အပိုင်း ၅
Viewers 53k

အခန်း ၅

ရှောင်ယန်ယု

System မှ ရသောဆု 

အဆင်မြင့်ထားသော ဥထမင်းကြော်နှင့် နတ်သုဒ္ဓါကဲ့သို့သောစားစရာများချက်ပြုတ်ရာတွင်သုံးသည့် နတ်ဘုရားအဆင့်ချက်ပြုတ်ရေးကိရိယာ အပိုင်းအစတစ်ခု(နောင်တွင် 'နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်း' ဟုသာ သုံးပါမည်) ရရှိသည် ဟု System ကကြော်ငြာလိုက်သည်။

 System ၏ ကြော်ငြာချက်ကိုကြားပြီးနောက် ပုဖန်၏မျက်နှာသည် စိတ်လှုပ်ရှား မှုကြောင့်တောက်ပလာသည်။ 

"ဘာလို့ ထမင်းကြော်ပဲလဲ.? ရိုးရိုးဥထမင်းကြော်နဲ့အဆင့်မြင့်ထားတဲ့ ဥထမင်းကြော်ဘာတွေများကွာခြားသွားလို့လဲ.?

 သူ လေ့ကျင့်ချက်ပြုတ်ရန် ဟင်းလျာအသစ်တွေရရှိမည်ဟုမျော်လင့်ထားသော်လည်း... ဥထမင်းကြော်ပဲရရှိသည့်အခါ ပုဖန် အနည်းငယ်တော့စိတ်ပျက်သွားမိသည်။

"အဆင့်မြင့်ထားတဲ့ဥထမင်းကြော်မှာ ပုံမှန်သုံးတဲ့ပစ္စည်းတွေထက် စွမ်းရည်ပိုပါတဲ့ပစ္စည်းတွေကိုအသုံးပြုပြီး ချက်ပြုတ်ထားတယ်။ ပြီးတော့ အဲ့ဒီထမင်းကြော်ကိုလဲ တတိယအဆင့်(တိုက်ခိုက်သူအဆင့်)မရောက်သေးတဲ့ သိုင်းသမားတွေ မှာစားလို့မရဘူး ။"

System ကတည်ငြိမ်သောအသံဖြင့် ဥထမင်းကြော်နှင့် အဆင့်မြင့်ထားသောဥထမင်းကြော်တို့ကြားက ခြားနားချက်ကိုရှင်းပြလိုက်သည်။

ပုဖန်ကတေ့ာအများကြီး တွေးမနေတော့ပဲ အဆင်မြင့် ထားတဲ့ဥထမင်းကြော်ဆ်ိုမှတော့ တစ်ခုခုထူးခြားနေလို့ပေါ့ဟု သာမာန်ရိုးကျတွေးလိုက်သည်။ 

"နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစတစ်ခုဆိုတာကရော ဘာလဲ...?

  "နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစဆိုတာက အဲဒီ အပိုင်းအစတွေစုပြီးရင် နတ်ဘုရားပစ္စည်းအသစ်တွေနဲ့လဲလှယ်နိုင်တယ်။ 
ခု Hostအသုံးပြုနေတဲ့ ချက်ပြုတ်ရေးပစ္စည်းတွေကတော့ သာမန်ပစ္စည်းတွေပဲ"

 System ကတည်ငြိမ်သောအသံဖြင့် ပုဖန်ကိုပြန်ပြောလိုက်သည်။

 "နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း!
 နားထောင်ရတာတော့ ဒီပစ္စည်းကကောင်းမဲ့ပုံပဲ။ "

System ရဲ့ ရှင်းပြချက်ကိုနားထောင်ပြီးနောက် 
ပုဖန်၏မျက်နာတွင်တောက်ပသော အပြုံးတစ်ခုပေါ်လာသည်။ 
ထို့နောက် မီးနူးတွင်လဲ ဟင်းပွဲအသစ်နဲ့စျေးနှုန်းတို့ သူ့အလိုလိုပေါ်လာသည်။

!အဆင့်မြင့်ထားတဲ့ ဥထမင်းကြော် စျေးနှုန်း က သလင်းကျောက်၁၀တုံး " 

"ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်ရန် ရည်ရွယ်ထားတဲ့ သင့်အနေနဲ့တော့ အလုပ်တွေကိုပိုပြီးကြိုးကြိုးစားစား လုပ်ဖို့လိုအပ်တယ်။
 နောက်တစ်မစ်ရှင်တစ်ခုက;
 တစ်ပတ်အတွင်း သလင်းကျောက်တစ်ရာနဲ့ ရွှေပြား တစ်ထောင်ရအောင်ရှာနိုင်ရမှာဖြစ်တယ်။"

System ကပုဖန်ကို နောက်ထပ်မစ်ရှင် တစ်ခုပေးအပ်လာခဲ့သည်။

 သလင်းကျောက်တစ်ရာ ရရန်အတွက် ဥထမင်းကြော် ပွဲတစ်ရာ ဒါမှမဟုတ် အဆင့််မြင့်ထားတဲ့ဥထမင်းကြော် ၁၀ပွဲကို ရောင်းရရန်လိုအပ်သည်။
 ရွှေပြား ၁၀၀၀ ရရန်အတွက်လည်း လက်လုပ်ခေါက်ဆွဲ ဒါမှမဟုတ် အသီးရွက်ကြော်၁၀ပွဲရောင်းရန်လိုအပ်သည်။ 

"System...
 ဒီမစ်ရှင်ကငါ့အတွက် အရမ်းကိုခက်ခဲတယ် ငါဒီနေ့မှ ဥထမင်းကြော်တစ်ပွဲပဲရောင်းရသေးတာ...
ခု ဒီမစ်ရှင်ကငါ့ကို ဒီတစ်ပတ်အတွင်း ဥထမင်းကြော် ၁၀၀ရောင်းခိုင်းတယ်ဆိုမှတော့ အဲဒီအစား ငါကိုသတ်လိုက်ပါတော့လား!" 

ပုဖန်က စိတ်ပျက်စွာပြောလိုက်သည်။ 

သို့သော် 
System ကပုဖန် ကိုအားပေးစကားပြောရမဲ့အစား ...

"ချက်ပြုတ်ခြင်းနတ်ဘုရား တစ်ယောက်ဖြစ်လာချင်တဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုခက်ခဲမှုမျိုးကိုမှမကြောက်ရဘူး။ အဲဒီ ခက်ခဲမှုတွေဆိုတာ မင်းသွားချင်တဲ့ ပန်းတိုင်ကိုရောက်နိုင်ဖို့ ကျောက်တုံးတွေပဲ အဲဒါကြောင့်ဒီကျောက်တုံးတွေကိုမင်းဖြတ်ကျော်နိုင်မှသာ တစ်နေ့မှာ မင်းအမြင့်မှာရပ်နိုင်လိမ့်မယ်.........."

 ပုဖန်ကတော့ System ဘာပြောပြော ဂရုစိုက်မနေနဲ့တော့ပဲ အိပ်ရာပေါ်လှဲချ၍သာ တစ်နေ့တာအတွက်အနားယူလိုက်တော့သည်။ 

.............................

ရှောင်ရှောင်လုံသည် သူ၏ အိမ်သို့ပြန်ရောက်လာသော်လည် သူ့စွမ်းအင် အဆင့်တက်မှုကို အိမ်မက်တစ်ခုလိုခံစားနေရသေးသည်။ 

!ဥထမင်းကြော်တစ်ပွဲ စားလိုက်ရုံနဲ့ ခန္ဓာကိုယ်ထဲ ပိတ်ဆို့နေတဲ့ အရာတွေကို ချိုးဖျက်ပီး စွမ်းအင်တက်လာတယ်ဆိုတာ တကယ်ကိုမယုံနိုင်စရာကောင်းလွန်းတယ်!

စစ်သူကြီးချုပ်၏ အိမ်တော်ဝင်းထဲမှ အစေခံတွေက ရှောင်ရှောင်လုံ အိမ်မက်ယောင်သူလို လမ်းလျှောက်လာသည် ကိုတွေ့သော်အခါ...
 အချင်းချင်းတီးတိုးပြောဆိုနေကြသည်။

" သခင်လေး ရှောင် က ဘာဖြစ်လာတာလဲ"

 "သူမျက်နှာအမူရာကိုကြည့်ရတာကြက်သည်းထဖို့တောင်ကောင်းတယ်"

"ငါတို့ရဲ့ ပီးပြည့်စုံတဲ့ သခင်လေး ရှောင်ကဘယ်ရောက်သွားတာလဲ။ "

" ငါရဲ့ ပထမဆုံးစိတ်ကူးယဉ်ချစ်သူ သခင်လေးရှောင်ရဲ့ ပုံရိပ်ကပျက်စီးသွားပြီ"
 
အစေခံများ၏ တီးတုိးသံကိုကြားမှပဲ ရှောင်ရှောင်လုံ သတိပြန်၀င်လာတော့၏။

 သူရှက်ရွံစွာဖြင့် သူတို၏့မြင်ကွင်းမှလွတ်အောင် မြန်မြန်လျောက်လိုက်လေ၏။

.......................

 ရှောင်ရှောင်လုံသည် အခန်းလွတ်တစ်ခန်းထဲတွင် ငြိမ်သက်စွာထိုင်နေသည်။ 

သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များထွက်ပေါ်နေပြီး အရေပြားပေါ်ရှိအညစ်အကြေးများကိုသန့်စင်ပေးနေသည်။
 
စွမ်းအင်တွေက သူခန္ဓာက်ိုယ်ရှိ အရိုး၊အဆစ်၊အကြော... မှန်သမျှကို မြစ်တစ်စင်းကဲ့သို့ အရှိန်ဟုန်ဖြင့်လည်ပတ်စီးဆင်းနေပြီး သူကိုသက်တောင့်သက်သာခံစားရစေသည်။

၁၅မိနစ်ခန့် ကြာပြီးနောက်...

 ရှောင်ရှောင်လုံ၏ မျက်နှာအသားရည်က နီရဲလာပီး သူရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။
 သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေတဲ့ စွမ်းအင်တွေကလဲ တရိပ်ရိပ် တိုးပွားလာပြီး သူရဲ့ မျက်လုံးတွေလဲ ပို၍တောက်ပလာစေသည်။

အဆင့်တစ်ခုသို့ ရောက်သွားသောအခါမှတိုးတက်နေတဲ့စွမ်းအင်တွေက တစ်ဖြေးဖြေးနဲ့ ပြန်လည်ငြိမ်သက်သွားသည်။

သူမတ်တပ်ထလိုက်ပြီးနောက်...
 လက်တစ်ဖက်ကိုမြှောက်၍ စွမ်းအင်လေဟာနယ်တစ်ခုဖန်တီးကြည့်လိုက်သည်။

" ဟား ဟား ဟားးးးးးးးးး"

ဒါအစစ်မှန်စွမ်းအင်တွေပဲ...
 နောက်ဆုံးတော့ငါ တတိယအဆင့် (တိုက်ခိုက်သူအဆင့်)ကိုရောက်လာခဲ့ပြီ"

သူ ၀မ်းသာစွာဖြင့် ကျယ်လောင်စွာအော်ရယ်လိုက်သည်။

"ကျောက်ရူကျီ.....
 ငါအခုတော့တတိယအဆင့်ကိုရောက်လာခဲ့ပြီ ငါမင်းကို လုံး၀မကြောက်တော့ဘူးကွ..."

သူအဲ့ဒီလိုအော်ပြောလိုက်တဲ့ အချိန်မှာပဲ သူရဲ့ အခန်တံခါးကို အားပြင်းတဲ့ စွမ်းအင်တစ်ခုကချိုးဖျက်၀င်ရောက်လာသည်။

 " ရှောင်ရှောင်လုံ.....
 နင် အခုတိတ်တိတ်နေလိုက်စမ်း...!။ 

"ဘယ်လိုဖြစ်လို့များ ကျောက်ရူကျီနဲ့ လောင်းထားတဲ့ပွဲမှာ ကိုယ့်အမကို လောင်းကြေးအဖြစ် အသုံးပြုရဲတာလဲ....!
 
အသံနဲ့အတူ လှပတဲ့ ပုံရိပ်လေးတစ်ခုကအခန်းထဲသို့ ၀င်ရောက်လာသည်။ 

"အာ....အစ်...အစ်မ !" 

သူမကိုမြင်လိုက်တာနဲ့ ရှောင်ရှောင်လုံတုန်ရီကြောက်ရွံ့သွားသည်။

သူမ၏ မျက်လုံးလေးတွေက ကြယ်ပွင့်လေးတွေလို လင်းလက်တောက်ပနေပြီး သူမ၏အသားရည်က ချောမွေ့ကာ လှပတဲ့အသွင်ပြင်ရှိတဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်သည် ။

သူမက ဆီးနှင်းဖြူလိုမျိုးအဖြူရောင် အင်္ကျီပေါ် မှာ အစ်ိမ်းရောင်၀တ်ရုံရှည်ကို ထပ်ရုံ ထားပြီး သူမ၏ ပိုးသားကဲ့သို့ နူးညံပျော့ပျောင်းနေတဲ့ဆံနွယ်မျှင်တွေကို ကျောပေါ်မှာ ရိုးရိုးရှင်းရှင်းဖြန့်ချထားသည်။

 သူမ၏ မျက်နှာကိုလည်း ဇာပုဝါတစ်ခုဖြင့်ဖုံးလွမ်းထားသေးသည် ။ 

" အစ္မ...
 ခဏနေပါဦး...! ငါပြောတာကိုနားထောင်ပါဦး..."
 
"ငါ ကျောက်ရူကျီရဲ့ ထောင်ချောက်ထဲကို ကျသွားလို့ပါ၊
 ဒါပေမဲ့ စိတ်မပူနဲ့ ငါ အခုတတိယအဆင့်(တိုက်ခိုက်သူအဆင့်)ကိုတက်သွားပြီ။
 သူ့ကို နိုင်ဖို့ ငါ ယုံကြည်ချက်ရှိတယ်"

 ရှောင်ရှောင်လုံ အလျင်မြန်ပြောလိုက်ပြီး သူ၏ လက်တစ်ဖက်ကိုမြှောက်၍ စွမ်းအင်လေဟာနယ်တစ်ခုကို ဖန်တီးပြလိုက်သည်။
 
စိတ်ဆိုးနေတဲ့ ရှောင်ယန်ယုတောင်မှ ပဲ အံသြသင့်သွား၏။
 ရှောင်ရှောင်လုံ ဒုတိယအဆင့် (မာစတာအဆင့်)အထွတ်အထိပ်တွင် ရပ်တန့်နေခဲ့သည်မှာ အချိန် တော်တော်ကြာခဲ့ပြီဖြစ်သည်။

အခု တစ်နေ့ထဲနဲ့ ဘယ်လိုဖြစ်လို့ တတိယအဆင့်ကိုချိုးဖျက်ရောက်ရှိသွားလဲဆိုတာ သူမအံသြနေမိသည်၏။
 
"ကျောက်ရူကျီ က တတိယအဆင့်မှာ ရောက်နေတာကြာပြီဆိုပေမဲ့...
 နင် နင့်မောင်ကိုယုံကြည်ပေးသင့်တယ် 
ငါကသူကိုရိုက်နှက်ပြီး လူကြားထဲကိုမထွက်နိုင်အောင်သင်ခန်းစာပေးလိုက်မယ်"

 ရှောင်ရှောင်လုံက ရယ်မောပြီးပြောလိုက်သည်။ 

အင်ပါယာမြို့တော်တွင်းမှာ...,
 ရှောင်ယန်ယု၏ အလှက လူသိများပြီးကျော်ကြားလှ၏။ 

သူမကို ပိုးပန်းနေသောလူများထဲမှာ,
လူရှုပ်၊ ပေါ်ကြော့သခင်လေး ကျောက်ရူကျီ တစ်ယောက်လည်းအပာအ၀င်ဖြစ်၏။ 

လက်ဝဲအမတ်ကြီး၏ သားတစ်ဦးဖြစ်သူ ကျောက်ရူကျီသည် စစ်သူကြီးချုပ်၏ သမီးဖြစ်သူ ရှောင်ယန်ယုကိုတော့ လက်လွတ်စပယ်မထိရဲပေ။ 

အကယ်၍...

 ရှောင်ယန်ယုသာ စစ်သူကြီးချုပ်၏ သမီးတစ်ယောက်မဟုတ်ခဲ့ပါလျှင် ကျောက်ရူကျီ၏ ကိုယ်လုပ်တော် တစ်ယောက်ဖြစ်နေလောက်ပေပြီ။

"အစ်မ...ငါဘယ်လို အဆင့်တက်သွားလဲဆိုတာ နင်မသိချင်ဘူးလား...?

 ရှောင်ရှောင်လုံက ဆွဲဆောင်တဲ့ အသံဖြင့်မေးလိုက်သည်။

သူမ ရှောင်ရှောင်လုံကို တစ်ချက်ကြည့်လိုက်ပြီး ၀တ်ရုံကိုမ၍ထိုင်ခုံပေါ်တွင် ၀င်ထိုင်လိုက်သည်။ 

" ပြော...! ငါ နားထောင်မယ် " 

ရှောင်ရှောင်လုံ အံကြိတ်လိုက်မိ၏။

 သူ့အမက သူပုံမှန်မဟုတ်ပဲ အဆင့် သစ်သို့ မြန်မြန်ရောက်သွားတာကို ရိပ်မိပေလိမ့်မည်။

လေအလင်းအင်ပါယာထဲမှာရှိသော ထက်မြက်တဲ့အမျိုးသမီးများထဲတွင် ရှောင်ယန်ယုကလဲ အလွန်တော်သော ပါရမီရှင်တစ်ယောက်ဖြစ်သည်။

 သူမ မရိပ်မိဘူးဆိုရင်တောင် ထူးဆန်းနေပေလိမ့်မည်။

ထို့နောက်...
ရှောင်ရှောင်လုံက အလွန်တည်ကြည် လေးနက်သောဟန်ပန်အမူရာဖြင့်ရှောင်ယန်ယုရဲ အနားသို့တိုး၍ သူ့လျို့ ဝှက်ချက်ကိုပြောပြလိုက်၏။

ရှောင်ယန်ယု အံသြတစ်ကြီးဖြစ်သွားပြီး
သူမတွေးလိုက်မိ၏။ 

!ဒါကိုလျို့ ဝှက်ချက်လို့ခေါ်တာလား!? 
အမြဲတမ်းလူပြောင်လုပ်နေတဲ့ ငါ့မောင်က တည်ကြည်တဲ့ ပုံစံနဲ့ငါစိတ်၀င်စားအောင်လုပ်နေတာလား!?...။ 

"ငါအဆင့်တက်သွားတဲ့ လျို့ ဝှက်ချက်က....တကယ်တော့ဥထမင်းကြော်တစ်ပွဲကြောင့်ပဲ"

"နင်အဆင့်တက်သွားတာ ဥထမင်းကြော်ကြောင့်လား.?"
 
" အော်......"
 
"ဘာပြောလိုက်တယ်.??!!!!!"

"ထမင်းကြော်.!!!!!"

ရှောင်ယန်ယု၏ လှပတဲ့မျက်နှာလေးက အေးခဲသွားပြီးအနီရောင်သို့ပြောင်းလာလေသည်။

 !ဒီ. ကောင်စုတ်လေးကတော့...
ဘယ်လိုဖြစ်ပြီး အစ်မကိုစနေတာလဲ!

အတင်းပဲ ရှောင်ရှောင်လုံရဲ့ နားရွက်ကိုလိမ်ဆွဲလိုက်ပြီး သူမက အေးစက်စက်ရယ်မောလိုက်သည်။

 "ငါသိပြီ...
အခုတော့ နင်က အမကိုစနောက်ရလောက်အောင်အရွယ်ရောက်လာပြီလို့ထင်တယ်ပေါ့လေ...၊ 
နင်ပြောသလိုဆို ဥထမင်းကြော်ကသက်စောင့်ဆေးလား...ဟင်?
နင့်ကို အဆင့်တက်အောင်လုပ်ပေးလိုက်တယ်ပေါ့လေ...
 ဒါကဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့စကားမျိုးလဲ..."

သူရင်ဘက်ကိုမြှားစိုက်သကဲ့သို့ရှောင်ရှောင်လုံ ခံစားလိုက်သည်။

!ငါအမှန်ကိုပြောနေတာလေ 
နင်ဘာလို့ ငါ့ကိုမယုံကြည်ရတာလဲ?
 မောင်နှမတွေကြားထဲက ယုံကြည်မှုတွေဘယ်ရောက်သွားလဲ?!

ရှောင်ရှောင်လုံလဲ မျက်နှာမသာမယာဖြင့် လမ်းကြားလေးထဲက နားလည်ရန်ခက်ခဲ သော စားသောက်ဆိုင်လေးမှ သူကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်မှန်သမျှကို အသေးစိတ် ပြန်လည် ရှင်းပြလိုက်သည်။

"အဲ့ဒီတော့... 
နင်ပြောချင်တာက... နင်က ဥထမင်းကြော်တစ်ပွဲအတွက် သလင်းကျောက်တစ်တုံးတောင်ပေးစားခဲ့တယ်ပေါ့လေ...?"

 ရှောင်ရှောင်လုံ၏ ရွှင်မြူးနေတဲ့အမူအရာ ကိုကြည့်ပြီး....

ရှောင်ယန်ယု သူ့မောင် နားရွက်ကို ပြတ်ထွက်အောင် လိမ်ဆွဲချင်စိတ်ပောက်လာမိသည်။ 

"နင်..ငါ့ကို မယုံဘူးဆိုရင် မနက်ဖြန် နင့်ကို အဲဆိုင်လေးကိုခေါ်သွားမယ်။ 
နင်တကယ်ကို စိတ်ကျေနပ်စေရမယ်လို့ ငါပြောရဲတယ်။"

"သူရဲ့ အနံနဲ့အရသာကလေ ငါရဲ့ ကလေးဘ၀က ပျော်ရွှင်စရာတွေကိုတောင် ပြန်လည်သတ်ိရစေတယ်။"

ရှောင်ရှောင်လုံက တမ်းတဟန်အပြည့်ဖြင့် ပြောနေသော်လည်း ရှောင်ယန်ယုကတော့ မယုံကြည်ပါဘူး။

 သူမတွေးလိုက်မိသည် 
!ဒီ ကောင်စုတ်လေးတော့ ဆေးမိလာသလားမသိဘူး..။
ထမင်းကြော်တစ်ပွဲက ဘယ်လောက်များအရသာကောင်းနိုင်မှာမို့လို့လဲ!!

"ကောင်းပြီလေ.... 
 ဒီလောက်ညွှန်းနေမှတော့ လျို့ဝှက်ချက်များတဲ့ ဥထမင်းကြော်ရဲ့ ပုံစံအမှန်ကို မနက်ဖြန်ကျရင် ငါလိုက်ကြည့်မယ်"