အပိုင်း ၅၂
Viewers 14k

Chapter 52


သူမ အရင်ကထက် ဘယ်လောက်ပိုတော်လာကြောင်းကြွားထားသည့်အပြင် သူ့ကိုလည်း လာကစားဖို့ဖိတ်ခေါ်ထားသေးသည်။


သူမကို သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မမြင်ရသော်လည်း ယွီချင်းရှီ သူမ၏စောင့်ကြွားကြွားမျက်နှာကို စာထဲမှတစ်ဆင့်မြင်နေရ၏။


သူ အမျက်ခြောင်းခြောင်းထွက်ကာ စာပြန်ချင်ပေမဲ့ ထိုအကြောင်းကိုစဥ်းစားပြီးနောက်တွင် သူခုရက်ပိုင်း စကားလုံးအသစ်တွေတစ်လုံးမှ သင်ယူပြီးပုံမရချေ။ 


သူဘယ်လိုလုပ် ကျန်းရှောင်မန်ကို သူအရင်ကထက်ပိုတော်လာကြောင်း သက်သေပြရမှာလဲ...


ယွီချင်းရှီ မလိုလားစွာဖြင့် အရှုံးပေးလိုက်ရပြီး စာမှတစ်ဆင့် ယှဥ်ပြိုင်ခြင်းကို ရပ်တန့်လိုက်သည်။ သို့ပေမဲ့ သူ ကျန်းရှောင်မန်၏ဖိတ်ကြားချက်ကို အကြောင်းပြန်စာတစ်စောင် ရေးလိုက်၏။ စာထဲတွင်ကား သူက ကျောင်းစတက်ရတော့မှာဖြစ်ပြီး အပြင်ထွက်လို့မရတော့ကြောင်း ဖော်ပြထားသည်။  သူမ ကြိုးကြိုးစားစားလေ့လာပြီး နေတိုင်းတိုးတက်အောင်လုပ်ဖို့သူမျှော်လင့်ပါသည်။ သူမသာ သူနဲ့အတူကျောင်းလာတက်ပါက စာသင်ရတာကို အများကြီးသဘောကျသွားမည်ဖြစ်ကြောင်း စသဖြင့်ပြောထား၏။ 


ဆယ်ရက်ကျော်ကျော်ကြာပြီးမှ ကျန်းရှောင်မန် ယွီချင်းရှီဆီက စာကိုရခဲ့လေသည်။ 


သူမ အမှန်တော့ ယွီချင်းရှီကို ညာလိုက်တာဖြစ်၏။ သူမ စကားလုံးတွေအများကြီး လုံးဝကို မသင်ယူရသေးပါချေ။ သူမ ယွီချင်းရှီ၏စာထဲရှိ တချို့သောစကားလုံးများကို မမှတ်မိပေ။


သို့သော် ယခု သူမတွင် ရှင်းဟွအဘိဓာန်ရှိနေပြီဖြစ်သဖြင့် သူမဘာသာရှာကြည့်လို့ရလေသည်။


သူမမသိသည့် စကားလုံးများကို ရှာကြည့်ပြီးနောက် ကျန်းရှောင်မန် နောက်ဆုံးတွင် စာပါအကြောင်းအရာများကို နားလည်သွားခဲ့၏။


ဆိုတော့ သူကတကယ်ကြီး ကျောင်းတက်နေပြီပေါ့...


အိုခေ...


ကျန်းရှောင်မန် အနည်းငယ် လမ်းပျောက်သွားသည်။ သူ ရွာကိုလာကစားလို့မရတော့ပေမဲ့ သူမ အားလည်းကျမိ၏။


သူမ ဆရာထန်နဲ့ကစားရင်းလည်း သင်ယူနေပြီဖြစ်သည်။ 


အရင်ကထက် သင်ယူတာပိုမြန်လာသော်လည်း စာသင်ခန်းထဲရှိတခြားကလေးများနှင့်မတူဘဲ သူမတွင် ကိုယ်ပိုင်စားပွဲ၊ထိုင်ခိုင်မရှိပေ။


ကျန်းရှောင်မန် စာအိတ်ကို ချထားပြီး သူမ၏အဖိုးတန် ကျောက်စရစ်ခဲလေးများနှင့်အတူထားလိုက်၏။


ယွီချင်းရှီက ကျောင်းတက်နေပြီဖြစ်၍ သူမသူ့ကိုနှောက်ယှက်လို့မရချေ။ 


သူ့အားလပ်ရက်တွေအထိစောင့်ကြတာပေါ့...

ပြီးရင် သူ့ကိုကစားဖို့ဖိတ်လိုက်မယ်...


 မိုင်းတွင်းမှာအလုပ်စလုပ်ပြီးနောက် ဦးလေးက သူ အိမ်မှာ ကာလာစုံတီဗွီအသစ်ရော တယ်လီဖုန်းရော တပ်ပေးမယ်ဟု ပြောခဲ့သည်။ 

 အိမ်ရှိအခြေအနေတွေက တိုးတက်လာပြီဖြစ်၏။ ယွီချင်းရှီ ရောက်လာသောအခါ သူထိုဟာကို သေချာပေါက် ကြိုက်မှာဖြစ်သည်။


 ကျန်းရှောင်မန် တွင်းတစ်တွင်း ထပ်တူးလိုက်ပြီး သံဘူးလေးကိုဝှက်လိုက်၏။

 

ဤဟာတွေအကုန်လုံး လုပ်ပြီးနောက် သူမက စနစ်ကို ပြောလိုက်လေသည်။

 "အကိုကြီးစနစ်... အကိုကြီးစနစ်က သမီးရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်နေတုန်းပဲ...."

 (T/N- da ge=တာ့ကော=အကိုကြီးလို့ပြောင်းခေါ်လိုက်တာပါ)


 "အွန်း...ကျေးဇူးပဲ ...."

 စနစ်က ပြန်ဖြေလိုက်၏။

 

ကျန်းရှောင်မန်လေးက ကြာကြာစိတ်ဓာတ်ကျမနေဘဲ များမကြာမီ ပြန်ပြီးမြူးထူးလာခဲ့သည်။ 


အဘယ့်ကြောင့်ဆိုသော် ဘွားဘွားက ရာသီဥတုက ပိုအေးလာနေပြီး မြေကြီးပေါ်မှာ ဆီးနှင်းတွေစဖုံးလာနေပြီဟု ပြောသောကြောင့်ပင်။ 


ဆိုလိုတာက...တည်သီးတွေစားရတော့မယ်...


အရသာရှိတဲ့ အသီးမှည့်တွေအများကြီး အများ

ကြီးရှိနေမှာဖြစ်၏။ ကျန်းရှောင်မန်အကြိုက်ဆုံးရာသီကား ရောက်လာလေပြီ။


အစားအသောက်တွေရှိနေသရွေ့တော့ ကျန်းရှောင်မန်၏ပူပန်မှုတွေက အလျင်အမြန် ပျောက်ကွယ်သွားမှာဖြစ်သည်။


သူမ၏အဝတ်အစားတွေ ပိုထူထူလာကာ သူမ၏အရပ် ပိုရှည်ရှည်လာတာကလွဲပြီး ထို့ထက်ပို၍ တခြားပြောင်းလဲမှုတွေရှိလာမည့်ပုံမရချေ။


ကျန်းရှင်း၏ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က ယခုမှစနေရုံသာရှိပြီး တောင်ပေါ်လမ်းများသည် သွားလာရန်ခက်ခဲလှ၏။ မိုင်းတွင်းနှင့်မနီးမဝေးနေရာတွင် အိမ်သေးသေးနဲ့တွဲ၍ကားဂိုထောင်တစ်ခုဆောက်လိုက်သည်။ သူ ထိုနေရာမှာပဲအိပ်လေ့ရှိပြီး အိမ်ပြန်၍ အသွားအပြန်မလုပ်တော့ချေ။ 


သူအိမ်သို့ပြန်လာခဲသော်ငြား သူပြန်လာသည့်အချိန်တိုင်းတွင် ကျန်းရှောင်မန်လေးအတွက် တောင်ပေါ်မှာသာ ရှာတွေ့နိုင်သည့် အဆင်တန်ဆာမျိုးစုံကို အမြဲယူလာပေး၏။


 တောရိုင်းသစ်သီးဝလံများ၊အကောင်သေးသေးလေးများ၊ထူးဆန်းသည့် အရုပ်မျိုးစုံစသည်ဖြင့် သူတို့ထဲက အများစုကို သူမအရင်က မမြင်ဖူးချေ။

 

သူမအရင်က မမြင်ဖူးသည်က ကိစ္စမရှိပါလေ။သူမ အရာရာတိုင်းကို သဘောကျပြီး အကုန်လုံးကို ပျော်ပျော်ကြီး စားခဲ့သည်။ သူမ အကောင်ငယ်လေးများကို သိမ်းထားပြီး သူတို့မသေသရွေ့ သူတို့အား ဟွားဟွားလိုမျိုး ဆက်ဆံခဲ့၏။ သူမ သူတို့အား အရသာရှိသည့် စားစရာသောက်စရာများနေ့တိုင်းပေးပြီး အများကြီးဂရုစိုက်ပေးလေသည်။ 

 

တဟွားက ပိုကြီးကြီးလာနေပြီး ယခုတွင် ၎င်းက သူ့အမေ၏ထက်ဝက်အရွယ်လောက်ပင် ကြီးနေလေပြီ။ ထို့သိုမြင်ရသည်ကို ကျန်းရှောင်မန်လေး တအားကိုပျော်ပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် ဦးလေးထိုဟာကို မ မနိုင်မှာမဟုတ်တော့သည့်အတွက်ပင်။ဘွားဘွားက  ကျန်းရှောင်မန် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်ရမယ်...ဒါမှသာ သူမစိတ်ချနိုင်မှာဟု အမြဲပြောနေသည်မှာ မဆန်းတော့ပေ။


အကြောင်းမှာ သူမ ဝပြီး ပြည့်ဖြိုးနေပါက လူဆိုးတွေက သူမကို မနိုင်မှာမှာမဟုတ်သဖြင့် သူမဘေးကင်းနေပေလိမ့်မည်။


မကြာခင်မှာပင်  ကျန်းရှောင်မန်  အပျော်လွန်နေခြင်းသာဖြစ်ကြောင်း သိရတော့သည်။


တဟွားကို ဦးလေးတစ်ယောက်က မ,မနိုင်ပေမဲ့ ဦးလေးအများကြီးက မ,နိုင်လေ၏။


သနားစရာ တဟွားခမျာ နှစ်သစ်ကူးဝက်ဖြစ်လာခဲ့သည်။

(E/T–နှစ်သစ်ကူးဟင်းလျာဖြစ်လာတာပါ ။နှစ်သစ်ကူးအတွက် ဝက်ပေါ်ခြင်းက တချို့နေရာတွေမှာ ရိုးရာတစ်ခုဖြစ်ပါတယ်)