အခန်း ၄
အထူးစပယ်ရှယ် ဥထမင်းကြော်
ရှောင်ရှောင်လုံ၏ မျက်နှာသည် မိန်းကလေးတစ်ဦး၏ မျက်နှာကဲ့သို့သွေးရောင်လွှမ်းနေပြီး မြင်သမျှလူတိုင်းကို ကိုက်စားချင်အောင်ဆွဲဆောင်နေသည်။
ပုဖန်တောင်မှ ဆွဲဆောင်ခံလိုက်ရသည်။
!ဘုရားရေ... ငါဘာတွေများတွေးလိုက်မိတာလဲ!
သူရဲ့အတွေးကြောင့်ခေါင်းကိုအပြင်းအထန်ခါလိုက်ပြီး...
!သူကမိန်းမလျာတစ်ယောက် မိန်းကလေးတစ်ယောက်မဟုတ်ဘူး။ ငါကလည်းယော် က်ျားစစ်စစ်ယောက်....၊ တစ်ကယ့်ကို်ယောက်ျားတစ်ယောက်...!
ပုဖန် သူ့ကိုယ်သူသတိပေးနေမိသည်။
သူရဲ့စိတ်ထဲမှာ တိုက်ပွဲဖြစ်နေသော်လည်း ပုဖန်ရဲ့မျက်နှာကအပြောင်းလဲမရှိ၊ သူရဲ့ရှေ့က စိတ်လှုပ်ရှားနေတဲ့ရှောင်ရှောင်လုံကိုစိုက်ကြည့်နေသည်။
"ငါကိုပြောပြပါ ဒါရိုးရိုးဥထမင်းကြော်မဟုတ်ဘူးမှတ်လား!?
ငါရဲ့ခန္ဓာကိုယ်ထဲကစွမ်းအင်တွေက ငါနောက်ထပ်သိုင်း အဆင့်တစ်ခုတက်ဖို့ ချိုးဖောက်ခါနီးပြီလို့ ခံစားရတယ်"
ရှောင်ရှောင်လုံရဲ့မျက်လုံးတွေက လင်းလက်တောက်ပနေပြီး နှုတ်ခမ်းတွေ တုန်ရီစွာဖြင့် သူပြောလိုက်သည်။
အင်ပါယာမြို့တော်တွင်းမှာ,
စစ်သူကြီးချုပ်၏ သားတစ်ယောက်အဖြစ်လူသိများသလို ရှောင်ရှောင်လုံကုိယ်တိုင်ကလဲ စာပေနှင့်သိုင်းပညာမှာ ပါရမီကောင်းသည်။
သူ၏သိုင်းပညာအဆင့်က ဒုတိယအဆင့်(မာစတာအဆင့်)အထွတ်အထိပ် သို့ရောက်ရှိနေပြီး အင်ပါယာမြို့တော်တွင်းသူနဲ့ ရွယ်တူများအကြားတွင်အသန်မာဆုံးဖြစ်သည်။
သို့သော်လည်းပဲ...
သူဥထမင်းကြော်ကိုစားလိုက်ပြီးနောက် သူရဲ့ စွမ်းအားတွေကတစ်ရှိန်ထိုးတိုးတက်လာတာကိုခံစားလိုက်မိသည် ။
လအတော်ကြာအောင်ငြိမ်သက်နေတဲ့စွမ်းအင်တွေကရုတ်တရက်ကြီးတိုးတက်လာပြီး တတိယအဆင့် (တိုက်ခိုက်သူအဆင့်) ကို ချိုးဖျက့်ရောက်ခါနီးထိ ရောက်ရှိလာ၏။
သိုင်းသမားတစ်ယောက်တွက် စွမ်းအားကအရေးကြီးဆုံးဖြစ်၏။ ဥထမင်းကြော်တစ်ပွဲစားလိုက်ရုံနဲ့ စွမ်းအားအဆင့်တွေတိုးတက်လာမှတော့....
! ဒီ ဥထမင်းကြော်ကို သက်စောင့်ဆေးနဲ့တောင်နိုင်းယှဉ်လို့ရတယ်၊
မဟုတ်သေးဘူး...
ထမင်းကြော်ကပိုတန်ဖိုးရှိတယ်!
သက်စောင့်ဆေးတွေအရသာမရှိပေမဲ့ ပုဖန်ချက်ပြုတ်ထားတဲ့ ထမင်းကြော်ကတော့အရမ်းကိုအရသာရှိသည်။
ဒါက အရသာလဲရှိ်တယ် စွမ်းအင်ကျင့်ကြံခြင်းကိုလဲ အခြေနေတစ်ခုထိရောက်ရှိအောင်အကျိုးပြုတယ်ဆိုတော့ သိုင်းသမားတွေတွက်တော့ သတင်းကောင်းတစ်ခုပဲဖြစ်သည်။
!သလင်းကျောက်တစ်တုံးပဲပေးရတာအရမ်းကိုသက်သာလွန်းတယ်!
" ငါ့ကို ခွင့်လွှတ်ပါ...
ငါအရမ်းကိုပဲအနှောင့်ယှက်ပေးခဲ့မိတယ်"
"ဒါပေမဲ့လည်း...
ဒီထမင်းကြော်ထဲမှာဘာတွေပါလဲဆ်ိုတာ
ငါအခုထိသိချင်နေတုန်းပဲ။
ဒီဥကလဲသာမန်ဥမဖြစ်နိုင်ဘူး.!
တကယ်လို့ ငါထင်တာသာမမှားဘူးဆိုရင် တတိယအဆင့် လိပ်ပြာသားရဲ မိုးကြိုးဌက်ရဲ့ ဥပဲဖြစ်ရမယ်။"
ရှောင်ရှောင်လုံသည် အဆင့်တန်းမြင့်တဲ့အသိုင်းဝိုင်းကဖြစ်ပြီး ကိုယ်တိုင်ကလဲယဉ်ကျေးသူပီပီ သူ့အမူအရာကို မြန်မြန်ဆန်ဆန် တည်ငြိမ်အောင်ထိန်းလိုက်ပြီး ပုဖန်ကိုစကားပြောလိုက်သည် ။
ပုဖန်လဲအချိန်ခဏလောက်မှင်သက်သွားမိသည်
ဒီဥထမင်းကြော်ထဲမှာ ဘာပစ္စည်းတွေပါဝင်တယ်ဆိုတာ သူတစ်ခါမှမတွေးမိဘူး။
သူထင်နေတာတော့...
ဒါကသာမန်ကြက်ဥလိုပဲ ထင်ခဲ့တာဖြစ်သည် ။
"System....
ဒီဥတွေက မိန်းမလျာပြောတဲ့ ဌက်ရဲ့ဥတွေလား...?
ပုဖန် System ကိုမေးလိုက်သည်။
System ကခဏလောက်ငြိမ်သက်သွားပြီး...
တည်ငြိမ်တဲ့အသံဖြင့် စကားပြန်ပြောခဲ့သည်။
"ဒီဥထမင်းကြော်ချက်ပြုတ်ဖို့တွက်တတိယအဆင့် လိပ်ပြာသားရဲ မိုးကြိုးဌက်ရဲ့ ပထအမဆုံးကိုယ်၀န်ဆောင်ချိန်...၊
ပထမဆုံးဥချတဲ့ ဥတွေပဲရွေးချယ်ထားတာဖြစ်တယ်
ဘာဖြစ်လို့လဲဆိုတော့ အဲဒီဥထဲမှာလိပ်ပြာသားရဲ ရဲ့ စွမ်းအင်တွေအများပြားပါ၀င်တယ်
ဒါကိုသိုင်းသမားတွေသာစားလိုက်မယ်ဆိုရင်...
သူတို့ခန္ဓာကိုယ်မှာပိတ်ဆို့နေတဲ့ အရာတွေကို ချိုးဖျက်ပြီး စွမ်းအင်အဆင့်မြင့်တက်လာအောင် စွမ်းဆောင်ပေးတယ်။
ဆန်ကိုတော့ လေအလင်းအင်ပာယာရဲ့ တောင်ဘက်ပိုင်း မြေရိုင်းလွင်ပြင်မှာ စိုက်ပျိုးတဲ့ ပုလဲရောင် အဆင်းရှိတဲ့ ဆန်ကို ရွေးချယ်ထားတာဖြစ်တယ်။
အဲဒီ ဆန်ကိုတစ်နှစ်ပတ်လုံးမှာ တစ်ခါသာရိတ်သိမ်းနိုင်ပြီး ဆန်မှာ ဝိညာဉ်စွမ်းအင်တွေအမြောက်များပါ၀င်တယ်။
ချက်ပြုတ်ရာမှာ အသုံးပြုဖို့ရွေးချယ်ထားတဲ့ဆီက အချွဲအပြစ်လဲမရှိ အနယ်လဲမထတဲ့ ရှန်ရှားတော၀က်ကနေ ရရှိတဲ့ ဆီကိုပဲရွေးချယ်အသုံးပြုထားတာဖြစ်တယ်။
ဆားကိုတော့ တောင်ဘက်မြေရိုင်းလွင်ပြင်ကထွက်တဲ့ကြည်လင် ဖြူဖွေးတဲ့ ဆားက်ုအသုံးပြုထားတယ်။
ပုဖန်က System ရဲ့ ရှင်းပြမှုတွေကိုမျက်နှာသေဖြစ်နားထောင်နေသော်လည်း
သူ့စိတ်ထဲတွင်တော့...
နှလုံးသားကိုမြှားစိုက်ခံရသလို နာကျင်စွာ ခံစားလိုက်ရသည်။
"System!..
ငါတို့ ဥထမင်းကြော်ရဲ့စျေးနှုန်းကိုပြင်လိုက်ကြမလား?...
သလင်းကျောက်တစ်တုံးနဲ့ရာင်းချတာက ငါတို့တွက် ဆုံးရှုံးတယ်လို့ ငါထင်မိတယ် ဘာလို့ ငါတို့စျေးနှုန်းးကိုသလင်းကျောက်ဆယ်တုံးလို့ သတ်မှတ်ပြီး့မရောင်းမိတာလဲ?!..."
System က ပြန်ပြောလိုက်သည်။
"ဒီစျေးနှုန်းတွေ ပါ၀င်ပစ္စည်းတွေအပော်မှာ အခြေခံထားပြီး လူအများလဲလက်ခံနိုင်တဲ့ သင့်လျော်တဲ့စျေးနှုန်းတွေကိုသတ်မှတ်ထားပေးခဲ့တာဖြစ်တယ်။
Host(ပုဖန်) ကမကျေနပ်ဘူးဆိုရင်လဲ ဒီစျေးနှုန်းတွေကိုပြောင်းလဲပစ်လို့မရဘူး။"
ပုဖန်လဲ အံကြိတ်ရုံသာတတ်နိုင်လေ၏။
!ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်တစ်တုံးနဲ့ရောင်းမိတာ ငါတကယ်ကိုနစ်နာတာပဲ ကံကောင်းတာကပါ၀င်ပစ္စည်းတွေအားလုံးကို System ကဖြည့်ပေးထားလို့ပဲမဟုတ်ရင်တော့ ငါတော့ဒီည မအိပ်နိုင်ပဲငိုဖို့ပဲရှိတော့တယ်။!
"ဆိုင်ရှင်...
ငါထင်တာမှန်တယ်မဟုတ်လား?
"ဒီမှာပာတဲ့ဥက မိုးကြိုးဌက်ရဲ့ဥမဟုတ်လား?!
သူရဲ့ အရသာကို ငါသိတယ် ငါဘယ်လိုမှမမှားနိုင်ဘူး"
စိတ်လှုပ်ရှားစွာဖြင့် ပုဖန်ကိုမေးလိုက်သည်။
စိတ်လှုပ်ရှားနေတဲ့ ရှောင်ရှောင်လုံကိုကြည့်ပီး ပုဖန် စိတ်ဓာတ်ကျစွာပြန်ပြောလိုက်သည် ။
"ထမင်းကြော်အတွက် သုံးဖို့ဥကို တတိယအဆင့် လိပ်ပြာသားရဲ ပထမဆုံးဥကို ပဲရွေးချယ်ထားခဲ့တယ် အဲဒီဥမှာလဲ စွမ်းအင်တွေ အမြောက်အများပါ၀င်တယ်........."
ပုဖန်က System ရဲ့ ဖြေရှင်းချက်တွေကိုအစမှအဆုံးတိုင်အောင် ရှောင်ရှောင်လုံကို ပြန်လည် ရှင်းပြလိုက်သည်။
ရှောင်ရှောင်လုံရဲ့နဂိုကျယ်တဲ့ မျက်၀န်းအိမ်တွေက ပို၍ ပြူးကျယ်လာပြီး သူကြက်သေသေနေရင်း တွေးလိုက်မိသည်
! ဘုရားရေ..!
ဒီဥထမင်းကြော်တစ်ပွဲမှာ လျို့ဝှက်ချက်တွေက များပြားလှချည်လား....!
ဒီမှာပါ၀င်တဲ့ဥကလဲ ငါတွေးထားသလိုပဲ တကယ်ကိုသာမန်မဟုတ်ဘူးပဲ။
အသုံးပြုတဲ့ဆန်ကလဲ အရမ်းကိုသာမန်ထက်ပိုထူးခြားတဲ့ဆန်၊ နောက်ဆုံးအသုံးပြုတဲ့ဆီတောင်မှပဲ အထူးပြုလုပ်ထားတဲ့ဆီဖြစ်နေတယ်၊ ပြီးတာ့ ဆားကရော............။
ရွှေ တစ်ပန်းကန်လုံးမြိုချလိုက်မိသလိုပင်ရှောင်ရှောင်လုံခံစားနေရ၏။
"အခုရော ငါ့ထမင်းကြော်က သလင်းကျောက်တစ်တုံးနဲ့မတန်ဘူးလို့ မင်းထင်နေလေား...?"
ပုဖန် ရူတည်တည်အမူရာဖြင့်မေးလိုက်သည်။
" မဟုတ်ဘူး... မဟုတ်ဘူး ...
အဲလိုမဟုတ်ပါဘူးဆိုင်ရှင်
ငါကအခုတောင်မှပဲ နောက်ထပ်ထမင်းကြော်တစ်ပွဲထပ်မှာချင်သေးတယ်"
ရှောင်ရှောင်လုံကခေါင်းကိုအဆက်မပြတ်ခါရမ်းပီး အပြုံးကြီးကြီးပြုံးကာ ပြောလိုက်သည်။
ဥထမင်းကြော်တစ်ပွဲလေးစားလိုက်တာတောင် သူရဲ့စွမ်းအင်တွေတိုးတက်လာခဲ့တာလေ...
တစ်ပွဲကို သလင်းကျောက်ငားတုံး ကျသင့်တယ်ဆိုရင်တောင် တန်တယ်လို့ သူထင်မိမှာပဲ။
" စိတ်တော့မရှိပါနဲ့...
ငါ့ဆိုင်မှာ စားသုံးသူတွေက ဟင်းပွဲတစ်ပွဲကိုတစ်ကြိမ်သာ စားခွင့်ရှိတယ်ဆိုတဲ့စည်းကမ်းသတ်မှတ်ထားတယ်။
ပုဖန်ကထိုင်နေရာမှ မထပဲ ခပ်ချေချေပြန်ပြောလိုက်သည်။
ရှောင်ရှောင်လုံ ခဏလောက်မှင်သက်သွားပီးနောက်...
ရင်ဘက်ထဲမှာ ထည့်ထားတဲ့ ပျိုနီပန်းနဲ့ ချုပ်ထားသော အမွှေးအိတ်လေးကိုထုတ်လိုက်သည်။
အမွှေးအိတ်လေးကိုမြင်လိုက်ရတဲ့အခါ ပုဖန် ရယ်ချင်ပက်ကျိဖြစ်သွား၏။
တကယ်လို့ရှောင်ရှောင်လုံမှာသာ ယောက်ကျားတို့မှာရှိတဲ့ လည်စေ့နဲ့ ပြားကပ်နေတဲ့ရင်ဘက်တွေသာရှိမနေဘူးဆိုရင် သူ့ကို အယောင်ဆောင်ထားတဲ့ မိန်းမလှလေးလို့ ထင်မိမှာ အမှန်ပဲ။
"ဒီမှာ ,,,,
ဆိုင်ရှင် ငါ့မှာ သလင်းကျောက်တွေရှိပါသေးတယ်
ငါ့ကို နောက်ထပ်ဥထမင်းကြော်တစ်ပွဲထပ်ပေးပါဦး"
ရှောင်ရှောင်လုံက သလင်းကျောက်တုံးတွေက်ုစားပွဲပေါ် တင်လိုက်ပြီး တောင်းပန်တိုးလျိူးတဲ့ အသံလေးဖြင့်ပုဖန်ကိုပြောလိုက်သည်။
ရှောင်ရှောင်လုံကို မသိချင်ယောင်ဆာင်၍ အရည်သွေးမြင့်တဲ့ အကောင်းဆုံးသလင်းကျောက်တစ်တုံးက်ိုပုဖန်ကောက်သိမ်းလိုက်ပြီးနောက် သူမျက်နှာသေဖြင့်ပြောလိုက်သည် ။
"စားသုံးသူ...
စည်းကမ်းကစည်းကမ်းပါပဲ
ဒီလိုမျိုးဆက်လုပ်နေဦးမယ်ဆိုရင် ငါ မင်းကို နာမည်ပျက်စာရင်းထဲကိုထည့်ရလိုက်မယ်
အဲဒါဆိုရင်နောက်တစ်ခါ ငါတို့ဆိုင်ကမင်းကိုဘယ်တော့မှ ရောင်းချတော့မှာမဟုတ်ဘူး".။
ဒီနေ့အတွက်တေ့ာ ဥထမင်းကြော်နောက်ထပ်တစ်ပွဲထပ်မရနိုင်တော့တာ သ်ိသွားပြီမို့ ရှောင်ရှောင်လုံလဲ ပြန်ဖို့ရန်မတ်တပ်ထရပ်လိုက်သည်။
ရှောင်ရှောင်လုံက ၀င်ပေါက်ကိုဖြတ်ကျော်လာပြီး ခွေးနက်ကြီးရှေ့က ပြောင်သလင်းခါနေတဲ့ ပန်းကန်ကိုတစ်ချက်စိ်ုက်ကြည့်လိုက်တယ် ဆိုရင်ပဲ သူရင်ဘက်ကိုမြှားစိုက်လိုက်သလိုသူထပ်ခံစားလိုက်ရသည်။
"! ဲဒီလိုတန်ဖိုးရှိတဲ့ ဥထမင်းကြော်ကိုခွေးကိုကျွေးတယ် !: ဒါကဘယ်လိုတောင်ဖြန်းတီးမှုမျိုးလဲ.!
ဟမ့် ..!! "
အပျင်းထူတဲ့ခွေးနက်ကြီးကအစားစာပီးတဲ့နောက်မှာတော့ကြမ်းပြင်ပေါ်မှာလဲလျောင်းကာသူရဲ့ခြေသည်း လက်သည်းတွေကိုလျက်နေ၏။
ရှောင်ရှောင်လုံသူကိုကျော်ဖြတ်သွားသော်အခာ သူကပျင်းရိစွာဖြင့်တစ်ချက်လောက် စောင်းကြည့်လိုက်ပီး ဂရုမစိုက်သလိုပြုမှုနေလေသည်။
ရှောင်ရှောင်လုံလဲမမြင်ချင်ယောင်သာဆောင်လိုက်ပီး လမ်းကြားလေးထဲက တစ်မူထူးခြားတဲ့စားသောက်ဆိုင်မှ ထွက်လာခဲ့တော့၏။
...................
ပုဖန်ကမတ်တပ်ထရပ်လိုက်ပြီး ခွေးနက်ကြီးရှေ့မှပန်းကန်လုံးကိုသိမ်းယူလိုက်သည်။
ထို့နောက်,
ဒီနေ့တစ်နေ့တာအတွက်ဆိုင်ကိုပိတ်လိုက်တော့သည်။
ပုဖန်သည်လဲ ဟင်းပန်းကန်တွေကို System က စီစဉ်ပေးထားတဲ့ ပန်းကန်းသန့်ရှင်းရေးစက်ထဲထည့်ပြီး အကုန် ဆေးကြောသန့်စက်ပြီးသည်နှင့် သူရဲ့အခန်းဆီသို့ပြန်သွားပြီး အနားယူလိုက်သည်။
...................
"Host (ပိုင်ရှင် ပုဖန်) သင်ရဲ့ပထမဆုံး မစ်ရှင်ကိုအောင်မြင်တဲ့အတွက် ဆုရရှိပါမယ်။ ဒီလိုမျိုး သင့်ရဲ့ ပထမဆုံး ဖောက်သည်ကိုလဲရရှိပြီး ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာရန်အတွက် စတင်လျှောက်လှမ်းနိုင်မည်ကိုလဲ ချီးကျူးဂုဏ်ပြုပါတယ်"
သူ၏ စိတ်ထဲကထွက်ပေါ်လာသော System ရဲ့တည်ကြည်သောအသံကို အခန်းထဲကထိုင်ခုံပေါ်မှာထိုင်ရင်း စိတ်လှုပ်ရှားစွာနားထောင်နေမိသည်။
"! ဟီး... ဟီး.... !"
နောက်ဆုံးတော့ငါဆုရပြီပေါ့ ဘယ်လိုဆုမျိုးရမလဲဆုိတာက်ို အရမ်းတွေသိချင်နေပြီ။"
ပုဖန်၏မျက်လုံးတွေက အရောင်တောက်ပလျှက် စိတ်လှုပ်ရှားစွာဖြင့် သူလက်ချောင်းတွေက်ို ပွတ်သပ်နေသည်။ သူရဲ့ တည်ငြိမ်တဲ့ ဟန်ပန်ကလဲ ခုချိန်မှာတော့ ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။