အပိုင်း (၂၃)
Viewers 31k

Part 23


အဆာပြေပေါင်မုန့်စားပြီးနောက်စုန့်ထင်ရှန်းကလုံးဝဗိုက်ထပ်မဆာတော့သော်လဲ ယွမ်ရှကမူဆာလောင်နေတုန်းဖြစ်သည်။ညအချိန်ကျရောက်နေသည်ကိုကြည့်ရင်းဖြင့်မကြာခင်သူတို့အိမ်ရောက်တော့မည်ဖြစ်သောကြောင့်ယွမ်ရှပျော်ရွှင်နေမိသည်။ ထို့ကြောင့်ပင်သူမ၏စားချင်စိတ်ကပို၍ကြီးမားလာသည်။


သူအသင့်စားခေါက်ဆွဲခွက်နှစ်ခုဝယ်လိုက်ပြီး အသားချောင်းအသားပြားတို့ကိုထည့်ကာချက်လိုက်သည်။ယွမ်ရှသည် ကလေးဘဝထဲကအသင့်စားခေါက်ဆွဲများစားသည်ကိုအလွန်ကြိုက်နှစ်သက်သည်။သူမ၏မွေးနေ့ရောက်သည့်အချိန်၌ သူမအဖိုးကဘာစားချင်သလဲဟုမေးလျှင်ခေါက်ဆွဲစားမည်ဟုသာ ပြန်ဖြေလေ့ရှိသည်။


ကလေးလေးယွမ်ရှ၏နှလုံးသားထဲတွင် အသင့်စားခေါက်ဆွဲထက်အရသာရှိတာ ဘာမှမရှိပေ။သူမအထက်တန်းတက်ရောက်ရသည့်အချိန်၌မြို့တော်သို့ပြောင်းရွှေ့ကာမိဘများနှင့်အတူနေထိုင်ခဲ့သည်။ထိုအချိန်၌ သင်ခန်းစာများကအလွန်များပြားလွန်းလှသောကြောင့်ညဉ့်နက်အချိန်ထိပင်လေ့လာသင်ယူခဲ့ရသည်။


ထိုကာလများတွင် သူမ၏နေထိုင်စားသောက်မှုပုံစံမှာ ကန်တင်းမှအစားအစာများနှင့်အများဆုံးသည် အသင့်စားခေါက်ဆွဲများသာဖြစ်ကြသည်။ အချိန်ကြာရှည်စွာစားလာပြီးနောက်ဆုံးနောက်တွင်တော့ ထိုအသင့်စားခေါက်ဆွဲများသည် သူမအတွက်ငြီးငွေ့စရာဖြစ်လာပြီး နောက်ထပ် ထပ်မစားချင်တော့ပေ။


သူမ၏ကလေးဘဝက ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများလိုက်စားခဲ့ခြင်းမဟုတ်သော်လဲ အရွယ်ရောက်ပြီးသည့်အချိန်တော့ ထိုအသင့်စားခေါက်ဆွဲများကိုသူမထပ်မစားခဲ့တော့ပေ။သို့သော်လဲယခုအချိန်တွင်တော့ ထိုအသင့်စားခေါက်ဆွဲကပင်အလွန်အနံ့အရသာနှင့်ပြည့်စုံကောင်းမွန်နေလေသည်။


ကလေးလေးစုန့်က မွှေးရနံ့များကိုရှူရှိုက်လိုက်ပြီး သူမ၏ခေါက်ဆွဲခွက်ကိုကြည့်လိုက်သည်။ ကလေးများသည် လူကြီးများ၏စားစရာများပေါ်တွင်အလွန်ပင်သိချင်စိတ်ပြင်းပြလေ့ရှိကြသည်။ဥပမာအားဖြင့်ပေါက်စီလုံးလေးကချက်ချင်းပင်နှုတ်ခမ်းသပ်လိုက်ပြီးမေးလိုက်သည်။


"မာမား ပေါင်ပေါင်နဲနဲလောက်မြည်းကြည့်လို့ရမလား..."


ယွမ်ရှပြန်မဖြေခင်မှာပင် စုန့်ထင်ရှန်းက မရဘူးဟု တင်းတင်းမာမာပုံစံဖြင့်ပြောလိုက်သည်။သူကယွမ်ရှစားသောက်နေသည်ကိုမထိန်းချုပ်နိုင်သော်လဲ သူ့၏သားကတော့မတူပေ။သုံးနှစ်အရွယ်ကလေးလေးအား ထိုကဲ့သို့အမှိုက်အစားအစာများစားခွင့်ပြုလိမ့်မည်မဟုတ်ပေ။ရေခဲမုန့်ကဲ့သို့သောစားစရာတမျိုးမျိုးဆိုလျှင်ပင် 

သူဘယ်လောက်စားနိုင်သည်ဆိုသည့် ပမာဏကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားလေသည်။


ယွမ်ရှသည်လဲ ထိုအသင့်စားခေါက်ဆွဲများကကလေးများအတွက်မကောင်းသည်ကိုသိရှိလေသောကြောင့် လိမ်ပြောလိုက်သည်။


"အဲ့တာက အရသာလုံးဝမကောင်းဘူး..."


ကလေးလေးစုန့်က အနဲငယ်လက်မခံလိုစွာဖြင့်ပြောလာလေသည်။


"ဒါပေမဲ့ အဲ့ဒါလေးကအနံ့လေးကအရမ်းမွှေးနေတာပဲ..."


သူနှခေါင်းလေးတရှုံ့ရှုံ့ဖြင့်ခေါက်ဆွဲနံ့များကိုရှူရှိုက်လိုက်သည်။


"အနံ့လေးကဒီလောက်တောင်မှမွှေးနေတာလေ..."


 လိမ်ပြီးမပြောပါနဲ့ ဟုတ်ပြီလား...လူကြီးတွေကနဲနဲလောက်ရိုးသားကြစမ်းပါ...


ယွမ်ရှခဏမျှစဉ်းစားပြီးနောက်ပြန်ဖြေလိုက်သည်။


"တချို့အစားသောက်တွေကလေ အနံ့အရမ်းကောင်းပေမဲ့ အရသာကျတော့မကောင်းဘူး။ ဒါပေမဲ့တချို့အစားသောက်တွေကျတော့ အနံ့ကသိပ်မကောင်းဘူး အရသာကျတော့လုံးဝကိုကောင်းနေတာနော်...မာမားဥပမာပြောရမယ်ဆိုရင် တို့ဟူးပုပ်တို့ ခရုမုန့်တို့ ဒူးရင်းသီးတို့လေ..."


သို့သော်လဲပေါက်စီလုံးလေးကအလွယ်တကူအရူးလုပ်ခံမည်မဟုတ်ပေ သူ့၏လက်ဝတုတ်လေးများဖြင့်နှာခေါင်းကိုပွတ်သပ်လိုက်ပြီးထပ်ပြောလိုက်သည်။


"ဒါဆိုရင် ပေါင်ပေါင့်ကိုမြည့်ကြည့်ခွင့်ပေးလိုက် ဒီလိုဆိုရင်ကောင်းတယ်မကောင်းဘူးဆိုတာကို ပေါင်ပေါင်သိသွားလိမ့်မယ်..."


"က‌လေးတွေကဒီလိုမျိုးစားစရာတွေကိုမစားသင့်ဘူး တကယ်လို့စားလိုက်မယ်ဆိုရင်ဝမ်းလျောပြီးတော့ဆေးထိုးရလိမ့်မယ်..."


ထို့နောက်ယွမ်ရှက အလွန်ပင်အံ့ဩထိတ်လန့်သောအသံမျိုးဖြင့်ပြောလိုက်သည်။


"ဆေးထိုးအပ်ကြီးကထူထူကြီးကြီး ကြီးနော်အဲ့ဒီ့အပ်ကသားသားရဲ့နူးညံ့တဲ့အရေပြားလေးကို ထုတ်ခနဲဆို ဝင်သွားလိမ့်မယ်..."


ကလေးလေးစုန့်က ဆရာဝန်သူ့ကိုနာအောင်လုပ်မည်ကိုကြောက်ရွံ့စိုးရိမ်သွားကာထပ်မံမတောင်းဆိုတော့ပေ။


စုန့်ထင်ရှန်းကဖုန်းမှအီးမေးများကိုဖတ်နေသော်လဲ မအေနှင့်သားကြားမှစကားဝိုင်းကိုနားစွင့်ထားနေတုန်းဖြစ်သည်။ယွမ်ရှတွင်မည်သည့်အရာများဖြစ်ပျက်ခဲ့သောကြောင့်ယခုကဲ့သို့အမူအကျင့်များထူးထူးဆန်းဆန်း 

ပြောင်းလဲသွားရသည်ကိုမသိသော်လဲ သူ့သားနှင့်ရင်းနှီးအောင်ဆောင်ရွက်လာခြင်းကကောင်းသောပြောင်းလဲမှုပင်ဖြစ်သည်။


ဖခင်တယောက်ကမည်မျှပင်ကောင်းနေစေကာမူ မိခင်နေရာတွင်အစားထိုးတယောက်ဖြစ်လာနိုင်မည်မဟုတ်မှန်းသူအမြဲတမ်းသိနေပေသည်။ကလေးလေးစုန့်ကအမြဲတမ်းသိတတ်နားလည်သည့်အကျင့်စရိုက်ရှိသော်လဲ 

မူကြိုတွင် သူ့၏ သူငယ်ချင်းများမိဘများနှင့်အတူလာသည့်အချိန်ကိုမြင်တိုင်း ဘာကြောင့်မာမားမလာတာလဲဟုမေးတတ်လေသည်။ယခုအချိန်၌ ယွမ်ရှ၏ပြောင်းလဲလာမှုသည် ရုတ်တရက်စိတ်အပြောင်းမြန်ခြင်မဖြစ်စေရန်သာစုန့်ထင်ရှန်းမျှော်လင့်မိလေသည်။ပြောရမည်ဆိုလျှင်ကလေးများ၏ကြီးပြင်းအရွယ်ရောက်လာမှုတွင်သူ့၏မိဘနှစ်ပါးလုံး 

အချိန်ပေးဂရုတစိုက်ရှိသည်က အကောင်းဆုံးပင်ဖြစ်သည်။


အရှိန်ဖြင့်ခုတ်မောင်းနေသောရထားက ဥမင်လှိုဏ်ခေါင်းများကိုဖြတ်သည့်အချိန်တိုင်းတွင်ဆူညံသံများထွက်ပေါ်နေတတ်သည်။စုန့်ထင်ရှန်းကသူ့၏ဖုန်းနှင့်အီးမေးများကိုဖတ်နေသည့်အချိန်တွင် ယွမ်ရှနှင့်ပေါက်စီလုံးလေးတို့က သူမ၏ဖုန်းတွင်ကာတွန်းကားကြည့်နေကြသည်။


ယခုအချိန်တွင် ယွမ်ရှက ချမ်းသာနေပြီဖြစ်သောကြောင့်သူမ၏ဖုန်းနှင့်ဝိုင်ဖိုင်သုံးဖို့စိတ်ပူနေစရာမလိုတော့ပေ။


သူတို့ အိပ်ရာပေါ်လှဲသည့်အချိန်၌...

စုန့်ထင်ရှန်းကအရပ် 1.9မီတာရှည်သောကြောင့်ရထားပေါ်ရှိအိပ်စင်တွင်လှဲလိုက်သည့်အချိန်၌ကုတင်အပြည့်ဖြစ်နေလေသည်။ယွမ်ရှနှင့်ပေါက်စီလုံးလေးတို့ကတခြားအိပ်ယာပေါ်တွင်ဖိနှိပ်ခံထားရသလိုပြည့်ပြည့်သိပ်သိပ်ဖြစ်နေသည်။