Chapter 114
Viewers 12k

📽️ Chapter 114

Extra 20 : ဆူညံခြင်းနှင့် ချစ်ခင်ကြင်နာခြင်း



ပန်းတိုင် ရောက်သွားသည့် ရန်ရှူတစ်ယောက် ဆွေ့ဟို့ယွီ၏ အိပ်ရာထဲတွင် လှဲလျောင်းနေခဲ့သည်။

"အစ်ကိုယွီ... ကျွန်တော် ဒါရချင်တယ်... ဟုတ်တယ် á€˜á€ąá€¸á€€á€á€…်ခု‌" 


ဆွေ့ဟို့ယွီက သူ့အမိန့်အတိုင်း ဖွင့်လိုက်ပြီးနောက် ပြောလိုက်သည်။

"မဖွင့်ထားသေးဘူး…" 


ရန်ရှူက ဒုက္ခများသွားပုံရသော်ငြား သူ့ပုံစံက အနည်းငယ် မျှော်လင့်နေသည့် အမူအရာလေး ရှိနေသည်။

"အဲ့ဒီလိုလား... ဒါဆို အတူတူ အိပ်ရအောင်လေ…" 


ရလဒ်အနေဖြင့် ဆွေ့ဟို့ယွီက သူ့ခေါင်းပေါ်တွင် စောင်ကို ပစ်တင်လိုက်သည်။

"ဒါနဲ့ ခြုံလိုက်…" 


ရန်ရှူက စောင်ထဲမှ တစ်ကိုယ်တည်း တွားထွက်လာရပြီး ကုတင်ခေါင်းရင်းကိုမှီ၍ ပျော်ရွှင်စွာ ပြောလိုက်သည်။ 

"အစ်ကိုယွီနဲ့ မအိပ်ရတာ အရမ်းကြာနေပြီ... တွေးလိုက်တာနဲ့ကို အရမ်းပျော်တာပဲ…" 


တံခါးပိတ်ထားသည့်တိုင် အပြင်ဘက်မှ ခွေးနှင့်မျောက်တို့၏ ဒေါသတကြီးအံကြိတ်သံကို ကြားနေရဆဲပင်။  


ဆွေ့ဟို့ယွီက အိပ်ရာပေါ်သို့ တက်ရင်း စောင်ခြုံ၍ သူ့ကို မေးလာသည်။

"ဒီတစ်ခေါက် ဘာလို့ ဆူဆူညံညံ လုပ်နေရတာလဲ…" 


ရန်ရှူက ခြေဖဝါးကိုဖုံးရန် စောင်အောက်ပိုင်းကို လိပ်တင်လိုက်သည်။

"ဒီတစ်ခေါက် စကားများလာတာ မဟုတ်ဘူး... နှစ်ရက်လောက် လာအနားယူတာ…" 


"အနားယူမှာလား…"

ဆွေ့ဟို့ယွီ မေးလိုက်ပြီးနောက် နောင်တသွားသည်။ သေသေချာချာ စဥ်းစားကြည့်လိုက်ပြီးနောက် ရန်ရှူကို မနှစ်မြို့သည့် အကြည့်တစ်ချက် ပေးလိုက်လေသည်။ 


ရန်ရှူက သူ့ဖုန်းကို စိတ်ဝင်တစား ထုတ်ယူလိုက်ပြီး ဖုန်းထဲမှပုံများကို ဆွေ့ဟို့ယွီထံ ပြလိုက်သည်။

"ကြည့်... စန့်ရှန်းက မျက်မှန်တပ်ထားတော့ ကြည့်မကောင်းဘူးလား…" 


"သာမန်ပါပဲ…"

ဆွေ့ဟို့ယွီမှာ ခြားနားချက်ကို မတွေ့ရပေ။ 


သေတော့မဲ့လူလိုမျိုး ဘဝကို ငြီးငွေ့နေတဲ့ မျက်နှာကြီးပဲ မဟုတ်ဘူးလား... 


"ကျွန်တော့်ကျောက်ကပ်တွေက တော်တော်လေး ကောင်းတယ်... မျက်မှန်တပ်ပြီးသွားတော့ ဆန့်ကျင်ဘက် ခံစားချက်ရှိတဲ့ အမှိုက်ကောင်တစ်ယောက်လို ခံစားရတယ်…" 


"အိုး…"

ဆွေ့ဟို့ယွီမှာ ဘာကိုမှ မခံစားရသည့်အပြင် စိတ်ဝင်စားပုံလည်း မပေါ်ပေ။ 


သို့သော်ငြား ရန်ရှူက 'အမှိုက်' ဟုပြောလိုက်သောအခါ စိတ်တက်ကြွလာခဲ့သည်။

"အရင်တစ်ခေါက် မျက်မှန်တပ်တုန်းကဆို လေးကြိမ်တောင် အလုပ်ခံလိုက်ရတာ... ခြေထောက်တွေဆို ပျော့ခွေနေပေမယ့် သူ့ကို မတားချင်ဘူး ဖြစ်နေတယ်…" 


ဆွေ့ဟို့ယွီ မီးလှမ်းပိတ်လိုက်ရာ အခန်းက ချက်ချင်းဆိုသလို မဲမှောင်သွားသည်။ ဆွေ့ဟို့ယွီ၏ စိတ်မရှည် ဖြစ်နေသော လေသံသည်လည်း ထွက်ပေါ်လာလေသည်။

"ဒါဆို မင်းက စန့်ရှန်းကို ပြဿနာ ရှာချင်လို့လား... မတူကွဲပြားတဲ့ ခံစားချက်လေးကို တွေ့ကြုံချင်လို့ပေါ့လေ…" 


ရန်ရှူက ရက်ရက်ရောရော ဝန်ခံလာသည်။

"ပြဿနာပြီးသွားတိုင်း စန့်ရှန်းက ဒီကို အကြိမ်နည်းနည်းလောက် လာလိမ့်မယ်... အဲ့ဒါက နည်းနည်း... အိုး... သေစေနိုင်လောက်တဲ့ ပုံစံကြမ်းကြမ်းလေးလေ…" 


"သူ့ကို တိုက်ရိုက်ပြောပါလား... ကြမ်းကြမ်းလေး လုပ်ပေးတာ ကြိုက်တယ်လို့ပြောရင် ပိုအဆင်မပြေဘူးလား…"  


"မတူဘူးလေ... ပုံမှန်ဆို သူကအမြဲ ကျွန်တော့်ကို တယုတယလေးထားတာ... ဂရုစိုက်ပြီးတော့ ညင်သာတယ်... ဒါကြောင့်မို့ သူ့ကို စိတ်ဆိုးအောင် လုပ်ပြီးသွားရင် ကြမ်းတမ်းလာတဲ့ပုံစံနဲ့ ကွာခြားချက် ရှိသွားပြီလေ... ဒါက အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်…" 


" ငါ နားမလည်နိုင်တော့ဘူး…"

ဆွေ့ဟို့ယွီ သက်ပြင်း ခပ်လေးလေး ချလိုက်သည်။  


သို့သော်ငြား ရန်ရှူက အလျှော့မပေးသေးဘဲ ဆွေ့ဟို့ယွီအနားသို့ ကပ်လာပြီး ပြောလာသည်။

"ဒီလိုကွာခြားချက်က အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်လို့ မထင်ဘူးလား... အဲ့ဒီမျောက်ဟို့မော့ဆို ပုံမှန်အချိန် အရမ်း ရန်လိုနေတတ်ပေမယ့် တစ်ချိန်တည်းမှာ ပွင့်ပွင့်လင်းလင်း ငိုချလာမယ်ဆိုရင်..." 


ဆွေ့ဟို့ယွီ အမြန်တားလိုက်သည်။

"တိတ်တော့... မင်း…" 


"သုညဖြစ်ရတာ ရှက်စရာ မရှိပါဘူး... အားချွေတာရာ မကျဘူးလား... ပင်လည်းမပင်ပန်းဘူးလေ…" 


ဆွေ့ဟို့ယွီ ချက်ချင်း ငြင်းဆိုလိုက်သည်။

"ငါနဲ့ ဟို့မော့ကိစ္စကို မင်းလျှောက်တွေးနေမှာ မလိုချင်လို့…" 


"သြော်..."

ရန်ရှူက အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း တရွေ့ရွေ့ လုပ်နေပြီးနောက် ဆက်ပြောလိုက်သည်။

"ဂရုမစိုက်ပါဘူး... ကျွန်တော်ကတော့ စန့်ရှန်း ကျွန်တော့်ကို ဘယ်လောက်ချစ်လဲဆိုတာ လူတွေ သိစေချင်တယ်... ဒါပေမယ့် ကျွန်တော်တို့ အတူရှိနေရင် သေချာပေါက်... ကျွန်တော့် ခန္ဓာကိုယ်က မခံနိုင်တော့ဘူးလေ... ဆယ့်တစ်နှစ်တောင် ရှိနေပြီကို ကျွန်တော့်ကို ဘာလို့ ဒီလောက်ထိ သဘောကျနေရလဲ မသိပါဘူး... အူး…" 


ရန်ရှူ ခဏလောက် စောင့်လိုက်သော်လည်း ဆွေ့ဟို့ယွီက ပြန်မဖြေလာပေ။ ထို့နောက် ရန်ရှူ တစ်ဖက်သို့ လှည့်ကာ အမှောင်ထဲမှာပင် ဆွေ့ဟို့ယွီကို ကြည့်လိုက်သည်။

"အစ်ကိုယွီတို့နှစ်ယောက်ရော ကျန်းမာရေး ကောင်းကြလား…"


"ငါတို့နှစ်ယောက်က ပြိုင်ပွဲနဲ့ လေ့ကျင့်ရေးကာလတွေမှာ ဘာမှမလုပ်ဖြစ်ကြဘူး... တစ်နှစ်မှာ အကြိမ်ရေ နည်းနည်းလေးပဲ... အခု ငါတို့က ဘန်းခံထားရတုန်းလေ... ရက်နည်းနည်းလောက်ပဲ ယူထားတော့ ကျန်းမာရေးကောင်းတာပေါ့…" 


“…” 


ဆွေ့ဟို့ယွီ ပြောင်ပြောင်တင်းတင်း မေးလိုက်သည်။

"မင်းက ထွက်သွားမလို့လား…" 


"မထွက်သွားပါဘူး... ကျွန်တော်က အရှက်လည်းမရှိတဲ့အပြင် အမြင်လည်း မရှိဘူး…" 


"ကောင်းပြီလေ…" 


ရန်ရှူက ဆွေ့ဟို့ယွီအိမ်တွင် သုံးရက်နေခဲ့ပြီး စန့်ရှန်းအိမ်သို့ ပြန်သည့် ပထမရက်တွင် စန့်ရှန်းနှင့် ရန်ဖြစ်ခဲ့သည်။ 


ရန်ရှူမှာ စန့်ရှန်းအိမ်၏ အပြင်အဆင်က မှောင်လွန်းသည်ဟု ခံစားနေရသည်။ ယင်းက အနက်ရောင်နှင့် သစ်သားအရောင်ကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး ရှားရှားပါးပါး အရောင်ဖျော့လေးမှာ ငွေမှင်ရောင်ဖြစ်နေသည်။ စိတ်ဖိစီးစရာ ပတ်ဝန်းကျင်တွင် ရှိနေသည်ကြောင့် စန့်ရှန်း စိတ်ကျရောဂါ ဖြစ်လာသည်မှာ အဆန်းမဟုတ်တော့ပေ။


ရလဒ်အနေဖြင့် စန့်ရှန်း စိတ်အခြေအနေ ဆိုးဝါးနေချိန် ရန်ရှူက စန့်ရှန်း၏ အိမ်အပြင်အဆင်များကို ပြောင်းလဲကာ နံရံကိုလည်း အနီရောင်သို့ ပြောင်းလဲလိုက်သည်။ 


အနက်ရောင် မြင်းစီးသူရဲကောင်းစတိုင် အပြင်အဆင်အောက်တွင် အဝါရောင်တောက်တောက် မှန်တင်ခုံကို အိပ်ခန်းထဲသို့ ထည့်လိုက်ပြီး ထိုနေရာတွင် ရန်ရှူ သုံးလေ့ရှိသော အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများနှင့် ပြည့်သွားခဲ့သည်။ 


စန့်ရှန်း ပြန်ရောက်လာသောအခါ အနီရောင်တောက်တောက်နံရံကို ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ တိတ်ဆိတ်သွားခဲ့သည်။ ထို့ကြောင့် ရန်ရှူမှာ သူသဘောကျသွားသည်ကြောင့်ဖြစ်မည်ဟု တွေးလိုက်လေသည်။ 


ရလဒ်အနေဖြင့် သူ အိမ်ပြန်လာသောအခါ ပြိုင်ကားလေးမှာ ပြိုးပြိုးပြက်ပြက် အစိမ်းရောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။ 


စိမ်းလွန်း၍ ရန်ရှူသည်ပင် အစိမ်းရောင်များ ဖုံးလုမတတ်ပင်။ ပထမဆုံးအကြိမ်အဖြစ် ထိုကဲ့သို့သော အစိမ်းရောင် ရှိနေသေးသည့်အတွက် စိတ်ရင်းဖြင့် ကျိန်ဆဲမိခဲ့သည်။ 


ထို့ကြောင့် ရန်ရှူ ပြန်လာကာ စန့်ရှန်းနှင့် အချင်းများခဲ့သည်။

"မင်း မကြိုက်ရင်လည်း ပြောလိုက်ပါလား... ငါ့ကို ဒီလိုမျိုး လက်စားချေဖို့ လိုလို့လား... မင်းရဲ့ အိမ်အတွင်းပိုင်းကို ပြောင်းလိုက်တာ မင်းအိမ်က အရမ်း စိတ်ဓာတ်ကျစရာကောင်းနေလို့လေ... မင်းကို ပျော်စေချင်လို့ အရောင်လေး လင်းပေးလိုက်တာကို... အဲဒီမှာ…" 


"ကိုယ်လည်း တူတူပဲ…"

စန့်ရှန်းက လက်ထဲမှ အချက်အလက်များကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်တဲ့ အရင်တစ်ခေါက်က မင်းရဲ့ ကားအရောင်ကို လူတိုင်း တွေ့သွားကြတယ်လေ... လမ်းပေါ်မှာ မောင်းရင် အလွယ်တကူ မှတ်မိသွားနိုင်လို့... အရောင်ပြောင်းလိုက်ရင် ဖုံးကွယ်ရလွယ်သွားပြီလေ…" 


"သောက်ကျိုးနည်း... အခု လမ်းပေါ်မှာ ဒီလောက်စိမ်းတဲ့ကားကြီး မောင်းမှတော့ ဘယ်သူက နှစ်ခါပြန်မကြည့်ဘဲ နေတော့မှာလဲ... အရင်ကထက် ပိုဆိုးသွားပြီကွ…" 


စန့်ရှန်း မျက်လုံးပင့်ကာ ရန်ရှူကို ကြည်လိုက်သည်။ နက်မှောင်နေသော မျက်လုံးများကြောင့် ရုတ်တရက်ဆိုပါက စန့်ရှန်းကို နစ်နာသူဟုပင် ခံစားလိုက်ရစေသည်။

"မင်းက တကယ်တော့ ကိုယ့်ကို သတ်ချင်နေတာပဲ…" 


"..."ရန်ရှူက စန့်ရှန်း ခဏလောက် တိတ်ဆိတ်သွားသည်ကို တွေ့လိုက်ရလေသည်။ 

ဒီကောင်က တကယ်တော့ တိုက်ခိုက်ဖို့ လက်ဦးမှုယူထားတာပဲ.... သူပြောချင်နေတာတွေအကုန် ပြောလိုက်တယ်... အခု ငါ တစ်ခုခုပြောလိုက်ရင် စန့်ရှန်းက လိုက်သုံးနိုင်တယ်... 


လက်ဦးမှုယူပြီး တပ်ဆုတ်မယ်... ပြီးမှ တိုက်ခိုက်ပြီး အနိုင်ယူမယ်... 


စန့်ရှန်း မင်းတကယ် တိုးတက်လာပြီပဲ... ဒီသုံးရက်လုံး လေးစားသမှုနဲ့ အချင်းချင်း အဆက်အဆံ မလုပ်ဖို့ကိုလေ... 


"ငါ..."

ရန်ရှူ အသံအနေအထားကို ထိန်းကာ လက်ရှိအခြေအနေကို ကယ်တင်ရန် ရှင်းပြရန် ကြိုးစားလိုက်သည်။ 


သို့သော်လည်း ထိုအခိုက်တွင် စန့်ရှန်းက သက်ပြင်းချလာခဲ့သည်။

"ဆယ့်တစ်နှစ်တောင် ရှိသွားပြီ... ခံစားချက်တွေ မှေးမှိန်လာပြီမို့လား... အခု တည်တည်ငြိမ်ငြိမ်တောင် စကားမပြောနိုင်တော့ဘူး…" 


ရန်ရှူ ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ်ပေ။ 


ငါပြောရမဲ့စကားတွေကို ဘယ်လိုတောင် ခိုးရဲရတာလဲ... 


သေချာပေါက်ပင် သူကိုယ်တိုင်က စန့်ရှန်းကို စိတ်ရှုပ်စရာကောင်းသည်ဟု တွေးနေပြီ ဖြစ်သည်။ 


"စန့်ရှန်း…"

ရန်ရှူ ဒေါသတကြီး အော်လိုက်သည်။  


“မင်းကိုယ့် နာမည်အရင်းကို ခေါ်တယ်ပေါ့လေ... အရင်ကဆို လောင်ကုန်းလို့ပဲခေါ်ခဲ့တာ... စိတ်ကောင်းဝင်နေတဲ့အချိန်ဆို ကောကောလို့တောင် ခေါ်သေးတာကို စိတ်ကောင်းမဝင်တဲ့အချိန်ကျ ကိုယ့်နာမည် အပြည့်အစုံကို ရက်စက်တဲ့အသံကြီးနဲ့ ခေါ်နေတယ်... ရန်ရှူ မင်းက အမှိုက်ကောင်လား…" 


"မင်း..."

ရန်ရှူ အမြန် ပြေးလာပြီး စန့်ရှန်း၏လည်ပင်းကို ဆွဲယူလိုက်သည်။

"တိတ်တော့…" 


စန့်ရှန်းက ရပ်မသွားသည့်အပြင် ဆက်ပြောနေခဲ့သည်။ 

"ကိုယ်အမြဲတမ်း မင်းအတွက် ရည်ရွယ်ချက်ကောင်းလေးတွေပဲ ရှိခဲ့တာပါ... မင်းအံ့သြသွားအောင် လုပ်မလို့... မင်းဘက်က လက်ပါလာမယ်လို့ မထင်ထားခဲ့ဘူး…"


ရန်ရှူ သူ့ကို လွှတ်ပေးလိုက်ရသည်။ သူ ဒေါသထွက်လွန်းသဖြင့် ခုန်ဆွဆွ ဖြစ်နေခဲ့သည်။

"ငါ အားတောင် သုံးမထားဘူးလေ...ဘာလို့ အကြောင်းအရင်းမရှိ ပြဿနာ ထရှာရတာလဲ…" 


"ဒါပေမယ့် ကိုယ့်နှလုံးသားလေး နာကျင်ရတယ်လေ... မင်း ဒီလိုပုံမျိုး ဖြစ်နေရင် ဒဏ်ရာပြင်းပြင်းရတာထက်တောင် ကိုယ့်ကို ပိုလို့ နာကျင်စေတယ်…" 


"စန့်ရှန်း ငါ့ကို အပြစ်လာရှာမနေနဲ့... ငါ့ပြောသလို ပုံစံတွေ လာမပြောစမ်းနဲ့…" 


စန့်ရှန်းက နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးလိုက်သော်လည်း တစ်ခွန်းမှ မပြောဘဲ အချက်အလက်များကိုသာ ဆက်ဖတ်နေခဲ့သည်။ 


ရန်ရှူ ဒေါသထွက်ရလွန်း၍ အသက်ကောင်းကောင်း မရှူနိုင်တော့။ သူက စန့်ရှန်းအနာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း အမှားရှာရန် ကြိုးစားလိုက်သည်။ 


သူရုတ်တရက် စန့်ရှန်းထံ လက်ညှိုးထိုး၍ ပြောလိုက်သည်။ 

"မင်းဆံပင်တွေ ငါမကြိုက်တဲ့အရှည်အထိ ရှည်နေပြီ…" 


စန့်ရှန်း မျက်လုံးပင့်ကြည့်လာခဲ့သည်။ သူ့မျက်လုံးများက ရန်ရှူ၏ အမှားရှာရန်ကြိုးပမ်းမှုကို အသိအမှတ်ပြုသည့်ပုံရသည်။  


သူ ဆက်ပြောလိုက်သည်။

"အိုး... ဘာအကြည့်နဲ့ လာကြည့်နေတာလဲ... ငါက ဝင်စွက်ဖက်တယ်လို့ ထင်နေတာလား... အခု မင်းဘာတွေ တွေးနေလဲဆိုတာ ငါပြောနိုင်တယ်…" 


စန့်ရှန်း ခေါင်းပြန်ငုံ့ကာ အချက်အလက်များ ဆက်ဖတ်နေခဲ့သည်။ 


"ငါ့ကို လစ်လျုရှုထားတယ်ပေါ့လေ... စန့်ရှန်း... မင်း…" 

ရန်ရှူမှာ စန့်ရှန်း မျက်မှန်များ တပ်လိုက်သည်အထိ ဒေါသထွက်နေဆဲပင်။ 


အာ... သငစန့်ရှန်း မျက်မှန်တပ်ထားတာကို တကယ် သဘောကျတယ်လို့... အရမ်းချောလွန်းလို့ ခြေထောက်တောင် မစေ့နိုင်တော့ဘူး... 


ပါးစပ်ဖျားတွင် ရောက်နေသည့် ကျိန်ဆဲသည့် စကားလုံးများကို ပြန်မျိုချလိုက်သည်။ 


သူတစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ "တစ်နေ့ကျရင် မင်းရဲ့ စာကြည့်ခန်းကို အစိမ်းရောင်ခြယ်ပစ်မယ်" 


စန့်ရှန်း စကားမပြောပေ။ 


သူ သူ့ကိုယ်သူ ဆက်ပြောနေခဲ့သည်။ "ငါ့အစ်ကိုယွီက အစိမ်းရောင် ကြိုက်တယ်... အစ်ကိုယွီကို တစ်ရက်လောက် ကားလိုက်စီးခိုင်းရမယ်... သူ တော်တော်လေး သဘောကျလောက်တယ်" 


အဆုံးတွင် စန့်ရှန်း၏ လုပ်ဆေင်မှုများ တစ်ခဏလောက် ရပ်သွားလေသည်။ 


စန့်ရှန်း သူ့အား လစ်လျူရှုထားသည်ကို တွေ့လိုက်ရသဖြင့် ရန်ရှူ ဖုန်းကို ယူ၍ မနီးမဝေးတွင် ကစားနေခဲ့သည်။  


စန့်ရှန်းကလည်း အရေးမစိုက်ဘဲ လစ်လျူရှုထားခဲ့လေသည်။ 


ထိုအခိုက် ရန်ရှူတစ်ယောက် လျို့ရွှမ်း၏ ရိုက်ကူးနေဆဲ ဓါတ်ပုံများကို တွေ့လိုက်ရပြီး လျို့ရွှမ်း၏ ဇာတ်ကောင်အသစ်ကို ရှင်းပြထားသည့် ဗီဒီယိုတစ်ခုလည်း ပါသည်။ 


ရန်ရှူက လျို့ရွှမ်း သူ့အား ဝန်ခံပြီးကတည်းက အဆက်အသွယ်မရှိသဖြင့် လတ်တလော လျို့ရွှမ်း၏ အရေးကိစ္စများကိုလည်း အာရုံမထားမိပေ။ ထို့ကြောင့် လျို့ရွှမ်း ပရောဂျက်အကြီးကြီး ရသွားမည်ဟုလည်း မထင်ထားခဲ့ပေ။ ယင်းက အတော်လေး ကောင်းမွန်ပုံရသည်။ 


ရန်ရှူက လျို့ရွှမ်း၏ ပုံစံကို လေ့လာနေသည်ကြောင့် ဗီဒီယိုကလည်း နှစ်ကြိမ်ပြသလာလေရာ စန့်ရှန်း၏ အာရုံကို ဖမ်းစားမိသွားသည်။  


အဆုံးတွင် စန့်ရှန်း ထလာကာ ရန်ရှူ၏ ဘေးတွင် ဝင်ထိုင်၍ ပြောလိုက်သည်။ "ရန်ရှူ ကိုယ်က အစိမ်းရောင်မကြိုက်ဘူးနော်... ကိုယ့်ရဲ့ တခြားနေရာတွေပါ အစိမ်းရောင် ထည့်လို့ကတော့ သတ်ပစ်မှာ" 


ရန်ရှူ လန့်သွားပြီး လျို့ရွှမ်း၏ ဗီဒီယိုကို သုံးကြိမ်မြောက် ဖွင့်နေသည့် ဖုန်းထံမှ အာရုံလွှဲမိသွားလေသည်။  


ဤတစ်ကြိမ်၌ ရန်ရှူ နားလည်သွားသည်။ 


ရန်ရှူက ထိုစကားကိုပင် အသုံးချလိုက်သည်။ "မင်းက အစိမ်းရောင် မကြိုက်ပေမယ့် ငါ့ကားကျ အစိမ်းရောင် ခြယ်လိုက်တာပေါ့လေ" ထို့နောက် အိပ်ခန်းထဲသို့ အမြန် ပြန်ပြေးသွားလေသည်။ 


တံခါးပိတ်ပြီးနောက် လှည့်ကာ တံခါးနောက်မှ တိတ်ဆိတ်မှုကို နားထောင်နေလိုက်သည်။ သူမနေနိုင်ဘဲ ရယ်မိသွားကာ ရှေ့ကိုပင် တိုးကြည့်မိသွားသည်။  


အကြိတ်အနယ် ဖြစ်တော့မှာဆိုတော့... အရင်ဆုံး ရေချိုးထားလိုက်ရမလား... 


ရန်ရှူ ရေချိုးခန်းထဲသို့ ဝင်သွားပြီးနောက် ရေချိုးကန်ထဲသို့ ပူပေါင်း ပေါင်ဒါများ ထည့်ကာ ရေစဖြည့်လိုက်ပြီး အေးအေးဆေးဆေး ရေချိုးလေတော့သည်။ 


ပြန်ထွက်လာသောအခါ ဘော်ဒီလိုးရှင်းကို ဂရုတစိုက် လိမ်းလိုက်ပြီးနောက် မှန်တင်ခုံဘေးမှ ရေခဲသေတ္တာလေးထံ သွားဖွင့်ကာ သင့်တော်သည် ရေမွှေးကို ထုတ်၍ လေထဲသို့ ဖြန်းလိုက်သည်။ ထို့နောက် အောက်ခြေမှစ၍ တစ်ပတ်လှည့်လိုက်လေသည်။ ပြီးပြည့်စုံချက်ပဲ... 


အဆင်သင့်ပြင်ပြီးနောက် ရန်ရှူ အိပ်ရာပေါ်လှဲကာ စောင့်နေသော်ငြား စန့်ရှန်းက အိပ်ခန်းထဲသို့ ရောက်မလာခဲ့ပေ။ 


သူ အဆုံးတွင် စိတ်ပူပန်လာပြီး မြန်မြန် ထလာခဲ့သည်။ စန့်ရှန်း၏ စာကြည့်ခန်းတံခါးဝတွင် ရပ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။ "မင်းငါ့ကို သတ်ချင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား... ဘာလို့ မလာသေးတာလဲ" 


စန့်ရှန်း ရန်ရှူကို မော့ကြည့်လာ၏။ 


ကွန်ပြူတာထက်မှ ချောင်းဟန့်သံ ထွက်ပေါ်လာကာ ကုန်းရှီအန်း၏ အသံလည်း လိုက်ပါလာသည်။ "ဘောစ့်စန့်က လုပ်စရာရှိမှတော့ ဒီမှာပဲ နားလိုက်ကြရအောင်လေ" 


စန့်ရှန်း နူးညံ့စွာ ပြန်ဖြေလိုက်သည်။ "အင်း"


ရန်ရှူမှာ ရှက်မသွားရုံသာမက ထိုအစား လှုံ့ဆော်ခံလိုက်ရပြီး အမြန်လျှောက်လာ၍ မေးလေသည်။ "အဲ့ဒါ ကုန်းရှီအန်းလား... မင်းငါ့ကို စိတ်ပျက်နေပြီလား... ဒီလောက် ညနက်နေတာကို ဘာလို့ သူနဲ့ စကားပြောနေရတာလဲ... မင်းကရော.... ညသန်းခေါင်ကြီးကို ဘာလို့ ငါ့ယောကျ်ားနဲ့ တွေ့နေရတာလဲ" 


စန့်ရှန်း ဗီဒီယိုကို အမြန် ပိတ်ကာ ရန်ရှူကို အခန်းထဲသို့ ပြန်တွန်းထည့်လိုက်သည်။ 



📽️