Chapter 40
Viewers 2k

💫 Chapter 40



"ဘယ်လို…"

ရှဲ့ရုန် စိတ်ရှုပ်သွားသည်။

"အကြီးဆုံးစီနီယာအစ်ကို... အစ်ကိုက ကျွန်တော်ချစ်ရတဲ့ အကြီးဆုံးစီနီယာအစ်ကိုလေ... အဲ့လောက်ကြီး မနောက်ပါနဲ့... အဲ့မိန်းမက အစ်ကို့ကို ဘယ်လောက်ပေးတာလဲ... ကျွန်တော် နှစ်ဆပေးမယ်... ကျွန်တော့်မှာ လောလောဆယ်တော့ အဲ့လောက်များများကြီး မရှိသေးဘူး... ဒါပေမဲ့ အနှေးနဲ့ အမြန်ပဲ... ကျွန်တော်ရ..." 


"အို... ဟုတ်လား..."

စုန့်နင်ဖုန်းက အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

"ဒါဆိုရင်တော့ နောက်ပိုင်းမှာ အချိန်အတိုင်းအတာ တစ်ခုထိ မင်းမျက်နှာလေးနဲ့ စကားပြောကောင်းတာလေးကို စီးပွားရေးလုပ်တဲ့နေရာမှာ အသုံးချရတော့မှာပဲ... မင်းက တိုက်ရိုက်ထုတ်လွှင့်ရတာကို မကြိုက်ဘူးလား... တိုက်ရိုက်ထုတ်လွှင့်နိုင်တယ်ဆိုရင်တောင်မှ မင်းက ငါတို့မျိုးနွယ်စုအတွက် ကောင်းတဲ့အရာတွေပဲ ယူဆောင်လာမှ ဖြစ်မယ်…" 


မာရီယာနှင့်ပတ်သက်ပြီး ဖြေရှင်းလိုက်ပြီဖြစ်သောကြောင့် ရှဲ့ရုန်ကို သက်သာရာရသွားစေသည်။ သူ၏ လွတ်မြောက်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးဖြစ်သော်လည်း အားလုံးကို ပေးဆပ်ရန် ထိုက်တန်ပေသည်။ သူ့ဆရာ မသိသေးသရွေ့ သူ့အတွက် အရာအားလုံး အဆင်ပြေသည်။ 


"ငါ မိန်းကလေးချီတိုနဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်… ငါတို့ထိုက်ယီဂိုဏ်းအနေနဲ့ ငါတို့ရဲ့ သြဇာလွှမ်းမိုးမှု အရှိန်အဝါကို ချဲ့ထွင်ချင်တယ်ဆိုရင် လော့မိသားစုအပြင် ချီတိုမိသားစုကိုပါ မှီခိုလို့မရတော့ဘူး... ငါတို့ရဲ့စီးပွားရေအတွက် လိုအပ်တဲ့ ကွင်းဆက်တွေကို ငါတို့အပိုင် ဖြစ်အောင် ကြိုးစားရမယ်... အခုလက်ရှိမှာ ထုတ်လုပ်လို့ရတာက ဆေးအဆီပဲ ရှိတယ်... မက်ခါကတော့ သီးသန့်အမှာတွေဆိုရင်တော့ ဆက်ပြီး တည်ဆောက်ပေးလို့ရတယ်... အခုလောလောဆယ်တော့ မူပိုင်ခွင့်မှတ်ပုံတင်ဖို့ ခွင့်ပြုချက် လျှောက်ထားတယ်..." 


"အားကျီက ဆေးအဆီမှာ သုံးလို့ရတဲ့ တခြားဆေးမြစ်တွေကို တွေ့ထားတယ်... စိုက်ပျိုးထွန်ယက်လို့ရတဲ့ မြေအတိုင်းအတာကလည်း ပိုကျယ်လာပြီးတော့ ဒီခေတ်ရဲ့ ထုတ်လုပ်ရေးလိုင်းတွေကလည်း စတင်နေပြီဆိုတော့ နောက်ပိုင်းကျရင် ဆေးအဆီ ထုတ်လုပ်မှုက သိသိသာသာကို များလာတော့မယ်... လော့ကျန်းက ငါတို့ကို ထုတ်လုပ်ရေးလိုင်းတွေထဲ ရောက်အောင် ကူညီပြီး ခေါ်ပေးမယ်... ပြီးတော့ ချီတိုမိသားစုက ထောက်ပံ့ရေးကဏ္ဍဘက်ကို ဂရုစိုက်ပေးကြလိမ့်မယ်... မင်းကို သတင်းပြန်ကြားရေးကဏ္ဍဘက်မှာ တာဝန်ပေးမယ်..." 


ရှဲ့ရုန် အတန်ငယ် ခေါင်းခြောက်သွားသည်။

"ဒါက… ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ သဘောတူညီချက်တွေကို ချက်ချင်းကြီး လုပ်ခဲ့တာလဲ…" 


'ဒါက ထိုက်ယီဂိုဏ်းရဲ့စတိုင်လ်မှ မဟုတ်တာ…' 


"ဆာ့ဆာ့ ကျောင်းတက်တဲ့ကိစ္စကို ဆရာက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေမှာလဲ... အစောပိုင်းက မိဘ-ဆရာအစည်းအဝေးကို သွားတက်ပြီးတော့ ဆရာ့ကို ဗွီဒီယိုကောလ်ခေါ်ပြီး ဆာ့ဆာ့ရဲ့အခြေအနေကို ပြောပြပြီးပြီ... ကျောင်းက ဆာ့ဆာ့အတွက် သေသေချာချာလေး စဥ်းစားပြီးတော့ အခုလက်ရှိအချိန်မှာ ဆာ့ဆာ့ရဲ့အဆင့်တွေကို ဖုံးကွယ်ထားခွင့်ပြုလိုက်တယ်...ဆရာကတော့ ဒါတွေက တင်းကြပ်လွန်းတယ်တဲ့... SS အဆင့်က သိသာလွန်းတယ်ဆိုရင် သူတို့က S+ နှစ်ထပ်ကွမ်းအဆင့်ရှိသူတွေကို ပိုပြီး လေ့ကျင့်ပေးသင့်တယ်လို့ ပြောတယ်..." 


S+ နှစ်ထပ်ကွမ်းအဆင့်ရှိသူများ မရှားပါးအောင် ပိုမိုခေါ်ယူလေ့ကျင့်ပေးခြင်းဖြင့် လူအများက ဆာ့ဆာ့တစ်ဦးတည်းအပေါ် အာရုံစိုက်ခြင်းမှ သဘာဝကျစွာ ရှောင်လွှဲနိုင်မည် ဖြစ်သည်။ 


တစ်စုံတစ်ယောက်ကသာ ရွှီယီ၏ စကားလုံးများကို ကြားခဲ့လျှင် သူတို့က သူ့ကို တံတွေးနှင့်ထွေးကာ ဆူပူကြိမ်းမောင်းပေမည်။

'မင်းက S+ နှစ်ထပ်ကွမ်းအဆင့်ရှိသူတွေကို ဘယ်နေရာဖြစ်ဖြစ် ရှိနိုင်တဲ့ အမှိုက်တစ်မျိုးလို့ ထင်နေပြီလား... မင်းက သူတို့ထဲက နည်းနည်းလောက် လေ့ကျင့်ပေးနိုင်တယ်လား... မင်းတပည့်ငယ်တွေကိုပဲ သိပ်မသိသာအောင် လုပ်ကြည့်ပါဦးလား... ဘယ်လိုတောင်တွေးနေတာလဲနော်...' 


သို့သော် ထိုက်ယီဂိုဏ်းသား အတော်များများက သာမန်တွေးခေါ်မှုမျိုး မရှိကြပေ။ ထို့ကြောင့် ရွှီယီပြောသည်ကို စုန့်နင်ဖုန်း ကြားလိုက်ရသောအခါ ထိုကိစ္စမှာ ဖြစ်သင့်သည်ဟု တကယ်ပင်တွေးလေသည်။

'ဒါဆို အဲ့အတိုင်းလုပ်လိုက်ကြစို့...' 


လူအများကို စိတ်ဝိညာဥ်ဆိုင်ရာ မြှင့်တင်ပေးရာတွင် ဆေးလုံးများကိုသာ အားကိုးနေပါက S အဆင့်ကို ကျော်လွှားရန်မှာ ခက်ခဲနိုင်ပေသည်။ သို့သော် ပြဿနာမရှိပေ။ ဤသည်က အခြေခံအဆင့် တည်ဆောက်ပေးခြင်းနှင့် သက်ရောက်မှုကို ပျံ့နှံ့စေခြင်းဖြစ်သည်။ နောက်တစ်ဆင့်တွင် ထိုသူများအား ပြုစုပျိုးထောင်မှုကို ခိုင်ခိုင်မာမာ တိုးမြှင့်ပေးနိုင်သည်နှင့် သူတို့က အခြေခံနည်းလမ်းများကိုလည်း ဖြတ်ကျော်အောင်မြင်နိုင်မည်သာ ဖြစ်သည်။ 


ဘယ်သူက ပြုစုပျိုးထောင်ခံရသူက မက်ခါမောင်းနှင်သူ မဖြစ်နိုင်ဘူးလို့ ပြောခဲ့လို့လဲ… ဘယ်သူကရော ပြုစုပျိုးထောင်ခံရသူက မက်ခါတည်ဆောက်သူ မဖြစ်နိုင်ဘူးလို့ ပြောခဲ့လို့လဲ…


စုန့်နင်ဖုန်း လက်ခံခဲ့သော ကျန်းဝူရွှမ်းက အကောင်းဆုံးဥပမာတစ်ခု ဖြစ်သည်။


ကြယ်တာရာခေတ်တွင် သဘာဝကျစွာပင် လူအားလုံးက အကောင်းဆုံးအရည်အသွေးရရန်အတွက် ကောင်းမွန်သော အရင်းအမြစ်နှင့် အရိုးတည်ဆောက်ပုံ ရှိကြသည်မဟုတ်ပေ။ ထိုကြောင့် လေ့ကျင့်ပျိုးထောင်ပေးခြင်းကို လူတိုင်း မရရှိနိုင်သည်မှာ သဘာဝကျပေသည်။ ထို့အပြင် လေ့ကျင့်ပျိုးထောင်ပေး၍ ရနိုင်သော အခြေခံရှိသူနှင့် လေ့ကျင့်ပျိုးထောင်ပေးလိုသော ဆန္ဒရှိသူတို့ နှစ်ဦးစလုံး စွမ်းဆောင်နိုင်ရန်လည်း လိုအပ်သည်။


(T/N: တပည့်ကလည်း အခြေခံရှိရမယ် ဆရာကလည်း ပညာရော တခြားအရာတွေပါ ထောက်ပံ့ပေးစွမ်းနိုင်ဖို့ လိုတယ်လို့ ပြောတာပါ) 


ဆာ့ဆာ့က ဆရာ၏နာမည်ကို ကြားလိုက်ရသည်နှင့် စိတ်အာရုံ ပျံ့လွင့်သွားကာ ချက်ချင်းပင် လီချန်ယွီကို မေ့ထားပစ်လိုက်လေသည်။

"ဒါက ဆရာပြောလိုက်တာလား... ဒါဆိုရင် အကြီးဆုံးစီနီယာအစ်ကို ကျွန်မလည်း ဂိုဏ်းအတွက် ကျွန်မလုပ်ပေးနိုင်တာတွေ လုပ်ပေးချင်တယ်... ကျွန်မမှာ လုပ်စရာတစ်ခုရှိတယ်... အဲဒါက သတင်းပြန်ကြားရေးနဲ့ ပတ်သက်ပြီးလည်း အကူအညီဖြစ်မှာ သေချာတယ်... ကျွန်မ စတားကွန်ရက် အငယ်တန်း မက်ခါလိဂ်ကို ဝင်ပြိုင်မယ်... ပြီးရင် ပထမဆုယူခဲ့မယ်... မျက်နှာလေးပဲ ချောတဲ့ တတိယစီနီယာအစ်ကိုထက် ကျွန်မက အများကြီး ပိုအသုံးကျတယ်... ကျွန်မက လှလည်းလှတယ်... ခွန်အားလည်းရှိတယ်…" 


ဆာ့ဆာ့က သူမ၏စိတ်ကို တုန့်ဆိုင်းမှုမရှိဘဲ ပြောင်းလဲလိုက်သည်။ 


နာမည်ကျော်ကြားခြင်းရှိမရှိက အရေးမကြီးလှပေ။ ထိုသို့မဖြစ်မီ သူမ၏မျိုးနွယ်စုကို ကူညီပေးနိုင်သည်ဟု တွေးမိသည်နှင့် ဆာဆာ၏ စိတ်အားထက်သန်မှုမှာ ချက်ချင်းပင် မြင့်တက်လာသည်။ 


သူမ ယခင်က ဂိုဏ်းကို တစ်စုံတစ်ရာ ထောက်ပံ့ပေးရန် အခွင့်အရေးမရခဲ့ရာမှ ယခုအချိန်တွင် သူမ လုပ်နိုင်ပေပြီ။ 


မျက်နှာလေးပဲ ချောတဲ့ ရှဲ့ရုန်: "..." 


သူအနေဖြင့် ဆာ့ဆာ့နှင့် မကျေနပ်ချက်များကို စာရင်းရှင်းရန် အလွန်နောက်ကျသွားပေသည်။ သူက တုန်လှုပ်စွာဖြင့် စုန့်နင်ဖုန်းကို ကြည့်လိုက်သည်။

"ဆရာက ကျွန်တော့်အကြောင်းတွေ သိသွားတာလား…" 


'ဆရာက ကွယ်ရာမှာ ရောက်နေတာများလား…' 


စုန့်နင်ဖုန်းက ညင်သာသောလေသံနှင့် ပြောလိုက်သည်။

"ငါ အခုထိ ဆရာ့ကို မပြောရသေးပါဘူး... ဒါပေမဲ့ သိပ်မကြာခင် သူ ဒီကိုရောက်လာမှာဆိုတော့ အဲ့အခါကျမှပဲ ဆရာ့ကို မင်းဘယ်လို ဖုံးကွယ်ထားမလဲ ငါတို့ မြင်ရမှာပေါ့..." 


"ဘာကြီး... ဆရာက လာမယ်လား..."

ဆာ့ဆာ့နှင့် ရှဲ့ရုန်က ပြိုင်တူပင် မေးလိုက်မိကြသည်။ 


သို့သော် ထိုနှစ်ယောက်၏ ကိုယ်နေဟန်ထားများက သိသိသာသာပင် ကွဲပြားခြားနားလေသည်။ 


ရှဲ့ရုန်မှာ တုန်လှုပ်ခြောက်ခြားလွန်းဖြင့် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ သူ့ပုံစံ ဘယ်ကဲ့သို့ဖြစ်မည်ပင် သတိမထားနိုင်တော့ဘဲ ပန်းရောင်နှင့် အစိမ်းရောင်ဆိုးကာ ပုံသွင်းထားသော ဆံပင်များကို တဗျင်းဗျင်းမြည်အောင် လက်နှစ်ဖက်ဖြင့် ကုတ်ခြစ်လိုက်သည်။

"မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ဆရာက သီးသန့်ကျင့်ကြံနေတာမလား... ဆရာလာရင် ငါဘာလုပ်ရမှာလဲ... ဒါက အရမ်းပဲ..." 


အခြားတစ်ဖက်တွင်မူ ဆာ့ဆာ့မျက်ဝန်းလေးများက ပျော်ရွှင်မှုကြောင့် ကွေးညွှတ်သွားသည်။

"ကောင်းလိုက်တာ... ကျွန်မ ဆရာ့ကို ကျောင်းအနှံ့လိုက်ပြရမယ်... ပြီးတော့ မြို့တော်ဂြိုဟ်ပေါ်ကိုရောပဲ... ကျွန်မ ပြိုင်တာကို ဆရာကြည့်နိုင်တော့မှာဆိုတော့ အရမ်းကောင်းတာပဲ..." 


စုန့်နင်ဖုန်းက ရှဲ့ရုန်ကြောင့် မည်သို့မျှပင် စိတ်ရှုပ်မခံပေ။ 

'ဒင်းကို ကြိုက်သလောက် ညည်းညူနေဖို့ လွှတ်ပေးထားလိုက်မယ်... အချိန်တန်ရင် သူ့ဘာသာသူ အဆင်ပြေသွားမှာပဲဟာ...' 


သူက ဆာ့ဆာ့အနားသို့ သွားကာ သူမ၏ခေါင်းလေးကို ပွတ်လိုက်သည်။

 "မင်း အခု ပျော်သွားပြီလား... ငါပြောသားပဲ... ဆရာက မင်းကို ဂရုအစိုက်ဆုံးပါလို့... အရင်တစ်ခေါက် မင်းကို လိုက်မပို့နိုင်တာက တကယ်ကို မမျှော်လင့်ဘဲ ဖြစ်သွားရတာပါ…"


ဆာ့ဆာ့က အချိန်အတန်ငယ်ကြာအောင် ချောင်းဟန့်လိုက် အူတူတူဖြစ်လိုက် ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ဆရာက သူမကို ဂရုစိုက်ရန် တကယ်ပင် ထွက်လာခဲ့ပြီဖြစ်ရာ ဖြစ်ခဲ့သမျှဖြစ်ရပ်များကြောင့် သူမ ဆက်ပြီး ဝမ်းနည်းမနေတော့ပေ။ ၎င်းကို သူမက အကြီးဆုံးစီနီယာအစ်ကိုကို မပြောပြတော့ပေ။ 


"ဆရာက လာချင်တဲ့ဆန္ဒရှိတယ်ဆိုတော့ ကောင်းတာပေါ့... ကျွန်မလည်း အိမ်ကို ခွဲလာရတာ ကြာနေပြီ... ဆရာ့ရဲ့ဒဏ်ရာတွေက သေချာ မပျောက်သေးမှာ စိတ်ပူတယ်... မပျောက်သေးရင်လည်း ဆရာက ကျွန်မတို့ မသိအောင် တမင်ကိုဖုံးကွယ်ထားမှာမို့လဲ စိတ်ပူရတယ်..." 


ဆာ့ဆာ့၏ အမူအရာကို ခန့်မှန်းရန် စုန့်နင်ဖုန်း တခဏမျှ ဂနာမငြိမ်ဖြစ်သွားပြီး သူ၏နှုတ်ခမ်းထောင့်များကို တင်းတင်းစေ့ထားမိသည်။ သူမသည် ရုတ်တရက် မစဥ်းစားဘဲ ပြောလိုက်သည့်နှယ် သူမ၏ အမူအရာက တည်ငြိမ်လျက်ရှိသည်ကို သူ သတိထားမိသွားသည်။ သို့သော် ဆာ့ဆာ့က သူ့အကြည့်ကို သတိထားမိသွားပြီး သူ့ဆီသို့ ကိုယ်ကို ကိုင်းလိုက်ပြီး မေးလိုက်သည်။

"အကြီးဆုံးစီနီယာအစ်ကို... ဆရာက အခုထိ ဒဏ်ရာရှိနေသေးတာ မဟုတ်ဘူးမလား..."


စုန့်နင်ဖုန်းက ချက်ချင်း ဖြေလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို ဒဏ်ရာအငယ်စား နည်းနည်းလေးက ဘာပြဿနာမှမဟုတ်ဘူး... မင်းလည်း ဆရာရဲ့ စိတ်နေစိတ်ထားကို သိတာပဲဟာ... သူက ဒီကမ္ဘာကို လာခဲ့ပြီးတော့ တစ်ခုခုကို ထိုးထွင်းသိမြင်တာ ရှိသွားနိုင်လောက်တယ်... ဒါကြောင့်သာ သူက သီးသန့်ကျင့်ကြံနေခဲ့တာ... ကြည့်လေ.. အခုဆို ဆရာက အပြင်ထွက်လာပြီပဲကို..." 


ဆာ့ဆာ့က ခေါင်းညိတ်လိုက်သည်။

 "ဒါက ဖြစ်နိုင်ပါတယ်... ဆရာ ဘယ်အချိန်လောက် ရောက်မလဲ..." 


စုန့်နင်ဖုန်းက အချိန်ကို ကြည့်လိုက်သည်။

" ဒီအချိန်လောက်ဆိုဆရာ ဒီကို ရောက်သင့်နေပြီ... တစ်နာရီ နှစ်နာရီလောက် နောက်ကျနေတာလဲ ဖြစ်နိုင်ပါတယ်... စောင့်လိုက်ရအောင်..." 


ဆာ့ဆာ့က စိတ်လှုပ်ရှားနေသလို ရှဲ့ရုန်မှာလည်း တုန်လှုပ်ခြောက်ခြားနေသည်။ 


သို့သော်လည်း နှစ်နာရီကြာသည့်တိုင်အောင် ရွှီယီ၏ အရိပ်ပင် မမြင်ရသေးသောအခါ သူတို့နှစ်ဦးလုံး၏ အမူအရာမှာ တောင့်ခဲကုန်လေပြီ။ 


ရှဲ့ရုန်က သူ၏ ကြောက်လန့်မှုများကို ပြတ်ပြတ်သားသား ဘေးဖယ်ထားလိုက်ပြီး အခြေအနေကို ဘေးဖယ်ကာ မေးလိုက်သည်။

"အကြီးဆုံးစီနီယာအစ်ကို ကျွန်တော့်ကို ကစားနေတာလားဟင်... ကျွန်တော့်ကို သဘောမကျရုံလေးနဲ့ ဆရာ့နာမည်ကို သုံးပြီး ခြောက်တာမလား... အစ်ကိုကြီက ငိုချင်ယောင်ဆောင်နေတဲ့မြေခွေးပဲ သိလား..." 


ဆာ့ဆာ့၏ စိတ်လှုပ်ရှားမှုများလည်း ပျောက်ကွယ်သွားပြီဖြစ်ရာ သူမက ငြီးငွေ့သော လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

"အကြီးဆုံးစီနီယာအစ်ကို ကျွန်မကို ပျော်အောင်ဆိုရင်တောင် ဒီလိုမလုပ်သင့်ပါဘူး... ကျွန်မ မပျော်တော့ဘူး..." 


စုန့်နင်ဖုန်းက သူ၏ဂျူနီယာများရှေ့တွင် မျက်နှာပျက်ရမည့် ကတိမတည်သည့်အဖြစ်ကို အဖြစ်မခံလိုပေ။

"မဟုတ်ဘူး... ငါတွက်ထားတဲ့အချိန်ကတော့ မမှားလောက်ဘူး..." 


ရှဲ့ရုန်က ဘေးဘက်မှ မျက်စိလှန်ကြည့်လိုက်သည်။

" ဆရာက ဒီကဥပဒေစည်းကမ်းတွေကို သိတယ်လို့ ထင်နေကြတာလား... အပြင်ဘက်မှာ ဓားနဲ့ပျံသန်းတာကို ခွင့်မပြုဘူးလေ... ဆရာ မြို့တော်ကို ရောက်လာပြီး အဖမ်းခံထားရပြီလားပဲ... အာ...လာကြပါ အပြင်ထွက်ပြီး လိုက်ကြည့်ရအောင်.. ဆရာသာ အဖမ်းခံထားရတာဆိုရင် သူ့ဂုဏ်သိက္ခာကြီးနဲ့ တအားရှက်ဖို့ကောင်းမှာ..." 


ရှဲ့ရုန်၏ အာရုံထဲတွင် ဆရာ အဖမ်းခံရပုံကို မြင်ယောင်ရင်း အူမြူးလာသည်။

'ဒီလို မြင့်မြတ်လှတဲ့ ဆရာသခင်မှာတောင် ဒီလိုမျိုး ကံမကောင်းတဲ့နေ့က ရှိသေးတာပဲ... ငါတော့ ဒါကို တစ်သက်လုံး မမေ့တော့ဘူး...' 


"ဒါက ဆရာ့ရဲ့ စင်ကြယ်လှတဲ့ သမိုင်းမှာ စွန်းသွားတဲ့ အမည်းစက်ပဲ... ဆရာ့ရဲ့ ဖြစ်ရပ်ဆိုးကြီးက ငါ့လက်ထဲမှာဆိုတော့ ငါ အခု ဘေးကင်းပြီပေါ့နော်..." 


ဆာ့ဆာ့နှင့် စုန့်နင်ဖုန်းက ပြိုင်တူပင် အော်လိုက်ကြသည်။ 

"ပါးစပ်ပိတ်ထား..." 


'ဒီလူကတော့ မျှော်လင့်စရာ မရှိတော့ဘူး... မင်းရဲ့ဆရာကို ဒီလိုနည်းလမ်း သုံးရဲတာလား... မင်းစောင့်နေလိုက်...' 


စုန့်နင်ဖုန်းက ဆာ့ဆာ့ကို ပြောလိုက်သည်။

"မဟုတ်သေးဘူး... ဆရာနဲ့ အားကျီက ကြယ်စင်အာကာသယာဥ်လိုင်းကို စီးလာတာ... ဒါကြောင့် ငါ အချိန်ကို တွက်နိုင်တာလေ... ငါ အာကာသယာဥ်နံပါတ်ကို စစ်ကြည့်ပြီး ဆရာ့ကို စာပို့ပြီး လှမ်းမေးလိုက်မယ်... အချိန်ကြန့်ကြာနေတာ တစ်ခုခုရှိလို့ ဖြစ်မယ်..." 


သို့သော် စုန့်နင်ဖုန်း စက္ခုကွန်ရက်ကို တစ်ချက် စစ်ကြည့်လိုက်သည်နှင့် သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ 

"တစ်ခုခုတော့ မှားနေပြီ..." 



💫💫💫