Chapter 14
Viewers 2k

🤒အခန်း ၁၄

 [တောင်းပန်ခြင်း]



ဆေးရုံတွင် ‌‌ဆေးစစ်ရခြင်းက ကျူးထုန်အတွက် အလေ့အကျင့်တစ်ခုလိုပင် ဖြစ်သည်။


ဆေးစစ်ပြီးနောက် သူ ဆေးရုံမှထွက်လာခဲ့သည်။ ကျူးထုန်၏ခန္ဓာကိုယ်မှာ အများကြီး ပြန်ကောင်းလာပြီဖြစ်သည်။


အနည်းဆုံးတော့ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်း လှမ်းရုံမျှဖြင့် ချောင်းဆိုးကာ သွေးအန်ခြင်းမျိုး မဖြစ်တော့ချေ။


သူ၏မျက်နှာအရောင်မှာ မကောင်းသေးသော်လည်း အမူအရာကမူ ပုံမှန်အတိုင်းဖြစ်နေသည်။ သွေးအန်ခြင်းက ဤမျှပြင်းထန်သည့်တိုင် သူ၏ခန္ဓာကိုယ်တွင်အခြားအရေးကြီးပြဿနာများဖြစ်မည်ကို စိုးရိမ်နေသည့်ပုံလည်း မပေါ်ပါချေ။


သူ့အနေဖြင့် မိသားစုကို ပြောပြရန်လည်း အစီအစဉ်မရှိပေ။


ရှောက်မင်က သူ့အား ထိန်းမထားပေးတော့ဘဲ ပြောလိုက်သည်။


“မင်းရဲ့မိဘတွေကို မခေါ်ဘူးလား...”


ကျူးထုန်: “ ဘယ်သူ့ကို ခေါ်ရမှာလဲ...”


ရှောက်မင် : “...”


စစ်ဆေးနေချိန်တွင် ဆရာ၀န်က ကျူးထုန်၏မျက်နှာအခြေအနေကိုတွေ့ပြီးနောက် နောက်ထပ် စစ်ဆေးမှုအနည်းငယ် ပြုလုပ်ရန် အကြုံပြုလာသည်။ ရိုးရှင်းစွာဆိုရပါလျှင် သူ့အားရောဂါကျွမ်းနေသူပမာ ဆက်ဆံလာခြင်းဖြစ်၏။


ဆရာဝန် ပြောနေစဥ်တစ်လျှောက်လုံးတွင် ကျူးထုန်က မည်သည့်အမူအရာမှမပြဘဲ တည်တည်ငြိမ်ငြိမ်နှင့် နားထောင်နေခဲ့သည်။


ရှောက်မင်အတွက် ယင်းက ကျူးထုန်အနေဖြင့်မည်သည်ကိုမှ ဂရုမစိုက်ပုံ ပေါ်နေခဲ့သည်။


ရှောက်မင်က ပြုံးပြီး ပြောလိုက်သည်။ 


“မင်း အရင်ကတည်းက ဆေးရုံကို ဆေးစစ်ဖို့သွားရင် ...တစ်ယောက်တည်း သွားဝာာလား...”


ကျူးထုန် “ အင်း အဲလိုပါပဲ...”


သူ၏ အဖိုးဖြစ်သူ ငှားပေးထားသည့် မိသားစုဆရာဝန်နှင့် လစဥ်ပုံမှန်ဆေးစစ်ရသည်။ သူ့အနေဖြင့် သူ့ဖခင်အား မလွန်ဆန်နိုင်ပေ။


သူက ၎င်းကို မထူးခြားသကဲ့သို့ ပြောနေသည့်အတွက် ရှောက်မင်၏အပြုံးက အနည်းငယ် မှိန်ဖျော့သွားသည်။


ဆေးရုံမှာ အဲဒီလိုအရေးကြီးတဲ့စစ်ဆေးမှုလုပ်တာကို မိသားစုမပါဘဲ သွားတာလား...။


သူ့ကျန်းမာရေးက အရမ်းဆိုးနေနေပြီကို သူ့မိသားစုက သူ့ကို အေမြို့တော်ကနေ တစ်ယောက်တည်း ထွက်သွားခွင့်ပြုတယ်လား။


တကယ်လို့ ငါသာ ဒီနေ့ သူနဲ့ ဆေးရုံကို မလိုက်လာဘူးဆိုရင် သူတစ်ယောက်တည်း ဆေးသွားစစ်ဖို့ စီစဉ်ထားတာလား...။


ဒါမှမဟုတ် လုံး၀ ဆေးစစ်ဖို့ အစီအစဉ်မရှိတာများလား...။


ရှောက်မင်၏အတွေးများက မိုင်ပေါင်းများစွာ ပြေးထွက်သွားပြီး ဆေးရုံစင်္ကြန်တွင်ထိုင်ကာ ကျူးထုန်၏နံပါတ်စဥ် ခေါ်လာမည်ကို စောင့်နေလိုက်သည်။


တကယ်ကို...သနားစရာကောင်းတဲ့ သခင်ငယ်လေးပါလား...။


သူတို့နှစ်ယောက် ကျောင်းကို ပြန်ရောက်ချိန်တွင် နေ့ခင်းနောက်ဆုံးအတန်းချိန် ဖြစ်သည်။


ရှစ်ဝမ်ရှုက အတန်းထဲတွင် ရှိမနေသလို ကိုယ်ပိုင်စာကြည့်ချိန်တွင် စည်းကမ်း အမြဲလိုက်နာကြသည့် တတိယနှစ်ကျောင်းသားများက ယခုအခါတွင်မူ အတော်လေး ဆူညံနေကြသည်။


ကျူးထုန် အတန်းထဲကို ဝင်ဝင်ချင်းမှာပင် တစ်ယောက်ယောက် သူ့ကို တားပြီး ပြောလာသည်။ 


“ကျူးထုန်...ဆရာရှစ်က မင်း ပြန်လာတဲ့အခါ ရုံးခန်းကိုလာဖို့ ပြောထားတယ်...”


“....”


ကျူးထုန်က ခဏရပ်ပြီး ယဉ်ယဉ်ကျေးကျေးပင် မေးလိုက်သည်။ 


“ဘာတွေဖြစ်နေတာလဲဆိုတာ မင်းသိလား...”


ထိုလူက ဆိုလိုရင်းကို သိလိုက်သည်။ 


“အဲဒါက ပထမနှစ် တန်းခွဲ၁က အတန်းပိုင်က မင်းကိုတောင်းပန်ဖို့ ရှန်းချွမ်ကို ခေါ်လာလို့ .... ကျောင်းက ပြဿနာရှာတဲ့အတွက် ရှန်းချွမ်ကို အပြစ်ပြင်းပြင်းထန်ထန် ပေးခံရလိမ့်မယ်...ငါတော့ သူလာတာက မင်းနဲ့ကြေအေးချင်တာလို့ ထင်တာပဲ...”


“ဟေး...သူက ကြေအေးဖို့ လောနေခဲ့တာမလား...သူ့ဟာသူ ဘဝင်ကိုင်ပြီး လုပ်ချင်တာလုပ်ပြီးတော့"


“သူက ကျူးထုန်ကို ဒီလိုဖြစ်တဲ့အထိ လုပ်ခဲ့တဲ့လူပဲလေ... တောင်းပန်ရုံနဲ့ အကုန်ပြီးသွားပြီလို့ ထင်နေရအောင် သူကအရူးလား ခုလိုကြေအေးဖို့တောင်းပန်တာက ဒီလောက်ထိ အကျိုးရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဒါဆို ဘာလို့များ ကျောင်းစည်းကမ်းတွေရှိနေသေးလဲ ငါပြောတာမှန်လား...”


တစ်ခန်းလုံးက အားကစားအတန်းတွင် ဖြစ်ပျက်ခဲ့ခြင်းအား သိထားကြပြီး တစ်ယောက်ချင်းစီက အခြားသူများထက် ပို၍ ဒေါသထွက်နေကြသည်။


ယင်းက တတိယတန်းရှိ ရှောက်မင်၏ လရောင်ဖြူရောင်ဝါက ရှားယန်၏ စွဲမက်ခံရခြင်း ရောင်ဝါကို ပိတ်ဆို့ထားလိုက်၍ ဖြစ်နိုင်သည်။ ထိုကျေးဇူးကြောင့် လူတိုင်း၏ဦးနှောက်ပတ်လမ်းက ပုံမှန်အလုပ်လုပ်နေကြပြီး အကောင်းအဆိုးကို ကိုယ်တိုင်ဝေဖန်ပိုင်းခြား နေနိုင်ကြသည်။


ကျူးထုန်က ရှောက်မင်အား လှည့်ကြည့်လိုက်ရာ ဗုဒ္ဓ‌၏ရောင်ဝါက သူ့တစ်ကိုယ်လုံးမှာ တောက်ပနေသလို ခံစားလိုက်ရသည်။


ချဉ်းကပ်လာသည့် နတ်ဆိုးများအားလုံး ပြန်လည်ဆုတ်ခွာသွားကြသလိုပင်။

...ဖူး...


“မင်း ငါ့ကို အဲ့လိုမျိုးကြည့်နေတာ...ငါ့ကို မင်းနဲ့အတူ သွားစေချင်လို့လား...”


မရေမရာလှောင်ပြောင်မှုတစ်ခုနှင့်အတူ ဗုဒ္ဓ၏ရောင်ဝါက ‌ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ 


ကျူးထုန် : “......”


သူ ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။ 


“မလိုပါဘူး...”


ထို့နောက် လှည့်ထွက်ပြီး ရုံးခန်းသို့ လမ်းလျှောက်သွားလိုက်၏။


ဆရာ၏ရုံးခန်းက ဒုတိယအထပ်၌ ဖြစ်သည်။


ရှစ်ဝမ်ရှု၏စားပွဲဘေး၌ ပထမနှစ် တန်းခွဲတစ်၏ အတန်းပိုင် လုရှီးမန် နှင့် သူမခေါ်လာသည့် ကျောင်းသားနှစ်ယောက်က မတ်တပ်ရပ်နေကြသည်။


ရှားယန် နှင့် ရှန်းချွမ်ပင်။


“ဆရာရှစ်...ဒါက နားလည်မှုလွဲတာပါ...”


လုရှီးမန်က ရှစ်ဝမ်ရှုကို ကြည့်ပြီး ပြောလာသည်။ 


“ရှားယန် သူ့ဟာသူ မတော်တဆ လဲကျဝာာပါ....ဒါပေမယ့် သူ ပြုတ်ကျတဲ့အချိန်မှာ ဆရာ့အတန်းက ကျူးထုန်လည်း ဘေးမှာ ရှိနေတယ်လေ...ဟုတ်တတယ်မလား...သူက ရှားယန် လဲကျတာကို မြင်ပေမဲ့ မကူညီခဲ့ဘူးလေ...ဒါပေါ့..ကျွန်မ သူ အဲ့လိုမျိုး မဟုတ်မှန်း သိပါတယ်...ရှားယန်လည်း အဲလိုပဲတွေးတာပါပဲ...ဒါပေမဲ့ သူ အဲ့အချိန်တုန်းက ရှင်းပြဖို့ အချိန်မရခဲ့ဘူးလေ...ရှန်းချွမ်က သူ့စကားနဲ့ အပြုအမူကို ရုတ်တရက်မို့ နားလည်မှု လွဲသွားဝာာပါ...ဒါက အသေးအဖွဲ့ ပြဿနာလေးပါပဲ....ကျောင်းက ကြီးလေးတဲ့ပြစ်မှုမှတ်တမ်းမှာ မမှတ်သင့်ဘူးလေ...ဟုတ်တယ်မလား....”


“အသေးအဖွဲ့လေး....”


ရှစ်ဝမ်ရှုက သူမကို လှောင်ပြောင်ရယ်မောလိုက်ပြီး 


“ဆရာမလုရဲ့ စိတ်ထဲမှာ ကျောင်းသားတစ်ယောက်ကို အခြားတစ်ယောက်က ကျောင်းမှာ သွေးအန်စေတာက အသေးအဖွဲ့ ပြဿနာလေးပဲပေါ့လေ...”


ဆယ်မိနစ်မျှ ရှိတော့မည်ဖြစ်သည်။ လုရှီးမန် ရှားယန်နှင့် အခြားသူများကို ခေါ်လာပြီး ရှားယန်စကားမှားသွားခြင်းက မထင်မှတ်ထားသော အမှားဖြစ်ပြီး ရှန်းချွမ်၏ အပြုအမူများကလည်း မတော်တဆဖြစ်သည်ဟု ပြောနေသည်မှာ ဆယ်မိနစ် ရှိသွားပြီဖြစ်သည်။


သူတို့အားလုံး မရည်ရွယ်ပါဘူးပေါ့....ပြီးတော့ သူ့အခန်းက ကျောင်းသားက သွေးအန်သွားရပြီး ‌ဆေးရုံအထိ သွားလိုက်ရတာကိုလေ။


သူ မတုန်လှုပ်သည်ကို မြင်သောအခါ လုရှီးမန်က ပြုံးပြီး ပြောလာသည်။


"ရှစ်လောင်ရှီး... ကျွန်မ...”


“လုလောင်ရှီး...ထပ်ပြောဖို့ မလိုတော့ပါဘူး...”


ရှစ်ဝမ်ရှုက သူ့ကို ကြားဖြတ်ပြောလိုက်သည်။


“ကျွန်တော်နောက်ဆုံးအနေနဲ့ပြောမယ်...ဒီကျောင်းသားနှစ်ယောက်က အထက်တန်းတက်နေမှတော့ ဒါအရွယ်ရောက်ပြီဆိုတာပါပဲ..ပြီးတော့...အရွယ်ရောက်ပြီးသား လူတစ်ယောက်က သူရဲ့စကားလုံးတွေပေါ် တာဝန်ယူမှုရှိပြီး သူရဲ့လုပ်ရပ်တွေကို မှတ်မိနေရမယ်...ဒါက...ကျောင်းမှာမို့သာ သူ့ကို ပေါ့လျော့တဲ့ အပြစ်ပေးတာ...အကြောင်းက သူက ငယ်သေးလို့...အကယ်လို့ ကျူးထုန်သာ ဒီနေ့ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် သူ ကျောင်းထွက်ဖို့သာ စောင့်နေလိုက်တော့....”


“....”


“ကျောင်းထွက်ရမည်” ဟူသော စကားလုံးကို ကြားလိုက်ရသည့်အတွက် လုရှီးမန်၏ အမူအရာက ချက်ချင်း ပြောင်းသွားခဲ့သည်။ 


သူမ ဤနေရာတွင် ရပ်နေရသည့် အကြောင်းအရင်းက ရှန်းချွမ်အတွက် ကျောင်းကပေးသည့် ပြစ်ဒဏ်ကို ဖယ်ရှားပေးရန် ဖြစ်သည်။


အတန်းတစ်တန်းရှိ ကျောင်းသားများ၏ အပြုအမူက ဆရာ၏ အပြုအမူနှင့် ဆက်စပ်နေသည်။


ခရိုင်အသီးသီးရှိ ထူးချွန်ဆရာများ ရွေးချယ်ခြင်းကို မြို့တော်က မကြာမီကျင်းပတော့မည်ဖြစ်သည်။အောင်မြင်စွာ ရွေးချယ်ခံရသော ဆရာများက မြို့သို့ တိုက်ရိုက် ပြောင်းရွှေ့ခွင့်ရမည်ဖြစ်ပြီး သူမလည်း စာရင်းသွင်းထားခဲ့သည်။


အကယ်၍ ဤအချိန်၌ သူမ၏အတန်းမှ ကျောင်းသားတစ်ဦးဦးသာ ပြစ်မှုမှတ်တမ်းတင်ခံရပါက သူမ ရွေးချယ်ခံရရန် စဥ်းပင်စဥ်းစားနိုင်တော့မည်မဟုတ်ပေ။


မှတ်တမ်းတင်မခံရစေရန်လုပ်ခြင်း သို့မဟုတ် ကျောင်းထုတ်ခြင်းသာ ရှိတော့သည်။


သူမက စကားလုံးများအားအားလုံးကို ရွေးချယ်ကာ ပြောနေခဲ့သော်လည်း ရှစ်ဝမ်ရှုက ခွင့်လွတ်ပေးရန် ငြင်းဆိုနေဆဲ ဖြစ်သည်။


သူမ မျက်မှောင်ကြုတ်ပြီး ရှားယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။


ရှားယန်က ခဏမျှ တုံ့ဆိုင်းနေပြီး မတ်တပ်ရပ်ကာ ပြောလာခဲ့သည်။


"ရှစ်လောင်ရှီး...ဒါက ကျွန်တော်တို့ဘက်က အမှားဆိုတာ သိပါတယ်...ကျွန်တော် ကျူးထုန်ကို တောင်းပန်လိုက်ပါ့မယ်...ဒါပေမယ့် ရှန်းချွမ်က ကျွန်တော့်အတွက် အဲဒါကို လုပ်ခဲ့တာပါ...အကယ်၍ သူသာ မှားတယ်ဆိုရင် ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်...ရှန်းချွမ်ကလည်း တကယ်တော့ အားအများကြီး မသုံးခဲ့ပါဘူး...”


သူ၏ဘေးနားရှိ ရှန်းချွမ်က ရှားယန်မှ သူ့အတွက် ခုခံပြောဆိုပေးနေသည်ကို မြင်ပြီး စိတ်လှုပ်ရှားသွားခဲ့သည်။


“ယန်ယန်....”


ရှားယန်က သူ့ကို တစ်ချက်မျှကြည့်ပြီး ခေါင်းကို ငုံ့လိုက်သည်။


သူ၏မျက်နှာပေါ်တွင် စိုးရိမ်သည့်ပုံ ပေါ်နေသော်လည်း ရှန်းချွမ်နှင့် တန်သည်ဟု တွေးနေမိသည်။


အကယ်၍ ရှန်းချွမ်သာ ကျူးထုန်ကို ရုတ်တရက် မတိုက်ခိုက်ခဲ့ပါက သူ ယခုလို ခေါင်းငုံ့နေရမည် မဟုတ်ပါချေ။


လုရှီးမန်ကလည်း နောက်က လိုက်ပြောလိုက်သည်။


“ဟုတ်တယ်...ဆရာရှစ်လောင်ရှီး...ကျူးထုန်ရဲ့ခန္ဓာကိုယ်က အားနည်းတာကို ဆရာလည်း သိတာပဲ...ရှန်းချွမ်က သူ့ကို တွန်းလိုက်ရုံလေးပါပဲ....”


“ဒါဆို ငါ လူတစ်ယောက်ရဲ့ ကော်လာကို ဆုပ်ကိုင်ပြီး လူကို သူရဲ့နောက် တစ်မီတာကျော်က နံရံကို ပစ်ပေါက်လိုက်မယ်...အဲ့တာက ငြင်ငြင်သာသာ တွန်းလိုက်ရုံပဲလား...”


အေးစက်စက်အသံတစ်သံက ရုံးခန်းတံခါးဝကနေ ထွက်လာခဲ့သည်။


လူပေါင်းများစွာက တစ်ချိန်တည်းမှာပဲ သူတို့ကို ကြည့်နေကြပြီး သူတို့၏အမူအရာများက ပြောင်းလဲသွားကြသည်။


ရှစ်ဝမ်ရှုမှာ စားပွဲနောက်၌ ထိုင်နေပြီး သူ၏မျက်လုံးများက စိတ်မရှည်ပုံ ပေါ်နေသည်။ သူက တံခါးဝ၌ ပေါ်လာသည့် လူကို မြင်ပြီး မျက်လုံးများတောက်ပလာကာ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ 


“ကျူးထုန်....”


သူ လမ်းလျှောက်သွားလိုက်ပြီး 


“ဆေးစစ်တာ ဘယ်လိုလဲ...မင်း အဆင်ပြေရဲ့လား...”


ကျူးထုန်က သူ့ကို ‌ပြုံးပြလိုက်သည်။


“ဆေးစစ်ချက်ရလဒ်က အတန်းပြီးတာနဲ့ ထုတ်ရမှာပါ...”


“မင်း အခု ဘယ်လိုနေသေးလဲ...”


ရုတ်တရက် အခြားအသံက မေးလာခဲ့သည်။


ကျူးထုန် ချက်ချင်းပင် အပြုံးပျောက်ခြင်း နည်းပညာကို အသုံးပြုလိုက်ပြီး စိတ်အားထက်သန်သည့် မျက်နှာရှိသည့် လုရှီးမန်ကို ကြည့်လိုက်သည်။ တံခါးဝ၌ သူ ကြားခဲ့သည့်အရာများကို သတိရသွားပြီး မေးလိုက်သည်။


“ဒီက ဆရာမက တရုတ်စာ သင်တာလား...”


လုရှီးမန်၏မျက်နှာက တောင့်တင်းသွားသည်။


ဘာကို ဆိုလိုချင်တာလဲ...။


ရှစ်ဝမ်ရှုက ပြောလာသည်။


“လုလောင်ရှီးက အင်္ဂလိပ်စာ သင်တာ...”


ကျူးထုန် : “အိုး...သူက ကိစ္စကြီးကို သေးအောင်ပြောတဲ့နေရာမှာ စကားလုံးက အရမ်းကြွယ်တော့ ...ကျွန်တော်က သူ တရုတ်စာ သင်တာများလားလို့ပါ...”


ရှစ်ဝမ်ရှု “....”


သူ၏ကျောင်းသားက သူ တရုတ်စာသင်သည်ကို မေ့သွားပုံရသည်။


လုရှီးမန်၏မျက်နှာက ချက်ချင်းပင် ဖြတ်ရိုက်ခံလိုက်ရသည်။


“မင်း.....”


ကျူးထုန်က သူမကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေဆဲဖြစ်သည်။


“မဟုတ်ဘူးလား....”


ရှားယန်၏ “ရည်ရွယ်ချက်မရှိ” ဆိုသည်မှာ "ကျူးထုန်မှာ ကူညီလိုသည့် ရည်ရွယ်ချက်မရှိ"သို့ ပြောင်းလဲသွား၏။


ရှန်းချွမ်က သူ့အား ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီး ၎င်းကို “မတော်တဆမှု”ဟု ခေါင်းစဉ်တပ်လာခဲ့သည


သူ့အနေဖြင့် အရိုက်ခံရပြီး သွေးအန်ရခြင်းကလည်း သူ၏အားနည်းသည့် ကိုယ်ကြောင့်ဖြစ်ရပြန်သည်။ သွေးအန်သည်ကိုထား၊ သူ၏အပြင်ပန်းမှာ မည်မျှပင် ဖျတ်လတ်သန်မာနေပါစေ သူကြုံတွေ့ခဲ့ရခြင်းကတော့ အမှန်ပင်။


အရာအားလုံးက သူ့အမှားချည်းဖြစ်လာအောင် ပြောနေခဲ့သည်မဟုတ်ပါလား။


“လုလောင်ရှီးက ဒီနေ့ ကျောင်းသားတွေကို ကျွန်တော့်ကို တောင်းပန်ဖို့ ခေါ်လာတာလား....”


ကျူးထုန်က ရှားယန်နှင့် ရှန်းချွမ်ကို တစ်ချက်ကြည့်ပြီး သူ၏နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်သည်။


လုရှီးမန်က သူ၏အပြုံးကြောင့် ထူးထူးခြားခြား အေးစက်မှုကို ခံစားလိုက်ရသည်။


ကျူးထုန်က ဖြေးညင်းစွာ ပြောလိုက်သည်။


“အားနာလိုက်တာ... ကျွန်တော် ခင်များတို့ရဲ့ တောင်းပန်မှုကို လက်မခံနိုင်ပါဘူး...”



......................

🤒