အပိုင်း ၃
Viewers 62k

အခန်း ၃

အနုပညာလက်ရာမြောက်တဲ့ ဥထမင်းကြော်


ရှောင်ရှောင်လုံက ရှက်နေပေမဲ့လဲ သူရဲ့အသံကရန်လိုနေတုန်းပါပဲ။


ပုဖန်ကလှောင်ပြုံးပြုံးလိုက်ပီးသူကို အဓိပ္ပါယ်ပါပါတစ်ချက်ကြည့်လိုက်သည်။


" မင်းကိုငါတစ်ခါထဲပြောထားမယ်နော် 

ငါစားသောက်စရာတွေမှာတယ်ဆိုတာက မင်းရဲ့စျေးနှုန်းတွေလက်ခံလို့မဟုတ်ဘူး မင်းရဲ့ဟင်းပွဲက အဲစျေးနဲ့မတန်ဘူးဆိုတာကိုသက်သေပြချင်လို့ " 


ရှောင်ရှောင်လုံက ပြောလိုက်သည်။


"ဟုတ်ပါပြီ....၊ ငါသိပါပြီ...


"မင်းမှာတာ ဥထမင်းကြော်တစ်ပွဲမဟုတ်လား !

ခဏစောင့်ဦး"


 ပုဖန်က မျက်နှာသေဖြင့်ပြန်ပြီးပြောလိုက်သည်။


" အိုး...

ငါ့ဆိုင်က လက်လုပ်ခေါက်ဆွဲနဲ့အသီးရွက်ကြော်ကလဲ အရမ်းကောင်းတယ် မင်းအဲဒါတွေကိုရောအော်ဒါမှာချင်သေးလား"


"မင်းဥထမင်းကြော်ကို အသီးရွက်ကြော်နဲ့သာတွဲစားမယ်ဆိုရင် သူရဲ့အရသာကပိုကောင်းလာမယ်လို့ငါအာမခံရဲတယ်"


ပုဖန်က မီးဖိုချောင်အခန်း၀မှာရပ်၍ လည်ပြန်လှည့်ကြည့်လိုက်ပြီး သူရဲ့ အခြား ဟင်းပွဲနစ်မျိုးကိုလဲ အရှက်မရှိကြော်ငြာ၀င်လိုက်သေးသည်။


ရှောင်ရှောင်လုံကခဏလောက်မှင်သက်သွားမိသည်။ 

သူဟင်းပွဲတွေရဲ့စျေးနှုန်းကိုတစ်ချက်လှမ်ကြည့်ပီး သူစိတ်တွေပြောမပြနိုင်လောက်အောင်နာကျင်လာတော့သည်။


 "မလိုဘူး...

ငါကိုဥထမင်းကြော်တစ်ပွဲပဲပေး"


 "အိုး...

ဒါဆိုလဲကောင်းပီလေ "


ပုဖန်ကခေါင်းညိတ်ပြီးမီးဖိုခန်းဘက်သို့၀င်လိုက်သည်။

ပုဖန်ရဲ့ မျက်နှာပေးကိုကြည့်ပီးရှောင်ရှောင်လုံ သူ့မျက်နှာကိုထိုးချင်စိတ်ပင်ပေါက်လာမိသည်။


သူတွေးလိုက်မိသည် ။ !အသီးရွက်ကြော်တစ်ပွဲကိုရွှေပြားတစ်ရာ သူကတစ်ကယ်ငါကိုငတုံးလို့ထင်နေတာပဲ!


ရွှေပြားတစ်ရာ ဆိုတာ တကယ်ကိုများလွန်းသည် 

အင်ပါယာမြို့တော်အတွင်းမှာအသီးရွက်ကြော်တစ်ပွဲကို ကြေးပြားဆယ်ပြားထက်ပိုတဲ့စျေးနှုန်းနဲ့ ဘယ်သူမှရောင်းရဲလိုက်မည်မဟုတ်ပေ။


ပုဖန် ချက်ပြုတ်နေစဉ်အတွင်း .........................


ရှောရှောင်လုံက စိတ်ကသိကအောင့်ဖြင့် အ၀င်၀မှ ခွေးနက်ကြီးရှိရာသို့ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေလေ၏။


 သူစိတ်အတွင်းမှာတော့; 


  ဥထမင်းကြော်ရဲ့ရနံကိုပုံဖော်နေမိသည် ။အဲဒါကဘာနဲ့တူလဲဆိုတော့ ကိုချစ်တဲ့သူရဲ့ခန္ဓာကိုယ်ကိုထွေပွေ့လိုက်ရသလိုမျိုးပဲခံစားမိသည်။


ဒီလိုတွေးလိုက်မိတာနဲ့ သူရဲ့ဗိုက်ထဲမှာသံစုံတီးဝိုင်းမြည်ပီးစားချင်စိတ်ဖြစ်ပေါ်လာတော့သည်။


ကံကောင်းစွာနဲ့ပဲ ဆိုင်အတွင်းမှာတစ်ခြားစားသုံးသူတစ်ယေက်မှရှိမနေခဲ့ပေ။ 


ဒီလို အနေအထားကို တစ်ခြားသူတစ်ယောက်သာ သိသွားခဲ့ရင် အင်ပါယာမြို့တော်အတွင်းက လူငယ်ရှောင်ရဲ့ခံညားတဲ့ပုံရိပ်ကလဲ ပျက်စီးသွားပေလိမ့်မည်။


ခွေးနက်ကြီးက ရုတ်တရက်စားနေတာကိုရပ်ပီးခေါင်းထောင်ကြည့်လိုက်သည်။

!ဒီလူကခုထိငါရဲ့ပန်းကန်ကိုကြည်နေတုန်းပဲ 

တကယ်ကိုပဲအသဲသန်စားချင်နေတာလားမသိဘူး! ဟုတွေးလိုက်သည်။


ခွေးကပန်းကန်လုံးကိုသူခန္ဓာကိုယ်နားသို့နီးသထက်နီးအောင်ဆွဲယူလိုက်ပီး ရှောင်ရှောင်လုံကိုကျောပေးထိုင်ကာ သူရဲ့ပန်းကန်လုံးကိုမမြင်အောင်ကွယ်ဝှက်ပီးဆက်စားနေသည်။


 ရှောင်ရှောင်လုံက သူရင်ဘက်ကိုမြှားစိုက်သလိုပဲထပ်ခံစားလိုက်ရသည်။


!ငါတကယ်ပဲနောက်တစ်ကြိမ်ခွေးဆီကမျှော်နေမိပြန်တာလား!


 !ဟမ့်...  

 ဒီခွေးစာကိုများငါကလုစားမယ်များထင်နေလား? ဒီခွေးကလူတစ်ယောက်အပေါ်ကိုဘယ်လိုများတွေးရဲတာလဲ! 


ရှောင်ရှောင်လုံကဒေါသထွက်စွာစိတ်ဆိုးမာန်ဆိုးတွေးလိုက်သည်။


၅မိနစ်ခန့် ကြာပီးနောက်....


 ကောင်းမွန်တဲ့ရနံ့တွေက မီးဖိုခန်းဘက်ဆီမှ နောက်တစ်ကြိမ်ထပ်လွင့်ပျံလာသည်။

 ဥထမင်းကြော်ရဲ့မွှေးပျံတဲ့ရနံတွေက ရှောင်ရှောင်လုံကို ဗိုက်ပိုဆာစေသည်။


 အနံကတော့တကယ်ကောင်းတယ်ဆိုပေမဲ့လည်း သလင်းကျောက်တစ်တုံးပေးစားရတာက တကယ်ကိုရူးနှမ်းတဲ့ အလုပ်ပဲ ရှောင်ရှောင်လုံက တံတွေးကိုမြိုချရင်းတွေးလိုက်သည်။ 


 နောက်ဆုံးမှာတော့....,


ပုဖန်သည် ပန်းကန်လုံး ကိုသယ်မပြီး မီးဖိုခန်းထဲမှ ထွက်လာသည် ဟင်းပွဲမှ မွှေးပျံသောရနံတွေက ဆိုင်ငယ်လေးအတွင်းကိုလွှမ်းခြုံနေသည်။ 


" ဒီမှာ

မင်းရဲ့ ထမင်းကြော် ကောင်းကောင်းသုံးဆောင်ပါ " 


ပုဖန်ကမျက်နှာသေဖြင့်ပြောလိုက်ပီး ပန်းကန်လုံး ကိုရှောင်ရှောင်လုံရဲ့ရှေ့သို့ချပေးလိုက်သည်။ 


ရှောင်ရှောင်လုံက သူရဲ့ရှေ့လေထဲမှာ ပျံနှံနေတဲ့ သင်းပျံတဲ့ ရနံတွေကိုအားရပါးရရှူရှိတ်လိုက်သည်။ ပုဖန်ကိုလုံး၀ဂရုမစိုက်ပဲ သူရှေ့မှာရှိသော ပန်းကန်လုံးကိုသာမမှိတ်မသုန် စိုက်ကြည့်ပြီး တွေးလိုက်မိသည်။


!ဥထမင်းကြော် တစ်ပွဲကိုသလင်းကျောက်တစ်တုံးတောင်တောင်းရဲတယ်ဆိုတော့ ဒီဥထမင်းကြော်ကသာမန်တော့လုံး၀မဖြစ်နိုင်ဘူး!


ပန်းကန်လုံးထဲက ပုလဲရောင်လိုထမင်းပေါ်မှာ ရွှေညိုရောင် ဥအနှစ်လေးတွေ ဖုံးလွှမ်းနေသည်။

ဥအနှစ်ကလဲမကျက်တကျက် အနေထားလေးဖြစ်ပြီးအရမ်းအရသာရှိမဲ့ပုံပေါက်သည်။


သူပန်းကန်လုံးထဲကထမင်းတွေကိုအကုန်ရောမွှေလိုက်သောအခါရွှေရောင်ကဲ့သို့ တောက်ပစွန်းစိုလာသည်။


 "ဒါ....ဒါက....အရမ်းကိုတောက်ပလွန်းတယ်" 


ရှောင်ရှောင်လုံ အံသြတကြီးရေရွတ်လိုက်ပြီး သူရှေ့ကပန်းကန်လုံးကိုပြူးကြောင်ကြောင်နဲ့စိုက်ကြည့်နေမိသည်။


 ဥထမင်းကြော်တစ်ပွဲက ဒီလိုမျိုးအနုပညာလက်ရာမြောက်စွာ လှပလိမ့်မယ်လို့သူတစ်ခါမှကိုမတွေးထားမိဘူး။


ရှောင်ရှောင်လုံသည် စစ်သူကြီးချုပ်၏ တတိယသားအဖြစ် အဆင့်တန်းမြင့်မြင့်အသိုင်းဝိုင်းတွင်မွေးဖွားလာသော သခင်လေးတစ်ယောက်ဖြစ်သည့်အလျောက် အရသာကောင်းမွန်တဲ့အစားသောက်မှန်သမျှကိုသူစားဖူးသည်။ 


သူတို့မိသားစု၏ စားဖိုမှူးလက်ရာ ဥထမင်းကြော်ကိုသာမက အင်ပါယာနန်းတော်၏ တော်၀င်စားဖိုမှူးလက်ရာ ဥထမင်းကြော်ကိုလဲသူစားဖူးသည်။ 


သို့သော်လည်းပဲ...

သူရှေ့ကရွှေရောင်တောက်ပနေသော် ဥထမင်းကြော်နဲ့ ယှဉ်လိုက်ရင်တော့ မိုးနဲ့မြေလို ကွာခြားလွန်းလှသည်။

 

တကယ့် တကယ်တော့...

 သူရှေ့မှ ဥထမင်းကြော်ထဲတွင် ဥနှင့် ထမင်းမှလွဲ၍ အခြားအရာ ကြက်သွန်မြိတ်လေး တစ်ပင်တောင်မပါပေ။


သို့သော်လည်းပဲ....

ဒီဥထမင်းကြော်၏အရသာက တော်၀င်စားဖိုမှူး၏လက်ရာထက်သာလိမ့်မည်ကိုတော့ သူသေချာခံစားမိသည်။


 ရှောင်ရှောင်လုံသည် စားပွဲပေါ်မှာတင် ထားသည့်ကြွေထည် ဇွန်းကိုကောက်ယူလိုက်ပြီး သူနှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ ဥထမင်းကြော်ကိုခပ်ယူလိုက်သည်။ 


ဥအနှစ်နဲ့ရောနှယ်ထားတဲ့ ထမင်းတွေကို သူတစ်ဇွန်းခပ်လိုက်တဲ့အချိန်လေးမှာပင် ကောင်းမွန်တဲ့ အနံတွေ လှိုင်လှိုင်ထွက်လာပြီး အရသာတွေပေါက်ထွက်လာတေ့ာမယောင် ထင်လိုက်မိသည်။ 


သူ ဘာကိုမှဂရုစိုက်မနေတော့ပဲအမြန်အဆန်ပဲ အရသာကိုမြည်းစမ်းကြည့်လိုက်သည်။ 


သူပါးစပ်ထဲကိုဇွန်းရောက်သွားတဲ့အချိန်ခဏလေးအတွင်းမှာ,


 ပျစ်နှစ်တဲ့ ဥအရသာနဲ့နူးညံတဲ့ ထမင်းကြော်ရဲ့အရသာကသူပါးစပ်ထဲမှာပေါက်ကွဲ သွားသလိုမျိုးခံစားလိုက်ရသည်။ 


  "ဘုရားရေ! .......

 ဒီကမ္ဘာကြီးပေါ်မှာ ဒီလိုအရသာကောင်းလွန်းတဲ့ ဥထမင်းကြော်မျိုးရှိနေသေးတာလား?! ငါ ငိုတောင်ငိုချင်လာပီ "


ရှောင်ရှောင်လုံက သူစားလိုက်ရတဲ့ အရသာပေါ်မှာ အာရုံစိုက်ထားမိသည်။ ဒီဥထမင်းကြော်ရဲ့ အရသာကသူကိုပင်လယ်ထဲမှာကူးခတ်နေရသလိုမျိုး စိတ်လှုပ်ရှားမှုကို ပေးစွမ်းသည်။


သူ တစ်ဇွန်းပြီးတစ်ဇွန်း မရပ်မနားစားနေမိသည်။ 

ထမင်းကြော်ရဲ့အပူရှိန်ကြောင့် သူနှာချေမိတာတောင်မှပဲ မရပ်တန့်နိုင်ဘူး ။ 


   ! ပလပ်... ;ပလပ်... ;ပလပ် ....!


သူရဲ့မျက်နှာကနီရဲနေပီး ခွေးနက်ကြီး ဥထမင်းကြော်စားနေသလိုမျိုး အသံတွေထွက်နေ၏။


"အရမ်းကောင်းတယ်...၊ အရသာရှိတယ်.."


 ရှောင်ရှောင်လုံက သူစားနေစဉ်အတွင်းမှာလဲ ထိုစကားလုံးကိုပင်ထပ်ခါတစ်လဲလဲ ရေရွတ်နေသည်။


သူအော်ပြောလိုက်တာကြောင့် သူပါးစပ်ကထွက်ကျလာတဲ့ ထမင်းလုံးတွေကိုလဲ တစ်ခြားတစ်ယောက်က လုစားတော့မဲ့အတိုင်း အသည်းသန်ပြန်ကောက်စားနေသည်။ 


ပုဖန်က ရှောင်ရှောင်လုံရဲ့မျက်နှာချင်းဆိုင်ခုံမှာ၀င်ထိုင်လိုက်ပြီး ရှောင်ရှောင်လုံစားနေသည့်ပုံက်ို ငြိမ်သက်စွာ တိတ်တဆိတ်ကြည့်နေသည်။ 


ပန်းကန်လုံး၏ အနားကိုပါလျှာဖြင့်လျက်လိုက်ပီး နောက်ဆုံးထမင်းတစ်စေ့မကျန် စားပြီးသောအခါ ရှောင်ရှောင်လုံ၏ မျက်နှာတွင်ကျေနပ်နှစ်သက်မှုပေါ်လာပြီး သူသက်ပြင်းချလိုက်သည်။ 


"ဒါက... ဥထမင်းကြော်ရောဟုတ်ရဲ့လား !.." 


!တကယ်ကိုပဲမယုံနိုင်စရာကောင်းလွန်းတယ် 

 ငာ့မိသားစုရဲ့.....မဟုတ်သေးဘူး...

အင်ပါယာမြို့တော်ရဲ့ တော်၀င် စားဖိုမှူးတောင်မှပဲ ဒီလိုမျိုး အရသာရှိအောင်ချက်နိုင်မှာမဟုတ်ဘူး!


 ရှောင်ရှောင်လုံက သူဘာသာသူ တစ်တွတ်တွတ်ရေရွတ်နေသည်။ 


" အခုကော ဒီထမင်းကြော်က သလင်းကျောက်တစ်တုံးနဲ့ တန်တယ်လို့ မင်းထင်ရဲ့လား? " 

 ပုဖန်ကမေးလိုက်သည် ။


 သို့သော်လည်းပဲ...

 ရှောင်ရှောင်လုံကမျက်မှောင်ကျုတ်၍ သူနှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပြီး ပြောလိုက်သည် ။ 


" ဒီထမင်းကြော်တကယ်ကိုပဲ အရသာကောင်းလွန်းတယ် 

ဒါပေမဲ့လည်း ဘာလို့သလင်းကျောက်တစ်တုံးတောင်တောင်းရသလဲဆိုတာကိုတော့ ငါအခုထိ နားမလည်သေးဘူး။

 သလင်းကျောက်ကို သိုင်းသမားတွေ သိုင်းအဆင့်တက်တဲ့ နေရာမှာ အသုံးပြုနိင်တယ် 

မင်းရဲ့ ထမင်းကြော်က အဲလိုမျိုးလုပ်လို့ရလား...?"

 

"သူတို့ရဲ့တန်ဖိုးချင်းက အရမ်းကိုကွာခြားတယ် ဒါပေမဲ့လည်းမင်းရဲ့ ထမင်းကြော်ကအရသာအရမ်းကောင်းလွန်းတယ် မင်းရဲ့လက်ရာကအကောင်းဆုံးပဲဆိုတာကိုတော့ ငါသဘောတူတယ်။"


 ပုဖန်က အံသြတသင့်ဖြင့် မျက်ခုံးပင့်လိုက်မိသည်


 ရှောင်ရှောင်လုံဒီလိုမျိုးပြန်ပြောလိုက်မည် ဟုသူလုံးဝမထင်ထားမိဘူး။

သူပြောတာကအကျိုးကြောင်း သင့်ပေမဲ့လည်း !ဒီမိန်းမလျှာ ကညစာထပ်စားချင်နေသေးတာလားမသိဘူး! ဟုသာ ပုဖန်တွေးလိုက်မိသည်။


 ပုဖန်ပြန်ပြောမဲ့အချိန်မှာပဲ...,


 ရှောင်ရှောင်လုံရဲ့ဖြူနုတဲ့မျက်နှာက အနီရောင်သို့ ပြောင်းသွားပြီး သူရဲ့ သွေးကြောအတွင်းမှာ အတွင်းအားတွေတိုးလာသလိုမျိုး ရှောင်ရှောင်လုံရဲ့ ခန္ဓာကိုယ်ကနေ စွမ်းအားတွေထွက်ပေါ်လာသည်။ 


" ဘမ်း..!!" 


စွမ်းအားတွေပောက်ကွဲသွားပြီးနောက် ရှောင်ရှောင်လုံရဲ့ မျက်နှာကပုံမှန်အနေထားသို့ပြန်ရောက်သွားသော်လည်း...  

သူရဲ့ရှေ့တွင်ထိုင်နေသော ပုဖန်ကိုစိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။


ထို့နောက်...

သူ အသံတုန်တုန်ရီရီဖြင့် 


"ငါ့ကို...ငါ့ကို...ပြောပါ...

 မင်းရဲ့ ဥထမင်းကြော်ထဲမှာ ဘယ်လိုအရာတွေ ပါဝင်နေတာလဲ"