Chapter 91
ကျောင်းပထမဆုံးတတ်သည့်ရက်သည် ရှောင်မန် မျှော်လင့်ထားသကဲ့သို့ အံသြစရာမကောင်းလှပါ ။
ဆရာမသည် သူမအားဥာဏ်ကောင်းသည်ဟုမချီးကျုးသည့်အပြင် အခြားကျောင်းသားများကလည်းသူမအားချစ်စရာကောင်းသည်ဟု မပြောကြပေ ။
ကျန်းရှောင်မန် မျက်ရည်သမုဒ္ဓရာထဲသို့ နှစ်မြုပ်သွားသလိုပင်ခံစားလိုက်ရလေသည်။ နက်ရှိုင်းလွန်းသဖြင့် သူမတည်နေရာလမ်းကြောင်းများ ပျောက်ဆုံးသွားသကဲ့ပင်ဖြစ်သည် ။
ဆိုးရွားလွန်း၍ သူမကျောင်းကပြန်သွားချိန်တွင်တောင် သူမခေါင်းထဲတွင်ငိုသံများ မရပ်မနားကြားနေရသည် ။
ကြောက်ဖို့ကောင်းလွန်းသည့် ကလေးတွေ ။
ဘွားဘွားကတော့ သူမကိုအငိုသန်သည့်ကလေးလို့ပြောခဲ့ပါသည်။ သို့သော်သူမက အငိုမသန်ပေ။
သူမယခုခံစားလိုက်ရသည်မှာ ဘွားဘွားသည်စည်းကမ်းကြီးလွန်းခဲ့ခြင်းသာဖြစ်ပြီး သူငယ်တန်းကလေးများကသာလျှင် အမှန်တကယ်အငိုသန်သည့်ကလေးများဖြစ်သည် ။
" ကျန်းရှောင်မန်.... ”
ယွီချင်းရှီ သူ့အား ကားဆရာလာကြိုရန်စောင့်ဆိုင်းနေချိန်တွင် သူမခေါင်းလေးငုံ့ကာလမ်းလျှောက်လာသည်ကိုမြင်၍ လာနှုတ်ဆက်လေသည်။
" ပထမဆုံးကျောင်းတက်ရတာဘယ်လိုလဲ၊ နင်ပျော်ရဲ့လား ..."
ရှောင်မန်က တစ်စုံတစ်ယောက်၏စကားကိုဆန့်ကျင်ခြင်းဟူသည်ကို ပထမဆုံးအနေဖြင့်သိရှိခဲ့သည် ။
အသံကလည်း စိတ်တိုစရာကောင်းလိုက်တာ•••
သူမ၏စကားလုံးများကိုမြိုသိပ်ပြီးနောက် တိုးတိတ်စွာဖြင့် ပြောလေသည်။
" ငါပျော်ပါတယ် ..."
ယွီချင်းရှီသည်သူမအား ပြန်ပြောသည်။
" အကောင်းမြင်တတ်လိုက်တာ ..."
" ကျေးဇူးပါ ..."
" ရပါတယ် ..."
သူတို့၏ ကိုရိုးကားရားနိုင်သောစကားစမြည်ပြောဆိုပြီးနောက်တွင် ယွီချင်းရှီ၏ ကားဆရာရောက်ရှိလာလေသည်။ သူကားထဲဝင်ပြီးနောက် သူမကိုလက်ယမ်းပြကာ ထွက်သွားလေသည် ။
မကြာမီပင် ကျန်းရှင်းက ကျန်းရှောင်မန်ကိုလာကြိုခဲ့သည် ။
သူရည်ရွယ်ချက်ရှိရှိဖြင့် သူမကိုနောက်ကျမှ သွားကြိုခဲ့သည်။ သူတို့ရဲ့ရှောင်မန်လေးသည် စာလုပ်ရတာကိုသဘောကျပြီး ကျောင်းသွားရတာကိုပျော်သည်ဟုသူထင်သောကြောင့် သူမကိုကျောင်းတွင် အချိန်အနည်းငယ်ထပ်နေစေချင် သောကြောင့်ပင် ။
အကယ်၍ သူကျောင်းသို့စောစောရောက်သွားခဲ့လျင် သူမအိမ်သို့မပြန်ချင်သေးတာဖြစ်နိုင်လေသည် ။ သူအရမ်းအလုပ်များတာကြောင့်လည်း ပါပါသည် ။
" ရှောင်မန်...”
ကျန်းရှင်း လက်ဝေ့ယမ်းရင်း သွားများအားလုံးပေါ်သည်ထိရီပြနေသည် ။
ကျန်းရှင်းကရီနေ၍ ကျန်းရှောင်မန်မှာငိုနေခဲ့သည် ။
" ဘာလို့အခုမှလာကြိုတာလဲ ...."
သူ့ကိုတွေ့သည်နှင့်တစ်ပြိုင်နက်ငိုတော့လေသည် ။
ကျန်းရှင်း ဆွံအသွားပြီး ကလေးကိုချီကာမေးလေသည်။
" သမီးဘာလို့ငိုနေတာလဲ... သမီးကိုတစ်ယောက်ယောက်ကအနိုင်ကျင့်လို့လား....ဒါမှမဟုတ်သမီးက တစ်ယောက်ယောက်ကိုအနိုင်ကျင့်လို့လား... သမီးအမြဲလိုချင်ပြီး အမြဲကျောင်းသွားနေချင်ခဲ့တာမလား သမီးဘာလို့မပျော်နေတာလဲ...မပူပါနဲ့ အကယ်၍သမီးကို လူဆိုးတွေအနိုင်ကျင့်ရင် ဦးဦးသူတို့ကိုမနက်ဖြန် ကျောင်းမလာနိုင်တဲ့အထိရိုက်ပေးမယ်..."
သူမ မေးခွန်းများဖြင့်ထိုးနှက်ခံရပြီးနောက်တွင် အဖြေတောင်မပေးနိုင်တော့ဘူးချေ ။ သူမကောင်းကောင်းကြီးမှားနေမှန်း ခံစားရပြီး မျက်လုံးများကိုပွတ်လေသည်။ ရိုက်ငိုပြီးနောက်တွင် လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" သမီး မနက်ဖြန်ကျောင်းမသွားချင်တော့ဘူး... ”
" … ”
ကျန်းရှင်းသည် သူနားကြားမှားသည်အထင်ဖြင့် သူ၏အသံကိုမြင့်ကာထပ်မေးလေသည် ။
" သမီးဘာပြောလိုက်တာလဲ ..."
" သမီး…သမီးမနက်ဖြန်ကျောင်းမသွားချင်ဘူး ..."
" … ” ကျန်းရှင်း သက်ပြင်းတစ်ချက်ချပြီးနော် သူမကိုလှမ်းချီ၍ တင်ပါးတစ်ချက်ရိုက်လိုက်သည် ။
" ဝါး...ဝါး...ဝါး သမီးကိုဘာလို့ရိုက်ရိုက်တာလဲ၊ အိမ်ရောက်ရင်ဘွားဘွားနဲ့တိုင်ပြောမယ် •••”
" သမီးကိုဘယ်လိုမရိုက်ပဲနေရမှာလဲ....အံသြဖို့ကောင်းလှချေလား ကျန်းရှောင်မန်ရယ် .... ပထမဆုံးကျောင်းတတ်တဲ့ရက်မှာတင်သမီးပင်ပန်းနေပြီ... ဦးလေး အခုသမီးကိုပြောပြမယ် သမီးကျောင်းမသွားချင်ဘူးဆိုရင် ဦးေတို့အိမ်ဒုတိယထပ်ကနေ ခုန်ချပစ်မှာ... ”
ကျောင်းခရိုင်ရှိ အိမ်တစ်လုံးအတွက်ယွမ် ၄၀၀,၀၀၀ ရှိသည်။ ဒီကလေးမလေးဟာ ဘဝရဲ့ရက်စက်ကြမ်းကြုတ်မှုနှင့် အသက်ရှင်ရပ်တည်ဖို့ မည်မျှခက်ခဲသည်ကို သူမနားလည်ပါ့မလား။ ကျန်းရှင်း ဒေါသထွက်သွားလေသည် ။
ဦးလေးက ကြောက်စရာကောင်းလိုက်တာ....
သူမစိတ်ဆိုးပြီး မတရားခံရသလို ခံစားရသဖြင့် အိမ်ပြန်သည့်တစ်လျှောက်လုံးစိတ်ပျက်စရာကောင်းစွာ ငိုနေသည် ။
သူမငိုလွန်း၍ အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး ကျန်းရှင်းသည်သူမကိုချီသွားရလေသည်။ အငိုမရပ်သွားသည့်အပြင် ပို၍ဆိုးလာခဲ့သည် ။
သူမမျက်လုံးနှင့် နှာခေါင်းများနီရဲနေပြီး နှဖူးပေါ်ရှိဆံပင်များလည်းဆိုရွှဲနေလေသည်။ ဆိုးဆိုးရွားရွားပင် ဖြစ်နေတော့သည် ။
" အိုး…သမီးလေးဘာဖြစ်လာတာလဲ ဘာလို့အဲ့လောက်ငိုထားတာလဲ သမီးကို သမီးဦးလေးအနိုင်ကျင့်ပြန်ပြီလား....”
ကျန်းဟွေ့မိန်က ကျန်းရှောင်မန်ကိုမြင်ပြီးစိတ်ဆင်းရဲသွားလေသည်။ သူမ ကျန်းရှောင်မန်ကို ကလေးလေးဟုခေါ်ကာချီလိုက်ပြီး ကျန်းရှင်းအားဓားချွန်တစ်ချောင်းကဲ့သို့ စိုက်ကြည့်နေသည် ။
ကျန်းရှင်းက ဒီလိုဆိုတာသူမ မသိခဲ့ပါလား... သူက ရှောင်မန်ကို အနိုင်ကျင့်ဖို့ကလွဲပီးမသိတဲ့ ကလေးကြီးပဲ....
Chapter 92
ကျန်းဟွေ့မိန်ဆွံအ သွားသည်။ ထိုသို့ကြားပြီးနောက်တွင် ကျန်းရှောင်မန်အား " အချစ်ကလေး.... ”ဟုခေါ်ကာသူမပေါင်ပေါ်တင်လိုက်သည် ။
" ဖတ် ဖတ် ဖတ်••• ”
ရှောင်မန်ထပ်အရိုက်ခံရပြန်လေသည် ။
" ဝါး ဝါး ဝါး… ဘွားဘွားက သမီးကိုမချစ်တော့ဘူး …ဝါး ဝါး ဝါး ”
" သမီးက အရမ်းတွေတော်နေ တတ်နေတာပဲ ဟမ့်...."
ကျန်းဟွေ့မိန်မှဆက်၍ပြောသည်။
"ကျောင်းမသွားရင် သမီးကိုဘွားဘွားဒုတိယ ထပ်ကနေပြစ်ချပစ်မယ် ..."
" ဦးဦးလည်းအဲ့လိုပြောတယ် ဘွားဘွားတို့ကကြောက်စရာကြီး ..."
ကျန်းရှောင်မန် ရုန်းကန်ရင်းပြောလေသည် ။
ကျန်းရှင်းမှအလျင်အမြန် ဖြေရှင်းချက်ပေးလိုက်သည်။
" ဦးက ဦးဘာသာဦးခုန်ချမယ်ပြောတာပါ ...."
ကလေးက စိတ်ပျက်စရာကောင်းစွာငိုနေသောကြောင့် ကျန်းဟွေ့မိန်ထပ်မရိုက်နိုင်တော့ဘဲ ကလေးကိုအောက်သို့ချလိုက်လေသည် ။
ရှောင်မန်မည်မျှပင် ခုခံနေပါစေ ကျောင်းစာကတော့အရေးကြီးပေသည် ။
ကျန်းဟွေ့မိန်ခဏကြာ တွေးပြီးနောက်တွင် ၎င်းသည်သူမ၏အမှားလို့ပင်ထင်နေသည် ။
ကျန်းဟွေ့မိန်သည် သူမကို ထက်မြတ်ပြီးရိုးသားရန်သင်ကြားပေးခဲ့လေသည်။ ထက်မြတ်ပြီးရိုးသားခြင်းသည်ကောင်းပါသည်။ သို့သော် ၎င်းတို့ကိုအားကိုးပြီးစာသင်၍မရချေ။ အလုပ်ကြိုးစားဖို့လည်းလိုသေးသည်။ အကယ်၍ ငါးသုံးရက်ကြာမျှားဖို့ ပိုက်ကွန်ကိုနှစ်ရက်ပဲချထားလျင် အဓိပ္ပါယ်မရှိလှပေ။
ကျန်းရှင်း၏ဦးနှောက်ကသိပ်မဆိုးလှချေ၊ သူသည်ဉာဏ်ကောင်းပါသည်။
သို့သော်ငြားလည်း သူက သူ၏ညီမလေးကဲ့သို့ စာကျက်ရာတွင်မတော်ချေ။ ၎င်းက သူ၏ဥာဏ်ရည်နှင့်မဆိုင်ဘဲ ပျင်းတတ်ခြင်းနှင့်သာဆိုင်ပါသည်။ သူ၏အကျင့်ဆိုးလေးက သူမ မြေးလေးဆီတွင်ရှိနေနိုင်မည်လား။
ကျန်းဟွေ့မိန် ဖျတ်ခနဲသတိရသွားလေသည်။ သူမ၏ မကျက်သေးသည့်ညစာအားချထားပြီး အသီးအရွက်စျေးသို့အပြေးသွားကာ တရုတ်နံနံ အစည်းလိုက်သွားဝယ်ခဲ့လေသည် ။
လက်ထဲတွင်ပြည့်နေသော တရုတ်နံနံပင်များဖြင့် ဝက်သားမွှေကြော်၊ တရုတ်နံနံမွှေကြော်၊ တရုတ်နံနံပြုတ်၊ တရုတ်နံနံယာဂု၊ တရုတ်နံနံ တရုတ်နံနံ တရုတ်နံနံ... မျက်လုံးထဲတွင်တရုတ်နံနံချည်းသာဖြစ်သည် ။
ကျန်းရှောင်မန် စိတ်ပျက်သွားသည် ။
သူမ မုန်လာဥနှင့်တရုတ်နံနံပင်များကို မကြိုက်ပေ။ ကလေးများသည် ထူးဆန်းသည့်အကြိုက်များဖြင့် ဇီဇာကြောင်သူများဖြစ်သည် သူမလည်းမလွဲဧကန်ပါဘဲ ။
" မြန်မြန်စား.... စားပြီးရင် မနက်ဖြန်သမီးကျောင်းသွားရမယ်.... ပြဿနာထပ်မရှာနဲ့....”
ကျန်းဟွေ့မိန်သူမအား တရုတ်နံနံများထပ်ထည့်ပေးလိုက်ပါသည်။ တရုတ်နံနံ တရုတ်နံနံ အကုန်လုံးက တရုတ်နံနံတွေချည်းပင် ။
ကျန်းရှောင်မန် သူမနှုတ်ခမ်းကိုကိုက်၍ငိုကာ ငြင်းလေသည်။
" သမီး… သမီးကျောင်းတော့သွားနိုင်ပါတယ် ဒါပေမဲ့တရုတ်နံနံတော့ မစားလို့ရမလား ..."
ကျန်းဟွေ့မိန် မျက်မှောင်ကြုတ်သွားသည်။ သူမ၏တူအားစားပွဲပေါ်ရိုက်ချမတတ်ဖြစ်ပြီး သူမ(ရှောင်မန်)အားဟောက်လိုက်လေသည်။
" ဝါး.... သမီးကအရမ်းဥာဏ်ကောင်းတာပဲ.... ကျန်းရှောင်မန် ဘွားဘွားတို့မြို့ပေါ်နေတာရက်ပိုင်းပဲရှိသေးတယ်.... မကောင်းတဲ့အကျင့်တွေ တတ်နေပြီပေါ့လေ... သမီးကျောင်းလည်းမသွားချင်ဘူး အစားလည်းမစားချင်ဘူး သမီးနောက်ထပ်ဘာလုပ်ချင်လဲ ..."
ဘွားဘွားအရမ်းစိတ်ဆိုးနေပြီဖြစ်သည်။ ကျန်းရှောင်မန်ထပ်၍ အရွဲ့မတိုက်ဝံ့တော့ပေ၊ ထို့ကြောင့် သူမမျက်လုံးထဲတွင်မျက်ရည်များနှင့်ပင် တရုတ်နံနံများကိုကုန်အောင် စားနေတော့သည် ။
သူမစိတ်ဆင်းရဲရလေသည် ။
သို့ပေမဲ့ ဤတွင်မပြီးဆုံးသေးချေ ။
ကျန်းဟွေ့မိန်တရုတ်နံနံပင်များ မည်မျှဝယ်ခဲ့မည်မှန်း မည်သူမှသိမည်မဟုတ်ချေ။ ညတုန်းက သူမစားပွဲတွင်တရုတ်နံနံပင်များ အပြည့်ရှိရုံသာမက ခြင်းထဲတွင်လည်းအတော်များများရှိသေးသည်။ မနက်အတွက်တရုတ်နံနံယာဂုစားရရုံသာမကဘဲ ကျောင်းသို့လည်းထည့်သွားရအုံးပေမည် ။
" ဝါး ဝါး ဝါး ...."
သူမ မလိုချင်ပေ ။
အခြားကလေးများလည်း ထည့်လာလိမ့်မည်မဟုတ်ချေ ။
ကြက်သွန်စိမ်းတွေ၊ သစ်အယ်သီးတွေနှင့် တရုတ်နံနံပင်များကို သူမဘာကြောင့်ကျောင်းသို့ယူသွားရမည်နည်း ။
ကြက်သွန်စိမ်း ကိုမနက်စာအဖြစ်အစိမ်းစားနိုင်သော်လည်း တရုတ်နံနံများကိုအစိမ်းစားရမည်တဲ့လား။ ယွီချင်းရှီက လိမ္မာသည့်ကလေးဖြစ်သော်ငြား ဤတစ်ခေါက် သူမကို မကူညီနိုင်လောက်ပေ။
ကျန်းရှောင်မန်အလွန်ဝမ်းနည်း နေပေသည် ။
သူမထိုအကြောင်းကို တစ်ညလုံးတွေးနေသော်လည်း သူမကျောင်းသို့သွားရမည်ဆိုတာကိုသိနေသည် ။
သူမကိုဘွားဘွား ဒုတိယထပ်ကနေပြစ်ချခြင်းကိုသူမ မလိုချင်ပေ။ ဦးဦးဒုတိယထပ်ကခုန်ချမည်ကိုလည်းမလိုချင်ပေ။ ဆရာထန်ကိုလည်း သူမကိုယ့်ကိုကိုယ်မထိန်းနိုင်ပေဟု မတွေးစေချင်ပေ ။
ဟာ… သူမအခုဘာလုပ်သင့်လဲ....
သူမကျောင်းသွားရုံတွင်မကဘဲ တရုတ်နံနံပင်တွေကိုပါ ထည့်သွားရဦးမယ်တဲ့လေ.....
တရုတ်နံနံများသည် ကြက်သွန်စိမ်းများကဲ့သို့ပင်ထင်ရှားသည့်အတွက် ဖွက်ထားလို့ပင်မရနိုင်ပေ ။
ကျန်းရှောင်မန် ဖိအားများနေလေသည် ။
သူမတစ်ညလုံးထိုအကြောင်းကိုတွေးနေခဲ့သည်။
ရှောင်မန်သည် သူမအားမနက်အစောကြီးခေါ်နှိုးရန် စနစ်အားတောင်းဆိုလိုက်သည် ။
သူမတရုတ်နံနံတစ်စည်းယူ၍ လမ်းကြားထေင့်မှာရှိသည့် မနက်စာဆိုင်ကိုသွားခဲ့လေသည်။ သူမ မနက်စာ ဆိုင်ပိုင်ရှင်အားစိုက်ကြည့်ပြီး မည်သည့်စကားမျှမပြောချေ။ သူမ သူ့ကိုကြည့်ဘဲကြည့်နေခဲ့သည် ။
Chapter 93
ဆိုင်ရှင်မှာ အဖိုးအိုတစ်ယောက်ဖြစ်လေသည်။ သူသည်အလွန်အသက်အရွယ်ကြီးရင့်နေပြီး မနက်စာဆိုင်ဖွင့်လာသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည်။ သူသည်ဖောက်သည်အားလုံးနှင့် ပုံမှန်ရင်းနှီးနေပြီဖြစ်သည် ။
သူသည် ဒီကိုပြောင်းရွေ့လာတာမကြာသေးသည့် မိန်းမငယ်လေးကိုသိပါသည် ။
" သမီးဘာဝယ်ချင်လို့လဲ မိန်းကလေး....”
အဖိုးအိုကရင်းနှီးစွာဖြင့်မေးလိုက်လေသည် ။
" သမီး…သမီးမှာပိုက်ဆံမရှိဘူး.... ”
ကျန်းရှောင်မန်တွင် နှစ်သစ်မှာတည်းက ပိုက်ဆံအမြောက်အမြားမရှိပေ။ သူမရွာမှာတုန်းကရခဲ့သည့် စာအိတ်အနီများတွင် ဆင့်အနည်းငယ်သာပါရှိသည် ။ သူမစာအိတ်အနီအမြောက်အမြားရရှိခဲ့သော်လည်း သူမပေါင်မုန့်များကိုမဝယ်နိုင်ချေ ။
" ဒါဆိုသမီးက ဘာလုပ်ချင်လို့လဲ....”
ဆိုင်ထဲတွင်ဖောက်သည်များမရှိသည့်အတွက် ဆိုင်ရှင်သည်သူမနှင့်စကားပြောဖို့ အချိန်ရှိနေသည် ။
" ဖိုးဖိုး သမီးအတွက် ဒီတရုတ်နံနံပင်တွေကိုအအေးလုပ်ဖို့ကူညီပေးနိုင်မလား.....”
ကျန်းရှောင်မန်လေသံတိုးတိုးလေးဖြင့် ဆက်ပြောသည်။
" သမီးကျောင်းမှာသောက်ဖို့ ယူသွားချင်လို့ပါ…"
မနက်စာဆိုင်တွင် ပဲနို့ပြုလုပ်ရန်အသုံးပြုသည့်ဖျော်ရည်စက်တစ်လုံးရှိပေသည်။ အနည်းငယ်လှည့်ရုံဖြင့်ပဲပိစပ်များကြေနိုင်သည်ကို ကျန်းရှောင်မန်နောက်ဆုံးတစ်ခေါက် ဦးဦးနှင့်မနက်စာဆိုင်ကိုလာတုန်းကတည်းက သိပါသည် ။
' အကယ်၍ တရုတ်နံနံများကိုလည်းဖျော်ရည်လုပ်လိုက်ပါက သူမဖွက်လို့အဆင်ပြေနိုင်မည်ဖြစ်သည် '
" အိုး …သမီးမှာကျန်းမာရေးနဲ့ပတ်သိတ်ပြီးသတိရှိသားပဲ..... ”
အဖိုးက သူမကိုကြည့်ပြီးအားနာစွာဖြင့် ဆက်ပြောလာသည်။
" အဖိုးရဲ့ ဖျော်စက်ရည်က ပဲနို့လုပ်ဖို့ပဲသုံးတာ သမီးရဲ့တရုတ်နံနံပင်အနံဆိုအတော်ပြင်းမှာ အဖိုးစိုးရိမ်မိတယ်...."
အဖိုးအိုစကားပြောလို့မပြီးခင်ပင် ရှောင်မန် မျက်ရည်များတစ်စက်ပြီးတစ်စက်ကျဆင်းလာလေသည် ။
သူမ ဝမ်းနည်းပက်လက်ငိုနေခဲ့သည် ။
သူမ မနေ့ကနှစ်ကြိမ်ရိုက်ရိုက်ခံထားရပြီး ဒီနေ့လည်းတရုတ်နံနံအစိမ်းများကိုစားရပေအုံးမည်ကို တွေးကြည့်ခြင်းဖြင့်သူမကိုယ်သူမ သနားသွားလေသည် ။
သူမဘာလို့ ဒီလောက်တောင်သနားဖို့ကောင်းရတာလဲ ....
သူမ ထိုသို့ ခံစားရတိုင်း မျက်ရည်များတသွင်သွင်ကျဆင်းလာတတ်လေသည်။ သူမတိတ်ဆိတ်စွာငိုနေခြင်းသည် လူအများကိုသနားလာစေပါသည် ။
အဖိုးအိုတွင်လည်း သူမကဲ့သို့မြေးတစ်ယောက်ရှိလေသည်။ သူမ သနားစရာကောင်းစွာငိုနေသည်ကိုမြင်၍ သူဒီတိုင်းရပ်ကြည့်မနေနိုင်တော့ဘဲ တရုတ်နံနံများကိုဆေးကာ ဖျော်ရည်လုပ်ပေးလေသည်။ သူ သူမအတွက်ခွက်ထဲထည့်၍အဖုံးပိတ်ကာပေးလိုက်လေသည် ။
" စားကြိုးစားပြီး တိုးတတ်အောင်လုပ်ချေ၊ မိန်းကလေး.... ” ဟုအဖိုးအိုမှာလေသည်
ရှောင်မန်၏မျက်ရည်များ အပြုံးဖြစ်သို့ကူးပြောင်းသွားလေပြီး လက်နှင့်ဖြင့်အအေးခွက်ကိုရိုသေစွာယူ၍ ပြောလိုက်သည်။
" သမီး ဦးလေးကိုနောက်တစ်ခါ ပေါင်မုန့်တွေအများကြီးဝယ်ဖို့ပြောလိုက်ပါ့မယ် ..."
ကျန်းရှောင်မန် ပျော်ရွှင်စွာပြန်ထွက်သွားလေသည် ။
အဖိုးအိုနံနံပင်များကို အအေးဖြင့်ပြောင်းလဲပြီးနောက်တွင် ဟင်းသီးဟင်းရွက်များသည် တရုတ်နံနံ နှင့်ပင်မတူတော့ချေ ။
ကျန်းရှောင်မန် တရုတ်နံနံအအေးယူ၍ ကျောင်းသို့သွားလေသည် ။
ခွက်သည် ပဲနို့ထည့်သည့်အခါတိုင်းသုံးနေကျ ဖောက်ထွင်းမြင်နိုင်သည့်ခွက်မျိုးဖြစ်သည့်အတွက် တချက်ကြည့်ရုံဖြင့်အစိမ်းရောင်အရည်များကိုမြင်နိုင်ပေသည်။ အဖြူရောင်အမြှုပ်လေးများ ခွက်၏ထိပ်တွင်ပေါလောပေါ်နေသည် ။
ကျန်းရှောင်မန်ခွက်ကို ယွီချင်းရှီ၏ရှေ့တွင်ချလိုက်လေသည် ။
ယွီချင်းရှီ၏ မျက်ခုံးများအပေါ်သို့မြင့်တတ်လာပြီး ယင်ကောင်ကိုတောင်အကြည့်ဖြင့်သတ်နိုင်နေပေသည် ။
သူ၏မျက်နှာတွင် သဘောထားကွဲလွဲနေပုံပေါ်သည် ။ သူဘာအအေးမှန်းလည်းသိချင်ပုံ မပေါ်ပေ ။
သူ မယဥ်ကျေးနိုင်တော့ဘဲ ပြောရတော့မည်ဖြစ်သည်။
" ငါ…ငါဒီနေ့မနက်စာ စားခဲ့ပြီးပြီ…”
" ကျေးဇူးပြုပြီး နင့်ရဲ့ကြင်နာမှုကိုငြင်းပယ်ပါရစေ…”
" စနစ်ကတော့ ဒါကအစာခြေတာအတွက်ကောင်းတယ်လို့ပြောတယ်... မနက်စာစားပြီးမှသောက်ရင် အူမကြီးအတွက်ပိုသင့်တော့တယ်....၊ ဒါက အရမ်း အရမ်းကိုကျန်းမာရေးအတွက်သင့်တော်ပြီး အာဟာရရှိတယ် …”
ယွီချင်းရှီ၏မျက်နှာက အပြည့်အဝကိုငြင်းပယ် နေသည့်ပုံ ပေါက်နေသည် ။
ယွီဝမ်ချန်း ကျန်းရှောင်မန်ကိုကြည့်ပြီးနောက် သူ၏သားကိုကြည့်လိုက်သည်။ ယွီချင်းရှီ၏ကျောကိုအသာပုတ်လိုက်၍ တိုက်တွန်းလိုက်သည်။
" သောက်လိုက်ပါ... ရှောင်မန်က စေတနာနဲ့ပေးတာကို အကယ်၍သားငြင်းလိုက်ရင် သူမဝမ်းနည်းသွားမှာပေါ့..."
ယွီချင်းရှီ ကျန်းရှောင်မန်၏လက်ဆောင်ကိုလက်ခံရုံမှလွဲ၍ အခြားနည်းမရှိတော့ချေ ။
လူကြီးတွေမရှိတော့ချိန်တွင် ယွီချင်းရှီကမေးလိုက်သည်။
" ဒီနေ့ကရောဘာလဲ... ကြက်သွန်စိမ်းဖျော်ရည်လား...."
ကျန်းရှောင်မန် အလွန်ရှက်နေ၍ " ဒါကလျို့ဝှက်ချက်.... ” ဟူ၍သာပြောနိုင်ပေသည် ။
'လျို့ဝှက်ချက်တဲ့လား.....
ယွီချင်းရှီဖျော်ရည်ကိုသောက်ရန် ပို၍ကြောက်ရွံ့သွားသည် ။
သူဖျော်ရည်ကို သူ၏ကျောင်းလွယ်အိတ်ထဲ ထည့်လိုက်ပြီး ဆင်ခြေပေးလိုက်သည်။
" ငါနောက်မှသောက်လိုက်မယ် ..."
ကျန်းရှောင်မန်သည်ပုံမှန်အတိုင်း အဆင်ပြေပြေပင် ။
သူမ ယွီချင်းရှီအတွက်မနက်စာအထူးပြင်ဆင်ထားသည်မဟုတ်သောကြောင့် ဖျော်ရည်ကိုမည်သူမျှမသောက်ဘဲ ဖြုန်းတီးသလိုဖြစ်မည်ကိုသာစိုးရိမ်သောကြောင့်ပင်ဖြစ်သည် ။
သူမ ကိုယ်တိုင်သောက်ရမည်ဆိုလျင် သောက်နိုင်ပေမဲ့ သူမတရုတ်နံနံများကိုအလွန်မုန်းသောကြောင့် သူမ မသောက်ချင်တာဖြစ်သည်။
Chapter 94
သူမ မသောက်ချင်သည့်အရာကို အခြားကလေးတစ်ယောက်ကိုလည်း အတင်းမတိုက်ချင်ပေ ။
ဆရာထန်တစ်ခါပြောဖူးလေသည်။
" သမီးကိုယ်တိုင်မလုပ်ချင်တဲ့အရာကို အခြားသူကိုလည်းမလုပ်ခိုင်းရဘူး...."
ဆိုလိုသည်မှာ ကိုယ်မလုပ်ချင်သည့်အရတစ်ခုခုကို အခြားသူတစ်ယောက်အားအတင်းမတိုက်တွန်းရပေ ။
သူမစိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုရှိနေလေသည်။ သူမနေရာသို့ပြန်၍ ရိုသေစွာထိုင်ကာ ဆရာမကိုစောင့်နေသည် ။
ဒီနေ့သည် ကျောင်းတတ်ရက်ဒုတိယရက်ဖြစ်လေသည်။ ကလေးများသည် အားလပ်ရက်ပြီးနောက် ကျောင်းသို့ပြန်လာကြလေသည် ။
ယခုချိန်ထိငိုနေသည့်ကလေးများရှိသော်လည်း ခြုံကြည့်လျင်တော့အနည်းငယ်သာဖြစ်သည် ။
ကျန်းရှောင်မန် သက်ပြင်းတစ်ချက်ချလိုက်၏။
တစ်ယောက်ပြီးတစ်ယောက် ကျောင်းအခန်းတွင်းသို့ဝင်လာလေသည်။ တစ်ချိန်တည်းမှာပင် စနစ်၏အသံသည် ကျန်းရှောင်မန်၏ခေါင်းထဲတွင်ပေါ်လာလေသည် ။
[အရန်မစ်ရှင် ၁_ ရှောင်ကျင်းကျင်းအားငိုအောင်လုပ်ရန်
ဆုလဒ်-၅မှတ်]
[အရန်မစ်ရှင် ၂-ကျန်းရှင်းဟွား အားငိုအောင်လုပ်ရန်
ဆုလဒ်-၅မှတ်]
[အရန်မစ်ရှင် ၃- ရီကျဲကျဲ အားငိုအောင်လုပ်ရန်
ဆုလဒ်-၅မှတ်]
[အရန်မစ်ရှင် ၄_ ဝမ်ဝမ် အားငိုအောင်လုပ်ရန်
ဆုလဒ်-၅မှတ်]
ကလေးတစ်ယောက်ဝင်လာတိုင်း ကျန်းရှောင်မန်အရန်မစ်ရှင်တစ်ခုထပ်ရလေသည်။ အခန်း ၃ မှ ကလေးများအားလုံးကိုစာရင်းပြုပြီးနောက်တွင် စနစ်သည်သူမအား ရိုင်းပျသည့်မစ်ရှင်တစ်ခုထပ်ပေးခဲ့လေသည် ။
[အရန်မစ်ရှင် ၃၀_ ဆရာမယန်အားငိုအောင်လုပ်ရန်
ဆုလဒ်-၁၀မှတ်]
ကျန်းရှောင်မန် တိတ်ဆိတ်သွားလေသည် ။
စနစ်က အလွန်ကြောက်ဖို့ကောင်းပြီး သူမကို အလွန်မျော်လင့်ထားလေသည်။ သူမ ဆရာမယန်အပါအဝင် လူအများကြီးကိုငိုအောင်မည်သို့လုပ်ရမည်နည်း ။
စနစ်က ပြောလိုက်သည်။
" အရန်မစ်ရှင်တွေကစိတ်ကြိုက် ရွေးချယ်လို့ရပြီး အဓိကမစ်ရှင်တွေနဲ့မသက်ဆိုင်ဘူး.... လက်ခံသူကဘယ်မစ်ရှင်ကိုပြီးမြှောက်အောင်လုပ်မလဲပေါ်မှုတည်ပြီးရွေးချယ်လို့ရတယ်...."
ပွင့်ပွင့်လင်းလင်းပြောရလျှင်၎င်းတို့ကအပိုအမှတ်အတွက်ဘဲ ဖြစ်သည် ။
စနစ်၏ ကြံကြံဖန်ဖန်ထွက်ပေါ်လာသောအရံတာဝန်များသည် ရှောင်မန်နှင့်အသားကျရန်သာဖြစ်သည် ။
အခြားနည်းလမ်းမရှိပေ။ ပိုင်ရှင်သည်မည်သည့်မစ်ရှင်ကိုမျှ အချိန်အကြာကြီးတိုင်အောင်မပြီးမြှောက်ခဲ့ပေ ။
အမှတ်များမရှိလျင် နုတ်ယူဖို့လည်းမဖြစ်နိုင်ပေ ။
ပိုင်ရှင်သည် အမှတ် ၈၀၀ အကြွေးတင်နေအုံးမည် ။
အကယ်၍သူတို့ ဘာမှလုပ်ဖို့ရည်ရွယ်ချက်မရှိဘဲ နေနေအုံးမည်ဆိုလျင် အကြွေးကိုမည်သည့်အချိန်တွင်ပြန်ဆပ်နိုင်မည်နည်း။ အဓိကမစ်ရှင် သည်လည်း မည်မျှတောင်ကြန့်ကြာနေအုံးမည်နည်း။ ယခုအစမပျိုးလျင် နောက်ထပ်နှောင့်နှေးမှုတို့ဖြင့် ဘဝကကုန်ဆုံးသွားမည်ဖြစ်သည် ။
အမှတ်ရရှိရန် စနစ်ကိုယ်တိုင်အလုပ်လုပ်မှ ဖြစ်တော့မည်။ စနစ်သည် စည်းမျဥ်းများကိုရှောင်ကွင်းလိုက်ပြီး အမှတ်တစ်ခုခုကိုရရှိနိုင်သောမစ်ရှင်ကိုပေးရန် ၎င်း၏အာဏာကိုအသုံးပြုလေသည်။ ကလေးတွေကို ငိုအောင်လုပ်ရသည်မှာ လွယ်ပါသည်။ ငိုအောင်လုပ်ခြင်းမှ အမှတ်များရရှိနိုင်သည်ဆိုပါကသိပ်မဆိုးလှချေ ။
စနစ်သည် ထိုကဲ့သို့လုပ်ခြင်းကဥာဏ်ကောင်းပြီးထက်မြတ်သည်ဟု ခံစားရလေသည် ။
သို့ပေမဲ့လည်း အနည်းငယ်ချဥ်သလိုခံစားရလေသည် ။
ယနေ့ခေတ်တွင် အကြွေးရှင်သည်သာဘုရင်တစ်ပါးဖြစ်သည်။ သူသည် စနစ်ဆိုပေမဲ့လည်း ကလေးကိုချော့ဖို့လိုနေလေသည် ။
" ဝါး…ဝါး…ဝါး ” အလွန်စိတ်ပျက်ဖို့ကောင်းလေသည် ။
စနစ်လည်း ငိုချင်လာသည် ။
အချိန်တွေပြန်လှည့်လို့ရမည်ဆိုလျှင် သူကျန်းရှောင်မန်ကို အမှတ်တွေအများကြီးချေးခဲ့မည်မဟုတ်ပေ ။
…
ပထမဆုံးသင်ခန်းစာပြီးနောက်တွင် ကျန်းရှောင်မန်အနည်းငယ်မူးဝေသွားလေသည် ။
အဘယ်ကြောင့်ဆိုသော် ဒီစာသင်ခန်းထဲတွင် ဆရာမကသူတို့အားတစ်ခုခုသင်ပေးလျင် သူမ သူတို့ကိုဘာမှသင်ပေးနေပုံမပေါ်ပေ သူမသည်သူတို့ကိုစာမည်သို့ဖတ်ရမည်ကိုမသင်ပေးသည့်အပြင် ပုံပြင်တစ်ပုဒ်တောင်မပြောပြပေ ။
သူတို့…ဒီတိုင်းဆော့နေရင်ပဲကောင်းမလား....
ကလေးတွေကိုပဲချော့ရမလား…
ကျန်းရှောင်မန် သူမခေါင်းကိုကုတ်လိုက်ပြီး သူငယ်တန်းသို့လာရသည့်ရည်ရွယ်ချက်ကိုပင် နားမလည်တော့ချေ ။
သူမ ထိုအကြောင်းကိုအချိန်တစ်ခုကြာသည်အထိစဥ်းစားနေလေသည် ။
ကောင်းပြီ… သူမ နားမလည်ရင်လည်း နားမလည်သလိုပဲနေလိုက်တော့မယ်…
သူမလက်ရှိဦးနှောက်နဲ့နားမလည်တာအများကြီးရှိနိုင်သည်မှာပုံမှန်ပင် သူမကြီးလာသည့်အခါ နားလည်လာလိမ့်မည် ဟုဆရာထန်တစ်ခါပြောဖူးသည် ။
ကျန်းရှောင်မန်သည် သူမအရာအားလုံးကိုနားလည်နိုင်မည်ဟုယုံကြည်ထားသော်လည်း အချို့အရာများသည်တစ်ခါတစ်ရံသူမ စိတ်ကူးလို့တောင်မရနိုင်ပေ ။
အာ...ဆရာထန် ဆရာထန်ကိုသာ သူငယ်တန်းကျောင်းကိုခေါ်လာခဲ့မယ်ဆိုရင်....
ရှောင်မန်သူမခေါင်းကို ခုံပေါ်သို့မှီထားလိုက်သည် ။
အားလပ်ချိန်ဖြစ်သောကြောင့် အခန်းအတွင်းအလွန်ဆူညံနေသည်။ ကလေးအချို့သည် သူတို့၏အရုပ်များကိုမျှဝေကစားနေပြီး အချို့သည် စက္ကူလေယာဥ်ပျံများဖြင့်ဆော့နေသည်။
သို့သော် ယွီချင်းရှီနှင့်ကျန်းရှောင်မန်မှ လွဲ၍ မည်သူမျှအသံတိတ်မနေချေ ။
Chapter 95
သူတို့တင်မက ခုံတွင်အသံမထွက်ဘဲထိုင်နေသည့် အခြားသူတစ်ယောက်လည်းရှိသေးသည်။၊ သို့သော် ထိုနေရာမှအော်ဟစ်ဆူညံသံများထွက်ပေါ်နေသည်။ သူက တုပ်တုပ်မလှုပ်သော်လညး် ထိုနေရာမှဆူညံသံများ တရစပ်ထွက်နေလေသည် ။
ကျန်းရှောင်မန် စပ်စုစွာဖြင့်ချောင်းကြည့်လိုက်ချိန်တွင် သူက ခေါင်းကိုငုံ့၍မုန့်စားနေခြင်းပင်။
သူ၏စားပွဲခုံအောက်တွင် မုန့်ထုပ်အများကြီးပင် ။ သကြားလုံးများ၊ ဘီစကစ်များနှင့် နို့ဘူးတစ်ဘူးဖြစ်သည် ။
သူအမှန်တကယ်စားနေခြင်းပင် ။
ကျန်းရှောင်မန်မျက်တောင်တစ်ချက်ခတ်၍စဥ်းစားလေသည်။ သူ၏နာမည်မှာ ကျန်းရှင်းဟွား ဟူသည်ကို သူမသတိရသွားသည် ။
ကျန်းရှင်းဟွားသည် ကျိုးဟိုင်ယန်ကဲ့သို့ အရပ်ရှည်ပြီးဝသည်။ ကျန်းရှင်းဟွာက ကျိုးဟေယန်ထက်ပို၍ဝိတ်ပိုများပြီး ပိုအစားကြီးသည်။
သူတို့ကျောင်းခန်းတွင်းသို့ ဝင်လာထဲက သူဝါးနေတာမရပ်ပေ ။
စာသင်ချိန်အတွင်းတွင်တောင် သူမုန့်ခိုးစားနိုင်ပေသည် ။
ခဏကြာပြီးနောက်တွင် ကျန်းရှင်းဟွာမုန့်စားလို့ပြီးသွားသည် ။
သူစားရတာကိုကြိုက်သည်။ သို့သော်မုန့်အများကြီးစားခြင်းကမကောင်းသည်ကို သူ့မိဘများကသိသောကြောင့် သူဝယ်သည့်မုန့်တိုင်းကိုခွဲတမ်းချပေးလေသည် ။ သူတို့သွားတာနှင့် သွားတာပါပေ ။
သို့သော် ကျန်းရှင်းဟွာ၏ မိဘများမေ့သွားသည်မှာ ကျန်းရှင်းဟွာတွင်မုန့်မရှိတော့လျင်တောင် အခြားကလေးများတွင်မုန့်ရှိသေးသည်ကိုပင် ။
ထို့ကြောင့် ကျန်းရှင်းဟွာက အခြားကလေးများ၏မုန့်များကို လုစားလို့ရနေပေးသည် ။
သူအမှန်တကယ် ခိုးစားနေခြင်းတော့မဟုတ်ပေ။ သူတခြားကလေးများဆီသို့သွား၍ မုန့်အချို့နှင့်အအေးများကိုမေးပါသည် ။
အခန်း၃တွင် သူသဘောကျသည့်လူတစ်ယောက်ရှိပါသည် ။
ထိုသူမှာ ယွီချင်းရှီဖြစ်သည် ။
ယွီချင်းရှီသည် စကားပြောရတာကိုမကြိုက်ပေ။
ကျန်းရှင်းဟွာ ယွီချင်းရှီ၏မုန့်များကိုလုစားသည့်အခါတိုင်း ဆရာမကိုတိုင်တန်းဖို့နေနေသာသာ ငိုလည်းမငို ပြဿနာလည်းမလုပ်ချေ။ သူ၏တစ်ခုတည်းသော အားနည်းချက်မှာ အစားအသောက်စားရသည်ကိုဝါသနာမပါသည့်အပြင် သူနှင့်အတူမုန့်များကိုလည်းအမြဲယူမလာခြင်းပင်။
သို့သော်လည်း ထိုကဲ့သို့ပြုလုပ်ခြင်းက သူ့အား ကျန်းရှင်းဟွာ၏အကြိုက်ဆုံးလူအဖြစ်မှမပြောင်းလဲနိုင်ချေ ။
ကျန်းရှင်းဟွာသည် သူနှင့်ယွီချင်းရှီသူငယ်ချင်းဖြစ်သင့်သည်ဟုထင်ပါသည် ။
" မင်းဒီနေ့မုန့်မယူလာဘူးလား…”
ကျန်းရှင်းဟွာ ယွီချင်းရှီအားမေးလိုက်သည် ။
ယွီချင်းရှီသူ့အားမော့ကြည့်လိုက်ပြီး ခေါင်းခါပြလေသည် ။
သူ ကျန်းရှင်းဟွာကိုသဘောမကျသော်ငြား ကျန်းရှင်းဟွာသည်သာလျင် သူ(ယွီချင်းရှီ)မည်မျှအေးစက်နေပါစေ မမောမပန်းစကားလာပြောမည့်တစ်ယောက်ထဲသောသူဖြစ်လေသည်။ ဒီအချက်ကြောင့်ပင် သူ ကျန်းရှင်းဟွာအား သည်းခံနေချင်းပင်ဖြစ်သည် ။
ခနကြာပြီးနောက်တွင် ယွီချင်းရှီတစ်ခုခုကိုသတိရသွားပုံပေါ်၍ သူ့ကျောင်းလွယ်အိတ်ထဲမှ တစ်ခုခုကိုထုတ်လိုက်လေသည် ။
လျို့ဝှက်ဆန်းကြယ်သည့် ဖျော်ရည်တစ်ခွက်ပင်။
" ဝါး… ”
ကျန်းရှင်းဟွာသည်မုန့်စားရသည်ကိုကြိုက်သောကြောင့် ပျော်ရွှင်ပြီးမေးလိုက်လေသည်။
" အဲ့ဒါငါ့အတွက်လား…”
ယွီချင်းရှီ နှုတ်ခမ်းကိုကိုက်၍ ကျန်းရှောင်မန်ဘက်သို့ အပြစ်ရှိသည့်စိတ်ဖြင့်တစ်ချက်လှမ်းကြည့်လိုက်လေသည်။ သူမဒီဘက်ကိုကြည့်မနေသည့်အတွက်သူလှမ်းကြည့်တာကိုသတိထားမိပုံမပေါ်ပေ။
သူ ကျန်းရှင်းဟွာအား ခေါင်းဖြေးဖြေးချင်းညိမ့်ပြလိုက်လေသည် ။
" ဝါး …မင်းကအရမ်းကြင်နာတာပဲ...”
ကျန်းရှင်းဟွာပျော်ရွှင်သွားသည် ။
" နောက်တစ်ခါ ငါ့အဖေချောကလက်ယူလာရင် မင်းကိုလည်းကြွေးမယ်....”
ယွီချင်းရှီခဏစဥ်းစားပြီးနောက် ခေါင်းခါပြလိုက်သော်လည်း အမြန်ခေါင်းပြန်ငြိမ့်လိုက်သည် ။
သူချောကလကိကိုမကြိုက်သော်လငြား ကျန်းရှောင်မန်ကြိုက်သောကြောင့်ပင် ။
ကျန်းရှင်းဟွာပျော်ရွင်စွာဖြင့် ခွက်ကိုယူ၍ ဖျော်ရည်ကိုစုပ်လိုက်လေသည် ။
ရွတ်…
သူပါးစပ်အပြည့်စုပ်လိုက်သည် ။
ပါးစပ်အပြည့်စုပ်ပြီးနောက်တွင် ကျန်းရှင်းဟွာ ကြက်သေ သေသွားလေသည် ။
သုံးစက္ကန့်ကြာပြီးနောက်…
" ဝါး…ဝါး…ဝါး…”
သူမျက်စိပျက် မျက်နှာပျက်ဖြင့် ငိုနေရင်းအိမ်သာသို့ပြေးသွားလေသည် ။
"…"
ယွီချင်းရှီ အစိမ်းရောင်ဖျော်ရည်ခွက်ကို တုန်တုန်ယင်ယင်ဖြင့်ကြည့်နေသည် ။
ဒါကဘာကြီးလဲ ကျန်းရှောင်မန်သူ့အတွက် လူစားတဲ့အစားအစာတခါလေးတောင်ယူမလာပေးနိုင်ဘူးလား....
တစ်ချိန်တည်းမှာပင်…
[တင်းတောင်! ကျန်းရှင်းဟွာအားငိုအောင်လုပ်ရန် အောင်မြင်သည်
ဆုလဒ်-၅မှတ်]
[ လက်ကျန်အမှတ် ၇၉၅မှတ်]
ကျန်းရှောင်မန် တစ်ခနထိတ်လန့်သွားပြီး ကျေနပ်သွားလေသည် ။
သူမဘာမှလုပ်စရာမလိုပေ။
ကလေးတစ်ယောက်ငိုတာနဲ့ အမှတ်အလကားရတာလား...
အဲ့ဒါကောင်းတာပေါ့...
ထိုအချိန်တွင် ကျန်းရှောင်မန် ကျောင်းကိုသဘောမကျဖြစ်နေခြင်းအပြီးတိုင်ပျောက်ကွယ်သွားလေသည်။
သူငယ်တန်းကအရမ်းကောင်းတာပဲ....သူမကျောင်းကိုနေ့တိုင်းသွားချင်လာပြီ....