📽️ Chapter 115
Extra 21 : ဆူညံခြင်းနှင့် ချစ်ခင်ကြင်နာခြင်း
ရန်ရှူ အိပ်ခန်းထဲသို့ ဝင်လာသောအခါ စန့်ရှန်းကို မျက်စောင်းထိုးကြည့်နေဆဲပင်။ သူက အိပ်ရာပေါ်တွင် ဝင်ထိုင်လိုက်ပြီး အိပ်ရာအစွန်ကို ပုတ်ပြလိုက်သည်။ ထို့နောက် အမိန့်ပေးလိုက်လေသည်။
"ဒီကိုလာ…"
စန့်ရှန်းက ရန်ရှူ ပြလိုက်သောနေရာတွင် နာနာခံခံဖြင့် ဝင်ထိုင်လိုက်လေသည်။
"ခုနက ငါ့ကို သတ်တော့မှာဆို... ဘာလို့ မလာတာလဲ…"
ရန်ရှူ သူ့အား မေးခွန်းထုတ်လိုက်သည်။
စန့်ရှန်းက ထိုမေးခွန်း မေးလာသောအခါ ရယ်လိုက်သော်ငြား ရန်ရှူ အတော်လေး ဒေါသထွက်နေသည်ကို မြင်သောအခါ ပြန်ထိန်းထားလိုက်ရသည်။
"ဆောရီး... အစည်းအဝေးက ရုတ်တရက် နှောင့်နှေးသွားလို့... မင်း အဲ့ဒီလောက် မျှော်လင့်နေမယ်လို့လည်း မထင်ထားခဲ့ဘူးလေ…"
"ဒါက... ယုံကြည်ချက်ထားရမဲ့ ကိစ္စပဲလေ... ကတိပေးပြီးရင် တည်ရမယ်... မင်းရော အဲ့လိုမထင်ဘူးလား…"
ရန်ရှူ အလေးအနက် မေးလိုက်သည်။
"အင်း... တကယ်တော့ ကိုယ့်ပြဿနာပါ..."
"ငါ့ကိုကြည့်လေ... သံပုရာအနံ့ ရေမွှေးကိုတောင် သေသေချာချာ ဆွတ်ထားရတာ... ဘာအဓိပ္ပါယ်လဲ မသိဘူးလား…"
"အမ်... အဲ့ဒါကို ကြိုက်လို့မဟုတ်ဘူးလား…"
" ABO လောကမှာဆို သံပုရာအနံ့က အိုမီဂါတွေထဲက ထိပ်တန်းအနံ့ကွ... ငါသာ ABO လောကမှာဆို လူတိုင်းကြိုက်တဲ့ အိုမီဂါ ဖြစ်လာမှာ…"
"အိုး... လူထောင်ပေါင်းများစွာက မင်းလုပ်ခဲ့တဲ့အရာတွေဆီကနေ ဆွဲဆောင်ခံလိုက်ရမှာပဲ.. တကယ်တော့ ပစ္စည်းတွေက ရှားပါးပြီးစျေးကြီးရင် မင်းလို စိတ်သဘောထားမျိုးနဲ့လူကတော့ ပိုပြီးတော့တောင် ရှားသေးတယ်... လူတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကြသလို မင်းလို ပုံစံမျိုးက အရမ်းလန်းဆန်းစေတယ်လို့ တွေးကြမှာပဲ…"
"သောက်ကျိုးနည်း... အဲ့ဒါ ငါ့ရဲ့ ဆွဲဆောင်မှုကြောင့်ကွ... ငါ့မှာ ဖြူဝင်းတဲ့ အသားအရည်၊ ခြေတံရှည်တွေနဲ့ ခါးသေးသေးလေးတွေ ရှိတယ်…"
ရန်ရှူ ပြောလိုက်သည်။ ထို့နောက် တစ်ခုခုတွေးမိသွားလေသည်။
"ငါသိပြီ... မင်းက အစကတည်းက ငါ့လည်တိုင်လေးကို လှတယ်လို့ တွေးခဲ့တာမလား... ဒီလိုနှုန်းမျိုးနဲ့ဆို... သေချာပေါက် အယ်လ်ဖာတွေအားလုံး ဒီနေရာကို သဘောကျကြမှာပဲ…"
"အဲ့ဒီနေရာက ဘာထူးဆန်းလို့လဲ…"
စန့်ရှန်းက အလေးအနက်ထား၍ မေးလာသည်။
"အိုမီဂါတိုင်း အဲ့ဒီနေရာမှာ ဂလင်းရှိကြတယ်လေ... အယ်လ်ဖာတွေက အဲ့ဒီမှာ အမှတ်အသားပြုပြီးရင် အချင်းချင်းရဲ့ တစ်ဦးတည်းသော မိတ်ဖက်ဖြစ်လာမှာ... ငါထင်တာ ငါတို့က သေချာပေါက် 10,000% ကိုက်ညီတဲ့သူပဲဖြစ်ရအယ်... မင်းမှာ ထိုးနှက်ချက် ရှိလာရင် ငါက ဖြေဆေး ဖြစ်နိုင်တယ်... ငါတို့က ကောင်းကင်က တွဲဖက်ပေးထားတဲ့ စုံတွဲပဲ…"
"အင်း... ယောကျ်ားတွေ ပိုင်ဆိုင်မှုတံဆိပ် ခပ်နှိပ်ကြတဲ့ နည်းလမ်းတွေထဲက တစ်ခုပေါ့…"
စန်ရှန်းက ၎င်းကို သင်ယူလိုက်ရသည့်အလား ခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့ ကိုက်ညီမှု မြင့်လေ သာယာမှုလည်း ပိုမြင့်လေပဲ…"
ရန်ရှူ ခန္ဓာကိုယ်လေးကို စောင်းကာ စန့်ရှန်းရှေ့သို့ မှီလိုက်ပြီး နှုတ်ခမ်းလေးကို ဆူလိုက်သည်။
"ဒါကြောင့် မင်းက ငါ့ကို အရူးအမူး ချစ်နေတာ…"
စန့်ရှန်း လက်လှမ်း၍ ရန်ရှူ၏ ဖုန်းကိုဖွင့်လိုက်ကာ စာဖတ်သည့် ဆောဖ့်ဝဲတစ်ခုကို ရှာလိုက်ပြီး ရန်ရှူ ဖတ်နေသည့် စာအုပ်များကို ကြည့်ချင်သွားပုံရလေသည်။
ရန်ရှူ ချက်ချင်း အမိန့်ပေးလိုက်သည်။
"အစိမ်းရောင်အက်ပ်လေးကို မဖွင့်လိုက်နဲ့... အဲ့ဒါက အရမ်းရှင်းလင်းလွန်းတယ်... ငါက လေ့ချင်းရွေ့လေ... ဒီဟာကမှ အွန်လိုင်းဆာဗာက... သူတို့အားလုံး ဆင်ဆာမပါတဲ့ဟာ…"
"ဒီလိုကြောင့်ကိုး…"
စန့်ရှန်း ပြောလိုက်သည်။
သူက ရန်ရှူ မှတ်ထားသောနေရာကို နှိပ်ကြည့်လိုက်ရာ အခန်းတစ်ခုကိုနှိပ်တိုင်း အသားခန်းများကို တွေ့နိုင်ပေသည်။
ရန်ရှူမှာ အထက်တန်းကတည်းက ထူးဆန်းသော စာများ ဖတ်ရသည်ကို ကြိုက်နှစ်သက်ခဲ့သည်။ ထိုထဲမှ အကြောင်းအရာများကလည်း နားမလည်နိုင်သော အရာများပင်။
သို့သော်လည်း ဤပုံစံမျိုးမှာ အားလုံးက နေကြာပန်း၏ အရောင်တို့ စွန်းထင်းနေလေသည်။
( အဝါရောင်စာပေလေးတွေ😆)
အစောပိုင်းရက်များတွင် ရန်ရှူမှာ ထိုကဲ့သို့သော အရာများကို မကြိုက်ဟုဆိုကာ ရုန်းကန်နေခဲ့သည်။
နောက်ပိုင်းကာလ၌ ယင်းတို့ကို ထပ်ပြီး ဖုံးကွယ်ရန် မစဥ်းစားတော့ပေ။ သူတို့ တွဲလာသည်မှာ ကြာလှသည့်အပြင် စန့်ရှန်းကလည်း ရန်ရှူ မည်မျှ ဆက်ဆီကျကြောင်း သိနေသဖြင့် ဟန်ဆောင်ပန်ဆောင်ပင် မလုပ်ဖြစ်တော့ပေ။
တချို့တလေကို သာမန်ကာလျှံကာ ဖတ်ပြီးနောက် စန့်ရှန်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက..."
ရန်ရှူ ငုံ့ကြည့်လိုက်သည်။
"အိုး...သိုးငယ်လေးက ကမ္ဘာပေါ်ကို ကျူးကျော်လာပြီး ဖြူစင်ပြီး မသိနားမလည်တဲ့ ရှောင်ပိုင်လေးကို ချစ်မိသွားတဲ့ ဂြိုလ်သားလေ... သိုးဖြူလေးက ကြင်နာမှုတွေနဲ့ ကမ္ဘာကို ကယ်တင်ခဲ့တာ…"
"တကယ်... သိုးအစစ်ကြီးလား…"
"နားမလည်ဘူးလား... ဒါကို သားရဲကမ္ဘာလို့ခေါ်တယ်…"
"..."
စန့်ရှန်းမှာ ရုတ်တရက်ဆိုသလို သူကိုယ်တိုင်က နှာဘူးကျလွန်းခြင်း မဟုတ်ဘဲ တကယ့် နှာဘူးအစစ်မှာ သူ့ကောင်လေးသာ ဖြစ်သည်ဟု ခံစားလိုက်ရလေသည်။
ရန်ရှူ တစ်ခုခု မှားနေကြောင်း သဘောပေါက်သွားပြီး ပြောလိုက်သည်။
"မဟုတ်ဘူးလေ... ငါဘာလို့ စကားပြောနေရသေးတာလဲ…"
စန့်ရှန်း ရန်ရှူကို မျက်လုံးပင့်ကြည့်လိုက်ရာ ရန်ရှူက သူ့အား အားတက်သရော ဖိတ်ခေါ်လာသည်ကို တွေ့လိုက်ရလေသည်။
"ညတာက ရှည်တယ်... အရှုပ်ကလေးတွေ လုပ်ကြမယ်ဆိုရင်ရော... ဒီလိုဆိုရင် ဒီနေ့လေးကို အလှပဆုံး မြင်ကွင်း ဖြစ်အောင် ပုံဖော်နိုင်မှာလေ…"
"ဒါပေမယ့်... ဒီနေ့ မင်းကိုယ့်ကို စိတ်ဆိုးနေတာလေ…"
ရန်ရှူ သူ့အား ချော့မော့လိုက်ရသည်။
"ကောကောက အကောင်းဆုံး... ကောကောက သန်မာတယ်... ကောကောရဲ့ ကြွက်သားတွေက အရမ်းတောင့်တယ်…"
စန့်ရှန်း ရွှင်ပြသွားပြီး ဘေးနားမှ တက်ကြွနေသူလေးကို လှမ်းဆွဲလိုက်လေသည်။
ရန်ရှူက စောင်အောက်တွင် လှဲလျောင်းနေရင်း စန့်ရှန်းအား မပျော်မရွှင်ပုံစံဖြင့် ကြည့်နေခဲ့သည်။
"နှစ်ခါပဲလား…"
"အင်း... အခုတလော မင်း ကျန်းမာရေး သိပ်မကောင်းလို့... ဆေးတွေ သောက်နေရတာလေ…"
"ငါ့ဆေးတွေက မင်းနဲ့ ဘာဆိုင်ရမှာလဲ... ငါတို့ရဲ့ ဆက်ဆံရေးနဲ့ရော..."
"လိမ္မာစမ်းပါ... စကားနားထောင်…"
စန့်ရှန်းက ရန်ရှူ၏နဖူးလေးကို ခပ်ဖွဖွ နမ်းလိုက်သည်။
ရန်ရှူ၏ ခန္ဓာကိုယ်က စောင်အောက်တွင် မြုပ်နေခဲ့ပြီး တွန့်ဆုန်နေဟန်ဖြင့် ရေရွတ်နေခဲ့သည်။
"နှစ်ဆယ့်ရှစ်နှစ် ရှိပြီဆိုတော့ မလုပ်နိုင်တော့ဘူးပေါ့လေ…"
"အဲဒါမင်းလေ…"
"ငါ မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ…ရေချိုးခန်းထဲကို သွားပြီး ရေသွားချိုးရင် ငါပါလိုက်ခဲ့မယ်... ငါတို့ နောက်တစ်ခေါက် ထပ်လုပ်နိုင်သေးတယ်... ဟုတ်ပြီလား…"
ရန်ရှူက စောင်ကို ချက်ချင်းဆိုသလို မပြီး အိပ်ရာထဲမှ ထလာခဲ့သည်။ ထောင်ထောင်လွှားလွှားပုံစံဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သော်ငြား သူထလိုက်သည်နှင့် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ သူ့ခြေထောက်များမှာ အားနည်းလွန်းလှသဖြင့် နှစ်လှမ်း လှမ်းပြီးနောက် အိပ်ရာကို ပြန်မှီထားလိုက်ရသည်။
"လောင်ကုန်းရေ... ငါ့ခြေထောက်တွေ ကြွက်တက်နေပြီ…"
စန့်ရှန်းက ရန်ရှူ ခြေထောက် ကြွက်တက်သည်ကို အတွေ့အကြုံရှိသဖြင့် ချက်ချင်းဆိုသလို ကူနှိပ်ပေးလိုက်ရသည်။
"နောက်ဆို ခြေထောက်တွေကို အမြဲတမ်း ဆန့်မထားနဲ့လေ... တောင့်တင်းနေတဲ့ အခါဆို ကြွက်တက်တတ်တာ... မင်း အနားယူမှ ဖြစ်မယ်…"
"အပြောကတော့ လွယ်တာပေါ့…ခံစားချက်ကောင်းနေရင် ထိန်းလို့မှ မရတော့တာကို…"
ရန်ရှူက ပလုံးပထွေး ပြောနေဆဲ။
ကြွက်တက်ခြင်း ပြေလျော့သွားမှ ရန်ရှူတစ်ယောက် ငါးဆားနယ်ပုံစံလေး ဖြစ်သွားပုံရပြီး အိပ်ရာပေါ်တွင် လှဲကာ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။
"ငါတကယ် သေတော့မှာလား…"
"အဆင်ပြေပါတယ်... သာမန်ယောကျ်ားတွေရဲ့ စံနှုန်းအရ မင်းက သက်လုံ ကောင်းနေပါသေးတယ်…"
"မလုံလောက်သေးဘူး…"
ရန်ရှူ စောဒကတက်လိုက်ပြီးနောက် စန့်ရှန်း၏ ရင်ခွင်ထဲသို့ တွားသွားလိုက်သည်။
"လောင်ကုန်း... ငါလုပ်နိုင်သေးတယ်လို့…"
စန့်ရှန်းက ရန်ရှူကို ထိန်းမထားနိုင်တော့သဖြင့် ရန်ရှူကို ရေချိုးခန်းထဲသို့ပို့ကာ ရေကူချိုးပေးခဲ့သည်။
ရန်ရှူက ရေချိုးခန်းထဲတွင် ဇီဇာကြောင်နေခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့် ခြေကုန်လက်ပမ်းကျနေသော်လည်း စန့်ရှန်းက လက်မခံလေဘဲ စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ပြီးသွားသောအခါ ရန်ရှူ ဒေါသထွက်လာပြီး အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း စန့်ရှန်းအား လျစ်လျူရှုထားခဲ့သည်။
အခန်းကို သန့်ရှင်းရေး လုပ်ပြီးသည်နှင့် စန့်ရှန်းလည်း ရန်ရှူဘေးတွင် ဝင်လှဲကာ နူးညံ့စွာ ပြောလိုက်သည်။
"ပေါင်ပေ့... မင်းကို ကိုယ့်ရင်ထဲမှာ မြုပ်နှံထားမယ်လို့ ကတိပေးတယ်…"
ရန်ရှူ အဆုံးတွင် ထလာပြီး စန့်ရှန်းအား တင်းကျပ်စွာ ဖက်ထားခဲ့လေသည်။
ထိုအခိုက်လေးတွင် ရန်ရှူက အိပ်ချင်မူးတူး ဖြစ်ကာ ပင်ပန်းနေခဲ့သော်ငြား စွဲလမ်းမိလွန်း၍ မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ ထို့ကြောင့် မျက်လုံးများကို မှိတ်ထားရင်း စန့်ရှန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ ကလေးပေါက်လေးက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"လောင်ကုန်း... ငါ့ကို ဖက်အိပ်ချင်လား…"
"အင်း... ဖက်ထားချင်တယ်…"
"မင်းက ငါ့ကို အရမ်းချစ်တာပဲနော် ဟီးဟီး... ငါက အရမ်းသဘောကောင်းတဲ့အပြင် တစ်ကိုယ်လုံးကလည်း မွှေးကြိုင်နေတာ... ခန္ဓာကိုယ်ကလည်း ပျော့ပျောင်းနေတာပဲ... ငါတို့တွေ လမ်းခွဲလိုက်ရင် ငါ့နေရာကို ဘယ်သူမှ ယူနိုင်မှာ မဟုတ်ဘူး... ငါမှမဟုတ်ရင် မင်းအတွက် စျေးပေါတဲ့သူ ဖြစ်မှာ…"
"အင်း မင်းက ကိုယ့်ရဲ့ ကံကောင်းမှုလေး…"
ရန်ရှူက တစ်ခုခု ပြောချင်နေပုံရသော်လည်း ကံမကောင်းစွာဖြင့် အတော်လေး အိပ်ချင်မူးတူး ဖြစ်နေခဲ့သည်။ သူက တစ်ခုခု ရေရွတ်လိုက်သေးသော်လည်း စန့်ရှန်းက နားမလည်နိုင်ခဲ့ပေ။
ခေါင်းငုံ့ကြည့်လိုက်ရာ ရန်ရှူ အိပ်ပျော်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ရန်ရှူ၏ နဖူးလေးကို အနမ်းပေးလိုက်ပြီးနောက် ရန်ရှူကို ပွေ့ဖက်၍ အိပ်စက်လိုက်တော့သည်။
ညအချိန်က မှောင်မိုက်နေသော်လည်း အရာအားလုံးက အတည်တကျ ရှိနေဆဲပင်။
နူးညံ့သော အသက်ရှူသံလေး၊ နွေးထွေးသည့် ပွေ့ဖက်မှု...
ထိုလူ၏ မွှေးရနံ့လေးက နှာခေါင်းဖျားထက်တွင် ဝေ့ဝဲ၍ နေလေတော့သည်။
*****
ရက်အနည်းငယ်အကြာတွင် ရန်ရှူမှာထားသော ဓာတ်ပုံအကြီးကြီးက စန့်ရှန်း၏အိမ်သို့ ရွှေ့ပြောင်းလာခဲ့လေသည်။
သူက အနီရောင်နံရံထက်တွင် ဓာတ်ပုံများ ချိတ်ရန် အလုပ်သမားများ စီစဥ်ထားလိုက်သည်။ ဓာတ်ပုံကြီးက နေရာ၏ သုံးပုံနှစ်ပုံလောက် ယူထားပြီး အားလုံးက ရန်ရှူ၏ ကိုယ်ရေးကိုယ်တာဓါတ်ပုံများ ဖြစ်ကြလေသည်။
ဓာတ်ပုံထဲတွင် သူက အလင်းနှင့် အရိပ်ကြား၌ ရပ်နေခဲ့သည်။ အလင်းရောင်ကို သင့်တော်စွာကိုင်တွယ်ထားသဖြင့် ရန်ရှူ၏ ရင်ဘတ်လိုင်းများကို ပို၍ ချောမွေ့သွားစေကာ မျက်လုံးများက နက်မှောင်၍ ချစ်စိတ်ပြင်းပြနေခဲ့ပြီး သူက နည်းနည်း ပို၍တိတ်ဆိတ်ကာ ချောမောနေခဲ့သည်။
ဤအရောင်မှိုင်းပုံစံမျိုးက စန့်ရှန်း၏ အိမ်နှင့် သဟဇာတ ဖြစ်နေခဲ့သည်။
ရန်ရှူက နံရံအား ကြည့်ရသည်ကို အတော်လေး သဘောကျနေပြီး စန့်ရှန်းအား မိတ်ဆက်ပေးနေခဲ့သည်။
"ဒါက ရန်ရှူလေးပါ…"
ထို့နောက် နံရံကို ပုတ်ကာ ပြောလိုက်သည်။
"အနီရောင်လေး…"
သူ ဆက်ပြီး မိတ်ဆက်ပေးလိုက်သည်။
"ရန်ရှူ အနီရောင်…"
"အင်း... ဒါက အနီရောင်၊ ဒါက အရမ်း အဓိပ္ပါယ်ရှိတယ်... အရမ်းလှတဲ့ နံရံလေးပဲ…"
စန့်ရှန်း ထောက်ခံလိုက်သည်။
"ကြိုက်လား…"
"အရမ်းကြိုက်တယ်…"
ရန်ရှူမှာ အတော်လေး ဝမ်းနည်းနေသည့်အလား ရုတ်တရက် သက်ပြင်းချလိုက်သည်။
"မင်းရဲ့ အိမ်ကို ကြွယ်ဝချမ်းသာပြီး ကံကောင်းစေတဲ့ ပုံစံမျိုး လုပ်ပေးနိုင်တာ ငါပဲ ရှိပါလား,…"
စန့်ရှန်း စကားလုံးများ ပျောက်ရှသွားလေသည်။
"အဓိကကတော့ အချစ်ကြောင့်ပေါ့…"
"အင်း... အချစ်ကြောင့်ပဲ…"
ရန်ရှူက နံရံပေါ်မှ ဓာတ်ပုံများကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
"လှလိုက်တဲ့ ရန်ရှူလေး... ငါကိုယ်တိုင်က ရန်ရှူ မဟုတ်ခဲ့ရင် သူ့ကို ချစ်မိသွားတော့မှာ... မင်းငါ့ကို အရမ်းချစ်တာ အဆန်း မဟုတ်ဘူးပဲ…"
"အင်း ဟုတ်တယ်... မှန်တင်ခုံကရော…"
"ရန်ရှူရဲ့ လိမ္မော်ရောင်လေး ကြည့်ကောင်းတယ်…"
"အင်း... အဓိပ္ပါယ်ရှိသားပဲ…"
*****
စန့်ရှန်း လတ်တလော၌ အလုပ်များနေဆဲ ဖြစ်သည်။
အိမ်ပြန်ရောက်သည့်တိုင် ဗီဒီယိုကောဖြင့် အစည်းအဝေး လုပ်ရပြီး ခုံပေါ်တွင် ဖိုင်များက အမြဲတမ်း စုပုံနေခဲ့လေသည်။
ရန်ရှူ ဇာတ်ညွှန်း ခဏလောက် ဖတ်ပြီးနောက် အိပ်ချင်လာသဖြင့် စန့်ရှန်းထံ ရောက်လာပြီး မေးလေသည်။
"ဘယ်အချိန် အိပ်မှာလဲ…"
"စာရွက်စာတမ်းတွေ ဖတ်စရာလိုသေးတယ်... အရင်နားတော့လေ…"
" မင်းနဲ့အတူ အိပ်ချင်ပါတယ်ဆို…"
"ဟေး... အရင်အိပ်နှင့်တော့နော်... ကိုယ် နာရီနည်းနည်းလောက် အလုပ်ဆက်လုပ်ရဦးမှာ…"
ရန်ရှူက နာခံနေပုံရသည်။ အိပ်ခန်းထဲသို့ လှည့်ထွက်သွားလေသည်။
စန့်ရှန်းက အစီရင်ခံစာများ ဆက်ဖတ်နေခဲ့သည်။
တစ်ခဏအကြာ ရန်ရှူက စောင်လေးကို ပတ်ကာ ပြန်ရောက်လာသည်။ စန့်ရှန်းထံ ရောက်လာပြီး ပေါင်ပေါ် တက်ထိုင်လိုက်သည်။
စန့်ရှန်းက အလျင်အမြန် သဘောပေါက်သွားပြီး စောင်လေးကို ပြန်ပြင်ကာ ခြုံပေးလိုက်သည်။
ရန်ရှူက စန့်ရှန်း၏ လက်မောင်းများကို မှီကာ မျက်လုံးကာကိုတပ်၍ စန့်ရှန်း၏ ပုခုံးပေါ် ခေါင်းတင်လိုက်ပြီးနောက် တစ်ခဏအကြာတွင် အိပ်ပျော်သွားလေတော့သည်။
စန့်ရှန်းက အလုပ်ဆက်လုပ်နေရင်း ရန်ရှူကို ပွေ့ထားရပြီး နာရီဝက်အကြာတွင် ဗီဒီယိုကောအစည်းအဝေးကို ဆက်သွယ်လိုက်သည်။
ဤတစ်ကြိမ် အစည်းအဝေး၌ ပါဝင်သူ အများအပြား ရှိသည်။ သူတို့ ဖွင့်ကြည့်လိုက်သောအခါ စန့်ရှန်း၏ရင်ခွင်ထဲတွင် လူတစ်ယောက်ထိုင်နေပြီး အိပ်ပျော်နေပုံရသည်ကို တွေ့လိုက်ရလေသည်။
လူတစ်ယောက်ကို ဖက်ထားခြင်းဖြစ်သော်ငြား အရွယ်အစား ကွာခြားချက်ကြောင့် စန့်ရှန်းက ရန်ရှူကို ပွေ့ထားပုံမှာ ကြောင်ကလေးကို ပွေ့ထားသလို ဖြစ်နေခဲ့သည်။
လူတိုင်းက စန့်ရှန်း ရင်ခွင်ထဲမှလူက မည်သူဖြစ်ကြောင်း သိလိုက်ကြရသည်။
အဆုံးတွင် ထိုစဥ်က တိုက်ရိုက်ထုတ်လွှင့်မှု၌ အတော်လေး ဆူညံခဲ့ပြီး ရန်ရှူကလည်း စန့်ရှန်း၏ ကုမ္ပဏီတွင် မကြာခဏ ပေါ်လာတတ်သည်။ နှစ်ယောက်သားက ချစ်သူ ဆက်ဆံရေးဖြစ်ကြောင်း လူတိုင်း သိထားခဲ့ကြသည်။
သို့သော်လည်း ဆယ်နှစ်ကျော်ကြာ တွဲခဲ့သည့်တိုင် ယခုထက်ထိ ကော်လို ကပ်နေဆဲ ဖြစ်နေမည်ဟု မထင်ထားခဲ့ကြပေ။
နှစ်ယောက်တွင် ရန်ရှူက ပင်လယ်ဘုရင်ကဲ့သို့ မျက်နှာမျိုး ရှိပြီး စန့်ရှန်းက ပြောင်းလဲလွယ်သည့် ပုံပေါ်သော်ငြား ထိုသူနှစ်ယောက်က အချင်းချင်း နစ်မြောနေကြပြီး ခံစားချက်များက မယိမ်းယိုင်ခဲ့ကြပေ။
စန့်ရှန်းက နားကြပ်တပ်ထားပြီး တစ်ချိန်လုံး စကားမပြောခဲ့ပေ။ ထိုင်ရင်း နားထောင်နေခဲ့သည်။
စန့်ရှန်းက ရင်ခွင်ထဲမှ လူကို မနိုးစေချင်ကြောင်း လူတိုင်း သိကြသဖြင့် သူတို့ကလည်း စိတ်ထဲမထားကြချေ။
အစည်းအဝေးက နာရီဝက်မျှ ကြာမြင့်ခဲ့ပြီး လူများစွာက စန့်ရှန်းထံမှ တီးတိုးပြောသံလေးကို ကြားလိုက်ရသော်ငြား ထိုအသံက စန့်ရှန်းထံမှ မဖြစ်နိုင်လောက်ပေ။
"ငါ.. လုပ်နိုင်တယ်လို့ အမ်း…"
အင်း... တစ်ယောက်ယောက်ကတော့ အိပ်ရင်းယောင်နေပြီ…
ထို့နောက် စန့်ရှန်းက ခပ်ဖွဖွ ပြန်ဖြေလာလေသည်။
"အင်းပါ…"
ထို့နောက် ရင်ခွင်ထဲမှလူကို စောင်ဖြင့် လုံအောင်ခြုံပေးလိုက်လေသည်။
ရှန်းကျွင့်ကျင်းက ဗီဒီယိုထဲမှ လူနှစ်ယောက်ကို ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းများ တွန့်ကွေးသွားသော်ငြား မဆဲမိခဲ့ပေ။
သို့သော်ငြား ပါးစပ်လှုပ်သည့် ပုံစံအရ "သောက်ရူးအတွဲ" ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိနိုင်ပေလိမ့်မည်။
📽️