Chapter 59
Viewers 7k

🤒အခန်း ၅၉




 á€€á€ťá€°á€¸á€‘ုန်က အခန်းပြင်ထွက်ပြီးနောက် ဖုန်းဖြေသည့်ခလုတ်ကိုနှိပ်လိုက်သည်။ 


"ရှောင်ရှင်း..."


"......"


ပြန်ဖြေသံမကြားရသောကြောင့် ကျူးထုန်က နောက်တကြိမ်ခေါ်ကြည့်လိုက်သည်။ 


"ရှောင်ရှင်း..."


"ကော..." 


အနည်းငယ်သနားစရာကောင်းပြီး စိတ်ဆိုးနေသည့်အော်သံလေးက ထွက်လာလေသည်။


ကျူးထုန်က ပျော်ရွှင်မှုများလွှမ်းခြုံသွားသလို မနေနိုင်ဘဲပြုံးမိလိုက်လေသည်။


 "ဘာဖြစ်လို့လဲ..."


ကျူရှင်းကပြန်ဖြေလာ၏။


 "လစဥ်စာမေးပွဲကပြီးသွားပြီလား..."


ကျူးထုန်က လစဥ်စာမေးပွဲအတွက် အတန်းဖော်အိမ်တွင်သွားနေရသည့်အကြောင်းကို သူမအားပြောပြထားခဲ့သည်။


ကျူးထုန်က သူ့ဇာတ်လမ်းကို စကားတစ်ခွန်းတည်းဖြင့်အဆက်ဖြတ်လိုက်လေ၏။


 "အင်း၊ ဒီနေ့ပဲပြီးသွားတာ..."


ကျူးရှင်းက တမဟုတ်ချင်းတက်ကြွလာလေသည်။ 


"ဒါဆို ကော ပျော်စားပွဲထွက်မှာပေါ့နော်၊ အမျိုးသားနေ့ရောက်ရင်ပြန်လာမယ်မလား..."


"....."


'အမျိုးသားနေ့လား' ကျူးထုန်မှာ မှင်သက်သွားခဲ့လေ၏။


အမှန်ပင်။ အမျိုးသားနေ့က သိပ်မကြာခင်ရောက်လာတော့မည်။


ကျူးထုန်က သီးသန့်အခန်းဘက်ကိုလှမ်းကြည့်ကာ တွန့်ဆုတ်စွာဖြင့်ပြောလိုက်လေ၏။ 


"ငါ...အမျိုးသားနေ့ကိုပြန်လာနိုင်မှာမဟုတ်ဘူး..."


သူ့ညီမလေးက နောက်တကြိမ်တိတ်ဆိတ်သွားပြန်သည်။ ကျူးထုန်မှာအပြစ်ရှိစိတ်နှင့် ပူပင်စိတ်တို့ကိုခံစားလိုက်ရလေသည်။


ခဏအကြာမှ ဖုန်းတဖက်မှညီမဖြစ်သူ၏ ချစ်စဖွယ် "ဟမ်" ဆိုသောအသံလေးကိုကြားလိုက်ရသည်။ 


"အဲဒီမှာ ယောက်မလေးကိုများရှာတွေ့သွားလို့လား၊ ဘာလို့ပြန်မလာရတာလဲ..."


ကျူးထုန်: "....."


'ယောက်မလေး...ဘယ်ကယောက်မလေးလဲ'


သူ ကျူးရှင်းပြောချင်သည့်အဓိပ္ပါယ်ကို လုံးဝနားမလည်ပေ။ 


"ဘာတွေပြောနေတာလဲ၊ ငါပြန်မလာနိုင်ဘူးဆိုတာက...အရင်တခေါက် ငါစာမေးပွဲကျထားတယ်လေ၊ အဲဒီတော့ အမှတ်ကောင်းလာတဲ့အထိ ငါကြိုးစားချင်သေးတယ်..."


"....."


ကျူးထုန် ပြောပြီးသွားသည့်အခါ သူ့အသက်ရှူသံကိုထိန်းထားလိုက်သည်။ အကြောင်းမှာ ၎င်းက မျက်နှာပြောင်တိုက်သည့် အလိမ်အညာစကားဖြစ်နေမှန်းသိနေသောကြောင့်ပင်ဖြစ်လေ၏။


ပြောကာမှ သူကျောင်းပြောင်းလာရသည့်အကြောင်းအရင်းကို ကျူးရှင်းအား မရှင်းပြရသေးပေ။


ဖုန်းထဲတွင် တိတ်ဆိတ်မှုကအတန်ကြာအောင်ကြီးစိုးသွားပြီးနောက် ကျူးထုန်က သူမကို နှစ်သိမ့်ပေးချင်ခဲ့သည်။ သို့ရာတွင် သူမဘက်မှစတင်ပြောလာခဲ့၏။ 


"အင်း၊ ကော..နေကောင်းရဲ့လား..."


ကျူးထုန်မှာ နှလုံးသားထဲတွင် ရုတ်ချည်းနွေးထွေးသွားရလေ၏။ သူက ပြုံး၍တုံ့ပြန်လိုက်လေသည်။ 


"ငါကျန်းမာနေပါတယ်၊ မပူပါနဲ့..."


ကျူးရှင်း: "ကော၊ နေကောင်းတယ်လို့ကြားရတော့ ဝမ်းသာပါတယ်..."


သူမ ကျူးထုန်ကို ဘာလို့မပြန်လာရတာလဲဟု မမေးတော့ပေ။ ခဏအကြာတွင် ဖုန်းပြောခြင်းက ပြီးဆုံးသွားခဲ့သည်။


'သူက အရမ်းတွေးတတ်တာပဲ' 


ကျူးထုန်မှာ စိတ်အေးသွားမှုနှင့် အပြစ်ရှိစိတ်နှစ်ခုလုံးကိုခံစားလိုက်ရရင်းတွေးမိလေ၏။ သူ ညီမလေးကိုထပ်လိမ်လိုက်ပြန်ပြီ။


သူ သက်ပြင်းချလိုက်ပြီး သီးသန့်ခန်းသို့ပြန်လှည့်လိုက်သည်။


ကျူးရှင်း ဖုန်းချလိုက်ပြီးသည့်အခါ အချိန်အတန်ကြာသည်အထိ ငြိမ်နေခဲ့ပြီး သူမ၏ဖုန်းမျက်နှာပြင်ကိုသာ ကြောင်တောင်တောင်ဖြင့်ကြည့်နေခဲ့လေသည်။ သူမ၏မျက်နှာပေါ်မှခံစားချက်တို့ကို အပြင်လူများလည်း နားမလည်နိုင်ကြချေ။


သီးသန့်ခန်းထဲသို့ပြန်ရောက်လာပြီး ကျူးထုန် ခုံတွင်ဝင်ထိုင်လိုက်သည့်အခါ သူ့ပန်းကန်ပေါ်တွင် အခွံခွာပြီးသားပုစွန်ထုပ်တို့ကို တွေ့လိုက်ရလေ၏။


သူက ရှောက်မင်ကို အံ့အားသင့်နေသည့်မျက်နှာဖြင့်ကြည့်လိုက်လေသည်။


 "ငါ့အတွက် အခွံခွာပေးထားတာလား..."


ရှောက်မင်က ပြန်ပြောလိုက်သည်။ 


"အင်း၊ မင်းပြန်လာတဲ့အချိန်ကျရင် လော့ရှိုးကသူ့ပါးစပ်ထဲကို အကုန်သွပ်ထည့်ပြီးသွားမှာစိုးရိမ်လို့လေ.."


လော့ရှိုး: "???"


'ငါ အမွှေးအကြိုင်နဲ့နှပ်ထားတဲ့ ပုစွန်ငါးကောင်ကို တစ်ကောင်တောင်မစားခဲ့ဘူးနော်၊ ဒီစွပ်စွဲချက်ကဘာကြီးလဲ'


'ဒါပေမဲ့ မင်ကောကရော ဘာလို့ စိတ်ဆိုးနေတဲ့မျက်နှာကြီးဖြစ်နေတာလဲ'


လော့ရှိုးက ရှောက်မင်ကိုကြည့်လိုက်ပြီးနောက် ကျူးထုန်ကိုကြည့်ကာ ပုံမှန်အတိုင်းမေးကြည့်လိုက်၏။ 


"အခုလေးတင်မင်းကိုဖုန်းခေါ်လိုက်တာက...ဘယ်သူလဲ၊ ကြည့်ရတာ မင်းနဲ့သူတို့ မတွေ့ဖြစ်ကြတာကြာပြီထင်တယ်.."


ကျူးထုန်က ပလက်စတစ်လက်အိတ်ကိုပြန်ဝတ်ပြီးဖြေလိုက်သည်။ 


"ငါ့ညီမလေးလေ..."


လော့ရှိုးက အံ့ဩသွားခဲ့သည်။ 


"မင်းမှာညီမလေးရှိတာလား..."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်သည်။ 


"အင်း..."


လော့ရှိုးက ရှောက်မင်ကိုပြန်ကြည့်သည်။


အခုလေးတင် အခန်းကျဥ်းလေးထဲ၌ ကျဆင်းနေခဲ့သောအပူချိန်က ပျက်ပြယ်သွားသလိုပင်။


လော့ရှိုး: "......"


ရှောက်မင်နှင့်ကျူးထုန်တို့နှစ်ယောက်လုံးကို ယောကျ်ားလေးများကသာ လိုက်ခဲ့ကြသောကြောင့် လော့ရှိုး၏အတွေးတို့က ခဏတွင်းချင်း ၎င်းအနောက်သို့ပါသွားခဲ့လေသည်။


ရှောက်မင်က သူ၏စေ့စေ့ပေါက်ပေါက်တွေးနေမှုကို ဥပေက္ခာပြုကာ ကျူးထုန်ကိုပြောလိုက်လေသည်။ 


"အမြန်စား၊ အေးသွားရင် မကောင်းပဲနေလိမ့်မယ်..."


ကျူးထုန်မှာ ရှောက်မင်၏ အသေးစိတ်ဂရုစိုက်ပေးမှုများကို ဖြည်းဖြည်းချင်းအသားကျလာနေသည်။ နောင်အနာဂတ်တွင် ၎င်းကိုဖြည်းဖြည်းချင်းပြန်ဆပ်မည်ဟု ကတိပေးလိုက်၏။


သူကပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ 


"အိုကေ...."


လော့ရှိုး: "....."


_______



ညစာစားပြီး သူကျောင်းကိုပြန်သွားသည့်အခါ ကျောင်းဂိတ်မှ ဆူဆူညံညံအသံအချို့ကိုကြားလိုက်ရပြီး စကားပြောနေသံကိုလည်းမသဲမကွဲကြားလိုက်ရသည်။


"ကျောင်းဂိတ်ဝအထိ အကြွေးလာတောင်းကြတာလား၊ ရူးနေကြတာလား..."


"ကျိုးဆွေ့တို့မိသားစုက ချမ်းသာတယ်မဟုတ်ဘူးလား၊ ကောင်မလေးတွေနောက်ကိုလိုက်တော့ လက်ဆောင်တွေဝယ်ဖို့ ပိုက်ဆံတွေအများကြီးသုံးခဲ့တာလေ..."


"အလောင်းအစားအကြွေးတွေလို့ကြားတာပဲ၊ အကြွေးရှင်ကသူ့အဖေကို ဖုန်းခေါ်တယ်၊ ဒါပေမဲ့ သူ့အဖေကမပေးနိုင်ဘူးလေ၊ ဒီတော့ သူတို့က ကျိုးဆွေ့တို့ညီအစ်ကိုကို ကျောင်းမှာလာရှာကြတာပေါ့..."


"ဘာ၊ သူတို့အဖေက ရူးနေတာများလား၊ သူ့သားနှစ်ယောက်မှာ ဘယ်ကပိုက်ဆံရှိမှာလဲ...".


"ပြောဖို့ခက်တယ်လေ၊ ကျိုးဆွေ့အဖေက ကျောင်းဂိတ်ဝမှာအော်ပြောနေတာကိုမကြားဘူးလား၊ ကျိုးဆွေ့က တစ်လအတွင်း သူ့ရဲ့အလောင်းအစားကြွေးတွေကိုဆပ်ပေးမယ်လို့ကတိပေးထားတယ်တဲ့၊ သူ့မှာတကယ်ရှိလို့နေမှာပေါ့.."


"ပြောမှပဲ....လွန်ခဲ့တဲ့ရက်ပိုင်းက ကျိုးဆွေ့က လူတွေအများကြီးရှေ့မှာ ကျူးထုန်ကိုစကားလိုက်ပြောခဲ့သေးတယ်...ဖာ့ခ် သူက ကျူးထုန်တို့ မိသားစုဆီကနေပိုက်ဆံယူခဲ့တာလား၊ မဟုတ်ရင် တစ်လတည်းနဲ့ ဒီလောက်ပိုက်ဆံတွေအများကြီးကိုဘယ်ကရမှာလဲ..."


"ဟုတ်သားပဲ၊ ကျောင်းမှာ ကျူးထုန်နဲ့ အဆင်ပြေတာဆိုလို့ ငါတို့ရဲ့ ကျောင်းစာနတ်ဘုရားကြီးပဲရှိတာလေ၊ ဖာ့ခ် သူလာနေပြီ..."


အခုလေးတင် စကားပြောနေသောမိန်းကလေးက ဂိတ်ဝတွင်ပေါ်လာသော ကျောင်းသားနှစ်ယောက်ကိုလက်ညိုးထိုးပြလိုက်သည်။


ကျောင်းဂိတ်ဝမှ မတော်တဆမှုက မကြာသေးခင်ကမှဖြစ်နေပုံရပြီး ရပ်ကြည့်နေသောလူစုမှာလည်းမကွဲသေးဘဲ စကားပြောသံများကလည်း တိုးတိုးသက်သာမဟုတ်ကြပေ။


လော့ရှိုးမှာ သိချင်စိတ်ပြင်းပြလာလေ၍ သူ့အရှေ့မှ ဟိုယောင်သည်ယောင်လုပ်နေသော သူငယ်ချင်းနှစ်ယောက်ကို မေးမြန်းလိုက်သည်။ အခြေအနေကိုသိရသည့်အခါ ကျန်နှစ်ယောက်ရှိရာကိုပြန်ပြေးသွားပြီး ဖောက်သည်ချလေတော့၏။


"ငါတို့ ဒီနေ့ ရှိုးအကြီးစားကိုလွတ်သွားတာပဲကွ၊ ကျိုးဆွေ့အဖေက ကျောင်းရှေ့အထိလာပြီးသူ့သားဆီက ပိုက်ဆံလာတောင်းတယ်တဲ့၊ လောကကြီးမှာ ဒီလို ထူးဆန်းတာမျိုးရှိသေးလား..."


ကျူးထုန်လည်း အံ့ဩသွားခဲ့သည်။ 


"အခု သူတို့ ဘယ်ရောက်သွားကြလဲ.."


လော့ရှိုး: "ကျိုးဆွေ့ကတော့ သူ့အဖေကို ရှက်စရာကောင်းတယ်ထင်သွားလို့အိမ်ကိုဆွဲခေါ်သွားလေရဲ့.."


"....." 


ကျိုးဆွေ့က သူ့အဖေကို အိမ်သို့ခေါ်သွားခဲ့သည်။ အပြင်ပန်းတွင် အလွန်တရာချမ်းသာသည်ဟုထင်ရသောမိသားစုမှာ အကြွေးရှင်များသောင်းကျန်းထားသောကြောင့် ရှုပ်ပွနေလေသည်။


မစ္စတာကျောက်က ကျောင်းဂိတ်ဝတွင် အော်ကြီးဟစ်ကျယ်လုပ်ခဲ့သည်။ သူ့မျက်နှာကပြာနှမ်းနေဆဲပင်ဖြစ်လေ၏။ သူက ကြမ်းပြင်ပေါ်မှ ရိုက်ခွဲခံထားရသောပစ္စည်းများကိုကြည့်ရင်း ကျိုးဆွေ့ကိုဆွဲခေါ်လာခဲ့သည်။ 


"ကြည့်စမ်း၊ ငါတို့အိမ်က ဘယ်လောက်ပျက်စီးနေပြီလဲဆိုတာမြင်လား၊မင်းပြောတော့ တစ်လအတွင်းပိုက်ဆံရမယ်ဆို၊ ဘယ်မှာလဲ၊ ဟမ်၊ ဘယ်ကရမှာလဲ၊ လောင်ကျူက မင်းကိုနှစ်တွေအကြာကြီးစောင့်ရှောက်ပေးလာတာကွ၊ နှစ်တွေအများကြီးပဲ၊ မင်းကတိပေးထားတဲ့ သောက်ပိုက်ဆံတွေဘယ်မှာလဲ.."


ကျိုးဆွေ့ကို သူ့အဖေက အင်္ကျီကော်လာမှကိုင်ပြီးမေးခွန်းထုတ်နေခဲ့သည်။ သူ ထပ်သည်းမခံနိုင်တော့သောကြောင့် ထိုသူကို အားဖြင့်တွန်းထုတ်ပြီး အေးစက်သောမျက်နှာဖြင့်ပြောလိုက်၏။ 


"အဖေ ကျွန်တော့်အရှေ့မှာ သောင်းကျန်းနေရင် အဖေ တစ်ပြားမှမရဘဲဖြစ်သွားမယ်နော်..."


မစ္စတာကျောက်ကသူ့ကို စကားမပြောဘဲကြည့်နေခဲ့သည်။ စိတ်ထဲတွင်မူ သူလက်လျှော့လိုက်ပြီးဖြစ်လေ၏။


ကျိုးဆွေ့က ပြတင်းပေါက်ရှိရာကိုလျှောက်သွားပြီး ချင်ကျွင်းဟုန်ကို ဖုန်းခေါ်ကြည့်ပြန်သည်။


ဆက်သွယ်၍မရသေးပေ။


နောက်ဆုံးတခေါက်က သူ့ဘက်မှ ချင်ကျွင်းဟုန်ကို ပိုက်ဆံအရင်ပေးရန်တောင်းဆိုခဲ့သည်။ ချင်ကျွင်းဟုန်က သူသတင်းပေးလျှင် ဘယ်တော့မှစာမပြန်ပေ။ ကျိုးဆွေ့က ထိုသူ တစ်ခုခုရိပ်မိသွားပြီကို သတိထားမိသော်လည်း သူ့လက်ထဲတွင် ဝှက်ဖဲတစ်ကတ်ရှိနေသေးသည်။ ၎င်းကိုအသုံးချလိုက်ပါက ချင်ကျွင်းဟုန်လည်း ငြင်းနိုင်တော့မည်မဟုတ်ပေ။


သူက ချင်ကျွင်းဟုန်ကိုဆက်သွယ်ရာတွင် ကူညီပေးခဲ့သော ကြားခံလူကိုဆက်သွယ်ပြီး စကားပြောမှတ်တမ်း၏ screenshot ကိုပို့ပေးလိုက်သည်။


တဖက်မှ ချက်ချင်းစာပြန်လာလေ၏။


[မင်းကိုယုံတဲ့သူဘယ်သူ့ကိုပဲဖြစ်ဖြစ် ဒီ screenshot ကို့ပို့ပေးလိုက်လို့ရတယ်]


Screenshot သာဖြစ်နေ၍ ကျိုးဆွေ့နှင့်ဆက်သွယ်နေသူက ချင်ကျွင်းဟုန်ပါဟု သက်သေပြ၍မရချေ။ ၎င်းအပြင် ချင်ကျွင်းဟုန်ကသူ့ကိုဆက်သွယ်ရန် ကိုယ်ပိုင် WeChat အကောင့်ကိုအသုံးမပြုခဲ့ပေ။


ကျိုးဆွေ့မှာ ကြားခံလူကလည်း သူ့ကိုစွန့်ပစ်လိုက်ပြီမှန်းသိသွားပြီး "ဝက်သေတွေက ပွက်ပွက်ဆူနေတဲ့ရေကိုမကြောက်ဘူး" ဆိုသည့်မျက်လုံးများဖြင့်ကြည့်နေလိုက်သည်။ ခဏတွင်းချင်းပင် လူတစ်ယောက်ကသူ့လည်ပင်းကိုညှစ်ထားသလိုမျိုး အသက်ရှူကျပ်လာခဲ့၏။ သူ တတ်နိုင်သည့်အရာမရှိတော့ပေ။


"အား သေစမ်း"


သူက မည်းမှောင်နေသောမျက်နှာဖြင့် ဆဲဆိုလိုက်လေ၏။ ဖုန်းကို အားဖြင့်ရိုက်ခွဲလိုက်ပြီး ၎င်းက ကြမ်းပြင်ပေါ်သို့အရှိန်ဖြင့်ကျသွားကာ တမဟုတ်ချင်း ကွဲကြေသွားလေသည်။


သူ့အဖေက သူ၏တုံ့ပြန်ပုံကိုမြင်သည်နှင့် အခုလေးတင်ထိန်းသိမ်းထားရသော မီးတောက်က နောက်တဖန် အုံကြွလာပြန်သည်။ 


"ဖုန်းကိုရိုက်ခွဲလိုက်တာကဘာသဘောလဲ၊ ပိုက်ဆံမရတော့ဘူးလား၊ ပိုက်ဆံမရရင် ဘယ်ကျောင်းကိုသွားမှာလဲ၊ ငါမင်းကိုပြောထားမယ်နော်၊ ပိုက်ဆံမရရင် မင်းတို့နှစ်ယောက်ကိုရောင်းစားပြီး ငါ့အကြွေးတွေကိုပြန်ဆပ်မှာ၊ အသုံးမကျလိုက်တဲ့ဟာတွေ၊ အရှုံးသမားနှစ်ယောက်၊ ငါမင်းတို့နှစ်ယောက်ကို နှစ်တွေအကြာကြီးကျွေးမွေးလာခဲ့တာ အလကားပဲ..."


"......"


ခက်ထန်လှသောစကားသံက အိမ်ထဲတွင် နားကွဲစရာဖြစ်သည်အထိ ထွက်ပေါ်နေခဲ့သည်။ ကျိုးဆွေ့က မျက်မှောင်ကုပ်ကာသည်းခံနေလိုက်ပြီး စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။


တံခါးနောက်မှ ကျိုးရွေ့က နံရံကိုမှီရင်း သူ့အဖေနှင့်သူ့အစ်ကိုတို့ အပျက်အစီးများအလယ်တွင် အော်ကြီးဟစ်ကျယ်ဖြစ်နေသည်ကို စိုးရိမ်ထိတ်လန့်နေသောမျက်လုံးများဖြင့်ကြည့်နေလေသည်။


သူ မျက်နှာသိတတ်စအရွယ်တည်းက သူ့အမေကိုမတွေ့ရတော့ပေ။ အိမ်နီးချင်းများကမူ သူ့အဖေက အလောင်းအစားဆက်လုပ်နေခဲ့၍ သူမက ဆက်သည်းမခံနိုင်တော့ဘဲ ထွက်ပြေးသွားသည်ဟုပြောကြသည်။


သူကလေးအရွယ်က အလောင်းအစားဆိုသည့်အရာကို ဘာမှန်းမသိပေ။ လူများက မကြာခဏ အုပ်စုဖွဲ့ပြီး သူတို့အိမ်တွင်မာကျောက်လာကစားကြသည်ကိုပင်မှတ်မိတော့သည်။ ထိုသူတို့၏ဆူညံသံများကြောင့် ညလယ်တွင် သူမအိပ်နိုင်ခဲ့ပေ။


ပထမဆုံးအကြိမ် သူ ပိုကာစားပွဲတွင်ဝင်ကစားခဲ့စဥ်က သူ့အဖေက ကံဆိုးနေခဲ့ပြီး သူ့ကံကြမ္မာကိုပြောင်းလဲရန် သူ့ကိုဆွဲခေါ်ခဲ့သည်။ တစ်ကြိမ်နိုင်သွားပြီးသည်နှင့် ချိုမြိန်မှုအရသာကိုသိသွားပြီး တဖြည်းဖြည်းနှင့်ပျော်ရွှင်တတ်လာသည်။


ယခင်က အလောင်းကစားမှာ ဤမျှကြောက်စရာကောင်းမည့်ကစားနည်းဖြစ်မည်ဟု သူတစ်ခါမှမထင်ခဲ့ပေ။ သူမည်မျှပင်အကြွေးတင်ပါစေ၊ သူ့အစ်ကိုကြီးက သူ့အတွက် အမြဲဖာထေးပေးနေခဲ့သည်။


သူ့အစ်ကိုကြီးက အလွန်တရာမှ ချမ်းသာနေပြီး အမြဲ ပိုက်ဆံရှိနေသလို á€‘င်ခဲအရသည်။ အဆိုပါပိုက်ဆံများက မည်သည့်နေရာမှရောက်လာမှန်းမသိခဲ့ရသော်လည်း သူ့လက်ထဲတွင်ပိုက်ဆံရှိနေသရွေ့ သူဂရုမစိုက်ခဲ့ပေ။ 


သူက သူ့အစ်ကိုကြီးကို စံပြပုဂ္ဂိုလ်ဟုအမြဲခံစားခဲ့ရသည်။ ပိုက်ဆံရှာနိုင်သည်။ ကောင်မလေးများလည်း အများအပြားရှိပြီး မြို့ထဲတွင်ကစားရန် ကျောင်း၏ဘတ်စကတ်ဘောအသင်း၏ ကိုယ်စားပြုလည်းဖြစ်ခဲ့သည်။


သူ့မျက်စိထဲတွင် သူ့အစ်ကိုကြီးက ဘယ်တော့မှ မကျရှုံးခဲ့ပေ။


အခုတော့ ဘာတွေဖြစ်ကုန်တာလဲ။


ဘာတွေမှားကုန်တာလဲ။


သူအခုဘာလုပ်ရမလဲ။ သူရောင်းစားခံရတော့မှာလား။


သူရောင်းစားမခံရချင်ဘူး။


ဦးနှောက်ကိုကတိုက်ကရိုက်အလုပ်ပေးနေရာမှ သူတစ်ခုခုကိုတွေးမိပြီး ကျိုးဆွေ့ကိုလှမ်းကြည့်လိုက်သည်။


'ဟုတ်တယ်၊ ကျူးထုန်'


ကျူးထုန်က သူ့ကိုငြင်းလိုက်၍သာ သူ့အစ်ကိုကြီးက ဤအခြေအနေအထိရောက်လာခဲ့ရခြင်းဖြစ်မည်။ သူ ကျူးထုန်ကိုသွားတွေ့ပြီး သူတို့ကိုလွှတ်ပေးရန် ကြားဝင်စေ့စပ်လိုက်မည်။


'ဟုတ်တယ်၊ ငါကျူးထုန်ကိုသွားတွေ့သင့်တယ်' ကျိုးရွေ့က စိတ်ပျက်လက်ပျက်နှင့်တွေးလိုက်ကာ အခန်းထဲမှ သူ၏ရူးနေသောအဖေကိုဆက်မကြည့်တော့ဘဲ တံခါးကိုဖွင့်ကာ ထွက်ပြေးသွားလေတော့သည်။



🤒