခုံပေါ်ကိုတင်လိုက်သည်။


ရှောက်မင်ကသူ့ကို မထင်မှတ်ဘဲကြည့်လိုက်မိပြီး သူ့စာအုပ်အဖုံးအပေါ်ကို မရည်ရွယ်ဘဲအကြည့်ရောက်သွားလေသည်။


"မင်းကိုယ့်ကိုချစ်လာတဲ့နေ့အထိစောင့်နေဆဲ"


ရှောက်မင်: "..."


အတန်းထဲတွင် စာကိုစိတ်ဝင်စားနေသူက လူနည်းစုလေးသာရှိပြီး လူအများစု၏အာရုံက ဖိုရမ်တွင်စုဝေးနေကြလေသည်။


ယနေ့ ယွမ်ရှောင်ကျိုးက ကျောင်းသားအသစ်ကိုရှာရန် တန်းခွဲသုံးကိုလာခဲ့သော်လည်း စိတ်ပျက်မှုအပြည့်ဖြင့်ပြန်သွားရပြီး ယင်းအကြောင်းကို ဖိုရမ်ပေါ်တွင်တင်ထားခဲ့လေ၏။


[ကျောင်းသားအသစ်က သေမှာတောင်မကြောက်ဘဲ စစ်ပွဲတစ်ပွဲနဲ့တင် နာမည်ကြီးသွားတယ်]


[သူက ကျားကိုမကြောက်တဲ့ ဖိုက်တာပဲ၊ ကျောင်းမှာ ယွမ်ရှောင်ကျိုးကို တိုက်ရိုက်ရန်စရဲတဲ့ပထမဆုံးကျောင်းသားက သူပဲ]


[ယွမ်ရှောင်ကျိုးဒီလောက်အရှက်ရသွားတာကို ငါတစ်ခါမှမမြင်ဖူးဘူး - နဖူးပေါ်မှဒဏ်ရာနှင့် ယွမ်ရှောင်ကျိုး၏ ရယ်စရာပုံ]


[ယွမ်ရှောင်ကျိုးက သူ့ကိုယ်သူ အမြဲ ကိုလိုနီဗိုလ်ချုပ်ကြီးလို့ထင်ခဲ့တာမလား၊ ကျောင်းသားအသစ်ကလည်း ချူချာတယ်လို့ကြားတယ်၊ လူမမာကိုတောင်လုပ်ရဲတယ်ဆိုတော့ á€Ąá€›á€žá€€á€şá€™á€›á€žá€­á€á€ťá€€á€şá€•á€˛]


[လူမမာလို့ထင်နေသေးတယ်၊ လူမမာကိုက ပုံမှန်မဟုတ်ဘူး၊ A မြို့ကနေလာတာတဲ့၊ ထိုင်ခုံကိုတောင် ကျောင်းအုပ်ကိုယ်တိုင်စီစဥ်ပေးတာတဲ့]


[A မြို့ကလား၊ ရှောက်မင်အတွက်လား၊ သူနဲ့ရှားယန်တို့က ဘယ်လိုပတ်သက်တာလဲ]


[အချစ်ပြိုင်ဘက်တွေလို့ပြောရမလား၊ ဟီး..ဟီး..ဟီး]


[ဒါဆို မေးခွန်းက ကျောင်းစာနတ်ဘုရားကြီးက ဘယ်သူ့ကိုရွေးမှာလဲ]


[တစ်ယောက်မှအရွေးခံရမှာမဟုတ်ဘူး၊ ဟား...ဟား...ဟား]


[ကျောင်းစာနတ်ဘုရား: တုံဏှိဘာဝေ jpg]


ဖိုရမ်အပြင်ဘက်ရှိ ရှားယန်မှာ ဖိုရမ်ပေါ်မှ အခြားသူများ၏ အတင်းအဖျင်းများကိုကြည့်ပြီး သူ့နှလုံးသားက ချဥ်စူးလာလေသည်။


ကျောင်းမှလူတိုင်းက သူရှောက်မင်ကိုသဘောကျနေမှန်းသိကြသည်။


ရှောက်မင်ကသူ့ကိုသဘောမကျမှန်းလည်း တစ်ကျောင်းလုံးသိကြသည်။


သူ့အနေဖြင့် မြို့တော် A မှ ရှောက်မင်ချိုင်၏ကျေးဇူးကြောင့် နာမည်ကြီး ကိုယ်ပိုင်ကျောင်းမှထွက်လာပြီး ဤနယ်မြို့လေးကိုပြောင်းလာနိုင်ခဲ့သည်။


သူ ဘားထဲတွင်ရန်စခံခဲ့ရပြီး သူ့ကိုဆွဲထုတ်ရန်ကြိုးစားသည့်ဘားမှ ဂိုဏ်းစတားကို ဆွဲထိုးခဲ့သူက ရှောက်မင်သာဖြစ်လေ၏။


သူကား ထို ရဲရင့်ဖျတ်လတ်ပြီး ချောမောသည့်လူငယ်လေးကို မြင်မြင်ချင်းကြွေသွားခဲ့လေသည်။


သို့ရာတွင် သူဘယ်လောက်ကြိုးစားပါစေ၊ ရှောက်မင်က သူ့ကိုငြင်းပယ်ခဲ့ပြီး သူ့အပေါ် ပို၍သာအေးစက်လာခဲ့လေသည်။


နောက်ဆုံးတော့ ရှောက်မင်က သူ့ကိုရွံမုန်းသွားခဲ့သည်။


ဘာလို့ ရှောက်မင်ကသူ့ကိုမကြိုက်ရတာလဲ။


"ယန်ယန်၊ ဘာတွေတွေးနေတာလဲ..."


သူ့ဘေးမှမိန်းကလေး၏ စကားကြောင့် သူ့အတွေးတို့ ပြတ်သွားရသည်။


ရှားယန်မှာ ဖန်သားပြင်ကို အကြာကြီးစိုက်ကြည့်နေပြီးမှ ပြုံးလိုက်လေ၏။ 


"အမ်၊ ဘာမှမဟုတ်ပါဘူး၊ ဘာလို့လဲ..."


မိန်းကလေး: "အာ၊ ဘာရယ်မဟုတ်ပါဘူး၊ ငါကဒီတိုင်းမေးကြည့်တာပါ၊ ဖိုရမ်ကိုကြည့်ပြီးပြီလား..."


ရှားယန်: "မကြည့်ရသေးဘူး၊ ဖိုရမ်မှာဘာဖြစ်နေလို့လဲ..."


မိန်းကလေးက သူ့ဘေးမှထိုင်ချလိုက်ပြီးပြောလာ၏။ 


"ငါကြားထားတာတော့ အထက်တန်းကျောင်းဒုတိယနှစ်မှာ စီနီယာအသစ်တစ်ယောက် ကျောင်းပြောင်းလာတယ်တဲ့၊ ရှောက်မင်ကိုလည်းသိတယ်တဲ့၊ နင်ရော သူ့ကိုသိလား..."


ဖိုရမ်တွင် အတင်းအဖျင်းများပြန့်နေပြီး ယန်ချန်၏စကားများက အခြားသူသူများအတွက် အဓိပ္ပါယ်ပယ် လုံးဝပြောင်းလဲသွားတော့သည်။


ရှားယန်က သူမပြောနေသည့်လူကိုသိသည့်တိုင် မသိသလိုလုပ်နေ၏။ 


"စီနီယာကဘယ်သူလဲ..."


"သူလေ..." 


ကောင်မလေးကဖုန်းထဲမှ တန်းခွဲသုံးမှတစ်ယောက်ရိုက်ထားသည့် အရှင်းလင်းဆုံးပုံအား ပြလာ၏။


မျက်နှာကိုမြင်လိုက်မှ ရှားယန်၏ မသိစိတ်က တဒင်္ဂမျှတင်းခနဲဖြစ်သွားလေသည်။


ကျူးထုန်။


သူနှင့်ကျူးထုန်မှာ ညစာစားပွဲတွင် တစ်ကြိမ်သာတွေ့ဖူးခဲ့ကြ၏။


ကျူူထုန်အပေါ် သူ့အမြင်မှာ ထိုသူထွက်သွားစဥ်ကျမျက်ဝန်းထဲတွင် မြင်လိုက်ရသည့် အေးစက်စက် ထူးမခြားနားသော အကြည့်တစ်ခုဖြစ်သည်။


သူ့ထံတွင် စပ်ဆုပ်ရွံရှာစရာများဖြင့် ပြည့်နေသကဲ့သို့ ကြည့်သွား၏။


ကျူးထုန်က ဘာလို့ရုတ်တရက်ကြီး ကုန်းရွှေစီရင်စုကိုရောက်လာတာလဲ။


ဘာလို့ရှောက်မင်နဲ့စားပွဲတစ်လုံးတည်းအတူထိုင်ရတာလဲ။


သူဘာလုပ်ချင်နေတာလဲ။


မေးခွန်းပေါင်းများစွာက ပရမ်းပတာဖြင့် တိုးထွက်လာခဲ့၏။


သူ မိန်းကလေးကိုကြည့်ပြီးပြုံးလိုက်သည်။ 


"ကျူးထုန်ပဲ၊ ငါသူ့ကိုသိပါတယ်၊ သူကဘာဖြစ်လို့လဲ..."


မိန်းကလေး၏မျက်လုံးတို့က တဖိတ်ဖိတ်လက်သွားလေ၏။ 


"တကယ်လား၊ ငါ့ကို သူ့ဖုန်းနံပါတ်လေးပေးပါလား..."


ရှားယန်မျက်နှာက ရုတ်ချည်း အေးခဲသွားတော့သည်။


မိန်းကလေးက တစ်ခုခုကိုနားလည်သွားပုံရကာ ခပ်မြန်မြ န်ရှင်းပြလာလေသည်။ 


"ငါ့မှာဘာသဘောမှမရှိပါဘူး၊ သူနဲ့ခင်ချင်ရုံပါ၊ ဟုတ်ပြီလား..."


ရှားယန်က ခေါင်းငုံ့ကာ ရှက်သွားသည့်ဟန်ဖြင့်ပြောလိုက်သည်။ 


"ဆောရီး၊ ငါနင့်ကို သူ့ဖုန်းနံပါတ်တော့မပေးနိုင်ဘူး၊ ဒါပေမဲ့ နင့်အတွေးတွေကိုတော့ပြောပြလိုက်ပါ့မယ်..."


"တကယ်...ကျေးဇူးပါပဲ၊ ယန်ယန်ရယ်..." 

မိန်းကလေးက ပျော်ရွှင်သွားလေသည်။ 

"ဒါဆို နင်လည်း ရွှယ်ရှန်းနဲ့ အမြန်ဆုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်..."


"နင်ကအရမ်းကြည့်ကောင်းတယ်၊ စာလည်းတော်တယ်၊ မိသားစုကလည်း ထောက်ပံ့နိုင်တယ်၊ ရွှယ်ရှန်းကနင့်ကို သေချာပေါက်သဘောကျမှာပါ..."


ရှားယန်၏စကားက အသုံးဝင်သွားခဲ့၏။


"ကျေးဇူးပါပဲ.." 

သူ ရိုးရိုးသားသားပင်တုံ့ပြန်လိုက်သည်။


ဟုတ်တယ်။ သူကြိုးစားတာမလုံလောက်သေးဘူး။


သူပိုကြိုးစားလိုက်လျှင် ရှောက်မင်က သူ၏ဖြူစင်သောစိတ်ကိုမြင်လာလိမ့်မည်။


သူဖုန်းကို ကျစ်နေအောင်ကိုင်ထားလိုက်ရင်း ဖုန်းမျက်နှာပြင်ကိုထပ်ဖွင့်လိုက်ကာ ကျူးထုန်၏ပုံကို အတွေးပေါင်းများစွာဖြင့်ကြည့်နေမိလေသည်။



ညပိုင်းကိုယ်ပိုင်စာကြည့်ချိန်အနည်းငယ်အတွင်းမှာပင် ကျူးထုန် ဝတ္ထုတစ်ပုဒ်လုံးကို အပြီးဖတ်နိုင်ခဲ့သည်။


"မင်းကိုယ့်ကိုချစ်လာတဲ့အထိစောင့်နေဆဲ" ဟူသောဇာတ်လမ်းက နတ်ဘုရားအနောက်သို့ သတ္တိကောင်းစွာလိုက်သည့် မိန်းကလေးတစ်ယောက်၏ဇာတ်လမ်းဖြစ်လေ၏။ ဇာတ်လိုက်မင်းသမီးက လှပပြီး ဇာတ်လိုက်မင်းသားက အကြည့်တစ်ချက်ဖြင့်ပင် သူမကိုမှတ်မိသွားခဲ့သည်။ ထိုနောက်ပိုင်းတည်းက ဇာတ်လိုက်မင်းသမီး၏လှုပ်ရှားမှုတိုင်းမှာ ဇာတ်လိုက်မင်းသား၏စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိလာခဲ့သည်။


ဤဝတ္ထုဇာတ်လမ်းက ရိုးရှင်းလွန်းသည်။ ဇာတ်လိုက်မင်းသားအတွက် မင်းသမီး၏ဗျူဟာမှာ အဆင်ပြေချောမွေ့စွာဖြင့် ရွက်လွှင့်နိုင်ခဲ့၏။


သို့သော် အဘယ်ကြောင့် ထိုသူက အေးတိအေးစက်ဆက်ဆံနေရပါသနည်း။ ကျူးထုန်က ဇာတ်လိုက်မင်းသမီးကဲ့သို့ မင်းသားအပေါ် သံယောဇဥ်ရှိနေခြင်းမျိုးမဟုတ်ဘဲ သူငယ်ချင်းသာဖြစ်ချင်နေပြီး ထိုမှသာ ကျူးထုန်က သူ့ဘဝသူကယ်တင်နိုင်လိမ့်မည်။


သို့ဖြစ်လျှင် အဘယ်ကြောင့်များ ရှောက်မင်ကျေနပ်အောင်လုပ်ရန် ခက်ခဲနေရသည်လဲ။ ကျုးထုန် ပဟေဠိဖြစ်နေရလေသည်။ 


"ဘာလို့ငါ့တာဝန်ရဲ့ပစ်မှတ်က ရှောက်မင်ဖြစ်နေရတာလဲ..." 


ဤမေးခွန်းက သူအမြဲမေးချင်နေသည့်မေးခွန်းပင်။ သူနှင့် လူတိုင်းသဘောကျတဲ့ လရောင်ဖြူလေးက ဘာဆိုင်လို့လဲ။

ဘာလို့သူ့ဘဝက လရောင်ဖြူလေးရဲ့နှစ်သက်မှုအပေါ်မူတည်နေတာလဲ။


သူ၏ဘေးကျပ်နံကျပ်ခက်ခဲနေမှုကို အလိုအလျောက်နားထောင်နေသောစနစ်က ကျူးထုန်အား ပြန်ဖြေပေးလာလေသည်။ 


"ရှောက်မင်က ဇာတ်လိုက်နဲ့ဆက်နွယ်နေတဲ့ တစ်ဦးတည်းသောသူ မလို့လေ၊ ပြီးတော့ ဇာတ်လိုက်အရှိန်အဝါတွေက သူ့အပေါ်ကိုမသက်ရောက်ဘူး..."


ကျူးထုန်: "....."


မူရင်းစာအုပ်တွင် ရှောက်မင်၏ဇာတ်လိုက်အပေါ်သဘောထားက ကျူးထုန်အပေါ်ရှိ သဘောထားဖြင့် အတူတူပင်။ သို့မဟုတ် ရှောက်မင်၏ ကျူးထုန်အပေါ်ဆက်ဆံပုံက ပိုဆိုးရွားသည်ဟုပြော၍ရသည်။ သို့သော် နောက်ဆုံးတွင်တော့ ရှောက်မင်၏အဆုံးသတ်က ကျူးထုန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သွားခဲ့သည်။


အထက်တန်းအောင်သွားပြီးသည့်အခါ ရှောက်မင်က A မြို့ကိုထွက်ခွာသွားခဲ့သည်။ ဇာတ်လိုက်၏လိုက်လံကပ်တွယ်နေမှုကိုရှောင်ရန် ဇာတ်လိုက်မိသားစု၏ကုမ္ပဏီကို မည်သူ့အကူအညီမှမယူဘဲ တစ်ယောက်တည်းဖြုတ်ချခဲ့သည်။


ရှောက်မင်ဘယ်လိုလုပ်လိုက်သည်ကို မည်သူကမှမသိခဲ့ကြချေ။ နောက်ဆုံးတွင် ထိုသူက အောင်မြင်သွားခဲ့သည်။ သူအောင်မြင်သွားသည်နှင့် ဇာတ်လိုက်ဘက်မှလူများက ရှောက်မင်ကိုလိုက်မရှာနိုင်ခဲ့ကြဘဲ သူလည်း နိုင်ငံမှအေးအေးဆေးဆေးထွက်သွားနိုင်ခဲ့ပြီး နိုင်ငံခြားတွင်နေထိုင်ကာ တင်းတိမ်အေးချမ်းစွာဖြင့် အလုပ်လုပ်ကိုင်နိုင်ခဲ့သည်။


လောကကြီးကမတရားလိုက်တာ။ ဆိုတော့ ရှောက်မင်ရဲ့ သူမတူတဲ့ကံကောင်းခြင်းနဲ့ စရိုက်ကြောင့်ပေါ့။ ဗီလိန်လေး ကျုးထုန်က အသက်ရှင်ချင်ရင် ဇာတ်လိုက်ရဲ့ပေါင်ကိုဖက်ထားရတော့မယ်ဆိုတဲ့သဘောလား။


ကျူးထုန် သက်ပြင်းရှိုက်လိုက်မိပြန်သည်။ မည်သို့ပင်ဖြစ်စေ၊ ယင်းက သူအသက်ရှည်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်နေသည်။ ကျူးထုန် တိတ်တဆိတ်နှင့်ဘေးကိုလှည့်ကြည့်လိုက်သည့်အခါ သူ့ဘေးမှထိုင်ခုံကလွတ်နေလေ၏။


"?"


ကျူးထုန် မှင်သက်သွားခဲ့သည်။ 


"ရှောက်မင်ရော..."


666: "Host ဝတ္ထုရဲ့နောက်ဆုံးအပိုင်းကိုဖတ်နေတည်းက သူအခန်းအပြင်ကိုထွက်သွားပြီ..."


ကျူးထုန်: "......"


ကျူးထုန်မှာ ပစ္စည်းများကိုကောက်သိမ်းပြီး အဆောင်ကိုအရင်ပြန်လာခဲ့လိုက်ရ၏။


အမှတ် ၁ အလယ်တန်းကျောင်း၏ အဆောင်တွင်ဖြစ်သည်။ ကျူးထုန်မှာ ကျောင်းကိုပြောင်းမလာခင်တည်းက အဆောင်ပုံစံကိုအကျဥ်းချုံးမြင်ဖူးထားခဲ့သည်။


လူရှစ်ယောက်ဆန့်သောအဆောင်ဆိုသော်လည်း နေရာကမကျဥ်းပေ။ အိပ်ရာနှင့်လော့ခ်ကာများကို စနစ်တကျစီရီထားပြီး ပတ်ဝန်းကျင်ကလည်း သန့်ရှင်းသည်ဟုယူဆရလေသည်။


ကျူူထုန် ဤကျောင်းရောက်လာတည်းက အဆောင်နေကျောင်းသားဘဝတွင် နေပျော်ရန်လေ့လာနေရဆဲဖြစ်၏။ လိုက်လျောညီထွေဖြစ်အောင်နေရုံသာဖြစ်၍ ပြဿနာမရှိလောက်ပါဟု ကျူးထုန် တွေးထားခဲ့သည်။


Host အတွေးကိုကြားလိုက်ရသောစနစ်၏ခံစားချက်: သူ့ host က အခုထိ ရိုးသားနေတုန်းပဲ။


အဆောင်တံခါးဝရောက်မှ ကျူးထုန် တကယ့်ပြဿနာကြီးကို သိသွားခဲ့သည်။ ကော်ရစ်တာကကျဥ်းနေသည်ကိုလည်း သူဂရုမစိုက်သလို အဆောင်တွင် မီးမပျက်သွားပြီးဆူညံနေလျှင်လည်း သူဂရုမစိုက်ပေ။


ဒါပေမဲ့ သန့်ရှင်းသပ်ရပ်ပါတယ်ဆိုတဲ့ အဆောင်ခန်းတွေကဘယ်ရောက်သွားတာလဲ။


အဆောင်ခန်းတစ်ခန်းတွင် ကုတင်ရှစ်လုံးနှင့် စောင်ခြောက်ထည်ရှိသည်။ တံခါးနားမှတစ်လုံးကမူ စောင်ကို ခေါက်ထားလေ၏။ စောင်ခေါက်ထားသည့်တစ်လုံးက ကျုးထုန်အတွက် ဆရာပြင်ပေးထားသည့်ကုတင်ဖြစ်လိမ့်မည်။


တစ်ယောက်က ဆံပင်ရေစက်လက်ဖြင့် ရေချိုးခန်းထဲမှထွက်လာပြီး ရေစိုနေသည့်အိမ်စီးဖိနပ်အပါးဖြင့် အဆောင်ခန်းထဲတွင်လမ်းလျှောက်လာသည်။ တစ်ခါနင်းလိုက်တိုင်း ကြမ်းပြင်တွင် ရေအကွက်လိုက်ကျန်နေခဲ့လေ၏။


အခန်းအလယ်တွင် လူနှစ်ယောက်က ကြမ်းပြင်ပေါ်၌ စားပွဲခုံလေးတစ်လုံးချပြီး မာလာထန်းကိုမြိန်ရေယှက်ရေစားနေကြသည်။ ငရုတ်ဆီအနံ့က အဆောင်တစ်ခုလုံးကိုပျံ့နေခဲ့၏။


ကျန်နှစ်ယောက်ကမူ နံရံကပ်အိပ်စင်ပေါ်တွင်ရှိနေသည်။ ဖုန်းကိုယ်စီဖြင့် အိပ်ရာအစွန်း၌ခြေထောက်တွဲလောင်းချရင်း ကစားနေကြလေသည်။


ကျူးထုန်: "......"


ယခုလိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးသောသခင်လေးကျူးမှာ ကြောင်အမှင်သေနေရှာ၏။


သူကြောင်အနေသည်မှာ သူတို့ထဲမှ တစ်ယောက်ကကျူးထုန်ကိုမြင်သွားပြီး နွေးနွေးထွေးထွေး မနှုတ်ဆက်လာခင်အထိပင်။


 "ကျူးထုန်၊ ရောက်လာပြီလား၊ မာလာထန်းစားပါဦး..."


"ပြီးတော့ ကြက်အူချောင်း ဟော့ဒေါ့လည်းရှိသေးတယ်နော်၊ နည်းနည်းလောက်စားပါဦးလား..."


"....."


ကျူးထုန်မျက်နှာမှာ ဖြူရော်နေပြီ။ သူ့ခမျာ အပြုံးတစ်ပွင့်ကို မျက်နှာပေါ်တွင်မနည်းတင်ထားရပြီး ယဥ်ယဥ်ကျေးကျေးငြင်းလိုက်ရ၏။


 "မစားတော့ပါဘူး၊ မင်းတို့ပဲစားကြပါ၊ ငါ...ငါစာသင်ခန်းထဲမှာ ကျန်နေခဲ့တာလေးရှိလို့ အခုမှသတိရတယ်၊ ငါသွားယူလိုက်ဦးမယ်..."


ကျူးထုန်မှာ ထွက်ပြေးလာလုနီးနီးပင်။


 "စနစ်ရေ၊ စနစ်ရေ၊စနစ်ရေ၊ စနစ်ရေ..." သူ


ကား သုတ်သီးသုတ်ပျာထွက်လာရင်း လမ်းခုလတ်တွင် စနစ်ကိုခေါ်လိုက်၏။


စနစ် 666 က ချက်ချင်းပြန်ဖြေလာသည်။ 

"ဘာများဖြစ်လို့ပါလဲ host..."


ကျူးထုန်

: "မင်းပြောတော့ ရှောက်မင်က သူ့ပုံရိပ်ကို အတော်လေးထိန်းသိမ်းတဲ့သူဆို၊ သူက ဒီလိုနေရာမှာနေတယ်တဲ့လား..."


စနစ်: "ရှောက်မင်ဒီမှာနေတယ်လို့ ကျွန်တော် ဘယ်တုန်းကပြောမိလို့လဲ..."


"....."


"ရှောက်မင်က ဒီမှာမနေတော့ ဘယ်မှာနေတာလဲ..."


666: "နေ့ပိုင်းအတန်းချိန်ဆိုတာရှိတယ်၊ မသိဘူးလား..."


ကျူးထုန်: "....."



🤒