Chapter 20
Viewers 2k

🤒အခန်း ၂၀

 [ရန်စခြင်း]



ကျူးထုန်က ဝက်သားနှပ်တစ်ပိုင်းအား ကိုင်ထားကာ ရှောက်မင်၏ဘေး၌ ထိုင်နေခြင်းဖြစ်သည်။


ထို့ကြောင့် ထိုလူက ရှောက်မင်အား ရုတ်တရက် ဝိုင်းလိုက်သောအ‌ခါတွင် သူက အလိုလို မီးကြား ရောက်သွားခဲ့ရသည်။


ဤသီးသန့်ခန်း၏နေရာက ကျဉ်းပြီး ဖိတ်ခေါ်ထားခြင်းမရှိသော ဧည့်သည်များက ရောက်လာသည်။ အခန်းကျဥ်းလေးက ထိုအရပ်ရှည်သော လူငယ်များအတွက် စားသောက်ရန် မလွယ်ကူပေ။


သီးသန့်ခန်းအပြင်ဘက်တွင် စားသောက်နေကြသော အခြားဧည့်သည်များက သူတို့၏ပန်းကန်လုံးများနှင့် ထွက်ပြေးသွားကြပြီဖြစ်သော်လည်း အချို့သော သတ္တိရှိသူများက ဖွင့်ထားသည့်အခန်းတံခါးမှတစ်ဆင့် ကြည့်နေကြဆဲဖြစ်သည်။


ကျူးထုန်က သူ၏ခေါင်းကို မော့ကာ စကားပြောလာသည့် မဖိတ်ခေါ်ထားသော ဧည့်သည်အား တစ်ချက်ကြည့်လိုက်ချိန်တွင် ရင်းနှီးသည့် မျက်နှာတစ်ခုအား မြင်လိုက်ရ၏။


ယွမ်ရှောင်ကျိုး....


သူက ခေါင်းကို ပြန်လှည့်ပြီး ရှောက်မင်အား ထပ်ကြည့်လိုက်သည့်အခါ ထိုသူက လုံးဝကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ သူ၏ဝက်သားနှပ်ကိုသာ သက်တောင့်သက်သာဖြင့် စားနေသည်ကို မြင်လိုက်ရ၏။


လျစ်လျူရှုခံထားရသည့် လူများ : “.......”


“ရှောက်မင်!...”


တစ်စုံတစ်ယောက်က‌ ဒေါသပြင်းစွာထွက်နေသော မျက်နှာဖြင့် အော်လာသည်။


ကျူးထုန်က သူ၏ခေါင်းကို လှည့်ပြီး ပြောလိုက်သည်။


“သူက မင်းကို ရှာနေတာလေ....”


ရှောက်မင်က ပြုံးလိုက်ပြီး ယွမ်ရှောင်ကျိုးအား ဆက်လက် လျစ်လျူရှုထားသည်။


“ဟုတ်တယ်....ငါ ကြားတယ်.....”


“ဖူးးးးး”


သူတို့နှစ်ယောက်က ထိုနေရာမှာ မည်သူမှ မရှိသကဲ့သို့ ပြုမူနေကြခြင်း ဖြစ်ပြီး သူ့ဘေးမှ လော့ရှိုးက လှောင်ရယ်လိုက်သည်။


“ယွမ်ရှောင်ကျိုး....မင်းက ကိုယ့်ထမင်းဖိုးကိုယ်တောင် မတတ်နိုင်ဘူးလား...ဘာလို့ မင်ကောကို မင်းအတွက်ပေးပေးဖို့ ပြောနေရတာလဲ...ဘာလဲ...မင်းရဲ့မိသားစုက ဒေဝါလီခံသွားပြီလား....”


“ငါ့မိသားစုက အကောင်းကြီးရှိသေးတယ်....”


ယွမ်ရှောင်ကျိုးက လော့ရှိုးအား အေးစက်စက် ကြည့်ပြီး ပြောလိုက်သည်။


“အခြားသူတွေလို မဟုတ်ဘူး...ဘယ်သူကမှ ထမင်းစားဖို့ တကယ် မတတ်နိုင်တာလဲ ....ဟုတ်တယ်မလား.....”


သူက ပြောပြီး ရှောက်မင်အား ထပ်ကြည့်လာ၏။


သူ၏မျက်နှာပေါ်မှ ပီတိဖြစ်နေခြင်းကို မြင်လိုက်ရသဖြင့် လော့ရှိုး မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။


“မင်း ဘာကိုဆိုလိုတာလဲ ....”


“ဟေး...မင်း မသိသေးဘူးလား....”


ယွမ်ရှောင်ကျိုး၏ဘေးမှလူက အံ့အားသင့်ဟန် ဟန်ဆောင်ပြီး ပြောလာ၏။


“ငါတို့လေးစားရတဲ့ စာနတ်ဘုရားလေးရှောက်မင်...သူ့အမေရဲ့ နို့လက်ဖက်ရည်ဆိုင်မှာ မူးယစ်ဆေးတွေ့လို့ဆိုပြီး စစ်ဆေးခံနေရတာလေ...”


“ငါကြားတာတော့ နို့လက်ဖက်ရည်ဆိုင်မှာ နစ်နာကြေးပေးဖို့ ‌ပြောနေတဲ့လူတွေနဲ့ ဆူပူနေတာပဲတဲ့... အဲ့မှာ လူတွေဘယ်လောက်ရှိလဲတော့ ငါ မသိဘူး...စာနတ်ဘုရားရဲ့မိသားစုက အဲဒါကို တတ်နိုင်မှာပါ....”


“ဒါတောင် သူက ကြောက်ရမှန်းမသိသေးဘူးလား ...သူ့အမေက အံ့ဩစရာကောင်းတာပဲ...”


ယွမ်ရှောင်ကျိုး၏ နောက်လိုက်များ အချင်းချင်း စတင်ပြောနေစဉ်တွင် ယွမ်ရှောင်ကျိုးက ဘဝင်ခိုက်နေသော အပြုံးဖြင့် ပြုံးနေပြီး သူတို့အား သရုပ်ဆောင်ခိုင်းထား၏။


သူက သူတို့ကို ရှောက်မင်အား လှောင်ပြောင်ရန် အထူးအနေဖြင့် ခေါ်လာခြင်းပေ။ သူတို့အား ယွမ်ရာပေါင်းများစွာ ပေးထားပြီး ခွေးရိုင်းများကဲ့သို့ တက်တက်ကြွကြွ ဟောင်ခိုင်းထားခြင်းဖြစ်၏။


“ငါကြားတာတော့ စာနတ်ဘုရားရဲ့အမေက သူ့ကို အသက်ဆယ့်ရှစ်နှစ်မှာ မွေးခဲ့ပြီး အသက်လေးဆယ်အရွယ် လူအိုကြီးတစ်ယောက်နဲ့ လက်ထပ်လိုက်ရတာနဲ့ အဆုံးသတ်သွားတယ်....ကျစ်..သူမရဲ့အကြိုက်က တကယ် ထူးဆန်းတာပဲ...."


“ငါကြားခဲ့တာ ရှိသေးတယ်...သူမလက်ထပ်လိုက်တဲ့ လူအိုကြီးက ထောင်ထဲမှာပဲ ဆုံးသွားတာတဲ့....ပြီးတော့မှ စာနတ်ဘုရားရဲ့အမေက နို့လက်ဖက်ရည်ကို ဖွင်ခဲ့တာ....ပိုက်ဆံတွေ ဘယ်ကရလဲတော့ ငါလဲ မသိဘူး.....”


“မင်းတို့ လုံလုံလောက်လောက် စော်ကားပြီးပြီလား....”


ရှောက်မင် ဒေါသမထွက်လာသေးမှီ လော့ရှိုးက ရုတ်တရက် ထခုန်လိုက်ပြီး သူတို့၏ခေါင်းကို ထိုင်ခုံဖြင့် ရိုက်မည့်ပုံဖြင့် ကောက်မလိုက်သည်။


ရှောက်မင် လက်မြှောက်ပြီး သူ့ကို တားလိုက်သည်။


လော့ရှိုး ဒေါသတကြီး အသက်ရှူလိုက်သည်။


“မင်ကော.....”


ကျူးထုန်က ရုတ်တရက်ရလိုက်သည့် သတင်းအချက်အလက်များကြောင့် အံ့ဩမှင်သက်သွားပြီး ချဲ့ကားပြောနေသည့် စကားများကို ကြောင်တက်တက်ဖြင့် နားထောင်နေခဲ့၏။


သူစကားပြောမည့်အချိန်တွင် ရုတ်တရက် မီးခိုးနံ့က သူ၏အဆုတ်အတွင်းသို့ ဝင်ရောက်လာ၏။


သူက ယွမ်ရှောင်ကျိုး သူ၏ဘေး၌ လက်ထဲတွင် မီးညှိထားသည့်စီးကရက်ကိုင်ကာ ထိုင်နေသည်အား မသိခဲ့ပေ။ သူက ၎င်းကို ရှူသွင်းလိုက်ပြီး ကျူးထုန်၏ ထိုင်ခုံအနောက်ဘက်တွင် လက်ကိုတင်ထားကာ ပြုံးပြီး မီးခိုးငွေ့အား မှုတ်ထုတ်လိုက်သည်။


“ရှောက်မင်....ငါ မင်းကို ကြင်နာပေးတယ်မလား....မင်း ဘာကြောင့် ကျေးဇူးမတင်တာလဲ....”


သူ၏နောက်လိုက်များကလည်း ဆေးလိပ်သောက်နေကြသည်။ ပြာမှုန်နှင့် အုံ့ဆိုင်းနေသော မီးခိုးငွေ့များဖြင့် ဝန်းရံထားသည့်အတွက် ကျူးထုန်က အားနည်းလာ၏။


ရှောက်မင်က သူ၏ပတ်ပတ်လည်တွင် ခွေးများ ဟောင်နေသည်ကို မကြားသကဲ့သို့ အစားကို ဖြေးဖြေးချင်း စားနေဆဲ ဖြစ်သည်။ 


လော့ရှိုးကမူ ပေါက်ကွဲလုနီးပါးဖြစ်နေခဲ့သည်။


ယွမ်ရှောင်ကျိုး၏ မောက်မာနေသော မျက်နှာက အနည်းငယ် အားလျော့သွားသည်။ ရှောက်မင်၏ တည်ငြိမ်နေမှုကို သူ နားမလည်နိုင်ပေ။


သူက ဘာမှကို ဂရုမစိုက်သလိုပင်။


သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် သူက လူတိုင်း၏ နှစ်သက်သဘောကျမှုအား ပိုင်ဆိုင်ထားသည်။ ဆရာ၊ဆရာမများက သူ့အား ချီးမွမ်းကြပြီး မိန်းကလေးများက သူ့အား ကြိုက်ကြကာ ရှားယန်ကလည်း သူ့ကိုသာလျှင် မျက်လုံးထဲမြင်၏။


အခြားသူများ မရနိုင်သော အရာများက သူ့မျက်လုံးထဲတွင် အရေးမပါလှပေ။


သူ၏ပထွေးပင်လျှင် သူက မည်သူ့ကလေးဖြစ်သည်ကို မသိပါချေ။ ဘာကြောင့်များ ယွမ်ရှောင်ကျိုးက နေရာတိုင်း၌ ဖိနှိပ်ချင်နရေသည်လဲ။


ယွမ်ရှောင်ကျိုး၏ အသံက စတင်၍ အေးစက်လာသည်။


“တကယ်လို့ မင်း နို့လက်ဖက်ရည်ဆိုင်ကို ဆက်ဖွင့်ချင်တယ်ဆိုရင် ဒူးထောက်ပြီး ငါ့ကို တောင်းပန်လေ...ဖြစ်နိုင်တာက....”


“ရှီး.....”


ထူးဆန်းသော အသံတစ်ခုက ယွမ်ရှောင်ကျိုး၏ တစ်ကိုယ်တည်း စကားပြောနေခြင်းအား ကြားဖြတ်လာသည်။


သူက သူ၏လက်ချောင်းများက အေးသွားပြီး လက်‌ချောင်းထိပ်များက စိုစွတ်နေသည်ကိုသာ ခံစားလိုက်ရ၏။ သူ၏လက်ချောင်းများကြား တင်းတင်းကြပ်ကြပ် ညှပ်ထားသော စီးကရက်က အမည်မသိ အရည်တစ်ဗူးဖြင့် ငြိမ်းသတ်ခံလိုက်ရ၏။


ထိုအရာက ရင်းနှီးနေသော်ငြား အနံ့ကမူ ကွဲပြားနေ၏။ ဤတစ်ကြိမ်တွင် ပိုးသတ်ဆေးအနံ့ နှင့်တူသည်။


‌ယွမ်ရှောင်ကျိုးမှာ အံ့အားသင့်နေပြီး တဖြည်းဖြည်း လှည့်ကြည့်လိုက်၏။


ကျူးထုန်က သူ့အား အေးစက်စက်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။


“မင်းရဲ့အသက်ရှူသံက အမှိုက်နံ့နဲ့တူတယ်...ကျေးဇူးပြုပြီး အခြားသူတွေကို စိတ်အနှောင့်အယှက် မပေးပါနဲ့....”


“မင်း သေချင်.....”


မူလက ယွမ်ရှောင်ကျိုးအနေဖြင့် ကျူးထုန်အား ဘာမှမလုပ်ချင်ခဲ့ပါချေ။ သို့သော်လည်း သူက အခြားသူများ၏ရှေ့တွင် မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်။ သူက သိက္ခာဆယ်ချင်ခဲ့သည်။ ခက်ထန်သော အမူအရာဖြင့် ကျူးထုန်၏ လက်ထဲမှ တစ်စုံတစ်ခုအား ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်သည်။


ကျူးထုန်က သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အခြားလက်တစ်ဖက်က သူ၏မြင်ကွင်းတွင် ထွက်ပေါ်လာသည်။


အခန်းအတွင်း ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာပြီး ယွမ်ရှောင်ကျိုး၏ လက်များက လိမ်ယှက်သွားသည်။


ရှောက်မင်က သူ၏တူကို ချပြီး တစ်ရှူးတစ်စအား ထုတ်ယူကာ နှုတ်ခမ်းကို ကျက်သရေရှိစွာ သုတ်လိုက်သည်။ ထို့နောက် ကျူးထုန်အား ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။


“ကျေးဇူးပြုပြီး နေရာလဲပေးနိုင်မလား....”


သူနှင့် ယွမ်ရှောင်ကျိုးအကြားတွင် ကျူးထုန် ရှိနေသောကြောင့် သူတို့အတွက် 'လုပ်ရပ်ဖြင့်စကားပြော'ဖို့ရာအဆင်မပြေပေ။


ယွမ်ရှောင်ကျိုး၏ မျက်နှာက နာကျင်မှုကြောင့် စတင် ရှုံ့လာသော်လည်း သူက ရှောက်မင်၏ သံကဲ့သို့ ချုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ပေ။


ကျူးထုန်က ခဏကြာအောင် ဗလာဖြစ်စွာ စိုက်ကြည့်နေပြီးနောက် ခေါင်းကို တိတ်တဆိတ် ငုံ့လိုက်ပြီး သူ၏တို့ဖူးထမင်း‌‌ကြော် ဝက်သားနှပ် ပန်းကန်နှင့် တူတို့အား ကောက်မလိုက်၏။ ထို့နောက် နောက်ဆုံးတွင် နေရာအား ရှင်းပြီးသွား၏။


သူ၏ဘေးနားမှ ထိုင်ခုံက ရုတ်တရက် ရှင်းလင်းသွားပြီးနောက် လက်ကောက်ဝတ်မှ ခွန်အားက ရုတ်တရက် တိုးလာ၏။ ယွမ်ရှောင်ကျိုး နာကျင်မှုကြောင့် ကျိန်ဆဲလိုက်သည်။


“ရှောက်မင်...မင်း ဒီနေ့ ငါ့ကို ထိရဲရင်...."


“သခင်လေးယွမ်...ငါ မင်းကို သတိပေးရဦးမှာပဲ...”


ရှောက်မင်က ဖြေးညင်းစွာ ပြောလိုက်သည်။


“ဒါက ကျောင်းပြင်ပမှာ....”


“.....”


“ပြီးတော့ ဒီအခန်းထဲမှာ စောင့်ကြည့်‌ကင်မရာ မရှိ‌ဘူး....”


လူနှစ်ယောက်ကြား အကွာအဝေးက နည်းသွားခဲ့သည်။ ယွမ်ရှောင်ကျိုး၏ သူငယ်အိမ်တို့ ကျုံ့ဝင်သွားကာ သူ၏အော်သံက လည်ချောင်းထဲတွင် ပျောက်သွား၏။


သူ မြေပြင်ပေါ်သို့ ရုတ်ချည်းလဲကျသွားခဲ့သည်။


သူ့မေးရိုးက မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားပြီး မေးရိုးအက်သွားသည့်အသံအား ကြားလိုက်ရပုံပင်။


သူ၏ အလိုအလျောက် တုံ့ပြန်မှုအရ ခေါင်းကိုမော့ရန် ရုန်းကန်လိုက်သော်လည်း သူက မြေပြင်ပေါ်သို့ ထပ်မံ အကန်ခံလိုက်ရ၏။


“ကျိုးကော!!!....”


အမှတ်(၁)အလယ်ကျောင်းမှ ကျောင်းသားများက တစ်ချိန်တည်း အော်ဟစ်လိုက်မိကြ၏။


စားသောက်ဆိုင်အပြင်ဘက်၌ ရုတ်ရုတ်သဲသဲ အသံ ထွက်လာ၏။


လှောင်ပြောင်အနိုင့်ကျင့်ခံနေရသော လူချောလေးမှ ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူကမှမမျှော်လင့်ထားပေ။ သူက ထိုကဲ့သို့ ဆိုးရွားသည့် စကားများကြားမှာပင် မတုန်မလှုပ် ဆက်လက် စားသောက်နိုင်သေး၏။ 


သူက အလွန်သန်မာပြီး စိတ်ရှည်လိမ့်မည်ဟု မည်သူကမှ ထင်မည်မဟုတ်ပေ။


မထင်မှတ်စွာဖြင့် သူက စိတ်ပိုင်းဆိုင်ရာတွင် သန်မာ‌ရုံသာမက ရုပ်ပိုင်းဆိုင်ရာခွန်အားက ပို၍ပင် အားကောင်းနေသေးသည်။


ရှောက်မင် ယွမ်ရှောင်ကျိုး၏ လည်ဂုတ်ထက် ခြေတင်ကာ ပြုံးပြီး ပြောလိုက်သည်။


“ငါရဲ့အမူအရာက မင်းကို လုံလောက်အောင် ကျေနပ်စေ‌ရဲ့လား...သခင်လေးယွမ်....”


ယွမ်ရှောင်ကျိုး : “မင်း .....”


ရှောက်မင်က သူ့အား တိုက်ခိုက်ရန် မတ်တပ်ရပ်လိုက်သော နောက်လိုက်များအား ကြည့်ပြီး ကြောက်စရာကောင်းသော အပြုံးနှင့် ပြောလိုက်၏။


“မင်းတို့ကောင်တွေ အတော်များများ ကြားလိုက်တယ်မလား...မကြားလိုက်ဘူးလား...ဒါပေမဲ့ မင်းတို့မသိတာက...အဲဒီ့အဖိုးကြီးကို ငါကိုယ်တိုင် ထောင်ထဲ ပို့ခဲ့တာလေ ....”


“.......”


သူကိုယ်တိုင် ထောင်ထဲ ပို့လိုက်တယ်...။ ဘာကို ဆိုလိုချင်တာလဲ...။


ထို့နောက်တွင် သူတို့ ဆိုလိုရင်းကို အပြည့်အဝ နားလည်သွားကြသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြပြီး စံချိန်တင်လောက်သည့် အမြန်နှုန်းဖြင့် မျက်နှာက ဖြူဖျော့သွား၏။


ရှောက်မင်က ဆက်လက်၍ ပြောလာ၏။


“မင်းလို လူ‌အတွက်ကျ ထောင်ထဲပို့ဖို့ဆိုရင် နည်းနည်း ခက်ခဲတယ်လေ... ဒီတော့ ဘာလို့ အဲ့အစား ဆေးရုံကို မပို့ပေးရမှာလဲ....”


သူ၏ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးက သူ့စကားနှင့်အတူ ကြီးလာ၏။


သူ့ကို ပစ်မှတ်ထားခဲ့သည့် လူအားလုံးအားက ကြောက်လန့်တကြား ခြေတစ်လှမ်း နောက်ဆုတ်မိလိုက်ကြသည်။


တစ်စုံတစ်ယောက်က စကားပြောရန် သတ္တိရှိသေး၏။


“ရှောက်...ရှောက်မင်...မင်း ကျိုးကောကို ရိုက်ရဲတယ်ပေါ့.....”


“မင်း သူက ဘယ်သူလဲဆိုတာ သိလား....”


“သူက ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး....”


လော့ရှိုးက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ခွေးခြေခုံအား ပစ်ပေါက်လိုက်၏။


“ဘန်း”ဟူသော အသံနှင့် ထိုင်ခုံက နံရံအား ထိမှန်သွားခဲ့သည်။


ရှောက်မင်အား ဆန့်ကျင်ရန် ယွမ်ရှောင်ကျိုး၏ ပိုက်ဆံအား ယူထားကြသည့် မည်သူမဆို ကျောင်းတွင် သူတို့အား ပြဿနာ ဖြစ်စေသည်။


သူ ဘယ်အချိန်ကတည်းက ဒီလိုမျိုး ရန်စခံနေရတာလဲ...။


ထိုအချိန်တွင် လော့ရှိုးက စားပွဲပေါ်တက်ပြီး ခုန်ချကာ သူတို့ထဲမှ တစ်ယောက်အား ထိုးချလိုက်၏။


ရန်ဖြစ်ကြတော့မည်။


အခန်းအပြင်ဘက်ရှိ လူများက အတွင်းဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်အား မြင်ပြီး တစ်ယောက်ယောက်က ရဲကို ခေါ်လိုက်၏။


ကျူးထုန်သည်လည်း ရဲခေါ်ရန် သူ၏ဖုန်းအား ထုတ်လိုက်၏။ ထို့နောက် ဖုန်းအား သူ၏ဘောင်းဘီအိတ်ထောင်ထဲ ပြန်ထည့်ကာ သူ၏အစားအစာကိုသာ ဆက်စားလိုက်သည်။


ထိုနေရာ၌ တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသဖြင့် ရှောက်မင်က မသိစိတ်အရ သူ၏အားနည်းသည့် ထိုင်ခုံဖော်ထံ သွားလိုက်မိသည်။ သို့သော်လည်း မျက်စိတစ်မှိတ်တွင်းမှာပင် သူ့ထိုင်ခုံဖော်က လက်ထဲတွင် ပန်းကန်တစ်လုံးနှင့်အတူ စားပွဲထောင့်၌ ကပ်နေသည်အား သူ တွေ့လိုက်ရသည်။ အခြားသူများက တိုက်ခိုက်နေကြသော်လည်း သူက ဆက်ပြီး စားနေခဲ့သည်။


သူက စားချင်စိတ်ရှိသေးတာလား...။


ရှောက်မင်က သူ့အား ကြည့်နေသည်ကို မြင်လိုက်သဖြင့် ကျူးထုန်က သူ့ကို စိတ်အေးသော အမူအရာ ပြလိုက်သည်။


“မင်း ငါ့ကို စိတ်ပူစရာ မလိုပါဘူး...မင်း မင်းရဲ့ပြဿနာကိုသာ ဂရုစိုက်လိုက်...”


ရှောက်မင် : “.......”


သူ လုံလောက်အောင် စားပြီးသွားသည့်အတွက် အခြားသူများ ရန်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး အထွန့်တက်လိုစိတ်မရှိပုံပင်။


သူက အောက်နှုတ်ခမ်းကို တွန့်လိုက်ပြီး သူ့ထံ ပြေးလာသည့်လူအား အဝေးသို့ ကန်ထုတ်လိုက်သည်။


ရှောက်မင်အနီးရှိ လူများက သူတို့၏ ကျိုးကောအား ရန်ပွဲထဲမှ ကယ်လိုကြ၏။ သို့ပေမဲ့လည်း လူတစ်ယောက် ရောက်လာတိုင်း ရှောက်မင်က သူ၏ခြေထောက်ကို မြှောက်လိုက်၏။ ယွမ်ရှောင်ကျိုးက အခွင့်အရေးယူကာ ထရန် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း သူ့ကြိုးစားမှုက အကြိမ်တိုင်း မအောင်မြင်ပေ။


ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ပြီးနောက် ယွမ်ရှောင်ကျိုးမှာ ဒေါသထွက်လွန်းသောကြောင့် သွေးအန်ချင်လာ၏။


ကျူးထုန်က တို့ဖူးတစ်ပိုင်းအား သူ၏ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။ အရသာက ပျားဖယောင်းကို ဝါးနေရသည်နှင့် တူ၏။


ဤသည်က သူ၏စိတ်ထဲတွင် အနှောင့်အယှက် မဖြစ်ဟု ပြော၍ မရပေ။


ထိုနေ့က သူတို့ ကျောင်းအပြင်ဘက်သို့ ပြေးထွက်သွားသောအခါတွင် ရှောက်မင်က စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် လူမိုက်အုပ်စုက မတိုက်ခိုက်ဘဲ ထွက်ပြေးသွားခဲ့ကြသည်။ ထိုအချိန်တွင် ကျူးထုန်က မစ္စတာလရောင်ဖြူလေး၏ ကြောက်စရာကောင်းမှုအား ယခုကဲ့သို့ မခံစားမိခဲ့ပေ။


သို့သော်လည်း ယခုအချိန်တွင် နောက်ဆုံးအကြိမ်က သူတို့က မည်သည့်အတွက်ကြောင့် ခေါင်းမပါသော ကြက်များကဲ့သို့ ထွက်ပြေးသွားရခြင်းကို အပြည့်အဝ သူ နားလည်သွားပြီ ဖြစ်၏။


ရှောက်မင်က ယွမ်ရှောင်ကျိုးအား မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ချိန်တွင် သူ့လှုပ်ရှားမှုများက စီးဆင်းနေသော ရေကဲ့သို့ပင်။ ယွမ်ရှောင်ကျိုး အခြားသူများနှင့် ချိတ်ဆက်ရန် ထိန်းချုပ်ချိန်တွင် သူ၏လှုပ်ရှားမှုများက သပ်ရပ်ပြီး သူ့ပုံပန်းသွင်ပြင်က တည်ငြိမ်သည်။


အခန်းထဲမှ အဆက်မပြတ် နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။


ရုတ်တရက် လေတစ်ချက်တိုက်သွားပြီး လော့ရှိုးက လူတစ်ယောက်အား နံရံပေါ်သို့ ပစ်ပေါက်လိုက်၏။


ကျူးထုန်က တိတ်တဆိတ် နေရာပြောင်းရန် ကြိုးစားလိုက်သော်လည်း လော့ရှိုးက ရုတ်တရက် အော်ပြောလာခဲ့သည်။


“ကျူးထုန်....ဂရုစိုက်.....”


သူ၏အသံက တစ်ချိန်တည်းပင် လူအများအပြား၏ စိတ်ဝင်စားမှုအား ဆွဲဆောင်လိုက်၏။


ရှောက်မင်က ခေါင်းကို လှည့်ကြည့်လာပြီး သူ၏စိတ်က အနည်းငယ် တင်းကျပ်သွား၏။ သူ ယွမ်ရှောင်ကျိုးအား လွှတ်ပေးကာ ကျူးထုန်ထံသို့ ပြေးသွားလိုက်သည်။


မြေပြင်ပေါ်တွင် လဲလျောင်းနေရသော ယွမ်ရှောင်ကျိုးမှာ ထိုအဖြစ်အပျက်ကိုပင် မကြည့်လိုက်ရပေ။ ကျူးထုန်၏ နာမည်အား ကြားလိုက်ချိန်တွင် သူ[ယွမ်ရှောင်ကျိုး]၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး အော်ပြောလိုက်၏။


“သူ့ကို မထိနဲ့.....”


သို့သော်လည်း နောက်လိုက်များ၏ လက်သီးချက်မှာ ပြန်ရုတ်သိမ်းရန် ခက်ခဲ၏။


တစ်ယောက်ယောက်က သူ့ထံ ပြေးလာသည်အား မြင်လိုက်သဖြင့် ကျူးထုန်က ရှောင်ရန် ဘေးဘက်သို့ လှည့်လိုက်သည်။ကျူးထုန်က သူ၏ခါးကို ကန်ရန် ကြိုးစားလိုက်သော်လည်း သူ့ခြေကျင်းဝတ်က တစ်ဖက်ကို ချော်သွားခဲ့သည်။


သူ၏အဆစ်များက တခဏချင်း အဆစ်လွဲသွား၏။ စူးရှသည့် နာကျင်မှုက လှိုက်တက်လာပြီး ယင်းက ဆိုးဝါးကြောင်း တိတ်တဆိတ် တွေးမိလိုက်သည်။


သူ့အရပ်မှာ ၁.၇၅မီတာ ရှိသဖြင့် ခန္ဓာကိုယ်က အားနည်းသော်လည်း သူ၏ကန်ချက်ကို လျှော့တွက်မရပေ။ သူ၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသည့် လူက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။


ကျူးထုန်လည်း နောက်ဆုတ်လိုက်ပြီး နံရံအား ဝင်မတိုက်မိမှီ လက်တစ်ဖက်က သူ့အား ဖမ်းမိသွား၏။


“မင်း အဆင်ပြေရဲ့လား.....”


ရှောက်မင်၏ အမူအရာက တည်ငြိမ်မှု မရှိဘဲ အနည်းငယ် စိုးရိမ်မှုကို ထုတ်ပြထား၏။


ကျူးထုန်က ခြေတစ်ချောင်းတည်းဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ့အား မှီထားလိုက်သည်။ သူက သူ့အား ဖြူစင်စွာ ကြည့်ပြီးနောက် သူ့ခြေထောက်အား ငုံ့ကြည့်လိုက်သည်။


“ငါ့ရဲ့ခြေကျင်းဝတ် အဆစ်လွဲသွားပုံပဲ...”


ရှောက်မင် : “.....”


သူရဲ့ထိုင်ခုံဖော်က အခုလေးတင် လူတစ်ယောက်ကို ကန်လိုက်တဲ့လူဆိုတာ သူ ဘယ်လိုများမှတ်ထားရပါ့မလဲ...။


“မင်းက တခြားသူကိုကန်လိုက်တာကို ....မင်းရဲ့ခြေကျင်းဝတ်က အဆစ်လွဲသွားတယ်လား....”


ကျူးထုန်က ဖြူစင်စွာ ခေါင်းညိတ်ပြလိုက်သည်။ ရှောက်မင်၏ မျက်နှာက ရုတ်တရက် ရှုပ်ထွေးသွားသည်။


သူက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြုံးကာ ပြောလိုက်သည် ။


“မင်းရဲ့ခြေထောက်က စက္ကူနဲ့ လုပ်ထားတာလား....”


ကျူးထုန်လည်း ပြန်ဖြေလိုက်၏။


“အဲလိုမျိုးပါပဲ...”


သူ၏ခြေထောက်တွေသာမက သူ့ခန္ဓာကိုယ်တစ်ခုလုံးက စက္ကူနဲ့ လုပ်ထားခြင်းပင် ...။


ရှောက်မင် : “.......”


သူ့ခံစားချက်များမှာ ပို၍ပင် မငြိမ်မသက်ဖြစ်သွားရသည်။


သူ့ပတ်ပတ်လည်တွင် လူအများစုက လဲကျနေပြီး တစ်ချိန်တည်းမှာပင် ယွမ်ရှောင်ကျိုး၏ ရုတ်တရက် အော်သံကြောင့် ရပ်တန့်သွားကြ၏။ သူတို့က ယွမ်ရှောင်ကျိုးအား ထရန် ကူညီခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။


လော့ရှိုးက သူတို့နှစ်ယောက်အား စောင့်ကြည့်ပေးရင်း မောပန်းနွမ်းနယ်မှုကြောင့် အသက်ရှူမဝ ဖြစ်နေပြီး ရှောက်မင်အား အသက်ရဲရဲပင် မရှူရဲပဲ ပြောလာသည်။


“မင်ကော ....မင်းတို့ တိုက်ခိုက်ကြဦးမှာလား.....”


ရှောက်မင်က ပြန်ဖြေလိုက်သည်။ 


“ငါ ကြည့်ပါရစေဦး....”


လော့ရှိုး : “......”


သူက ဘာကို ကြည့်မှာလဲ....။


ရန်ဖြစ်တာကို ကြည့်မှာလား...ဘာလို့လဲ...။


သံသယစိတ်ဖြင့် ‌သူ ခေါင်းကို လှည့်လိုက်ချိန်တွင် ရှောက်မင်က ထိုင်ချလိုက်ပြီး တစ်‌စုံတစ်ယောက်၏ ဘောင်းဘီအား ပင့်မလိုက်သည်ကို တွေ့လိုက်ရသည်။


လော့ရှိုး : “........”



🤒