Chapter 48
ယွီချင်းရှီက ကျန်းရှောင်မန်သူ့ကိုပေးသည့် လက်ဆောင်များကို ဘူးပေါက်စလေးတစ်ခုထဲတွင် ထည့်ထားလိုက်သည်။
သူ့တွင် အရုပ်အတော်များများပင်ရှိပြီ နေ့စဥ်နေ့တိုင်း တစ်နေ့တစ်ရုပ်လွင့်ပစ်လျှင်ပင် တစ်နှစ်လုံးနေလျှင်ပင် ကုန်သွားမည်မဟုတ်ပေ။သို့သော် ကျန်းရှောင်မန်ဆီမှ ထူးထူးဆန်းဆန်းအရာများကို သူ့အခန်းထဲတွင် နေရာတစ်နေရာပေးရန်ဆန္ဒရှိနေပေသည်။
သူက ကျားဦးထုပ်လေးကို ဘယ်သောအခါမှ ဝတ်မည်မဟုတ်သလို ကျောက်စရစ်ခဲများနဲ့လည်း ဆော့မည်မဟုတ်ပေ။
သို့သော် သူ့အပြုအမူမှတစ်ဆင့် ယွီဝမ်ချန်း သူ့သားလေးမှာ ကျန်းရှောင်မန်လေးကို နှစ်သက်နေဆဲဖြစ်ကြောင်း မြင်တွေ့နေရ၏။
ရွာမှပြန်လာပြီးနောက်တွင် ယွီဝမ်ချန်းက သူ့ကို ကျန်းရှောင်မန်အားဆက်သွယ်ရန် တစ်ကြိမ်ထက်မကတိုက်တွန်းခဲ့သည်။ သို့သော် ယွီချင်ရှစ်သည် တစ်ယောက်တည်းအဖော်မဲ့နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၏။ သူနှုတ်ဆိတ်နေချိန်များတွင် တစ်နေ့လုံး စကားတစ်ခွန်းမှမပြောချေ။ ယခု သူကျန်းရှောင်မန်ကို ဆက်သွယ်ချင်ရင်ပင် သူဘာပြောရမှန်းမသိခဲ့။
ဘောပင်တစ်ချောင်းကို ကောက်ကိုင်၍ သူမဆီတစ်ခုခုရေးမယ်ကြံလိုက်တိုင်း သူ့ခေါင်းထဲတွင် ဗလာဖြစ်သွားပြီး သူ့စိတ်တွေ မောလာသည်။
အချိန်ကြာလာသည်နှင့်အမျှ ယွီဝမ်ချန်း သူ့ကိုတိုက်တွန်းနေခြင်းအား ရပ်လိုက်တော့ ၏။
ယွီချင်းရှီကိုယ်တိုင် ဒီအခက်အခဲကို မကျော်လွှားနိုင်ပါက ပြင်ပလှုံ့ဆော်မှုများသည် အချည်းနှီးသားဖြစ်လေသည်။ ထိုအစား အပျက်သဘောဆောင်သည့် ရလဒ်သာ ထွက်လာမှာဖြစ်၏။
ထိုကိစ္စသည် လက်ရှိတွင် ဒီလောက်နဲ့ပဲ အဆုံးသတ်သွားမည်ဟု သူထင်ခဲ့လေသည်။ လောလောဆယ်တော့ ဘာတိုးတက်မှုမျှရှိမှာမဟုတ်ပေ။ သူ မထင်မှတ်ထားသည်ကား ယွီချင်းရှီအနေဖြင့် ကျန်းရှောင်မန်ဆီမှစာကို လက်ခံရရှိပြီးနောက် စာပြန်ရန်ဆန္ဒရှိနေခြင်းကိုပင်။
ယွီချင်ရှစ် ထိုအကြောင်းကို သုံးရက်လုံးလုံး လေးလေးနက်နက်စဥ်းစားခဲ့သည်။ သူထိုဟာနှင့်ပတ်သတ်၍ စဥ်းစားလေလေ စိတ်ကကယောက်ကယက်ဖြစ်ပြီး စိတ်မပါတော့လေလေဖြစ်၏။
ထိုကျန်းရှောင်မန်ဆိုသည့် ကောင်မလေးက ကြောက်စရာကောင်းလွန်းပြီး စိတ်ရှုပ်စရာကောင်းရုံသာဖြစ်သည်။ အကယ်၍ သူ့အနေဖြင့် အနည်းဆုံးတော့ နည်းနည်းလောက်ဖြစ်ဖြစ် သူမကို ပြန်လက်စားမချေဘူးဆိုပါက သူရဲ့ယောကျာ်းသိက္ခာတွေ ကျဆင်းကုန်လိမ့်မည်။
အနာဂါတ်မှာ သူ သူမနဲ့ဘယ်လိုလုပ်ကစားနိုင်ပါတော့မလဲ...
နောက်ဆုံးတစ်ခေါက်က သူမ သူ့ကို ကြွက်တစ်ကောင်နဲ့ ခြောက်ခဲ့ပြီး အခုကျတော့ သူ့ကို ပိုးကောင်တချို့နဲ့ လန့်အောင်လုပ်ပြန်ပြီ.... သူ့ဘက်က သူမကို လွယ်လွယ်နဲ့တော့ လွတ်ပေးမှာမဟုတ်တော့ဘူး....
သူ သူမကိုစာပြန်ရေးဖို့ဆုံးဖြတ်လိုက်ကာ ကြမ်းတမ်းသည့် စကားလုံးအချို့ထည့်သွင်းရေးသားပြီး ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်ခမ်းနားမှုကိုမသိရှာသည့် ထိုကလေးမလေးအား ခြောက်လှန့်ရန် ကြောက်စရာကောင်းသော တစ်စုံတစ်ခုကိုပါ စာထဲမှာထည့်ပေးဖို့ကြံလိုက်လေ၏။
အထဲကဇာတ်လမ်းကို မသိလေသူ ယွီဝမ်ချန်းသည် အလွန်ရင်ထဲထိသွားပြီး မျက်ရည်များဝဲလာသည်။
တကယ်ကိုကောင်းလှသည်—နောက်ဆုံးတွင် သူ့သားလေး၌ သူငယ်ချင်းရှိလာပြီဖြစ်သည်။
သူမကိုကြောက်သွားစေရန် ဘာတွေထည့်ပေးရမလဲဆိုတာအတွက်ကို ယွီချင်းရှီ ခက်ခက်ခဲခဲ အဖြေရှာခဲ့ရ၏။
သူလည်း သူမကိုခြောက်ဖို့အတွက် ပိုးကောင်သေးသေးလေးများနှင့် ကြွက်တွေကို ထည့်ပေးချင်သော်ငြား သူမဖမ်းရဲချေ။ သူ့အိမ်ထဲတွင် ထိုအရာများကို တွေ့ဖို့ရာခဲယဥ်းပြီး ကျန်းရှောင်မန်ကလည်း သူတို့ကို သေချာပေါက် ကြောက်မှာမဟုတ်ပေ။
သူ ထိုအကြောင်းကို အချိန်အတော်ကြာ စဥ်းစားနေခဲ့ပြီး နောက်ဆုံးတွင် ဘာပို့ရမလဲဆိုသည်ကို အဖြေရသွားလေသည်။
သူ ကျန်းရှောင်မန်ဆီကို ထူထဲများပြားသည့် စာအုပ်တစ်ပုံတစ်ပင်ကြီးကို ပို့ခဲ့၏ ။
ယွီချင်ရှစ်က ဉာဏ်ကောင်းသည့်ကောင်လေးဖြစ်ပြီး သင်ယူတတ်မြောက်လွယ်သူဖြစ်ကာ သူ့တွင် လေ့ကျင့်ခန်းမေးခွန်းတွေ အများအပြားရှိလေသည်။
ဂဏန်းသင်္ချာပုစ္ဆာများ၊ ယုတ္တိရှိရှိတွေးခေါ်ရသော ပုစ္ဆာများမှ အမှန်ရွေးပုစ္ဆာများ ပေါင်းချုပ်အထိရှိပြီး ကျောင်းပိတ်ရက်တစ်ခုလုံးကပင် သူတို့အားလုံးကို ပြီးစေဖို့ အချိန်လောက်မှာမဟုတ်ချေ။
သူ၏ဆရာများနှင့် သူ့အဖေတို့ကလည်း သူ့အားလေ့ကျင့်ခန်းစာအုပ်များ ဝယ်ပေးကြပြီး သူ့အဘိုးအဘွားများကပင် သူ့ကို တချို့တလေဝယ်ပေးကြသေး၏။
ဤချစ်ခြင်းမေတ္တာများက နက်နဲလွန်းလှသည်။ ယွီချင်းရှီ သူတို့(စာအုပ်များ) အားမကြည့်ချင်သောကြောင့် သူတို့ကို ကျန်းရှောင်မန်အားပေးပြီး သူမကို လေ့ကျင့်ခန်းစာအုပ်များအောက်တွင် အဖိခံရခြင်း၏ အကြောက်တရားအား တွေ့ကြုံခံစားခိုင်းလိုက်ခြင်းဖြစ်လေသည်။
ထို့အပြင် သူလည်း ၎င်းတို့ကို မလုပ်ချင်ပေ။
ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် ယွီချင်းရှီ စိတ်အားထက်သန်စွာဖြင့် စာတစ်စောင်ရေးလိုက်၏။
[မဂ်လာပါ... ချစ်ရတဲ့ကျန်းရှောင်မန်ရေ
မင်းရဲ့စာအတွက် ကျေးဇူးတင်ပါတယ်...
ငါမင်းရဲ့လက်ဆောင်တွေကို အရမ်းကြိုက်ပါတယ်.... ဒါပေမဲ့ မင်းသူတို့ကိုတခြားတစ်ခုခုအနေနဲ့ ပြောင်းပေးလိုက်ရင် ငါပိုပြီးတောင်ပျော်လိမ့်ဦးမယ်လို့ငါထင်တယ်....
ငါက ကျောင်းတက်နေပြီလေ....ပြီးတော့ မင်းထက်စကားလုံးတွေပိုသိတယ်....
ငါကဖျင်ယင်းကိုလည်း သုံးစရာမလိုဘူး..... ဘာလို့လဲဆိုတော့ ငါက ရှင်းဟွအဘိဓာန်ကိုသုံးနိုင်လို့လေ.... ဒါတွေက ငါ့ရဲ့ရတနာအသစ်လေးတွေ.... ငါမင်းကို ပေးလိုက်မယ်....မင်းပြီးအောင်လုပ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်....]
ထိုသို့ရေးပြီးနောက် သူစာရွက်ကိုခေါက်ပြီး စာအိတ်ထဲကို ထည့်လိုက်၏။
စာရွက်များကလွယ်ပေမဲ့ လေ့ကျင့်ခန်းစာအုပ်အပုံလိုက်ကြီးက ပြဿနာဖြစ်လေသည်။ ၎င်းတို့ကို သူစာအိတ်ထဲ ဘယ်လိုထည့်ရမလဲဆိုတာကို ယွီချင်းရှီ မသိပေ။
ယွီဝမ်ချန်က ပြောလာသည်။
"အဖေ မိုင်းတွင်းကို ရက်အနည်းငယ်အတွင်းသွားကြည့်ရမှာ...အဲ့တာတွေအဖေ့ကိုပေး...
အဖေနည်းနည်းလောက် ကွေ့ပတ်သွားပြီး ရှောင်မန်ကိုပေးလိုက်မယ်..."