အခန်း ၉
ဖန်ဖန်ရဲ့ အကူစက်ရုပ်
ဟုတ်တယ်...သူက စိတ်သဘောထားသေးတယ်။
ကမ္ဘာမြေပေါ်မှာတုန်းကလည်း သူက လူကြီးလူကောင်းတစ်ယောက်မဟုတ်ခဲ့ပေ သူ့ရဲ့ ရည်မှန်းချက်က ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်လာဖို့ဆိုသော်လည်း သူကသာမန်လူတစ်ယောက်သာဖြစ်၏။
" ကောင်းကောင်းသုံးဆောင်ပါ "
ပုဖန်က ထုံးစံအတိုင်း မျက်နှာသေဖြင့်ပင် ပြောလိုက်သည်။
"ထွက်သွား... ငါစားနေတုန်း မနှောင့်ယှက်နဲ့ "
ဆန်းချီရှန်းက စိတ်မရှည်စွာလက်ကို ဝှေ့ယမ်းပြီး အော်ပြောလိုက်၏။
ပုဖန်က နှုတ်ခမ်းမဲ့လိုက်ပြီး...
!စားပြီးရင် ဒီလိုမောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့!ဟုတွေးလိုက်သည်။
ဆန်းချီရှန်းက ပုဖန်ကို နှင်ထုတ်လိုက်ပြီး စားဖို့ပြင်လိုက်ချိန်မှာပဲ... ရုတ်တရက် သူ သတိရသွားပြီး ရှောင်ယန်ယုဘက်ကို လှည့်လိုက်သည်။
"ငါ ဟင်းပွဲတွေအများကြီးမှာထားတယ် ငါနဲ့ အတူတူစားဖို့ မင်းကို ဖိတ်ခေါ်ချင်ပါတယ် "
အခုချိန်မှာတော့ သူမရဲ့မျက်နှာကာကို ပြန်တပ်ပြီး သိမ်သိမ်မွေ့မွေ့လေးထိုင်နေပြီဖြစ်တဲ့ ရှောင်ယန်ယုက ဆန်းချီရှန်းရဲ့ဖိတ်ခေါ်သံကိုကြားသောအခါ ဥထမင်းကြော်ရဲ့ အလွန်မွှေးတဲ့ အနံ့ကိုပြန်တမ်းတရင်း ချီတုံချတုံဖြစ်သွား၏။
သူမက နောက်ထပ်ဟင်းပွဲ မှာချင်ပေမယ့် ဆိုင်ရဲ့ စည်းကမ်းအရ စားသုံးသူတစ်ယောက်ကို တစ်ပွဲမှာခွင့်ရှိသလို..သူမမှာလည်း သလင်းကျောက်တွေ ရှိမနေတော့တာကြောင့်..ဖိတ်ခေါ်မှုကို ငြင်းဆိုဖို့ရာခက်နေလေသည်။
သို့သော်...
ရှောင်ယန်ယု ပြန်မဖြေရသေးခင် အနီးမှာထိုင်နေတဲ့ ပုဖန်က အရင်ပြောလိုက်သည်။
"ငာ့ဆိုင်ရဲ့ စည်းမျဉ်းထဲမှာ ဟင်းပွဲကိုမှာထားတဲ့ သူပဲ စားရမယ်လို့ပါ ပါတယ်... တစ်ခြားတစ်ယောက်က စားခဲ့မယ်ဆိုရင် စည်းမျဉ်းတွေကို ချိူးဖောက်တာဖြစ်လို့ နာမည်ပျက်စာရင်းသွင်းရလိမ့်မယ်"
"အဲ့ဒီတော့..?
ငါက ကြောက်ရမှာလား...? မင်းရဲ့ စည်းမျဉ်းတွေကို ဂရုစိုက်ရမှာလား...?ငာ စားချင်ရင်စားမယ် ကျွေးချင်တဲ့သူကိုကျွေးမယ် ဒီလို ဆိုင်ငယ်လေးတစ်ဆိုင်ရဲ့ စည်းမျဉ်းတွေက ငါ့ကိုခြိမ်းခြောက်နိုင်မယ် ထင်နေတာလား..?"
ဆန်းချီရှန်းက သူရဲ့ အိမ်မက်နတ်သမီးလေးနဲ့ အတူတူစားနိုင်မယ့် အခွင့်အရေးကို ဝင်ဖျက်ဆီးလိုက်တဲ့ ပုဖန်ကို ဒောသတကြီးစိုက်ကြည့်လိုက်သည်။
"အိုး...ကျန်သေးတယ် ကျွေးတဲ့သူပဲနာမည်ပျက်စာရင်းသွင်းခံရမှာမဟုတ်ဘူးနော်...စားတဲ့သူလဲ နာမည်ပျက်စာရင်းသွင်းခံရမယ်"
"နာမည်ပျက်စာရင်းသွင်းတယ်ဆိုတာကို ကြုံဘူးချင်လို့ ကြိုးစားချင်တယ်ဆိုရင်လည်း ရပါတယ်... အဆင်သင့်ပါပဲ"
ပုဖန်က အေးအေးဆေးဆေးဆက်ပြောလိုက်သည်။
ဆန်းချီရှန်းရဲ့ ဖိတ်ခေါ်မှုကို လက်ခံချင်နေတဲ့ ရှောင်ယန်ယုလည်း ပုဖန်စကားကို ကြားတဲ့အခါမှာတော့...
သူမရဲ့ ဥထမင်းကြော်ထပ် စားချင်နေတဲ့ အတွေးကို စွန့်လွှတ်လိုက်သည်။
ဆန်းချီရှန်းက အေးစက်စွာနှာခောင်းတစ်ချက်ရှုံ့လိုက်သည်။
!သူ့လို လူချမ်းသာ သခင်လေးတစ်ယောက်က ဆိုင်ငယ်လေးတစ်ဆိုင်ရဲ့ စားဖိုမှူးကိုဘာလို့ကြောက်ရမှာလဲ? နာမည်ပျက်စားရင်းသွင်းခံရတော့ရော....သူက ဂရုစိုက်ရမှာလား? ဟာသပဲ!
ဆန်းချီရှန်းက ဘာမှထပ်မပြောနေတော့ပဲ သူ့ရှေ့က ဟင်းပွဲတွေကိုကြည့်လိုက်သည်။ ဥထမင်းကြော်ဆီက ဖြာထွက်နေတဲ့ ရွှေရောင်အလင်းလေးတွေက သူ့ရဲ့ မျက်စိကိုတောင်ပြာသွားမလိုဖြစ်စေပြီး ရုတ်ချည်း စားချင်စိတ်တိုးလာစေ၏။
အဖြူအပြာရောစပ်ထားတဲ့ကြွေဇွန်းနဲ့ ဥထမင်းကြော်ကို ခပ်လိုက်တယ်ဆိုရင်ပဲ... မွှေးရနံ့တွေ ပေါက်ကွဲထွက်လာသလိုမျိူး သူ့ နှာခေါင်းအတွင်း တိုး၀င်လာပြီး မြန်မြန်စားလှည့်ပါဟု ညို့ယူနေလေ၏။
သူ တုံ့ဆိုင်းမနေပဲ ဇွန်းကိုပါးစပ်ထဲထည့်လိုက်၏။ပုလဲလို ထမင်းတွေက သူ့ရဲ့ လျှာနဲ့သွားကြားထဲ လှိမ့်ဝင်သွားပြီး နှိပ်နယ်ပေးနေသလိုတောင်ဖြစ်နေလေသည်။
"ကောင်းလိုက်တာ..."
နောက်ဆုံးတော့...
ပုဖန်ရဲ့ အမူအရာကင်းမဲ့လှတဲ့ မျက်နှာသေပေါ်မှာ အပြုံးတစ်ခုပေါ်လာပြီး ဆန်းချီရှန်း အစားကိုမျိုချမဲ့အချိန်ကို စောင့်ကြည့်နေလေသည်။
ရှောင်ယန်ယုက ဆန်းချီရှန်းရဲ့ထမင်းကြော်ကိုကြည့်နေရင်း...အမှတ်မထင် ပုဖန်၏ မျက်နှာပေါ်က ညစ်ကျယ်ကျယ် အပြုံးကို မြင်တွေ့လိုက်မိ၏။
" ဟမ်..? သူ ....... သူ ပြုံးနေတာလား ?"
သူမလို အလှနတ်သမီးလေး ဆိုင်အတွင်း၀င်လာတာတောင်မှ ပုဖန်က အေးစက်ပြီး မာနကြီးတဲ့ စားဖိုမှူးတစ်ယောက်လိုသာ ပြုမူနေတာကြောင့် သူ့ အပြုံးကို တွေ့လိုက်ရသောအခါ သူမအံ့သြသွား၏။
"အား...!!! "
ရှောင်ယန်ယုက ပုဖန်၏အပြုံးပေါ် နစ်မြောနေတုန်းမှာပဲ ဆန်းချီရှန်းရဲ့ အော်သံကိုကြားလိုက်ရသည်။
ငယ်သံပါအောင် အော်သံနဲ့အတူ ဆန်းချီရှန်းက သူ့ ပါးစပ်ထဲက ထမင်းစေ့တွေကို ထွေးထုတ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပဲသူ့ရဲ့ မျက်နှာက အဖြူရောင်ကနေ အနီရောင်...အနီရောင်ကနေ ခရမ်းရောင်သို့ ပြောင်းသွား၏။
"စပ်တယ် ... စပ်တယ်... အရမ်းပူစပ်တယ် "
မျက်ရည်တွေလည်းကျနေပြီး သူ့ရဲ့လည်ပင်းကို ဆုပ်ကိုင်ထားကာ ဆန်းချီရှန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေ၏။
!ဒီလောက်တောင်စပ်တဲ့ အစပ် ကမ္ဘာပေါ်မှာ ရှိနေသေးတာလား.?!
"ရေ...ရေ...ရေပေးပါ"
ဆန်းချီရှန်းက ဆိုင်ငယ်လေးအတွင်း ပတ်ပြေးရင်း ရေရှာနေ၏။ငရုတ်သီးရဲ့ အပူကြောင့်သူ့ပါးစပ်တစ်ခုလုံး ထုံထိုင်းနေသလိုခံစားရပြီး မျက်နှာမှာလည်းမျက်ရည်တွေ ပြည့်နေလေပြီ။
ဆန်းချီရှန်းပတ်ပြေးနေတာကို ပုဖန်က ခပ်တည်တည်သာ ထိုင်ကြည့်နေသည်။
ဆိုင်အတွင်းမှာ ရေမရှိသည့်အတွက် ဆန်းချီရှန်းက မီးဖိုချောင်ဘက်ကို ဦးတည်လိုက်သည်။
သူ မီးဖိုချောင်ထဲ ၀င်တော့မဲ့ အချိန်မှာပဲ... စက်ရုပ်လက်တစ်ဖက် ပေါ်လာပြီး သူ့ကို ဟန့်တားလိုက်သည်။
"ဆိုင်ရှင်ရဲ့ခွင့်ပြုချက်မရပဲ ဘယ်သူမှ မီးဖိုန်းထဲ ၀င်ခွင့်မရှိဘူး"
ပုဖန်ရဲ့ အကူစက်ရုပ်က မီးဖိုချောင် အ၀င်၀မှာရပ်၍ စက်ရုပ်အသံနဲ့ ပြောလိုက်၏။
ရှောင်မောင်နှမနှစ်ယောက်ကတော့ ရှေ့က မြင်ကွင်းကိုကြည့်ရင်း မှင်သက်နေလေသည်။
ရှောင်ယန်ယုက ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိသွားပြီး ပုဖန်ကို လှည့်ကြည့်လိုက်သည်။
!ဒာသူလုပ်လိုက်တာလား.?အရမ်းကောင်းမွန်တဲ့ အစားအစာထဲကို ဒီလောက်စပ်တဲ့ အစပ်ကို ထည့်လိုက်တယ်..?ဘယ်လိုတောင်လုပ်ရက်တာလဲ?သူလက်တုံ့ပြန်တဲ့နည်းလမ်းက လုံးဝရက်စက်တယ်!
"သခင်လေး...ဒီမှာရေ"
အကင်းပားတဲ့လက်အောက်ငယ်သားတစ်ယောက်က ဆန်းချီရှန်း စပ်လွန်းလို့ ခုန်ပေါက်နေတာမြင်တဲ့အချိန်ထဲက ရေရှာဖို့ ပြေးထွက်သွားပြီး ရေအိတ်ကို ပြန်ယူလာခဲ့တာဖြစ်၏။
ဂလု...ဂလု...
ရေတစ်အိတ်လုံးသောက်လို့ကုန်တာတောင် ဆန်းချီရှန်း အစပ်မပြေသေးပေ။
!သူအများကြီးမစားမိသေးတာ ကံကောင်းတာပဲ မဟုတ်ရင်သေဖို့ပဲ!
"မင်းက သေချင်နေတာပဲ!!ငာစားမဲ့အစာကို ဘယ်လိုတောင် လုပ်ရဲတာလဲ"
ဆန်းချီရှန်းက ဒောသတကြီးဖြင့် ရေအိတ်အလွတ်ကို ကြမ်းပေါ်ပစ်ချလိုက်၏။
"မှာထားတာကို ကုန်အောင်မစားပဲ အလေအလွင့်ဖြစ်စေရင် မင်းကိုနာမည်ပျက်စာရင်းထဲ ထည့်ရလိမ့်မယ်"
ပုဖန်က ထိုင်ရာကပင်မထ ခပ်တည်တည်ဖြင့် ဟင်းပွဲကိုညွှန်ပြပြီး ပြောလိုက်သည်။
"နာမည်ပျက်စာရင်း...နာမည်ပျက်စာရင်းနဲ့...မင်းရဲ့ $ရေးမပာတဲ့ စည်းမျဉ်းတွေအကြောင်း ငါ့ကိုလာမပြောနဲ့..!!!
ငာ ဆန်းချီရှန်းက မင်းရဲ့ဆိုင်စုတ်ကို ဒီနေ့ပဲ ဖြိုချပစ်မယ်"
"ဟေ့...မင်း ဒီဆိုင်ကို ခုချက်ချင်း ဖျက်စီးလိုက်"
ဆန်းချီရှန်းက ဒောသထွက်စွာ အံကြိတ်ထားပြီး သူ့နောက်က လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သားက သူအနှစ်သက်ဆုံးအရာတစ်ခုကို လုပ်ရသလိုမျိုး ချက်ချင်းပဲ သွက်လက်တက်ကြွစွာနဲ့ ထိုင်ခုံတစ်လုံးကို ကောက်ယူလိုက်ပြီး စားပွဲခုံပော်လွှဲရိုက်လိုက်သည်။
သို့သော်လည်း...
ထိုင်ခုံနဲ့စားပွဲ မထိမိသေးခင် သူ့ရဲ့နာကျင်စွာအော်လိုက်သံက အရင်ထွက်ပေါ်လာသည်။
"အား...."
အကူစက်ရုပ်က လက်အောက်ငယ်သားရဲ့ နောက်မှာပေါ်လာပြီး သူ့လက်မောင်းကို ဖိညစ်ထားတာကြောင့် လက်မောင်းပြုတ်ထွက်သွားသလိုနာကျင်စွာ ခံစားလိုက်ရ၏။
"ပြသာနာကောင်...မင်းကို နာမည်ပျက်စာရင်းထဲထည့်လိုက်ပြီ...ဖန်ဖန်ရဲ့ ဆိုင်ထဲကို နောက်ထပ်လာခွင့် ပိတ်ပင်တယ်"
အေးစက်စက်နိုင်တဲ့ စက်ရုပ်အသံ တစ်ခုက တည်ငြိမ်စွာ ကြေငြာလိုက်သည်။
စက်ရုပ်က လက်အောက်ငယ်သားကို အသာအယာကိုင်မြှောက်လိုက်ပြီး ဆိုင်ပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
ထိုသူက ရွှံဗွက်အိုင်ထဲ မျက်နှာနှင့်အပ်ကျမိသွားပြီး နာကျင်မှု့ကြောင့် အဆက်မပြတ်အော်နေရလေသည်။
"မင်း...!!!
ဘယ်လိုတောင်ပြန်လုပ်ရဲတာလဲ?
ငါ လူအယောက်တစ်ရာလောက်ခေါ်ပြီး မင်းဆိုင်ကို မိနစ်ပိုင်းအတွင်း အလွယ်တကူဖြိုချလိုက်နိုင်တယ်"
ဆန်းချီရှန်းက ဒေါသကြောင့် တုန်ရီနေ၏။ သာမန်အရပ်သားတစ်ယောက်က မြို့တော်အတွင်းမှာ သူ့ကိုဆန့်ကျင်ရဲလိမ့်မယ်လို့ တွေးတောင်မတွေးမိပေ။
"ဝှိုက်တီ(စက်ရုပ်နာမည်) သူ့ကို အ၀တ်စားတွေချွတ်ပီး အပြင်ကို ပစ်ထုတ်လိုက်...အစားအသောက်တွေကို အလဟသဖြစ်စေတဲ့အတွက် အပြစ်ပေးရမယ်"
ပုဖန်က ပျင်းရိစွာသမ်းဝေရင်း စက်ရုပ်ဝှိုက်တီကို ပြောလိုက်ပြီးနောက်...သူ့ဘာသာကြားရုံ ရေရွတ်လိုက်သည်။
"ဒီနေ့အတွက် ဆိုင်ပိတ်ချိန်တောင် ရောက်ပြီပဲ"
....
"မင်း...!!!
ငါ့ကို ဘယ်လိုတောင် မထီမဲ့မြင်ပြုရဲတာလဲ? တတိယအဆင့်(တိုက်ခိုက်သူအဆင့်)ကိုရောက်နေတဲ့ ငါ့အနေနဲ့ ... မင်းကိုသတ်ဖို့က ပုရွက်ဆိတ်ကို နင်းခြေရသလို လွယ်လွန်းနေတယ်"
"ဘန်း....!"
ဆန်းချီရှန်း ဒေါသတကြီးပြောနေစဉ်မှာပဲ...ဝှိုက်တီက သူ့ရဲ့ ခေါင်းကိုပိတ်ရိုက်လိုက်ပြီး ကြမ်းပြင်ပော်လှဲချလိုက်သည်။
ထို့နောက် အ၀တ်အစားချွတ်သံတွေက ဆိုင်ငယ်လေးအတွင်းထွက်ပေါ်လာ၏။
"ချီးပဲ...!!!မင်းငါ့ကို ချွတ်ရဲလား!? ငါဘယ်သူလဲ မင်းသိရဲ့လား!? ငါက...."
"ဘန်း..."
၀ှိုက်တီရဲ့ မျက်လုံးတွေက လက်သွားပြီး သူ့ရဲ့ ခေါင်းကို ထပ်မံရိုက်နှက်လိုက်တာကြောင့် ပြောလက်စ စကားတွေပါ ဆွံ့အကာ မှင်သက်သွားမိသည်။
ဝှိုက်တီက ဆန်းချီရှန်းရဲ့ ကိုယ်ပေါ်က တန်ဖိုးရှိတဲ့ အရာမှန်သမျှကို ချွတ်ယူဖယ်ရှားလိုက်ပြီးနောက်... အတွင်းခံလေးတစ်ထည်သာ ကျန်နေတော့တဲ့ သူ့ကို အရုပ်တစ်ရုပ်လို ဆိုင်အပြင်ဘက် ပစ်ထုတ်လိုက်သည်။
ဆန်းချီရှန်းက သူကျသွားတဲ့ ဆိုင်ဝမှာပဲ မလှုပ်မယှက် ကြောင်အနေမိ၏။
"......"
ထို့နောက်...
သူ ရုတ်တရက် ခြေသံတွေ ကြားလိုက်ရပြီး ရွှေဖိနပ်တစ်စုံကို မျက်၀န်းထောင့်ကနေ မြင်လိုက်ရသည်။
သူ့ရဲ့သတ္တဝါဆိုးကြီးကို ဖုံးကွယ်ပေးတဲ့အတွင်းခံလေးတစ်ထည်သာ ကိုယ်ပေါ်မှာရှိနေပြီး မိမွေးတိုင်းဖမွေးတိုင်း ဖြစ်နေတဲ့ ဆန်းချီရှန်းကိုမြင်လိုက်ရသော ကျောက်ရူကျီက စုတ်တသပ်သပ်ဖြင့်....
"ကျွတ်...ကျွတ်...ကျွတ်"
"ငာတို့ရဲ့ ကြီးမြတ်လှတဲ့ သခင်လေးဆန်းက ဘယ်လိုဖြစ်ပြီးတော့..စားနေရင်းကနေ ဒီလိုရှက်စရာအခြေအနေရောက်သွားပါလိမ့်?"