အပိုင်း (၂၄)
Viewers 31k

part 24


ပေါက်စီလုံးလေးအိပ်မောကျသွားသည်အထိစောင့်လိုက်ပြီးနောက်ရုတ်တရက်ယွမ်ရှစကားပြောလိုက်သည်။


"ကျွန်မ ဒီလိုမျိုးနောက်ထပ်ထပ်လုပ်တော့မှာမဟုတ်ပါဘူး...ဒီနေ့ကျွန်မအပြုအမူတွေနဲ့ပတ်သတ်ပြီး ရှင်သံသယတွေဝင်နေမယ်ဆိုတာကျွန်မသိတယ်...စိတ်မပူပါနဲ့ ဒါနောက်ဆုံးအကြိမ်ပါပဲ..."


ယခုအချိန်၌ဇာတ်ကွက်ကပြောင်းလဲသွားပြီဖြစ်ကြောင်းကိုသူမသိပေသည်။ဝတ္ထုဇာတ်လမ်းတခုလုံးထဲမှ အသေးအဖွဲပြောင်းလဲမှုလေးတခုသာဖြစ်သော်လဲ ၎င်းနှင့်ဆက်စပ်၍နောက်ထပ်မည်သို့ဖြစ်လာမည်ကိုသူမမသိနိုင်တော့ပေ။သူမကိုယ်သူမနှင့် သူတို့ကိုဒီတကြိမ်ကယ်တင်နိုင်ခဲ့သော်လဲ နောက်တကြိမ်မဖြစ်နိုင်တော့ပေ။


နောက်အနာဂတ်တွင်မည်ကဲ့သို့ဖြစ်လာမည် သို့မဟုတ် မည်သည့်အရာများဖြစ်ပျက်လာမည်ကကောင်းကင်ဘုံ၏အလိုဆန္ဒတိုင်းသာဖြစ်ပေတော့မည်။


ထိုစကားများကိုကြားလိုက်ပြီးနောက်စုန့်ထင်ရှန်းက မသဲမကွဲသဘောတူသလိုအသံသာပြုလုပ်လိုက်သည်။ယနေ့သူမ၏အပြုအမူများကတကယ်ကိုထူးဆန်းနေသော်လဲ 

ထိုပြောင်းလဲမှုကသူလက်ခံနိုင်သည့်အတိုင်းအတာတွင်မှာသာရှိနေသေးသည်။


"ဒါပေမဲ့ ကျွန်မရှင့်ကိုပြောစရာတခုကျန်နေသေးတယ်...ကျွန်မရဲ့အိပ်မက်ကဘာအဓိပ္ပာယ်မှမရှိဘူးဆိုရင်‌တောင်မှပဲ ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေကအဓိပ္ပာယ်မရှိတာတော့မဟုတ်ဘူး...ဘာကြောင့်လဲဆိုတော့ကျွန်မနဲ့ ပေါင်ပေါင်ရဲ့ဘဝကရှင့်အပေါ်မှာပဲမူတည်နေတာလေ..."


ယွမ်ရှကထိုစကားများကိုတည်ကြည်အေးဆေးစွာဖြင့်ပြောလိုက်သည်။


သူမ၏စကားလုံးများထဲတွင်အမှန်တရားများသာပါဝင်နေလေသည်။ဝတ္ထုထဲမှယွမ်ရှနှင့် က‌လေးလေးစုန့်ရှုယန်တို့၏ဘဝကတကယ့်ကိုပင်စုန့်ထင်ရှန်းပေါ်တွင်သာမှီခိုနေခဲ့ခြင်းဖြစ်သည်။


"စီးပွားရေးကိစ္စတွေနဲ့ပတ်သတ်ပြီးရှင်မကြာခဏခရီးထွက်နေရတာမဟုတ်လား...ကျွန်မအတွက်မဟုတ်ရင်တောင်မှ ကျွန်မတို့ရဲ့သားလေးအတွက်ငဲ့ပြီးတော့အိမ်နဲ့အဝေးကိုရောက်နေတဲ့အချိန်မှာ ရှင့်ကိုရှင်ပိုပြီးတော့ဂရုစိုက်ဖို့မျှော်လင့်တယ်..."


ဝတ္ထုထဲကယွမ်ရှက စုန့်ထင်ရှန်းသေပြီးတဲ့အချိန်မှာသူမကိုချစ်မြတ်နိုးပေးပြီးသူမလိုချင်တဲ့ဘဝမျိုးပေးနိုင်တဲ့တယောက်ယောက်နဲ့တွေ့ဆုံခဲ့တယ်ဆိုပေမဲ့ သူတို့ရဲ့သားလေးအတွက်ကရော...အဆုံးသတ်၌လူတွေကသူတို့ကိုယ်သူတို့အတွက်ပဲရှင်သန်သင့်သလား ဒါမှမဟုတ်သူတို့ချစ်ရတဲ့သူအတွက်ပဲရှင်သန်သင့်သလား 

ဆိုသည့်မေးခွန်းမျိုးကိုမေးမည်ဆိုလျှင် ထိုအဖြေကိုမည်သူမှတိတိကျကျရှင်းရှင်းလင်းလင်းဖြေပေးနိုင်လိမ့်မည်မဟုတ်ပေ။


စုန့်ထင်ရှန်းက ယွမ်ရှဆီမှထိုကဲ့သို့သောစကားမျိုးထွက်လာမည်ဟုမမျှော်လင့်ထားခဲ့ပေ သူအချိန်အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ 


"မင်း ဒီကိစ္စနဲ့ပတ်သတ်ပြီးစိတ်ပူနေဖို့မလိုပါဘူး..."


ယွမ်ရှ၏အတွေး... တကယ်တမ်းတွင်လဲသူမကထိုအကြောင်းကိုအများကြီးစိုးရိမ်ပူပန်မှုမရှိနေပေ။စုန့်ထင်ရှန်းသေသွားပြီဆိုလျှင်လဲ သူမကစင်ဂယ်မားသားတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ကိုယ့်ကိုကိုယ်ပြင်ဆင်ထားပြီးသားဖြစ်သည်။သို့သော်လဲကလေးလေးစုန့်ရှုယန်အတွက်မူတူညီလိမ့်မည်မဟုတ်ပေ။


သူမကကလေးလေးစုန့်ကို ဂရုတစိုက်ပြုစုပျိုးထောင်လိုသည့်ဆန္ဒရှိနေလျှင်တောင်မှ ဖခင်တယောက်အစောကြီးသေဆုံးသွားရခြင်း၏အရိပ်မဲကြီးကကလေး၏နှလုံးသားကို ဖုံးလွှမ်းနေပေလိမ့်မည်။၎င်းကမိခင်နေရာကိုဖခင်အစားထိုး၍မရသကဲ့သို့ ဖခင်နေရာကိုလဲမိခင်အစားထိုး၍ရလိမ့်မည်မဟုတ်ပေ။


သူတို့နှစ်ယောက်စလုံးသည် အစထဲကရင်းရင်းနှီးနှီးမရှိပေ ယခုယွမ်ရှကသူမ၏ခံစားချက်နှင့်စိတ်ကူးများကိုထုတ်ဖော်ပြသရန်အတွက် စကားလုံးများစွာအသုံးပြုခဲ့ပြီးပြီဖြစ်သည်။စုန့်ထင်ရှန်းကလဲစကားတချို့ ပြန်ပြောခဲ့ပြီးလေပြီ ထို့နောက်သူမတို့ကြားထဲတွင်တိတ်ဆိတ်မှုသာကြီးစိုးထားလေသည်။


သူမလုပ်သင့်တာသူမပြောသင့်တာတွေအားလုံးကို လုပ်ပြီးသွားပြီ အနာဂတ်မှာဖြစ်လာမဲ့အရာတွေကတော့သူမထိန်းချုပ်နိုင်မဲ့အရာတွေမဟုတ်တော့ဘူး။


ရထားနဲ့ခရီးသွားရခြင်းကညက်ညောမှုမရှိသော်လဲ ယွမ်ရှနှင့်ကလေးလေးစုန့်တို့ကချိုမြိန်စွာအိပ်မောကျနိုင်တုန်းပဲဖြစ်သည်။သို့သော်ဘေးနားကအိပ်ယာတွင်အိပ်နေသော 

စုန့်ထင်ရှန်းကမူအိပ်မပျော်ပေ သူကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲတဲ့လူမျိုးဖြစ်သလိုမကြာခဏဆိုသလိုလဲ အိပ်မပျော်သည့်ရောဂါမျိုးဖြစ်တတ်သေးသည်။


ယခုလို သက်သောင့်သက်သာမရှိသောအိပ်ယာ... အစောပိုင်းကယွမ်ရှ၏စကားများနှင့်ရထားခုတ်မောင်းနေသောဆူညံသည့်အသံများပေါင်းစပ်သွားသည့်အခြေအနေတွင် 

မနက်နှစ်နာရီထိုးတဲ့အထိသူအိပ်စက်နိုင်ခြင်းမရှိသေးပေ။သူကယွမ်ရှ၏ အပြုအမူများပြောင်းလဲနေခြင်းအတွက်စိုးရိမ်ပူပန်မှုမရှိသလိုဘာကြောင့်သူမပြောင်းလဲနေသည်ဆိုသည့်အကြောင်းကိုလဲတွေးတောလိုခြင်းမရှိပေ။


သို့တိုင်အောင်လွန်ခဲ့သောနှစ်ရက်အတွင်းယွမ်ရှ၏အပြုအမူများ စကားများနှင့်ပတ်သတ်ပြီးစုန့်ထင်ရှန်း၏နှလုံးသားထဲတွင်ထူးဆန်းသည့်ခံစားချက်များရှိနေခဲ့သည်။


ထိုကဲ့သို့ရှုပ်ယှက်ခတ်နေသောအတွေးများနှင့် ရှုပ်ထွေးသောခံစားချက်များကြောင့်သူမနက်သုံးနာရီထိုးသညိအထိအိပ်မပျော်နိုင်တော့ပေ။


ညအချိန်တွင်ရထားပေါ်ရှိလူများက အိပ်စက်နေကြသောကြောင့်နေ့အချိန်‌လောက်ဆူညံခြင်းမရှိသော်လဲ တိတ်ဆိတ်ငြိမ်သက်နေသည်တော့မဟုတ်ပေ။


မနက်စောစောပိုင်း၌ ...


ယွမ်ရှအိပ်ပျော်နေသော စုန့်ထင်ရှန်းကိုကြည့်ပြီးနောက် 

ပေါက်စီလုံးလေးနားသိုတိုးတိုးကပ်ကာပြောလိုက်သည်။


"တို့တွေ ပါပါးမနိုးအောင်လို့ တိုးတိုးသာသာပဲလုပ်ကြရအောင်..."


သူတို့၏လှုပ်ရှားမှုများကညင်သာလှသော်လဲ စုန့်ထင်ရှန်းကမူသူတို့၏ပစ္စည်းများကိုယူလိုက်ထဲကနိုးနေပြီဖြစ်သည် သို့သော်လဲ သူမျက်လုံးမဖွင့်ခဲ့ပေ။