အခန်း ၇
စည်းကမ်းချက်များ
"ဆိုင်ရှင်... ငါ့က်ို ဥထမင်းကြော်ဆယ်ပွဲအရင်ပေး"
အခြားဆိုင်ငယ်လေးတစ်ဆိုင်မှာသာ ဒီလိုမျိုးမှာရင် ဆိုင်ရှင်က သေချာပေါက် ၀မ်းသာနိုင်ပေမယ့် ပုဖန်ကတော့ မပျော်ရွှင်ပေ။
ပုဖန်က မီးဖိုချောင်ဆီသွားဖို့ပြင်နေရာက ရပ်လိုက်ပြီးနောက်
ရောင်စုံ၀တ်ရုံ၀တ်ထားတဲ့ ဆန်းချီရှန်းဘက်လှည့်လိုက်ပီး တည်ငြိမ်စွာ ပြောလိုက်သည်။
"စားသုံးသူ...
ကျွန်တော်တို့ဆိုင်မှာ စားသုံးသူတိုင်းက ဟင်းပွဲတစ်မျိုးကို တစ်ကြိမ်စီပဲ မှာခွင့််ရှိပါမယ်...
ခင်ဗျား အသီးအရွက်ကြော် ဒါမှမဟုတ် လက်လုပ်ခောက်ဆွဲထပ်မှာလို့ရပါတယ်...
အိုး...
အဆင့်မြင့်ဥထမင်းကြော်လည်း မှာလို့ရပါသေးတယ် "
ဒီလို ငြင်းပယ် ခံရလိမ့်မယ်လို့ မထင်ထားတာကြောင့် ဆန်းချီရှန်းက အံ့အားသင့်သွားမိ၏။
သူက ပုဖန်ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီး သူ့ရဲ့ ယပ်တောင်နှင့် ပုဖန်ဆီကို ညွှန်၍ အပြုံးနဲ့မေးလိုက်၏
" ငါဘယ်သူလဲ မင်းမသိဘူးလား? "
အင်ပါယာမြို့တော်အတွင်းမှာ ကျော်ကြားတဲ့ လူပေါ်ကြော့ သုံးယောက် ထဲက တစ်ယောက်ဖြစ်တဲ့ ဆန်းချီရှန်းကို မသိတဲ့သူ တစ်ယောက်မှမရှိပေ။
ဆိုင်ငယ်လေးတစ်ဆိုင်ရဲ့ ပိုင်ရှင်က သူ့ကိုငြင်းဆန်ရဲသည်မှာ သေဖို့တောင်းဆိုနေတာနှင့်တူလေ၏။
ပုဖန်က မျက်မှောင်ကြုတ်လိုက်ပီး ဆန်းချီရှန်းကို သေသေချာချာစိုက်ကြည့်လိုက်သည်။
ထိုသူက မျက်လုံးသေးသေး၊ နှုတ်ခမ်းကစူထော်ထော်နှင့် သွယ်လျတဲ့ပါးရိုးတို့ရှိပြီး ကြည့်ရတာ မျောက်တစ်ကောင်နှင့်တူလေသည်။
" ငါ မင်းကိုမသိဘူး...မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ဆိုင်ရဲ့ စည်းမျဉ်းက မပြောင်းဘူး...
မင်းမစားဘူးဆိုရင် ထွက်သွားနိုင်တယ်"
ပုဖန်က သာမန်ပဲပြန်ပြောလိုက်၏။
"ဘုရားရေ...
စိတ်၀င်စားစရာပဲ ငါကစည်းမျဉ်းတွေကို ချိုးဖောက်ရတာကြိုက်တယ်...
မင်း ငါ့ကို ဥထမင်းကြော် ဆယ်ပွဲမရောင်း ရင် မင်းဆိုင်ကို ဖြိုချပစ်မယ်...
ဒီလိုသေးနုပ်တဲ့ ဆိုင်သေးသေးလေးက စည်းမျဉ်းတွေကို ငါက ဂရုစိုက်ရမှာလား?"
ဆန်းချီရှန်းက လှောင်ရယ်ရယ်ပြီးပြောလိုက်၏။
အင်ပါယာ မြို့တော်အတွင်းက တစ်ယောက်ယောက်က သူ့ကိုမသိတာ တကယ် စိတ်၀င်စားစရာကောင်းသည်။
ဆန်းချီရှန်းကသူတို့နောက်ကို လိုက်လာလိမ့်မယ်လို့ ရှောင်ယန်ယုလည်း မထင်ထားမိပေ။
ဆိုင်သာ ပျက်စီးသွားခဲ့ရင် နေရင်းထိုင်ရင်း သူမခေါင်းပေါ်အပြစ်ရောက်လာလိမ့်ဦးမည်။
" ဆန်းချီရှန်း...စားဖို့လာတာဆိုရင် အေးဆေးနေ...ပြသနာရှာမနေနဲ့...နင့်ကို အပြင်ကန်ထုတ်စေချင်တာလား?"
ရှောင်ယန်ယုက အေးစက်စက်နိုင်စွာသတိပေးလိုက်ပြီး ရှောင်ရှောင်လုံကလည်းဆန်းချီရှန်းကို မကျေမလည် စိုက်ကြည့်နေခဲ့သည်။
ပုဖန်က ခြိမ်းခြောက်မှုကိုကြားသော်လည်း မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်ပင် ဆန်းချီရှန်းကို ကြည့်ပြီးပြောလိုက်သည်။
"ငါ့ဆိုင်ကို ဖျက်စီးမှာလား? မင်းလုပ်နိုင်မယ်လို့တော့ ငါမထင်ဘူး"
"မင်းတစ်ခုခုမှာမယ်ဆိုရင်လဲ မြန်မြန်မှာ မီနူးကနံရံပေါ်မှာရှိတယ်. ငါ့အချိန်ကို ဆက်ဖြုန်းနေဦးမယ်ဆိုရင်တော့ မင်းကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်တော့မယ်"
ရှောင်မောင်နှမလည်း မှင်သက်သွားမိသည်။
ဆန်းချီရှန်းကအင်ပါယာ မြို့တော်အတွင်းမှာ အင်အားအများအပြားရှိပြီး နံပါတ်တစ်စားသောက်ဆိုင်ဖြစ်တဲ့ 'ထာဝရရှင်သန်သောဖီးနစ်ငှက်' စားသောက်ဆိုင်တောင် သူ့ကို အပြစ်မပြုရဲချေ။ ပုဖန်က ဘယ်လိုသတ္တိမျိုးနဲ့ ဆန့်ကျင်ရဲတာလဲ?
!ဒီကောင်က သတ္တိတွေကောင်းနေတာပေါ့ ငါ့ကို ဒီတိုင်းပြောခဲ့တဲ့နောက်ဆုံးတစ်ယောက်ကတော့ ငါးစာဖြစ်သွားရှာပြီ!
သူ့ရဲ့ လူတွေကို ဆိုင်ကိုဖျက်စီးဖို့ချက်ချင်းအမိန့်ပေးလိုက်လို့ရပေမယ့် ရှောင်ယန်ယု ရှေ့မှာတော့ သူဒီလိုမလုပ်ချင်ပေ။
ဆန်းချီရှန်းက အေးစက်စွာပြုံးလိုက်ပီး မီနူးကိုကြည့်လိုက်၏။ မီနူးပေါ်မှာ ဟင်းပွဲလေးမျိုးသာရှိ၏။
" ဟား.ဟား.ဟား.. ဟင်းပွဲလေးမျိုးတည်းရှိတာတောင် တစ်မျိုးက နှစ်ကြိမ်ထပ်နေသေး..."
"အေးလေ...ဒါက ဆိုင်ငယ်လေးပဲကို..."
ဆန်းချီရှန်းက ဟင်းပွဲတွေရဲ့ နာမည်တွေကိုသာကြည့်ပြီး စျေးနှုန်းတွေကိုတော့ မကြည့်ပေ။
စျေးနှုန်းလား?
ုကြည့်စရာမလိုဘူးလေ သူ့မှာ အပေါဆုံးက ပိုက်ဆံပဲ။
"ဘာ မှာ မှာလဲ?"
ပုဖန်က အပြောင်းအလဲမရှိ မျက်နှာသေဖြင့်မေးလိုက်သည်။
"ငါ့ကို မီနူးပေါ်က ဟင်းပွဲတိုင်းပေး"
ဆန်းချီရှန်းက စားပွဲခုံပေါ် ထိုင်ချလိုက်သည်။ အင်ပါယာမြို့တော်အတွင်းက ကျော်ကြားတဲ့ပာရမီရှင် မိန်းမလှလေးကိုတောင် စွဲဆောင်နိုင်လောက်အောင် ဒီထမင်းကြော်က ဘယ်လောက်တောင်များကောင်းနေသလဲဆိုတာ သူတကယ်သိချင်မိ၏။
"ဟင်းပွဲတိုင်းလား?
ကောင်းပာပြီ...စုစုပေါင်း သလင်းကျောက်ဆယ့်တစ်တုံးနဲ့ ရွှေပြားနှစ်ရာကျသင့်ပာတယ်"
ပုဖန်က လှောင်ပြုံးပြုံးလိုက်ပြီး စျေးနှုန်းကိုပြောပြလိုက်သည်။
ထိုင်ခုံပေါ်မှာ ခြေထောက်တွေတင်၍ ဟန်ကျပန်ကျ တင်ပြင်ခွေချိတ်ထိုင်နေသည့် ဆန်းချီရှန်းသည် ပုဖန်ပြောလိုက်တဲ့ စျေးနှုန်းကိုကြားပြီး ပြုတ်ကျတော့မလိုတောင်ဖြစ်သွားသည်။
"မင်း....!"
"မင်း ငါ့ကို ငတုံး၊ငအ လို့ထင်နေတာလား? ဒါဥထမင်းကြော်နှစ်ပွဲ၊ အသီးအရွက်ကြော်တစ်ပွဲနဲ့ လက်လုပ်ခေါက်ဆွဲတစ်ပွဲပဲလေ... ဒါကို သလင်းကျောက်ဆယ့်တစ်တုံးနဲ့ ရွှေပြားနှစ်ရာလို့ပြောလိုက်တာလား?..
ဓားမြတိုက်ချင်ရင်လဲ အနည်းဆုံးတော့ သားကောင်ကို ရွေးဦးလေ ဘယ်လိုတောင်ငါ့ကိုရိုက်စားလုပ်ရဲတာလဲ?"
ဆန်းချီရှန်းက အံအားသင့်စိတ်တိုစွာ အော်ပြောလိုက်မိသည်။
"ပြသာနာရှာနေတာလား...?
စျေးနှုန်းက မီနူးပေါ်မှာရေးထားတယ် မင်းမမြင်ဘူးလား? မမှာဘူးဆိုရင်လဲ ထွက်သွားတော့..."
ပုဖန်ရဲ့စိတ်ရှည်ခြင်းက ကုန်သွားလေပြီ။
"ပိုက်ဆံမရှိဘူးဆိုရင်လဲ ချမ်းသာချင်ယောင်ဆောင်မနေနဲ့ "
ရှောင်ရှောင်လုံက ဆန်းချီရှန်းရဲ့ အမူအရာကိုတွေ့တော့ အော်ရယ်မိမလိုဖြစ်သွား၏။ သူပထမဆုံး ဟင်းပွဲတွေရဲ့ စျေးနှုန်းတွေကို မြင်တုန်းကလဲ သူ့ရဲ့ ပုံစံက ဆန်းချီရှန်းနဲ့ တစ်ပုံစံတည်းဖြစ်သည်။
"ပိုက်ဆံမရှိဘူး..? ဟာသပဲ ငါမင်းကို ပိုက်ဆံနဲ့ ဖို့သတ်ပစ်လို့တောင်ရတယ်
ငါ့ကို ပေါက်ကရတွေပြောမနေနဲ့တော့... အရင်ဆုံးဟင်းပွဲတွေသာ ပြင်ပေး...ဘယ်လောက်ကျကျ ငါပေးနိုင်တယ်"
ဆန်းချီရှန်းက ရယ်ချင်စိတ်ကိုထိန်းနေတဲ့ ရှောင်ရှောင်လုံကို မနှစ်မြို့ စွာကြည့်ရင်း သူ့ရဲ့ စက္ကူယပ်တောင်ကို ဖွင့်ပြီးဟန်ပာပာနဲ့ပြောလိုက်သည်။
ဆိုင်ထဲ၀င်လာပြီး ဟင်းပွဲမှာတဲ့ မည်သူမဆို သူ့ဖောက်သည် ဖြစ်သောကြောင့် ဆန်းချီရှန်းကို ပုဖန်က စိတ်ထဲထားမနေတော့ပေ။
သူတို့ပြသာနာ ရှာမှာကိုလည်း သူ မကြောက်. Systemက တည်ဆောက်ပေးထားတဲ့ ဆိုင်ဖြစ်တာကြောင့် တစ်စုံတစ်ယောက်ကပြသာနာရှာဖို့ ကြိုးစားတာနဲ့ ဆိုးရွားစွာ အဆုံးသတ်လိမ့်မည်သာဖြစ်သည်။
"ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ"
ပုဖန်က ခပ်တည်တည်ပြောလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်လာလိုက်သည်။
"မိန်းကလေးရှောင်...မိန်းကလေးလိုလှပတဲ့ မိန်းမပျိုလေးက ဥထမင်းကြော်စားဖို့အတွက်နဲ့ ဘာလို့ဒီလိုနေရာကိုလာတာလဲ?"
ဟင်းပွဲတွေကိုစောင့်ရင်း ဆန်းချီရှန်းက ရှောင်ယန်ယုဘက်လှည့်ပြီး အရောဝင်ဖို့ကြိုးစားလိုက်သည်။
သို့သော်... ရှောင်ယန်ယုက မကြားသလိုမျိုး သူ့ကို လစ်လျူရှုထားလေသည်။
ရှောင်ရှောင်လုံက ဘေးတစ်ဖက်မှာထိုင်နေတဲ့ ရှောင်ယန်ယုကို မကျေမနပ်ကြည့်နေလေသည်။ သူ့အမက သူ့ရဲ့ သလင်းကျောက်တွေအကုန်လုံးကို အနိုင်ကျင့်ပြီးယူသွားတာကြောင့် သူ့အတွက် လက်လုပ်ခေါက်ဆွဲတစ်ပွဲသာမှာနိုင်တော့သည်။
!ဥထမင်းကြော် မရနိုင်တော့ပေမယ့်လည်း ဆိုင်တစ်ဆိုင်တည်းက ဖြစ်သည့်အပြင် စျေးနှုန်းကလည်း ရွှေပြားတစ်ရာဆိုတော့ သာမန်တော့မဖြစ်နိုင်ပါဘူးလေ!
ရှောင်ရှောင်လုံ သူ့ကိုယ်သူ နှစ်သိမ့်တွေး တွေးလိုက်သည်။
ဆိုင်အတွင်းရှိ လူတိုင်းက အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြလေသည်။
........................
ရုတ်တရက်ဆိုသလို...
မွှေးကြိုင်တဲ့အနံ့တွေက မီးဖိုချောင်ဆီကနေ ထွက်ပေါ်လာပြီး လေထုထဲပျံလွင့်ကာ သူတို့နှာခောင်းတွေကို လာကျီစယ်နေ၏။
ရှောင်ရှောင်လုံက အနံ့ထဲမှာ မျောနေလေ၏။
"ဒီ အနံ့... မူးယစ်ယီဝြေပီး ကောင်းမွန်တဲ့မှတ်ညဏ်တွေကို သတိရစေတဲ့အနံ့"
ရှောင်ယန်ယု၏ မျက်လုံးတွေကလည်း အံ့သြမှု့တွေနဲ့ တောက်ပနေသည်။
" တကယ်ကို မွှေးလိုက်တာ"
ဆန်းချီရှန်းက အသက်တစ်ရှိုက်ရှုသွင်းလိုက်ပြီးနောက် သူ့ရဲ့ မျက်လုံးတွေ ပုတ်ခပ်ပုတ်ခပ်ဖြစ်သွားလေ၏။
"ဝါး... ဒီ အနံ့က အံ့သြလောက်စရာပဲ "
သူ့တို့သုံးယောက်လုံးက မီးဖိုချောင်ထဲကနေ အေးအေးဆေးဆေး ထွက်လာတဲ့ ပုဖန်ကို စိုက်ကြည့်နေမိသည်။
"ဒီမှာ အဆင့်မြင့်ဥထမင်းကြော်...စားကြည့်ပါဦး "
ထမင်းရဲ့ အမွှေးနံ့တွေက အငွေ့တထောင်းထောင်း ပျံ့လွင့်နေပြီး ဟင်းပွဲကိုတောင် ကောင်းကောင်းမမြင်ရပေ။
ပုဖန်က သူ့လက်ထဲမှာကိုင်ထားသော အပြာရောင် ကြွေပန်းကန်လုံးကို ရှောင်ယန်ယုရှေ့မှာချလိုက်တယ်ဆိုရင်ပဲ ရနံ့တွေကပေါက်ကွဲထွက်သလိုမျိုး သူမဆီ အလုအယက် တိုး၀င်လာကြသည်။
ဂွီ..ဂွီ..ဂွီ..
ရှောင်ယန်ယုက တံတွေးမြိုချလိုက်ပြီးနောက် သူမရဲ့ အစာအိမ်ကနေ အသံထွက်ပေါ်လာသည်။ သူမရဲ့ လှပတဲ့ မျက်နှာလေးကလည်း ရှက်ရွံ့မှု့ကြောင့် အနီရောင်သန်းသွားနေလေ၏။
ဥထမင်းကြော်တစ်ပွဲက စတုတ္ထအဆင့်(ဝိဉာဏ်တည်အဆင့်)တစ်ယောက်က်ိုတောင်ဆာလောင်စေသည်မှာ အံ့အားသင့်ဖွယ်ဖြစ်သည်။
ဟင်းပွဲကို ဖုံးလွှမ်းထားတဲ့ အငွေ့တွေက နောက်ဆုံးတော့ လွင့်ပါးသွားပြီး ရွှေရောင်အလင်းတန်းလေးတွေက ပန်းကန်ဆီကနေထွက်ပေါ်လာလေသည်။
ဆန်းချီရှန်းနဲ့ရှောင်ရှောင်လုံတို့နှစ်ယောက်လည်း မြင်ကွင်းကြောင့် တုန်လှုပ်သွားပြီး ရှောင်ယန်ယုတောင်မှ အံ့သြမှု့ကြောင့် အသက်ရှုမှားသွားမိ၏။