Chapter 96
ဒုတိယမြောက်ကျောင်းတတ်သည့်ရက်တွင် ကျန်းရှောင်မန် ၁၀မှတ်ရရှိခဲ့ပြီး သူမ၏အကြွေးများ၇၉၀မှတ်သို့ကျဆင်းသွားသည် ။
သူမ အားရကျေနပ်နေသည် ။
ဒီတော့ကျောင်းသွားရင် ဒီလိုခံစားချက်မျိုးရတာပေါ့ ပျော်ဖို့လည်းကောင်းတယ်..... စာလည်းလေ့လာနိုင််တယ်..... သူငယ်ချင်းတွေလည်းရတယ်.... တချိန်တည်းမှာဘဲ အမှတ်တွေလည်းရတယ်.....
သူမ ကျန်းရှင်းဟွာအားငိုအောင်လုပ်ပြီး မိန်းကလေးတစ်ယောက်၏ သကြားလုံးကိုလည်းလုယူလိုက်လေသည်။ သူမထိုမိန်းကလေးအား သကြားလုံးပြန်ပေးလိုက်သော်လည်း မိန်းမငယ်လေးမှာအငိုရပ်မသွားပေ။
ခနကြာပြီးနောက် ကျန်းရှောင်မန်သကြားလုံးနှစ်လုံးကို ထိုမိန်းကလေးဆီသို့ပြစ်ပေးလိုက်ရာ သူမပြန်၍ပြုံးရွှင်သွားလေသည် ။
သူမအလွန်ဥာဏ်ကောင်းလွန်းလေသည် ။
သူမထို သကြားလုံးနှစ်လုံးကို သူမဝေစုထဲကခွဲပေးခြင်းဖြစ်သည်။ သူမကိုဦးဦးကဝယ်ပေးထားခြင်းဖြစ်ပြီး စနစ်ကလဲလှယ်ထားပေးခြင်းမဟုတ်ပေ ။
စနစ်ကသူမကို နှစ်သစ်ကူးပိုက်ဆံအဖြင့် အမှတ်၁၀၀ပေးထားသော်လည်း ကျန်းရှောင်မန်က ထိုအမှတ်များကို သကြားလုံးများ ဘီစကစ်များဖြင့်မလဲခဲ့ချေ ။
သူမဦးလေးနှင့်မတော်တဆဖြစ်ပြီးနောက်တွင် ပစ္စည်းကောင်းများကိုနေရာမှန်တွင်အသုံးချသင့်သည်ကို သူမသိသွားပြီပြီဖြစ်သည်။ သကြားလုံးများကို နေရာအနှံ့တွင်ဝယ်နိုင်သော်လည်း အမှတ်များကိုတော့ဝယ်လို့မရပေ။
သူမအန္တရာယ်ထဲကျရောက်လျှင် သူမကိုယ်သူမကယ်တင်ရန် အမှတ်များကိုစုဆောင်းထားဖို့လိုလေသည်။
အကယ်၍ ဦးလေးကညစ်ပတ်ပြီးထွက်ပြေးသွားသည်ဖြစ်စေ သို့မဟုတ်သူမ မလိမ္မာတော့၍ ရိုက်ခံရသည့်အခါဖြစ်စေ သူမကိုယ်သူမကယ်တင်နိုင်ရန်ဖြစ်သည် ။
ကျန်းရှောင်မန် သူမ၏အနာဂတ်ကိုမြင်နိုင်သည့်စွမ်းအင်မှာအလွန်ကောင်းသည်ဟု ခံစားမိလေသည်။ သူမအနာဂတ်ကိုလှမ်းမြင်နိုင်သည်မှာ ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့တွေးခေါ်မှုပေလည်း ။
ထိုသည်မှာ သူမအဖွားဆီကသင်ကြားခဲ့သည့် အရာပင်ဖြစ်သည် ။
သူတို့မြို့ပေါ်ပြောင်းလာပြီးကတည်းက သူမအဖွားသည်ငြိမ်မနေနိုင်ဘဲ ခြံကွက်လပ်ထဲတွင်တစ်ခုခုစိုက်ပျိုးရန်ကြိုးစားနေလေသည်။ ထိုနည်းသည် စျေးသို့သွား၍ အသီးအနှံဝယ်စရာမလိုတော့သလို အစားအသောက်အတွက်ပိုက်ဆံကုန်စရာလည်းမလိုတော့ပေ ။
အကယ်၍ငတ်မွတ်ခေါင်းပါးမှုများဖြစ်ခဲ့သည်ဖြစ်စေ၊ အစားအသောက်မလုံလောက်တော့သည်ဖြစ်စေ၊ သာမန်မဟုတ်သည့်အရာတစ်ခုခုဖြစ်သွားသည့်အခါတွင်ဖြစ်စေ သူတို့အစားအသောက်များဝယ်၍မရနိုင်တော့သည့်အခါတွင် သူတို့စားဖို့လုံလုံလောက်လောက်ရှိနေပြီဖြစ်သည် ။
သူတို့ခြံထဲရှိအသီးအနှံများကို ခူးစားနိုင်ပြီဖြစ်ရာ မည်မျှတောင်ကောင်းလိုက်သနည်း ။
သို့သော် ဦးးလေး၏ကမ်းလှမ်းချက်ကအသုံးမဝင်ဘူးဟု ကျန်းရှောင်မန်ခံစားရလေသည်။ မြေကစျေးကြီးပြီး သူတို့နေရာအသေးလေးရဖို့အတွက်ပိုက်ဆံအများကြီးပေးရမည်ဖြစ်သည်။ အသီးအနှံလေးစိုက်ပျိုးဖို့အတွက်ပင် ဖြုန်းတီးရာကျနေပြီဖြစ်သည် ။
ဝက်များသာမွေးသင့်သည်…
သူတို့ကိုဟွားဟွားလို ဝက်ကြီးကြီးနှစ်ကောင်ကို ပြုစုပြိုးထောင်သင့်တယ်... ဟွားဟွားကနေ ဝက်လေးတွေမွေးပေးနိုင်တယ် ဒီတော့သူတို့ဘဝတစ်လျှောက်လုံးအသားတွေဝယ်စားဖို့မလိုတော့ဘူးပေါ့...
သူတို့ကိုစားလို့မကုန်နိုင်ဘူးဆိုလျှင်ပင် အစားအသောက်များ၊ အဝတ်အစားများဖြင့်လဲလှယ်နိုင်သေးသည်။ အတိုချုံးပြောရလျှင် ဟွားဟွားက အလွန်အသုံးဝင်ပေသည်။ ထပ်ပေါင်းပြောရလျှင် အသားများသည် အသီးရွက်များထပ်ပို၍အရသာရှိလေသည် ။
ကျန်းရှောင်မန် ထိုအကြောင်းကို တွေးလေလေ သူမဦးလေးကိုဝက်မွေးဖို့မြေအကြောင်းမေးချင်လေဖြစ်နေသည် ။
ကျန်းရှောင်မန် သူမအားဦးလေး ပြန်အလာကို ကြိုရန်ပျော်ရွှင်စွာဖြင့် စောင့်ဆိုင်းနေသည် ။
ကျန်းရှင်း သူမကိုလာကြိုသည့်အခါတွင် သူမနေလို့မကောင်းဖြစ်နေမလား သူမငိုနေလေမလား ကျောင်းမသွားချင်ဖြစ်နေမလားဟူ၍ ခေါင်းငုံ့ကြည့်လိုက်လေသည် ။
သူမ ဘာမှဖြစ်မနေပေ ။
ကျန်းရှောင်မန် ဘာမှမဖြစ်သည့်သဘောဖြင့် ပျော်ရွှင်စွာဖြင့်ပြုံးနေလေသည် ။
ကျန်းရှောင်မန်က ပြောလိုက်သေးသည်။
" ဦးလေးက အရမ်းနှေးတာပဲ တခြားကလေးတွေအားလုံးအိမ်ပြန်ကုန်ကြတာတောင် သမီးကိုဘယ်သူမှလာမကြိုကြသေးဘူး…”
" ဒီနေ့တော့ မငိုဘူးပေါ...."
" အရူးတွေပဲ အဲ့လိုလုပ်တာ...."
"အိုး…မနေ့ကအရူးက ဒီနေ့တော့မရူးတော့ဘူးပေါ့ ...."
ကျန်းရှောင်မန်စိတ်တိုစွာဖြင့် 'ဟွန့်' ဟုလုပ်လိုက်ပြီး မည်သည့်စကားမျှမပြောချေ ။
ကျန်းရှောင်မန်မှထပ်၍ ပြောလိုက်သည်။
" ဥက ကွဲသွားပြီ အရူးမဟုတ်တော့ဘူး …”
"ဒါဆို အခုကဘာဖြစ်လို့လဲ .."
" ဒမ် ဒမ်...."
ကျန်းရှောင်မန်စိတ်တိုစွာ ပြောလိုက်သည်။
" သမီးမနေ့ကထက်ပိုပြီး ဥာဏ်ကောင်းလာပြီ...."
" ကောင်းပြီလေ.."
"သမီးဒီထက်ပိုပြီးအရူးမဟုတ်တော့ဘူး..."
"ကောင်းတာပေါ့...."
သူမပျော်ရွှင်သွားသည် ။ သူမဦးဦးကိုအိမ်မြန်မြန်ပြန်ရန်နှင့် ပေါင်မုန့်များဝယ်ရန်တောင်းဆိုလေသည်။ သူတို့ဒီနေ့ပေါင်မုန့်များစားကြမှာဖြစ်ပြီး အသီးအရွက်ပေါင်မုန့်များ အသားပေါင်မုန့်များ အားလုံးကိုဝယ်သွားလေသည် ။
Chapter 97
သူတို့မနက်စာဆိုင်ရှေ့ရောက်သည့်အခါတွင် ဆိုင်ရှင်သူဌေးမှ ပေါင်မုန့်တွေအားလုံးကုန်သွားပြီ ဟုပြောလေသည်။ ကျန်းရှောင်မန်စိတ်မကောင်းစွာဖြင့်သက်ပြင်းချလိုက်သည်၊ သူမတို့ပေါင်မုန့်ဝယ်မည့် အစီအစဉ်လည်းပျက်သွားပြီဖြစ်သည် ။
ဘယ်လောက်တောင်ဝမ်းနည်းဖို့ ကောင်းလိုက်လဲ... ဒီနေ့လည်းတရုတ်နံနံပင်ဘဲ ထပ်စားရမယ်နဲ့ တူပါတယ်....
" အိမ်မှာတရုတ်နံနံတွေ မရှိတော့ဘူး... ငါဒီနေ့အပြင်သွားရင်း သူဌေးယွီရဲ့ကလေးလည်းကျောင်းသွားမှာလို့ပြောပြီး ကျန်နေတဲ့တရုတ်နံနံတွေကိုပါငါ သူ့ကိုပေးလိုက်တယ် ...."
ဟားဟား…ဦးဦးကအရမ်းဉာဏ်ကောင်းတာပဲ.....
သူ တရုတ်နံနံတွေထပ်မစားချင်လောက်တော့ဘူး....
ကျန်းဟွေ့မိန်က မည်သည့်စကားတစ်ခွန်းမျှမပြောဘဲ တရုတ်နံနံတွေအားလုံးကိုသူ ယူသွားဖို့အတွက်ပင် ထုတ်ပေးလိုက်သေးသည် ။
'ဒီတော့ ကျန်းဟွေ့မိန်ဝယ်ထားတဲ့ တရုတ်နံနံအားလုံးယွီချင်းရှီဗိုက်ထဲရောက်ကုန်ပြီပေါ့...
ယွီမိသားစုအိမ်တွင် ဒီညတရုတ်နံနံပွဲရှိနေလောက်ပြီဖြစ်သည် ။
ကျန်းရှင်းက ယွီဝမ်ချန်းအား ဖော်ရွေ၊ ယဉ်ကြေး၊ ကြင်နာပြီး တည်ကြည့်သည့်စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဟုခံစားရလေသည် ။
ယွီချင်းရှီသည် အနည်းငယ်အေးသော်ငြား ဉာဏ်ကောင်း၊ ကိုယ်ကျိုးစွန့် ချစ်မြတ်နိုးသူဟု ကျန်းရှောင်မန်ခံစားရလေသည် ။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းရှောင်မန်၏သူငယ်တန်းဘဝသည်ပြောင်းလဲသွားသည်။ ကျန်းရှင်းက သူမအားလာမကြိုတော့ဘဲ ကျန်းဟွေ့မိန်သာလာကြိုတော့သည် ။
ကျန်းရှင်းက ယခုတွင် အလုပ်အရမ်းများနေပြီဖြစ်သည်။
သူအလုပ်အလွန်များနေပြီး သူ၏ခြေထောက်များမြေကြီးနဲ့မထိတော့သည် ဟုတောင်ထင်ရသည် ။ သူ၏ကုမ္ပဏီကိစ္စများနှင့် ကလေးတစ်ယောက်ပျိုးထောင်ခြင်း ကိစ္စများဖြင့် အလုပ်ရှုပ်နေလေသည်။ သူသည်ပတ်ချာလည်နေသည့်အဝိုင်းတစ်ခု မရပ်တန့်တော့မည့်အဝိုင်းတစ်ခုပေါ်တွင်မတ်တပ်ရပ်နေပုံနှင့်တူပါသည် ။
ယခုအရာအားလုံးပိုကောင်းလာပြီဖြစ်သည် အရာအားလုံးစီစဉ်ထားသကဲ့သို့ဖြစ်လာပြီဖြစ်သည်။ သူစီးပွားရေးလုပ်ငန်းများတွင်ကြိုးစားနေချိန်တွင် သူ၏အမေသည်ကလေးထိန်းတာဝန်များကိုယူရမည်ဖြစ်သည် ။
ကျန်းရှင်းအိမ်ကိုပြန်မလာသည်မှာရက်အနည်းငယ်ကြာပြီဖြစ်ပြီး သူ၏ရုံးခန်းတွင်သာအိပ်နေခြင်းဖြစ်သည် ။
ကျန်းရှောင်မန်က ပြဿနာမရှာပဲ သူငယ်တန်းကျောင်းတွင်းကောင်းမွန်စွာပြုမှုနေထိုင်ပြီဖြစ်သည်။ သူမ နေ့တိုင်းပျော်ရွှင်နေပြီဖြစ်သည်။
မကြာမီပင် ကျန်းရှောင်မန်ထပ်၍မပျော်ရွှင်တော့ပါ ။
အစပိုင်းတွင် သူငယ်တန်းရှိ ကလေးများသည် ရိုးစင်းသည်ဟုသူမထင်ခဲ့လေသည်။ သူတို့လုပ်နိုင်သည်မှာနေ့တိုင်းငို၍ သူတို့၏အမေများကိုမေးမည်။ အခြားကလေးများ၏မုန့်များနှင့်အရုပ်များကိုလုယူမည်။ သူမ သည်ထိုကလေးများနှင့်အတူလိုက်၍မငိုချင်ပေ ။
သူမစာသင်ချင်ရုံသာဖြစ်သည် ။
ဆရာမများက စာအများကြီးမသင်ပေးရင်တောင်အဆင်ပြေပါသည်။ သူမဘာသာသူမလေ့လာနိုင်ပါသည်။ သူမ၏ရွယ်တူများနှင့်ယှဉ်လျင် သူမသည်စကားလုံးအများစုကိုသိပါသည် ။
ဆရာမစာမေးချိန်တိုင်းတွင် ပထဆုံးလက်ထောင်သည့်သူမှာကျန်းရှောင်မန်ပင်။ ထို့နောက်ကလေးများ၏အံအားသင့်သောအကြည့်များဖြင့် ကျန်းရှောင်မန်သည် တဖြေးဖြေးသူတို့၏ခေါင်းဆောင်ဖြစ်လာလေသည် ။
ဆရာထန်ပြောတာမှန်တယ် စာသင်တာကပျော်ဖို့ကောင်းတယ်...
သူမ ဗဟုသုတများရလာပြီးနောက်တွင် ကလေးများသည်တအံတသြအာမေဍိတ်အသံများဖြင့် တလေးတစားကြည်ပြီး ပြောလာကြသည်။
" နင်ဒါကိုဘာလို့ ဒီလောက်တောင်ကောင်းကောင်းသိရတာလဲ ...."
ကျန်းရှောင်မန်အလွန်ပျော်ရွှင်၍ လေပေါ်လွင့်နေသလိုပင်ခံစားရလေသည် ။
သူမသည် အတန်းထဲတွင်အတော်ဆုံးကျောင်းသူဟု သူမကိုယ်သူမကောက်ချက်ချလေသည် ။
သူမက အံသြစရာပဲလေ...
သို့သော် ထိုခံစားချက်များသည်ကြာကြာမခံပေ။ ရက်အနည်းငယ်အတွင်းတွင် ကျန်းရှောင်မန်သည် အတန်းထဲတွင် သူမသည်အတော်ဆုံးသူ မဟုတ်ဘူးဟုခံစားရလေသည် ။
အဘယ်ကြောင့်ဆိုသော် ဆရာမကကျောင်းသားများကို အင်္ဂလိပ်အက္ခရာ၂၆လုံးပါသည့်သီချင်းဆိုခိုင်းသည့်အခါတွင် သူမ မလုပ်နိုင်ခဲ့ပါ ။
သူမ မဆိုနိုင်ပေ။
သူမအရင်က တခါမျှမသင်ဖူးခဲ့သောကြောင့်ပင် ။
စာလုံး၂၆လုံး အဲ့ဒါတွေက ဘယ်လိုမျိုးလဲ....
တရုတ်အက္ခရာများနှင့်တူသော်လည်း အသံထွက်များသည်လုံးဝကွဲပြားလေသည် ။
သူမနားမလည်ပေ။
" ABCDEFGH…"
ကလေးများပျော်ရွှင်စွာဖြင့် ဆိုနေကြသည် ။
သူမဘေးတွင် အမြဲဆိတ်ဆိတ်နေတတ်သော ကလေးပင်လိုက်ဆိုနိုင်လေသည် ။
သူမတစ်ယောက်တည်းသာ မဆိုနိုင်ပေ ။
ကျန်းရှောင်မန်၏ ခံစားချက်များသည်ပရမ်းပတာဖြစ်နေပေသည် ။
သူမကြားနေကျကဲ့သို့ပင်ငိုလေသည် သူမ ပါးစပ်ဖွင့်၍မဖတ်နိုင် မဆိုနိုင်ပေ ။
သူမဘေးမှ သူမနှင့်ရင်းနှီးသည့်ကလေးမလေးတစ်ယောက်သည် ရှောင်မန်ကိုပြောလိုက်သည်။
" ရှောင်မန် နင်လိုက်မဆိုဘူးလား၊ ဒါကငါဆိုနိုင်တဲ့တစ်ပုဒ်တည်းသော အင်္ဂလိပ်သီချင်းပဲ ..."
"ဝါး…”
ကျန်းရှောင်မန် ငိုလေသည် ။
သူငယ်တန်းတွင်ငိုခြင်းသည်ရှက်စရာ မဟုတ်သော်လည်း ရှောင်မန်ကဲ့သို့အကျင့်ကောင်းပြီး မငိုတတ်သည့်သူသည်ငိုလိမ့်မည်ဟု ထိုကလေးမလေးမမျှော်လင့်ထားချေ ။
ကလေးမလေး ခနတဖြုတ်ဆွံ့အသွားပြီး ခနအကြာတွင်ရှောင်မန်အားမျက်ရည်သုတ်ပေးရင်း သူမပါလိုက်ငိုလေတော့သည် ။
ကလေးနှစ်ယောက်ငိုရာမှနေ၍ အခြားကလေးများလည်းလိုက်ငိုလေတော့သည် ။
"ဝါး ဝါး ဝါး…”
Chapter 98
အခြားအတန်းများအားလုံးတွင် အက္ခရာများကိုဆိုနေကြပြီး အခန်း၃တစ်ခန်းသာငိုရင်းအလုပ်များနေပေသည်။
သို့သော် ထိုသို့ငိုခြင်းသည်အကျိုးမရှိသည်တော့မဟုတ်။
[တင်းတောင် ....ကလေးငယ်လေးကိုငိုအောင်လုပ်ရန်တာဝန်ကိုအောင်မြင်ပါတယ်
ဆုလဒ်: ၅မှတ်]
[အမှတ်များပေါင်းထည့်လိုက်ပါပြီ
လက်ကျန်အမှတ်: -၇၈၀]
"အာဟား…ပိုင်ရှင်ကအံသြစရာပဲကွ.... လုပ်…လုပ်… ပိုင်ရှင်ဒီတိုင်းသာဆက်လုပ်... ဒါပဲလေ ပိုင်ရှင်ကအမြဲအကောင်းဆုံးဖြစ်နေအုံးမှာပဲ..."
ကလေးများငိုနေသောကြောင့်ဆရာမ ယန်ရောက်လာသည် ။
ဆရာမယန်လည်းငိုချင်သွားလေသည် ။
" ဘာလို့ငိုနေကြတာလဲ....ဘာဖြစ်လို့လဲ...."
ဆရာမယန်၏ခေါင်းသည် ပေါက်ကွဲထွက်တော့မလိုခံစားလိုက်ရသည်။
အားလုံးကိုလိုက်မေးပြီးနောက်တွင် အဓိက တရားခံသည်ကျန်းရှောင်မန်မှန်းဆရာမသိလိုက်လေသည် ။
ဆရာမယန် ထူးဆန်းသွားလေသည် ။
ကျန်းရှောင်မန်သည် ဥာဏ်ကောင်းသလို စဥ်းစားတတ်သည့်အပြင် သူမမည်သည့်အခါမျှမငိုချေ။
တစ်ခါတလေအခြားကလေးငိုသည့်အခါတွင်တောင် သူမဆရာမကိုကူ၍လိုက်ချော့ပေးလေ့ရှိသည်။
သူမလေးက အရမ်းလိမ္မာပါလျက်နဲ့ ဒီတကြိမ်တွင်ဘာကြောင့် ရုတ်တရက်ငိုနေရတာလဲ …...
ဆရာမယန်မှ ရှောင်မန့်ကိုမေးလိုက်သည်။
" ရှောင်မန် ဘာဖြစ်လို့လဲ သမီးကိုတစ်ယောက်ယောက်ကအနိုင်ကျင့်လို့လား ..."
ကျန်းရှောင်မန် ခေါင်းခါ၍ငိုလေသည်။
သူမအလွန်ရှက်နေသော်လည်း ဆရာထန်မှ "သမီးနားမလည်ရင်မေးရမယ်....." ဟုပြောဖူးလေသည် ။ သူမ မပြောလျှင် သူမအက္ခရာတွေကိုမည်သည့်အခါမှဆိုနိုင်တော့မည်မဟုတ်ချေ။
" ဆရာမ သမီးအက္ခရာသီချင်းကိုမဆိုနိုင်ဘူး..."
ကျန်းရှောင်မန်ထိုသို့ပြောလိုက်ချိန်တွင် ဆရာမနားလည်သွားလေသည်။
ကလေး၏ဦးလေးက ကလေး၏အခြေအနေများကိုသူမအားတစ်ခါပြောပြဖူးလေသည် ။
သူမ(ကျန်းရှောင်မန်)က ရွာမှလာပြီး အရင်ကလည်းကျောင်းတစ်ခါမှမသွားဖူးပေ။ သူမလေးက များသောအားဖြင့် ကိုယ်တိုင်လေ့လာခဲ့ခြင်းသာဖြစ်သည်။ သူမကျောင်းဆရာဟောင်းနောက်ကိုသာလိုက်၍ ပညာရခဲ့ခြင်းဖြစ်သည် ။
သူမ အင်္ဂလိပ်စာနှင့် တစ်ခါမှမထိတွေ့ဖူးဘူးဟုပြောလည်း ပြောနိုင်သည်။ ၎င်းပုံမှန်သာဖြစ်သည် ။
" အဆင်ပြေပါတယ် ရှောင်မန်ရယ်.... တခြားကလေးတွေလည်းအစမှာ မရကြပါဘူး ဆရာမသမီးကိုသင်ပေးမယ်နော်...."
ကျန်းရှောင်မန်က မျက်ရည်များဝိုင်းနေသော မျက်လုံးဖြင့် ဆရာမကိုမေးလိုက်သည်။
" တကယ်လား တခြားကလေးတွေကသမီးကိုမရယ်ကြဘူးလား…”
ဆရာမယန်မှ ပြန်ဖြေလိုက်သည်။
" မဟုတ်တာဘာလို့အဲ့လိုလုပ်ရမှာလဲ ရှောင်မန်သမီးကဥာဏ်ကောင်းတာပဲ သမီးဒီရောက်ကတည်းက ပန်းအနီးလေးတွေအများကြီးရထားတာပဲ တချို့ကလေးတွေဆိုနှစ်ဝက်အဆုံးလောက်မှရကြတာ …”
ပန်းပွင့်နီလေးများသည် သူငယ်တန်း၏ဆုဖြစ်သည်။
အကျင့်စာရိတ္တကောင်းမွန်သူ သို့မဟုတ် မေးခွန်းကိုဖြေဆိုနိုင်သူ မည်သူမဆို ဆုချီးမြင့်ခံရမည်ဖြစ်သည်။
များသောအားဖြင့် ကလေးတစ်ယောက်သည် ထိုပန်းနှင့် အခြားအရာတစ်ခုခုကိုရရှိပါသည်။ ကျန်းရှောင်မန်ရောက်လာပြီး နောက်တွင်တော့ ထိုအရာအားလုံးက သူမဟာဖြစ်ကုန်လေသည် ။
ကျန်းရှောင်မန်ရယ်မောလိုက်ပြီး ဆရာမယန်နှင့်အတူ အထူးသင်ခန်းစာကိုသင်ချင်သွားသည်။
သို့သော် ကျန်းရှောင်မန်ထိုအက္ခရာများကိုတစ်ခါမျှမမြင်ဖူးဘဲ အချိန်တိုတွင်းသင်ရမည်မှာ သူမအတွက်စိန်ခေါ်မှုတစ်ခုပင် ။
ကျောင်းဆင်းသွားသည့်အခါတွင် သူမစကားထစ်နေပြီး အက္ခရာများကိုမရွတ်ဆိုနိုင်သေးပေ။
သူမအိမ်မပြန်ချင်သေးပေ အိမ်မပြန်ခင်စာများကိုပြီးအောင်လုပ်သွားရမည်ဟု ဆရာမအားပြောလေသည်။
ဆရာမအံသြ သွားလေသည်။
သူမတစ်ခါမျှ ထိုသို့ဝီရိယကောင်းသည့်ကလေးမျိုးမတွေ့ဖူးခဲ့ပေ။
ကလေးကစာဆက်သင်ချင်နေသော်လည်း ဆရာမယန်သည်အလုပ်ဆင်းချင်နေပြီ ဖြစ်သည်။
ခနတွေးပြီးနောက်တွင် သူမသည်ကျန်းရှောင်မန်အား သူမအမြဲသီချင်းနားထောင်နေကြ MP3စက်အသေးလေးတစ်လုံးကိုပေးလိုက်လေသည် ။
" သမီးဒါနဲ့ တွဲပြီးဖတ်လို့ရတယ်... ရှောင်မန် သမီးကဥာဏ်ကောင်းပါတယ် သမီးမြန်မြန်တတ်မြှောက်သွားပါလိမ့်မယ်..."
ကျန်းရှောင်မန် ထိုအရာလေးကိုသေချာကြည့်ပြီး အသံထွက်လာသည်ကို တွေ့လေသည်။ သူမ ထိုအရာ၏လုပ်ဆောင်မှုကို သင်ကြားပြီးနောက်တွင် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
" ကျေးဇူးပါဆရာမယန် သမီးမြန်မြန်ပြန်ပေးပါ့မယ်.."
ထိုမှသာလျှင် သူမလေးကအိမ်ပြန်ဖို့ဆန္ဒရှိတော့လေသည် ။
ကျန်းရှင်းအိမ်ပြန်ရောက်သည့်အခါတွင် သူမနားကြပ်တပ်၍ပါးစပ်ကနေတစ်ခုခုကိုပြောနေတာကိုတွေ့လေသည်။ သူမဘာပြောနေသည်ကိုသူ မသိသောကြောင့် စပ်စုစွာဖြင့်နားကြပ်ကိုဆွဲလိုက်ပြီး သူလည်းနားထောင်လေသည် ။
သေစမ်း!!!
သူမက အင်္ဂလိပ်စာကို စသင်နေပြီပဲ....
ကျန်းရှင်းစိတ်ပျက်သွားလေသည်.
သူလန့်သွားပြီး ရှောင်မန်ကိုမေးလိုက်သည်။
" ရှောင်မန်..... ငါတို့မိသားစုမှာပါရမီရှင်ရှိတာလား.... မူလတန်းကျောင်းသားတွေက အင်္ဂလိပ်စာမေးပွဲ မရှိဘူးလေ ဘာလို့အများကြီးသင်နေတာလဲ … ”
"ဘာလို့ကျော်သင်နေတာလဲ…”
ကျန်းရှောင်မန် သူ့ကိုကြည့်ပြီး နားကြပ်ကိုဆွဲယူလိုက်ပြီး ကျယ်လောင်စွာပြန်အော်သည်။
" မူလတန်းစာမေးပွဲထဲမပါဘူးဟုတ်လား... သူငယ်တန်းကတည်းက သင်နေရတာလေ.... အခုခေတ်ကလေးတွေဘဝက ဘယ်လောက်ခတ်ခဲမှန်းဦးလေးမသိပါဘူး..."
"……”
Chapter 99
ရက်အနည်းငယ်အက္ခရာများလေ့ကျင့်ပြီးနောက်တွင် ကျန်းရှောင်မန် အင်္ဂလိပ်အက္ခရာသီချင်းကို သီဆိုလာနိုင်သည် ။
သူမအလွန်ပျော်ရွှင်နေသည်။ သူမနောက်တစ်ကြိမ် ကလေးများအားလုံးရှေ့တွင်ကျယ်ကျယ်ဆိုသည့်အခါတွင် ကလေးများသည်သူမအားဥာဏ်ကောင်းကြောင်းချီးမွမ်းကြမည်ဖြစ်သည်။
သို့သော်....
မကြာမီတွင် ရေအေးများသည် သူမ၏ပူလောင်နေသောဝိဥာဥ်ပေါ်သို့လောင်းချခံလိုက်ရလေသည် ။
ဆရာမယန်က သူတို့အက္ခရာသီချင်းများထပ်ဆိုစရာမလိုတော့ဘဲ လက်မှုသင်ခန်းစာများသာ ပြောင်းလဲသင်ကြားရမည် ဟုဆိုလေသည်။
သူမ အချိန်အကြာကြီးကြိုးစားခဲ့သော်လည်း သူမသီချင်းမဆိုရသည့်အပြင် အခြားကလေးများသည်လည်းသူမဥာဏ်ကောင်းသည်ဟု မချီးကျူးကြပေ။ ၎င်းက ဂါဝန်လှလှလေးကို ညလယ်ခေါင်တွင်ဝတ်ထားပြီးမည်သူမျှမမြင်နိုင်သည်နှင့်တူပါသည်။ အနည်းငယ်စိတ်ရှုပ်စရာကောင်းသော်ငြား ကလေးများသည်ကား ကလေးများပင်ဖြစ်သည်။ ထူးဆန်းသည့်အရာများသည်အမြဲသူတို့ကိုဆွဲဆောင်နိုင်ပေသည် ။
ယွီချင်းရှီသူမကိုအရင်က လက်မှုအတန်းကြောင်းပြောပြခဲ့သော်လည်း သူမစိတ်မဝင်စားခဲ့ပေ ။
ကျန်းရှောင်မန်က ဆရာမအားမေးလိုက်သည်။
" လက်မှုပညာအတန်းကဘာလဲဟင် ..."
ဆရာမက ကလေးကတစ်ခါမှမကြားဖူးဘူးဟု ထင်၍ စိတ်ရှည်စွာဖြင့်ရှင်းပြလေသည်။
" ကလေးတွေကိုလက်စွမ်းတတ်အောင် လက်မှုပညာကိုသင်ပေးတာပါ...ဆရာမတွေရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ပြီး တစ်ခုခုကိုလုပ်ရတာ …”
"သမီးတို့ဘာလုပ်ရမှာလဲ..."
" ဆရာမတို့ပန်းခြင်းလေးတွေလုပ်ရမယ် ..."
မကြာမီတွင် ကျန်းရှောင်မန်လက်မှုအတန်းကြောင်းကိုနားလည်သွားလေသည် ။
ဒါကဂိမ်းတစ်ခုလား…
ကလေးတွေကိုမည်သူမှ မသင်ပေးရင်တောင် သူတို့ထိုအရည်အချင်းများဖြင့်မွေးဖွားလာကြပါသည် ။
ပန်းခြင်းလုပ်ရန် လမ်းညွှန်ချက်များရှိပါသည်။ ပထမဆုံးအနေဖြင့် သူတို့သုံးပြီးသားဘူးခွံများကိုရှာ၍ ကတ်ကြေးဖြင့်အလယ်မှတစ်ဝက်ဖြတ်ရမည် ထို့နောက် ၎င်းတို့ကိုယက်လုပ်ရန် ဘူးကိုသေးသေးမျှင်မျှင်များညှပ်ပြီး အရောက်အသွေးစုံလင်သော ပန်းစက္ကူများကပ်ရုံဖြင့် သေးငယ်လှပသောပန်းခြင်း လေးကိုရရှိမယ်ဖြစ်သည် ။
အလွန်ရိုးရှင်းပါသည် ။
ထိုအရာသည် ကျန်းရှောင်မန်အတွက်ပြဿနာ မဖြစ်နိုင်ပေ။ သူမသည် ဆရာမယန်၏နည်းလမ်းများအားလိုက်နာ၍ ပန်းခြင်းပြုလုပ်ရန်အကောင်းဆုံးကြိုးစားနေလေသည်။ သို့သော် သူမ၏ဦးနှောက်တွေးနိုင်သကဲ့သို့ သူမ၏လက်များသည်မစွမ်းဆောင်နိုင်ပေ ။
သူမ ဦးနှောက်သည်မည်သို့ပြုလုပ်ရမည်ကိုနားလည်သော်လည်း သူမ၏လက်များသည်မလုပ်ဆောင်နိုင်ပေ။ အဆုံးတွင် သူမ ဘူးမှသပ်ရပ်သည့်အမျှင်အနည်းငယ်သာဖြတ်ထုတ်နိုင်လေသည် ။
အတန်းတွင်းရှိကလေးများအားလုံးသည်လည်း ထိုကဲ့သို့ပင်ဖြစ်နေသည်။ ဆရာမသည်ထိုကဲ့သို့အခြေအနေမျိုးဖြင့် ကျင့်သားရခဲ့သည်မှာ ကြာပြီဖြစ်သည့်အတွက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ရပါပြီ .... အိမ်ကိုယူသွားပြီးသာ ဆက်လုပ်ခဲ့တော့နော်... ကလေးတို့ပြီးသွားရင် ဆရာမကိုပြဖို့ကျောင်းကိုပြန်ယူလာခဲ့ကြ.... ကလေးတို့ကြိုးစားထားတဲ့ ရလဒ်ကို ဆရာမတို့အတူတူဝေမျှကြမယ် ဟုတ်ပြီလား...."
" ဟုတ်ကဲ့ပါ …”
ကလေးများအားလုံး တပြိုင်တည်းဖြေခဲ့ကြသည် ။
နောက်ဆုံးတွင်ကျောင်းဆင်းသွားပြီဖြစ်သည် ။
ကျန်းရှောင်မန်သည် ယွီချင်းရှီအားဘေးသို့ဆွဲ၍ မေးလိုက်သည်။
" နင်ပန်းခြင်းလုပ်ပြီးပြီလား …”
သူမက ပန်းနီလေးများကိုလိုချင်သူဖြစ်၍ ယွီချင်းရှီကို သူမ၏ပြိုင်ဘက်ဖြစ်သည်ဟု နှလုံးသားထဲတွင်မှတ်ထားလေသည်။ သူမရန်သူအားထောက်လှမ်းရန်ရောက်ရှိနေခြင်းဖြစ်သည် ။
ယွီချင်းရှီ သူမအားတစ်ချက်ကြည့်လိုက်ပြီး သူ့လွယ်အိတ်လေးကိုတင်းတင်းကြပ်ကြပ်ကိုင်လိုက်လေသည် ကျန်းရှောင်မန်ထူးဆန်းသည့်အရာတစ်ခုခုကိုထပ်ပြမှာကိုသူ ကြောက်သောကြောင့်ပင်။ သူ သူမအားဥပေက္ခာပြုစွာပြောလိုက်သည်။
" ပြီးခါနီးပြီ.... စကားမစပ် အဖေကဒီနေ့အိမ်မှာမရှိဘူး.... သိပ်မကြာခင်ကတည်းက သူအလုပ်ရှုပ်နေတာ..."
သူဘာလို့ ဒါတွေကိုပြောပြနေရတာလဲ…
ကျန်းရှောင်မန်ခေါင်းကုတ်ပြီး စဥ်းစားလိုက်လေသည်။ ယွီချင်းရှီအထီးကျန်နေတာဖြစ်မည်ဟုခန့်မှန်းလိုက်လေသည် ။ အဖွားသည်လည်းအလုပ်ကိစ္စရှိလို့အပြင်သွားသည့်အချိန်တိုင်းတွင် သူမကိုဘေးအိမ်ကအဖွားဆီသို့အပ်ခဲ့လေသည် ။
ထို့ကြောင့် ကျန်းရှောင်မန်သည် ယွီချင်းရှီအား ရင်းနှီးစွာဖြင့်ဖိတ်လိုက်လေသည်။
" ဒါဆို ငါတို့အိမ်မှာညစာလာစားချင်လား …”
" အိုး.....ကျေးဇူးတင်ပေမဲ့တော်ပါပြီ...."
ယွီချင်းရှီလျင်မြန်စွာပြောလိုက်လေသည်။
" ငါပြောတာက…နင့်ဦးလေးကအလုပ်များနေမှာလေ.... ပြီးတော့သူတို့ဘယ်အချိန်ပြန်လာမယ်မှန်းလည်း မသိဘူးလေ …”
"ဟုတ်တယ်ဦးလေးကအိမ်ပြန်မလာတာရက်ပိုင်းလောက်ရှိပြီ …”
ကျန်းရှောင်မန် နှာရှုံ့လိုက်သည်။ သူမငိုချင်နေပြီဖြစ်သည် ။
ထိုအရာသည် သူမအမြဲဖြစ်နေကျပင် သူမငိုချင်သည့်အခါတိုင်းတွင် သူမမျက်ရည်များကြဆင်းလာပြီဖြစ်သည် ။
ယွီချင်းရှီအား နှုတ်ဆက်ပြီးနောက်တွင် ကျန်းရှောင်မန်နှင့်သူမအဖွားတို့အိမ်ပြန်ခဲ့ကြလေသည် ။
ဦးလေးကဒီနေ့လည်းအိမ်မှာရှိမနေပြန်ပေ။ အိမ်တွင်နှစ်ယောက်တည်းရှိနေ၍ အထီးကျန်သလိုခံစားရလေသည် ။
မြို့ကတိတ်ဆိတ်နေသည်။ ကျန်းရှောင်မန်သူမရွာမှာနေခဲ့သည့်ရက်များကို သတိရသွားလေသည် ။
" ရှောင်မန်သမီးမှာအိမ်စာလုပ်စရာမရှိဘူးလား...."
ဟုကျန်းဟွေ့မိန်ညစာစားပြီးနောက်တွင်မေးလိုက်သည် ။
ကျန်းရှောင်မန် အခုရက်ပိုင်းတွင်အလွန်ဝီရိယရှိနေသည်။ သူမအိမ်ပြန်ရောက်ချိန်တိုင်းတွင် စာရေး၊ ပုံဆွဲပြီး အင်္ဂလိပ်အက္ခရာများကိုပင်သင်ချင်ကြောင်းပြောလေသည်။ သို့သော် ဒီနေ့မည်သည့်စာမှမလုပ်သောကြောင့် ကျန်းဟွေ့မိန်သိချင်သွားလေသည် ။
" ဟုတ်သမီးပန်းခြင်းလုပ်စရာရှိတယ်... သမီးအဒါကိုမကြာခင်ပြီးအောင်လုပ်ရမယ် ”ဟုကျန်းရှောင်မန်ဆိုလေသည် ။
ကျန်းဟွေ့မိန်သူမအားကူညီဖို့ ကြည့်လိုက်သော်လည်း ကျန်းရှောင်မန်က ငြင်းဆိုလိုက်ပြီး သူမကိုယ်တိုင်သာလုပ်ရန်ကြိုးစားလေသည် ။
Chapter 100
ကြိုးစားလုပ်ပြီးနောက်တွင် ပလတ်စတစ်ဘူးကို အရှည်အမျှင်များဖြစ်အောင်ညှပ်ပြီး စက္ကူပန်းအသေးလေးများကိုပြုလုပ်ပြီး ဘူးပေါ်ကပ်လေသည် ။
နောက်ဆုံးတွင်ပြီးသွားပြီဖြစ်သည် ။
သူမကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမျှင်များအရွယ်အစားမတူ၊ ပန်းများတစ်ပုံစံတည်းမဟုတ်လျှင်တောင် သူမမျက်လုံးထဲတွင် ချစ်ဖို့ကောင်းနေပြီး သူမပြုလုပ်ထားသည့်အရာကိုကြည့်လေကြည့်လေကျေနပ်လေဖြစ်နေသည်။
ဘယ်လောက်တောင်လှလိုက်တဲ့ပန်းခြင်းလေးလဲ....
သူမ မနက်ဖြန်ကျောင်းသို့ပန်းခြင်းယူသွားလျင် သူမအမှတ်ပြည့်ရမည်ဟု ထင်နေလေသည် ။
ကျန်းရှောင်မန် ပန်းခြင်းကိုဂရုတစိုက်ကိုင်၍ ကျောင်းသို့သွားလိုက်သည် ။
သူမကဲ့သို့ပန်းခြင်းလှလှလေးကို အချိန်တိုတွင်းမလုပ်နိုင်၍ အခြားကလေးတွေအားလုံးငိုကြမည်ဟုသူမထင်နေလေသည်။ အခြားကလေးတွေ၏ပန်းခြင်းတွေအရင်ထုတ်တာကိုစောင့်ပြီးမှ သူမပန်းခြင်းကိုထုတ်လေသည်။ ဆရာမယန်၏ မျက်လုံးများသည်အရောင်တောက်လာလေသည် ။
သူမ စောင့်ပြီးရင်းစောင့်ခဲ့သည်နှင့်တန်အောင်ပင်…..
ဘယ်ဘက်မှကလေးသည် လက်ဖဝါးတစ်ခုစာရှိသည့် လက်ဖြင့်ယှက်လုပ်ထားသည့်ပန်းခြင်းလေးကိုထုတ်လိုက်သည်။ ၎င်းသည်အလွန်လှပလေသည် ။
ညာဘက်မှကလေးသည်လည်း စက္ကူဖြင့်လုပ်ထားသော ပန်းခြင်းလေးကိုထုတ်လိုက်လေသည် ။ စက္ကူပန်းများကိုလည်းသပ်သပ်ရပ်ရပ်ခေါက်ထားလေသည်။ အရောင်စုံလင်ပြီး လှပလျက်ရှိနေသည် ။
အရှေ့တွင်ရှိသည့်ကလေးသည်လည်း ထိုနည်းလည်းကောင်းပင် ။
ကျန်းရှင်းဟွာယူလာသည့် ပန်းခြင်းသည်လည်း သကြားလုံးများ ချောကလတ်များဖြင့်အလှဆင်ထားလေသည်။ တစ်ချက်ကြည့်ရုံဖြင့် ချစ်စရာကောင်းပြီး အရသာရှိမှန်းသိသာလေသည် ။
"ဝါးဝါးဝါး...."
သူတို့ကိုကြည့်နေရင်းဖြင့် သူမပန်းခြင်းသည် အရိုးရှင်းဆုံး၊ အဆိုးရွားဆုံး၊ ရုပ်အဆိုးဆုံးဖြစ်သည်ဟုရုတ်တရက် သဘောပေါက်လိုက်လေသည် ။
ကြည့်ရသည်မှာ ပျင်းစရာကောင်းပြီးမလှနေပေ။ အရောင်လည်းမလှသလို ပုံစံလည်းမလှနေပေ ။
တခြားကလေးတွေက ဘာလို့လိုက်မလုပ်ကြတာလဲ....
သူတို့ပန်းခြင်းတွေကဘာလို့အဲ့ဒီလောက်တောင်လှနေရတာလဲ ....
ကျန်းရှောင်မန် မျက်ရည်များကျလုနီးပါးပင်။
ဆရာမယန် ကလေးအားလုံး၏ပန်းခြင်းများကိုစုပြီးနောက်တွင် ကျန်းရှောင်မန်ဆီသို့ရောက်လာလေသည် ။
" ရှောင်မန်သမီးရဲ့အိမ်စာကရော …”
ကျန်းရှောင်မန်နှုတ်ခမ်းကိုကိုက်ပြီး ပန်းခြင်းကိုတုန်တုန်ရီရီဖြင့် ဆုပ်ကိုင်ထားလေသည်။ သူမတုန့်ဆိုင်းပြီးရင်းတုန့်ဆိုင်းနေလေသည် နောက်ဆုံးတွင်သူမတုန်လှုပ်စွာပြောလိုက်သည်။
" သမီးတောင်းပန်ပါတယ်ဆရာမယန် သမီးဒီနေ့မယူလာမိဘူး....သမီးကိုကျော်လို့မရဘူးလား..."
"ဝါး…ဝါး…ဝါး...."
သူမပန်းခြင်းကအလွန်ရုပ်ဆိုးပေသည် ။
ဆရာမယန်သည် ပြုံးပြုံးလေးပြန်ဖြေသည်။
" ရတာပေါ့… နောက်တစ်ကြိမ်တော့ဂရုစိုက်မှဖြစ်မယ်ရှောင်မန် ..."
" ဟုတ်ကဲ့..."
ကျန်းရှောင်မန် ဝမ်းနည်းနေလေသည် ။
ဘာလို့တခြားကလေးတွေက အရမ်း ကျွမ်းကျင်နေရတာလဲ....
ထိုကဲ့သို့ရုပ်ဆိုးသည့်ပန်းခြင်းလုပ်ဖို့ သူမအလွန်ကြိုးစားခဲ့ရသည် ။
အတန်းပြီးသွားသည့်နောက်တွင် သူမစားပွဲတွင်မလှုပ်မယှက်လှဲနေလေသည်။ သူမကိုမြင်နေကျပုံစံနှင့်အလွန်ကွာခြားနေလေသည် ။
သူမသည် စကားသိပ်မပြောသည့် ယွီချင်းရှီနှင့်ပင်တူနေပြီဖြစ်သည် ။
သူမ ယွီချင်းရှီနှင့်စကားပြောဖို့ပင်မသွားခဲ့ချေ။ ယွီချင်းရှီသည် ပုံမှန်မဟုတ်ဘူးဟုခံစားရ၍ သူမကိုရှာဖို့လုပ်လေသည် ။
သူမစားပွဲခုံရှေ့တွင်ရပ်လိုက်ပြီး ယွီချင်းရှီတခနတုန့်ဆိုင်းသွားပြီးနောက်တွင် မေးလိုက်သည်။
" နင်ဘာဖြစ်နေတာလဲ...."
"ဝါး...."
" ဘာလို့ငိုနေတာလဲ ..."
"ဝါး…”
"……”
ယွီချင်းရှီတွေးတော၍ ဆက်စပ်ကြည့်ပြီးနောက်မှ ပြောလိုက်သည်။
" နင်ပန်းခြင်းကိုကိုယ့်ဘာသာကိုယ်လုပ်တာမလား ငါလည်းတူတူပဲလေ…”
" ဟမ် .."
ကျန်းရှောင်မန်အငိုရပ်သွားလေသည် ။
" တခြားကလေးတွေက သူတို့မိဘတွေကူပေးတာလေ ..."
ယွီချင်းရှီက ထပ်ပြောသည်။
အဲ့ဒါကြောင့်သူတို့ဟာတွေကအရမ်းကောင်းပြီး အရမ်းလှနေတာလေ...
တုံးလိုက်တဲ့ ကျန်းရှောင်မန် နင်ဒါလေးတောင်နားမလည်ဘူးလား... တစ်ချက်ကြည့်ရုံနဲ့ အခန်း၃က ကလေးတွေမလုပ်နိုင်တာသိရက်နဲ့ ဘာလို့ငိုနေရတာလဲ.....
အရမ်းနုံတာပဲ ။
ကျန်းရှောင်မန် မျက်ရည်များကိုသုတ်၍ ရှိုက်ပြီးမေးလိုက်လေသည်။
" မိဘတွေက လက်မှုပညာအတန်းကိုကူပေးလို့ရတာလား …”
"…ရမှာပေါ့ ”
ယွီချင်းရှီမသေချာမရေရာသာ ဖြေလိုက်သည်။
သူလည်းနားမလည်၍ သူကိုယ်တိုင်လုပ်ခဲ့ခြင်းဖြစ်သည် ။
အဘယ်ကြောင့်ဆိုသော် သူ၏အဖေသည်အလုပ်များနေပြီး အမေလည်းမရှိသောသောကြောင့် သူကိုယ်တိုင်အမှီအခိုမရှိလုပ်ခဲ့ခြင်းဖြစ်သည် ။
သူအမြဲ ကြည့်ရအဆိုးဆုံးဖြစ်အောင်လုပ်ခဲ့သော်လည်း ဆရာမသည်သူ့ကိုအမြဲပထမနေရာပေးလေသည် ။
အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အလှအပခံစားနိုင်စွမ်းကထူးဆန်းနေတာလည်းဖြစ်နိုင်တယ်သူတို့ကလှတာအစား ရုပ်ဆိုးတာကိုပဲလိုချင်နေကြတယ်...
ကျန်းရှောင်မန်ပန်းခြင်းကိုပေးလိုက်လျှင် သူမပန်းနီလေးကိုရနိုင်လေသည်။ သူမပန်းခြင်းသည် သူများပန်းခြင်းများကဲ့သို့မလှသည်ကိုသိသည့်အတွက် သူမအိမ်စာကိုမပေးလိုက်ခြင်းဖြစ်သည် ။