Chapter 23
Viewers 3k

🤒အခန်း ၂၃

 [နို့လက်ဖက်ရည်]



အတန်းခေါင်းဆောင် ထျန်နွမ်က အလွန် အားကိုးရသူ ဖြစ်သည်။ သူမက ရှောက်မင်၏ နို့လက်ဖက်ရည်ဆိုင်အမည်နှင့် လိပ်စာကို လျင်မြန်စွာ ပို့ပေးလာသည်။


ဤအချင်းအရာက သူမ စိတ်ပိုင်းဆိုင်ရာအပင်ပန်းခံရပြီးမှ သူ၏ဝီချက်စ်နံပါတ်အား ရခဲ့ကြောင်း ဖော်ပြနေသည်။


<နွမ်၏ ဆန်းကြယ်သော နစ်ကီ>: နင် ဘာလို့ ငါ့ကို နို့လက်ဖက်ရည်ဆိုင်ရဲ့ လိပ်စာကို မေးတာလဲ... ဘာလို့ ရှောက်မင်ကို တိုက်ရိုက်မမေးလိုက်တာလဲ ....


ကျူးထုန် : “........”


သူသာ တိုက်ရိုက် မေးလိုက်ရင် ထုတ်ပြောလိုက်တာနဲ့ ဘာများကွာတော့လို့လဲ။


ကျူးထုန်က အပေါ်ယံမျှသာရှင်းပြလိုက်ပြီးနောက် သူမအား ကျေးဇူးတင်ပြီး သူ့ဖုန်းကို ပိတ်လိုက်သည်။


ဟိုတယ်အခန်းထဲတွင် ရေချိုးရန် အလွန်ဒုက္ခရောက်သည့်အတွက် ကျူးထုန်က ရိုးရိုးရှင်းရှင်းသာ ရေပန်းနှင့် ချိုးလိုက်သည်။ သူ အိပ်ယာပေါ် စောစောလှဲလိုက်ပြီး မနက်ဖြန် နို့လက်ဖက်ရည်ဆိုင်သို့ သွားလည်ရန် စီစဉ်ရင်း အိပ်ပျော်သွားခဲ့သည်။


သို့သော်လည်း ၎င်းက ဆိုးရွားသော အစပြုခြင်းကို ဖြစ်စေခဲ့သည်။


နောက်နေ့မနက် သူအပြင်ထွက်မည့်အကြောင်း ကြားလိုက်ချိန်၌ ဦးလေးလျိုက ရေဘဝဲအဖြစ် ပြောင်းလဲသွားပြီး သူ့အား ဟိုတယ်ခန်းထဲသို့ ပြန်လည် ဆွဲခေါ်သွားခဲ့သည်။


ယင်းက သူ့ကို ဟိုတယ်အပြင်ဘက်သို့ ထွက်ခွင့်ရရန် အားအများကြီး စိုက်ထုတ်ရစေသည်။


နောက်ဆုံးတွင် သွားချင်သည့်နေရာသို့ ရောက်လာပြီးနောက် ကားက အနီးဆုံးရင်ပြင်တွင် ရပ်သွားခဲ့သည်။ သူ တံခါး ဖွင့်ဖွင့်ချင်းမှာပင် ဦးလေးလျိုက ဘီးတပ်ကုလားထိုင်နှင့်အတူ သူ့ကို ကားအပြင်ဘက်တွင် စောင့်နေခဲ့သည်။


“သခင်လေး...ဦးလေး မင်းကို တွန်းပေးပါ့မယ်....”


ကျူးထုန် : “.......”


လူအများကြီးသူ့ကို ကြည့်နေကြမည်ကို မလိုလားပေ။


ကျူးထုန်က ဦးလေးလျိုနှင့်ဆိုလျှင် သက်တောင့်သက်သာရှိနေပြီဖြစ်သည့်အတွက် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။


“ဟုတ်ကဲ့ပါ... ဦးလေးလျှို...ဒါပေမဲ့...ခင်များ ဒီမှာ ကားရပ်လို့မရဘူးလေ... ကားရပ်ဖို့ နေရာ အရင် ရှာလိုက်ပါလား...ကျွန်တော် ဒီမှာ စောင့်နေမယ်...”


ဦးလေးလျိုက ကျူးထုန်ပြောသည်မှာ အကျိုးအကြောင်းသင့်သည်ဟု တွေးလိုက်ပြီး ကားထဲကို ပြန်ဝင်လိုက်သည်။


ကား အဝေးကို မောင်းသွားပြီးပြီးချင်းမှာပင် ကျူးထုန်က ဘီးတပ်ကုလားထိုင်အား အနီးအနားရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် စွန့်ပစ်လိုက်ပြီး တစ်ယောက်တည်း လမ်းလျှောက်သွားလိုက်သည်။ 


သို့သော်လည်း သူ ရင်ပြင်ထဲသို့ ဝင်လိုက်ချိန်တွင် ခြေတစ်ဖက် ထော့နဲ့ ထော့နဲ့နှင့် လမ်းလျောက်နေခြင်းက ဘီးတပ်ကုလားထိုင်ကို တွန်းလာခြင်းနှင့် မည်သို့မျှ မကွာခြားသည်ကို သူ သဘောပေါက်သွားရသည်။


Host...မင်း ဘာလုပ်မလို့ သွားနေတာလဲ...။


ကံကောင်းထောက်မစွာဖြင့် စနစ် 666 နှင့် စကားပြောခြင်းက သူ့ကို သူစိမ်းများ၏ အကြည့်တို့ထံမှ အာရုံလွှဲစေနိုင်ခဲ့သည်။


ကျူးထုန်က သူ့စိတ်ထဲတွင် ပြောလိုက်သည်။


“သွားပြီး အရင်ကြည့်ကြည့်ကြတာပေါ့...”


ရှောက်မင်က ယနေ့ သူအလုပ်လုပ်မည်ဟု မနေ့က ပြောခဲ့သည်။ ထို့ကြောင့် ကျူးထုန်က သူက နို့လက်ဖက်ရည်ဆိုင်၌ မရှိဟု ထင်နေခဲ့ခြင်းပေ။


အထူးသဖြင့် ထိုကဲ့သို့ မကောင်းသော ကောလာဟလများကြောင့် ဆိုင်‌ကို စောင့်ကြည့်ရန် လိုအပ်သည်ဟု သူ ခံစားနေရသည်။


တကယ်လို့ တစ်ခုခု ဖြစ်သွားပြီး ရှောက်မင်လည်း မရှိနေဘူးဆိုရင် သူ့အမေက ဘာလုပ်နိုင်မှာလဲ...။


စနစ်က အံ့ဩသွားပြီး ပြောလာသည်။


'မင်း ဘာလို့ ပြဿနာကို တိုက်ရိုက် မဖြေရှင်းရတာလဲ...မင်းက လရောင်ဖြူလေး အခက်အခဲနဲ့ ကြုံတွေ့ဖို့ အမြဲတမ်း စောင့်နေခဲ့တာ မဟုတ်ဘူးလား...'


အခုအချိန်က မင်းရဲ့ နှစ်သက်မှုနှုန်း တိုးဖို့အတွက် အကောင်းဆုံးပဲမလား...။


ကျူးထုန်က ပြောလာသည်။


'အဲတာက ကိုယ့်ကိုယ်ကိုရှုံးနိမ့်စေမယ်ဆိုရင် ဘာဖြစ်သွားမှာလဲ....'


ရှောက်မင်က အလွန်အမင်း တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲသည့်လူ ဖြစ်သည်။ သူက သူတော်စင်တစ်ပါး မဟုတ်သော်လည်း သူ့ကို ကြင်နာသည့်လူတိုင်းအား ကျေးဇူးဆပ်တတ်သည်။


သူ၏အပြစ်မကင်းသလိုခံစားရသသည့်အသိစိတ်က သူရှောက်မင်၏အောက်ခြေလိုင်းကို သွားထိပါက သူ၏ဖြူစင်မှုလေး တိုက်စားခံလိုက်ရနိုင်ကြောင်း ပြောပြနေသည်။


'တကယ်လို့ မင်းမှာ ငါ့ကို နားပူနားဆာ လုပ်ရုံကလွဲပြီး အခြားလုပ်စရာ မရှိဘူးဆိုရင် လူသားတွေရဲ့ သူတော်ကောင်းတရားကို နားလည်ဖို့ မင်းရဲ့အချိန်ကို အသုံးချသင့်တယ်....'


စနစ် : “........”


စနစ် : '‌ဒါပေမဲ့ မင်း နို့လက်ဖက်ရည်ဆိုင်ကို လာကူညီဖို့ လာခဲ့တာ မဟုတ်ဘူးလား...'


ကျူးထုန် : 'သူခိုးအုပ်စုကို ဖမ်းဖို့ဆိုရင် အရင်ဆုံး ခေါင်းဆောင်ကို ဖမ်းရမယ်လေ...မင်း သားတစ်‌ယောက်နဲ့ မဆက်သွယ်ခင် သူ့ရဲ့အမေနဲ့ အရင် တွေ့ရမယ်လေ...မင်း တွေ့လား ...ဒါကို အကျိုးသက်ရောက်တယ်လို့ ခေါ်တယ်....'


စနစ်တွင် ဆွံ့အခြင်းသီးသန့်ယူနစ် မပါသော်လည်း အချိန်တိုင်း ပြောစရာစကား မဲ့သွားရဆဲပပင်။


ကျူးထုန်က ရင်ပြင်အလယ်ဗဟိုတွင် မတ်တပ်ရပ်နေခဲ့ပြီး လှည့်ပတ်ကြည့်ကာ အံ့ဩနေခဲ့သည်။


“နို့လက်ဖက်ရည်ဆိုင်က ဘယ်နားမှာလဲ....”


စနစ်က ကျူးထုန်နှင့် နှိုင်းယှဉ်ပါက ပိုမိုကျယ်ပြန့်သော မြင်ကွင်းကို မြင်တွေ့နိုင်သည့်အတွက် မည်သည့်နေရာတွင် ရှိသည်အား သိနိုင်သည်။ သူက သူ၏တုံးအသော Host အား ပြောပြလိုစိတ် လုံးဝ ရှိမနေပေ။ ကျူးထုန်က မည်သည့်အရာမှ မရှိသည့်နေရာကို စိုက်ကြည့်နေသည်အား မြင်လိုက်ချိန်တွင် ၎င်းက ဆက်ခနဲ ထိုးနှက်လိုက်သည်။


'မင်း ဘာလို့ အခြားတစ်ဖက်ကို မကြည့်တာလဲ...'


ကျူးထုန်က ပြန်ဖြေလိုက်သည်။


'အဲ့နေရာမှာ ‌လူတွေအများကြီး ရှိနေလို့လေ....'


'လူအများကြီးရှိနေတာက ဘာမှားနေလို့လဲ....'


'တကယ်လို့ တစ်ခုခုသာ ဖြစ်ခဲ့မယ်ဆိုရင် နို့လက်ဖက်ရည်ဆိုင်မှာ လူအများကြီး ရှိနေမှာ မဟုတ်ဘူးလေ....'


ကျူးထုန်က လူစည်ကားနေသည့် နေရာကို ကြည့်ရင်း တဖြည်းဖြည်း တိမ်ဝင်သွားသည်။ သူ့အဖြေက ရုတ်ခြည်း အဆုံးသတ်သွားခဲ့သည်။


ရင်ပြင်တွင် လူအများဆုံး စည်ကားသည့် နေရာ၌ စကားသုံးလုံးအား ချိတ်ဆွဲထားသည့် ဆိုင်တစ်ဆိုင် ရှိနေသည်။


ရှန့်မင် နို့လက်ဖက်ရည်ဆိုင်...။


၎င်းက ရှောက်မင်၏ နို့လက်ဖက်ရည်ဆိုင် နာမည် ဖြစ်သည်။


သို့သော်လည်း ဆိုင်အတွင်း အခြေအနေက ကျူးထုန် တွေးထားသည်နှင့် လုံးဝကို ခြားနားနေသည်။


တိုင်ကြားခံရတာနှင့် စုံစမ်းစစ်ဆေးခံရတာက ဘယ်လိုလဲ...။ဆိုင်ကို ဖြိုဖျက်ရလောက်တဲ့အထိ လျော်ကြေး တောင်းနေတဲ့ သူတွေကကော ဘယ်မှာလဲ...။ဆိုင်ရဲ့နာမည်က ရှင်းပြီးပြီလား...။ပြီးတော့ ဆိုင်က ကင်းလွတ်ခွင့် ရသွားပြီလား....။


ဤအရာက ယွမ်ရှောင်ကျိုး ပြောခဲ့သည့် အဖြစ်အပျက်များ ဖြစ်သော်လည်း လုံးဝကို ပြောင်းပြန် ဖြစ်နေခဲ့သည်။


နို့လက်ဖက်ရည်ဆိုင်တွင် တန်းစီနေသည့် လူတန်းရှည်ကြီး နှစ်တန်း ရှိနေသည်။


ရှောက်မင်ရဲ့ နို့လက်ဖက်ရည်ဆိုင် လုပ်ငန်းက အရမ်းကောင်းတာလား...။


ကျူးထုန်က အံ့ဩမှင်သက်စွာ အတန်ကြာအောင် ရပ်နေပြီး သူ သတိပြန်ရလာသောအခါတွင် သူက လူတန်း၏နောက်တွင် မတ်တပ်ရပ်နေပြီ ဖြစ်သည်။ နို့လက်ဖက်ရည်ဆိုင်၏ ဝင်ပေါက်သို့ ရောက်ရန် အကွာအဝေးက ရှည်လျားပေသည်။ ပတ်ပတ်လည်တွင် တန်းစီနေသည့် လူအများစုက မိန်းကလေးများ ဖြစ်သည်။


အောက်တိုဘာလ ရောက်တော့မည်ဖြစ်သည်။ ကောင်း‌ကင်ပေါ်ရှိ နေက အရမ်းမပြင်းသော်လည်း နေ့လည်ရှိနေပြီ ဖြစ်သည်။ ပြီးလျှင် တောက်ပသော နေရောင်အောက်တွင် ရှိနေရသည်မှာ အလွန်ပူပေသည်။ အတန်ကြာအောင် တန်းစီရင်း စောင့်ပြီးနောက် ကျူးထုန်က ထပ်မတောင့်ခံနိုင်တော့ဘူး ဖြစ်သည်။


သို့သော်လည်း သူ့ဘေးမှ မိန်းကလေးများက အားအင်အပြည့် ရှိနေကြပြီး သူတို့၏ မျက်လုံးများက မျှော်လင့်စောင့်စားမှုများနှင့် ပြည့်နှက်နေသည်။


ဒီက နို့လက်ဖက်ရည်က အရသာ အရမ်းကောင်းလို့များလား...။


ကျူးထုန်၏ “ဘာတွေဖြစ်နေတာလဲ ကြည့်ချင်တယ်”ဆိုသည့် စိတ်ကူးက တဖြည်းဖြည်း နို့လက်ဖက်ရည်အကြောင်း သိချင်စိတ်သို့ ကူးပြောင်းလာပါသည်။


နို့လက်ဖက်ရည် ဝယ်ပြီးသွားသည့် မိန်းကလေးနှစ်ယောက်က သူ့ဘေးမှ ဖြတ်သွားကြပြီး သူတို့မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုနှင့် ‌မူးယစ်နေခြင်းအား မဖုံးကွယ်ထားနိုင်ကြချေ။


“သူက တကယ် ချောတာပဲ...ငါ ဓာတ်ပုံ ရိုက်ခဲ့သေးတယ်...”


“ငါ သူတို့ သုံးယောက်လုံးကို ဓာတ်ပုံ ရိုက်ခဲ့တယ်...ဒါက အချီအကြီးကြီး မိလိုက်တာပဲ....”


မိန်းကလေးများ၏ အသံက တိုးနေပြီး ကျူးထုန်က သူ့ခေါင်းပေါ်မှ နေကို ကြည့်ရင်း အလုပ်များနေသည်။ ထို့ကြောင့် သူတို့ မည်သည့်အကြောင်းပြောနေကြသည်ကို သူ နားမထောင်ခဲ့နိုင်လိုက်ပေ။


အတန်ကြာအောင် တန်းစီပြီးနောက် သူ့‌အနောက်မှ မိန်းကလေးက သူ့ကို သတိထားမိသွားသည်။ သူ၏ ထူးဆန်းသော လမ်းလျှောက်သည့် အသွင်အပြင်က ထင်ရှားနေသောကြောင့် ဖုံးကွယ်ရန် ကြိုးစားသည့် သူ့အားထုတ်မှု အားလုံးက အသုံးမဝင်ပေ။


အနောက်မှ မိန်းကလေးက စကားမပြောမီ ခဏအကြာ ရပ်တန့်နေခဲ့သည်။ သူမက သူ့ပခုံးအား ပုတ်လာပြီး တီးတိုးပြောလာသည်။ 


“ရှောင်ကောကော ...မင်းရဲ့ခြေထောက်က အဆင်ပြေရဲ့လား....”


ကျူးထုန်က အလိုအလျောက် တုံ့ပြန်မှုအရ သူ့ခေါင်းအား မလှည့်ခင် ပခုံးကို ခါလိုက်သည်။ မိန်းကလေးနှင့် မျက်နှာချင်း ဆိုင်လိုက်ပြီး သူက ယဉ်‌ယဉ်ကျေးကျေး ပြောလိုက်သည်။


“မစိုးရိမ်ပါနဲ့ ....အဆင်ပြေပါတယ်...”


ထိုအချိန်တွင် နေကို တိမ်များက ဖုံးအုပ်သွားသည့်အတွက် သူက သူ့လက်ကို အောက်ချလိုက်သည်။


သူ၏နူးညံ့သည့် မျက်နှာသွင်ပြင်က သူမ၏ မြင်ကွင်းအတွင်းသို့ ရောက်လာပြီး မိန်းကလေးက မှင်သက်သွားခဲ့သည်။ ရင်သပ်ရှုမောဖွယ် မြင်ကွင်းက သူမမျက်လုံးထဲသို့ ‌ဝင်လာခဲ့သည်။


အား..ဒီရှောင်ကောကောက အရမ်းလှတာပဲ...။


“ရှင်က.... ရှင်က တစ်ယောက်တည်းလာတာလား...”


မိန်းကလေးက ရုတ်ချည်း စကားထစ်သွားသည်။


ကျူးထုန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။


“ဟုတ်တယ်....”


မိန်းကလေး၏ မျက်လုံးများက အရောင်တောက်လာသည်။ သူမကိုယ်သူမ အားပေးပြီး မေးလိုက်သည်။


“မင်းကရော ဒီဆိုင်ထဲက စားပွဲထိုးပဲလား.....”


၎င်းက ကျူးထုန်ကို ရှုပ်ထွေးသွားစေသည်။ သူက အကြောင်းအရာကို မေးလိုက်သည်။


“စားပွဲထိုးလား....”


“ဟုတ်တယ်...”


မိန်းကလေးက ခေါင်းညိတ်ပြ၏။


“ဒီမှာ တန်းစီနေတဲ့ လူအများစုက စားပွဲထိုးလေးတွေကို မြင်ချင်ကြလို့လေ...သူတို့အားလုံးက ငယ်ပြီးချောတဲ့လူတွေချည်းပဲ...ဒါပေါ့ နို့လက်ဖက်ရည်ကလည်း အရသာ ရှိတာပေါ့... အားလုံးက အမြတ်ပဲလေ... အာ..အင်း...ဒါက ရှင့်ရဲ့ ပထမဆုံးအကြိမ်လား...”


“ဟုတ်တယ်...”


ကျူးထုန်က သူပြောမည့်အရာအား ချုံ့လိုက်ပြီး ပုံမှန် နှေးပြီး ပြန်ဖြေလိုက်သည် ။


သို့သော်လည်း စိတ်ထဲတွင်မူ သူက အံ့ဩနေဆဲ ဖြစ်သည်။


“ဘယ်စားပွဲထိုးလဲ...”


သူ့ခေါင်းကို လှည့်ပြီး နို့လက်ဖက်ရည်ဆိုင်အတွင်းသို့ ကျော်ကြည့်လိုက်သည်။ ထိုနေရာတွင် လူအများကြီး ရှိနေပြီး သူ ရှင်းရှင်းလင်းလင်း မမြင်ရချေ။



--------------------------



ထိုအချိန်၌ နို့လက်ထက်ရည်ဆိုင်အတွင်းတွင် ကောင်တာအနောက်မှ လူငယ်လေးက အလွန်အလုပ်များနေခဲ့သည်။


သူက ဖောက်သည်၏ လိုအပ်ချက်အရ နို့လက်ဖက်ရည်အား ကျွမ်းကျင်စွာ ရောနှောနေပြီး တစ်ခါတည်း ထုပ်ပိုးနေသည်။


“ငွေချေဖို့အတွက်..ဒီ QR ကုဒ်ကို စကန် ဖတ်လိုက်ပါ..ပြီးတော့ မီးနူးစာရင်းအရ ဈေးနှုန်းကို ရိုက်ထည့်ပေးပါ...မင်းရဲ့ ငွေပေးချေမှုအတွက် ကျေးဇူးတင်ပါတယ်...”


ဖောက်သည်က နို့လက်ဖက်ရည်အား ယူလိုက်ပြီး QR ကုဒ်ကို စကင်န် ဖတ်ပြီးသွားသော်လည်း အလျင်စလို ထွက်မ‌သွားသေးပေ။ သူမက ဖုန်းကို ကိုင်လိုက်ပြီး ပြောလာသည်။


“လူချောလေး ..ငါတို့ ဓာတ်ပုံရိုက်လို့ရမလား...”


“မရတော့ပါဘူး...တကယ်လို့ မင်း အုပ်စုလိုက် ဓာတ်ပုံ ရိုက်ချင်တယ်ဆိုရင် ကျေးဇူးပြု၍ စောစောလာပေးပါ...”


“.....”


ကောင်တာအနောက်မှ လူက ရှောက်မင်မှလွဲ၍ အခြားသူ မဟုတ်ပေ။ သူက ဤကဲ့သို့ မရိုးရှင်းသော ဖောက်သည်များအား လွယ်လွယ်ကူကူပင် ရှင်းထုတ်နေခဲ့သည်။


လူတစ်ယောက်ကို ရှင်းထုတ်ပြီးနောက် သူက အနောက်မှ လူကို ကြည့်ပြီး မေးလိုက်သည်။


“မင်္ဂလာပါ...ဘာများ သောက်ချင်ပါသလဲ ....”


ဖောက်သည်မှ မှာယူပြီးနောက် ရှောက်မင်က တစ်ဖက်ကိုလှည့်ပြီး အမှာစာကို စတင် ပြင်ဆင်တော့သည်။


ထိုအချိန်တွင် လော့ရှိုးက ဖောက်သည်၏ အနောက်မှနေ၍ ရောက်လာပြီး သူထံ လမ်းလျှောက်လာကာ တီးတိုးပြောလာသည်။


“မင်ကော ...တိုင်ကြားတဲ့လူကို တွေ့ပြီ...သူက လောင်းကစားကြွေးတွေရှောင်ဖို့ ကုန်းရွှေစီရင်စုကို ထွက်ပြေးလာခဲ့တာ...မင်း ဘယ်လို ဆက်လုပ်မှာလဲ...”


ရှောက်မင်က ထပ်မေးလိုက်သည်။


“အကြွေးတွေကနေ ရှောင်နေတာ...”


“ဟုတ်တယ်...”


“အိုး...”


ရှောက်မင်က သူ့လက်ကို လှုပ်ရှားနေဆဲ ဖြစ်ပြီး မျက်နှာအမူအရာ မပြောင်းဘဲ ပြောလာသည်။


“ရိုးရိုးလေးပါပဲ ..သူ့အကြွေးရှင်နဲ့ ပြန်ပေါင်းစည်းနိုင်ဖို့ ငါ ကူညီပေးရမှာပေါ့....”


လော့ရှိုးက ချက်ချင်း နားလည်သွားသည်။


“ကောင်းပြီ...”


သူ ထွက်သွားသည့်အခါတွင် မတော်တဆ အပြင်ဘက်သို့ အကြည့်တစ်ချက် ရောက်သွားခဲ့သည်။ မိန်းကလေးများအတန်းက တစ်ယောက်ပြီးတစ်ယောက် ‌အနောက်ကို စပ်စပ်စုစုနှင့် လှည့်ကြည့်နေသည်အား သူ မြင်လိုက်သည်။


“ဟေး..မင်ကော...တံခါးဝမှာ မင်းထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့လူ ရောက်နေတယ်ထင်တယ်....”


သူ၏ ကျီစယ်သော စကားများ မပြီးဆုံးသေးခင်မှာပင် ရှောက်မင်ကို အထဲကနေ ဆွဲထုတ်ရန် သူ ရပ်လိုက်သည်။


ရှောက်မင်လည်း မျက်မှောင်ကြုတ်ကာ အသည်းအသန် ပြန်ဆွဲထားပြီး သူ မည်သည့်စကားမှ မပြောရသေးမီ လော့ရှိုးက သက်ပြင်းချလိုက်သည်။


“မင်းရဲ့ခန္ဓာကိုယ်က ဒဏ်ရာ ရနေတာပဲ...”


ရှောက်မင် : “.........”


ဆိုင်အပြင်ဘက်တွင် ကျူးထုန်က ‌နေရိပ်ရသည့်နေရာကို ရောက်နေပြီဖြစ်သဖြင့် အများကြီး စိုးရိမ်မနေတော့ပေ။ သူက ပိုးသတ်ထားသည့် တစ်သျှူးအစိုအား သူ့အိပ်ကပ်ထဲမှ ထုတ်လိုက်ပြီး မျက်နှာကို သုတ်လိုက်ကာ သူ့အနောက်မှ မိန်းကလေးက သူမ၏အ‌ဖော်ကို တွတ်ထိုးနေသည်အား နားထောင်နေလိုက်သည်။


“အရမ်းပူတာပဲ...ငါ နာမည်ကြီးတွေနောက် လိုက်တုန်းကတောင် ဒီလောက်ဇွဲမကောင်းဖူးဘူး...ဘာလို့ သူက စနေ၊ တနင်္ဂနွေမှပဲ အလုပ်လုပ်တာလဲ....”


ကျူးထုန်က ချွေးသုတ်ရင်း တစ်ဝက်လောက်တွင် 'စနေ ၊ တနင်္ဂနွေမှာပဲ အလုပ်လုပ်တယ်....'ဟူသော စကားကို ကြားလိုက်ရသည်။ ထိုစကားစုလေးက သူ့ဦးနှောက်ထဲတွင် အချက်ပေးခေါင်းလောင်း မြည်လာရန် ခလုတ်နှိပ်လိုက်သကဲ့သို့ ဖြစ်သွားသည်။


သူ ရုတ်တရက် ဆိုးရွားသောခံစားချက်ကို ရလိုက်သည်။


သူ ဆိုင်ကို တစ်ချက် ပြန်ကြည့်ရန် လုပ်လိုက်ချိန်တွင် အရိပ်တစ်ခုက သူ့အရှေ့၌ ကျလာသည်။


“မင်း ဘာလို့ ဒီမှာ တန်းစီနေတာလဲ.....”


နူးညံ့ပြီး ညှို့ဓာတ်ပါသည့် အသံက ချစ်ချစ်ဝောာက်ပူနေသော နွေရာသီ၏နေရှိန်အတွင်း ရေအေးတစ်ခွက်လို လန်းဆန်းသွားစေသည်။


ကျူးထုန်က ထိုခဏတွင် လန့်ဖျတ်သွားသည်။ ထို့နောက် သူ့ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ရာ ရှောက်မင်၏မျက်နှာက သူနှင့်အနီးဆုံးတွင် ရှိနေပြီး သူ့အားကြည့်နေသည်။


ချုချာသည့်ကောင်လေးက အ‌တန်ကြာအောင် တန်းစီနေခဲ့ပုံရသည်။ သူ့နဖူးတွင် ချွေးအလွှာပါးလေး စိုနေသည်။ သူ့လက်ထဲရှိ တစ်သျှူးကိုင်ထားပြီး သူ့လည်ပင်းအား သုတ်နေခဲ့သည်။ အမြဲလိုလို ဖျား‌နာနေတတ်သည့် ဖြူဖျော့ဖျော့ မျက်နှာလေးက နေရောင်အောက်တွင် အားမာန်အပြည့် ရှိနေခဲ့သည်။


ကျူးထုန် : “ငါ.....”


“အရင်ဆုံး ဝင်လာခဲ့....”


ရှောက်မင်က သူ့အား ကြားဖြတ်ကာ တီးတိုးပြောလာခဲ့သည်။ သူက သူ့ညာဘက် လက်မောင်းအား တိုက်ရိုက် ဆုပ်ကိုင်လာပြီး လူအုပ်ထဲမှ ဆွဲခေါ်သွားခဲ့သည်။


ပတ်ပတ်လည်မှ လူအများအပြားက သူတို့အား ကြည့်လာကြသည်။


နေရောင်အောက်တွင် တန်းစီနေကြသည့် လူအားလုံးနီးပါးက ရှောက်မင်အတွက် လာကြခြင်း ဖြစ်သည်။ သူကောင်တာအနောက်မှ ထွက်လာသည်အား မြင်လိုက်ကြချိန်တွင် သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ သို့သော်လည်း သူက ထွက်လာလာချင်း အခြားချောမောသော ကောင်လေးဆီသို့ တည့်တည့်မတ်မတ်ပင် သွားလိုက်လေသည်။


ကျူးထုန်ကို တန်းစီနေသည့်နေရာမှ ဆွဲထုတ်ပြီး ခေါ်ဆောင်သွားချိန်တွင် မိန်းကလေးအများစုက သူတို့ပါးစပ်ကို တစ်ချိန်တည်း လက်ဖြင့် အုပ်လိုက်ကြသည်။


ဒီလူချောလေး နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာများလဲ...။သူတို့က ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဖက်နေကြတာလဲ...။


ယင်းက ကျူးထုန်၏အနောက်မှ မိန်းကလေးနှစ်ယောက်၏ အတွေးများပင်ဖြစ်သည်။ စောစောကပင် ခြေထောက်ဒဏ်ရာရထားပြီး တန်းစီနေသည့် တစ်ယောက်က သူတို့ထက် ပိုဇွဲရှိနေသည်ဟု ခံစားမိနေကြခြင်း ဖြစ်သည်။


အဆုံးမှာတော့ လူရွှင်တော်တွေက သူတို့ကိုယ်တိုင်ပဲ...။


ဆိုင်အတွင်းသို့ အမြန်ဝင်နိုင်ရန် ရှောက်မင်က ကျူးထုန်၏ လက်မောင်းကို ရိုးရိုးရှင်းရှင်း ထိန်းထားပေးရုံ မဟုတ်ဘဲ သူ့လက်တစ်ဖက်ဖြင့် ခါးတစ်ဝိုက် ဖက်ထားပြီး အခြားတစ်ဖက်က လက်ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။


သူ လမ်းလျှောက်ရန် ကူညီလိုက်သည့်အခါတွင် ကျူးထုန်၏ ခြေဖဝါးမှာ မြေပြင်ပေါ်သို့ ထိ‌ပင်မထိနိုင်‌ချေ။


ရှောက်မင်က ကျူးထုန်ကို ဆိုင်အတွင်းသို့ ဝင်ရန် တစ်ခါတည်း ကူညီပေးခဲ့သည်။ သို့သော်လည်း ဆိုင်က ဖောက်သည်များနှင့် ပြည့်နေသည့်အတွက် နေရာလွတ် မရှိပေ။ နောက်ဆုံးတွင် ကျူးထုန်က ကောင်တာအနောက်တွင် နေရာရသွားခဲ့သည်။


ကျူးထုန်က ထိုင်ခုံတွင် ထိုင်ပြီး သူ့ခေါင်းကို မော့ကာ မေးလိုက်သည်။


“မင်း အလုပ်မသွားဘူးလား....”


“ဘာလို့ဆိုင်ထဲကို တိုက်ရိုက် ဝင်မလာတာလဲ..."


“ ......”


“.......”


သူတို့နှစ်ယောက် ပြိုင်တူ မေးခွန်းထုတ်မိလိုက်ကြသည်။ တစ်ချိန်တည်းပင် အေးခဲသွားကြသည်။

ရှောက်မင်က ပြုံးပြီး အရင်ဆုံး ဖြေလာသည်။


“အခု ငါ အချိန်ပိုင်းအလုပ် လုပ်နေတာပဲမလား...”


ကိုယ်ပိုင်ဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်တယ်...။အဲဒါကို အချိန်ပိုင်းအလုပ်လို့ ခေါ်နိုင်သေးတာလား...။


ကျူးထုန်က ဖောက်သည်များ၏ တောက်လောင်နေသော အကြည့်များကို တစ်ချက်ကြည့်လိုက်ပြီး ကိုးရို့ကားယားနိုင်စွာ မေးလိုက်သည်။


“ယွမ်ရှောင်ကျိုးပြောတော့ မင်းရဲ့ဆိုင်က....”


“မင်းက ငါ့ဆိုင် ပိတ်လိုက်ရမှာကို စိုးရိမ်လို့ လာလည်တာလား...”


“မဟုတ်ဘူး....” 


ကျူးထုန်က တွန့်ဆုတ်စွာဖြင့် ငြင်းဆိုလာသည်။


ရှောက်မင်က သူ့ကို စူးစိုက်ကာကြည့်လာသည်။


ကျူးထုန်၏ အာရုံကြောများ တင်းကြပ်သွားသည်။


“ငါ...ငါ အိမ်စာလုပ်ဖို့ နေရာရှာချင်လို့... ဒီကိုလာခဲဖြစ်သွားတာ ... ဒါကြောင့် ငါ....”


ရှောက်မင် : “မင်း မနေ့ကတော့ စနေ ၊ တနင်္ဂနွေဆို အပြင်မထွက်ဘူးလို့ ပြောခဲ့တာမလား....”


ကျူးထုန် : “......”


“မင်း ဒီမှာ အိမ်စာလုပ်မယ်ဆိုရင်လည်း...မင်းရဲ့ အိမ်စာစာအုပ်က ဘယ်မှာလဲ....”


“.......”


ကျူးထုန်က လက်ဗလာဖြစ်နေပြီး မည်သည့်အရာမှ ယူမလာခဲ့ပေ။


ရှောက်မင်မှာ သူ့ထိုင်ခုံဖော်၏ အမူအရာက နေရခက်နေပုံရနေပြီး ခန္ဓာကိုယ်က တောင့်တင်းသည်ထက် တောင့်တင်းလာသည်ကို မြင်နေရသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ[ရှောက်မင်]၏အပြုံးက ပို၍ ထင်ရှားလာခဲ့သည်။


“မင်း ငါ့ကို စိတ်ပူနေတာလား....”


ကျူးထုန် : "..."




🤒