Volume 1 (သေမျိုးနယ်မြေ ၀၅၀)
Chapter 50 (အလုံးစုံကယ်တင်တာမဟုတ်ဘူး)
စစ်းရှောင်နန်သည် သူမ၏ရင်ဘတ်ကို ပွတ်သပ်ကာ ဟုန်ယင်းနောက်သို့ ကြောက်ရွံ့သောအမူအရာဖြင့် လျှောက်သွားခဲ့သည်။
"သူတို့ကိုကြည့်ရတာ ကြောက်စရာကြီး။"
"နည်းနည်းတော့ ကြောက်စရာကောင်းတယ်။" ဟုန်ယင်းက ခေါင်းညိတ်ပြီး "ဒါပေမယ့် ခွန်အားက သိပ်မကောင်းပါဘူး။"
သူမပြောနေရင်း မြေပြင်ပေါ် ခြေဆောင့်နင်းပြီး သူမတစ်ကိုယ်လုံးသည် လေကြိုးမှ မြားတစ်စင်းကဲ့သို့ လွင့်ထွက်သွားသည်။ လှံထိပ်တွင် နှင်းဆီရောင်မီးတောက်ကို လောင်ကျွမ်းစေပြီး မီးတောက်လမ်းကြောင်းကို လေထဲမှာ ဆွဲငင်စေသည်။
"ဟင်း…"
စင်္ကြံရှိ မကောင်းဆိုးဝါးအနည်းငယ်သည် ဟုန်ယင်း အပြေးအလွှားလာနေတာကို မြင်သောအခါ အသွေးအသားမကောင်းဆိုးဝါး၏ ခေါင်းသည် ထပ်မံဖွင့်ဟသွားကာ အကျည်းတန်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးသံတရဲရဲပါးစပ်ကို ထုတ်ပြပြီး တစ်ခါတည်းမျိုချတော့မည့်ပုံပေါ်သည်။
ဟုန်ယင်း၏မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားကာ သူမ၏ပုံသဏ္ဌာန်သည် လုံးဝမရပ်တန့်ဘဲ ကြီးမားသော ပါးစပ်ဆီသို့ ပြေးသွားသည်။
ဝိုး…
မကောင်းဆိုးဝါး၏ ပါးစပ်ကြီးသည် ဟုန်ယင်းကို ကိုက်စားတော့မည့် အခိုက်အတန့်တွင် လှံထိပ်ဖျားမှ အနီရောင်လှံတစ်ခု ထွက်ပေါ်လာပြီး နှင်းဆီရောင်မီးတောက်သည် မှောင်မိုက်သောစင်္ကြံတစ်ခုလုံးကို ချက်ချင်းတောက်လောင်စေပါသည်။
နောက်အခိုက်အတန့်တွင် ကြီးမားသော မီးလုံးကြီးတစ်ခု တောက်လောင်သွားသည်။
လှံထိပ်သည် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို အလွယ်တကူ ခုတ်ပိုင်းလိုက်ရာ ယိမ်းနွဲ့နေသော မီးတောက်များက ပျက်စီးနေသော အသွေးအသားများကို လောင်ကျွမ်းသွားစေသည်။
ဟုန်ယင်းသည် ငြိမ်သက်စွာ ရပ်နေပြီး သူမ၏ပခုံးပေါ်တွင် လှံကို ပေါ့ပေါ့ဆဆ သယ်ဆောင်ကာ လှံမီးတောက်က တုန်ခါနေဆဲဖြစ်သည်။
သူမရယ်မောကာ
သူမရှေ့က ထိတ်လန့်တုန်လှုပ်နေသော မကောင်းဆိုးဝါးများကိုကြည့်ရင်း သူမလက်ချောင်းများကို လှုပ်ယမ်းလိုက်သည်။
"နင်တို့လို အနည်းငယ်လောက်နဲ့ ကစားဖို့ ငါ့အတွက် မလုံလောက်ဘူး"
စစ်းရှောင်နန်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။ "အစ်မဟုန်ယင်းက အရမ်းမိုက်တာပဲ။"
မကောင်းဆိုးဝါးများသည် ဟိန်းဟောက်ပြီး သူတို့ရှေ့က ဟုန်ယင်းကို စိုက်ကြည့်နေကြသည်။ နောက်အခိုက်အတန့်တွင် နှစ်ဖက်စလုံးရှိ စင်္ကြံအဝင်ဝမှာ အရေအတွက်များ ပိုများလာသည်…
တချို့က ကျောင်းဝတ်စုံဝတ်ထားသည်၊ တချို့က ရိုးရိုးအဝတ်အစားဝတ်ထားသည်၊ တချို့က ရေဇလုံကိုင်ထားပြီး တချို့က စာအုပ်တွေကိုင်ထားကြသည်...
သူတို့၏ရှည်လျားသော အနက်ရောင်ဆံပင်များက တွဲလျားကျနေပြီး သူတို့၏မျက်လုံးများသည် အလယ်ဗဟိုရှိ ဟုန်ယင်းကို စိုက်ကြည့်နေကြသည်။
သူမကို တိတ်တိတ်လေးပဲ စိုက်ကြည့်နေကြသည်
တောက် တောက်…
မနီးမဝေးက အိမ်သာကနေ ရေကျသံထွက်ပေါ်လာကာ
အပေါ်ထပ် မျက်နှာကျက်မှ အနည်းငယ် တုန်ခါမှုရှိနေပြီး
ပြတင်းပေါက် အပြင်ဘက်တွင် ကျောင်းသားများ၏ စကားပြောသံများ ခပ်တိုးတိုး ပဲ့တင်ထပ်နေကာ
စင်္ကြံတစ်ခုလုံး တိတ်ဆိတ်သွားသည်။
စင်္ကြံ၏ တစ်ဖက်တစ်ချက်စီမှာ မိန်းကလေးများ ပိုများလာသည်။ သူတို့သည် တိတ်ဆိတ်နေသောစစ်တပ်လို သပ်သပ်ရပ်ရပ် ရပ်နေကြသည်။
ဒီမြင်ကွင်းက လူတစ်ယောက်၏ ဦးရေပြားကို ထုံကျင်စေသည်။
စစ်းရှောင်နန်သည် ဟုန်ယင်း၏နောက်သို့ တိတ်တဆိတ် လိုက်လာပြီး သူမလက်ထဲက သေတ္တာထဲမှ ဓားဖြောင့်ကိုထုတ်ကာ သူမလက်ထဲတွင် ကိုင်ထားသည်။
"…ဆယ့်ခြောက်၊ ဆယ့်ခုနစ်၊ ဆယ့်ရှစ်။" ဟုန်ယင်းသည် လူအရေအတွက်ကို ရေတွက်ပြီး သူမကိုယ်သူမ ရေရွတ်လိုက်သည်။
"ဆယ့်ရှစ်၊ ဒီအရေအတွက်က နည်းနည်းတော့ ဒုက္ခများတယ်…
ဒါပေမယ့် 'နည်းနည်း'လောက်ပါပဲ။"
…
"လော့လော့၊ နောက်ဆုံးအတန်းချိန်တုန်းက မင်း AD Calcium သောက်ချင်တယ်ပြောလို့ ငါ အခုလေးတင် မုန့်ဆိုင်သွားတုန်း တစ်ဘူးဝယ်ခဲ့တယ်၊ ငါမင်းကိုပေးမယ်။"
စာသင်ခန်းထဲမှာ လျှိုယွမ်သည် သူ့လက်ထဲမှာ AD Calcium နို့ဘူးတစ်ဘူးကို ကိုင်ထားပြီး အရှေ့စားပွဲခုံက ဟန်လော့လော့ကို ပေးလိုက်ကာ သူ့ပါးပြင်များက အနည်းငယ်နီနေသည်။
ဟန်လော့လော့သည် ခေါင်းလှည့်ပြီး လျှိုယွမ်ကို ချိုသာစွာ ပြုံးပြပြီး AD Calcium ကို ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် လျှိုယွမ်၊ နင်ငါ့အပေါ် အရမ်းကြင်နာတာပဲ။"
လျှိုယွမ်သည် ဟန်လော့လော့၏ အပြုံးကို မြင်သောအခါ တက်ကြွသော ခံစားချက်ကို ခံစားလိုက်ရပြီး သေချာစေရန် သူ့ရင်ဘတ်ကို ချက်ချင်း ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့ လော့လော့၊ နောက်နောင် မင်းဘာသောက်ချင်လဲ ငါ့ကိုပြောပါ၊ ငါမင်းအတွက် ဝယ်ပေးမယ်။"
"ကောင်းပြီ။" ဟန်လော့လော့သည် ခေါင်းညိတ်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းနေကာ လျှိုယွမ်၏နားကိုကပ်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
"လျှိုယွမ်… ဟိုလေ… ကျောင်းဆင်းရင် နင်ငါ့ကို ကားဂိုဒေါင်မှာ စောင့်လို့ရမလား။"
"အာ" လျှိုယွမ်သည် တစ်ခုခုကို တွေးနေပုံရပြီး သူ့နှလုံးခုန်သံမြန်လာသည်။
"ငါ၊ ငါနင့်ကို ပြောစရာရှိလို့…"
ဟန်လော့လော့၏လှပသောမျက်နှာက နီမြန်းသွားပြီး ဘာမှမပြောလဲ ဆွဲဆောင်သောအကြည့်ဖြင့် သူ့ကိုကြည့်နေလေသည်။
လျှိုယွမ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။ ကျောင်းဆင်းရင် ဒီနေ့ည ငါမင်းကိုစောင့်နေမယ်။"
ထိုအခိုက်အတန့်တွင် ဟန်လော့လော့သည် တစ်စုံတစ်ခုကို သတိပြုမိသွားသလို ထိတ်လန့်သွားကာ ရုတ်တရက် ထရပ်လိုက်သည်။
"ဘာဖြစ်တာလဲ၊ လော့လော့၊ မင်းဘယ်သွားမလို့လဲ။" လျှိုယွမ်က သံသယစိတ်ဖြင့် မေးသည်။
"ငါက တစ်ခုခုယူဖို့ မေ့သွားတာ သတိရလိုက်လို့။ ငါ အိပ်ဆောင်ကို ပြန်သွားရမယ်။" ဟန်လော့လော့၏မျက်နှာသည် နူးညံ့ခြင်းမရှိတော့ဘဲ အေးစက်စက် စကားတစ်ခွန်းကို ချန်ထားခဲ့ကာ တံခါးဆီသို့ လျှောက်သွားသည်။
ထိုအချိန်တွင် ဆယ်ကျော်သက်တစ်ဦးသည် သူမ၏စားပွဲဆီသို့ လျှောက်လာပြီး သူမလမ်းကို ပိတ်ဆို့လိုက်သည်။
"လင်ချီးယဲ့လား။" လျှိုယွမ်သည် ထိုလူရောက်လာတာကိုမြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
ဟန်လော့လော့၏ မျက်လုံးများတွင် ဒေါသစိတ်က တဖျပ်ဖျပ်ပျောက်ကွယ်သွားသော်လည်း မကြာမီတွင် ရိုးရှင်းပြီး အပြစ်ကင်းသော အပြုံးတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာသည်။
"ကျောင်းသားလင်ချီးယဲ့၊ နင်ဘာကိစ္စရှိလို့လဲ။"
လင်ချီးယဲ့သည် လျှိုယွမ်၏အကြည့်ကို တိုက်ရိုက်လျစ်လျူရှုလိုက်ပြီး ခဏမျှစဉ်းစားပြီးနောက်တွင် သူက တိုးတိုးလေးပြောလိုက်သည်။
"တကယ်တော့ ငါမင်းကို ကြိုက်နေတာကြာပြီ။"
ဟန်လော့လော့က ထိတ်လန့်သွားသည်။
လျှိုယွမ်သည် ပါးစပ်မှသွေးများ အန်ထွက်လုနီးပါးဖြစ်ကာ ပြတ်ပြတ်သားသား မတ်တတ်ထရပ်ပြီး လင်ချီးယဲ့ကို စိုက်ကြည့်ကာ ပြောသည်။
"လင်ချီးယဲ့ အဲဒီလိုမလုပ်နဲ့၊ ဟန်လော့လော့မှာ သူမကြိုက်နေတဲ့လူရှိတယ်၊ မင်းသူမကို အနှောင့်အယှက်ပေးလို့မရ… ဝူး ဝူး ဝူး…"
လျှိုယွမ်စကားမဆုံးခင် လင်ချီးယဲ့သည် သူ့ကို ထိုင်ခုံပေါ်ပြန်တွန်းပြီး ပါးစပ်ကိုအုပ်ထားလိုက်သည်။
ဟန်လော့လော့သည် ခဏလောက် တုံ့ပြန်လိုက်ပြီး ရလဒ်ကို တွေးနေပုံရကာ သူမ၏မျက်နှာပေါ်တွင် ရှက်သွေးဖြာမှုနှစ်ခုက ရုတ်တရက် ပေါ်လာသည်။
"အမ်… ဒီတော့…"
"ငါ့ကောင်မလေးလုပ်ပါ။" လင်ချီးယဲ့က နောက်စကားတစ်ခွန်းကို သဘာဝအတိုင်း ပြောလိုက်သည်။
ဟိုး ဟိုး ဟိုး…
လင်ချီးယဲ့၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဤစကား၏ပြတ်သားမှုက အလွန်မြင့်မားကြောင်း သိသာထင်ရှားသည်။ ဒီစကားကို တစ်တန်းလုံးကြားပြီး ချက်ချင်းပဲ ထိတ်လန့်တကြားအော်ဟစ်ကြသည်။
"ဝိုး။ လင်ချီးယဲ့က ဟန်လော့လော့လို မိန်းကလေးမျိုး တကယ်ကြိုက်မယ်လို့ မထင်ထားဘူး။"
"ငါနားမလည်နိုင်ဘူး။"
"ဒါပေမယ့် သေချာကြည့်ရင် ဟန်လော့လော့က အရမ်းကြည့်ကောင်းပါတယ်။"
"ဒါပေမယ့် လင်ချီးယဲ့က ပိုချောတာ သိသာပါတယ်။"
"ဝိုး။ အရမ်းသတ္တိရှိတာပဲ။ ငါအရမ်းကြိုက်တယ်။"
"သနားစရာပဲ၊ သနားစရာပဲ၊ လျှိုယွမ်ရဲ့အမူအရာကိူ ကြည့်လိုက်ဦး… အရမ်းအံ့ဩစရာပဲ။"
"ငါသဘောတူတယ်။ လက်ခံလိုက်။ လက်ခံလိုက်။"
"လက်ခံလိုက်။"
"…"
အော်ဟစ်မှုများကြားတွင် ဟန်လော့လော့သည် သူမခေါင်းကိုငုံ့ကာ သူမ၏ခြေချောင်းများကို စိုက်ကြည့်သကဲ့သို့ သူမ၏မျက်နှာသည် နားရွက်အောက်ခြေအထိ နီမြန်းသွားခဲ့သည်။
ခဏအကြာတွင် သူမသည် ခြင်နှင့်တူသောအသံဖြင့် ပြန်ပြောခဲ့သည်။
"ဒါဆို… ကောင်းပြီလေ။"
တစ်ဖက်တွင် လျှိုယွမ်သည် သူ့စိတ်ထဲမှာ မိုးကြိုးပစ်ခံရသလို သူမကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။
သူ့ကမ္ဘာက… ပြိုလဲသွားသည်။
လင်ချီးယဲ့က အမူအရာမဲ့စွာ ခေါင်းညိတ်ပြပြီး "ဒါဆို ဒီည ကားဂိုဒေါင်မှာ တွေ့မယ်။"
"ကောင်းပြီ…"
လင်ချီးယဲ့သည် လျှိုယွမ်၏ ပါးစပ်ကို အုပ်ထားသည့် လက်ကို လွှတ်လိုက်ပြီး တစ်ဖက်လူသည် ရုပ်တုတစ်ခုလို ထိုင်နေကာ ရှက်သွေးဖြာနေသော ဟန်လော့လော့ကို မလှုပ်မယှက် စိုက်ကြည့်နေသည်။
လင်ချီးယဲ့သည် သူ့ကိုကြည့်ပြီး တိတ်တိတ်လေး ထွက်သွားသည်။
ဘေးတွင်ရှိနေသည့် လီယိဖေးသည် ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ပြီး လင်ချီးယဲ့ ရှေ့သို့လှမ်းကာ တိုးတိုးလေးပြောသည်။
"ချီးယဲ့၊ မင်းကဘာလို့ သူ့ကိုကယ်ချင်တာလဲ။ သူက အရင်က မင်းကိုတွန်းခဲ့တာလေ…"
"ငါသူ့ကို တကယ်မကယ်ချင်ပါဘူး။ အရင်က ငါသာဆိုရင် ငါစိတ်ဝင်စားမှာမဟုတ်ဘူး။" လင်ချီးယဲ့က သူ့ပခုံးကိုပုတ်ကာ "ဒါပေမယ့် အခု ငါအလုပ်လုပ်နေတာဖြစ်ပြီး…
ငါ သူ့ကို မကယ်ချင်ပေမယ့် ညကင်းစောင့်လူသား ရှုထောင့်ကနေ လူတွေကို ကယ်တင်ဖို့ လိုအပ်တယ်။
ဒါကြောင့် ငါ သူ့ကို ကယ်ခဲ့တာ၊ ဒါပေမယ့် အလုံးစုံကယ်တင်တာမဟုတ်ဘူး။"
လီယိဖေးက ထိတ်လန့်သွားပြီး "ဒါက ဘာကိုဆိုလိုတာလဲ"
လင်ချီးယဲ့သည် ခေါင်းကိုလှည့်ကာ နှေးကွေးလေးကန်နေသော လျှိုယွမ်ကိုကြည့်ပြီး အဓိပ္ပါယ်ပါပါပြောလိုက်သည်။
"သူ့ရဲ့ ပင်ကိုယ်စရိုက်အရ ဟန်လော့လော့ကို လိုက်နေတာကို သူလက်လျှော့မယ်လို့ မင်းထင်လား။"
လီယိဖေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "မင်းဆိုလိုတာက... သူလက်မလျှော့သေးဘူးလား။"
"ညကင်းစောင့်လူသားတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်ကြောင့် ငါ သူ့ကို တစ်ခါတည်း ကယ်တင်ခဲ့တယ်" လင်ချီးယဲ့က အေးဆေးတည်ငြိမ်စွာပြောသည်။ "ဒါပေမယ့် သူခေါင်းမဖယ်ဘဲ ဝင်ပါနေဦးမယ်ဆိုရင် ဒါက ငါ့ကိစ္စမဟုတ်ဘူး...
အဲဒီအခါကျရင် ငါဘေးကနေပြီးတော့တောင် လက်ခုပ်တီးလိုက်ဦးမယ်။"
TK Team (Chapter 50)