Chapter 52
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၅၂)


Chapter 52 (မြွေမိစ္ဆာ)

နှင်းဆီရောင်မီးလျှံများက စင်္ကြံတစ်ခုလုံးကို နေ့အလင်းရောင်ကဲ့သို့ လင်းထိန်စေသည်။

ဟုန်ယင်းသည် လှံကိုကိုင်ကာ အနည်းငယ်ငုတ်တုတ်ထိုင်ပြီး သူမ၏မျက်လုံးများရှေ့က မကောင်းဆိုးဝါးလေးကောင်ကို စိုက်ကြည့်ကာ မီးတောက်စက်ဝိုင်းသည် သူမပတ်ဝန်းကျင်သို့ ဖြည်းညှင်းစွာပျံ့နှံ့သွားသည်။

ရုတ်တရက် သူမရုပ်သွင်က မီးလုံးလိုဖြစ်သွားပြီး ပေါက်ကွဲသွားသည်။

နှင်းဆီရောင် မီးခိုးလုံးများသည် လေထဲတွင် လျင်မြန်စွာ အရည်ပျော်သွားပြီး ဟုန်ယင်း၏အနောက်တွင် ပုံရိပ်ကကျန်ရစ်ခဲ့သည်။ သူမ၏အရှိန်သည် အလွန်မြန်လွန်းသောကြောင့် သာမန်မျက်စိဖြင့် သူမ၏လမ်းကြောင်းများကို ဖမ်းဆုပ်လို့မရဘူး။

ချက်ချင်းပင် သူမသည် မကောင်းဆိုးဝါး၏ရှေ့သို့ ရောက်လာခဲ့သည်။

လှံသည် အနည်းငယ် တုန်ခါသွားပြီး မရေမတွက်နိုင်သော မီးလှံများသည် ပန်းဖူးပွင့်များကဲ့သို့ပွင့်ကာ မတုံ့ပြန်နိုင်သေးသော သူမရှေ့က မကောင်းဆိုးဝါးလေးကောင်ကို ထိုးဖောက်လိုက်လေသည်။

နှင်းဆီရောင်မီးတောက်များ လောင်ကျွမ်းသွားကာ အော်ဟစ်နေသော မကောင်းဆိုးဝါးကို လွှမ်းခြုံထားသည်။

စင်္ကြံတစ်ခုလုံးကို ဖုံးလွှမ်းနေသော ချယ်ရီပန်းများကဲ့သို့ ကောင်းကင်မှ မီးခဲလေးများ ကျဆင်းလာသည်။

ဟုန်ယင်းသည် သူမလက်ထဲကလှံကို နောက်သို့ထားလိုက်ပြီး လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်ရင်း စင်္ကြံရှိ မီးတောက်များ ချက်ချင်း ပျောက်ကွယ်သွားပြီး သူမသည် အမှောင်ထဲသို့ ပြန်ကျသွားသည်။

"ရှောင်နန်၊ နင်အဆင်ပြေရဲ့လား။"

"အဆင်ပြေပါတယ်… ကျွန်မလည်း တစ်ကောင်ကို အသေသတ်ပစ်လိုက်ပြီ။" စစ်းရှောင်နန်သည် မြေပြင်ပေါ်တွင် မမှတ်မိနိုင်အောင် ဖောက်ထွင်းခံရသောသတ္တဝါကို ကြည့်ပြီး ပြုံးပြလိုက်သည်။

"ရှောင်နန်က တော်တယ်။" ဟုန်ယင်းသည် ရှေ့ကိုလှမ်းလာပြီး သူမခေါင်းကိုထိကာ ပြုံးပြုံးလေး ပြောလိုက်သည်။

"အစ်မဟုန်ယင်းနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊ အစ်မရဲ့ [နှင်းဆီမီးအမွှေးအင်္ကျီ] ထွက်လာတာနဲ့ မကောင်းဆိုးဝါးအများကြီးကိုသတ်ဖို့ မလုံလောက်သေးပါဘူး။"

"နင့်ပါးစပ်က ချိုတာပဲ။"

ထိုအချိန်တွင် စင်္ကြံဆီမှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာသည်။

ဟုန်ယင်းသည် သူမနောက်က လှံကိုကိုင်ကာ မျက်မှောင်ကြုတ်ပြီး သတိရှိစွာ စိုက်ကြည့်နေသည်။

"ဘာတွေဖြစ်နေတာလဲ။ အထဲမှာ ဘာလို့ ကျောင်းသားတွေ ရှိနေသေးတာလဲ" အိပ်ဆောင်မန်နေဂျာသည် ထိတ်လန့်တကြား မျက်နှာထားဖြင့် အပေါ်ထပ်သို့ တက်ကာ မီးလောင်ဒဏ်ရာများ ပြည့်နှက်နေသော စင်္ကြံတွင် နှစ်ယောက်သား ရပ်နေသည်ကို တွေ့လိုက်ရသောအခါတွင် အော်ဟစ်ပြောဆိုခဲ့သည်။

ထိုလူရောက်လာတာကိုမြင်တော့ ဟုန်ယင်းသည် အနည်းငယ်စိတ်လျော့ကာ သူမ၏လက်ကို လှံမှခွာလိုက်သည်။

"ကျွန်မတို့က မီးလာငြှိမ်းကြတဲ့ကျောင်းသူတွေပါ။ မီးငြှိမ်းသွားပြီ" ဟုန်ယင်းက ပြန်ဖြေသည်။

စင်္ကြံတွင် အမှောင်ထုကြောင့် အိပ်ဆောင်မှ ဒေါ်လေးသည် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ လှံရှည်ကြီးကို မမြင်ရဘဲ ကမန်းကတန်း လက်ဝှေ့ယမ်းလိုက်သည်။

"နင်တို့က ဘယ်အတန်းကလဲ။ သေမှာမကြောက်ဘူးလား။ ငါနဲ့အတူလိုက်ခဲ့၊ မီးသတ်ကား မကြာခင်လာတော့မယ်။"

ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လက်ထဲက လက်နက်များကို အနက်ရောင်သေတ္တာထဲသို့ ထည့်ပြီး စင်္ကြံဆီသို့ အမြန်ပြေးသွားခဲ့သည်။

နှစ်ယောက်သားသည် တစ်ခုခုပြောနေပုံရသည့် ဒေါ်လေးဆီသို့ လျှောက်သွားလိုက်သည်...

ဗုန်း…

ဆူညံနေသောသေနတ်သံသည် ရုတ်တရက် ထွက်ပေါ်လာပြီး ကျည်ဆန်သည် လက်တန်းကြားရှိအဟကို ကျော်ဖြတ်ကာ အိပ်ဆောင်ဒေါ်လေး၏ခါးကို ထိမှန်သွားသည်။

ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့၏ မျက်လုံးအိမ်များသည် ရုတ်တရက် ကျုံ့သွားကာ မသိစိတ်က အိပ်ဆောင်ဒေါ်လေးနှင့် အဝေးကိုဆုတ်သွားကြသည်။

ပြင်းပြင်းထန်ထန် တွန့်လိမ်နေသော အိပ်ဆောင်ဒေါ်လေးသည် နံရံအစွန်းဘက်သို့ ထိမှန်လိုက်သည်။ သူမသည် မျက်လုံးများပြူးကာ အောက်ထပ်လှေကားမှ ဖြည်းညှင်းစွာ လျှောက်လာနေသော ကောင်လေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင် သူမ၏ဦးခေါင်းသည် ပွင့်ထွက်ကာ ကြောက်မက်ဖွယ်ကောင်းသော အသွေးအသား မကောင်းဆိုးဝါးအဖြစ်သို့ ပြောင်းလဲသွားသည်။

အော်ဟစ်လာသည်။

"ဦးခေါင်းကို ချိန်လိုက်တာ အသိသာပဲကို… ဘယ်လိုလုပ် ခါးကိုထိသွားတာလဲ။"

စင်္ကြံထောင့်တွင် လင်ချီးယဲ့သည် သေနတ်ကိုကိုင်ကာ ရေရွတ်လိုက်သည်။ သေနတ်၏ပြောင်းဝသည် သွေးသံတရဲရဲပါးစပ်ကြီးဆီသို့ ဦးတည်နေပြီး ခလုတ်ကို အမူအရာမဲ့စွာ ဆွဲလိုက်သည်။

ဘမ်း… ဘမ်း… ဘမ်း…

ကျည်ဆံသုံးချက်ဆက်တိုက်သည် မကောင်းဆိုးဝါး၏ပါးစပ်ကို ထိုးဖောက်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားကာ အသက်ဓာတ်ပျောက်ဆုံးသွားပြီး လှေကားထစ်များမှ ပြင်းပြင်းထန်ထန် လိမ့်ဆင်းသွားခဲ့သည်။

"ချီးယဲ့လား။" ဟုန်ယင်းက အံ့အားသင့်စွာ မေးသည်။

"အစ်မတို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတာ ကျွန်တော်ကြားလို့ အပြေးအလွှာရောက်လာတာ" လင်ချီးယဲ့သည် သူ့ပစ္စတိုသေနတ်ကို ဖယ်လိုက်ပြီး မြေပြင်ပေါ်တွင် အသွေးအသားဖြင့် လှေကားပေါ်တက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

"ဟမ်… မကောင်းဆိုးဝါးတွေဘယ်မှာလဲ"

"ရှင်းပြီးသွားပြီ" ဟုန်ယင်းသည် ခါးထောက်ပြီး 'ငါ့သန်မာတယ်၊ ငါ့ကိုချီးကျုးပါ' ဟူသောအမူအရာဖြင့် ပြုံးကာ ပြောလေသည်။ 

"အဓိကခန္ဓာကိုယ်ကို တွေ့ပြီလား။"

ဟုန်ယင်း၏မျက်နှာက ချက်ချင်းပျက်သွားပြီး သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါကာ "‌မတွေ့ဘူး"

လင်ချီးယဲ့သည် ဒီအထပ်ကို ဂရုတစိုက် လျှောက်ကြည့်ပြီး သူ့ကိုယ်သူတွေးလိုက်သည်။ "တကယ်တော့ ဒါက ပထမဆုံးကူးစက်သူပေါ်လာနေရာပဲ။ တခြားသူတွေကို ကူးစက်ပြီးနောက် သူ့ခန္ဓာကိုယ်ကနေ ထွက်သွားတာများလား"

"သူက အရမ်းဉာဏ်ကောင်းပါလား"

"ဒီဒဏ္ဍာရီလာသတ္တဝါက ဉာဏ်ပညာအများကြီးရှိရမယ်" လင်ချီးယဲ့က အခိုင်အမာပြောသည်။ "သူက လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်နဲ့ အမူအကျင့်တွေကို ပြီးပြည့်စုံအောင် ပုံတူကူးနိုင်တဲ့အတွက် အတုနဲ့အစစ်ကို လူတွေခွဲခြားလို့မရဘူး။ ဒါက သားရဲတစ်ကောင်လုပ်နိုင်တဲ့အရာမဟုတ်ဘူး။

ဒါ့အပြင် သူ့ရဲ့ကူးစက်မှုနည်းဗျူဟာက အခုအချိန်အထိ ခိုင်မာတဲ့အတွေးအခေါ်တစ်ခုရှိတယ်။

"အတွေးအခေါ်လား။ အဲဒါရှိလား။" စစ်းရှောင်နန်က သံသယစိတ်ဖြင့် မေးသည်။

"ဟုတ်တယ်၊ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အတော်လေးအားနည်းပြီး ထိန်းချုပ်ရလွယ်ကူတာကြောင့် မိန်းကလေးအိပ်ဆောင်ကနေ ကူးစက်မှုကို စတင်ဖို့ ရွေးချယ်ခဲ့ရုံသာမက တခြားသူတွေကို သတိလျော့သွားအောင် မိန်းကလေးတွေရဲ့ဆွဲဆောင်နိုင်စွမ်းကိုလည်း ဉာဏ်ရှိရှိ အသုံးပြုတယ်။

တခြားယောက်ျားလေးတွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့မျက်နှာသာရရှိဖို့ ဒီမိန်းကလေးတွေကို အသုံးပြုပြီး သူတို့ကို ကူးစက်ဖို့ လျှို့ဝှက်နေရာတစ်ခုဆီ ဖိတ်ခေါ်တယ်၊၊ ဘယ်သူကမှ သတိမထားမိဘဲ ဆရာတွေတောင် လှည့်စားခံခဲ့ရတယ်။ 

သူ့ရဲ့အပြုအမူက ကျပန်းဖြစ်ပုံရပေမယ့် အမှန်တကယ်က အရမ်းလျှို့ဝှက်လွန်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ရွေ့လျားနေတယ်။

လီယိဖေးသာ သင်ကြားရေးဌာနမှူးကို လျှိုရှောင်ယန့် ကူးစက်ခဲ့တာမျိုး မကြုံခဲ့ရင် နောက်နှစ်ဝက်အတွင်း သူ့ရဲ့တည်ရှိမှုကို ကျွန်တော်တို့ သေချာပေါက် သတိထားမိမှာမဟုတ်ဘူး။ အဲဒီအချိန်ကျရင် ကူးစက်ခံရသူအရေအတွက်က အရမ်းကြောက်စရာကောင်းတဲ့အဆင့်ကို တိုးလာလိမ့်မယ်။"

လင်ချီးယဲ့၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့၏ ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

"ဒီလောက်ဉာဏ်ရည်မြင့်တဲ့ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို ပထမဆုံးတွေ့ဖူးတာပဲ" ဟုန်ယင်းသည် မျက်မှောင်ကြုတ်ကာ "နင်ပြောတဲ့အတိုင်းဆိုရင် ငါတို့က ဒီမှာရှိနေတာ သူ‌သိနေပြီမလို့ သူဒီမှာမနေလောက်တော့ဘူးပေါ့"

"ဖြစ်နိုင်ခြေ အရမ်းများတယ်" လင်ချီးယဲ့က ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။

"ဒါဆို… အဲဒီကဟာက ဘာလဲ" စစ်းရှောင်နန်သည် ခေါင်းညိတ်ပြီး စင်္ကြံအဆုံးကို ညွှန်ပြလိုက်သည်။

လင်ချီးယဲ့နှင့် ဟုန်ယင်းတို့သည် တခဏမျှ ထိတ်လန့်သွားပြီး တစ်ချိန်တည်းတွင် လှည့်ကြည့်လိုက်သောအခါ သူတို့၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားသည်။

စင်္ကြံ၏အဆုံးမှာ လသာဆောင်လေးတစ်ခုကိုတွေ့လိုက်ရာ အဲဒီမှာ မြွေအမြီးခန္ဓာကိုယ်ဖြင့် မကောင်းဆိုးဝါးတစ်ကောင် ကုပ်တွယ်နေသည်။ ဖျော့တော့သော နေရောင်အောက်မှာ အေးစက်နေသည့် အကြေးခွံများက ဖြာထွက်နေပြီး အစိမ်းရောင်မျက်လုံးတစ်စုံက သူတို့သုံးယောက်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

ဟင်း…

ကြက်သွေးရောင်မြွေလျှာက ထွက်လာပြီး သူ့နှုတ်ခမ်းထောင့်များသည် လှောင်ပြောင်သကဲ့သို ကွေးကောက်သွားကြသည်။


လင်ချီးယဲ့နှင့် ဟုန်ယင်းတို့သည် ခဏလောက်နေခဲ့ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာမှမပြောဘဲ လသာဆောင်ဆီသို့ ပြေးသွားခဲ့သည်။

"လိုက်တော့။"

မြွေအမြီးမကောင်းဆိုးဝါးသည် သူ၏ဦးခေါင်းကိုမြှောက်ကာ ကြီးမားသောပါးစပ်ကိုဖွင့်ပြီး ကောင်းကင်သို့ အော်လိုက်သည်။

ဟင်း…

ထို့နောက် ချက်ချင်းပင် သူသည် မယုံနိုင်လောက်အောင် အရှိန်ဖြင့် လသာဆောင်အစွန်းနားသို့ လျှောကျသွားသည်။

အသံထွက်သွားခါနီးတွင် အဝေးရှိ စာသင်ခန်းထဲကနေ အော်သံများ ထွက်ပေါ်လာသည်။

လင်ချီးယဲ့သည် ရုတ်တရပ်ရပ်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်ရာ "ကူးစက်ခံရသူတွေ ပြေးနေပြီ"

ဟုန်ယင်းသည် ဖြည်းညှင်းစွာခုန်ချလိုက်ပြီး လသာဆောင်အနားသို့လှည့်ကာ သူမနောက်ကလှံတစ်ချောင်းဖြင့် ခေါင်းနောက်ပြန်လှည့်ပြီး လင်ချီးယဲ့အား အော်လိုက်သည်။

"နင် ကျောင်းသားကို အကာအကွယ်ပေးလိုက်၊ ငါသူ့နောက်လိုက်လိုက်မယ်"

သူမပြောပြီးသည်နှင့် သူမသည် ခုန်ဆင်းပြီး လသာဆောင်တွင် ပျောက်ကွယ်သွားခဲ့သည်။

လင်ချီးယဲ့သည် ရုတ်တရက် ဘရိတ်အုပ်ကာ စင်္ကြံဆီသို့ ပြန်ပြေးသွားခဲ့သည်။

ဟုန်ယင်း၏ အရည်အချင်းနှင့် နယ်ပယ်ကြောင့် ငါးထပ်ကနေ ခုန်ချရာတွင် ပြဿနာမရှိပေ။ သို့သော် သူ၏လက်ရှိအဆင့်ဖြင့် ခုန်လိုက်ပါက အလွန်ပျော်စရာကောင်းလိမ့်မည်။

လင်ချီးယဲ့သည် အနက်ရောင်သေတ္တာကို သူ့နောက်ကျောပေါ် သယ်ကာ လမ်းပေါ်တွင် အမြန်ပြေးသွားခဲ့သည်။ လမ်းတလျှောက်တွင် ကျောင်းသားအများအပြား အော်ဟစ်ကာ ခေါင်းမဲ့ယင်ကောင်များကဲ့သို့ ပြေးကြသည်။ အဝေးတွင် မကောင်းဆိုးဝါးများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"မပြေးနဲ့။ ငါ့နောက်လိုက်ခဲ့ကြ။ အခု မင်းတို့ ကျောင်းက ထွက်လို့ မရတော့ဘူး" လင်ချီးယဲ့က အော်လိုက်သည်။

ကံမကောင်းစွာပဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့စကားကို ဘယ်သူမှ နားမထောင်ခဲ့ပေ။ လူတိုင်းသည် ကျောင်းတံခါးဆီသို့ အရူးအမူးပြေးနေကြသော်လည်း မမြင်နိုင်သော အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ထားသည်။

၎င်းသည် မကောင်းဆိုးဝါးခန္ဓာကိုယ်နှင့် ကူးစက်ခံရသူများကို [ဝူကျဲ့လေဟာနယ်] မှ ထွက်ပြေးခြင်းဖြင့် တားဆီးရန်ဖြစ်သည်။

"တိတ်တိတ်နေစမ်း။ တိတ်တိတ်နေစမ်း"

"ငါပြောတာနားထောင်…"

လင်ချီးယဲ့သည် စကားအနည်းငယ် အော်လိုက်သော်လည်း မည်သူမျှ သူ့ကို ဂရုမစိုက်ပေ။ ဒီအချိန်မှာပဲ လန်ရွှမ်း၏စကားက သူ့နားထဲကို ထပ်ရောက်လာပြန်သည်။

ထို့နောက်

လင်ချီးယဲ့သည် သူ့အိတ်ကပ်ထဲမှ ပစ္စတိုတစ်လက်ကို ထုတ်လိုက်သည်။

ကောင်းကင်ပေါ်ကို ခလုတ်ဆွဲလိုက်သည်။

သေနတ်သံများသည် ကျောင်းဝင်းတစ်ခုလုံး ပဲ့တင်ထပ်လာသောအခါ ရူးသွပ်နေသောကျောင်းသားများက အံ့ဩသွားကြသည်။

လင်ချီးယဲ့သည် သေနတ်ကိုကိုင်လိုက်ပြီး ရုပ်တုကဲ့သို့ကျောင်းသားကို ချိန်ရွယ်ကာ အမူအရာမဲ့စွာ သူ့မေးစေ့ကိုမြှောက်ထားလိုက်သည်။

"တိတ်တိတ်နေလို့ ငါပြောနေတယ်"

TK Team (Chapter 52)