Chapter 103
Viewers 12k

📽️Chapter 103

Extra 9: ကုန်းရှီအန်းနှင့် လုယိယန် (End) 




သူက ကုန်းရှီအန်းမိသာစု၏ ဗီလာသို့ မောင်းလာခဲ့သည်။ တံခါး၏စနစ်က သူ၏ လိုင်စင်နံပါတ်ကို အလိုအလျောက် မှတ်မိနေသဖြင့် တံခါးကို တန်းဖွင့်လိုက်သည်။ ကားကို ခြံထဲသို့ ချောချောမွေ့မွေ့ မောင်းဝင်လာပြီးနောက် ဗီလာရှေ့တွင် ရပ်ကာ အထဲသို့ အမြန် ဝင်လာခဲ့သည်။ 


အိမ်ထဲတွင် အိမ်အကူတစ်ယောက် ရှိနေသဖြင့် လုယိယန် ဝင်လာသောအခါ နှုတ်ဆက်လာပြီး သူ့အတွက် တံခါးဖွင့်ပေးလာသည်။ 


သူက အပေါ်ထပ်သို့ အမြန်တက်သွားပြီး ကုန်းရှီအန်း၏ အခန်းရှေ့တွင်ရပ်ကာ တံခါးခေါက်လိုက်သည်။ 


တစ်ခဏမျှ စောင့်ပြီးနောက် ကုန်းရှီအန်း တံခါးလာဖွင့်ပေးသော်လည်း ထိပ်တွင် ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။  ထိုသူက တံခါးဝတွင် ရပ်နေပြီး သူ့ကို စောင့်နေသည်။ 


“ငါ... ပြောစရာတစ်ခု ရှိလို့…" 

လုယိယန် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ 


"ဪ... ဝင်လာလေ…"

ကုန်းရှီအန်းက ဘေးသို့ ရွှေ့ပေးလိုက်ပြီး သူ့ကို ဝင်ခွင့်ပြုလိုက်သည်။ 


ယင်းက လုယိယန်မှ ကုန်းရှီအန်း၏ အခန်းထဲသို့ ဝင်ရသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော်ငြား ဤတစ်ကြိမ်တွင် အနေကျုံ့နေမိသည်။ 


ကုန်းရှီအန်း၏ မိသားစုပိုင်ဗီလာက အတော်လေးကြီးပြီး သူ့အခန်းက တစ်ထပ်လုံးနီးပါးကို သိမ်းပိုက်ထားသည်။ သီးခြားဧည့်ခန်းလေးတစ်ခု၊ စာကြည့်ခန်း၊ gymအခန်းနှင့် အိပ်ခန်းတစ်ခန်း ဖြစ်သည်။ အိပ်ခန်းကလည်း ရေချိုးခန်းနှင့် အဝတ်လဲခန်းပါ တွဲလျက်ပါနေသဖြင့် နှစ်ယောက်ခန်းတမျှဟုပင် သတ်မှတ်နိုင်သည်။ 


လုယိယန်က ဧည့်ခန်းတွင် ထိုင်နေရင်း မေးလိုက်သည်။ 

"အခုတလော မင်း ဘလိုင်းဒိတ်တွေ့နေတယ်လို့ ကြားထားတယ်…" 


"ဟုတ်တယ်…"

ကုန်းရှီအန်းက မငြင်းပေ။ 


"မင်းက ဂေးမဟုတ်ဘူးလား... ဒီလိုမျိုးနဲ့ မိန်းကလေးတွေကို လက်ထပ်မယ်ဆိုရင် အမှိုက်ကောင်လို ဖြစ်မသွားဘူးလား... မသိနားမလည်တဲ့ မိန်းကလေးတွေကို လက်ထပ်လို့ မဖြစ်ဘူးလေ…" 


ကုန်းရှီအန်းက သူ့ကို ဖြတ်ပြောလိုက်သည်။

"ငါက မင်းကို ကြိုက်ရုံပါ... ငါ့ရဲ့ လိင်စိတ် တိမ်းညွှတ်မှုက အဲ့ဒီလောက် မဟုတ်ဘူး…" 


သူက ထိုအခိုက်တွင် အလွယ်တကူ ပြောထွက်နေခြင်းပင်။ အဆုံးတွင် သူက ဘလိုင်းဒိတ်များကို မသွားခဲ့ဘဲ ဓါတ်ပုံများကလည်း ကြုံရာဇာတ်ဝင်ပစ္စည်းများသာ ဖြစ်ကြသည်။ 


“…” လုယိယန်မှာ သူပြောလိုက်သည့်စကားကြောင့် ပြောစရာ မဲ့သွားသည်။ 


ကုန်းရှီအန်းက ဆက်ပြောသည်။

"ပြီးတော့... လက်ထပ်ပွဲကလည်း ရင်းနီးမြုပ်နှံမှုနဲ့ ဆက်စပ်နေတယ်ဆိုတာ မင်းလည်း သိသားပဲ... လက်ထပ်ပွဲအများစုက နာမည်ပဲရှိတာ... မိသားစု စီးပွားရေးကို အကူအညီပေးနိုင်မဲ့ ဘယ်မိန်းကလေးပဲ ဖြစ်ဖြစ် ရွေးချယ်မှုကောင်းတစ်ခုပဲလေ…" 


"ဒါပေမယ့် တစ်ဘဝလုံးအတွက် လက်ထပ်ပြီး ခေါ်ဖို့မလိုဘူးလေ…" 


"မင်းနဲ့ အတူတူနေတာကို လက်ထပ်ပြီး အတူတူနေတာလို့ မသတ်မှတ်ရင် မင်းကရော ငါနဲ့အတူ နေဖို့ ဆန္ဒ ရှိရဲ့လား…"   


“…” 


ကုန်းရှီအန်းက အေးစက်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လာသည်။

"မင်း... မင်း ငါ့ကို ထပ်မပြောသင့်တော့ဘူး.. မင်းက ငါနဲ့ အတူ မရှိချင်ပေမယ့် ငါ့ကို တရားဟောဖို့ ရောက်လာသေးတာလား... လက်တွေ့ကျတဲ့ ဖြေရှင်းနည်းလေးနဲ့ မလာသင့်ဘူးလား... ဘာလို့ စိတ်ကူးယဥ်ကမ္ဘာထဲမှာ နေနေရသေးတာလဲ…" 


"ရှောင်အန်း... မင်းငါ့ကို ရင်ရင့်သီးသီး ပြောဖို့လိုလို့လား…"


"ဒါဆို မင်းကလည်း ငါ့စိတ်ခံစားချက်တွေကို ဂရုစိုက်ဖူးလို့လား... ငါမင်းကို ဘယ်လောက် ဂရုစိုက်လဲ မင်းသိနေတာပဲ.. မင်း ငါ့ရှေ့ပေါ်လာတိုင်း ရက်ရက်စက်စက် ခြေမွခံရမဲ့ မျှော်လင့်ချက်အသစ်တွေ ထွက်လာတယ်... မင်းမှာ နှလုံးသားရော ရှိရဲ့လား…" 


လုယိယန် လက်သီးတင်းတင်း ဆုပ်လိုက်ပြီးနောက် တိတ်တဆိတ် ပြန်ဖြန့်ကာ သတ္တိစုလိုက်သည်။

"ငါ... တွေးကြည့်လို့ ရမလား…" 


ကုန်းရှီအန်း အသက်ရှူရပ်လုနီးပါး ဖြစ်သွားသည်။

 

"မင်းကို အမြဲတမ်း သူငယ်ချင်းတစ်ယောက်အဖြစ်ပဲ သတ်မှတ်ထားတာ... အခုကျ ရုတ်တရက်ကြီး မတူတော့ဘူးလေ... ငါ့အတွက် ချိန်ညှိဖို့ ခက်ခဲနေတာလို့ ထင်တယ်... မင်းငါ့ကို အချိန်ပေးနိုင်မလား... ရုတ်တရက်ကြီး ဒီလိုပုံ ဖြစ်မသွားနဲ့လေ... ဟုတ်ပြီလား…"

သူ မေးလိုက်သည်။ 


ကုန်းရှီအန်း နှလုံးသားက ကဆုန်စိုင်း ခုန်ပေါက်နေခဲ့သည်။ 


သွေးကြောများက ယခင်ကထက်ပို၍ ကွဲပြားသွားသည့်နှယ် ခွဲခြား၍ ပွတ်တိုက်နေသည် ခံစားချက်မျိုး ရနေသည်။ 


သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ 


နှစ်ပေါင်းများစွာ ချစ်ခဲ့ရသည်။ 


နောက်ဆုံးတွင် ထိုသူ၏နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပြီး သူ့အတွက် အခွင့်အရေး တစ်ခုပေးရန် ဆန္ဒရှိလာလေပြီ။ 


သူက လုယိယန်ထံ လျှောက်လာကာ လုယိယန်၏ ပါးပြင်လေးကို လှမ်း၍ ထိတွေ့ရန် ကြိုးစားလိုက်သည်။ လုယိယန် အေးခဲသွားသော်လည်း မရှောင်ရှားခဲ့ပေ။ 


သူက အဆုံးတွင် ဖွင့်ဟလာခဲ့ပြီး တင်းကျပ်နေသည့် အသံဖြင့် ထပ်ပြောလာသည်။


"ကိုယ်တော့ ရူးတော့မယ်ထင်တယ်…" 


“…” လုယိယန် အသက်တစ်ချက် ရှူလိုက်သည်။ ကုန်းရှီအန်းမှာ ရန်မူနေပုံရပြီး သူ့ကို ရူးသွပ်နေသော အကြည့်ဖြင့်ကြည့်လာသည်။ 


ကုန်းရှီအန်း ကိုယ်ကိုကိုင်း၍ တလေးတနက် မေးလိုက်သည်။

"မင်း ဒီကို မလာခင်တုန်းကရော ကိုယ့်အိမ်ရောက်ရင် ဘာတွေ ကြုံရမယ်ဆိုတာ တွေးကြည့်ဖူးလား…" 


"ခဏလေး... ရှောင်အန်း... ခဏလေးလို့... ငါ့ကို လွှတ်ပေးပါဦး…"


"မရဘူး…"

ကုန်းရှီအန်းက ပွင့်ပွင့်လင်းလင်း ငြင်းလိုက်သည်။

"ကိုယ်မင်းကို အခုပဲ နမ်းပစ်ချင်တယ်…" 


“…” 

လုယိယန် ပျာယာခတ်နေပုံဖြင့် လလက်ကိုမြှောက်ကာ တိုးကပ်လာသော ကုန်းရှီအန်း၏ မျက်နှာကြီးကို ကာထားလိုက်သည်။ သူ့ခေါင်းကို လှည့်လိုက်သည်။

"ငါ အရင်ဆုံး ပြန်သွားသင့်ပြီထင်တယ်... အဆင်သင့်မဖြစ်သေးဘူး... ရှောင်အန်း... မင်း... မင်း...အမ်း..."


ကုန်းရှီအန်းက သူ့ခါးကိုဖက်လိုက်ပြီး ရှေ့သို့ ဆွဲယူလိုက်ရာ လုယိယန်၏ ခန္ဓာကိုယ်က ကုန်းရှီအန်းရှေ့သို့ လဲကျသွားပြီး ခုခံသည့်အနေအထားကို ပြိုကွဲသွားစေခဲ့သည်။  


ထို့နောက် ကုန်းရှီအန်းက သူ့နောက်ကျောကို ထိန်းပေးလာပြီး ဆိုဖာပေါ် တဖြည်းဖြည်း လှဲချ၍ နမ်းလိုက်သည်။ 


အသက်ရှူသံများ ရှုပ်ထွေးနေခဲ့သည်။ 


သူတို့၏ နှလုံးသားမှာ ပို၍ပင် ဆိုးနေသည်။ 


လုယိယန်၏ခေါင်းက ပေါက်ကွဲထွက်တော့မလိုပင်။ သူတွန်းထုတ်ချင်ပါသော်လည်း သူ့လက်များမှာ ခေါင်းထက်တွင် ဖိကပ်ခံထားရသည်။ အနမ်းက သူ့ကို လုံးဝ ရှုပ်ထွေးစေခဲ့သည်။ 


အဆုံးတွင် သူ ဗျာများသွားခဲ့လေသည်။ 


အချိန်အတော်ကြီးကြာမှ ကုန်းရှီအန်း လွှတ်ပေးလိုက်ပြီး သူ့ဘေးတွင် ဝင်လှဲလိုက်သည်။ ထို့နောက် သူ့ကို ရင်ခွင်ထဲသို့ ခပ်ဖွဖွ ဆွဲသွင်းကာ သူ့မျက်နှာကို ရင်ဘတ်သို့ အပ်ထားလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အခု ကိုယ့်ကို စိတ်ချခိုင်းပါတော့…" 


“…” လုယိယန် ထွက်မသွားဘဲ ကုန်းရှီအန်းကို ဖက်ခွင့်ပြုထားလိုက်သည်။ 


ပထမဆုံးအကြိမ်အဖြစ် ကုန်းရှီအန်း၏ ပုခုံးပြင်က ကျယ်ပြောလှပြီး ထိုသူ၏ရင်ခွင်က အလွန်သက်တောင့်သက်သာ ရှိကာ နွေးထွေးကြောင်း သဘောပေါက်သွားခဲ့ရသည်။ 


ရေပူ၏ အပူချိန်ပင် မကျော်လွန်နိုင်ပေ။ 


လုယိယန်က လက်များ မဝံ့မရဲ ပြန်ချသွားပြီး သူ့အား နာနာခံခံဖြင့် ဖက်ခွင့်ပြုထားသဖြင့် ကုန်းရှီအန်း နှလုံးသားထဲတွင် ပိတိဖြာသွားသည်မှာ ခုတင်ပေါ်မှ လိမ့်ကျလုမတတ်ပင်။ 


ကံအားလျော်စွာဖြင့် လုယိယန်က ပြန်ဖမ်းဆွဲပေးထားခဲ့သည်။ 


အခု ငါ့ကို ခြောက်မလွှတ်နဲ့တော့... 


... 


ညရောက်သောအခါ လုယိယန်က ထန်းယန်ထံ စာပို့၍ မေးလိုက်သည်။ [အချစ်အကြောင်းတွေကို ဘယ်လိုပြောကြလဲ] 


ထန်းယန်: [အစ်ကိုလု... အစ်ကို့မှာ အခြားသူငယ်ချင်းတွေ မရှိတော့ဘူးလား] 


လုယိယန်: [မရှိဘူး] 


ထန်းယန်: [ကျွန်တော်လည်း ဒီလောကထဲကလူနော်... သတင်းတွေ ထွက်အောင် လုပ်လို့ရတယ်] 


လုယိယန်: [မင်းကို လာရှုပ်ပေးရမလား...] 


 á€‘န်းယန်: [ဟုတ်ပါပြီ] 


ထန်းယန်: [ကျွန်တော့်ရဲ လေ့လာတွေ့ရှိချက်အရ အစ်ကိုနဲ့ မစ္စတာကုန်းတို့ တွဲမယ်ဆိုရင် အစ်ကိုက 0ပဲ ဖြစ်ရမယ်... 0ဆိုရင်  1ဆီကနေ လွှမ်းမိုးခံရနိုင်တယ်] 


လုယိယန်: [ရှောင်အန်းနဲ့ ဆိုင်တယ်လို့ ဘယ်သူ ပြောတာလဲ] 


ထန်းယန်: [အစ်ကို့ကို တွယ်ကပ်မဲ့လူက အခြားသူ ရှိဦးမှာလား... အစ်ကိုလု... အစ်ကို့ရဲ့ အကျင့်အရ variety showမှာ အတူတူ မရိုက်ဖြစ်ခဲ့ဖူးဆို အစ်ကိုနဲ့ လုံးဝ အပေါင်းအသင်း လုပ်နိုင်မှာ မဟုတ်ဘူး]  


လုယိယန်: […] 


ထန်းယန်: [ပြီးတော့ သူ အစ်ကို့ကို တိတ်တိတ်လေး ကြိုက်နေတာ နှစ်တွေကြာပြီဆိုတော့ သူလည်း အသင့်ဖြစ်လုနီးပါး ဖြစ်နေလောက်မှာပေါ့...  သူ့အိမ်ကို သွားကြည့်ပါလား... အကာအကွယ်ပစ္စည်းတွေတောင် အသင့်ဆောင်ထားလောက်တယ်] 


လုယိယန်: [အကာအကွယ်ပစ္စည်းဆိုတာက...] 


ထန်းယန်: [ကျွန်တော်တို့ကြားက ဆက်ဆံရေးက ဒီလောက် အသေးစိတ် ပြောလို့မရဘူးလေ... အစ်ကိုသာ ဂရုမစိုက်ရင် ကျွန်တော်တို့ဆက်ဆံရေးက အရမ်းကောင်းနေပြီလို့တောင် ထင်သွားစေလောက်တယ်... အစ်ကို ဘာပဲပြောပြော ကျွန်တော်က အဖြောင့်နော်... အစ်ကိုရန်ကို သွားမေးပါလား... သူ့မှာအတွေ့အကြုံရှိလောက်တယ်] 


ယိယန်: [လုံးဝပဲ] 


ထန်းယန်: [ဟုတ်ပါပြီ]


လုယိယန် ဖုန်းကို ပြန်ချကာ ဧည့်သည်ခန်းထဲမှ ထွက်လာပြီး ကုန်းရှီအန်း၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။ 


ကုန်းရှီအန်းက ယနေ့တွင် အစည်းအဝေး ရှိသဖြင့် ထွက်သွားနှင့်လေရာ အခန်းထဲ၌ မည်သူမှ မရှိခဲ့ပေ။ 


သူဝင်လာပြီးနောက် နေရာအနှံ့ ရှာလိုက်သော်ငြား သံသယဖြစ်စရာ အရာများ မတွေ့ခဲ့ပေ။ 


အဆုံးတွင် ခုတင်ဘေးမှ စားပွဲကို အကြည့်ရောက်သွားပြီး ဖွင့်ကြည့်လိုက်ရာ အထဲတွင် ထည့်ထားသည့် အဝတ်များ ရှိနေသည်။ 


သူ အတွေးလွန်သွားခြင်းဖြစ်မည်ဟု ခံစားလိုက်ရလေသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ.. ကုန်းရှီအန်းက အစတုန်းကဆို ငါနဲ့ အတူရှိဖို့တောင် မစဥ်းစားခဲ့တာ... 


သို့သော်ငြား မကြာမီပင် အဝတ်များ တအိအိ လှုပ်နေပုံက တစ်ခုခု မှားနေကြောင်း တွေ့လိုက်ရသဖြင့် ဖွင့်ကြည့်လိုက်ရာ လက်အိတ်များ၊ ချောဆီများ အစရှိသဖြင့် တွေ့လိုက်ရသည်။ သူက ထူးဆန်းသည့် ဇာပန်းထည်တစ်ခုကို ကောက်ယူလိုက်သည်။ 


ဒါက မိန်းကလေးတွေအတွက်လား... 


ကုန်းရှီအန်းက တစ်ခါမှ ကောင်မလေး မရှိဖူးဘူးလေ... 


နောက်ထပ်အံဆွဲတစ်ခုကို ဖွင့်ကြည့်လိုက်ရာ အထဲမှ ပစ္စည်းများကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရလေသည်။ 


ကြည့်ရတာ ငါသုံးထားဖူူတဲ့ တဘက်၊ ထူးထူးဆန်းဆန်းပျောက်သွားတဲ့ ညဝတ်အင်္ကျီ၊ ပြီးတော့ ဝတ်ပြီးသား အတွင်းခံလား... 


ဒါက... 


သူ အံ့အားသင့်နေခိုက် ကုန်းရှီအန်း၏ အသံက နောက်ပါးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“…”


လုယိယန် တောင့်ခဲသွားသော်ငြား လှည့်မကြည့်ရဲပေ။ ထို့နောက် ထိုပစ္စည်းများကို ဂရုတစိုက်ဖြင့် မူလနေရာသို့ ပြန်ထားလိုက်သည်။ 


ကုန်းရှီအန်းက အခန်းထဲသို့ ဝင်လာပြီး တံခါးကို ပိတ်ကာ လောခ့်ချလိုက်သည်။ 


လုယိယန်မှာ တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားပြီး ပျာယာခတ်သွားသော်ငြား အခန်းထဲမှ မထွက်နိုင်ခဲ့ပေ။ 


အဆုံးတွင် ကုန်းရှီအန်းက သူ့အား ထွက်သွားခွင့်မပေးခဲ့ချေ။ 


... 


ထိုနှစ် အောက်တိုဘာလတွင် လုယိယန်နှင့် မုန့်ရှင်းယာတို့ ပါဝင်သည့် ရှေးခေတ်တီဗီဒရာမာဇာတ်လမ်းကို စတင်ထုတ်လွှင့်ခဲ့ပြီး ချက်ချင်း ကျော်ကြားလာလေတော့သည်။  


နှစ်ယောက်လုံးက သရုပ်ဆောင်ကျောင်းတွင် အတန်းဖော်များ ဖြစ်ခဲ့ကြပြီး ဇာတ်ကြောင်းနှင့် ကာရိုက်တာပုံစံတို့က ရေပန်းစားလာကြလေသည်။ အွန်လိုင်းပေါ် ရောက်လာသည်နှင့် hot topic ဖြစ်လာခဲ့သည်။ 


မုန့်ရှင်းယာက ထို့အတွက် ပျော်ရွှင်နေခဲ့သည်။ 


သူမက အောင်မြင်သည့်ဒရာမာတွင် နောက်ထပ် ပါဝင်ခဲ့သဖြင့် မြူမှုန်ကြားထဲမှ အပြည့်အဝ လွတ်မြောက်လာကာ စတင် တောက်ပလာခဲ့သည်။ 


အဆုံးတွင် သူမ တစ်လမျှသာ ပျော်လိုက်ရသည်။ 


စီးရီး၏ နောက်ဆုံးပိုင်း ထုတ်လွှင့်တော့မည့်အခိုက် လုယိယန်နှင် ကုန်းရှီအန်းတို့ နမ်းနေသည့်ဓာတ်ပုံ ပေါ်ထွက်လာသည်။ 


၎င်းက ညတွင်းချင်းပင် အဓိကပလပ်ဖောင်းအားလုံး၏ ခေါင်းကြီးသတင်းပိုင်းကို သိမ်းယူသွားခဲ့သည်။  


မုန့်ရှင်းယာက ဖရဲသီးစားရသည့်အတွက် မပျော်ရပေ။ သူမ၏ အမူအရာက ဂုဏ်သရေ ရှိနေသည်။ 


သူမက ငိုပင်ငိုချင်နေမိသည်။ 


တွဲဖက်ပါတနာနဲ့ ညီအစ်မတွေ ဖြစ်လာတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်သေးပါလား... 


တစ်ရက်တည်းမှာပင် မုန့်ရှင်းယာက ဝေ့ပေါ်၌ ပိုစ့်တင်လိုက်သည်။ : #ရေဒါမုန့်ရှင်းယာထွက်လာပြီ# အား... ဒီစာကြီးကို မကြိုက်ဘူးလို့... ဖျက်ပေးကြပါ... 


[ဟားဟားဟား... ရန်ရှူလည်း လိုက်ခ် လုပ်သွားတယ်လို့ ကြားတယ်... ဘာလို့ ရန်ရှူက ပေါ်လာပြန်တာလဲ…] 


[‌သတင်းတက်လာတာနဲ့ မင်းကို တန်းတွေးမိတာပဲ…] 


[အဆုံးကျတော့ ဇာတ်သိမ်းအထိ မလုပ်နိုင်ခဲ့ပါလား…] 


[ယာယာရေ ပါတနာရွေးတဲ့နေရာမှာ ထူးခြားတဲ့ အကြိုက် ရှိတာလား.. ကောလဟာလတွေကို ရှောင်ရှားတဲ့ ပြိုင်ဖက်ကင်း နည်းလမ်းများလား…] 


... 


သတင်းတက်လာသည့်နေ့တွင် လုယိယန် ရှက်သွားသည်။ 


ရန်ရှူနဲ့ စန့်ရှန်း တွဲလာတာ ဆယ်နှစ်ကျော်တာကို လိုက်ဖ်မှာပဲ ပေါ်သွားတယ်... 


ငါနဲ့ ကုန်းရှီအန်းတွဲတာ ဆယ်လပဲရှိသေးတယ် ဓာတ်ပုံ ရိုက်ခံလိုက်ရပြီ...


အချစ်ကို ဖုံးကွယ်ထားရာ၌ ရန်ရှူကို ရှုံးသွားခဲ့သဖြင့် သူ မကျေမနပ် ဖြစ်နေသည်။ 


သူ စိတ်ဓာတ်ကျနေစဥ်မှာပင် ရန်ရှူထံမှ စာရောက်လာသည်။ [အိုး~ နတ်ဘုရားတွေ မြေပေါ် ဆင်းလာပြီလား] 


နှာသံ ဂဏန်းအတွဲလိုက်မှာ သူ့အား ရန်စနေသည့်အလားပင်... 


ငါ ဘယ်တုန်းက ရန်ရှူကို အပ်မိတာလဲ... 


ဘာလို့အခုထိ အန်ဖရန့်မလုပ်ရသေးတာလဲ... 


သူ ချက်ချင်းပင် နှိပ်ကာ ရန်ရှူကို ဘလော့လိုက်သည်။ 


မကြာမီ ရန်ရှူထံမှ  friend request အတွဲလိုက်ရောက်လာခဲ့သည်။ 


သူ လျစ်လျုရှုထားလိုက်သည်။


သူက ရန်ရှူနှင် သူငယ်ချင်းဖြစ်ရန် ကံမပါပုံပင်။ 


ထို့နောက် ဖုန်းကို ပြန်ကိုင်ကာ ပုံကို ရှာကြည့်လိုက်၊ ချဲ့လိုက်၊ သိမ်းလိုက်၊ ချဲ့လိုက် လုပ်ကြည့်နေခဲ့သည်။ 


ဒီရိုက်ချက်ရှု့ထောင့်က ဘာလို့ အရမ်းကြည့်ကောင်းနေရတာလဲ... 


ကုန်းရှီအန်းဆို ပုံကို ပြင်ထားသလို ဓာတ်ပုံစားနေတာပဲ...



📽️


ကုန်းရှီအန်းနဲ့ လုယိယန်အတွဲရဲ့ side storyက ဒီမှာပဲပြီးသွားပြီပါပြီရှင် နှစ်ယောက်လုံးကို အရမ်းသဘောကျလို့ အများကြီးဖတ်ချင်သေးတာကို😭


Extraတွေက မပြီးသေးပါဘူးရှင့် နောက်မှာ ရန်ရှူတို့အတွဲနဲ့ သူငယ်ချင်းတစ်သိုက်ရဲ့ ဂယက်ထမှုတွေကို မြင်ရဦးမှာပါ😆