Chapter 17
Viewers 767

💫 Chapter 17



ကျောင်း၏ ရည်ရွယ်ချက်များကို နေ့တစ်ဝက်ခန့် စုန့်နင်ဖုန်းကို ရှင်းပြပြီးနောက် နောက်ဆုံးတွင် သူလည်း နားလည်သွား၏။ အမှန်တွင် ၎င်းက ဒုတိယအစ်ကို ချန်ကျီ အွန်လိုင်းတွင်လေ့လာနေသည်နှင့် အတူတူပငါ ဖြစ်သည် ။ ကြယ်တာရာပညာရေးခေတ်တွင် ဂိုဏ်းချုပ်ဆိုသည့်အရာမျိုး မရှိပေ။ လူများကသာ သင်ယူချင်စိတ်ရှိနေသရွေ့ သူတို့လေ့လာနိုင်သည် ။


ကျောင်းတစ်ခုတည်းကို မသွားနိုင်သောကြောင့် အခြားကျောင်းသို့ ပြောင်းလိုက်ရသော သူများလည်း ရှိကြသည်။ ထိုကဲ့သို့ ကိစ္စမျိုးက ဤနေရာတွင် ဖြစ်ရိုးဖြစ်စဥ်မျှသာ။


ချန်ကျီနှင့် မတူသည်မှာက ဂျူနီယာညီမလေးမှာ သင်ယူရန်အတွက် အခြားတစ်နေရာကို ပြောင်းရွှေ့ရန်လိုအပ်ပြီး အားလပ်ရက်များမှသာ ပြန်လာလည်ရလိမ့်မည်။


ကျင့်ကြံရေး၌ အသက်အရွယ်မရှိသည့်အပြင် စုန့်နင်ဖုန်း သီးသန့်ကျင့်ကြံချိန်၌ ဆာ့ဆာ့ကို တစ်နှစ်ကျော်ခန့် မတွေ့ရတာက ပုံမှန်ပင်ဖြစ်သော်လည်း အနည်းဆုံး ဆာ့ဆာ့၏ လှုပ်ရှားမှုများက ဂိုဏ်း၏နယ်မြေအတွင်းမှာသာဖြစ်၍ သူမအနိုင်ကျင့်ခံရမည်ကို စိတ်ပူစရာမလိုပေ။ ထိုနေရာတွင် သူတို့ကဲ့သို့ မပြုမူသောသူရှိလျှင် ဂိုဏ်းက သူတို့ကို သင်ခန်းစာပေး၍ရသည် ။ 


သို့သော် ကြယ်တာရာခေတ်တွင် သူတို့က လူသစ်များ ဖြစ်၏။ အခြားသူများ၏ မျက်လုံးထဲတွင် ထိုက်ယီဂိုဏ်းမှာ အထူးအဆန်းဖြစ်ကာ ကြောင်တောင်တောင်နိုင်နေလိမ့်မည်။ သူတို့က အခြားသူများကို ခြိမ်းခြောက်လွှမ်းမိုးမည့် အစီစဥ်လည်းရှိမနေပေ။ သူတို့ ဂျူနီယာညီမလေးက အဝေးတွင်ရောက်နေပြီး တစ်ယောက်ယောက်ထံမှ အနိုင်ကျင့်ခံရလျှင် ဂိုဏ်းက ဤအကြောင်းကို သိလိုက်မည်မဟုတ်ဘဲ သူမကိုယ်တိုင်ကလည်း ထုတ်ပြောလာလိမ့်မည် မဟုတ်ပေ။


စုန့်နင်ဖုန်းက သူ့စိတ်ကို ယခုမှ ဖြေသာရုံရှိသေး ပြန်ပြီး စိုးရိမ်လာရပြန်၏ ။


လော့ကျန်းက သူ၏ မာကျောမျက်နှာထားကိုကြည့်ရင်း စိတ်ပူနေမိသည်။ ဆာ့ဆာ့အား စုန့်နင်ဖုန်းက ကျောင်းသွားခွင့်မပေးမည်ကို သူစိုးရိမ်မိသည်။ သူက ဆာ့ဆာ့ကို ကတိပေးထားပြီးသားဖြစ်၍ သူ့ကတိကို မဖျက်ချင်ပေ။ ထို့ကြောင့် သူ ဆက်ပြောလိုက်သည် ။

" ဒီနေ့ခေတ်မှာ မက်ခါတွေက တော်တော်ရေပန်းစားတယ်... ပြီးတော့ ဆာ့ဆာ့ကလည်း အဲဒါတွေနဲ့ ကစားရတာကြိုက်တယ်လေ...ဒါကြောင့် သူ့ကို သွားခွင့်ပေးလိုက်ပါ...အနာဂတ်မှာ သူက အနေအထားမြင့်တဲ့သူတစ်ယောက် ဖြစ်လာနိုင်တာပဲ..."


" ကလေးတွေက အမြဲသူတို့ရဲ့ အိပ်မက်နောက်ကို လိုက်နေကြပဲ... ပြီးတော့ သူတို့အိပ်မက်က ငါတို့မထင်မှတ်ထားတာလည်းဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် မိဘတွေမှာက ရွေးချယ်စရာမရှိဘူး...သူတို့ကို အားပေးရမှာပဲ..."


လော့ကျန်းက သူ၏ အုပ်ထိန်းသူအကြံဉာဏ်များကို မည်သည့်နေရာက ရလာသည်ကို ဘုရားကသာ သိလိမ့်မည်။


စုန့်နင်ဖုန်းက ရုတ်တရက်ပြောလိုက်သည် ။ 

" မင်းမှန်တယ်...ငါတို့ ဆာ့ဆာ့ရဲ့အိပ်မက်ကို အားပေးသင့်တယ်...ငါလည်း ဆာ့ဆာ့ကို ဘယ်သူမှ အနိုင်မကျင့်ရဲအောင် ဘယ်စကြဝဠာမှာဖြစ်ဖြစ် ထိုက်ယီဂိုဏ်းကို အထင်ကရဖြစ်စေချင်တယ်..."


" ဒါနဲ့ မင်း အဲဒီသက်စောင့်ဆေးတွေ လိုသေးလား...အဲဒီသက်စောင့်ဆေးက အားလုံးအတွက် အသုံးဝင်နေသေးတယ်မလား... မင်းမှာ အဲ့ဒါတွေကို ရောင်းပေးဖို့ အဆက်အသွယ်တွေရှိမှာပဲ...ပြီးတော့ ငါလေယာဥ်တချို့ကိုလည်း အဆင့်မြှင့်ထားတယ်...မင်းလာပြီး ကြည့်ကြည့်လို့ရတယ်...ပြီးတော့ ငါတို့ပူးပေါင်းဖို့ ဆွေးနွေးလို့ရတာပေါ့..."


ထိုက်ယီဂိုဏ်းက ဘာကိုမှ စိတ်မဝင်စားတတ်သည့် ဂိုဏ်းဖြစ်သည်။ 


ဤသို့ဖြစ်ရခြင်းမှာ ဆရာရွှီယီက ကျင့်ကြံရေးမှအပ အခြားဘာကိုမှ စိတ်မဝင်စားသောကြောင့် ဖြစ်၏။ အကြီးဆုံးစီနီယာအစ်ကိုအနေဖြင့် စုန့်နင်ဖုန်းမှာ တာဝန်ယူချင်စိတ်အပြည့်ရှိသည်။ သို့သော် ထိုက်ယီဂိုဏ်းမှာ ယခင်က တစ်ခါမှ ပိုက်ဆံမပြတ်လပ်ဖူးသောကြောင့် သူကပိုက်ဆံရှာသည့် နေရာ၌ မတော်ချေ။ အတိတ်တွင် ဂိုဏ်း၏ ဂုဏ်သတင်းက ကြီးမားပြီးသားဖြစ်သောကြောင့် ဂိုဏ်း၏လွှမ်းမိုးမှုကိုလည်း သူ မကျယ်ပြန့်စေချင်ပေ။ ရွှီယီတစ်ယောက်တည်းကပင် ထိုအသေးအဖွဲလေးများကို ဟန့်တားရန် လုံလောက်သည်။ လွှမ်းမိုးမှုဆိုသည်မှာ စုန့်နင်ဖုန်းနှင့် သက်ဆိုင်သောအရာမဟုတ်သလို အထူးတလည်အားထုတ်နေစရာ ကိစ္စလည်း မဟုတ်ပေ။


ဥပမာဆိုလျှင် စုန့်နင်ဖုန်း ယခင်က လေယာဥ်အဆင့်မြှင့်ခြင်းမှာ ပိုက်ဆံရှာချင်၍မဟုတ်ဘဲ သူကိုယ်တိုင်က ပစ္စည်းများဖန်တီးရသည်ကို သဘောကျသောကြောင့် ဖြစ်သည် ။ 


သို့သော် ယခုက မတူတော့ပေ။ သူစိတ်မဝင်စားဘဲ နေ၍မရတော့သလို ဂိုဏ်း၏လွှမ်းမိုးမှုကို ပိုပြီးကျယ်ပြန့်အောင်လုပ်မှရတော့မည်ဖြစ်သည်။ အချို့သောကိစ္စများက အလျင်စလို လုပ်၍မရဘဲ အစီစဥ်ဆွဲရန် လိုအပ်သေးသည်။ ၎င်းက သူ့ဂျူနီယာညီမလေးကို အားပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။ 


လော့ကျန်း "..."

' မဟုတ်သေးဘူးလေ...ညီအစ်ကိုရေ...ငါတို့က တူညီတဲ့အကြောင်းအရာတစ်ခုတည်းကို တွေးမိနေတယ်လို့တော့ ငါမထင်ဘူး...ငါတို့ အားပေးတဲ့ကိစ္စကို ဖော်ပြတဲ့နေရာမှာ နည်းနည်းကွဲလွဲနေတာ မဟုတ်ဘူးလား...'


လော့ကျန်းက အနည်းငယ်တွန့်ဆုတ်နေသော်လည်း စကားပြောလာပြန်၏ ။ 

" အကြီးဆုံးစီနီယာအစ်ကိုရေ မင်းတို့ဂိုဏ်းထဲမှာ လူလိုနေတာများမရှိဘူးလား...ငါ မင်းရဲ့ ဂျူနီယာညီလေး လုပ်လို့ရမလား..."


စုန့်နင်ဖုန်းက သူ့ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်သည်။ 

" မရဘူး ...မင်းက ဆာ့ဆာ့ထက်တောင် အသက်အများကြီး ကြီးနေပြီ ...ဘယ်သူက မင်းကို ဂျူနီယာညီလေးလို့ ခေါ်နိုင်မှာလဲ..."


လော့ကျန်း : ' တကယ်ကို မောင်နှမတွေ ဖြစ်ထိုက်ပါပေတယ်... ငါ အရမ်း ထိခိုက်သွားရုံတင် မကဘူး...အရမ်းလည်း စော်ကားခံလိုက်ရတာပဲ...'


သူက ခပ်တည်တည်ဖြင့်သာ ရှင်းပြလိုက်သည်။

" ငါက ဆာ့ဆာ့နဲ့ အသက်တူတူပါပဲ...ငါတို့နှစ်ယောက်လုံး ဆယ့်ရှစ်နှစ်လေ...ကျေးဇူးပဲသိလား..."


စုန့်နင်ဖုန်းဘက်မှ ဗီဒီယိုဖုန်းခေါ်ဆိုမှုချသွားပြီးနောက် လော့ကျန်းက လော့ပေါင်ကိုမုန့်ကျွေးနေသည့် သူ့မိဘများကို ကြည့်လိုက်သည်။ အတိတ်က ဤမြင်ကွင်းမျိုးကို မြင်ရလျှင် ကလေးကို တအားအလိုမလိုက်ရန် သူ့မိဘများကို သူပြောမိလိမ့်မည်။ 


သို့သော် ယနေ့တွင် လော့ကျန်းက သူတို့ကို တစ်ချက်သာကြည့်ကာ အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည် ။ 


လော့စုံတွဲက အနည်းငယ်ထူးဆန်းနေသည်ကို သတိပြုမိသွား၏။ အတိတ်တွင် ကိစ္စများကို လော့ကျန်းက ကိုယ်တိုင်စီမံရသည်အား ကြိုက်ပြီး သူတို့ဝင်ပါရန် အခွင့်အရေးမရှိပေ။ သို့သော် ယခုလော့ကျန်းက ဂရုမစိုက်တော့သောအခါ သူတို့ အနည်းငယ်ဟာတာတာခံစားနေရ၏ ။ 


လော့ကျန်းက ပေါ့ပေါ့ပါးပါးသာပြောလိုက်သည်။ 

" အိုး...အမေတို့ အခုအဆင်ပြေနေပြီလို့ ကျွန်တော်တွေးမိလို့ပါ...အမေတို့ထက် အလိုလိုက်တဲ့အပြုအမူမျိုးကို ကျွန်တော်တွေ့ဖူးသွားပြီလေ ..."


*****


လော့ကျန်းက သူ့အကြီးဆုံးစီနီယာအစ်ကိုကို ကျောင်းတက်ရန်ကိစ္စပြောပြလိုက်ကြောင်း ဆာ့ဆာ့က မသိပေ။ အင်တာနက်ကို စွဲလမ်းနေသလိုမျိုး သူမက စတားကွန်ရက်ပေါ်သို့ ထပ်မံတက်သွားပြီး နောက်ထပ်ပြိုင်ပွဲစတော့မည့်အချိန်တွင် လူတစ်ယောက်က သူမခြေဖျားအောက် ဝပ်တွားလာ၏ ။


"သာ့ရှန်..ကျွန်တော်ဂါရဝပြုတာကို လက်ခံပေးပါ...မင်းကို ဆရာအဖြစ်နဲ့ ကိုးကွယ်ဖို့ ကျွန်တော့်ကို အခွင့်အရေးလေးပေးပါ..."


" ရှင်က ဘယ်သူလဲ..."


ဆာ့ဆာ့က သူမခြေထောက်အောက်တွင် ဝပ်တွားလာသော မရင်းနှီးသည့်မျက်နှာကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ ဆာ့ဆာ့မှာ သူမ၏ မှတ်ဉာဏ်ကောင်းသေးသည်ဟုတွေးမိပြီး ဤလူကိုလည်း သူမ ယခင်က မမြင်ဖူးပေ။


လီချန်ယွီက ဦးဆုံးတုံ့ပြန်ကာ နှုတ်ဆက်လာ၏။ 

" သာ့ရှန်...ကျွန်တော့် နာမည်က လီချန်ယွီပါ... ပထမဆုံးဘက်စုံပညာသင်ကျောင်းရဲ့ မက်ခါဌာနက ကျောင်းသား လီချန်ယွီပါ..."


လီချန်ယွီက လေ့ကျင့်ရေးခန်းထဲတွင် ဆာ့ဆာ့၏ လေ့ကျင့်ရေး ဗီဒီယိုကို တွေ့လိုက်ရကတည်းက သူမကို တိုက်ခိုက်ရေးဆရာကြီးအဖြစ် ယုံကြည်နေပြီး ထို့နောက်တွင် အားပိုင်နှင့် တိုက်ခိုက်နေသည်ကိုပါ တွေ့လိုက်ရသည် ။ 


ထို့ကြောင့် သူ နောက်ပိုင်းလေ့ကျင့်ချိန်တွင် မသိလိုက်မသိဘာသာဖြင့် ဆာ့ဆာ့၏ လှုပ်ရှားမှုပုံစံများအတိုင်း လိုက်လုပ်ကြည့်နေမိပြီး လေ့ကျင့်ရေးရလဒ်ကောင်းရစေရန် အခြေခံသုံးမက်ခါဖြင့်ပင် လေ့ကျင့်လိုက်သေးသည် ။ အခြေခံသုံးမက်ခါကို တပ်ဆင်ပြီးနောက် လီချန်ယွီမှာ ဆာ့ဆာ့၏ အင်အားကို ပို၍နားလည်းသွား၏ ။ 

'သူက တကယ်ပဲ အခြေခံသုံးမက်ခါနဲ့ ကန့်သတ်နိုင်စွမ်းအထိ လုပ်ဆောင်သွားတာပဲ...'


' တကယ်လို့ သူသာ အဲ့လိုစိတ်နဲ့ အဆင့်မြင့်မက်ခါတွေကို မောင်းမယ်ဆိုရင်...'


လီချန်ယွီ အချိန်အတော်ကြာကြာ အတုခိုးလေ့ကျင့်နေ၏ ။ 


ဆာ့ဆာ့၏လှုပ်ရှားမှုများက အလွန်ပြင်းထန်သောကြောင့် လီချန်ယွီ၏ အတုခိုးခြင်းက အစပိုင်းတွင် အဆင်ပြေချောမွေ့ခြင်းမရှိဘဲ ကျရှုံးနေ၏။ လေ့ကျင့်ရေးခန်းတွင် အချိန်အနည်းငယ်ဖြုန်းလိုက်ပြီး သူမ၏ လှုပ်ရှားမှုများကို တစ်ထေရာတည်း မတုပနိုင်သော်လည်း ၎င်း၏ အဓိကကျသော အရာကို သူနားလည်လိုက်သည် ။ 


လှုပ်ရှားမှုများက အလွန်ခက်ခဲပြီး လီချန်ယွီ၏ ပင်ကိုပုံစံမဟုတ်သောကြောင့် ဤလှုပ်ရှားမှုများက ဆာ့ဆာ့လုပ်ပြသွားသည်နှင့် ယှဥ်လျှင် အလွန်မသေမသပ်ဖြစ်နေသေးသည်ဟု သူ ခံစားလိုက်ရသည် ။ 


သို့သော်လည်း လီချန်ယွီ၏ ပြောင်းလဲမှုများကို အခြားသူများက အလိုအလျောက်ခံစားမိနေ၏။ လီချန်ယွီက ပထမဆုံးဘက်စုံပညာသင်ကျောင်းကို စိတ်ဝိညာဥ် Aအဆင့်ဖြင့် ဝင်ရောက်နိုင်ခဲ့သည် ။ သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာအဆင့်ကတော့ Bမျှသာရှိ၏ ။ မက်ခါဌာနတွင် သူကကြိုးစားနေသော်လည်း သူများမျက်စိစပါးမွှေးစူးစရာမဖြစ်သည့်အပြင် မထင်မရှားပါဖြစ်နေ၏။ 


သို့သော်လည်း လီချန်ယွီက ရည်မှန်းချက် မရှိတာမျိုးမဟုတ်သလို ရည်မှန်းချက်မရှိသည့် မက်ခါမောင်းနှင့်သူဆိုတာမျိုးလည်း မရှိချေ ။အကယ်၍ သူတို့မှာသာ အမှန်တကယ် ရည်မှန်းချက်မရှိဘူးဆိုလျှင် တစ်ခြားဘာသာကို ပြောင်းလေ့လာပြီး အလုပ်ပြောင်းလိုက်လို့ရသည် ။ ဘာပဲဖြစ်နေပါစေ ၊ သူတို့မှာရှိသော အင်အားက တစ်ခုခုကိုတော့ ပြီးမြောက်စေလိမ့်မည် ။ လီချန်ယွီက မကြိုးစားသည့်သူမဟုတ်သော်လည်း စိတ်မကောင်းစွာဖြင့် လီချန်ယွီထပ်ပိုတော်သောသူများမှာ သူ့ထပ်ပိုကြိုးစားကြသော သူများဖြစ်နေ၏ ။


၎င်းကအမှန်ပင် ။ မက်ခါဌာန၌ မကြိုးစားဘဲ အသာလေးနေနေသည့်သူဆိုတာ မရှိပေ ။ မက်ခါအထူးပြုသူများက မက်ခါကိုသုတေသနပြုဖို့သာ စိတ်ထဲရှိသည်ဆိုလျှင် မက်ခါတိုက်ခိုက်ရေးအထူးပြုသူများက စိတ်ထဲတွင် 'လေ့ကျင့်ရေး ၊ လေ့ကျင့်ရေး နှင့် လေ့ကျင့်ရေး ' သာရှိလိမ့်မည် ။


လီချန်ယွီက အခြားသူများလောက် တိုးတက်မှုမမြန်ပေ ။ ထို့ကြောင့် သူက တစ်ခြားသူများနှင့်ယှဥ်လျှင် အနောက်မှာသာ ကျန်ခဲ့၏ ။


သို့သော်လည်း လက်တွေ့အတန်းတွင် ဆရာက လီချန်ယွီကို သင်ကြားမှုသရုပ်ဖော်လေ့ကျင့်ရေး၌ ဟန်ရေးပြဖို့ ရွေးချယ်ထားသည် ။ 


ပထမဆုံးဘက်စုံပညာသင်ကျောင်း၏ မက်ခါတိုက်ခိုက်ရေးအတန်းမှ ဆရာတော်တော်များများက စစ်တပ်မှ အနားယူထားကြသူများ ဖြစ်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် သန်မာသူများ ဖြစ်၏။ ယေဘုယျအားဖြင့် ပြောရလျှင် သူတို့က ကျောင်းသားများကို မက်ခါသရုပ်ဖော်တိုက်ခိုက်ပြရန်အတွက် ချဥ်းကပ်လာပြီဆိုပါက ကျောင်းသားများမှာ အခက်ကြုံရတော့သည်။ သူတို့ရိုက်နှက်ခံရခြင်းက ပေါ့ပါးမလား ၊ လေးလံမလားဆိုသည်သာ ကွာခြားသွား၏ ။


လီချန်ယွီက တစ်ဖက်သတ်ကြီး အရိုက်ခံနေရခြင်းမျိုး မလိုချင်ပေ။ ထို့ကြောင့် ဆရာက စတင်ရန် ပြောလိုက်သည်နှင့် ဆရာ၏ တိုက်ခိုက်မှုမှ လွတ်မြောက်အောင် သူ ပတ်ပြေးနေလိုက်သည် ။


ဆရာက အစပိုင်းတွင် နားမလည်နိုင်ဖြစ်သွားသော်လည်း ညှာတာမှုအနည်းငယ်ဖြင့် ပြန်တိုက်ခိုက်လာပြန်၏ ။ 


မထင်မှတ်ထားစွာဖြင့် လီချန်ယွီမှာ ဆရာ၏ တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်ပြီး ပြန်တိုက်ခိုက်ရန်ပင် တွေးမိလာသည် ။ သူက သွက်လက်သောဆရာကို ချဥ်းကပ်ရန်အတွက် သူ့ကိုယ်နေဟန်ထားကိုသာ အားကိုးထားလိုက်သည်။ ဆရာက အမြန်ပြန်တုံ့ပြန်ကာ လီချန်ယွီကို အနိုင်ယူလိုက်သည် ။ အကယ်၍ လီချန်ယွီသာ သူ့ထပ်ပိုသာသွားလျှင် ဆရာတစ်ယောက်၏ဂုဏ်ကို သူဆုံးရှုံးရလိမ့်မည်။


ထို့အပြင် လီချန်ယွီကလည်း သူ့ကို လုံလောက်အောင် အထင်ကြီးစေခဲ့၏။ ဆရာများ၏ လက်မှလွှတ်ရန်နှင့် ပြန်လည်တိုက်ခိုက်နိုင်ရန်က အလွန်ထူးခြားသည့်ကျောင်းသားသာ လုပ်နိုင်ခြင်းဖြစ်သည်။ ၎င်းမှာ လီချန်ယွီယခင်က ထုတ်ပြဖူးသော အင်အားမျိုးမဟုတ်ပေ ။


လီချန်ယွီ၏ သူငယ်ချင်းကပင် အတန်းပြီးသွားချိန်တွင် ဘေးကိုဆွဲပြီး မေးလာ၏ ။ 

" ဟေး...ငါတို့အကုန်လုံးက ညီအစ်ကိုတွေပဲ...ဒါကြောင့် ငါ့ကို မဖုံးကွယ်ထားစမ်းပါနဲ့..."


လီချန်ယွီလည်း ခေါင်းရှုပ်သွား၏ ။

" ဘာကို ဖုံးကွယ်ရမှာလဲ..."


" ဟန်ဆောင်နေတုန်းလား...ငါ့ကိုပြောစမ်းပါ...မင်းက ဝက်တစ်ကောင်လိုဟန်ဆောင်နေပြီး တကယ်တမ်းက နောက်ခံတောင့်ပြီး အင်အားရှိတဲ့သူမလား...မင်း ဒိုင်လျှိုလေးပဲနေချင်လို့ ရည်ရွယ်ချက်ရှိရှိ မင်းရဲ့အထောက်အထားကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်...ဒါပေမဲ့ လူတွေက မင်းကို အထင်သေးလာတဲ့အခါကျမှ မင်းကပြန်ပြီး အလဲထိုးလိုက်တာမလား..."


ထိုသူငယ်ချင်းက 'ငါသိသားပဲ...ဟန်ဆောင်မနေစမ်းပါနဲ့ ' ဟူသော အကြည့်ဖြင့်ကြည့်လာ၏ ။


လီချန်ယွီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် ။

" အများကြီး လျှောက်တွေးမနေနဲ့...အဲ့လိုမဟုတ်ပါဘူး...ဒီနေ့က တကယ်ကြက်ကန်းဆန်အိုးတိုးသွားရုံပဲ..."


" ငါ့မှာရော ဘာလို့ အဲ့လိုစိတ်ချမ်းသာစရာတိုက်ဆိုင်မှုမျိုးမရှိရတာလဲ...ငါ့အထင်တော့ အတန်းထဲက အရည်အချင်းရှိတဲကလေးတွေ မင်းကို ပြိုင်ဘက်အဖြစ် တိတ်တဆိတ်သဘောထားကြတော့မယ်နဲ့တူတယ်..."


ထိုသူငယ်ချင်းမှာ ယခုထိ မယုံကြည်နိုင်သေးပေ ။

" မင်းက လျှို့ဝှက်ဇာတ်လိုက်များလား...မင်းရဲ့ ရွှေလက်ချောင်းက ဘာလဲဆိုတာ ငါ့ကိုပြောစမ်းပါ...မစိုးရိမ်ပါနဲ့...ငါမင်းရဲ့ ရတနာလေးကို သုတ်သင်ပစ်မှာမဟုတ်ပါဘူး...ငါက ဒီအတိုင်း မင်းကို ပံပိုးပေးချင်ရုံပါ..."


မျက်နှာပြောင်တတ်သည့် လူများ၏ စိတ်ကူးယဥ်နိုင်စွမ်းကို ဘယ်တော့မှ လျှော့တွက်၍မရပေ။ 


လီချန်ယွီလည်း တစ်ခဏလောက်တွေးကြည့်ပြီးနောက် ပြောလိုက်သည် ။ 

" မင်းပြောသလိုမျိုး ငါ့တကယ်ထူးဆန်းတာနဲ့ ကြုံတွေ့ခဲ့ရတယ်..."


သူက စတားကွန်ရက်ပေါ်တွင် သူကြုံတွေ့ခဲ့သည်ကိုပြောပြပြီး သူကိုယ်တိုင်ပင် အံ့အားသင့်နေမိသည် ။

" ငါက ဒဏ္ဍာရီလာဇာတ်လိုက်များ ဖြစ်နေမလား..."


သူငယ်ချင်း : " မဟုတ်ဘူး...ဂျူနီယာညီမလေးဆိုတဲ့တစ်ယောက်ကို ငါကြားဖူးတယ်...သူက မင်းထက်တောင် ဇာတ်လိုက်ဆန်သေးတယ်မလား..."


ဆရာကပင်လျှင် လီချန်ယွီကို အထူးစိတ်ဝင်စားသွား၏ ။ 

" ကျောင်းသားလီချန်ယွီ...မင်းမှာ ဒီလိုအင်အားမျိုးရှိနေတယ်ဆိုမှတော့ သေချာအသုံးချသင့်တယ်..."


ဆရာများက ကျောင်းသားများကို တိုက်ခိုက်ရန် သူတို့၏အင်အားအကုန်ကို ထုတ်မသုံးထားသော်လည်း ကျောင်းသားတွများကို အကောင်းဆုံးအနေအထားဖြင့် ထိန်းထားနိုင်ရန်အတွက် အင်အားငါးဆင့်ခန့်အထိ အသုံးချတတ်သည် ။ ထိုကဲ့သို့ အခြေအနေတွင် သူ့လက်ထဲမှ လီချန်ယွီလွတ်မြောက်သွားခြင်းက ဆရာကို အံ့အားသင့်စေရန်လုံလောက်ပေသည်။ ထို့ကြောင့် ဆရာက လီချန်ယွီကို တွေ့သောအခါ သေချာပေါက်အလေးထားမှုကို ဖော်ပြလိုက်သည် ။


လီချန်ယွီ : ' ကျွန်တော် အဲဒါကို သေချာအသုံးချပါတယ်...ခက်တာက ကျွန်တော့်မှာ အရင်က အသုံးချဖို့ အင်အားမရှိရုံပါပဲ...'


ဆရာက လီချန်ယွီကိုပင် စကားပြောခွင့်မပေးသေးဘဲ ဆက်ပြောလိုက်သည် ။ 

" မင်းရဲ့ ဒီအကွက်တွေကို ဘယ်ဆရာက သင်ပေးလိုက်လဲဆိုတာ ငါမေးခွင့်ရှိမလား...ငါ့အထင်တော့ အဲ့ဒါက ငါတို့ကျောင်းကဆရာ ဟုတ်မယ်တော့မထင်ဘူး ...အဲ့ဒါက မာရှယ်လီမင်ရဲ့ ပုံစံနဲ့ နည်းနည်းဆင်တယ်...ဒါပေမဲ့ နောက်ကျတော့လည်း သိပ်မတူတော့ပြန်ဘူး..."


အမှန်တွင် ဤအကွက်နှစ်ကွက်ကို သူ့ဘာသာ အတုခိုးခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကပင် တကယ်မတိုက်ခိုက်ရသေးခင်အထိ တိုးတက်လာသည်ဟု မခံစားရပေ ။ 


သို့သော်လည်း ထိုဆရာက နားလည်နေသည့်အလားခေါင်းညိတ်လာ၏ ။

" ကောင်းပြီ...ကောင်းပြီ...ငါနားလည်ပါတယ်..."


ဆရာကြီးများက ပင်ကိုယ်စရိုက်ကိုယ်စီရှိပြီး နာမည်ကိုမထုတ်ဖော်ဘဲ အခြားသူများကိုသာ သူတို့၏ ဂုဏ်သတင်းကို သယ်ဆောင်ခိုင်းကာ ဖိတ်ကြားခြင်းက ဖြစ်ရိုးဖြစ်စဥ်သာဖြစ်၏ ။ 


' ဆရာတွေတောင်မှ သူက ဆရာကြီးဆိုတာကို လက်ခံလိုက်ပြီပဲ...' 

လီချန်ယွီက ထိုအရာများ အားလုံး၏ တန်ဖိုးကို နားလည်သည်။ သူ ယခင်က စဥ်းပင်မစဥ်းစားဖူးသည့် အခွင့်အရေးမျိုးကို တန်ဖိုးမထားဘဲ မနေနိုင်တော့ချေ။ 


သို့သော်လည်း သူ့သူငယ်ချင်းပြောသလို သူက အတန်းထဲရှိ ထူးချွန်ကျောင်းသားများထံမှ ပစ်မှတ်ထားခံရလောက်သည်။ အချို့သောသူများက သူ့ကို ချဥ်းကပ်ရန်ပင် အလွန်မာနကြီးနေပြီး အချို့သောသူများက အစောကတည်းက လီချန်ယွီကို စမ်းသပ်ရန် မစောင့်နိုင်ကြတော့ပေ။ အထူးသဖြင့် အတန်းပြီးသည့်နောက် ဆရာက လီချန်ယွီကို အထူးတလည်သွားရှာသည်ကို သူတို့သိသွားပြီး အချို့သူများက ပို၍အငြိမ်မနေနိုင်ဖြစ်လာ၏ ။ 


" လီချန်ယွီ ... ကြည့်ရတာ ဒီစာမေးပွဲမှာ မင်းက မင်းရဲ့တကယ့်အဆင့်ကို ပြပေးဖို့ အဆင်သင့်ဖြစ်နေပြီနဲ့တူတယ်...မင်းက အခုချိန်မှာ ဂယက်ရိုက်သွားအောင် အရင်တုန်းက မင်းအရည်အချင်းတွေကို တမင်ဖုံးထားတာမလား..."



💫💫💫