Chapter 60
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၆၀)


Chapter 60 (လှံတစ်ချက်တည်း)

ညမဟုတ်သေးသောကြောင့် [ညကောင်းကင်အက] ကို အစပျိုး၍မရသေးသော်လည်း လင်ချီးယဲ့၏ပုံမှန်မဟုတ်သော ရွေ့လျားအမြင်အာရုံနှင့် တိုက်ခိုက်ရေးဗီဇကြောင့် နန်ထော်မြွေမိစ္ဆာကို ကိုင်တွယ်ရန် မခက်ခဲပုံရသည်။

ပြဿနာမှာ ဤနေရာသည် စန္ဒယားခန်းဖြစ်ပြီး မြေအနေအထားက ကျဉ်းသောကြောင့် လင်ချီးယဲ့၏ တိမ်းရှောင်မှုက ဤနေရာတွင် အလွန်ထိခိုက်ပါသည်။

လင်ချီးယဲ့သည် တံခါးမှ ပြေးထွက်လာပြီး နန်ထော်မြွေမိစ္ဆာသည် စန္ဒယားခန်း၏ နံရံကို ရုတ်တရက် ဆောင့်ဖွင့်လိုက်ရာ သူ၏သွယ်လျသောမြွေခန္ဓာကိုယ်သည် စင်္ကြံ၏ နံရံလေးဘက်သို့ အရှိန်ပြင်းပြင်းဖြင့် တွားသွားကာ ခဏတွင်ပင် လင်ချီးယဲ့၏ ခေါင်းပေါ်သို့ ရောက်လာသည်။

"ရွှမ်း…"

လေထဲသို့ စူးရှစွာ ဖြတ်သွားသော အသံတစ်ခု ထွက်ပေါ်လာပြီး မြွေမိစ္ဆာ၏လက်သည်းများသည် လင်ချီးယဲ့၏ လည်ပင်းကို အပေါ်စီးမှ တိုက်ရိုက် ခုတ်ဖြတ်သွားကာ လင်ချီးယဲ့၏ နောက်ကျောသည် မျက်လုံးများ ရှိပုံရကာ တိုက်ခိုက်မှုကို ရှောင်လွှဲကာ ရုတ်တရက် ရှေ့သို့ လှိမ့်သွားသည်။

ထို့နောက် သူသည် မြေပြင်မှ ခုန်ပေါက်ရန် သူ၏အီနားရှားကို အသုံးပြုကာ ဓားဖြောင့်လက်ကိုင်ကို သူ့လက်နှစ်ဘးဖက်နှင့် ကိုင်ပြီး ဓားအစွန်းကို အရှေ့သို့ မျက်နှာမူကာ မြွေမိစ္ဆာ၏ ဝမ်းဗိုက်ကို တိကျစွာ ထိုးလိုက်လေသည်။

ဒီလုပ်ဆောင်ချက်များသည် သူတွက်ချက်ထားပြီးသကဲ့သို့ စီးဆင်းနေသောရေလိုပင်။

မြွေမိစ္ဆာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မြွေ၏ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ တွန့်လိမ်သွားကာ အဓိကနေရာကို ရှောင်လိုက်သော်လည်း ဓားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ဓားရှည်အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

မြွေမိစ္ဆာသည် အော်ဟစ်ပြီး ပြင်းပြင်းထန်ထန် ကွေးကောက်နေရင်း တစ်ချိန်တည်းမှာ သူ၏ရက်စက်ကြမ်းကြုတ်သောပါးစပ်က လက်နှင့်နီးနေသော လင်ချီးယဲ့ကို ကိုက်လိုက်သည်။ 

လင်ချီးယဲ့သည် သူ့ရှေ့တည့်တည့်မှ ဓားကို အလျင်အမြန်ထားလိုက်သော်လည်း မြွေမိစ္ဆာကိုက်သည့် အင်အားက ပြင်းထန်လွန်းသဖြင့် သူက ဓားဖြောင့်တွင် တင်းကျပ်စွာကပ်နေလေသည်။ ထို့နောက် သူသည် လင်ချီးယဲ့ကို ဓားနှင့်အတူ လွှင့်ထုတ်လိုက်သည်။

လင်ချီးယဲ့၏ခန္ဓာကိုယ်သည် မှန်ကိုရိုက်ခွဲပြီးနောက် စင်္ကြံထဲမှ တည့်တည့်ပျံသန်းကာ လူတစ်ကိုယ်လုံး ဒုတိယထပ်မှ ချက်ချင်းပြုတ်ကျသွားသည်။

ကံကောင်းထောက်မစွာ အောက်ထပ်တွင် စိမ်းလန်းစိုပြေသော အပင်တွေအများကြီးရှိသည်။ လင်ချီးယဲ့သည် လေထဲ၌ ပင်စည်တစ်ပင်ကို ဆွဲကိုင်လိုက်ပြီး ဖြည်းညှင်းစွာ လှုပ်ယမ်းကာ အင်အားအများစုကို သက်သာရာရပြီးနောက် မြက်ခင်းပြင်ပေါ်သို့ လဲချလိုက်သည်။

လင်ချီးယဲ့သည် ယိမ်းယိုင်ပြီး သူ့ခန္ဓာကိုယ်က တည်ငြိမ်သွားကာ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် လှုပ်ယမ်းသွားသည်။ အခုလေးတင် ထိုးနှက်ချက်နှစ်ခုသည် သူ့ကြွက်သားများ၊ အရိုးများကို မထိခိုက်စေပေမယ့် နာကျင်တာက တကယ်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နန်ထော်မြွေမိစ္ဆာလည်း ပြတင်းပေါက်ကို ရိုက်ချိုးကာ ဒုတိယထပ်မှ ခုန်ဆင်းသွားခဲ့သည်။ သူ၏ချွန်ထက်သော လက်သည်းများက အနီရင့်ရောင် ကောင်းကင်အောက်တွင် အေးစက်စွာ တောက်ပနေပြီး လင်ချီးယဲ့ကို ဆုပ်ကိုင်လိုက်သည်။

လင်ချီးယဲ့သည် နောက်ပြန်ဆုတ်ကာ နန်ထော်မြွေမိစ္ဆာ၏နေရာကို ရှောင်ပြီးနောက် ရှေ့ဖြစ်ဟောကဲ့သို့ ရှေ့ကိုတိုးကာ သူ့လက်ထဲက ဓားဖြောင့်သည် မြွေမိစ္ဆာ၏လည်ပင်းကို တိတိကျကျ ခုတ်လိုက်လေသည်။

ချွင်… ချွင်… ချွင်…

ပြင်းထန်သော တိုက်မိမှု အများအပြား ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လင်ချီးယဲ့၏ လက်ထဲမှ ဓားဖြောင့်နှင့် မြွေမိစ္ဆာ၏ ချွန်ထက်သော လက်သည်းများကို အကြိမ်ပေါင်းများစွာ ခုတ်ဖြတ်ခဲ့ကြသည်။ မြွေမိစ္ဆာ လှုပ်ရှားခါနီးတွင် လင်ချီးယဲ့၏ မျက်လုံးများသည် ရုတ်တရက် ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ရွှေရောင်အလင်းတန်းတစ်ခုသို့ ပွင့်ထွက်လာခဲ့သည်။

တဟုန်ထိုး တက်လာသော နတ်စွမ်းအားသည် နန်ထော်မြွေမိစ္ဆာ၏စိတ်ကို တိတ်တဆိတ် ဖြည့်စွမ်းနိုင်၏။ သက်ရှိအဆင့်မှ ဤဖိနှိပ်မှုမျိုးသည် သူ၏စိတ်ကို ခဏတာ အားလျော့သွားစေပြီး သူ၏ခန္ဓာကိုယ်က ရုတ်တရက် အေးခဲသွားသည်။

ဤအခိုက်အတန့်တွင် လင်ချီးယဲ့၏လက်ထဲရှိ ဓားဖြောင့်ကို ဝှေ့ယမ်းကာ မြွေမိစ္ဆာ၏ရင်ဘတ်ကို ခုတ်ထစ်လိုက်ရာ သွေးသံတရဲရဲဓားရာနှစ်ခု ကျန်ရစ်ခဲ့သည်။

မြွေမိစ္ဆာသည် နာကျင်စွာအော်ဟစ်ပြီး မီတာအနည်းငယ် အမြန်ပြန်ဆုတ်သွားခဲ့သည်။ မြွေမျက်လုံးတစ်စုံသည် လင်ချီးယဲ့ကို စိုက်ကြည့်နေသည်။ 'ကျန်' နယ်ပယ်သာရှိသည့် ဤလူငယ်သည် ဤမျှပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပုံရသည်။

သူတွန့်ဆုတ်လာသည်။

သူဆက်လက်တိုက်ခိုက်ပြီး အနိုင်မရသေးပါက ကျန်‌ညကင်းစောင့်လူသားနှစ်ယောက်‌ရောက်လာလျှင် သူသေလိမ့်မည်။

သို့သော် ဒီအခွင့်အရေးကို သူလက်လွှတ်လိုက်လျှင် လှည့်ပြန်ရန် အခွင့်အရေးရှိပါ့ဦးမလား။

သူစိတ်ရှုပ်နေစဉ် ချွန်ထက်သောမြားကဲ့သို့ သွယ်လျသောအသွင်အပြင်သည် အဝေးမှ ပြေးထွက်လာပြီး သူမ၏ခြေဖျားမှ နှင်းဆီရောင်မီးတောက်များသည် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပွင့်လန်းလာသည်။

ထိုလူရောက်လာသည်ကိုမြင်တော့ လင်ချီးယဲ့က ပြုံးလိုက်သည်။ သူမကိုမြင်လိုက်သည်နှင့် နန်ထော်မြွေမိစ္ဆာသည် တုံ့ဆိုင်းမနေတော့ဘဲ လှည့်ကာ အနုပညာအဆောက်အအုံဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် တွားသွားလေသည်။ နံရံများနှင့် အခန်းများ ဖုံးလွှမ်းထားသော အဆောက်အအုံထဲသို့ ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ခန္ဓာကိုယ်ပုံသဏ္ဌာန်ပျောက်ကွယ်သွားပြီး ဘယ်ကိုရောက်သွားမှန်းမသိတော့ပေ။

"ဘယ်မှာလဲ" ဟုန်ယင်းသည် လှံတစ်ချောင်းကို ကိုင်ဆောင်ကာ မီတာတစ်ရာအကွာမှ လင်ချီးယဲ့အား အော်ဟစ်လိုက်သည်။

"ဒုတိယထပ် ဘယ်ဘက်အစွန်ဆုံးက စာသင်ခန်းမှာ။ သူက ပြတင်းပေါက်ဖွင့်ပြီး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ" နန်ထော်မြွေ‌မိစ္ဆာ၏ လှုပ်ရှားမှုတိုင်းသည် လင်ချီးယဲ့၏အာရုံခံစားမှုအကွာအဝေးမှ မထွက်သွားခဲ့ဘဲ စာသင်ခန်းကို စိုက်ကြည့်ကာ ပြန်ဖြေသည်။

"နားလည်ပြီ"

သူမ၏အီနားရှားကို အားကိုး၍ ဟုန်ယင်းသည် သူမ၏ခြေထောက်များကို အနည်းငယ်ကွေးပြီး အမြောက်ကျည်ကဲ့သို့ ခုန်တက်သွားသည်။ နှင်းဆီရောင် မီးတောက်တွေက သူမခြေထောက်အောက်မှာ တောက်လောင်နေသည်။

ဒီခုန်ချက်ကြောင့် သူမက သုံးထပ်အမြင့်ကို ခုန်ချခဲ့သည်။

လေထဲ၌ သူမသည် နောက်ကျောမှ လှံကို နောက်ပြန်ဆွဲကာ သူမ၏အလယ်ဗဟိုတွင် မီးတောက်လောင်နေသော မီးလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

သူမသည် လှံကို သူမရှေ့တွင် အသာအယာလှည့်ပတ်ရင်း

လေထဲတွင် အနက်ရောင်ဆံပင်ရှည်များ ကခုန်နေပြီး လေထုအလယ်တွင် စက်ဝိုင်းတစ်ဝက်လှည့်၍

လှံသည် သဘာဝအတိုင်း လှည့်ပြီး လှံဖျားကို စာသင်ခန်းဆီသို့ ဦးတည်ထားကာ

လှည့်ပတ်ခြင်းအီနားရှားဖြင့် ဟုန်ယင်း၏ညာခြေသည်

အလွန်ကြီးမားသောမီးတောက်ကို သယ်ဆောင်သွားကာ

သူမသည် လှံ၏အဆုံးကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည်။

ထို့နောက် မီးတောက်များဝန်းရံထားသော လှံရှည်တစ်ချောင်းသည် လျှပ်စီးလက်သလို ကောင်းကင်ကို ဖြတ်သွားကာ လေထဲတွင် မီးလောင်ရာ အနည်းငယ် ချန်ထားပြီး စာသင်ခန်းဆီသို့ တန်းတန်းမတ်မတ် လင်းလက်သွားသည်။

ဗုန်း…

မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိုအနီရောင်အလင်းတန်းသည် အနုပညာအဆောက်အအုံတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်သွားသည်။

အချင်းဝက်ငါးမီတာရှိသော အပေါက်ကြီးတစ်ခုက အနုပညာအဆောက်အအုံကိုယ်ထည်တွင် ပေါက်ကွဲခဲ့သည်။

လှံထိပ်ဖျားသည် လျင်မြန်စွာ တွားသွားနေသော နန်ထော်မြွေမိစ္ဆာ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရင်း တိကျစွာ မြေပြင်တွင်ဖမ်းမိထားပြီး ကြီးမားသောတွင်းကြီးကို ဖန်တီးလိုက်သည်။

မီးခိုးနှင့်ဖုန်မှုန့်များက နေရာတိုင်းမှာ ရှိနေသည်။

လင်ချီးယဲ့သည် အနုပညာအဆောက်အအုံအောက်တွင် ရပ်ကာ လှံတစ်ချက်တည်းဖြင့် ပွင့်ထွက်သွားသော အနုပညာ အဆောက်အအုံကို ကြောင်တောင်တောင် စိုက်ကြည့်လိုက်ရာ လုံးဝမိန်းမောသွားသည်။

ဤအခိုက်အတန့်တွင် နန်ထော်မြွေမိစ္ဆာ၏ တိုက်ခိုက်ရေးစွမ်းအားအဆင့်သတ်မှတ်ချက်သည် တခြားသူများ၏အမြင်တွင် အဘယ်ကြောင့် 'အားနည်းတယ်'ဆိုတာကို သူနောက်ဆုံးနားလည်လိုက်သည်...

ဟုန်ယင်းသည် လေထဲမှကျလာပြီး လင်ချီးယဲ့၏ နံဘေးသို့ တည့်တည့်လျှောက်သွားကာ သူ့အနီးနားကို ဂရုတစိုက် ကြည့်ပြီး စိုးရိမ်စွာဖြင့် မေးသည်။

"မောင်လေးချီးယဲ့၊ နင်ဒဏ်ရာမရဘူးလား"

"မ…မရဘူး"

"ကောင်းတယ်" ဟုန်ယင်းသည် သူ့ပခုံးကိုပုတ်လိုက်ပြီး နန်ထော်မြွေမိစ္ဆာဆီ လျှောက်သွားသည်။ "သွားကြရအောင်၊ သွားကြည့်ကြမယ်၊ မတော်တဆမှုမရှိရင် သူသေလောက်ပြီ"

နှစ်ယောက်သား အနုပညာအဆောက်အအုံနောက်ဘက်သို့ လျှောက်သွားသောအခါ ကြီးမားလွန်းလှသော တွင်းကြီးတစ်ခုထဲတွင် လှံဖြင့် မြေပြင်ပေါ်တွင် အဖမ်းခံထားရသော နန်ထော်မြွေမိစ္ဆာကို တွေ့လိုက်ရသည်။

ဟုန်ယင်းသည် ရှေ့သို့ တိုးလာကာ သူမ၏လှံရှည်ကို ဆွဲထုတ်ကာ ပခုံးပေါ်တင်ရင်း နန်ထော်မြွေမိစ္ဆာအလောင်းကို သူမခြေထောက်ဖြင့်ကန်ပြီး သူက အသက်မရှိတော့ပေ။

"အင်း၊ သူတကယ်သေသွားပြီ" ဟုန်ယင်းသည် ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူမ၏ခါးကိုဆန့်လိုက်သည်။ "နောက်ဆုံးတော့ ပြီးသွားပြီ... ငါအရမ်းပင်ပန်းနေပြီ၊ ငါဒီနေ့တစ်နေ့လုံး ငါ့ဦးနှောက်ကိုသုံးနေရတာ၊ ဒီတိုက်ခိုက်မှုကို စောစောစီးစီး ပြီးဆုံးသွားရင် အရမ်းကောင်းမှာပဲ"

လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ သူမသည် တွင်းထဲမှ ဖြည်းညှင်းစွာ တွားသွားထွက်လာပြီး သူမကျောင်းဝတ်စုံပေါ်က ဖုန်မှုန့်များကို ပုတ်လိုက်သည်။

"မောင်လေးချီးယဲ့ သွားရအောင်၊ အစ်မက နင့်ကို ညစာဖိတ်ကျွေးမယ်" ဟုန်ယင်းသည် တစ်ခုခုကို တွေးနေပုံရပြီး ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။ "ဒါ့အပြင် ဒီဟာက နင့်ရဲ့ပထမဆုံး တာဝန်ပြီးမြောက်တာဖြစ်ပြီး ဂုဏ်ပြုတာ ဒါမှမဟုတ်… ဟမ်"

ဟုန်ယင်းသည် သူမဘာသာ ခြေလှမ်းအနည်းငယ်လှမ်းပြီး တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ သူမ နောက်ပြန်ကြည့်လိုက်တော့ လင်ချီးယဲ့သည် တွင်းထဲတွင် ရပ်နေသေးတာကို သူမတွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ" ဟုန်ယင်းသည် တွင်းအစွန်းသို့ လျှောက်သွားပြီး သံသယဖြစ်စွာ မေးလိုက်သည်။

လင်ချီးယဲ့သည် သူ၏ခြေထောက်အောက်က နန်ထော်မြွေမိစ္ဆာ၏ အလောင်းကို ငုံ့ကြည့်ကာ ပို၍ပို၍တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်သေးဘူး…"

TK Team (Chapter 60)