Chapter 21
Viewers 3k

🤒အခန်း ၂၁

[စစ်ဆေးခြင်း]




ကျူးထုန်က သူ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး မသိစိတ်အရ အနောက်ကို ပြန်ဆုတ်မိသွား၏။


“မလှုပ်နဲ့....”


ရှောက်မင်က ရုတ်တရက် ပြောလိုက်သည်။


သူ၏အသံက အလွန်နူးညံ့နေသည်။သေချာသည်မှာ သူ့အား မထိခိုက်စေလိုသောကြောင့်ပင်။


တဖြည်းဖြည်းနှင့် ကျူးထုန် သက်တောင့်သက်သာဖြစ်လာသော်လည်း တိတ်တဆိတ်သာနေနေမိ၏။


သူ ထပ်မံ၍ မလှုပ်ရှားနိုင်တော့ပေ။ သူ၏အနောက်တွင် နံရံရှိနေပြီး ရှောက်မင်ကလည်း သူ၏ခြေကျင်းဝတ်ကို ကိုင်ကာ ညင်သာစွာ လှုပ်ရှားပေးနေသည်။


ကျူးထုန်မှာ အလိုအလျောက် တုံ့ပြန်မှုအရ သူ့ခြေထောက်ကို လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း စူးရှသော နာကျင်မှုက အမှန်တကယ် လှုပ်ရှား၍မရအောင် တားဆီးထား၏။


ရှောက်မင် ရပ်လိုက်ပြီး ခေါင်းမော့ကာ ပြောလိုက်သည်။


“နာလို့လား....”


“........”


အရပ်ရှည်ရှည် ဆယ်ကျော်သက်လေးက သူ့ကို စိတ်အေးအေးထားန်ိုင်စေရန် သေချာပေါက် ကြိုးစားပေးနေသော်လည်း ကြောက်ရွံ့နေဆဲပေ။ သူ့မျက်လုံးထဲသို့ တိုက်ရိုက် ကြည့်လာချိန်တွင် ကျူးထုန်မှာ ခေတ္တမျှကြောင်အသွားမိသည်။ ထို့နောက် အမှန်အတိုင်း ခေါင်းညိတ်ပြလိုက်သည်။


“နာတယ်....”


ရှောက်မင် ချက်ချင်းပင် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။


“ဆေးရုံသွားရအောင်.....”


သီးသန့်အခန်းကို ကျော်ပြီး အခြားသူများက သူတို့နှစ်ဦးအား ရွှန်းရွှန်းစားစား စောင့်ကြည့်နေကြသည်။ကျူးထုန်၏ ဒဏ်ရာရသွားသည့် ခြေထောက်အား ကြည့်ရန် ရှောက်မင်က ဆောင့်ကြောင့်ထိုင်ချလိုက်ခြင်းက လော့ရှိုးကို မှင်သက်အံ့ဩစေမိသွား၏။


ဤအရာက လုံးဝကို အံ့အားသင့်စရာ ကောင်း၏။


တစ်ချိန်တည်းမှာပင်..ထိုမြင်ကွင်းက အလွန်လှပနေသကဲ့သို့ သူ ခံစားလိုက်ရသည်။


သို့သော်လည်း အနည်းငယ် ထူးဆန်းနေသည်။


သူတို့၏ရန်ဘက် မတ်တပ်ရပ်လာသည်အား မြင်လိုက်ချိန်တွင် လော့ရှိုးက သူ့အာရုံအား လျင်မြန်စွာ ပြန်ခေါ်လိုက်ပြီး ပြောလိုက်သည်။


“မင်ကော...ငါတို့ ဘာလုပ်ကြမလဲ.....”


ရှောက်မင်က တစ်ခုခုကို တွေးနေပုံရ၏။ နောက်လိုက်များထံမှ အကူအညီဖြင့် ရှက်ရွံ့စွာ ဆံပင်အား သပ်ရပ်‌အောင်ပြင်နေသော ယွမ်ရှောင်ကျိုးအား သူ လှည့်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများက သရော်သောအပြုံးအဖြစ် ကွေးညွတ်နေပြီး သူ့အသံက ထေ့ငေါ့သံများအဖြစ် ပေါက်နေ၏။


“အိုး...သခင်လေးယွမ်က နောက်ထပ် အရိုက်ခံရဖို့ စောင့်နေတာလား...”


ယွမ်ရှောင်ကျိုး : “........”


“အခုချက်ချင်း...သူဌေးဆီသွားပြီး ပျက်စီးသွားတာအတွက် လျော်ကြေးငွေ ပေးလိုက်ပါ... ဒါမျိုးတွေက လုပ်ငန်းသေးသေးလေးတွေအတွက် မလွယ်ကူဘူးလေ....”


ပြီးတော့ မကြာခင် ရဲတွေရောက်လာတော့မယ်...။


သီးသန့်ခန်းအပြင်ဘက်၌ စားသောက်ဆိုင်ပိုင်ရှင်မှာ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။ ရှောက်မင်၏ ဖြောင့်မှန်သော စကားများကို ကြားလိုက်ရသည့်တိုင် မလှုပ်ရှားနိုင်ချေ။ သို့မဟုတ် သူက လှုပ်ရှားရန် ကြောက်ရွံ့နေခြင်းဖြစ်နိုင်၏။


ယွမ်ရှောင်ကျိုး ရှောက်မင်ကို စိုက်ကြည့်ရင်း သူ့နောက်ကျောပေါ်မှ ဒဏ်ရာအား ခံစားမိလိုက်ရသည်။ အံကြိတ်လိုက်ပြီး သူ အော်ပြောလိုက်သည်။


“မင်း...ဒီအတွက် နောင်တရလိမ့်မယ်....”


ရှောက်မင်က သူ့အား အဓိပ္ပာယ်ပါသော အပြုံးကို ပြုံးပြလိုက်သည်။


ကျူးထုန်က နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်အား လျော်ကြေးပေးရန် ဦးလေးလျှိုအား တောင်းဆိုလိုက်မည်ဟု စိတ်ထဲမှ ကျိန်ဆိုလိုက်၏။


ရလဒ်အနေဖြင့် ဤကိစ္စ ပြီးသွားပြီးနောက် ဆိုင်ပိုင်ရှင်က လျော်ကြေးငွေ သုံးကြိမ် လက်ခံရရှိခဲ့သည်။ 

ထို့နောက် သူက သူ့ကိုယ်သူ ပြောလိုက်မိသည်။


အဲဒီကောင်လေးတွေ ရန်ထပ်ဖြစ်ဦးမှာလား..။ငါ သူတို့အတွက် နေရာသပ်သပ် ဖယ်ထားပေးရမလား....။


သခင်လေးယွမ်ကမူ ထိုအကြောင်းကို မသိနိုင်တော့သည်မှာ သေချာပါ၏။


------------------------



ဆေးရုံ၊ အရိုးအထူးကုခန်း..


မျက်မှန်နှင့် အမျိုးသမီး ဆရာဝန်ငယ်လေးက ယခုလေးတင် ထုတ်လာသော ဓာတ်မှန်အား သူမ၏လက်ထဲတွင် ကိုင်ထားရင်း သူမအရှေ့တွင် ထိုင်နေသည့် လူငယ်လေးနှစ်ဦးအား စေ့စေ့တွေးရင်း ကြည့်လိုက်သည်။


“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ လာထားသေးတယ်မလား.....”


ကျူးထုန် : “........”


ကျောင်းဖွင့်သည်မှာ တစ်လပင် မရှိသေးချိန်တွင် ဤလူငယ်လေးက ဆေးရုံကို ဒုတိယအကြိမ် ရောက်လာခဲ့ပြီ ဖြစ်သည်။


ပြီးတော့ ဆရာဝန်တစ်ယောက်တည်းနဲ့ပဲ ပြဖြစ်သွားတယ်။


ဤအရာက အံ့ဩစရာကောင်းသည့် တိုက်ဆိုင်မှုတစ်ခုပင်။


စိတ်မသက်မသာဖြင့် ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ ဤအဖြစ်အပျက်က အနည်းငယ် ရယ်စရာကောင်းသည်ဟု ကျူးထုန် တွေးနေမိသည်။


ရှောက်မင်က ကူကယ်ရာမဲ့မဲ့စွာ ပြောလိုက်သည်။


“ဒေါက်တာ...သူရဲ့ အခြေအနေ ဘယ်လိုရှိလဲ....”


ဆရာဝန်မလေးက ကျူးထုန်၏ခြေထောက်အား ကြည့်ပြီး ပြောလာသည်။


“မင်းခြေထောက်ကို ဆန့်လိုက်...ငါ ကြည့်ကြည့်မယ်...”


သူ၏ဘောင်းဘီကို လိပ်တင်လိုက်ပြီးနောက် ဒဏ်ရာရထားသည့် ရောင်ရမ်းနေသောခြေခြေကျင်းဝတ်အား ပြလိုက်သည်။ ဒဏ်ရာမှာ သူ၏ကျောက်စိမ်းနှင့်တူသော အရေပြားပေါ်တွင် လုံးဝ ကွဲထွက်နေပြီး နာကျင်နေပုံ ရသည်။


ရှောက်မင်၏မျက်လုံးများက မသိစိတ်အရ မည်းမှောင်သွားသည်။


ဆရာဝန်မလေးက ၎င်းကို အတန်ကြာ ကြည့်ရှုပြီးနောက် သူမလက်ထဲမှ ဓာတ်မှန်အား ကြည့်လိုက်သည်။


“မင်းရဲ့ နူးညံ့တဲ့ တစ်သျူးတွေနဲ့ အရွတ်တွေ ဒဏ်ရာရသွားတာ...ဒါပေမဲ့ စိုးရိမ်စရာ မလိုပါဘူး... အရိုးတွေက ကျေးဇူးတင်စရာကောင်းအောင် အဆင်ပြေနေတယ်...သိပ်မလျှောက်တာ ပိုကောင်းမယ်....နာကျင်တာနဲ့ ရောင်ရမ်းတာကို သက်သာစေဖို့ မင်း ဆေးသောက်လို့ရတယ်...ဒဏ်ရာသာ ပျောက်သွားရင် ပုံမှန်အတိုင်းပဲ ဖြစ်သွားမှာပါ.....”


“.......”


ဆရာဝန်မလေးက ရှောက်မင်အား ကြည့်ပြီး ပြောလာသည်။


“စကားမစပ်...မင်းတို့နှစ်ယောက်က အတန်းဖော်တွေ...ဟုတ်တယ်မလား....”


ရှောက်မင် ခေါင်းညိတ်ပြလိုက်သည်။


“ကျွန်တော်တို့က ထိုင်ခုံဖော်တွေပါ.....”


“ဒါဆို မင်းရဲ့ထိုင်ခုံဖော်က မင်းအပေါ် အရမ်းကောင်းတာပဲ...”


ဆရာဝန်မလေးက သူ့ခြေထောက်ကို အောက်ပြန်ချစေရင်း ကျူးထုန်အား ပြောလာသည်။ သူမက ပြုံးပြီး ဆက်ပြောလာသေးသည်။


“မင်း နောက်ဆုံးတစ်ကြိမ် ဆေးစစ်တုန်းကလည်း သူက မင်းနဲ့အတူ ပါလာသေးတယ်မလား...”


ကျူးထုန် : “ဟုတ်ကဲ့...”


သူ၏ဘေးမှ အရပ်ရှည်ရှည်ကောင်လေးအား မျက်လုံးထောင့်မှနေ၍ မြင်နေရသည်။ ဆရာဝန်မလေးက အမှန်တရားများကို ပြောနေခြင်းဖြစ်သော်လည်း ထိုစကားများ၏နောက်ကွယ်တွင် အခြားအဓိပ္ပာယ် ရှိနေသေးသလို ခံစားရသည်။


သူ ထပ်မံ လှည့်ပတ်ကြည့်လိုက်ပြီး ခေါင်းစဉ် ပြောင်းပြောလိုက်သည်။


“လော့ရှိုးက ဘယ်မှာလဲ....”


သူ ဆေးရုံရောက်ကတည်းက သူ့အသံကို မကြားရသေးပေ။


ရှောက်မင် ပြန်ဖြေလိုက်သည်။


“သူက ကျောင်းကို ပြန်သွားလိုက်ပြီ....”


ကျူးထုန် : “...အိုး...”


ရှောက်မင်နှင့် လော့ရှိုး၊ မည်သူ့တွင်မှ ဆေးရုံလိုက်ပို့ရန် တာ၀န်မရှိသည်ကို သူ ရုတ်တရက် သတိရသွားခဲ့သည်။ဤနည်းဖြင့် စဉ်းစားကြည့်မည်ဆိုလျှင် ရှောက်မင်က သူ့ကို အမှန်တကယ် ကောင်းမွန်စွာ ဆက်ဆံပေးခြင်းပေ။


ဒါပေမဲ့ ဘာလို့ နှစ်သက်မှုပြ ဘားတန်းက ဘာကြောင့် မတိုးလာရတာလဲ...။


ရုတ်တရက် စနစ်၏မျက်နှာပြင် ပေါ်လာပြီး ကျူးထုန် ထိုအပေါ်မှ နံပါတ်များကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေမိသည်။


၁၅ရာခိုင်နှုန်း


အဲ့ဒါက ဘယ်တုန်းက တိုးသွားတာလဲ...။


စနစ် : 'မင်း တစ်ယောက်ယောက်ကို ကန်လိုက်တုန်းကလေ...'


ကျူးထုန် : 'ဒါပေမဲ့ ဘာကြောင့် သတိပေးချက် တက်မလာတာလဲ....'


စနစ် : 'ဘာကြောင့်လဲဆိုတော့ မင်းက တစ်ယောက်ယောက်ကို ကန်ရင်း အလုပ်များနေလို့လေ....'


ကျူးထုန် : “.......”


ဘာလို့ ကန်လိုက်တာက နှစ်သက်မှုဘားတန်းကို တိုးသွားစေတာလဲ...။


'ငါ သူတို့ကို ကန်လိုက်တဲ့အချိန် ငါ့ရဲ့ ကိုယ်ဟန်အနေအထားက အရမ်းချောနေလို့များလား'


စနစ်က လျင်မြန်စွာ ပြန်ဖြေပေးလာ၏။


'ကောင်းပြီ...မင်းရဲ့ ခြေကျင်းဝတ် အဆစ်လွဲနေတာတောင်မှ မင်းက ချောနေတုန်းပဲ...'


ကျူးထုန် မည်ကဲ့သို့ ပြန်ချေပရမည်ကို မသိတော့ချေ။


ဆရာဝန်မလေးက သူမ၏ ဆေးမှတ်တမ်းအား ပြီးအောင် ရေးချလိုက်ပြီး ကျူးထုန်၏ဖောင်အား ဖြည့်ပေးလိုက်သည်။ သူမက ၎င်းကို ကျူးထုန်ထံ ကမ်းပေးရင်း ပြောလိုက်သည်။


“မင်း ပြန်သွားပြီးရင် အနားယူပါ...ကျေးဇူးပြုပြီး မင်းရဲ့ကျန်းမာရေးကို အချိန်တိုင်း ဂရုစိုက်ပါ...ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းခန္ဓာကိုယ်က ‌ကွဲလွယ်တဲ့ ဖန်ခွက်တစ်ခွက်လိုပဲ...ဒီလောက်ပါပဲ..ဆေးသွားထုတ်လိုက်တော့.....”


ကျူးထုန်က တုံ့ပြန်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ စာရွက်များကို မယူသေးခင်မှာပင် ဆရာဝန်မလေးက သူမ၏လက်အား ပြန်ရုတ်သွားခဲ့သည်။


“မေ့လိုက်တော့..မင်းရဲ့အတန်းဖော်ကို ကူညီခိုင်းလိုက်..မင်းတို့နှစ်ယောက်က ထိုင်ခုံဖော်လည်း ဖြစ်တော့ မင်း သူ့ကို ဒီနှစ်ရက်အတွင်း သေချာဂရုစိုက်ပေး...ပြီးတော့..တတ်နိုင်သမျှ သူ့ကို မလှုပ်ရှားစေနဲ့....”


“.......”


ကျူးထုန်က သူ၏ခေါင်းကို လှည့်ပြီး တစ်ခုခု ပြောချင်သော်လည်း ရှောက်မင်က အပြုံးလေးနှင့် ဆေးစာရွက်အား လက်ခံပြီးပြီ ဖြစ်သည်။


“ဟုတ်ကဲ့ပါ...ကျွန်တော် သူ့ကို ဂရုစိုက်လိုက်ပါ့မယ်....”


ကျူးထုန် : “......”


ဂရုစိုက်ပေးစရာမလိုပါဘူး...။


သူ ဆေးရုံတတ်ရတာ ပုံမှန်ဖြစ်နေပေမဲ့ တစ်စုံတစ်ယောက်က ဒီလို ပုံကြီးချဲ့နေတာကတော့ ပထမဆုံး အကြိမ်ပဲ...။


ခြေထောက် အဆစ်လွဲသွားရုံပါပဲ...။ဒဏ်ရာအကြီးကြီး မဟုတ်ဘူးလေ...။


ရှောက်မင် ဆေးသွားထုတ်ချိန်တွင် ကျူးထုန်က ထိုင်ခုံပေါ်မှ မခံချင်စိတ်ဖြင့် မတ်တပ်ရပ်ပြီး ဆေးရုံအပြင်ဘက်သို့ သူ့ဘာသာ လမ်းလျှောက်သွားရန် ရည်ရွယ်လိုက်သည်။ သို့‌သော်လည်း ဒဏ်ရာရထားသည့် ခြေထောက်က မြေပြင်ပေါ်သို့ လှမ်းလိုက်ချိန်တွင် သူ အေးခဲသွားရပြီး နာကျင်မှုကြောင့် မျက်ရည်ကျလုမတတ် ဖြစ်သွားရသည်။


အရမ်းနာတာပဲ...။


သူ ပြန်ထိုင်ချလိုက်သည်။


ရှောက်မင် ဆေးယူပြီး ပြန်လာသောအခါတွင် နာကျင်နေသော သခင်ငယ်လေးက လိမ္မာသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေသည်ကို သူ တွေ့လိုက်ရသည်။


ခြေသံကြားလိုက်ရသည့်အတွက် သခင်ငယ်လေးက သူ့အား မော့ကြည့်လာသည်။


မျက်လုံးထဲတွင် မကျေနပ်ချက်များ ပြည့်လျှံနေ၏။


ရှောက်မင်၏နှလုံးသားက နူးညံ့သွားပြီး လမ်းလျှောက်လာကာ ပြောလိုက်သည်။


“ဘာဖြစ်လို့လဲ ...”


ကျူးထုန်က သူ့အား ကြည့်လာသော်လည်း ပြန်မဖြေပေ။ သူ အလွန်အသုံးမကျသကဲ့သို့ ခံစားလိုက်ရသည်။


ရှောက်မင်က သူ့ဘေးတွင် ထိုင်ချပြီး သူ့ကို ကြည့်ကာ ထပ်မေးလာသည်။


“နာလို့လား....”


ဤအချိန်တွင် ကျူးထုန်က ခေါင်းညိတ်ပြီး တုံ့ပြန်လာသည်။


ရှောက်မင်က သူ့ခြေထောက်ကို တစ်ချက်ကြည့်လာသည်။


“ငါ တစ်ယောက်ယောက်ကို မင်းအတွက် ရေခဲထုတ်ပေးဖို့ ပြောခဲ့တယ်..အရင် သည်းခံထားဦးနော်...”


သူစကားပြောနေရင်း ရုတ်တရက် သူ့လက်အား ဆန့်ထုတ်လာသည်။ ကျူးထုန် သူ့ကို မသိစိတ်အရ တားလိုက်သည်။


“ငါ ကိုယ့်ဘာသာ လုပ်လိုက်....”


သူ စကားပြော၍ မပြီးသေးခင်မှာပင် ရှောက်မင်က သူ့(ကျူးထုန်)ခြေထောက်ကို မြှောက်လိုက်ပြီး သူ့(ရှောက်မင်)ပေါင်ပေါ် တင်လိုက်၏။


ကျူးထုန်၏နှလုံးသားမှာ အကြောင်းအရင်း မရှိဘဲ အခုန်မြန်နေပြီး စကားတစ်ခွန်းမှမပြောဘဲ သူ့ဘောင်းဘီကို လိပ်တင်နေသော ဆယ်ကျော်သက်လေးအား ကြည့်နေမိသည်။


ရှောက်မင်ကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်၏ ခြေထောက်အား သူ့ပေါင်ပေါ် တင်ထားရသည်နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းနေသည်ဟု ခံစားရပုံ မရချေ။ သူ့လက်ထဲရှိ ရေခဲထုတ်နှင့်အတူ ကျူးထုန်၏ ရောင်ရမ်းနေသော ခြေကျင်းဝတ်အား တိုက်ရိုက်ပင် ကပ်ပေးလာသည်။


ကျူးထုန်က သူ့ခြေထောက်အား အလိုအလျောက် တုံ့ပြန်မှုအရ ရုတ်လိုက်သော်လည်း သန်မာသည့် လက်တစ်ဖက်က သူ့ခြေထောက်ကို ဖမ်းကိုင်လာသည်။


ရှောက်မင်က အမိန့်ပေးလာသည်။


“မလှုပ်နဲ့...အအေးဓာတ်က ပိုပြီး ဒဏ်ရာပျောက်လွယ်တယ်..."


“......."


ခြေကျင်းဝတ်ကို ဖမ်းကိုင်ထားသည့်အတွက် ကျူးထုန်မှာ မလှုပ်ရဲပေ။


ခြေကျင်းဝတ်ပေါ်မှ ရေခဲထုတ်က အရမ်းအေးသော်လည်း လက်ဖဝါးကမူ နွေးနေသည်။ ဤကဲ့သို့ အပူချိန် ကွာခြားမှုက သူ့နှလုံးသားကို ချဥ်စူးစေသည်။


သူ့မိသားစုဆရာဝန်မှ သူ့ကို ခန္ဓာကိုယ်တစ်ခုလုံး စစ်ဆေးပေးသည့် အချိန်တွင် သူ့ခန္ဓာကိုယ်အား မည်သည့်အခါကမှ တိုက်ရိုက် မထိခိုင်းခဲ့ဖူးပေ။


သို့သော်လည်း ရှောက်မင်က သူ့ခြေထောက်ကို ပေါင်ပေါ် တင်ထားပြီး သူ့ခြေကျင်းဝတ်ကို လက်ထဲ၌ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ဤကဲ့သို့ အသားချင်း ထိတွေ့ရမှုက အနည်းငယ် အံ့ဩစရာ ကောင်းသည်။ သို့ပေမဲ့လည်း သူ့ခန္ဓာကိုယ်က သူ့ခံစားချက်များကို မတုံ့ပြန်ပေ။ ၎င်းက အနည်းငယ် တောင့်တင်းနေဆဲ ဖြစ်ပြီး သူ့ကျောကလည်း ထိုင်ခုံကျောမှီနှင့်အညီ တည့်မတ်၍နေသည်။


ရုတ်တရက် ရှောက်မင်က မေးလာသည်။


“အခု ပိုသက်သာလာပြီလို့ ခံစားရလား...”


ကျူးထုန် : “......”


အအေးကြောင့် ထုံထိုင်းနေခြင်း ဖြစ်နိုင်သလို အမှန်တကယ် သက်သာသွားခြင်းလည်း ဖြစ်နိုင်ပေသည်။ အားလုံးကို ခြုံငုံပြောရလျှင် နာကျင်‌မနေတော့ပေ။ ကျူးထုန်၏မျက်လုံးက အရောင်တောက်သွား၏။


“ပိုလို့သက်သာသွားပြီ....”


ရှောက်မင်က သူ့ကို တစ်ချက်ကြည့်ပြီး ရေခဲ ထပ်ကပ်ပေးကာ ပေါ့ပေါ့ပါးပါး ပြောလာသည်။


“မင်း နာကျင်ရတာကို ကြောက်တာလား....”


ကျူးထုန်က ပထမတွင် မတုံ့ပြန်ခဲ့ပေ။ သူ့စိတ်ထဲတွင် တွေးနေမိသည် 


နာကျင်တာကို မကြောက်တဲ့သူ မရှိဘူး‌လေ ...။ဒါကြောင့် ဝန်ခံရဝာာက ရှက်စရာ မဟုတ်ဘူး...။


အဆုံးတွင် သူ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်သည်။


ရှောက်မင်က ထပ်ပြီး ပြုံးလာသည်။ 


“ဒါဆို မင်း နာကျင်ရမှာကြောက်ရင် ဘာလို့ ထွက်မပြေးတာလဲ...ဒါမှမဟုတ် မင်း မပြေးနိုင်လို့လား...”


လူမိုက်အုပ်စုနှင့် ရင်ဆိုင်ရသော အခါတွင်လည်း ကျူးထုန်က ထွက်မပြေးခဲ့သည်မှာ ပြေးရန် အချိန်မရှိဟု ရိုးရိုးရှင်းရှင်း တွေးမိသောကြောင့် ဖြစ်သည်။


ဒါပေမဲ့ အခုကျတော့ရော....


ယွမ်ရှောက်ကျိုးနှင့် သူ့နောက်လိုက်များ၏ ရည်ရွယ်ချက်က ကျူးထုန် မဟုတ်သည်မှာ ထင်ရှားသည်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြသည့်အချိန်တွင် သူ အခန်းထဲမှ လုံးဝကို ရှောင်ထွက်သွား၍ရသည်။


ရှောက်မင်က မည်သည့်အတွက်ကြောင့် ဤသို့ မေးရသည်အား ကျူးထုန် မသိပေ။ ထို့ကြောင့် သူက အမှန်အတိုင်း ဖြေလိုက်သည်။


“ငါ အဲဒီအချိန်တုန်းက ထွက်မပြေးချင်ခဲ့ဘူး...”


ရှောက်မင်က စိုက်ကြည့်နေပြီး သူ့မျက်ခုံးအား ပင့်ကာ မေးလာသည်။


“ဘာကြောင့်လဲ.....”


ဤမေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင် ကျူးထုန်ကိုယ်တိုင်လည်း အဖြေအား မသိပေ ။


အဲဒါက လုပ်သင့်လုပ်ထိုက်တာ ဖြစ်လို့များလား...။သူ နှစ်သက်မှု တိုးလာစေချင်လို့လား ...။


အကြောင်းပြချက်နှစ်ခုစလုံးက အဖြေဟုတ်ပုံ မရပေ။


ကျူးထုန်က အတန်ကြာအောင် တွေးနေသော်လည်း အဖြေမထုတ်နိုင်ပေ။ နောက်ဆုံးတွင် သူ မျက်မှောင်ကြုတ်ပြီးသာ ပြောလိုက်နိုင်သည်။


“ဘာကြောင့်လဲ ငါလည်း မသိဘူး..ငါ ထွက်မပြေးချင်တာပဲ သိတယ် ...”


ရှောက်မင် : “......”


ဤကဲ့သို့ ရိုးရှင်းသောအဖြေကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူ မရယ်ဘဲ မနေနိုင်ပေ။


အရယ်ခံလိုက်ရခြင်းက ကျူးထုန်ကို ရှုပ်ထွေးသွားစေသည်။


“မင်း ဘာကို ရယ်တာလဲ.....”


“ငါ မသိဘူး..ငါ ရယ်ချင်နေလို့ ...”


ဒါက လက်စားပြန်ချေတာပဲမလား...။ဒါပေမဲ့ ငါ တကယ်ကို မသိတာလေ...။


အမှန်မှာ ရှောက်မင်က သူ့အဖြေကို သဘောကျသွားခြင်းကြောင့် ရယ်လိုက်ခြင်း ဖြစ်သည်။ သူက အကြောင်းပြချက်ကို အများကြီး ဂရုမစိုက်ပေ။


ဤရယ်မောခြင်းက လူမှုပေါင်းသင်းဆက်ဆံရေးတွင် သူလုပ်ခဲ့ဖူးသည့် မယဉ်ကျေးသော ရယ်မောခြင်း မဟုတ်သကဲ့သို့ အခြားသူများ အရိုက်ခံရသည်ကို လှောင်ပြောင်ကာ ရယ်မောလိုက်ခြင်းလည်း မဟုတ်ပေ။ သို့သော်လည်း သူ စိတ်ကောင်းရှိနေသည့်အချိန် ရယ်မောခြင်းနှင့်လည်း မတူပေ။


သူ သူ့‌အောက်နှုတ်ခမ်းကို ဖိလိုက်ပြီး ရေခဲအား အတန်ကြာအောင် ဆက်ပြီး ကပ်ပေးလိုက်သည်။ သူတို့က လော့ရှိုးလာခေါ်သည်အထိ စောင့်နေကြပြီးနောက် ရေခဲအိတ်အား ပြန်ပေးလိုက်ကြသည်။


“သွားရအောင်...ထိုင်ခုံဖော်လေး ..”


ကျူးထုန် သူ့ခြေထောက်အား ချလိုက်ချိန်တွင် အရပ်ရှည်ရှည် လူငယ်လေးက သူ့ညာဘက်လက်မောင်းအား မလာသည်။သူ ရှောက်မင်၏ ထူးဆန်းသော အပြုအမူအား မြင်ရန် ခေါင်းမော့ကာ မေးလိုက်သည်။


“မင်း ဘာလုပ်နေတာလဲ ..”


ကျူးထုန်က သူ့အား ကြောင်အအမျက်နှာလေးဖြင့် ကြည့်နေသည်အား မြင်လိုက်ရချိန်တွင် ရှောက်မင် ပြုံးပြီး ပြောလိုက်သည် ။


“မင်း ခုန်ပြီး ကိုယ့်သာကိုယ် ကျောင်းကို ပြန်ချင်လို့လား...”


ကျူးထုန် : “......”


ဒဏ်ရာရထားသည့် ညာဘက်ခြေထောက်က မြေပြင်ပေါ် ထောက်နိုင်ရုံသာ ရှိသည်။ ဆေးရုံဆင်းရန် သူ အကူအညီလိုအပ်ကြောင်း လက်ခံလိုက်ရသည်။


ဆေးရုံဝင်ပေါက်တွင် သူ လော့ရှိုးကို မြင်လိုက်၏။ သူက သူနှင့်အတူ စက်ဘီးတစ်စီးအား ယူလာသည်။ အရေးကြီးဆုံးမှာ ထိုစက်ဘီးကို အလွန်ရင်းနှီးနေခြင်း ဖြစ်သည်။


“ဒါက မဟုတ်......”


သူ စကားပြော၍ မပြီးသေးခင်ပင် သူ သဘောပေါက်သွားခဲ့သည်။


ရှောက်မင်က လော့ရှိုး ကျောင်းကို ပြန်သွားပြီလို့ ပြောခဲ့တယ်...။ဒါဆို သူ ကျောင်းကို ပြန်သွားတာက သူ့စက်ဘီးကို သွားယူတာလား...။


လော့ရှိုးက သူတို့အား သတိထားမိပြီး စက်ဘီးအား တွန်းလာသည်။


“ဆရာဝန်က ဘာပြောလဲ...မင်းခြေထောက်က အဆင်ပြေလား....”


ကျူးထုန်က မသိလိုက်ဘာသာပင် ခေါင်းခါပြပြီး ပြောလိုက်သည်။


“အဆင်ပြေတယ်....”


“အဆင်ပြေတယ်လား...ကောင်းလိုက်တာ...”


လော့ရှိုးက စိတါသက်သာရာရသလို သက်ပြင်းချလိုက်၏။


“ဒါဆို သွားကြစို့....”


ရှောက်မင်က စက်ဘီးပေါ်ကို တက်ပြီးနေပြီဖြစ်ပြီး ကျူးထုန်အား အနောက်ခုံတွင် ထိုင်ရန် အချက်ပြလာ၏။


သို့သော်ငြား အရပ်ပုပု ကောင်လေးက ထိုင်ခုံကို စိုက်ကြည့်နေ၏။ သူ့အသံက သူ တကယ်ကို အံ့ဩသွားကြောင်း ဖော်ပြနေသည်။


“မင်း ငါ့ကို တင်စီးမှာလား....”


တုံ့ပြန်ချက်အနေဖြင့် ရှောက်မင်က ကျူးထုန်၏ ဒဏ်ရာရနေသော ခြေထောက်အား ညွှန်ပြပြီး မေးလာသည်။


“မဟုတ်ရင်....”


ကျူးထုန်က သူ့ကို ကြည့်ပြီး ခဏကြာ တုံ့ဆိုင်းနေကာ အသံသေးသေးလေးဖြင့် ပြောလာသည်။


“မင်း နောက်ဆုံးအကြိမ်တုန်းက ပြောခဲ့တာ မဟုတ်ဘူးလား...မင်း ဒီတစ်ကြိမ်ပဲ လုပ်မှာလို့လေ....”


ရှောက်မင်က ကြက်သေသေသွားပြီး သူ ထိုအရာကို မည်သည့်အချိန်က ပြောခဲ့သည်အား မမှတ်မိချေ။


ကျူးထုန်က သူ့အား လှိုက်လှိုက်လှဲလှဲ သတိပေးလာသည်။


“မင်း ဟိုတယ်ကို နောက်ဆုံးအကြိမ် လိုက်ပို့တုန်းကလေ...”


ရှောက်မင် : “.......”


ငါ မှတ်မိသွားပြီ...။


လူကြီးလူကောင်းတစ်ဦးအနေဖြင့် သူ့စကားကို ပြန်မရုတ်သိမ်းနိုင်ပေ။


ချီးပဲ...။


လော့ရှိုးက စပ်စုရန် အခွင့်အရေး မရသေးမှီပင် ရှောက်မင်က တည်ငြိမ်စွာ ငြင်းဆိုလာသည်။


“အဲဒီအချိန်တုန်းက ငါ လျှောက်ပြောလိုက်တာ...အခု ထိုင်တော့....”


ကျူးထုန် : “......”


သူတို့ ကျောင်းကို ပြန်ရောက်ချိန်တွင် ညရောက်နေပြီ ဖြစ်သည်။ လမ်းမီးများက လင်းနေပြီး လမ်းမီးတစ်တိုင်မှ အခြားတစ်တိုင်သို့ စက်ဘီးက အရှိန်ဖြင့် ဖြတ်သွားသဖြင့် အရိပ်များက မှုန်ဝါးနေသည်။ ၎င်း၏ နွေးထွေးသော အဝါရောင်မီးအလင်းက ဆယ်ကျော်သက်နှစ်ဦး၏ မျက်နှာပေါ် တောက်ပစွာ ကျရောက်နေကာ မှိတ်တုတ်မှိတ်တုတ်နှင့် ကခုန်နေသည်။


 á€Ąá€á€Źá€¸á€Ąá€†á€Žá€¸á€™á€›á€žá€­á€˜á€˛ စက်ဘီးကိုကျောင်းတံခါးဝသို့ ဖြောင့်ဖြောင့်တန်းတန်း စီးလာခဲ့သည်။


ကျောင်းထဲတွင် အတန်း (၁) ၏ ပထမနှစ် ကျောင်းသားများက သူတို့၏သတင်းအနုပညာအတန်းအား ပြီးသွားရုံပင် ရှိသေးပြီး အတန်းသို့ ပြန်လာနေကြခြင်း ဖြစ်သည်။


ရှားယန်က လူများ ခြံရံပြီး စင်္ကြန်ဘက်သို့ ထွက်လာခဲ့သည်။


“စကားမစပ်...ရှားယန်...အရင်က ကျောင်းမှာ ကွန်ပြူတာအတန်းမှာ မင်း ဘာလုပ်ခဲ့တာလဲ....”


“ငါ မင်း ပိုလေ့လာနေတယ်ဆိုတာ သိပါတယ်..ဟုတ်တယ်မလား...ငါတို့ကို ပြောပြ ..ငါတို့ကို ပြောပြ ...”


“ငါ မင်းကို တကယ် မနာလိုတယ်...မင်းက အဲ့လို ကောင်းတဲ့ကျောင်းကို သွားနိုင်တယ်.....”


“......”


မနာလိုသော အသံများက သူ့ကို ဝန်းရံထားသော်လည်း ၎င်းက ရှားယန်၏ပျော်ရွှင်မှာကိုသာ ဖြစ်လာစေသည်။ စိတ်ရှည်သည်းခံစွာဖြင့် သူတို့အားလုံ

းကို အပြုံးလေးဖြင့် သူ ဖြေပေးလိုက်သည် 


မလှမ်းမကမ်းတွင် အမှတ်(၂) စာသင်ဆောင်ရှိရာဘက်သို့ စက်ဘီးတစ်စီးက သူတို့ဘေးမှ ဖြတ်သွားခဲ့သည်။


ကျောင်းသားများထဲမှ တစ်ယောက်က စူးရှသော မျက်လုံးတစ်စုံ ရှိနေသည်။ သူတို့ ထိုအဖြစ်အပျက်အား မြင်လိုက်ရချိန်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် အသံတစ်ခု ထြတ်လွတ်မိသွားသည်။


“ဟမ်....”


“အဲဒါက ရှောက်မင်နဲ့ ကျူးထုန်မလား.....”


-------------------------------------------

🤒