Chapter 33
Viewers 5k

🤒အခန်း ၃၃




ထိုသူ၏လှုပ်ရှားမှုက တိကျသည်။ ခေါင်းမော့လိုက်သည့်အခါ ပြီးပြည့်စုံသောမေးရိုးလိုင်းကပေါ်ထွက်လာခဲ့၏။ မျိုချလိုက်ချိန်တိုင်း လည်စလုတ်က အပေါ်အောက်လှုပ်ရှားသွားတတ်သည်။ ချွေးစက်တို့က ရှေ့ဆံပင်မှတဆင့် နားရွက်တလျှောက်ကိုစီးကျလာပြီး လည်ပင်းပေါ်အထိလိမ့်ဆင်းလာကာ ယင်းမှ ညှပ်ရိုးပေါ်ရှိ ချိုင့်ဝင်နေသည့်နေရာလေးတွင် အိုင်ငယ်လေးသဖွယ်စုစည်းလာခဲ့သည်။ လည်ပင်းအဟအင်္ကျီကိုဝတ်ထားသောကြောင့် ကျူးထုန်မှာ အားလုံးကိုမြင်နေရလေသည်။


-ချွေးစက်လေးဖြစ်နေသည်ကိုပင် ဆွဲဆောင်မှုရှိပုံမှာ တဖက်စွန်းရောက်နေခဲ့သည်။


ကျူးထုန်မှာ တခဏမျှတောင့်တင်းသွားရပြီး မျက်လုံးလေးများက ရှောက်မင်၏ညှပ်ရိုးအနားတဝိုက်ကို အသေအချာစိုက်ကြည့်နေလေသည်။ ထို့နောက် အမြန်ခေါင်းငုံ့လိုက်ပြီး ဘောပင်ကိုပြန်ကိုင်လေ၏။


ရှောက်မင်က ရေသောက်ပြီးနောက်ခေါင်းငုံ့လာပြီး ရေတဝက်သာကျန်တော့သောရေဘူးကို လက်ချောင်းထိပ်လေးများဖြင့်ခေါက်နေလေသည်။


ကျူးထုန် မျက်မှောင်ကြုတ်ထားရင်း မျက်တောင်တဖျတ်ဖျတ်ခတ်နေမိသည်။ သူ၏ထူထဲလှသောမျက်တောင်လေးများမှာ ယပ်တောင်လေးတစ်ချောင်းနှယ် လှုပ်ခါနေခဲ့၏။ ယင်းကို မြင်သည့်အခါ ရှောက်မင်ကပြုံးလာသည်။ သူ့မျက်လုံးတို့က အဖြေလွှာပေါ်သို့ရောက်လာပြီး အေးဆေးသည့်လေသံဖြင့်မေးလာခဲ့သည်။ 


"မင်းမရတာဘယ်အပုဒ်လဲ..."


ကျူးထုန်က အူကြောင်ကြောင်ဖြင့်ခေါင်းမော့လိုက်သည်။ 

"ဟမ်..."


ရှောက်မင်က ထပ်ဖြည့်ပြောလိုက်၏။ 


"မင်းပဲပြီးအောင်တွက်ဖို့ ငါ့ကိုစောင့်နေတာဆို..."


ကျူးထုန်: "....."


ဘယ်တုန်းကပြောမိလို့လဲ။


အော် ဟုတ်သားပဲ။


အခုမှပင် သတိရသွားလေရာ အရှက်မရှိစွာဖြင့်ပြန်ပြင်ပြောလိုက်ရသည်။ 

"ငါ့မှာ မင်းကိုမေးချင်တဲ့ပုစ္ဆာရှိတယ်..."


စနစ်: "....."


တုံးလိုက်တဲ့ host...ရေဘူးကို ဒီတိုင်းကြီး အဆုံးခံလိုက်တာပဲလား။


ကျူးထုန်က ရှောက်မင်ကို ပုစ္ဆာပြလိုက်သည်။ အရပ်ရှည်သည့်လူငယ်လေးက အရှေ့ကိုကိုင်းလာပြီး ခေါင်းငုံ့ကာ သူပြသည့်မေးခွန်းကိုကြည့်လာလေသည်။


ဘတ်စကတ်ဘောကွင်းထဲမှ လော့ရှိုးက အမှတ်မထင်လှည့်ကြည့်လိုက်လေရာ ကျောင်းသားရေးရာအဆောက်အအုံအောက်မှမြင်ကွင်းကိုတွေ့လိုက်ရပြီး ရုတ်တရက် စိတ်ထဲမှညည်းညူလိုက်မိသည်။


'မင်ကောက သူ့ကို ရက်ရက်စက်စက်စွန့်ပစ်သွားပြီးတော့ ဘာလုပ်နေတာလဲ'


'အော် စာလုပ်နေတာကိုး'


'သူစာလုပ်နေတဲ့ပုံစံက ကို့ရို့ကားယားနဲ့အကြံပေးနေသလိုပဲ'


ရှော့ခ်ရနေသော အတန်းဖော်လော့ရှိုးတစ်ယောက် အိတ်ကပ်ထဲမှဖုန်းကို လူမဆန်စွာဖြင့်ထုတ်လိုက်ပြီး မြင်ကွင်းကိုမှတ်တမ်းတင်ထားလိုက်တော့သည်။


တချိန်တည်း၌ ရေဘူးပေးရန်ရှုံးနိမ့်သွားကြသော á€™á€­á€”á€şá€¸á€€á€œá€ąá€¸á€Ąá€™á€ťá€Źá€¸á€Ąá€•á€źá€Źá€¸á€€á€œá€Šá€şá€¸ သူ့အတိုင်းလိုက်လုပ်လာကြသည်။ သို့ရာတွင် သူတို့က ပိုမိုကောင်းမွန်သောရှုထောင့်ကိုရွေးယူပြီး ဗွီဒီယိုရိုက်ကြလေ၏။


ဤဘက်အခြမ်းမှဆိုလျှင် ရှုထောင့်ကအားရစရာကောင်းလေသည်။


ထိုင်ခုံတစ်ခုံက သူတို့နှစ်ယောက်ကိုခြားထားခဲ့သည်။ အရပ်ရှည်သောလူငယ်လေးက နောက်မှီကိုမှီထားရင်းခေါင်းငုံ့ထား၏။ သူ့အောက်မှ လူငယ်လေး၏တဝက်လောက်က သူ့ရင်ဘတ်နှင့် ထိတွေ့နေသည်။ အလယ်မှ အဖြေလွှာစာရွက်များက အချစ်ကိုဆက်သွယ်ပေးထားသော အလင်းတန်းလေးတစ်ခုလိုပင်။


"နင်တွေ့လိုက်လား၊ အခုလေးတင် ကျူးထုန်ကရှောက်မင်ကို ရေဘူးပေးလိုက်တာလေ၊ ရှောက်မင်ကယူသွားတယ်..."


"သူတို့နမ်းလိုက်တာကို၊ ငါတွေ့လိုက်တယ်၊ ငါကတော့နံရံကြီးပေါ့..."


"စာသင်တာအသုံးမဝင်တော့ဘူး၊ အသုံးမဝင်တော့ဘူး..."


မိန်းကလေးအုပ်စုကမူ စိတ်လှုပ်ရှားစွာဖြင့် အသံပေါင်းစုံထွက်နေလေပြီ။


ထိုအချိန်တွင် စာကိုစွဲလန်းနေသောကျူးထုန်က ဘေးပတ်လည်မှကင်မရာတို့ကို လျစ်လျူရှုထားလေ၏။


အနည်းငယ်မျှရှင်းပြပြီးမှ ကျူးထုန်မှာ ခေါင်းမမူးဘဲ ပုစ္ဆာကိုမဖြေရှင်းနိုင်မှန်းသိလိုက်ရသည်။ ရှောက်မင်ကမူ သူငုံ့ကြည့်နေသည်မှာ ထိုင်ခုံဖော်လေးကိုလား၊ လုပ်နေသည့်မေးခွန်းကိုလားတော့မသိပေ။


အတန်းပြီးဆုံးသည့်အချက်ပြချက်အနေဖြင့် ခေါင်းလောင်းသံမြည်လာခဲ့သည်။ ကျူးထုန်မှာ မေးခွန်းစာရွက်တစ်ရွက်ထက်ပိုပြီး ပြီးသွားခဲ့၏။ ကျူးထုန်က လေပူကြီးကိုမှုတ်ထုတ်ရင်း မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။


အဓိကမှာ "ကြိုးစားသည်" ဆိုသည့်စကားလုံးပင်။


သူ့ဒူးခေါင်းမှာ ခွေယိုင်နေသော်လည်း ရှောက်မင်ကသူမလဲသွားအောင် ကိုင်ထားပေးခဲ့၏။ 


"အဆင်ပြေလား..."


ကျူးထုန်ကခေါင်းယမ်းပြလိုက်သည်။ 

"အဆင်ပြေပါတယ်..."


အကြာကြီးထိုင်လိုက်ရ၍ သူ့ခြေထောက်များမှာထုံနေခဲ့သည်။


ရှောက်မင်ကသူ့ကိုကြည့်ပြီးရယ်သည်။ 

"ထိုင်ရုံလေးပဲကို မင်းခြေထောက်ကထုံနေပြီလား၊ အဖြေလွှာတွေက မင်းကို ဒုက္ခပေးလိုက်လို့လား..."


သူသာ ဒီမှာမရှိနေလျှင် ဒီသခင်လေး ကြမ်းပြင်ပေါ်မှာလဲသွားလောက်ပြီပင်။


သူက လက်ပေါ်ကို ဖုန်တစ်စတင်သွားလျှင်ပင် ရောဂါပိုးများကို မျိုးသုဥ်းသည်အထိ သတ်ပစ်လိုက်လိုက်နိိုင်သည့် လူမျိုးဖြစ်လေသည်။ သူသာ ကြမ်းပြင်ပေါ်တွင်တင်ပါးနှင့်ထိုင်နေလိုက်ပါက အာရုံစိုက်နိုင်တော့မည်မဟုတ်ပေ။


ကျူးထုန် ထုံကျဥ်နေသည့်ခြေထောက်ကိုဆွဲဆန့်ပြီး အသံတိမ်တိမ်ဖြင့် ပြန်စွာလိုက်သည်။


 "ငါမသိလိုက်ဘူး...ထိုင်နေတုန်းကလေ..."


ပြောနေရင်းတန်းလန်းဖြင့် သူ့ခါးကအဖက်ခံလိုက်ရသည်။


ရှောက်မင်က သူ့အား ရုတ်တရက်ဖက်လာပြီး ခပ်မြန်မြန်ပင် ဘေးကိုဆွဲထုတ်လိုက်သည်။ တစ်ခုခုကသူ့နားကိုပွတ်သပ်သွားခဲ့၏။ ကျူးထုန်မှာ မသိစိတ်အလျောက် ရှောက်မင်ကိုမော့ကြည့်လိုက်သော်လည်း အရပ်ပိုရှည်သည့်လူငယ်လေးက ကျောင်းဂိတ်ဝမှ အော်ဟစ်နေသံများဘက်သို့ လှမ်းကြည့်နေသည်။


ကျူးထုန်က သူ့အကြည့်အတိုင်းလိုက်ကြည့်သည်။


ပြီးနောက် အဆိပ်ပြင်းမြွေတစ်ကောင် စိတ်ဆိုးနေသလိုမျိုး ရှုံ့တွနေသည့်မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။


"ယွမ်ရှောင်ကျိုး ဘာလုပ်တာလဲ..."


"ယွမ်ရှောင်ကျိုး ရူးသွားပြီလား..."


"သူဆေးရုံမှာမလား၊ ဘာလို့ကျောင်းကိုရောက်လာတာလဲ..."


အံ့အားသင့်နေသံများက သူတို့ထံရောက်လာခဲ့သည်။ ကျောင်းသားများက အမြန်ပင် သူတို့အားဝိုင်းလိုက်ကြ၏။


ကျူးထုန်မှာ ထိုသူ၏ရူးသွပ်နေသောမျက်လုံးများကိုရင်ဆိုင်လိုက်ရ၍ တဒင်္ဂခန့်အေးခဲသွားခဲ့သည်။ ထိုသူကို မတွေ့ခဲ့ရသည်မှာ ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်ပြီး ယွမ်ရှောင်ကျိုးကား အခြားလူတစ်ယောက်လိုပင်။


ပုံမှန်မြင်နေကျဖြစ်သော ဇောင်းကြွနေသလိုဆံပင်စတိုင်မျိုးမရှိတော့ပေ။ ၎င်းက ရက်အနည်းငယ်ကြာအထိ မလျှော်ခဲ့ပုံရပြီး ရှုပ်ပွနေကာ မျက်နှာပေါ်တွင်ကပ်နေခဲ့သည်။ မျက်နှာပေါ်ရှိဒဏ်ရာတို့က အရှင်းမပျောက်သေးပါချေ။ ညှင်းသိုးသိုးဖြင့် မည်းပြာနေလေသည်။


ထိုသူ၏မျက်လုံးတို့က သွေးနီရောင်သန်းနေသည်။ ထိုသူက ရှောက်မင်ကိုတည့်တည့်ကြည့်နေလေ၏။


"ပညာရေးဌာနကသက်သေတွေကိုရလာတာ မင်းလား..."


ဂျူနီယာအထက်တန်းမှ အထက်တန်းအထိ သူကျူးလွန်ထားသမျှ တရားမဝင်သည့်ကိစ္စတိုင်းမှာ သံသယရှိမှုဖြင့် အသေးစိတ်တိုင်ကြားခံထားရသည်။ အချို့ကိစ္စများဆိုပင် သူပင်မမှတ်မိတော့ပေ။


နှစ်ရက်အတွင်း သူ့ဦးလေးကတာဝန်ရပ်ဆိုင်းခံလိုက်ရသည်။ သူလည်းကျောင်းထုတ်ခံလိုက်ရသည်။ ရဲများထံမှစစ်မေးခံလိုက်ရသည်။ သူ့အဖေ၏စီးပွားရေးပင်ထိခိုက်သွားပြီး ဘဏ်တွင်အကြွေးတင်နေပြီ။


သူ့သိက္ခာအားလုံးနီးပါး မြောင်းထဲရောက်သွားခဲ့သည်။


ယွမ်ရှောင်ကျိုးမှာ အော်ငိုမိတော့မတတ်ပင်။


ကျူးထုန်မှာ မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လိုက်၏။ သူပြောတော့မည့်အချိန်မှာပင် လော့ရှိုးကပြေးလာပြီး အော်ဟစ်လိုက်သည်။ 


"မင်းဒီကိုလက်နက်တွေယူလာသေးလား၊ လူတွေကိုထိခိုက်အောင်လုပ်ဦးမလို့လား၊ ယွမ်ရှောင်ကျိုး၊ မင်းကအခု အဆင့်နိမ့် လူမိုက်ကောင်ဖြစ်နေပြီနော်..."


လော့ရှိုးပြောမှ ကြည့်နေသူအားလုံးမှာ ထိုသူလက်ထဲတွင်ကိုင်ထားသောပစ္စည်းကို ကြည့်မိလိုက်ကြသည်။


၎င်းက ချွန်ထက်ပြီး နှစ်ဆယ်စင်တီမီတာအရှည်ရှိသော စက်ရုံသုံး ထောက်ချွန်တစ်ခုပင်။ စတီးနှင့်လုပ်ထားပြီး ထိုအချွန်နှင့် အထိုးခံရသူမှာ ကျိန်းသေပေါက် ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။


အခုလေးတင် ယွမ်ရှောင်ကျိုးက ၎င်းဖြင့် လူနှစ်ယောက်၏မျက်နှာကိုခုတ်ပစ်ခဲ့ပြီးပြီ။


အားလုံးက ယွမ်ရှောင်ကျိုးကို အထိတ်တလန့်ဖြင့်ကြည့်နေကြ၏။


ယွမ်ရှောင်ကျိုးက ရှောက်မင်ကိုသာစိုက်ကြည့်နေလေ၏။ 


"ဘယ်လိုလုပ်များ ငါ့နောက်ကျောကိုဓားနဲ့ထိုးရဲရတာလဲ..."


"နောက်ကျောကိုဓားနဲ့ထိုးတယ် ဟုတ်လား.." 

ရှောက်မင်ကသရော်လိုက်၏။ 

"ကိုယ်စိုက်တဲ့အသီးကိုယ်ရိုတ်သိမ်းရတယ်ဆိုတာ မသိဘူးလား..."


ရှောက်မင်မှာ ယွမ်ရှောင်ကျိုးက သူ၏ကောက်ကျစ်သောအပြုအမူအတွက် ထိုက်တန်သည့်အရာကိုပြန်ရလိုက်ခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိသွားရအောင်ပြောလိုက်ခြင်းပင်။ ယွမ်ရှောင်ကျိုး၏မျက်ဆံအိမ်တို့က ရုတ်ချည်းကျုံ့ဝင်သွားပြီး အမူအရာမှာလည်းပြောင်းလဲသွားလေသည်။


'မဖြစ်နိုင်တာ၊ ရှောက်မင်က အထက်တန်းကျောင်းသားလေးပဲရှိသေးတာ၊ ဘယ်လိုလုပ် သက်သေတွေကိုတထိုင်တည်းရအောင် လုပ်နိုင်ခဲ့တာလဲ'


ထိုသူ၏အကြည့်က ရူးသွပ်သွားခဲ့သည်။ 

"မင်းပဲ၊ သူ့ကိုကူညီလိုက်တာမင်းပဲ..."


လက်ညိုးညွှန်ပြရာက ကျူးထုန်ထံရောက်လာသောကြောင့် ရှောက်မင်၏ မျက်ခုံးတို့ကမှုန်ကုပ်သွားခဲ့သည်။ မသိစိတ်အရ အရပ်ပုသောလူငယ်လေးကို ပိုပြီးတင်းကြပ်စွာဖြင့်ဖက်ထားလိုက်မိ၏။


၎င်းကိုမြင်ပြီး ယွမ်ရှောင်ကျိုးမျက်လုံးထဲမှသွေးရောင်က ပိုပြီးပင်ရဲတောက်လာခဲ့သည်။


"ကျူးထုန်.." 

ယွမ်ရှောင်ကျိုးက အော်ဟစ်လိုက်သည်။

 "မင်းငါ့ကိုဆေးရုံပို့ခဲ့ပြီး ငါ့လူနာခန်းထဲက အင်တာနက်လိုင်းကိုဖြတ်ခဲ့တယ်၊ ရှောက်မင် သက်သေတွေစုတာကိုလည်းကူညီပေးပြီး ငါ့ကိုထောင်ထဲပို့မယ်ပေါ့လေ၊ ဟား...ဟား...ဟား...ရှောက်မင်၊ မင်းဒီလောက်တောင်အောက်တန်းကျရလား၊ ဒီသေခါနီး လူမမာဆီကတောင် အကူအညီယူရတယ်ဆိုတော့..."


သူက ထိုစကားကို အသံမြှင့်ပြောလိုက်လေရာ လူတိုင်း ကျူးထုန်ကိုလှည့်ကြည့်လာကြသည်။


ယွမ်ရှောင်ကျိုး ဆေးရုံရောက်သွားရတာက ကျူးထုန်က လူငှားပြီး သူ့ကိုရိုက်ခိုင်းလိုက်တာကြောင့်လား။


ဒါဘာသဘောလဲ။


ယွမ်ရှောင်ကျိုးက သွေးရူးသွေးတမ်းဖြင့်အော်ဟစ်နေဆဲပင်။ 


"မင်းကငါ့ကိုထောင်ထဲပို့ချင်တယ်လား၊ ငါလည်းဒီအခြေအနေရောက်မှတော့ မင်းကိုပါငါနဲ့အတူဆွဲခေါ်သွားပေးမယ်..."


သူက စိတ်မနှံ့သူတစ်ယောက်နှယ်ပြေးလာ၏။


လူတစ်ယောက်က ကျောင်းဂိတ်ဝမှပြေးလာရင်းလှမ်းအော်လိုက်၏။ 


"ယွမ်ရှောင်ကျိုး ရပ်လိုက်..."


ယွမ်ရှောင်ကျိုးက ပြေးလာသည်မှာ အနားသို့ပင်ရောက်လာနေပြီး ရှောက်မင်ကိုထိုးတော့မည့်အနေအထားဖြင့် ထောက်ချွန်ကိုမြှောက်လိုက်သည်။


ထိတ်လန့်မှုဖြင့် ကျူးထုန်၏မျက်လုံးတို့ကပြူးကျယ်သွားခဲ့သည်။ သူကား မစဥ်းစားနေတော့ဘဲ လက်ကိုဆန့်ထုတ်ပြီး ရှောက်မင်ကိုသူ့ကိုယ်နှင့်ကာလိုက်၏။


မထင်မှတ်ဘဲ ရှောက်မင်ကယွမ်ရှောင်ကျိုးကို တစ်ချက်ခန့် ငုံ့ကြည့်လိုက်သည်။ စဥ်းစားရန်အချိန်မရှိရသေးခင် သတ္တိကောင်းသည့် ထိုပုဂ္ဂိုလ်က သူ့အရှေ့တွင် ယုံကြည်ချက်အပြည့်နှင့်ရပ်လိုက်သောကြောင့် တဖက်လူကိုအရင်ကန်ထုတ်လိုက်သည်။ တချိန်တည်းမှာပင် ကျူးထုန်ကိုပုခုံးဖြင့်ဆွဲခေါ်ပြီး သူ့လက်မောင်းကြားထဲသို့ဆတ်ခနဲသွင်းလိုက်လေသည်။


ထိုအခိုက် ရဲဝတ်စုံနှင့်အမျိုးသားနှစ်ယောက်က ကျောင်းဂိတ်ဝမှပြေးလာပြီး ယွမ်ရှောင်ကျိုးကိုထိန်းထားလိုက်ကြလေတော့၏။


ယွမ်ရှောင်ကျိုးမှာ မျက်နှာနှင့်ကြမ်းပြင်ကိုအပ်လျက်သားဖြင့် မြေပေါ်တွင်ဖိချခံထားရသည်။ ထိုသူက ထွက်ပြေးနိုင်ရန်အတွက် ပါးပါးနပ်နပ်ဖြင့်ရုန်းကန်နေလေ၏။ ရုန်းကန်နေရင်းဖြင့် အော်ဟစ်နေသေးသည်။ 


"မင်းကအဖေဆီကနေ စွန့်ပစ်ခံလိုက်ရတဲ့ ခွေးမျိုးသာသာပဲ၊ မင်းအမေလိုမျိုး မင်းလည်း လူတိုင်းကို မျက်နှာလေးနဲ့ခန္ဓာကိုယ်လေးကိုပြပြီး ရောင်းစားနေရတာ..."


"ပြီးတော့ ကျူးထုန်၊ အရှက်မရှိတဲ့ ပြည့်တန်ဆာကောင်၊ အသက်ရှည်ရှည်မနေရမယ့်ကံပါတာတောင် လောက်လိုမျိုးတွန့်လိမ်ပြနေသေးတယ်၊ အိပ်ရာပေါ်မှာသေသွားမှာမကြောက်ဘူးလား၊ ရွံစရာကောင်းလိုက်တဲ့ကောင်..."


ယုတ်ညံ့သည့် ဖရုသဝါစာစကားလုံးများက ယွမ်ရှောင်ကျိုးပါးစပ်မှ တရစပ်ထွက်ကျလာနေလေသည်။


ကျူးထုန်မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ပြန်ရန်ပါးစပ်ပင်မဖွင့်ရသေးခင် အားကစားကွင်းထဲ၌ စူးစူးဝါးဝါးအော်လိုက်သံတစ်သံထွက်လာလေသည်။ ခြေတစ်ဖက်က ထောက်ချွန်ကိုင်ထားသောယွမ်ရှောင်ကျိုး၏လက်အပေါ်ကို တက်နင်းထားလေ၏။ ၎င်းကလိမ်ကောက်သွားခဲ့ပြီး နေရာအများအပြားတွင် ကျိုးကြေသွားပုံရသည်။


အားလုံးမှာ အသက်ပင်မရှူနိုင်ဘဲငေးကြည့်နေကြလေ၏။


ရှောက်မင်က ဖြည်းဖြည်းချင်း ငုံ့ကိုင်းကာ သူ့လက်ထဲမှထောက်ချွန်ကိုယူပြီးနောက် မတ်တပ်ရပ်လိုက်သည်။ သူက ရဲနှစ်ယောက်ကိုကြည့်ကာပြောလိုက်လေ၏။ 


"ကျွန်တော်က သူ့လက်နက်ကိုသိမ်းလိုက်ရုံပါ၊ ဘာစည်းမျဥ်းမှမဖောက်မိပါဘူးနော်၊ ဟုတ်တယ်မလား ရဲဦးလေးကြီး..."


ယွမ်ရှောက်ကျိုးကိုချုပ်ထားသောရဲနှစ်ယောက်: "....."


သူတို့မှာ ယွမ်ရှောင်ကျိုး၏တဆတ်ဆတ်တုန်နေသောလက်ကိုကြည့်ပြီး ယခုခေတ်အထက်တန်းကျောင်းသားအားလုံးက ရက်စက်လွန်းသည်ဟုခံစားလိုက်ကြရသည်။


သို့သော်လည်း ယခုလေးတင် သူတို့ဘက်မှဂရုမစိုက်မိဘဲ ယွမ်ရှောင်ကျိုးကို ကမူးရှူးထိုးတိုက်ခိုက်ခွင့်ရသွားအောင်လုပ်ပေးလိုက်သောကြောင့် ရှောက်မင်၏ မိမိကိုယ်ကိုခုခံကာကွယ်မှုကို အပြစ်တင်၍မရတော့ပေ။


ရဲဝန်ထမ်းမှာ ရှောက်မင်လက်ထဲမှထောက်ချွန်ကို လှမ်းယူပြီး ကျူးထုန်ကို တောင်းပန်သည့်မျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။ ထို့နောက် ယွမ်ရှောက်ကျိုးကို မြေကြီးပေါ်မှဆွဲထူပြီး ကျောင်းဂိတ်ဝကိုဆွဲခေါ်သွားခဲ့ကြ၏။


သူတို့သုံးယောက် ကျောင်းဂိတ်ဝတွင်ပျောက်သွားမှ ကျောင်းသားရေးဌာနဝန်းကျင်မှကျောင်းသားများလည်း ရှော့ခ်ရနေရာမှပေါ့ပါးလာကြသည်။ သတင်းကြားရသောဆရာနှင့်လုံခြုံရေးကလည်း အပြေးအလွှားရောက်လာ၏။ အားလုံး စုံတွေ့ကြမှ စိတ်အေးသွားကြလေသည်။


သို့သော်လည်း ကြုံတွေ့ခဲ့ရသူတိုင်းတွင် တူညီသောအတွေးတစ်ခုသာရှိသည်။


ယွမ်ရှောင်ကျိုးရဲ့ရူးနေတဲ့ပုံစံက တကယ်ကြောက်စရာကြီး။


ယွမ်ရှောင်ကျိုး ပြောသွားသည့် ခပ်ကြောင်ကြောင်စကားများကို မည်သူကမှဂရုမစိုက်ကြပေ။


ကျူးထုန်တစ်ယောက်သာ မှတ်မိနေသည်။


'ငါက အသက်တိုပြီး မကြာခင်သေတော့မယ့်ကံပါလာတယ်ဆိုတာဘာစကားလဲ၊ ငါ့ကို "အကူအညီ" လိုနေတယ်လို့ ဘယ်ချီးထုပ်ကပြောတာလဲ'


'ရှောက်မင်လား'


'အား'


'ယွမ်ရှောင်ကျိုးက ဘယ်လိုလုပ်ငါ့ကို ဒီလိုမျိုးအထင်လွဲရတာလဲ၊ ရှောက်မင်အရှေ့မှာတောင် ဒီလိုပြောရဲတယ်'


အားကစားကွင်းမှ ကျောင်းခန်းသို့ပြန်လာကြသည့်တလမ်းလုံး ရှောက်မင်ကသူ့အား စကားတစ်လုံးပင်မပြောခဲ့ပေ။ တဖက်မှကျူးထုန်ကမူ အလွန်အမင်းစိုးရိမ်စိတ်ဝင်နေလေပြီ။


ထိုင်ခုံတွင်ပြန်ထိုင်လိုက်ပြီး ကျူးထုန်မှာ သူ့ထိုင်ခုံဖော်လေးကိုခိုးကြည့်လိုက်မိသည်။ ရှောက်မင်က အနည်းငယ်ခေါင်းငုံ့ထားသောကြောင့် ထိုသူ၏အတွေးတို့ကိုမသိနိုင်ပေ။


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုကို ငါးရာခိုင်နှုန်း ထပ်မံရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက နှစ်ဆယ့်ငါးရာခိုင်နှုန်းပါ'


ကျူးထုန်: "......"


ရှင်းပြရန်လက်လှမ်းနေသော ကျူးထုန်မှာ အသာလေးလက်ပြန်ရုတ်လိုက်ရသည်။


 'ဟေး...စနစ်ရေ..."


စနစ်: "....."


ကျူးထုန်က ဆက်ပြောလိုက်လေသည်။ 


"ငါ့အထင်တော့ လက်ဦးမှုယူလိုက်တာထက် ငြိမ်နေလိုက်တာကပိုကောင်းမယ်'


စနစ်ကလက်သင့်မခံပေ။ 

"လက်ဦးမှုမယူတာက မင်းကိုက အဲလိုလုပ်ဖို့ စိတ်မချစရာဖြစ်နေရလို့လေ '


သူကဘာလို့ စိတ်မချစရာဖြစ်နေခဲ့ရတာလဲ။


သူက စနစ်၏စကားကိုပြန်ချေပရန်လုပ်လိုက်သော်လည်း လူတစ်ယောက်ကိုမျက်လုံးထောင့်မှဖျတ်ခနဲမြင်လိုက်ရသောကြောင့် လမ်းတစ်ဝက်မှာပင်ရပ်လိုက်မိလေ၏။


ရှောက်မင်က ခေါင်းမော့ကြည့်လာသည်။ ရှုပ်ထွေးနေသောအကြည့်များဖြင့် ထိုသူကမေးလာခဲ့ပါ၏။ 


"ခုနက...ဘာလို့ငါ့ရှေ့မှာဝင်ရပ်လိုက်တာလဲ..."


🤒