အပိုင်း ၂
Viewers 53k

အခန်း ၂

ဘလက်ကီအတွက် ဥထမင်းကြော်


သူ့အနားမှာ ဆူညံအော်ဟစ်နေပေမယ့် ပုဖန်ကတော့ ခွေခေါက်ထိုင်နေရာကနေတောင်မထပဲ ဗလာအကြည့်သက်သက်ဖြင့်စိုက်ကြည့်နေသည်။


တကယ်တမ်းတော့ သူ့စိတ်တွေက လက်ရှိအဖြစ်အပျက်မှာရှိမနေဘူး သူ့စိတ်ထဲက System ဖော်ပြထားတဲ့အချက်အလက်တွေကို ဖတ်နေတာဖြစ်သည်။


System ၏ရည်ရွယ်ချက်: ကျွန်ုပ်၏ပိုင်ရှင်(ပုဖန်/နောင်တွင် Host ဟုသာသုံးသွားပါမည်) သည် ဤဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်အဆင့်အတန်းအားလုံး၏ထိပ်ဆုံးတွင်ရပ်တည်၍ ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါးဖြစ်လာဖို့ ကူညီရန်။


Host: ပုဖန်


အစစ်အမှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့်: မရှိ 

(ဆန်းကြယ်သောကမ္ဘာထဲမှာ ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ မင်းရဲ့စွမ်းအင်အစစ်အမှန်တွေကို ဟင်းချက်တဲ့နေရာမှာ ထည့်သုံးရမယ်။ ကြိုးစားပါ လူငယ်လေး)


ချက်ပြုတ်ခြင်းစွမ်းရည်: သော့မပွင့်သေး


ကျွမ်းကျင်မှုများ: သော့မပွင့်သေး 


ကိရိယာများ: မရရှိသေး


ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက်: လူသစ် (ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာမယ့်လမ်းကြောင်းပေါ်မင်းရောက်ရှိနေပြီဖြစ်သည်။ဆန်းကြယ်သောကမ္ဘာထဲမှာ ထိပ်ဆုံးကရပ်တည်နိုင်ရန်အတွက် system ၏ညွှန်ကြားချက်များကို လိုက်နာပါ)


..................


"ဟေးးးး

မင်း ငါပြောတာကိုကြားရဲ့လား?!

မင်းက ဒီဆိုင်ပိုင်ရှင်လား?" 

ချောမောတဲ့လူငယ်လေးက ဒေါသထွက်ထွက်ဖြင့် ပုဖန်ကိုအော်ပြောတော့သည်။


 ပုဖန်က လူငယ်လေးကို မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး ပျင်းရိစွာနဲ့ သမ်းဝေကာ မတ်တပ်ထရပ်လိုက်သည်။


"စျေးနှုန်းတွေကတော့ မင်းမြင်တဲ့အတိုင်းပဲ

မင်းအတွက် အဆင်မပြေရင် အားနာနေစရာမလိုပဲ ထွက်သွားလို့ရတယ် 

ငါ့ရဲ့ စားသောက်ဆိုင်မှာ စားသုံးသူကို မျှမျှတတပဲဆက်ဆံတယ် အတင်းအကြပ် ဝယ်စားခိုင်းတာမျိုးမလုပ်ဘူး"


ချောမောတဲ့လူငယ်လေးက ပုဖန်ပြောတာကို ကြားတဲ့နောက် ဆွံအသွားသည် 


ခဏအကြာမှာတော့...သူ့ရဲ့မျက်လုံးတွေက ဒောသကြောင့်စူးရှလာပြီး ကြည့်ကောင်းတဲ့မျက်နှာကလဲ အနီရောင်ပြောင်းလာသည်။ 


"မင်း...! 

ဘယ်လိုဆိုင်ရှင်မျိုးလဲ...

ဆိုင်ရှင်တစ်ယောက်မှာ ဒီလိုသဘောထားမျိုး ရှိသင့်သလား? "


"ပြီးတော့... မင်းရဲ့စျေးနှုန်းတွေကိုလဲ မင်းပြန်ကြည့်လိုက်ဦး...!!စားသုံးသူတွေကို မျှမျှတတ ဆက်ဆံတယ်လို့ ဘယ်လိုများပြောထွက်သေးတာလဲ...

ငါပြောရဲတယ်...

မင်းက အယုံလွယ်သူတွေကို လှည့်ဖျားဖို့ရှာနေတဲ့ ကလိမ်ကကျစ်ကောင်ပဲ...!!! 

ငါ ရှောင်ရှောင်လုံက မင်းရဲ့ ပုံစံအစစ်အမှန်ကို သိပြီးသွားပြီ ဆင်ခြေတွေ ပေးမနေနဲ့တော့..."


 "မင်းအမြင်မှာ ငါက လိမ်မယ့်ပုံ ပေါက်နေလို့လား ?"


ပုဖန်လည်း စိတ်တိုလာပြီး ပြန်ပြောလိုက်သည်။


သူ့လို ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက်ကို တစ်စုံတစ်ယောက်က 'ကလိမ်ကကျစ်ကောင်'လို့ခေါ်လိုက်တာမျိုး သူတအားမုန်းသည်။


"ဘာလို့စျေးကြီးနေရသလဲဆိုတာ ငါ့အကြောင်းပြချက်နဲ့ငာ ရှိတယ်

 စျေးကြီးလို့ မစားချင်ဘူးဆိုလဲ မင်းထွက်သွားနိုင်တယ် 

မင်းကိုလည်း ဘယ်သူမှဆွဲမထားဘူး "


ကံမကောင်းဘူးလို့ ပုဖန်ခံစားမိ၏။


စားသုံးသူတစ်ယောက်လောက်ရဖို့ သူမနက်ထဲက စောင့်နေခဲ့ရသော်လည်း စားသုံးသူအစား စိတ်အနှောင့်အယှက်ပေးမယ့် အခြောက်တစ်ယောက်ပဲရောက်လာသည်။ 

သူတွေးလိုက်မိသည်။!စီးပွားရေးလုပ်ရတာ ဘာလို့များ အရမ်းခက်ခဲနေရတာလဲ!


ချောမောတဲ့လူငယ်လေးက ပိုပြီးစိတ်တိုလာတော့သည်။သူက လက်ပိုက်လိုက်ပြီး ပုဖန်ကိုအေးတိအေးစက် ပြောလိုက်သည်။


"ဟွန့်...

မင်း ငါ့ကိုရန်စချင်နေတာလား?..

မင်းဟင်းပွဲတွေကို မှာစားလာအောင် ဆွနေတာမလား...?

ငါ့ကို မင်းအမွေးရိတ်လို့ရမယ့် မိုက်မဲတဲ့ ဝဝကစ်ကစ်သိုးတကောင်လို့ထင်နေတာလား...!!!"


ပုဖန်က သူ့ရှေ့က မိန်းမလျာလိုချောမောတဲ့ လူငယ်လေးကို ကြည့်ပြီး ပြောစရာစကားမဲ့သွားသည်

 

လူငယ်လေးကို ဘာမှ ပြန်ပြောမနေတော့ပဲ သူ့ရဲ့ တနေ့တာ ချက်ပြုတ်လေ့ကျင့်ခြင်းကိုစတင်ရန်အတွက် မီးဖို့ခန်းဆီသို့ မျက်နှာသေဖြင့်လျောက်သွားခဲ့သည်။


 

"ဘာဖြစ်တာလဲ!?

ငာက မင်းရဲ့မကောင်းတဲ့ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်လို့ ပြန်မပြောနိုင်တော့ဘူးမို့လား?...

မင်းကိုပြောပြလိုက်မယ် 

ငါ ရှောင်ရှောင်လုံက မတရားမှုတွေကို မုန်းတဲ့သူပဲ 

မင်းလို ကလိမ်ကကျစ်တွေကိုလည်း အရမ်းမုန်းတယ် "

လူငယ်လေးက အဲ့ဒီနေရာမှာပဲ ဆက်ရပ်နေပြီး အဆက်မပြတ် ပစ်တင်ပြောဆိုနေသည်။

သို့သော်လည်းပဲ...

ပုဖန်ကတော့ ဘာဆိုဘာမှကို ပြန်မပြောတော့ပါဘူး 


"ငါက မင်းရဲ့အကြောင်းကို အင်ပါယာမြို့တော်မှာရှိတဲ့လူတိုင်းသိအောင် လိုက်ပြောမယ် မင်းရဲ့ဆိုင်ကိုလည်းပိတ်ပစ်ရအောင် လုပ်ပစ်မယ်...

အိုး...

ငါတောင်လုပ်စရာလိုမယ်မထင်ပါဘူး 

ဒီမတန်တဆ စျေးနှုန်းကို မြင်တဲ့သူတိုင်း ဒီဆိုင်ကို လာတော့မှာမဟုတ်ဘူး"


ပုဖန်က ရှောင်ရှောင်လုံပြောသမျှကို မသိကျိုးကျွံပြုထားတဲ့အတွက် သူပိုဒေါသထွက်လာပြီး မရပ်မနား ခြိမ်းခြောက်ပစ်တင် ပြောဆိုနေမိသည်။


...............................


တိတ်ဆိတ်ငြိမ်သက်....


စားသောက်ငယ်လေးအတွင်း တိတ်ဆိတ်သွားပြီး မကြာခင်မှာပဲ မီးဖိုခန်းတွင်းမှ အနံတချို့ လွင့်ပျံလာသည်။


ရှောင်ရှောင်လုံက အစားအသောက်စာရင်းပေါ်က စျေးနှုန်းတွေကို စိုက်ကြည့်ပြီး အဲ့ဒီနေရာမှာ ခဏရပ်နေခဲ့သည်။

နောက်ဆုံးမှာတော့...

နှုတ်ခမ်းတွန့်ရုံမဲ့လိုက်ပြီး စိတ်ပျက်လက်ပျက်ခေါင်းခါရမ်းကာ ထွက်သွားဖို့ပဲ ဆုံးဖြတ်လိုက်သည်။


အသီးအရွက်ကြော်တစ်ပွဲအတွက် ရွှေပြားတစ်ရာကျသင့်မယ်ဆိုတာ...

အရူးတွေပဲစားလိမ့်မယ်


လေအလင်း အင်ပါယာမြို့တော်တွင်,

ကြေးပြားကို အသေးဆုံးငွေကြေးအဖြစ်အသုံးပြုကြသည် 

ကြေးပြား၊ငွေပြားနှင့် ရွှေပြားတို့ကို အသုံးပြုကြပြီး ရွှေပြားက တန်ဖိုးအကြီးဆုံးငွေကြေးအသုံးဖြစ်သည်။

အင်ပါယာမှာနေထိုင်တဲ့သာမန်မိသားတစ်စုအတွက်ဆိုရင် ရွှေပြားတစ်ပြားက တစ်လစာသုံးလောက်သည်။


ရွှေပြားတစ်ရာ!!...


ဒါက သာမာန်လူတစ်ယောက် တတ်နိုင်တဲ့ အတိုင်းအတာမဟုတ်ဘူး ။

 

ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်တစ်တုံး!

(သလင်းကျောက်ဆိုတာ သိုင်းသမားတွေအသုံးပြုသည့်အရာဖြစ်သည်

သလင်းကျောက်တစ်တုံးက ရွှေပြားတစ်ထောင်နှင့်ညီမျှသည်)


ရူးနေတဲ့လူမှသာ ဒီလိုမတန်တဆစျေးနဲ့ရောင်းမှာ!


ရှောင်ရှောင်လုံက ဒေါသတကြီးနဲ့အပေါက်ဝဆီ လျောက်သွားချိန်မှာပဲ ရုတ်တရက်သူဆွဲဆောင်ခံလိုက်ရသည်။


"မွှေးလိုက်တဲ့ အနံ့"


 မီးဖိုချောင်ကနေထွက်လာတဲ့အနံ့တွေက ရှောင်ရှောင်လုံရဲ့နှာခေါင်းအနားတွင် တရစ်ဝဲဝဲဖြစ်နေသည်။

သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးလေးတစ်ခုပေါ်ပေါက်လာပြီး ချစ်သူရဲ့ ပွေ့ဖက်ခံထားရသလိုမျိုး တစ်ဆတ်ဆတ် တုန်ရီနေလေ၏။


ရှောင်ရှောင်လုံက မွှေးပျံတဲ့အနံ့ထွက်ပေါ်လာရာ မီးဖိုခန်းဆီသို့လည်ပြန်ကြည့်လိုက်သည်။


သူ၏လက်ထဲတွင် ကြွေထည်ပန်းကန်လုံးကိုကိုင်ထားသော ပုံရိပ်တစ်ခုက မီးဖိုဝတွင်ထွက်ပေါ်လာသည်။


အလွန်မွှေးပျံ့တဲ့ရနံ့တွေကလည်း ပန်းကန်လုံးဆီမှ လွင့်ပျံနေ၏


"မင်း ငါ့ကိုဆွဲဆောင်ဖို့ကြိုးစားနေတာလား?


ဟမ့်!...

မင်းချက်ထားတာ ဘယ်လောက်ပဲကောင်းကောင်း ဂရုမစိုက်ဘူး။ငါလှည့်စားခံမှာ မဟုတ်ဘူး"


ရှောင်ရှောင်လုံက ပုဖန်သူ့ဆီလျောက်လာသည်ကိုမြင်၍ သူ့ခေါင်းကိုမော့ချီလိုက်ပြီး ဟွန့်ခနဲ အသံပြုကာ အေးစက်စက်ပြောလိုက်သည်။

....................


နောက်ဆုံးတော့...


ရှောင်ရှောင်လုံလည်း အနံရဲ့ဆွဲဆောင်မှုကိုမခံနိုင်တော့ပဲ ဗိုက်ထဲက သံစုံမြည်လာတော့သည်


"ကောင်းပြီ...

မင်းက အရင်ကမ်းလှမ်းမှတော့ ငါက မစားချင်ပေမဲ့လည်း တစ်ဇွန်းလောက်တော့မြည်းကြည့်ပေးမယ် "


 ရှောင်ရှောင်လုံက ပုဖန်ကိုကြည့်ပြီးပြောလိုက်သည်။ သူက ပုဖန်ကို အခွင့်အရေးပေးလိုက်သလိုမျိုးလေသံက ဝင့်ကြွားနေ၏။


သို့သော်လည်းပဲ...


ပုဖန်က သူ့ကိုမသိသလို ကျော်ဖြတ်ပြီးအပောက်ဝသို့ဆက်လျောက်သွားသည်။


ရှောင်ရှောင်လုံက ဒေါသထွက်ပြီး ပုဖန်ကိုစိုက်ကြည့်လိုက်သည်။

ဒါပေမယ့် နောက်မြင်ကွင်းက သူ့ကိုပိုဒေါသထွက်စေမယ်လို့တော့ သူမထင်ထားမိဘူး။


ပုဖန်က အပေါက်ဝမှာလှဲနေတဲ့ ဘက်လက်ကီဘေး ထိုင်ချလိုက်ပြီး သူ့အစာခွက်ထဲသို့ အနံသင်းပျံနေသောအစာတွေထည့်ပေးလိုက်သည်။


"ဘလက်ကီ...စားချိန်ရောက်ပြီ"


ပုဖန်က ဘလက်ကီရဲ့ အမွေးတွေကို ညင်ညင်သာသာပွတ်သပ်ပေးရင်းအပြုံးလေးနဲ့ပြောလိုက်သည်။


သူချက်ပေးတဲ့အစားအစာတွေကို ဘလက်ကီက လောဘတကြီးစားတာမြင်ရတဲ့အခါ သူ့အပြုံးက ပိုတောက်ပလာသည်။


မိုးကြိုးပစ်ခံလိုက်ရသလို ရှောင်ရှောင်လုံခံစားလိုက်ရသည် 

ဒီပုဖန်က သူ့ကို အရှက်ခွဲစော်ကားလိုက်တာပဲ!


"မင်း........မင်း......."


် သူဒေါသထွက်လွန်းလို့ တဆတ်ဆတ်တုန်ပြီး ဘာမှဆက်မပြောနိုင်ပေ။


"ဟမ်? 

မင်းရှိနေသေးတာလား?"ပုဖန်က အံသြတကြီးပြောလိုက်သည်


ပုဖန်ရဲ့ အမူအရာကို မြင်လိုက်ရတာ ရင်ဝကိုမြှားစိုက်ခံရသလိုမျိုး ရှောင်ရှောင်လုံခံစားလိုက်ရသည်။

သူတွေးလိုက်မိသည် !ရင်နာဖို့ကောင်းလိုက်တာ!


ရှောင်ရှောင်လုံက ဒေါသတကြီး ခြေဆောင့်လိုက်သည်။သူ့ပုံစံက ကြောက်စရာမကောင်းပဲ စိတ်ကောက်နေတဲ့ ကလေးဆိုးနဲ့သာတူနေ၏။


"ဒီမိန်းမလျာကောင်..... ရူးများသွားပြီလား"


ရှောင်ရှောင်လုံက ဆိုင်ပြင်ထွက်ပြီးကာမှ သူ့ကိုယ်သူမထိန်းချုပ်နိုင်ပဲ ဘလက်ကီစားနေတဲ့ ပန်းကန်လုံးထဲကို ကြည့်လိုက်မိသည်။ 


ပုလဲအရောင်လိုထမင်းပေါ်မှာ ရွှေရောင်သန်းနေတဲ့ဥကြော်ဖုံးထားတာက အနုပညာလက်ရာတစ်ခုလိုလှပပြီး စားချင်စိတ်ပေါက်စေသည်။


ခဏလေးအတွင်းမှာပဲ အနုပညာဆန်တဲ့ ဥထမင်းကြော်က ခွေးနက်ကြီးပါးစပ်တွင်းရောက်သွားလေပြီ။


"ဟမ်?!"


ခွေးနက်ကြီးက ရုတ်တရက်စားနေတာကိုရပ်လိုက်ပြီး မျက်လုံးတွေက သတိအနေအထားနဲ့ မိန်းမလျာကို စိုက်ကြည့်နေလေသည်။(ခွေးဆီကလုစားမယ်ထင်ပြီး)


ထို့နောက် 

ပန်းကန်လုံးကို သူ့အနားရောက်အောင်ဆွဲယူလိုက်ပြီး ရှောင်ရှောင်လုံအကြည့်အောက်မှလွတ်အောင်ကာ၍ မာန်ဖီလိုက်သည်။


"ငါ...ခွေးတစ်ကောင်ဆီက မျော်နေမိတာလား...."


ရှောင်ရှောင်လုံ ခဏလောက်မှင်သက်သွားမိပြီး ဒေါသထွက်လာသည်


ဒုန်း...ဒုန်း...ဒုန်း


သူဒေါသတကြီး ဆိုင်ထဲသို့ပြန်ဝင်သွားလိုက်သည်


"ငါ့ကို ဥထမင်းကြော်တစ်ပွဲပေး...!!

ဟမ့်.! 

ငါမြည်းကြည့်ပြီး အရသာမကောင်းလို့ကတော့ မင်းဆိုင်ကို ပိတ်ရအောင်လုပ်ပစ်မယ်.!!"


ရှောင်ရှောင်လုံက မျက်နှာမဲ့ပြီး ခြိမ်းခြောက်ပြောဆိုလိုက်သည်။