အပိုင်း ၈၁-၈၅
Viewers 14k

Chapter 81


ဟုတ်တယ်... မြောင်မြောင်က အရမ်းဝတယ်


အလွန်ဝပြီး အထူးသဖြင့် ထွားလာသည်။ ယွီချင်းရှီ အတော်လေးလည်း နားမလည်နိုင်ဖြစ်နေ၏။


သူမကဘာလို့ အဲ့ဒါကိုခွေးတိုးပေါက်နဲ့ယှဥ်ရတာလဲ...


ယွီချင်းရှီ အံအားသင့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။

"မင်း.....အရင်က ခွေးတိုးပေါက်ကနေ  ခိုးဝင်ဖူးတာလား..."


"အင်း..."


"..."

ကျန်းရှောင်မန်... မင်းက ကြောက်ဖို့ကောင်းလိုက်တာ...


မင်း ဘာလို့ အရာရာတိုင်းကိုဖြတ်ပြီး ခိုးဝင်ရတာလဲ... မင်း ဘာမှကို မကြောက်တာလား...


မင်းက နတ်ဆိုးပဲ...


ကျန်းရှောင်မန်က ပြောလာပြန်၏။

"နင့်ကြောင်က ဘယ်လိုများ အရမ်းတွေထွားလာရတာလဲ...နင်က ကြောင်မွေးတဲ့နေရာမှာ တော်လိုက်တာ... ငါ့ဘွားဘွားကပြောတယ်... ငါတို့မိသားစုက ဟွားဟွားက အများကြီးစားပေမဲ့ သိပ်မထွားလာလို့ ဝက်ကောင်းမဟုတ်ဘူးတဲ့...နင်သာ ငါ့ကိုသင်ပေးရင် ငါ အရမ်းပျော်မိမှာပဲနော် ..."


မြောင်မြောင် အကြောင်းပြောရရင် ယွီချင်းရှီ သက်ပြင်းလည်းချမိပါသည်။


သူ မျက်မှောင်ကြုတ်ကာ ခဏမျှစဥ်းစားနေပြီးနောက် ပြောလိုက်၏။

"ငါ မသိဘူး...အရင်တစ်ခေါက်တုန်းက တိကုဆရာဝန်က ပြောတယ်...သူဒီလို တအားဆက်ဝနေမယ်ဆိုရင်...သူ ဝိတ်ချရလိမ့်မယ်တဲ့...သူက ထွားလာလွန်းတယ်...သူက စားရင် စားသလောက် ထွားတယ်...."


"လက်စသတ်တော့ များများစားရမှာကိုး..."

ဤသည်က အလွန်အမင်းဆန်းပြားသည့် နည်းလမ်းတစ်ခုတော့ ဖြစ်ပုံမရပေ။ ဘွားဘွားလည်း ဝက်တွေကို ဒီနည်းအတိုင်းမွေးခဲ့တာဖြစ်သည်။ 


ဒါပေမဲ့... ဝိတ်ချတယ်ဆိုတာက ဘာလဲ...


ကျန်းရှောင်မန် နားမလည်ပေ။ သူမ အမြဲထင်ခဲ့သည်ကား ဖြူဖွေးပြီး ပြည့်ဖြိုးသည်က ပိုကောင်းသည်ဟုပင်။ 


သူမ ယွီချင်းရှီကို မေးလိုက်၏။

"အဲ့ဒါဆို... နင်ဗိုက်ဆာလား...ကလေးတွေက အရပ်ရှည်လာအောင်လို့ များများစားဖို့လိုတယ်...."


ဒါပေါ့...သူဗိုက်ဆာတာပေါ့...


 ဗိုက်ဆာလွန်း၍ သူ့ဗိုက်က တကြုတ်ကြုတ်မြည်နေပြီဖြစ်သော်လည်း အတင်းအကြပ် ချုပ်တည်းပြီး ယခုထိတိုင် အောင့်ထားခြင်းဖြစ်သည်။ 

 

သူအဲ့ဒါကို ပြောပြမှာမဟုတ်ဘူး...

 

ကျန်းရှောင်မန်က ရုတ်တရက် လက်ဆန့်ပြီး သူ့ဗိုက်ကို ပွတ်လိုက်၏။

 

"ဘာလုပ်နေတာလဲ "

 ယွီချင်းရှီ သူမလက်ကို ပုတ်ထုတ်လိုက်သည်။


 "နင် ဗိုက်ဆာနေလားလို့ စစ်ဆေးနေတာ...."

 

"ငါ ဗိုက်မဆာဘူး ..."

 ဂွီ ... သူ့ဗိုက်ထဲက အသံမြည်လာ၏။ ၎င်းက တကယ်ကို လေထုကို ဖြိုခွင်းဖို့ အချိန်မှန်ရွေးလိုက်သည်ပင်။ 

 

"......"

 ယွီချင်းရှီ စကားတစ်ခွန်းမှမပြောဘဲ  စိတ်ဓာတ်ကျစွာဖြင့်  ခေါင်းကို ဒူးနှစ်လုံးကြားတွင် မြုပ်ထားသည်။

 

ရှက်စရာကောင်းလိုက်တာ...

 

သူမ ဒီကို ဘာလို့များလာခဲ့ရတာလဲ...


မြန်မြန်သာ ထွက်သွားလိုက်ပါတော့...


သူမ ဘာလို့ သူ့ဗီရိုထဲခိုးဝင်လာရတာလဲ...သူက တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေချင်ရုံပါ...သူတောင်းဆိုတာက အရမ်းများနေလို့လား...


ကျန်းရှောင်မန်က တခစ်ခစ်ရယ်ပြီး ဘာမှပြောမလာပေ။ သူမ ယူထားသည့် စည်သွပ်ဘူးကိုပဲ ဆွဲဖွင့်ဖို့ ကြိုးစားလိုက်၏။ 


သူမ ရနံ့ကို အစွမ်းကုန် ရှူရှိုက်ကြည့်လိုက်သည်။


ပထမတော့ သူမယွီချင်းရှီကို ဆွဲဆောင်ချင်ရုံသာ ဖြစ်သော်လည်း သံဘူးထဲတွင် ပါသည့်ဟာများ၏အနံ့က အရမ်းကောင်းပြီး မွှေးကြိုင်နေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ကျန်းရှောင်မန် သွားရည်တွေကျလာ၏။ 


သူမ ရိုးရိုးသားသား ပြောလိုက်သည်။

"အရမ်းမွှေးတာပဲ...ငါ့မှာ အရသာရှိတဲ့ဟာရှိတယ်...နင်ကြိုက်လား...."


ဂွီ ဂွီ ဂွီ...သူမကို အဖြေပေးလိုက်သည်ကား သူ့ဗိုက်ထဲက ထွက်လာသည့်အသံများပင်။


ယွီချင်းရှီ သူမကို သေအောင် မုန်းပါ၏။


ကျန်းရှောင်မန် လျှာလေးထုတ်ပြီး သံဘူးထဲက အသားကို လျှက်ကြည့်ရာတွင် တွေ့လိုက်ရသည်ကား...တကယ်ကြီး အရသာရှိတယ်...


ဒါ ဘာလေးလဲ...သူမ ဒီလိုဟာမျိုး တစ်ခါမှ မစားဖူးဘူး...


ကျန်းရှောင်မန် မျက်လုံးလေးများတောက်ပလာပြီး သူမတစ်ကိုက် ကိုက်လိုက်သည်။


ထို့နောက် သူမ ဝါးနိုင်သမျှ အစွမ်းကုန်ဝါးနေပြီး ပလပ်ပလပ်အသံများထွက်လာစေ၏။


"အရသာရှိလိုက်တာ... နင်တကယ်ကြီး မစားတော့ဘူးလား..."


ပလပ်....ရှလွတ်...


အဲ့ဒီ တရှူးရှူး တရွှတ်ရွှတ်ကို ရပ်လိုက်စမ်း...

မင်း ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာလား...စိတ်တိုစရာကောင်းလိုက်တာ...


ယွီချင်းရှီ ငိုမိတော့မတတ်ပင်။


သူ့စိတ်ထဲတွင် တိုက်ခိုက်နေသည့် "သူ"နှစ် ယောက်ရှိနေသကဲ့သို့ဖြစ်နေသည်။ တစ်ယောက်က သူ့ကို အရှုံးကို ဝန်မခံဘဲ ဆက်ထိန်းထားဖို့ပြောနေပြီး တခြားတစ်ယောက်က သူ့ကို လက်မြှောက်အရှုံးပေးလိုက်ဖို့ပြောနေ၏။ ကျန်းရှောင်မန်စားနေသည့်ဟာက အရသာရှိပုံရပြီး ထိုဟာ၏မွှေးရနံ့ကိုပင် သူရနေသည်။


နောက်ဆုံးတွင် သူဆက်ပြီး ချုပ်တည်း မထားနိုင်တော့ဘဲ သံဘူးကို ယူကာ စားပါတော့၏။


မတတ်နိုင်ပါချေ၊ သူ အမှန်ကို ဗိုက်အရမ်းဆာနေသည်ပင်။ 


သို့ပေမဲ့ ဒီစည်သွပ်ဘူး၏ အရသာက တကယ် နည်းနည်း ထူးဆန်းနေ၏။ 


သူ တစ်ခါမှ ဒီလိုစည်သွပ်ဘူးမျိုးကို မစားဖူးပေ။


အာ...ဘာပဲဖြစ်ဖြစ်... ဗိုက်ဖြည့်နိုင်သရွေ့ပေါ့...


သူသည် အင်မတန် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ စားသောက်နေပြီး သူမသူ့ကို ရယ်မှာစိုးသဖြင့် စည်သွပ်ဘူးကို အမြန်ပြောင်အောင်ရှင်းလိုက်သည်။


သူစားသောက်ပြီးနောက်တွင် ပါးစပ်သုတ်ပြီး သူမကို အသံတိုးတိုးဖြင့် မေးလေ၏။

"မင်းဒါကို ဘယ်ကရလာတာလဲ...အရမ်းအရမ်း အရသာရှိတာပဲ....."


ကျန်းရှောင်မန်က သူ့ထက်ပင် ပို၍အံ့အားသင့်နေပြီး ပြန်မေးလိုက်သည်။

"နင်လည်း မသိဘူးလား...ငါနင့်စားပွဲ ပေါ်ကယူလာတာလေ....."


အိုက်ယိုး...သူမက အဲ့ဒါကို သူ့စားပွဲပေါ်ကယူလာတာပေါ့...


ဒါဆို မြောင်မြောင့်ရဲ့ စည်သွပ်ဘူးကြီး မဟုတ်ဘူးလား...


အားးးးးးကျန်းရှောင်မန်...မင်းသေမယ်...ငါ့ကို တကယ်တော့ ကြောင်စာကျွေးခဲ့တာပေါ့လေ...


ယွီချင်းရှီ၏ မျက်နှာလေး စိမ်းဖန့်သွား၏။


Chapter 82


[ယွီချင်းရှီ၏ နှစ်လိုမှုတန်ဖိုး-10]


ရုတ်တရက် စနစ်၏အသံက ​ကျန်းရှောင်မန်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။


သူမ အံ့အားသင့်သွားပြီး ဘာတွေဖြစ်နေမှန်း နားမလည်ပေ။


နှစ်လိုမှု တန်ဖိုး-10...ဒါယွီချင်ရှစ်ကသူမကို မကြိုက်လို့လား...


ကျန်းရှောင်မန်၏ နှုတ်ခမ်းလေးမဲ့လာပြီး မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာကာ မျက်ရည်တွေ ကျတော့မလိုဖြစ်နေ၏။ သူမ၏ မျက်ရည်များက မိုးလေဝသခန့်မှန်းချက်ထက် ပို၍ အချိန်မှန်မှန် ရောက်လာပြီး သူမထိုသို့ ခံစားရချိန်တိုင်း ချက်ချင်းပဲလက်ငင်း ငိုနိုင်လေသည်။


စနစ်က ပြောလိုက်၏။

"ပိုင်ရှင်... ဒါက ယွီချင်းရှီ မင်းအပေါ်ထားတဲ့ ခံစားချက်အစစ်အမှန်ပဲ...အခုကနေစပြီး ငါမင်းကို  အမှန်တရားကို သိအောင်ပြောပြပြီးတော့ ယွီချင်ရှစ် နှလုံးသားရဲ့အတွင်းစိတ်က ဘယ်လောက်ထိ အကျည်းတန်လဲဆိုတာပြမယ်...ပိုင်ရှင့်ကို ဟိုးအရင်ကတည်းက ပြောပါတယ်...မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေမဖြစ်နိုင်ပါဘူးလို့...."


ဤသည်ကား စနစ်၏တစ်ကိုယ်ကောင်းဆန်မှုဖြစ်လေသည်။


၎င်းသည် သူတို့နှစ်ယောက် သဘောထားကွဲလွဲစေရန် ကျန်းရှောင်မန်ကို သွေးထိုးခဲ့ပြီး သူတိုနှစ်ယောက်၏ ဆက်ဆံရေးပြတ်တောက်သွားကာ ကိုယ့်လမ်းကိုယ်လျှောက်စေချင် ခြင်းဖြစ်၏။


သို့ပေမဲ့ အသုံးမဝင်ခဲ့ပေ။


စနစ်၏ ဝတ္တရားကျေပွန်စွာဖြင့် တာဝန်တွေပေး၍ ကယ်တင်ဖို့ ကြိုးစားခြင်းကို လျစ်လျူရှုကာဖြင့် ဇာတ်ကြောင်းသည် လမ်းချော်နေသော ရထားတစ်ဆင်းကဲ့သို့ ဆက်သွားနေပြီး ၎င်း၏စကားကို နည်းနည်းမှနားမထောင်ပါချေ။ 


စနစ်ခမျာ ဘာလုပ်ရမှန်းမသိဖြစ်ကာ ရွေးချယ်စရာမရှိပဲ ဤသို့ဤပုံလုပ်လိုက်ရခြင်းဖြစ်လေသည်။ 


၎င်းက ပိုင်ရှင်၏ သေးငယ်နုနယ်သော နုလုံးသားလေးကို အတိုင်းအတာတစ်ခုထိ နာကျင်စေမှာဖြစ်သော်ငြား သူ့မှာလည်း သူ့တာဝန်တွေရှိ၏။ သူ့အနေဖြင့် အသည်းမာသည့် သားသတ်သမားကဲ့သို လုပ်ဖို့သာ ရွေးချယ်နိုင်လေသည်။ 


ကျန်းရှောင်မန် မျက်တောင်ခတ်လိုက်ပြီး သူမ၏မျက်ရည်များက စီးကျလာခဲ့၏။ 


ဘာလို့ ယွီချင်းရှီက သူမကိုမုန်းတာလဲ...အခုလေးတင် သူ သူမရဲ့စားစရာကို စားခဲ့တာမဟုတ်ဘူးလား...


တစ်စုံတစ်ယောက်ရဲ့ အစားအသောက်ကို ယူရင် အကြင်သူရဲ့ ပါးစပ်က နူးညံ့လာပြီးတော့ တစ်စုံတစ်ယောက်ရဲ့ လက်ဆောင်ကို ယူရင် အကြင်သူရဲ့လက်က တိုလာမှာလို့ မဟုတ်ဘူးလား...


ကျန်းရှောင်မန်လေး စိတ်ဆိုးပြီး ဝမ်းနည်းနေပါသည်။ သူမက ငိုရှိုက်ပြီး မေးလိုက်၏။

"နင်ဘာလို့ငါ့ကို မုန်းတာလဲ...."


"ဟမ်..."

ယွီချင်ရှစ် အံ့ဩသင့်သွားသည်။


"နင်  ငါ့ကို အခုမှ မုန်းလိုက်တာ .."


ယွီချင်းရှီ သူအခုလေးတင်စားထားသည့် စည်သွပ်ဘူးကို အမှတ်ရလိုက်ပြီး သူ့မျက်နှာက မည်းမှောင်သွားပြန်၏။ သူက ဒေါသထွက်ပြီး စိတ်မတည်မငြိမ်ဖြစ်နေဆဲဖြစ်သဖြင့် အေးစက်စက်ပြောလိုက်သည်။

 "ငါ မင်းကို အခုမှ မုန်းတာမဟုတ်ဘူး...အစကတည်းကကို တစ်ခါမှ သဘောမကျခဲ့ဖူးတာ..."


"ဝူးးးးးး..."

ကျန်းရှောင်မန် ကျယ်လောင်စွာ အော်ငိုပါတော့၏။သူမ မျက်ရည်များကို သုတ်ပြီး မုန်းတီးစွာ ပြောလိုက်သည်။

"နင် မျိုးမစစ်...လူဆိုး...နင်ဘယ်လိုလူလဲ...."


သူတို့အကုန်လုံးသည် ဘွားဘွား ဦးလေးကို ဆူငေါက်သည့်အခါတွင် သုံးသောစကားလုံးများဖြစ်ကြပြီး သူမအား အတုခိုးခွင့်ပေးမထားပေ။ 

ကျန်းရှောင်မန်က လိမ္မာသည့် ကလေးတစ်ယောက်ဖြစ်သဖြင့် နာနာခံခံဖြင့် လိုက်နာပါ၏။


သို့ပေမဲ့ လက်ရှိတွင် သူမ အလွန်ပင် စိတ်ဆိုးပြီး ဝမ်းနည်းနေသဖြင့် သူမခေါင်းထဲရှိ ရှိသမျှ ဖုရုသဝါစာများ အကုန်လုံးကို ထုတ်သုံးလိုက်သည်။ 

"နင် တုတ်ကြီး...ဦးနှောက်ထဲမှာ ဂွမ်းတွေပြည့်နေတဲ့ငတုံး...ငါနင့်ကို ဂရုမစိုက်တော့ဘူး...ငါတို့က သူငယ်ချင်ကောင်းတွေလို့ငါထင်ခဲ့တာ...ငါနင့်ကို ပစ္စည်းတွေ ပေးတယ်...စာပို့တယ်...ပြီးတော့ ပျော်စရာကောင်းတာတွေလည်း ပြတယ်...ဒါပေမဲ့ နင်ကကြတော့ ငါ့ကို မကြိုက်ဘူး...."


ယွီချင်းရှီ တွေဝေသွားသည်။


သူ အနည်းငယ်အပြစ်ရှိသလို ခံစားရ၏။


ကျန်းရှောင်မန်က သူ့ဆီကို စာတွေရေးခဲ့ပြီး သူ့အား ပစ္စည်းတွေ အများကြီးပေးခဲ့ကာ ကျားဦးထုပ်၊ ပုံသဏ္ဍာန်ထူးဆန်းသည့် ကျောက်စရစ်ခဲများနှင့် တခြားကြောက်စရာကောင်းသည့် အရုပ်တွေ အများကြီးပါသည်။


ကြည့်သည်မှာ.....အဆင်ပြေသေးပုံရ၏။


ယွီချင်းရှီ တိုးတိုးလေး ပြောလိုက်သည်။

"ကောင်းပြီ... ဘယ်လိုပဲဖြစ်ဖြစ်... ငါမင်းကို မကြိုက်ဘူး....."

သူ့အသံက အားမပါ ပါချေ။


[ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး+10]


ကျန်းရှောင်မန် အငိုရပ်လိုက်သည်။ သူမ မျက်တောင်လေးခတ်ပြီး တဖန်ပြုံးလေ၏။


သူမက ဒေါသတကြီးဖြင့် "လူလိမ်...နင်လိမ်နေတာ...နင် မရိုးသားဘူး... "ဟု

 ပြောလိုက်သည်။

 

ယွီချင်းရှီ၏ မျက်နှာလေး နီရဲသွားကာ သူ့လည်ပင်းတွေ တောင့်တင်းလာပြီး သူမကို ပြန်ခံငြင်းလိုက်၏။

 "ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ... ငါ့ကိုမြောင့်မြောင့် စည်သွပ်ဘူး ကျွေးပါလို့ မင်းကိုဘယ်သူကပြောလဲ...."

 

[ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး -10 ]

 

မြောင်မြောင့်၏ စည်သွပ်ဘူးက အတော်လေးအရသာရှိသော်ငြား သူငယ်ချင်လေးယွီချင်းရှီ၏ စိတ်ထဲတွင် ထိုဟာက ကြောင်တွေပဲ စားရမည့်ဟာဟု ခေါင်းမာမာနှင့် ယုံကြည်ခဲ့သည်။

 

သူ မြောင်မြောင့်စည်သွပ်ဘူးစား=သူက မြောင်မြောင် =သူက ကြောင်


 သူ၎င်းကို လက်မခံနိုင်သဖြင့် ဒေါသထွက်နေ၏။

 

ကြိုးစားအားထုတ်မှုတွေ များစွာပြုလုပ်ပြီး ပြန်လည်မြင့်တက်လာသည့် နှစ်လိုမှုတန်ဖိုးသည်လည်း ပြန်ကျသွားလေသည်။


 ကျန်းရှောင်မန်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။

 "အဲ့တာက ဘာဖြစ်နေလို့လဲ... ငါတောင် အရင်က ဟွားဟွားရဲ့ ဖရုံသီးကို စားဖူးသေးတယ်....."


 ဟွားဟွား...ဝက်လား...


 သူမ အရင်က ဝက်စာစားဖူးတယ်ပေါ့...


 ယွီချင်းရှီ အံ့အားသင့်သွားသည်။


 "အဲ့ဒါက အရမ်းအရသာရှိတာ...မွှေးပြီး ချိုတယ်...နောက်တစ်ခါကျရင် ငါနင်စားဖို့ ယူလာပေးမယ်"

ကျန်းရှောင်မန် သူ့ကို စိတ်ရင်းဖြင့် ဖိတ်မန်သမှုပြုလိုက်၏။


Chapter 83


ယွီချင်ရှစ် ခဏတာ တိတ်ဆိတ်သွား၏။ သူက တစ်ခုခုတွေးနေပုံရသော်လည်း သူမစိတ်ထဲတွင် စနစ်၏အသံ ထွက်ပေါ်လာသည်။


[ယွီချင်းရှီ၏ နှစ်လိုမှုတန်ဖိုး +10]


"မစားချင်ဘူး ..."

ယွီချင်ရှစ်က သူမကိုငြင်းလိုက်၏။


"..."

ကျန်းရှောင်မန် သူမခေါင်းကို ကုတ်လိုက်ပြီး သူမ၏ခေါင်းသေးသေးလေးတွင်ကား သိသိသာသာကို သံသယများဖြင့် ပြည့်နေသည်။


ဒီနှစ်သက်မှုတန်ဖိုး ကျတာ မြင့်တာက အရမ်းမြန်နေတယ်...သူက သူမကို ကြိုက်တာလား မကြိုက်တာလား...


ဘာလို့ ရက်စက်တဲ့ဟာတစ်ခုခု ပြောလိုက်တိုင်း သူ့ရဲ့နှစ်သက်မှုတန်ဖိုးက တိုးလာရတာလဲ...


ဟူး...ဒီသူငယ်ချင်းလေး ယွီချင်းရှီကတော့လေ ... ကလေးတွေက အရမ်းဒုက္ခများတာပဲ...


ကျန်းရှောင်မန် ဆက်ပြီး ခင်ခင်မင်မင်နေဖို့ ဆုံးဖြတ်လိုက်၏။ 

"နှံကောင်ကင်တွေလည်းရှိတယ်...သူတို့ရဲ့အနံ့က အရမ်းမွှေးပြီး အရသာရှိတာ..."


[ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး -10 ]


"နင် နှံကောင်ကင်မကြိုက်ရင်လည်း...ပျားရည်နဲ့တည်သီးလိုမျိုး တခြားဟာတွေရှိသေးတယ်... ပျားရည်က ...အထူးသဖြင့် အရမ်းမွှေးပြီးချိုတယ်...ဦးလေးကပြောတယ်...တောပျားရည်ကို လက်ထဲရဖို့က မလွယ်ဘူးတဲ့.."


[ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး +10 ]

 

 "သူပြန်ယူလာတဲ့ ပျားလပို့ထဲမှာ ပျားသားလောင်းလေးတွေပါရင် မျစ်ချဥ်နဲ့ကြော်တဲ့အခါလည်း အရသာရှိတာပဲ ...ပျားသားလောင်းတွေက ကြက်သားထက်ပို အာဟာရရှိတယ်လို့လည်း ဦးလေးကပြောတယ်... ဒါနဲ့ ပျားသားဟလောင်းတွေဆိုတာ ဘာလဲသိလား...အဲ့ဒါတွေက.....ဖြူတယ် အဆီဥ အစုလေးတွေ..."

  

[ယွီချင်ရှစ်၏ နှစ်သက်မှုတန်ဖိုး -10 ]

  

"အာ...နင်အဲ့ဒါတွေ တစ်ခုမှ မကြိုက်ဘူးလား..."

 

 ကျန်းရှောင်မန် စိတ်ပင်ပန်းစွာဖြင့် ပြောလိုက်သည်။ 

  "နင်က အရမ်းဒုက္ခများတာပဲ...."

  

ကျန်းရှောင်မန်က အရသာရှိသည့် အစားအသောက်တွေနှင့် ပျော်စရာကောင်းသည့်အရာ အများကြီးကို တန်းစီပြောနေပြီး စနစ်ကလည်း သူမခေါင်းထဲတွင် အသိပေးချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာ နေကာ ဆက်တိုက်ဆိုသလို  တဒင်ဒင် တဒေါင်ဒေါင် မြည်နေ၏။

  

[ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး+10]

  

 [ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး-10]

  

 [ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး+10]

 

[ယွီချင်ရှစ်၏ နှစ်လိုမှုတန်ဖိုး-10]


......


ကျန်းရှောင်မန်၏ ခေါင်းသည် ပေါက်ကွဲထွက်တော့မလိုဖြစ်နေသည်။


ခဏအကြာတွင် အသံက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။


ကျန်းရှောင်မန် စနစ်အား သိလိုစိတ်အပြည့်ဖြင့် ဘာလို့ ဆက်ပြီး တိုးတက်မှုမှတ်တမ်းတွေကို မထုတ်ပြန်တော့တာလဲဟု မေးလိုက်သည်။


စနစ်က ခဏလောက် ငြိမ်သွားခဲ့ပြီး 

".....ထားလိုက်တော့...ဆူညံလွန်းတယ်...."


အိုခေ...


သူမသူငယ်ချင်းက သူမကို မမုန်းမှန်း သိရသည်နှင့်ပင် သူမ အတော်လေး ဝမ်းသာနေပြီဖြစ်၏။ ယွီချင်းရှီ၏ သဘောထားက တက်လိုက်ကျလိုက် ဖြစ်နေဆဲဖြစ်သော်လည်း ကိစ္စမရှိပါလေ။ ကလေးတွေက ဒီလိုပဲ ဖြစ်၏။ သူတို့က အလွန်အင်မတန် ကိုင်တွယ်ရခက်ကြသည်ပင်။ 


ဦးလေးကလေးဘဝတုန်းက တကယ်ကို ဆိုးပြီး အရိုက်ခံသင့်သည်ဟု ဘွားဘွားက ပြောခြင်းမှာ မဆန်းတော့ပေ။ ကောင်လေးတွေ အကုန်လုံး ငယ်ငယ်တုန်းက ဤအတိုင်းသာဆိုပါလျှင် သူမလည်း ရိုက်ချင်မိမှာ ဖြစ်၏။ 


သို့ပေမဲ့ အဆင်​ပြေပါသည်။ သူမအနေဖြင့် ပိုပြီး နူးညံ့သိမ်မွေ့ရမည်ဟု ဦးလေးကပြော၏။ သူမက ဘွားဘွားထက်ပိုပြီး နူးညံ့ချင်သည့်အတွက်  သူမ ယခုတော့ ယွီချင်းရှီကို ရိုက်မှာမဟုတ်ချေ။

သူမ ဤတစ်ခုကို လွှတ်ပေးနိုင်ပါ၏။ 


ကလေးနှစ်ဦးသည် အဝတ်ဗီရိုထဲတွင် စကားပြောနေကြပြီး အတော်လေး ပနံသင့်နေသည်။ နောက်ဆုံးတွင် ယွီချင်းရှီက သူပင်ပန်းနေပြီး အိပ်ချင်ကြောင်း ပြောလာခဲ့၏။ ကျန်းရှောင်မန်လည်း ပင်ပန်းနေပြီဖြစ်သည်။ သူမ ခေါင်းအုံး အရင် ယူပြီးမှ အိပ်တော့မည်ဟုဆိုလိုက်၏။ 


ယွီချင်းရှီ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် သူမကို သွားခိုင်းလိုက်သော်ငြား ဗီရိုကို မှီပြီး အိပ်ပျော်သွားခဲ့သည်။


ကျန်းရှောင်မန် ဗီရိုထဲမှ ထွက်ပြီးနောက် အရင်ဆုံး အိပ်ရာဆီသို့ သွား၍ ခေါင်းအုံးတစ်လုံးလိုက်ပြီး ၎င်းနောက် ဗီရိုဆီသို့ ပြန်သွားတော့မည်လုပ်၏။ သို့ပေမဲ့ ရုတ်တရက် သူမ အရေးကြီးသည့်ဟာကို အမှတ်ရသွားပြီး တံခါးဆီသို့ ပြေးကာ ယွီဝမ်ချန်းကို တံခါးဖွင့် ပေးလိုက်သည်။ 


သူမ တံခါးဖွင့်လိုက်သည်နှင့် ယွီဝမ်ချန်းကို မြင်လိုက်ရ၏။ သူ့မျက်နှာက စိုးရိမ်သောကရောက်နေသော်လည်း သူ့ကိုယ်သူ  တည်ငြိမ်အောင် ထိန်းထားရသည်။ 


ရှောင်မန်ထွက်လာသည်ကိုမြင်သည်တွင် ယွီဝမ်ချန်က ချက်ချင်း မေးလာ၏။

"ရှောင်မန်... ဘယ်လိုနေလဲ... သူအခု စားချင်စိတ်ရှိနေရဲ့လား...."


"သမီးတို့ စားပြီးသွားပြီ...အခုပင်ပန်းနေလို့ အိပ်တော့မှာ.."


ထိုသို့ပြောပြီးနောက် ကျန်းရှောင်မန် သူမမျက်လုံးလေးများကို ပွတ်လိုက်ပြီး အိပ်ချင်မူးတူးဟန်ဖြင့် အဝတ်ဗီရိုဆီသိုပြန်သွားကာ ယွီချင်းရှီအား ချက်ချင်း ခေါင်းအုံးပေးလိုက်သည်။သူတို့ နှစ်ယောက်စလုံး ဗီရိုတစ်ဖက်ခြမ်းတွင် မှီလိုက်ကြပြီ မကြာမီပင် နှစ်ယောက်လုံး အလျင်အမြန် အိပ်ပျော်သွားခဲ၏။


ကျန်းရှောင်မန်အနေဖြင့် သက်တောင့်သက်သာရှိသည့် အိပ်ရာပေါ်တွင် အိပ်ချင်သော်လည်း သူမ၏ သူငယ်ချင်းလေး ယွီချင်းရှီသည် ဗီရိုထဲတွင် တစ်ယောက်တည်း အိပ်ရပါက ကြောက်နေလောက်မည်ဖြစ်ကြောင်း သူမ ခံစားရသည်။သူမမှာ ရွေးချယ်စရာမရှိပဲ သူနှင့်အတူလိုက်အိပ်ရတော့၏။ 


ဒါက ကလေးတွေဘယ်လောက် ဒုက္ခများသလဲဆိုတာပဲနော်...သူမက ကြင်နာတတ်လွန်းသည်။


ယွီဝမ်ချန်း သူမဗီရိုထဲတွင် ပုန်းလိုက်သည်ကို ရောထွေးနေသည့်ခံစားချက်များဖြင့် ကြည့်နေမိ၏။


သူ အကြာကြီး ကြက်သေသေကာ  မတ်တပ်ရပ်နေပြီးမှ ဗီရိုတံခါးကို ဖွင့်လိုက်ရာတွင် အထဲမှာ အိပ်နေသည့် ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် သူ လေးလံစွာ သက်ပြင်းချလိုက်သော်လည်း အနည်းငယ်စိတ်သက်သာရာရသွား၏။


Chapter 84

သူ ကလေးတွေကို တစ်ယောက်ချင်း ချီထုတ်ကာ အိပ်ရာပေါ်သို့ ဂရုတစိုက် ချပေးပြီးနောက် အခန်းထဲမှ ထွက်သွားလေသည်။


ထိုအချိန်တွင် စိတ်ကျန်းမာရေးအထူးကုလည်း ရောက်နေပြီဖြစ်၏။


ကျန်းရှင်းနှင့် စိတ်ကျန်းမာရေးအထူးကုတို့က ယွီဝမ်ချန်းကို ဧည့်ခန်းထဲမှာ စောင့်နေကြသည်။


ယွီဝမ်ချန်း ထွက်လာသည်ကိုမြင်လျှင် စိတ်ပူနေသော ကျန်းရှင်းက စိတ်ကျန်းမာရေးအထူးကု မပြောရသေးခင်တွင် အရင်မေးလိုက်၏။ 


"ဘယ်လိုနေလဲ ဘော့စ်ယွီ...ကျွန်တော်တို့ရှောင်မန်..... အဲ့ဒါ မလုပ်ခဲ့ပါဘူးနော်..."


သူမ လူကို ရိုက်နှက်မပစ်ခဲ့ဘူးလား...

ကျန်းရှင်း စိတ်ပူလွန်း၍ သေပါတော့မည်။


"မလုပ်ပါဘူး...."

ယွီဝမ်ချန်က ပြုံးလိုက်ပြီး ၎င်းနောက် *စိတ်ပညာရှင်ကို ပြောပြလေသည်။

(T/N–Eမှာကိုက ပြောင်းသုံးထားတာပါ)


အခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြပြီးသည့်နောက်တွင် စိတ်ပညာရှင် ခဏတာ ငြိမ်သွားခဲ့၏။ အခြေအနေကို ဆန်းဆစ်ပြီးသည့်နောက် သူကပြောလိုက်သည်။ 

"မစ္စတာယွီ...ဟိုနေ့က ခင်ဗျားကို ကျွန်တော်  သူနဲ့အပေါင်းအသင်းလုပ်ရအောင် ရွယ်တူကလေးတွေရှာဖို့ အကြံပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး...အခုက တော်တော်ကို အခြေအနေကောင်းနေပြီ...လောလောဆယ်တော့ အရင်ဆုံး စောင့်ကြည့်ရအောင်ဗျာ...."


ယွီချင်းရှီက ငယ်လွန်းပြီး အလွန်စိတ်ထိခိုက်လွယ်လေသည်။ 


လေးနှစ်အရွယ်ကလေးတစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းပေါင်း တစ်ထောင်ရှိလျှင်ပင် စိတ်ပညာရှင်အနေဖြင့် ဆေးဝါးသုံးစွဲခြင်းကို အားမကိုးချင်သလို သူ့အားအိပ်မွေ့ချရန်လည်း ကြိုးစားမှာမဟုတ်ပေ။


သူသည် သင်ကြားမှုနှင့် နွေးထွေးမှုတို့မှတဆင့် ကုသခြင်းကိုသာ အားပေးလေသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်ကား သူ တဖြည်းဖြည်းနှင့်နေကောင်းလာမှာပင်။


ယွီချင်းရှီက သူစိမ်းတွေကို အလွန်မနှစ်မြို့ခြင်းသာဖြစ်ပြီး သူတို့အနေဖြင့် သူ့အတွက် ကစားဖော်ရှာမပေးနိုင်ခဲ့။ ယခုတွင် ကလေးမလေးတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့ပြီးနှစ်ယောက်သားလည်း ကောင်းကောင်းအဆင်ပြေကြ၏။ ထိုသည်ကား ကောင်ကင်ဘုံမှ အပ်နှင်းသည့် အံ့ဖွယ်ကုထုံးဖြစ်လေသည်။


ယွီဝမ်ချန် မျက်လုံးတွေကျိမ်းလာပြီး ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်...ရှောင်မန်က မိန်းမကောင်းလေးပါ.. ကျွန်တော့်ဘဝမှာ တခြားဘာမှမလိုချင်ပါဘူး...ကျွန်တော့်သားလေး နေကောင်းလာဖို့ပဲ မျှော်လင့်တာပါ...အိုင်း...အဖေရဲ့ ပြစ်မှုတွေက သားအပေါ်မှာ မကျရောက်သင့်ဘူး...."


စိတ်ကျန်းမာရေးအထူးကုက အဓိပ္ပာယ်ပါသည့် အပြုံးတစ်ခု ပြုံးပြလာသည်။ သူ ဘာမှမပြောခဲ့ဘဲ မကြာမီ ထွက်ခွာသွားလေ၏။


ဤသည်က ဘော့စ်၏ကိုယ်ရေးကိုယ်တာ လျို့ဝှက်ချက်များနှင့် ပတ်သတ်နေပြီး သူ့အနေဖြင့် ဝင်ရောက် စွက်ဖက်ဖို့ ခက်လှသည်။ 


ယွီမိသားစု၏ ဆေးဘက်ဆိုင်ရာသမိုင်းကြောင်းကို သူလေ့လာခဲ့ပြီးဖြစ်၏။ ယွီဝမ်ချန်းမှာ တစ်စုံတစ်ရာဖြစ်မနေပေ။ ပြဿနာရှိသူကား ယွီချင်ရှစ်၏မိခင် ဖြစ်သည်။ 


စိတ်ရောဂါက ​မျိုးရိုးလိုက်နိုင်၏။ ယွီချင်းရှီ၏ မိခင်မှာ ပြဿနာတချို့ရှိနေသည်။ သူငယ်ငယ်တုန်းက သူမ သူ့ကိုပြုစုစောင့်ရှောက်ပေးခဲ့စဥ်တွင် သူမ၏စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများအောက်တွင် အလွန်ကြမ်းတမ်းရက်စက်သည့်အရာတချို့ ပြုလုပ်ခဲ့ပြီး ဤလှုံ့ဆော်မှုက သူ့အပေါ် သက်ရောက်ခြင်းနှင့် ပြီးဆုံးသွားခဲ့၏။


ထိုကိုယ်တွင်းနှင့်ပြင်ပ အရင်းခံများ၏ လွှမ်းမိုးမှုအောက်တွင် ယွီချင်းရှီကား ဤသို့ အဆုံးသတ်သွားခဲ့သည်။ 


ထိုသို့သော ပြစ်မှုဖြစ်ချေ၏။ ယွီချင်းရှီက အလွန်ကို ထက်မြက်သောကလေးဖြစ်သည်။စကားပြောရသည်ကို မကြိုက်သော်လည်း သူ၏အာရုံစူးစိုက်နိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းက ရွယ်တူများထက် ပိုကောင်းလေ၏။ စိတ်ဖိစီးမှုရောဂါကြောင့်သာမဟုတ်ပါက သူသည် အလားအလာကောင်းသည့် အနာဂတ်ရှိသော ကောင်းကင်ဘုံ၏ဂုဏ်ယူဖွယ် သားတော်လေး ဖြစ်နေမှာဖြစ်သည်။ 


ကလေးနှစ်ယောက် နိုးလာချိန်တွင် ညစာစားချိန်ရောက်နေပြီဖြစ်၏။ 


ယွီဝမ်ချန်းက ကျန်းရှင်းနှင့်ကျန်းရှောင်မန်ကို အိမ်မပြန်ခင် ညစာစားသွားဖို့ပြောသည်။ 


ကျန်းရှောင်မန်လေး အရမ်းပျော်သွား၏။ အရသာရှိသည့် အစားအသောက်များ စားခြင်းသည် သူမအကြိုက်ဆုံးအလုပ်ဖြစ်လေသည်။ ယွီချင်ရှစ်၏အိမ်က အလွန်ကြီးမားပြီး လှပကာ သီးခြားမီးဖိုချောင်ပင် ရှိသေး၏။ မီးဖိုချောင်က သူတို့၏ခြံဝန်းထက် ပိုပေါ်လွင်နေပြီး သူတို့လုပ်သည့် အရာများကလည်း သေချာပေါက် အရသာရှိမှာဖြစ်သည်။


အိမ်ရှိ သူမဘွားဘွားကို သတိရပြီး ကျန်းရှောင်မန်က အသံသေးသေးလေးဖြင့် သူမအတွက် အိမ်ချက်လက်ရာတချို့ယူသွားချင်ကြောင်း တောင်းဆိုလိုက်၏။


ဒါ ဧည့်သည်တစ်ယောက်ပြုမူရမဲ့ပုံစံလား...


ကျန်းရှင်း ရှက်လွန်း၍ ကျန်းရှောင်မန်၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ သူ သူမအား အိမ်ရောက်မှ လူတစ်ယောက်ဟာ အထူးအသဖြင့် ဧည့်သည်ဖြစ်နေသည့်အချိန်မှာ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ရမည်ဖြစ်ကြောင်း ဆုံးမဖို့ တေးထားလိုက်၏။ သူမ က ကိုယ့်အိမ်ကိုယ့်ယာများထင်နေတာလား...


သို့ပေမဲ့ ယွီဝမ်ချန်းက နည်းနည်းမျှပင် စိတ်မကွက်ပါဘဲ သူမအား လိမ္မာပြီး ဝတ္တရားကျေပွန်သည့် ကလေးတစ်ယောက် ဖြစ်သည့်အတွက် ချီးမွမ်းခဲ့သည်။ သူက အမှန်ကို ကျန်းဟွေ့မိန်အတွက် အိမ်ပြန်သယ်သွားဖို့ သူမအား တစ်စုံတစ်ခုကို အထူးတလည် ထုတ်ပိုးပေးလေ၏ ။


ကျန်းရှောင်မန် ပိုပျော်သွားသည်။ သူမက သူမနောက်တစ်ခေါက် ထပ်လာဦးမှာဖြစ်ပြီးသူမ၏အိမ်မှ  ဦးလေးယွီစားဖို့  စားစရာလည်းယူလာမှာဖြစ်ကြောင်း ပြောလိုက်၏။


ယွီဝမ်ချန်းက အဆင်ပြေလေသည်။ သူက ပြုံးကာသဘောတူလိုက်ပြီး သူမအချိန်ရသည်အခါတိုင်း ထပ်မံ၍ လာကစားဖို့ ပြောလိုက်၏။ သို့ပေမဲ့ ယွီချင်းရှီကမူ တခိုက်ခိုက်တုန်သွားပြီး သူ့မျက်နှာလေး ရုတ်တရက်  စိမ်းဖန့်သွားသည်။


ကျန်းရှောင်မန် သူ့အတွက် ဘယ်လိုအစားအစာမျိုးလာမည်ဆိုသည်ကို သူ့အနေဖြင့် စိတ်ကူးပုံဖော်ကြည့်ဖို့ရာ  ခက်ခဲလှ၏။


နှံကောင်ကင်များဖြစ်နေမလား...ဒါမှမဟုတ် မျစ်ချဥ်နဲ့ကြော်ထားတဲ့ ပျားသားလောင်းတွေများဖြစ်နေမလား...မဟုတ်ရင်  .....ဘယ်လိုတခြားထူးဆန်းတဲ့....အစားအစာမျိုးတွေများလဲ...


Chapter 85


ကျန်းဟွေ့မိန်၏လက်များက ကျင်ကျင်လည်လည် ပိုင်ပိုင်နိုင်နိုင်ရှိပြီး တစ်ရက်တည်းနှင့်ပင် အိမ်ကို ကောင်းကောင်း ရှင်းလင်းပြီးဖြစ်လေသည်။ ပြင်ဆင်၍မရသောအရာဝတ္ထုများသိုမဟုတ်  လေးလွန်း၍ ရွှေ့မရသောအရာဝတ္ထုများမှလွဲ၍ အရာအားလုံးကို သက်ဆိုင်ရာနေရာများတွင် ချထားပြီးဖြစ်၏။


ဟောင်းနွမ်းပျက်စီးနေသော အိမ်ကြီးသည် ပြန်လည်ပြုပြင်ပြီးနောက် အင်မတန်နွေးထွေး သပ်ရပ်လာခဲ့သည်။ 


ကျန်းရှောင်မန်နှင့် ကျန်းရှင်းတို့ ယွီမိသားစုအိမ်မှ ပြန်လာသောအခါ သူတို့အိမ်ရှေ့တွင် မီးပုံးချိတ်ထားသည်ကို အဝေးမှ မြင်လိုက်ကြရ၏။


ထိုသည်ကား အမှောင်ထဲတွင် လိမ္မော်ရောင် တောက်ပနေသည့် မြူးထူးတက်ကြွဖွယ် အနီရောင်မီးပုံးလေးပင်။ အနားဝန်းကျင်ရှိ အိမ်အများစုက လူမနေကြသည်ဖြစ်ရာ ထိုမီးပုံးလေး၏ လိမ္မော်ရောင် အလင်းသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် တစ်ခုတည်းသော ထွန်းလင်းတောက်ပနေသည့် အရောင်ကဲ့သို့ထင်ရပေသည်။


နွေးထွေးပြီး.တောက်ပနေခဲ့၏။


ထိုဟာကို ကျန်းဟွေ့မိန် ဝယ်ပြီး သူမဘာသာသူမ ချိတ်ထားခြင်းဖြစ်ကာ ၎င်း၏အထဲတွင် မီးသီးတစ်လုံးပါလေသည်။


နှစ်သစ်ကူး၏အငွေ့အသက်များက တဖြည်းဖြည်းနှင့် လွင့်ပါးသွားပြီ ဖြစ်သော်ငြားကျန်းဟွေ့မိန်၏နှလုံးသားတွင် အနည်းငယ်လမ်းပျောက်နေသလိုခံစားရ၏။မရင်းနှီးသည့် ပတ်ဝန်းကျင်တစ်ခုသို့ ရောက်နေချိန်တွင် သူမအနေဖြင့် သူမ၏နှလုံးသားအား ငြိမ်အေးမှုရစေရန် အတိတ်မှ တသသ လွမ်းစရာတစ်ခုခုကို ရှာဖွေရမည်ဖြစ်ပေသည်။


ဤလမ်းကြားလေးသည်ကား ကျဥ်းမြောင်းပြီး အိုဟောင်းနေကာ လူသွားလူလာလည်း များစွာမရှိပါချေ။ ကလေးတွေ သူတို့၏အိမ်ပြန်လမ်းကို ရှာမတွေ့မှာစိုးသဖြင့် ကျန်းဟွေ့မိန် မီးပုံးတစ်ခုချိတ်ဆွဲလိုက်၏။ 


"ဘွားဘွား... "


ကျန်းရှောင်မန် မီးပုံးအောက်တွင်ရပ်ကာ ၎င်းကိုအကြာကြီးကြည့်နေခဲ့သည်။သူမ ကြည့်လေလေ ထိုမီးပုံးကို ကြိုက်လေလေဖြစ်သောကြောင့် ထိုအပေါ် တစ်ခုခုရေးဆွဲဖို့ သူမဆုံးဖြတ်လိုက်၏။


ထိုအကြောင်းကို ခဏမျှစဥ်းစားနေခဲ့ပြီးနောက် သူမဘာဆွဲရမလဲဆိုသည်ကို သိသွားခဲ့သည်။

"ဘွားဘွား... သမီး မီးပုံးပေါ်မှာ ဝက်ပုံဆွဲမလို့..."


၎င်းဝက်သည် သဘာဝကျကျပင် ဟွားဟွားဖြစ်ချေ၏။


"နောက်ကျနေပြီ...သမီးဦးလေးကို မီးပုံးကို ဖြုတ်ခိုင်းလိုက်...အဲ့လိုဆို သမီးမနက်ဖြန်ကျရင် အဲ့အပေါ်မှာ ဆွဲလို့ရပြီ.."


ကျန်းဟွေ့မိန် ကျန်းရှောင်မန်ကို ကောက်ချီပြီး သုံးယောက်သား အိမ်ထဲဝင်သွားခဲ့ကြသည်။


ကျန်းဟွေ့မိန်က ညစာစားပြီးနေပြီဖြစ်ကာ ကျန်းရှင်းနှင့် ကျန်းရှောင်မန်တို့၏ဝေစုစားစရာကို ပူပူလေးဖြစ်အောင် နွေးနေ၏။


အိမ်တွင် ရေခဲသေတ္တာမရှိသဖြင့် အစားအသောက်များသည် တစ်ညလွန်သွားပါက သိုးကုန်မှာဖြစ်သည်။စားလိုက်ရန်မှတပါး တခြားရွေးချယ်စရာမရှိသော ကျန်းရှောင်မန် နှင့် ကျန်းရှင်းတို့အနေဖြင့် ဗိုက်တင်းနေသော်ငြားလည်း စားခဲ့ကြ၏။


ကျန်းရှောင်မန် သူမ၏ဗိုက်လေး ဖောင်းကားလာသည်အထိစားခဲ့သည်။ ခဏအကြာတွင် သူမ ကိုယ့်ဗိုက်ကိုယ် ကိုင်ပြီး ညည်းတွားလိုက်၏။


"ဟား....အရမ်းဗိုက်ပြည့်နေပြီ...."


"ငါ့ဗိုက်လည်း ဟွားဟွားရဲ့ဗိုက်လောက်ကြီးရင် သိပ်ကောင်းမှာပဲ.."


ကျန်းရှောင်မန်က ဆက်ပြောလေသည်။

"အဲ့လိုဆို ငါ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးကို အလဟဿမဖြစ်ဘဲ စားနိုင်မှာ...."


စနစ် သူမစကားကို နားထောင်ပြီး သရော်ချင်လာ၏။


သူမဗိုက်သာ ဟွားဟွား၏ဗိုက်လောက်ကြီးပါလျှင် သူမဝိတ်လျော့ဖို့ တကျီကျီညံအောင်ပြောနေပါလိမ့်မည်။ 


သူ့၏ပိုင်ရှင်က တကယ်ကိုချီးထုတ်လေးဖြစ်၏။


သူမ သူမ၏အလှအပနှင့် ချစ်စရာကောင်းမှုကို ဆုံးရှုံးသွားပါလျှင် ဝိတ်လျော့ခြင်းက သူမ၏ ပထမဦးစားပေးဖြစ်လာမှာဖြစ်သည်။


"ပိုင်ရှင်...ယေဘုယျအားဖြင့်ပြောရရင် လူတစ်ယောက်ရဲ့အူတွေက သူတို့အရပ်ရဲ့ ငါးဆကနေခြောက်ဆလောက်အထိရှိတယ်...အဲ့ဒါနဲ့တင် တော်တော်များများ ဆန့်နေပါပြီ..."


စနစ်၏စကားကို နားထောင်ပြီးနောက် ကျန်းရှောင်မန် သူမ၏ဗိုက်လုံးလုံးလေးကို အံအားတကြီး ပုတ်လိုက်၏။ 

"ဒါပေမဲ့...သမီးက နည်းနည်းလေးပဲစားခဲ့တာ....."


သူမ အခုထိ များများမစားရသေးသော်ငြားလည်း ဗိုက်ကပြည့်နေပြီဟု ခံစားရသည်။


"နည်းနည်းလေး မဟုတ်ပါဘူး....."

စနစ်က သူမကို အစားအသောက်တွေ တစ်ခုချင်း ပြန်ရွတ်ပြလေ၏။

"ကြက်အစပ် ဘဲကင် ငါးချိုချဥ် ဝက်ဂုတ်သား စွတ်ပြုတ် ခြင်သေ့ခေါင်းအသားလုံး ဂေါ်ဖီအစပ်ကြော် ဝက်ပေါင်ခြောက်ထမင်းပေါင်း ပြီးတော့..... "


"ရပြီ...ရပြီ..."

ကျန်းရှောင်မန် အပြစ်ရှိသလိုခံစားရသဖြင့် ဝင်ဖြတ်ပြောလိုက်သည်။


ထိုအရသာရှိသော ဟင်းလျာများအားလုံးကို ယွီချင်းရှီတို့အိမ်တွင် စားခဲ့ခြင်းဖြစ်၏။ 


အစားအသောက်တွေက အလွန်ကိုအရသာရှိသည့်အတွက် ကျန်းရှောင်မန် မထိန်းနိုင်ဘဲ အများကြီးစားမိခဲ့သည်။


မှန်သည်ပင်၊ ဘွားဘွား၏ ဟင်းချက်လက်ရာကလည်း အရသာရှိသောကြောင့် သူမ အိမ်ပြန်ရောက်သည်နှင့် အများကြီး ထပ်စားမိသွား၏။


ကျန်းရှောင်မန် စိတ်ဆင်းရဲစွာဖြင့် ဗိုက်ကို ပုတ်ပြီး တိုးတိုးလေးပြောလေသည်။ 

"သမီး မနက်ဖြန် အတွက်ပါ ဝအောင် စားပြီးပြီိမို့ မနက်ဖြန်ကျ စားစရာလိုတော့မှာမဟုတ်ဘူး....."


ဟားဟား...သူမ မနေ့က စားပြီးရင်တောင် ဒီနေ့ကျစားရဦးမှာပဲလေ...


စနစ်က သူမ၏မျော်လင့်ချက်များအပေါ် ရေအေးများလောင်းချလိုက်သည်။

"ပိုင်ရှင် ဒီလိုမျိုးဆက်စားနေမယ်ဆိုရင်...ယွီချင်းရှီရဲ့မြောင်မြောင်လိုမျိုးဖြစ်လာလိမ့်မယ်..."


ဆိုလိုတာက သူမကဝလာမယ်လို့လား...


ကျန်းရှောင်မန် ချက်ချင်း အသည်းအသန်ဖြစ်လာပြီး ပြောလိုက်၏။

"မဟုတ်ဘူး... သမီကအများကြီးစားရင်တောင်...လုံးဝ ဝလာမှာမဟုတ်ဘူးနော်... ဘွားဘွားက အမြဲတမ်းပြောတယ်...သမီးက အရမ်းသေးပြီး ပိန်တယ်...နည်းနည်းမှ မဝဘူးတဲ့...သူက သမီးကို များများစားဖို့ပြောတယ်..."


ကျန်းရှောင်မန် မြောင်မြောင်လိုမျိုး ဝမလာချင်ပေ။ 


မြောင်မြောင်က ဟိုအပေါက်နှင့်ပင် မဆန့် လုနီးပါးဖြစ်လေသည်။