အပိုင်း ၆
Viewers 53k

အခန်း ၆

ဆိုင်ရှင်... ထမင်းကြော် ၁၀ပွဲပေးပါ


နောက်တစ်နေ့မနက်ခင်း။


 မျက်နှာကာ၀တ်ဆင်ထားတဲ့ ရှောင်ယန်ယုနှင့် ရှောင်ရှောင်လုံတို့ကစံအိမ်ကနေထွက်ခွာလာခဲ့သည်။ သူတို့၏စံအိမ် ကမြို့အတွင်းတွင်တည်ရှိသောကြောင့် စံအိမ်အပြင်သို့ ထွက်လိုက်တဲ့ ခဏမှာပဲ ဆူညံသံတွေကြားလိုက်ရသည်။ 


အပြင်ဘက်မှာဆူညံနေပေမဲ့ စံအိမ်ထဲတွင်တိတ်ဆိတ်နေသည်မှာ ဗိသုကာပညာရှင်တွေ စံအိမ်ကိုတည်ဆောက်ထဲက မှော်စွမ်းအင်အသုံးပြုပြီးအပြင်ဘက်ကလာတဲ့ အသံတွေမ၀င်နိုင်အောင်စံအိမ်ကို ကာစီးထားသောကြောင့်ဖြစ်သည်။


ရှောင်ယန်ယု၏ အလှကယောက်က်ျားသားများကိုဆွဲဆောင်နိုင်လွန်းတာကြောင့် သူမအပြင်ထွက်သည်မှာ ကြုံထောင့်ကြုံခဲကိစ္စဖြစ်၏။

တစ်ခါက သူမမျက်နှာကာမ၀တ်ပဲ မြို့တွင်းသို့ထွက်သွားလိုက်မိချိန် 

အင်ပါယာမြို့တော်တွင်းမှ သူဌေးသား လူ့ပေါ်ကြော့ ငရှုပ်တွေက သူမ၏ အလှကြောင့် အချင်းချင်းခိုက်ရန်ဖြစ်ပွားကြပြီး လမ်းပေါ်တွင် လူများပြည့်ကြပ်သွားဖူးသည်။ 

 

ရှောင်မောင်နှမလဲ စံအိမ်ကနေထွက်ခွာလာပြီးနောက် လူရှုပ်ထွေးရာ လမ်းပေါ် လျှာက်သွားလိုက်သည် ။ လမ်း၏ တစ်ဖက်တစ်ချက်တွင် စျေးဆိုင်ငယ်များနှင့်ပြည့်နေပြီး ချက်ပြုတ်ရာမှ ထွက်ပေါ်လာသောအနံ့များကလဲ လေထဲမှာ လွင့်ပျံနေသည်။


 လမ်းဘေးဆိုင်တွေမှာ ချက်ပြုတ်ရောင်းချတဲ့ အစားစာတွေက အရည်အသွေးညံ့တဲ့ပစ္စည်းတွေ အသုံးပြုပြီး တစ်ခါတစ်လေမှာ အဆ်ိပ်အတောက်မကင်းတဲ့ အစားစားတွေပါတတ်တာကြောင့် ရှောင်ရှောင်လုံနဲ့ ရှောင်ယန်ယုတ်ို့လို သိုင်းသမားတွေ က ထိုအစားစာကိုဘယ်တော့မှမစားကြပေ။


သိုင်းသမားတွေအတွက်အရေးကြီးဆုံးအချက်မှာ သူတုိ့ ခန္ဓာကိုယ်အတွင်းသန့်ရှင်းစင်ကြယ်နေဖို့နှင့် ကိုယ်အတွင်းရှိအညစ်အကြေးတွေကို ဖယ်ရှားနိုင်ဖို့ပဲဖြစ်၏ ။


 ထို့ကြောင့်...

 အစားအသောက်အရည်အသွေးကို အရမ်းဂရုစိုက်ကြသည် ။

ဒီလိုမျို း အရည်အသွေးနိမ့်အစားစားများကိုမစားကြပေ။


တကယ်တမ်းဆိုလျှင် ၊

 ဥထမင်းကြော်ကို အဆာပြေစာလို့ သတ်မှတ်လို့ ရလေသည်။ 

သို့သော် ရှောင်ရှောင်လုံ၏ စွမ်းအင်အဆင့်က ဥထမင်းကြော်ကြောင့်တက်ခဲ့တာဖြစ်၏။  

ဒါက တိုက်ဆိုင်မှု့မဟုတ်ပဲ ဥထမင်းကြော် က တမူထူးခြားနေလို့ ဖြစ်သည်။ 


ဥထမင်းကြော်ကြောင့်သာမဟုတ်ရင် ရှောင်ရှောင်လုံက ဒုတိယအဆင့်(မာစတာအဆင့်) မှာပဲ အချိန်အကြာကြီး သောင်တင်နေနိုင်၏။ 


ထို့ကြောင့် ရှောင်ယန်ယု က ဥထမင်းကြော်တစ်ပွဲမှာ တကယ်ပဲ အံ့သြဖွယ်အစွမ်းရှိနေမလား သိချင်နေရခြင်းဖြစ်သည်။


" ဘုရားရေ ! 

ဒါ ငါတို့ သခင်လေးရှောင် မဟုတ်လား ?

 မင်း ဒီနေ့ ဘယ်မှာ ကဗျာသွားရွတ်မလို့လဲ ? " 


ရှောင်မောင်နှမ နှစ်ယောက် အတွေးနက်နေချိန်တွင် အမြင်ကတ်စရာအသံက ကြားဖြတ်၀င်လာလေသည်။ 


ရှောင်ရှောင်လုံရဲ့ လှပတဲ့ မျက်နှာက နက်မှောင်သွားပြီး နောက်ပြောင်တဲ့ လူကို လှည့်ကြည့်လိုက်လေသည်။ 


ရုပ်ဆိုးတဲ့ရောင်စုံ၀တ်ရုံနဲ့ စက္ကူယပ်တောင်ကို ကိုင်ထားတဲ့ လူက ဘဏ္ဍာရေး၀န်ကြီး ရဲ့ တစ်ဦးတည်းသောသား ဆန်းချီရှန်း ဖြစ်လေ၏။ 


သူက အင်ပါယာ မြို့တော်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ လူပေါ်ကြော့ အဖြစ်လူသိများသည်။


" ဆန်းချီရှန်း ၊

 ငါ မင်းနဲ့စကားပြောဖို့ အချိန်မရှိဘူး။ 

ငါ့လမ်းကနေ ဖယ် "


 ရှောင်ရှောင်လုံ၏ ပုံစံက မိန်းကလေးလိုနုဖတ်နေသော်လည်းလို စိတ်တိုနေတဲ့ အချိန်တွင်တော့ အားကောင်းတဲ့ အော်ရာ ထုတ်လွှတ်နိုင်လေသည်။ 


သို့သော်...

ဆန်းချီရှန်းက သူ့ကို အရေးမစိုက်ပဲ။ ရှောင်ရှောင်လုံကိုကျော်ပီး ဇာပုဝါ အုပ်ထားတဲ့ မိန်းကလေးကို ရိုင်းပြစွာ စူးစူးရဲရဲ(နှာဘူးကျစွာ) ကြည့်လိုက်၏။ 

ချက်ချင်းပဲ သူ့ရဲ့ မျက်လုံးတွေက အံ့သြစွာ ပြူးကျယ်သွားလေသည်။ 


" ဘုရားရေ ..! 

ငါ ယုံတောင် မယုံနိုင်ဘူး...

ဒါသခင်မလေး ယန်ယုပဲ...

သခင်မလေးနဲ့ တွေ့ရတာ ၀မ်းသာပါတယ်"


ဆန်းချီရှောင်းက ရှောင်ယန်ယုဆိုတာ သိသွားခဲ့ပြီးနောက်... 

သူ့ရဲ့ တည်ငြိမ်မှု့ပျောက်ဆုံးသွားလေသည်။ 

လူရှုပ်၊လူပေါ်ကျော့ တစ်ယောက်အနေနဲ့ သူ့ရဲ့ အိပ်မက် နတ်သမီးဖြစ်တဲ့ သူအ နားကပ်ဖို့ အခွင့်အရေးကို အလွဲခံလိမ့်မည် မဟုတ်ပေ။ 


" လမ်းကနေဖယ် " 


ရှောင်ယန်ယုက စိတ်မပါစွာပြောလိုက်သည်။ ဖြစ်နိုင်လျင် ထိုသူနဲ့ ဘာစကားမှမပြောချင်ပေ။ 


ဆန်းချီရှန်းက စကားစမြည်ပြောချင်ပေမယ့် ရှောင်ယန်ယု၏မျက်လုံးတွေနဲ့ ဆုံတဲ့ အချိန်ခဏ... 

သူမ၏ခွန်အားကို အမှတ်ရသွားပြီး ဘာမှမတတ်နိုင်စွာ ပုခုံးတွန့်လိုက်မိသည်။ 


..................


ွှနှစ်ပေါင်းတစ်သောင်းခန့် ဖြတ်သန်းလာပြီးချိန်မှာတော့ ချင်းလုံတိုက်(အာရှတိုက်၊ဥရောပတိုက်ကဲ့သို့)ပေါ်က ကျင့်ကြံခြင်းနည်းစနစ်တွေက တိုးတက်လာခဲ့ပြီး အဆင့်မြင့်နည်းစနစ်တွေ ရှိနေခဲ့ပေပြီ။


ချင်းလုံတိုက်ပေါ်မှာ နေထိုင်သူအများစုက သိုင်းပညာကျင့်ကြံသူများ ဖြစ်ကြ၏။ 

မိသားစုတိုင်းနီးပားပင် အကြီးအကဲမှစ ငါးနှစ်သားအရွယ် ကလေးအထိ ကျင့်ကြံခြင်းလမ်းစဉ်ကို လျောက်ကြသည်။


သို့ပေမယ့် ပင်ကိုပါရမီ ခြားနားမှု့တွေကြောင့် အဆင့်တွေရဲ့ ရလဒ်ကလည်း ကွဲပြားပေသည်။ 


သိုင်းအဆင့်တွေကို...

ပထမအဆင့် (စစ်သည်တော်အဆင့်)၊ ဒုတိယအဆင့် (မာစတာအဆင့်)၊ တတိယအဆင့် (တိုက်ခိုက်သူအဆင့်)၊ စတုတ္ထအဆင့် (ဝိဉာဏ်တည်အဆင့်)၊ ပဉ္စမအဆင့် (ဘုရင်အဆင့်)၊ဆဋ္ဌမအဆင့် (အင်ပါယာအဆင့်)၊ သတ္တမအဆင့် (သူတော်စင်အဆင့်)၊ အဋ္ဌမအဆင့် (နတ်ဘုရားအဆင့်)၊ န၀မအဆင့် (ထာဝရဖြစ်တည်ခြင်းအဆင့်)ဟူ၍သတ်မှတ်ခွဲခြားထားလေသည်။


ဒသမအဆင့်လည်း ရှိပေမယ့် သာမန်လူတွေအနေနှင့် အရောက်လှမ်းနိုင်ဖို့ အလှမ်းကွာလွန်းလှ၏။


အင်ပါယာမြို့တော်ထဲမှာ ကျော်ကြားသူ မိန်းမလှလေးဖြစ်တဲ့ ရှောင်ယန်ယုက ပာရမီရှင်ပီသစွာပင် သူမ အသက်ဆယ့်ရှစ်နှစ်တောင် မရှိသေးပေမယ့် စတုတ္ထအဆင့်(ဝိဉာဏ်တည်အဆင့်)က်ို ရောက်ရှိနေပေပြီ။


 သူမ၏မောင် ရှောင်ရှောင်လုံထက်ပင် ထူးချွန်သောကြောင့် စစ်သူကြီးချုပ်ရှောင်မန်ကပင် ရှောင်ယန်ယုသာ ယောက်ျားလေးဖြစ်လျှင် ပို၍ကြီးမြတ်လိမ့်မည်ဟု ထုတ်ဖော်ချီးကျူးလေ့ရှိ၏။


 လူပေါ်ကြော့တစ်ယောက်သာဖြစ်သော ဆန်းချီရှန်းကတော့ အသက်နှစ်ဆယ်အရွယ်ရှိနေပြီဖြစ်သော်လည်း တိုက်ခိုက်သူအဆင့်ပဲ ရှိသေးလေသည်။ 


 သူက ရှောင်ရှောင်လုံကို မကြောက်ပေမဲ့လည်း သူ့ထက်သိုင်းအဆင့်မြင့်သော ရှောင်ရန်ယုကိုတော့ မလွန်ဆန်ရဲပေ။


ရှောင်ရှောင်လုံက မထီမဲ့မြင်ဖြင့် နှာခောင်းရှုံ့လိုက်ပီး ထွက်ခွာသွားပြီဖြစ်တဲ့ ရှောင်ရန်ယု နောက် လိုက်သွားခဲ့လေသည်။ မောင်နှမနှစ်ယောက်က လူအုပ်ထဲကနေ လျှင်မြန်စွာ ပျောက်ကွယ်သွားလေ၏။ 


ဆန်းချီရှန်းက သူ့ပါးကိုကုတ်လိုက်ပြီး မျက်မှောင်ကြုတ်၍ သူ့လက်အောကငယ်သားတစ်ယောက်ကို တီးတိုးပြောလိုက်သည်။

ထို့နောက်...

ကောက်ကျစ်တဲ့ အပြုံးမျိုးနှင့် ရှောင်မောင်နှမနောက် လိုက်သွားခဲ့ချိန်တွင် လက်အောက်ငယ်သားက လျှင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ 


..........................


ပုဖန်က ပုံမှန်အတိုင်းနိုးလာပြီးနောက်,

ထုံးစံအတိုင်း ပျင်းရိစွာဖြင့်ပင် အချိန်မှန်ဆိုင် ဖွင့်လိုက်သည်။ 


ဘလက်ကီက အ၀င်၀မှာ လှဲနေတုန်းပဲဖြစ်ပြီး ဆိုင်ဖွင့်နေတဲ့ ပုဖန်ကို တစ်ချက်သာစောင်းကြည့်၍ ပြန်အိပ်နေလေသည်။ 


"နောက် ခုနှစ်ရက်အတွင်း 

ဥထမင်းကြော်ပွဲတစ်ရာနဲ့ အသီးအရွက်ကြော် ဒါမှမဟုတ် လက်လုပ်ခေါက်ဆွဲ ဆယ်ပွဲရောင်းရဖို့လိုတယ် 

!System.!

 ဒီ ချောင်ကျတဲ့နေရာက စားသောက်ဆိုင်ငယ်လေးမှာ ဒီလိုအံ့သြဖွယ်ရာ ရောင်းကောင်းလိမ့်မယ်လို့ ထင်နေတာလား.?"


ပုဖန်က ဆိုင်အ၀င်၀မှာ ချထားတဲ့ ထိုင်ခုံပေါ်မှာ ပျင်းရိစွာခွေခောက်ထိုင်နေပြီး

သူ့စိတ်ထဲက Systemနဲ့ ငြင်းခုံနေ၏။ 


"လူငယ်လေး...

သင်ဟာ ချက်ပြုတ်ချင်းနတ်ဘုရား ဖြစ်လာဖို့ရည်ရွယ်ထားတဲ့ လူတစ်ယောက်ဖြစ်မှတော့ သင့်အချက်အပြုတ် စွမ်းရည်ကို သင်ယုံကြည်ရမယ်လေ 

သင်က ကမ္ဘာကြီးကို သိမ်းပိုက်နိုင်တယ်လို့လည်း ယုံကြည်ရမယ်" 


Systemကတည်ငြိမ်စွာ ပုဖန်းကိုနောက်တစ်ကြိမ်အားပေးလိုက်လေသည်။ 


ပုဖန် အူကြောင်ကြောင်ဖြင့်

!ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ထက် ငါက အေးအေးသက်သာ နေပူစာလှုံချင်ယုံပဲလေ!

ဟုတွေးလိုက်မိ၏။

 သူနိုးလာတာမကြာသေးသော်လည်း ပျင်းရိစွာဖြင့် နေရောင်ထဲမှာခွေခောက်ထိုင်နေရင်းပင် နောက်တကြိမ်အိပ်ချင်လာသည်။


" ဆိုင်ရှင်...၊ 

ငါ မင်းရဲ့ ဥထမင်းကြော်ကို နောက်တစ်ခေါက်ထပ်လာအားပေးတာ " 


ပုဖန်း အိပ်ပျော်သွားတော့မဲ့ခဏမှာပဲ အော်သံ တစ်ခုက သူ့ကိုနိုးသွားစေသောကြောင့် မျက်နှာသေဖြင့် အသံရှင်ကိုကြည့့်လိုက်သည်။


!ဟမ်...!

မနေ့က သူရဲ့ ပထမဆုံးစားသုံးသူ မိန်းမလျာနှင့် ဇာပုဝါကိုတပ်ဆင်ထားသော မိန်းမလှလေးတစ်ယောက် ကိုမြင်လိုက်လေသည်။

သူမက မျက်နှာကိုဖုံးကွယ်ထားသောလည်း သူမရဲ့ မို့မောက်သောရင်သားတွေနှင့်အချိုးအစားကျနလှသောခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် မိန်းမလှလေးတစ်ယောက်ဖြစ်ကြောင်း ပုဖန် အတပ်ပြောနိုင်လေသည်။


 ရှောင်ယန်ယုက ရှောင်ရှောင်လုံ ခေါ်လာတဲ့ ချောင်ကျတဲ့နေရာက စားသောက်ဆိုင်ငယ်လေးကိုကြည့်ပြီး ဒီလိုဆိုင်မျိုးက ထူးခြားတဲ့ဥထမင်းကြော်ရောင်းချသည်ကို မယုံနိုင်စွာ မျက်ခုံးပင့်လိုက်ရင်း မေးလိုက်၏။


" ရှင်က ဒီဆိုင်ရဲ့ ပိုင်ရှင်လား ? "  


သူမရဲ့ အသံက သိမ်မွေ့ပီး နားထဲပျားရည်လောင်းထည့်လိုက်သလို နှစ်လိုဖွယ်ရာဖြစ်သည်။


" အမှန်ပဲ "


 ပုဖန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။


ရှောင်ယန်ယုက နောက်ထပ်ဘာမှမပြောတော့ပဲ ဆိုင်ထဲ၀င်သွားခဲ့၏။

ဆိုင်ကသေးငယ်ပြီး ချောင်ကျတဲ့လမ်းကြားလေးထဲမှာ ရှိသော်လည်း အတွင်းပိုင်းအလှဆင်ထားတာက သပ်ရပ်၍ အရမ်းကိုသန့်ရှင်းပြီး ဖုံတစ်စက်တောင်မှ ရှိမနေပေ။ 


ရှောင်ယန်ယု၏မျက်လုံးတွေက ပတ်၀န်းကျင်ကို အကဲဖြတ်ပီးနောက် ဆိုင်အလယ်မှာရှိတဲ့ မီးနူးပေါ်ရောက်သွားလေသည်။ 

ချက်ချင်း အံသြတကြီး မျက်ခုံးပင့်လိုက်မိ၏။ 


" ရှောင်ရှောင်လုံပြောတဲ့အတိုင်း ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်တစ်တုံးကျတဲ့အပြင် အဆင့်မြင့်ဥထမင်းကြော်က သလင်းကျောက်ဆယ်တုံးတဲ့လား.? 

ဒီကောင်ရူးနေတာလား.!? " 


" ဆိုင်ရှင်... ၊ 

မနေ့က ဒီအဆင့်မြင့်ဥထမင်းကြော်ကို ငါမတွေ့ပာဘူး ဘာလို့ ခုမှ ရှိနေရတာလဲ? "


 ရှောင်ရှောင်လုံလဲ ဥထမင်းကြော်အသစ်ရဲ့စျေးနှုန်းကိုမြင်ပြီး အံ့သြတကြီးမေးလိုက်မိ၏။


"အိုး... ၊ 

ငါမနေ့က ရေးဖို့မေ့သွားတာ... 

 ဒီဟင်းပွဲကိုမှာစားမယ့်သူက တတိယအဆင့်(တိုက်ခိုက်သူအဆင့်)ရှိနေဖို့လဲလိုအပ်တယ်လေ ပြောရရင်တော့ မနေ့က ငါရေးထားမိရင်တောင် မင်းက မှာစားဖို့အဆင့်မမှီဘူး " 

ပုဖန်က သမ်းဝေလိုက်ပီး ဘာမှမထူးဆန်းသလိုမျိုး ပြန်ပြောလိုက်၏။ 


"ထမင်းကြော်စားရဖို့ လိုအပ်ချက် ရှိတယ်လား.?"

 ရှောင်ယန်ယုက အဆင့်မြင့်ဥထမင်းကြော်ရဲ့ ထူးခြားချက်တွေကို အရမ်းသိချင်သွားမိသည်။


" ရှောင်လုံ...၊ နင်သလင်းကျောက်ဘယ်နတုံးယူလာလဲ?"

  

ရှောင်ရှောင်လုံက ခပ်တွန့်တွန့် ပြန်ပြောလိုက်သည်။


" ဆယ်တုံး " 


" ကောင်းတယ် "


 သူမ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လက်ကိုရမ်းကာ အမွှေးအိတ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။


" ဆိုင်ရှင်... ၊ 

အဆင့်မြင့်ဥထမင်းကြော်တစ်ပွဲပေးပါ "


" ကောင်းပြီ၊ ခဏစောင့်ပါ "


 ရှောင်ယန်ယုက အဆင့်မြင့်ဥထမင်းကြော်ကို မှာလိုက်တာကြောင့် ပုဖန် လှိုက်ခနဲ၀မ်းသာသွားသော်လည်း သူရဲ့ မျက်နှာကတော့ မပြောင်းမလဲ မျက်နှာသေဖြင့်ပင်ဖြစ်သည်။

 မိန်းမလှလေးတစ်ယောက်ရှေ့မှာ တည်ငြိမ်ခန့်ငြားတဲ့ စာဖိုမှုးတစ်ယောက်ရဲ့ အမူအရာမျိုးပဲ သူပြသချင်မိ၏။ 


ရှောင်ရှောင်လုံကတော့ မချိတင်ကဲအမူအရာဖြင့် ရှောင်ရန်ယုကို မကျေမနပ်ကြည့်ရုံသာတတ်နိုင်လေသည်။


ပုဖန် လှည့်လိုက်ပီး မီးဖိုချောင်ထဲ၀င်တော့မဲ့ အချိန်မှာ ရုတ်တရက် အသံတစ်ခုက အ၀င်၀ကနေ ထွက်ပေါ်ပြီး ပုဖန်ကို ရပ်တန့်သွားစေသည်။ 


" လေအလင်းအင်ပါယာရဲ့ နံပါတ်တစ်ပါရမီရှင်မိန်းမလှလေးက ဒီလို နုံချာတဲ့ စားသောက်ဆိုင်လေးမှာ ဥထမင်းကြော် လာစားတယ်...!? 

ဘုရားရေ...!

ဒါဘယ်လိုဟာသလဲ?" 


ဆန်းချီရှန်းက ပုခုံးတွန့်လိုက်ပြီး ဆိုင်ထဲကို ခေါင်းယမ်းရင်း ၀င်လာလေ၏။ 


" သခင်မလေး ရှောင်က ဥထမင်းကြော်စားရတာကိုကြိုက်တာလား?၊ 

ကျွန်တော် ဧည့်ခံပါရစေ"


"ဆိုင်ရှင်...၊ 

ဒီကို ဥထမင်းကြော်ဆယ်ပွဲ အရင်ပေး" 

 

.....................................