အပိုင်း (၂၅)
Viewers 31k

part-25


ပေါက်စီလုံးလေးကသွားတိုက်ရသည်ကိုမကြိုက်ပေ သူကသွားတိုက်ရသည်ထက်ကျားမြှီးကိုသာပြေးဆွဲချင်ပေသည်။


စုန့်ရှုယန်၏ အလွန်ခိုင်မာသောအကြည့်ကိုမြင်ပြီးနောက် ယွမ်ရှသဘောတကျရီမောလိုက်သည်။သူတို့သားအမိနှစ်ယောက် မျက်နှာသစ်သွားတိုက်ပြီးပြန်လာချိန်၌စုန့်ထင်ရှန်းနိုးနေသည်ကိုတွေ့လိုက်ရသည်။


သူက သွားတိုက်တံနှင့်မျက်နှာသုတ်ပဝါကိုယူပြီးရေချိုးခန်းဘက်သို့ထွက်သွားလိုက်သည်။ရထားရေချိုးခန်း၌ ရေချိုးရသည်ကအဆင်မပြေသော်လဲ သူတို့အတွက်အတွေ့အကြုံအသစ်တခုဖြစ်သောကြောင့်စိတ်ဝင်စားစရာကောင်းလှသည်။ယွမ်ရှကပေါက်စီလုံးလေး ဒီနေ့၌သိပ်မလန်းသည်ကိုတွေ့လိုက်ရသည်။


သူအကြိမ်အနဲငယ်မျှချောင်းဆိုးသည်ကိုကြားလိုက်ရသောကြောင့် သူမ၏နှလုံးခုန်သံများမြန်ဆန်သွားလေသည်။မူလဝတ္ထုဇာတ်ကြောင်းထဲ၌ အိမ်အကူကလေးထိန်းအန်တီက ပေါက်စီလုံးလေနေမကောင်းဖြစ်သည့်အချိန်၌ မူလယွမ်ရှကိုဆက်သွယ်၍မရသောကြောင့် စုန့်ထင်ရှန်းကိုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။


စုန့်ထင်ရှန်းသည်လဲ သူ့သားအတွက်မူလအစီအစဉ်ကိုပြောင်းလဲပြီးအလျင်စလိုအိမ်ပြန်ခဲ့ခြင်းဖြစ်၏။


သို့သော်လဲယခုအချိန်၌ ယွမ်ရှဖြစ်ရပ်မှန်ကိုကိုယ်တိုင်ခံစားမိပြီးပြီဖြစ်သည်။အကယ်၍ ဝတ္ထုထဲ၌ကလေးထိန်းအန်တီကမူလယွမ်ရှကိုဆက်သွယ်၍ရခဲ့လျှင်ပင် စုန့်ထင်ရှန်းသည်သူ့သားနေမကောင်းဖြစ်နေသည်ကိုသိလိုက်သည်နှင့် 

လက်မှတ်ချိန်း၍အိမ်သို့အစောဆုံးပြန်ပေလိမ့်မည်။


ထိုသို့ဆိုလေရာမူလယွမ်ရှ၏အပြစ်ဟုပြော၍မရတော့ပေ။


စုန့်မိသားစုအိမ်တွင် မစ္စတာစုန့်ကသာဆုံးဖြတ်ရသူဖြစ်ကြောင်းကလေးထိန်းအန်တီကကောင်းစွာသိထားပေသည်။ ထို့ကြောင့် သူမသည် မူလယွမ်ရှကိုဆက်သွယ်၍ရသည်ဖြစ်စေ မရသည်ဖြစ်စေ စုန့်ထင်ရှန်းကိုသာအကြောင်းကြားမည်သာဖြစ်သည်။


ထိုသို့မဟုတ်လျှင်လဲမူလယွမ်ရှက ကလေးနေမကောင်းဖြစ်သည်နှင့် စုန့်ထင်ရှန်းကိုအကြောင်းကြားမည်သာဖြစ်သည်။


ထိုသို့ဖြစ်လေရာ အကယ်၍ သူမသာကလေးလေးစုန့်ကို မြို့တော် A သို့ခေါ်မလာခဲ့ပါက ယနေ့ကလေးလေးဖျားသည်ကိုမစ္စတာစုန့်ကလဲသိသွားပေလိမ့်မည်။သူမသေချာစွာလျှို့ဝှက်ထားခြင်းမှ မဟုတ်လျှင် စုန့်ထင်ရှန်းသည်

လေယာဉ်လက်မှတ်အစောဆုံးဖြတ်၍မြန်မြန်ပြန်လာပေလိမ့်မည်။


ထိုသို့သာဖြစ်ခဲ့ပါက ဝတ္ထုထဲကကဲ့သို့ သူ သေဖို့သေချာပေသည်။အကယ်၍သူမသာမြို့တော် A သို့မလာခဲ့လျှင်... အန္တရာယ်များကိုသတိပြုမိပြီးလေယာဉ်လက်မှတ်ကိုမပြောင်းလဲခဲ့လျှင်... သို့မဟုတ် စုန့်ထင်ရှန်းသာသူမ၏စကားကိုနားမထောင်ခဲ့လျှင်...


သူမ စုန့်ထင်ရှန်းနေရာကနေဝင်ကြည့်မည်ဆိုလျှင်လဲ 

သူ့ဇနီးကလဲကလေးကိုဂရုမစိုက်သလို သူ့အလုပ်ကလဲပြီးဆုံးနေသည့်အချိန်၌သူ့သားဖျားနေသည်ကိုသိလိုက်သည်နှင့် အတတ်နိုင်ဆုံးမြန်မြန်ကလေးဘေးသို့ပြန်လာမည်မှာမလွဲပေ။


ကံကောင်းထောက်မစွာဖြင့် ယွမ်ရှကကလေးလေးစုန့်ကို မြို့တော် A သို့ခေါ်ဆောင်လာခဲ့မိသည်။ထိုသို့မဟုတ်လျှင် ယခုချိန်၌သူမဝတ္ထုဇာတ်ကြောင်းကိုအောင်မြင်စွာပြောင်းလဲနိုင်ဖို့မသေချာပေ။


သူမသာကွဲပြားသည့်ရွေးချယ်မှုသာပြုလုပ်ခဲ့ပါက စုန့်ထင်ရှန်း၌မည်သို့ဖြစ်သွားမည်ဟုသူမတွေးတောင်မတွေးကြည့်ရဲပေ။


ဖခင်တယောက်ဖြစ်သော စုန့်ထင်ရှန်းကလဲကလေးလေးစုန့်နေမကောင်းသည်ကိုချက်ချင်းသတိပြုမိလေသည်။သူတို့ရထားဘူတာသို့ရောက်သောအခါ၌ တက္ကစီငှားလိုက်ပြီးအိမ်ကိုပြန်မည့်အစားဆေးရုံသို့သာတန်းသွားလိုက်သည်။


စစ်ဆေးပြီးနောက်ဆရာဝန်က ကလေးများတွငိအဖြစ်များသည့်ရောဂါသာဖြစ်ကြောင်းပြောလာလေသည် သူတို့ကဆေးရုံသို့ခေါ်သွားခဲ့သော်လဲဆရာဝန်ကအိမ်မှာတွင်ထား၍စောင့်ကြည့်ရန်သာပြောလိုက်သည်။သူ့၏အဖျားကလုံးဝမကျသွားမှသာလျှင်နောက်တဆင့်အနေဖြင့် ဆေးထိုးပေးမည်ဖြစ်ကြောင်းပြောလိုက်သည်။


သူတို့အိမ်ပြန်ရောက်သည်နှင့်စုန့်ထင်ရှန်းကကလေးလေးစုန့်၏တကိုယ်လုံးကို ‌ရေပတ်တိုက်ပေးလိုက်ပြီးနောက် ရေတိုက်လိုက်သည်။


ဘေး၌ရပ်နေသောယွမ်ရှက ကလေးလေးအပူချိန်အတက်အကျကိုသာစမ်းသပ်နေလေသည်။တနေ့မျှကုန်ဆုံးသွားပြီးနောက် သူမ၏အရင်ဘဝကအလုပ်သမားများက ကလေးများဖျားလျှင်လူကြီးများပါဒုက္ခများသည်ဟုဆိုရခြင်းအကြောင်းကိုနားလည်သွားလေပြီ။


အဘယ့်ကြောင့်ဆိုသော်ကလေးတယောက်ဖျားလျှင် လူကြီးကပါလုံးဝအနားမယူနိုင်ပဲပြုစုစောင့်ရှောက်နေရသောကြောင့်ပင်။ယွမ်ရှနှင့်စုန့်ထင်ရှန်းတို့နှစ်ယောက်စလုံးက ကလေးလေးစုန့်၏ဘေးနားတွင်သာတလျှောက်လုံးနေခဲ့ကြသည် သူတို့ကစိုးရိမ်ပူပန်နေသောကြောင့် အခန်းသို့ပြန်၍မအိပ်စက်နိုင်ကြပေ။


ကလေးလေးစုန့်က မနေ့ကလေးတင်အကောင်းကြီးလေ ဘယ်လိုလုပ်ပြီးတော့ရုတ်တရက်ဖျားသွားရတာလဲ...ယွမ်ရှထိုအကြောင်းကိုတွေးလိုက်သော်လဲအကြောင်းပြချက်ကောင်းကောင်းရှာမတွေ့ပေ။နောက်ဆုံး၌ဝတ္ထု၏ဇာတ်ကြောင်းက အလွန်ပင်အားကြီးလွန်းသောကြောင့်ပြောင်းလဲဖို့မဖြစ်နိုင်ခြင်းဟုသာတွေးထင်လိုက်မိလေသည်။


နောက်ထပ်နာရီအနဲငယ်အကြာ၌ယွမ်ရှ အိပ်ငိုက်ခြင်းကိုတောင့်မခံနိုင်တော့ပေ။ သူမလက်ထဲ၌သာမိုမီတာကို ကိုင်ထားရင်းဖြင့်ကလေးလေးစုန့်၏ဘေးနားတင်အိပ်ပျော်သွားလေသည်။စုန့်ထင်ရှန်းအခန်းထဲသို့ပြန်ရောက်လာချိန်၌ ထိုမြင်ကွင်းကိုမြင်လိုက်ရလေသည်။ကလေးလေးစုန့်ကလဲအဖျားရှိန်ကြောင့်အိပ်ပျော်နေသော်လဲ သူ့၏ဘေးနား၌သူ့မိခင်ရှိနေသည်ကိုခံစားမိသည့်အလား တိုးကပ်ကာအိပ်ပျော်နေလေသည်။


စုန့်ထင်ရှန်းသူတိုနှစ်ယောက်အနားသို့လျှောက်သွားလိုက်သည် သူခဏမျှတုန့်ဆိုင်းသွားပြီးနောက် စောင်ကိုကောက်ယူလိုက်ကာယွမ်ရှပေါ်သို့ ခြုံပေးလိုက်လေသည်။