Volume 1 (သေမျိုးနယ်မြေ ၀၅၇)
Chapter 57 (မင်းပျော်ရွှင်ဖို့ငါဆုတောင်းပါတယ်)
ငါးထပ်တွင်
"လျှိုယွမ်… လျှိုယွမ်"
"လော့လော့၊ ငါဒီမှာရှိတယ်၊ ငါဒီမှာရှိတယ်"
စာသင်ခန်း၏ထောင့်မှာ ဟန်လော့လော့သည် လျှိုယွမ်အနားကို လာရန်အစပြုခဲ့ကာ သူမ၏မျက်လုံးများက နီရဲနေပြီး နှုတ်ခမ်းကိုဖွင့်ကာ ကြောက်လန့်နေသော သမင်တစ်ကောင်လို ဖြစ်နေသည်။
"လျှိုယွမ်… သူတို့က ဘာလို့ ငါတို့ကို ပိတ်ထားရတာလဲ"
"လီယိဖေး၊ လီယိဖေးက ငါတို့ကြားမှာ မကောင်းဆိုးဝါးတွေရှိနိုင်တယ်လို့ ပြောတယ်" လျှိုယွမ်သည် အံကြိတ်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်လေးများကို စိုက်ကြည့်နေသည်။
"လျှိုယွမ်…"
"ဟမ်"
"ငါ၊ ငါအရမ်းကြောက်တယ်…"
လျှိုယွမ်သည် ထိုသနားစရာကောင်းသော မျက်လုံးများကို ကြည့်ပြီး သူ့နှလုံးသား အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲမှာ လင်ချီးယဲ့အပေါ် အမုန်းတရားသည် တောက်လောင်နေသော မီးတောက်တစ်ခုလိုဖြစ်နေပြီး လွှတ်မချနိုင်ခဲ့ပေ။
ဘာလို့လဲ... ဘာလို့လဲ…
ဟန်လော့လော့က ငါ့အပိုင်ဖြစ်သင့်တာ။
မင်းလို ဒီနေရာကိုရောက်လာတာ ရက်အနည်းငယ်သာရှိသေးတဲ့ အပြင်လူတစ်ယောက်က ဘာလို့ သူမနဲ့အတူနေနိုင်ရတာလဲ။
ငါလက်မခံနိုင်ဘူး။
လျှိုယွမ်သည် သူ့စိတ်ထဲက မီးတောက်ကို မျိုသိပ်လိုက်ပြီး ဟန်လော့လော့ကို ညင်သာစွာပြောသည်။ "မကြောက်ပါနဲ့၊ ငါဒီမှာရှိတယ်ဆိုတော့ အဆင်ပြေမှာပါ"
"လျှိုယွမ်၊ နင်က အရမ်းကြင်နာတတ်တာပဲ" ဟန်လော့လော့သည် လျှိုယွမ်၏လက်မောင်းနှစ်ဖက်ကိုမှီကာ သူမ၏အကြည့်များက အနည်းငယ် မကျေမနပ်ဖြစ်နေသည်။ "အန္တရာယ်ကြုံလာတော့ ထွက်ပြေးသွားပြီး ငါ့ကိုလုံးဝဂရုမစိုက်တဲ့ လင်ချီးယဲ့နဲ့မတူဘူး…"
"လင်ချီးယဲ့လား။ ဟန့်၊ သူက လူယုတ်မာတစ်ယောက်ပဲ" လျှိုယွမ်က သရော်လိုက်သည်။
"ငါဆုံးဖြတ်လိုက်ပြီ။" ဟန်လော့လော့သည် ခေါင်းကိုမော့ပြီး လျှိုယွမ်၏ မျက်လုံးများကိုကြည့်ကာ သူမ၏ပါးပြင်ပေါ်တွင် ရှက်သွေးဖြာမှုနှစ်ခုပေါ်လာသည်။ "ငါသူနဲ့လမ်းခွဲချင်တယ်၊ သူ့လိုယောက်ျားလေးက လုံးဝအားကိုးလို့မရဘူး"
လျှိုယွမ်သည် အံ့အားသင့်သွားပြီး သူ့မျက်လုံးထဲတွင် ရွှင်လန်းမှု အလင်းရောင်တစ်ခု ပေါ်လာကာ "ဒါဆို မင်း…"
"ငါ… ငါက လုံခြုံမှုပေးနိုင်တဲ့ နင့်လို ယောက်ျားလေးမျိုး သဘောကျတာ" ဟန်လော့လော့သည် ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်သည်။
လျှိုယွမ်သည် ထိုစကားကိုကြားသောအခါတွင် သူသည် ကောင်းကင်ဘုံသို့ တက်တော့မလို ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် ဟန်လော့လော့ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်လိုက်ပြီး လေးနက်စွာ ပြောသည်။
"လော့လော့၊ ငါမင်းကိုကြိုက်တယ်။ ငါ့ရည်စားလုပ်ပါ။ ငါ လင်ချီးယဲ့ထက် အဆတစ်ရာပိုကောင်းမှာ သေချာတယ်"
ဟန်လော့လော့သည် အသံပြုကာ အနည်းငယ်ခေါင်းညိတ်ပြီး သူ့လက်မောင်းထဲမှီလိုက်သည်။
လျှိုယွမ်က ဝမ်းသာသွားသည်။
"လျှိုယွမ်…"
"ဘာဖြစ်တာလဲ"
"ငါဒီမှာမနေချင်ဘူး၊ ငါအရမ်းကြောက်တယ်"
လျှိုယွမ်သည် တခဏလောက် ထိတ်လန့်သွားပြီး တံခါးအပြင်ဘက်မှာ ရပ်နေသော ကောင်လေးအနည်းငယ်ကို ကြည့်ရန် ခေါင်းကိုမော့ကာ စိတ်ညစ်သောအမူအရာဖြင့် "ဒါပေမယ့် သူတို့က ငါတို့ကို ထွက်သွားခွင့်မှမပေးတာ၊ ငါတို့ထဲမှာ မကောင်းဆိုးဝါးတွေ ရှိနေလောက်တယ်…"
"လျှိုယွမ်၊ ငါက မကောင်းဆိုးဝါးလို့ နင်ထင်လား" ဟန်လော့လော့သည် လျှိုယွမ်၏မျက်လုံးများကို ကြည့်ပြီး ငိုတော့မည်ဟုထင်ရသည်။
လျှိုယွမ်သည် တံတွေးမျိုချလိုက်ပြီး ခေါင်းကို တဆတ်ဆတ်ခါလိုက်သည်။ "မထင်ဘူး"
"ဒါဆို နင်က မကောင်းဆိုးဝါးလား"
"ငါလည်းမဟုတ်ဘူး"
"ဒါဆို ငါတို့ဘာလို့ဒီမှာနေနေကြတာလဲ။ လီယိဖေးက ငါတို့ကို ဒီမှာနေခိုင်းထားလို့လား။ ငါတို့မှာပြဿနာတစ်ခုခုရှိတယ်လို့ သူကဘာလို့ပြောရတာလဲ။" ဟန်လော့လော့က လျှိုယွမ်၏လက်ကိုကိုင်ကာ ငိုလေသည်။
"လျှိုယွမ်၊ ငါ… ငါဒီမှာမနေချင်တော့ဘူး၊ ငါ့ကိုအပြင်ထုတ်ပေးပါ"
ဟန်လော့လော့၏စကားလုံးတိုင်းသည် လျှိုယွမ်၏နှလုံးသားကို ပြောနေခဲ့ပြီး သနားစရာကောင်းသော မျက်လုံးများက လျှိုယွမ်၏ ကာကွယ်လိုသောဆန္ဒကို အပြည့်အဝ လောင်ကျွမ်းစေခဲ့သည်။
သူသည် အသက်ပြင်းပြင်းရှူရင်း မတ်တတ်ထရပ်ကာ ဟန်လော့လော့၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ခိုင်မာစွာပြောသည်။
"စိတ်မပူနဲ့၊ ငါမင်းကို သေချာပေါက်ခေါ်ထုတ်သွားပေးမယ်၊ ငါက လင်ချီးယဲ့ထက် ပိုကောင်းတယ်ဆိုတာ… ငါမင်းကိုသက်သေပြမယ်"
ထိုစကားကို ပြောပြီးနောက် သူက ဟန်လော့လော့၏လက်ကိုဆွဲကာ စာသင်ခန်းတံခါးဆီသို့ လျှောက်သွားပြီး တံခါးကိုခေါက်လိုက်သည်။
"လျှိုယွမ်၊ မင်း ဘာလုပ်နေတာလဲ။" အပြင်ကလူက လျှိုယွမ်ကို ပြတင်းပေါက်ကနေ အော်လိုက်သည်။
"ငါတို့ကို လွှတ်ပေးစမ်း" လျှိုယွမ်က အော်ဟစ်လိုက်သည်။
"မင်းတို့ထွက်သွားလို့မရဘူး၊ မင်းတို့ထဲမှာ မကောင်းဆိုးဝါးရှိတယ်လို့ လီယိဖေးက ပြောခဲ့တယ်"
"သောက်ရူးကောင်" လျှိုယွမ်က ထိုကောင်လေး၏နှာခေါင်းကို လက်ညှိုးထိုးကာ "လီချန်း၊ မင်းမျက်လုံးကို ကျယ်ကျယ်ဖွင့်ကြည့်လိုက်စမ်း၊ ငါက လျှိုယွမ်၊ သူမက ဟန်လော့လော့၊ ငါတို့က အတန်းဖော်တွေပဲ။
လီယိဖေးရဲ့စကားတစ်ခွန်းကြောင့် ငါတို့ကို ဒီမှာပိတ်လှောင်ထားတာလား။
ဒါကို ဘယ်လိုခေါ်သလဲသိလား။ တရားမဝင်ချုပ်နှောင်ခြင်းလို့ခေါ်တယ်။ မင်းငါတို့ကို ထွက်သွားခွင့်မပြုရင် မင်းက ဥပဒေချိုးဖောက်နေတာပဲ။
လီယိဖေး၊ သူက အရူးပဲ။ သူက ဥပဒေချိုးဖောက်ချင်တာနဲ့ မင်းက သူ့နောက်လိုက်ချင်နေတာလား။"
လျှိုယွမ်၏ အသံသည် အထပ်တစ်ခုလုံး ပဲ့တင်ထပ်ကာ ကျောင်းသားအားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ လျှိုယွမ်နှင့် တခြားသူများကို စောင့်ကြည့်ပေးနေသည့် ကျောင်းသားများ၏ မျက်နှာများက အနည်းငယ် ပြောင်းလဲသွားပြီး တွန့်ဆုတ်သွားသည်။
နောက်ဆုံးတွင် သူတို့သည် ကျောင်းသားတွေပဲ ရှိသေးပြီး တခြားသူများကို ဒီလိုအကျဉ်းချတာမျိုးက သူတို့လည်း ခံစားရမကောင်းပေ။ ထို့အပြင် သူတို့သည် အတန်းဖော်များဖြစ်သောကြောင့် ဒီလိုလုပ်တာက နည်းနည်းများလွန်းသည်။
"လျှိုယွမ် ခွေးသွေးတွေပတ်မနေနဲ့။ အခုက အထူးအခြေအနေဖြစ်နေပြီး ကျောင်းသားတွေအများကြီး မကောင်းဆိုးဝါးတွေပြောင်းလဲသွားတာကို မင်းလည်းမြင်တာပဲ၊ မင်းတို့ထဲမှာမရှိဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။" လီချန်းက နောက်ပြန်မဆုတ်ချေ။
"ဘာကြောင့်ငါတို့လဲ။" လျှိုယွမ်က သရော်ပြီး လက်ရှိအားလုံးကို လက်ညှိုးပြသည်။ "မင်းတို့အားလုံးလည်း သံသယဖြစ်ခံရမှာမဟုတ်ဘူးလား။ လီယိဖေးက ငါတို့အထဲမှာမကောင်းဆိုးဝါးရှိမှန်း ဘယ်လိုသိသလဲ။ သူက အကြားအမြင်ရနေတာလား။"
"မင်း…"
နှစ်ယောက်သား ငြင်းခုံနေကြစဉ် ညာဘက်စင်္ကြံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း၏ နှလုံးသားများ ယိမ်းနွဲ့သွားကာ တစ်ချိန်တည်းမှာပင် ခေါင်းလှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
မကောင်းဆိုးဝါးက ခုခံရေးစည်းကို ဖြတ်ကျော်သွားတာများလား။
"လင်ချီးယဲ့ပဲ။ လင်ချီးယဲ့က မကောင်းဆိုးဝါးတွေကို အသည်းအသန်သတ်ပစ်နေပြီး လီယိဖေးနဲ့ တခြားသူတွေလည်း နောက်ကလိုက်လာကြတယ်"
အာမေဋိတ်သံများသည် စင်္ကြံဝင်ပေါက်မှ ထွက်ပေါ်လာပြီး လူတိုင်းသည် သူတို့နားများကို မယုံနိုင်လောက်အောင် အချင်းချင်း ကြည့်နေကြသည်။
လင်ချီးယဲ့လား။
သူက မကောင်းဆိုးဝါးတွေကို သတ်နေတာလား။
ဗုန်း…
နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး စင်္ကြံရှိ တောင်ကုန်းများကဲ့သို့ စားပွဲများနှင့် ထိုင်ခုံများက ပြိုကျသွားသည်။ ကျယ်လောင်သောအသံက အနီးနားရှိ ကျောင်းသားများကို ထပ်ခါထပ်ခါ ကြောက်လန့်သွားစေပြီး ဖုန်မှုန့်များက လူတိုင်း၏ မျက်လုံးတွေကို ဆွဲဆောင်သွားသည်။
ဖုန်မှုန့်များက နေရာအနှံ့ရှိနေကာ
သွေးစွန်းနေသော ကျောင်းဝတ်စုံနှင့် ညာဘက်လက်မှ ဓားတစ်ချောင်းဖြင့် ကောင်လေးတစ်ယောက်က ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
သူ့မျက်လုံးများက မီးဖိုကဲ့သို့ တောက်လောင်နေသည်။
ထိုမျက်လုံးများကို မြင်လိုက်သည်နှင့် လူတိုင်းသည် ရှေးသားရဲတစ်ကောင်ကို စိုက်ကြည့်နေသကဲ့သို့ အသက်ပင်မရှူရဲကြပေ။
လင်ချီးယဲ့၏ မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး လူတိုင်း၏နှလုံးသားကို ဖိထားသည့် ကျောက်တုံးကြီးသည် နောက်ဆုံးတွင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
သူ့နောက်တွင် လီယိဖေးနှင့် အန်းချင်းယွီ အပါအဝင် ကောင်လေးများစွာက တစ်ယောက်ပြီးတစ်ယောက် ပြေးကြသည်။
"လီယိဖေးလား။ အဲဒီကနေ ဘယ်လို တက်လာတာလဲ။ လေးထပ်က မကောင်းဆိုးဝါးတွေရော"
လူအုပ်ထဲတွင် တစ်စုံတစ်ယောက်သည် လျင်မြန်စွာ ငြိမ်သက်သွားပြီး စိုးရိမ်တကြီး ပြောလာသည်။
လီယိဖေးသည် သူ့လက်ထဲက မီးပုဆိန်ကို ကြည့်ပြီး ပြုံးလိုက်သည်။ "အားလုံးသေပြီ၊ ငါ့ညီအစ်ကိုချီးယဲ့က လေးထပ်တစ်ခုလုံးကို သတ်ပစ်လိုက်ပြီး အခု အဆောက်အအုံတစ်ခုလုံး ရှင်းသွားပြီ"
အားလုံး၏အကြည့်များက လင်ချီးယဲ့ပေါ်ကျလာပြီး သူတို့မျက်လုံးများက မယုံနိုင်စရာများ ပြည့်နှက်နေခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မကောင်းဆိုးဝါးတွေ အများကြီးကို…"
"သူတစ်ယောက်တည်းသတ်ခဲ့တာလား။ ဒါအမှန်ပဲလား။"
"သူ့လက်ထဲကဓားနဲ့ သူ့ခန္ဓာကိုယ်ပေါ်က သွေးတွေကို ကြည့်လိုက်ဦး။ အမှန်ဟုတ်လောက်တယ်။
"လခွမ်း။ အခုလေးတင် သူ့မျက်လုံးတွေကို မြင်လိုက်လား။ အရမ်းမိုက်တာပဲ။"
"အဲဒါဘာလဲ။ စူပါစွမ်းအားလား"
"…"
အားလုံးက တီးတိုးပြောရင်း လင်ချီးယဲ့၏မျက်လုံးများက လူအုပ်ကြားကို ဖြတ်သွားပြီး ဖြောင့်မတ်ကာ ဒေါသများဖြင့် ပြည့်နေသော လျှိုယွမ်ပေါ်ကျသွားသည်။
အကြောင်းတစ်ခုခုကြောင့် လျှိုယွမ်သည် သူ့ရင်ထဲတုန်လှုပ်သွားပြီး မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
လင်ချီးယဲ့သည် ဓားကိုကိုင်ထားပြီး လျှိုယွမ်ကို အမူအရာမဲ့စွာကြည့်ရင်း သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်...
မသိစိတ်မှာ စင်္ကြံရှိ အတန်းဖော်များအားလုံးသည် သူ့ကိုလမ်းဖယ်ပေးခဲ့ကြပြီး တီးတိုးပြောသံများက သေးသထက် သေးလာသည်။
လင်ချီးယဲ့သည် လျှိုယွမ်ဆီသို့ လျှောက်သွားသောအခါ စင်္ကြံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
"မင်း... မင်းဘာလိုချင်လို့လဲ" လင်ချီးယဲ့၏အကြည့်အောက်တွင် လျှိုယွမ်သည် စကားထစ်ကာ "ငါမင်းပြောမယ်။ ဟန်လော့လော့က မင်းနဲ့ လမ်းခွဲသွားပြီ။ အခု သူမက ငါ့ရည်းစားပဲ"
လင်ချီးယဲ့သည် ဘယ်သူ့ရည်စားဖြစ်သည်ကို ဂရုမစိုက်သလို မျက်ခုံးပင့်ကာ "မင်းသူမကို ဒီကနေခေါ်ထုတ်ချင်တယ်လို့ ငါကြားတယ်"
ဟန်လော့လော့သည် ခေါင်းငုံ့ပြီး လင်ချီးယဲ့၏အကြည့်ကို ရှောင်နေပုံရသည်။
လျှိုယွမ်သည် အံကြိတ်ကာ သူ့သတ္တိကို ဆင့်ခေါ်လိုက်သည်။ "ဟုတ်တယ်။ ငါသူမကိုခေါ်သွားမယ်။ မင်းငါ့ကိုတားချင်လို့လား"
လင်ချီးယဲ့သည် သူ့ကို တိတ်ဆိတ်လေးပဲ ကြည့်နေပြီး ခဏအကြာတွင် သူ သရော်လိုက်သည်။
သူသည် ဘေးသို့လှည့်၍ လမ်းဖယ်ပေးကာ ထွက်သွားရန်အမူအရာပြုလုပ်လိုက်သည်။
"ငါမင်းကိုမတားပါဘူး၊ မင်းသွားလို့ရတယ်…
ပြီးတော့…
မင်းပျော်ရွှင်ဖို့ငါဆုတောင်းပါတယ်"
TK Team (Chapter 57)