Chapter 65
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၆၅)


Chapter 65 (နိုးထခြင်း)

"မင်္ဂလာပါ"

"မင်္ဂလာပါ ခေါင်းဆောင်ချန်မုရယ်လား"

"ငါပါ"

"အမှတ် ၂ အထက်တန်းကျောင်းရဲ့ စစ်မြေပြင်ကို ကျွန်တော်တို့ ရှင်းလင်းတဲ့အခါ ပြဿနာတစ်ခု ကြုံခဲ့ရတယ်။"

"ဘာပြဿနာရှိလို့လဲ"

"နန်ထော်မြွေမိစ္ဆာရဲ့ အလောင်းကို ကျွန်တော်တို့ သိမ်းဆည်းတဲ့အခါမှာတော့ သူ့ရဲ့ဦးခေါင်းက ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့ရတယ်"

ဗင်ကား၏ ခရီးသည်ဘက်ခြမ်းတွင် ချန်မုရယ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ပျောက်ဆုံးနေတာလား"

"ဟုတ်ပါတယ်၊ နေရာတစ်ခုလုံးကို ကျွန်တော်တို့ ရှာကြည့်ပေမယ့် သူ့ခေါင်းကို ရှာမတွေ့ဘူး။"

"ကျောင်းသားတွေ ဖွက်ထားတာလား"

"မဖြစ်နိုင်လောက်ဘူး။ ကျွန်တော်တို့ သူတို့ရဲ့အလောင်းတွေကို လိုက်ရှာပြီး ဘာမှမတွေ့ဘူး… တစ်ယောက်ယောက်က ကျွန်တော်‌တို့မရောက်ခင် ခန်းမထဲကနေ သူ့ခေါင်းနဲ့ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ သံသယရှိတယ်"

"အခုလေးတင် [ဝူကျဲ့လေဟာနယ်] က ကျောင်းကို ဖုံးထားပြီး သူမလွတ်မြောက်နိုင်ဘူး" ချန်မုရယ်က တည်ငြိမ်စွာပြောသည်။ "မင်းတို့က [အိမ်မက်တီးတိုးသံ] နဲ့ ကျောင်းဝင်းတစ်ခုလုံးကို လှုပ်ရှားလိုက်ပြီး သူ့မှတ်ဉာဏ်ပျောက်သွားရင် သူ့ဟာသူ ထောင်ချောက်ထဲဝင်လိမ့်မယ်"

"လက်ခံရရှိပါပြီ"

ဖုန်းချပြီးနောက် ဟုန်ယင်းက သိချင်စွာမေးသည်။

"ခေါင်းဆောင် ဘာဖြစ်တာလဲ"

"နန်ထော်မြွေမိစ္ဆာရဲ့ခေါင်းပျောက်နေတယ်၊ တစ်ယောက်ယောက် ခိုးသွားတာဖြစ်လောက်တယ်" ချန်မုရယ်က ပြောသည်။ "ဒါပေမာ့် ကြီးကြီးမားမား ပြဿနာတော့မဟုတ်ပါဘူး၊ အဲဒါကို ငါတို့ပြန်ရှာတွေ့မှာပါ"

လင်ချီးယဲ့သည် ခဏလောက် အံ့အားသင့်သွားပြီး အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။

သူများလား…


ဗုန်း…

တံတိုင်းကိုကျော်တက်ရန် ကြိုးစားနေသော အန်းချင်းယွီသည် မမြင်ရသောအတားအဆီးကြောင့် မြေပြင်ပေါ်ကို ပြန်လဲကျသွားသည်။ သူသည် အံကြိတ်ပြီး မြေပြင်ပေါ်မှထကာ သူ့ကျောင်းလွယ်အိတ်ကို ကျောပေါ်တင်ရန် လက်ကိုဆန့်ကာ သူ့ရှေ့တွင် ဘာမှမရှိသော အရာများကို စိုက်ကြည့်နေသည်။

"မမြင်ရတဲ့အတားအဆီးက ရှိနေတုန်းပဲ၊ သူတို့က မြွေမိစ္ဆာခေါင်းပျောက်သွားတာကို တွေ့ရှိခဲ့လို့ဖြစ်မယ်…" သူက သူ့ကိုယ်သူရေရွတ်လိုက်သည်။

သူ့မျက်လုံးများက အလင်းတန်းလင်းလက်လာပြီး ခဏလောက်စဉ်းစားပြီးနောက် ကစားကွင်းဆီ တည့်တည့်ပြေးသွားသည်။

သူမလွတ်နိုင်သောကြောင့် ပုန်းရမည်။ ဤအတားအဆီးကို အချိန်အကြာကြီး ဖွင့်ထားနိုင်မည်ဟု သူ မယုံပေ။ သူတို့မထွက်မချင်း သူပုန်းနေသရွေ့ လွတ်မြောက်နိုင်သည်။

အန်းချင်းယွီသည် ကစားကွင်းအစွန်းရှိ ပွင့်လင်းသောနေရာသို့ ပြေးသွားပြီး ပေါင်းပင်များမှ တွင်းအဖုံးကိုတူးကာ သူ့ခွန်အား အားလုံးဖြင့် ဆွဲဖွင့်လိုက်သည်။

ပြီးတာနှင့် ချက်ချင်းပဲ ရေမြောင်းကနေ အနံ့အသက်ထွက်လာသည်။

အန်းချင်းယွီသည် အန်ချင်တာကိုတောင့်ခံရင်း သူ့စိတ်ကို အတင်းအကျပ်ပြင်ဆင်ပြီး သူ့ကျောပေါ်ကလွယ်အိတ်ဖြင့် ခုန်ချလိုက်ကာ တွင်းအဖုံးကို မူလအနေအထားသို့ ပြန်ထားခဲ့သည်။

အမှောင်နှင့် စိုစွတ်နေသော ရေမြောင်းတွင် အနံ့အသက်သည် အန်းချင်းယွီ၏နှာခေါင်းပေါက်ထဲသို့ အရပ်ရပ်မှ စိမ့်ဝင်သွားပြီး သူ့ကို အသက်ရှူမဝလုနီးပါး ဖြစ်စေသည်။ သူသည် အံကြိတ်ကာ ကျောင်းလွယ်အိတ်ကို လက်ထဲတွင် ကိုင်ပြီး တောင့်ခံထားသည်။ 

အမှောင်ထဲမှာ သူ့မျက်လုံးများက ကြယ်တွေလို တောက်ပနေဆဲဖြစ်သည်။

ရုတ်တရတ် ငြိမ့်ညောင်းသော တေးဂီတသည် အပြင်ဘက်မှ ထွက်ပေါ်လာပြီး အန်းချင်းယွီ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။

တိတ်တဆိတ် သူ့နားထဲတွင် တစ်စုံတစ်ယောက် တီးတိုးပြောသံကို ကြားလိုက်ရပြီး တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ အိပ်ငိုက်လာပြီး သူအိပ်မောကျသွားတော့သည်…

ဤအခိုက်အတန့်တွင် ကြည်လင်သောစမ်းရေသည် သူ့ဦးနှောက်ထဲကို စီးဝင်သွားသကဲ့သို့ ထူးဆန်းသော စွမ်းအားတစ်ခု သူ့စိတ်ထဲမှ ထွက်လာကာ အိပ်မက်များနှင့် တီးတိုးသံများကို သဲလွန်စမရှိဘဲ ဖယ်ရှားပစ်လိုက်သည်။

အန်းချင်းယွီသည် ရုတ်တရက် သူ့မျက်လုံးကိုဖွင့်လိုက်ပြီး သူ့မျက်လုံးတွေထဲက မှိန်ဖျော့မှုပျောက်ကွယ်သွားပြီး လုံးဝရှင်းလင်းပြတ်သားမှုများဖြင့် အစားထိုးလိုက်သည်။

သူ့မျက်လုံးအောက်တွင် မီးခိုးရောင်အလွှာခပ်ဖျော့ဖျော့ရှိနေသည်။

ယခုအခါ သူသည် အရင်ကထက် ပိုကြည်လင်လာသည်။

သူသည် အရှေ့ကို ကြောင်တောင်တောင်စိုက်ကြည့်ပြီး သူ့လက်ဖဝါးကို ငုံ့ကြည့်သည်။

သူ့မျက်လုံးထဲတွင် သူ့ခန္ဓာကိုယ်သည် အလွန်တိကျသော စက်ဖြစ်လာပုံရကာ အစိတ်အပိုင်းတစ်ခုစီ၏ လည်ပတ်ဆောင်ရွက်မှုကို မြင်နိုင်ပြီး ၎င်းတို့၏လုပ်ဆောင်မှုနိယာမကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။

သူမျက်တောင်ခတ်ပြီး အသက်ရှုတိုင်း ဘယ်လိုလုပ်ရမလဲဆိုတာ သူသိသည်။ သူသည် နာရီ၏လင့်ခ်တိုင်း လည်ပတ်နေသော လုပ်ငန်းစဉ်ကို ကြည့်ရှုရန် ချဲ့ထွင်ထားသောမှန်ကို အသုံးပြု၍ အလွန်အတွေ့အကြုံရှိသော နာရီထုတ်လုပ်သူတစ်ဦးနှင့် တူပါသည်...

သူ့ခန္ဓာကိုယ်ကို သူဘယ်တုန်းကမှ ကောင်းကောင်းမသိခဲ့ပေ။

ရုတ်တရက် တစ်စုံတစ်ခုကို သူတွေးလိုက်မိသည်။ သူ့ကျောင်းလွယ်အိတ်ကို ဇစ်ဖွင့်ပြီး ခေါင်းကို အမြန်ထုတ်လိုက်သည်။

နန်ထော်မြွေမိစ္ဆာ၏ဦးခေါင်း။

ထိုမျက်လုံးများအောက်တွင် ခေတ်သစ်သိပ္ပံသုတေသနနယ်ပယ်နှင့်မသက်ဆိုင်သော ဒဏ္ဍာရီလာသတ္တဝါသည် ဂီယာ၊ စက်ကွင်း၊ ဝက်အူများကို တစ်ခုပြီးတစ်ခု ခွဲထုတ်လိုက်ပုံရသည်။

သို့သော် ယခုအခါ သူဖောက်မမြင်နိုင်ဘူး။

ထို့ကြောင့် အန်းချင်းယွီသည် သူ့ကျောင်းလွယ်အိတ်၏ အတွင်းလွှာမှ ချွန်ထက်သော သစ်သီးဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

သူသည် ခွဲစိတ်ဓားကိုင်ထားသော ဆရာဝန်တစ်ယောက်နှင့်တူပြီး သူ့ရှေ့က ခေါင်းကို စေ့စေ့ကြည့်ကာ... ဓားတစ်ချောင်းက ခေါင်းထဲသို့ ထိုးဖောက်သွားသည်။

သူ၏ဦးခေါင်ခွံက ဖြတ်ရခက်သည်…

သူသည် ခွဲခြမ်းစိတ်ဖြာပြီး ခေါင်းအထဲမှာ ဘာတွေပါလဲ... သူကြည့်ချင်သည်။

ဦးခေါင်းဖြတ်လိုက်သော အရှိန်သည် တဟုန်ထိုး မြန်လာကာ သူ့မျက်လုံးများက ပိုပို၍ စိတ်လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်က စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်လာသည်။

မှောင်မိုက်ပြီး အနံ့နံသော မြောင်းထဲတွင် ပိန်ပိန်ပါးပါး ဆယ်ကျော်သက် လူငယ်လေးသည် မျက်နှာပေါ်တွင် အပြုံးဖြင့် ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ကြမ်းကြုတ်သောခေါင်းကို နည်းနည်းချင်းဖြတ်နေသည်… သူ့အသံက အမှောင်ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။

"ဒါက ဒီလိုကိုး…

ဒီလိုကိုး…

ငါနားလည်ပြီ။

ဒါက ဒီလိုအလုပ်လုပ်တာကိုး…

စိတ်ဝင်းစားစရာပဲ…

တကယ်စိတ်ဝင်စားစရာပဲ။"


"ဒါက...ဘယ်နေရာလဲ"

အမှောင်ခန်းထဲတွင် လီယိဖေးသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူသည် ပတ်ပတ်လည်ကို ကြောင်တောင်တောင်ကြည့်ပြီး မတ်တတ်ထရပ်တော့မည့်အချိန်၌ သူ့စိတ်ထဲတွင် အဆက်မပြတ်သော မှတ်ဉာဏ်များက ရေစီးတစ်ခုလို စီးဆင်းလာသည်။ 

နာကျင်စွာ အော်ငိုရင်း သူမြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။

အန်းချင်းယွီ ပစ်လိုက်ပြီး လင်ချီးယဲ့ကို သူအံ့အားသင့်နေခဲ့ကာ သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေသော နန်ထော်မြွေမိစ္ဆာက ပေါ်လာခဲ့ပြီး ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် လင်ချီးယဲ့က သူ့ခေါင်းကိုဖြတ်သွားခဲ့သည်…

သူ့လက်များကို တအံ့တသြကြည့်ရင်း သူ့အသံက တဆတ်ဆတ်တုန်ယင်လာသည်။

"ငါ… ငါက တကယ်ပဲ နန်ထော်မြွေမိစ္ဆာပေါ့… ဘယ်လိုဖြစ်ရတာလဲ… ငါက သူတို့ကိုသတ်လိုက်တာ။"

မြွေမိစ္ဆာ၏အမွေဆက်ခံသူများကြောင့် အသတ်ခံရသော ကျောင်းသားများက သူ့မျက်စိရှေ့မှာ ပြန်ပေါ်လာပုံရသည်။ သူ့စိတ်ထဲတွင် သွေးများသည် တံဆိပ်တစ်ခုကဲ့သို့ တံဆိပ်ထွင်းထားပြီး တဖြည်းဖြည်း သူ့အိမ်မက်ဆိုးဖြစ်လာသည်…

"မဟုတ်ဘူး မဟုတ်ဘူး…"

သူသည် မြေပြင်ပေါ်တွင် ဒူးတစ်ဝက်ထောက်လျက် သူ့မျက်နှာကရှုံ့တွသွားပြီး နာကျင်စွာ ညည်းတွားနေသည်။

နောက်အခိုက်အတန့်တွင် သူသည် မတူညီသောလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ သူ့မျက်လုံးများသည် ‌ထူးဆန်းသောဒေါင်လိုက်မျက်လုံးအိမ်များပြောင်းလဲသွားပြီး အမူအရာမဲ့စွာ မတ်တတ်ရပ်လိုက်သည်။

"သူရဲဘောကြောင်တဲ့အမှိုက်ကောင်"

နန်ထော်မြွေမိစ္ဆာ၏လက်တစ်ဖက်မှ မြွေအကြေးခွံများ ကြီးထွားလာပြီး သူ့ရှေ့က အကာအရံကို အပြင်းအထန်ဖမ်းကိုင်ပြီး ဆွဲလိမ်ရန်ကြိုးစားလိုက်သည်။

ထို့နောက် ချက်ချင်းပင် အကျဉ်းခန်း၏ မျက်နှာပြင်မှ မထင်မရှားအက္ခရာများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာတွန်းကန်မှုက နန်ထော်မြွေမိစ္ဆာကို လေထဲသို့ တိုက်ရိုက်မြှောက်တက်သွားစေသည်။ သူသည် အကျဉ်းခန်းတခြားဘက်ကနံရံကို ပြင်းထန်စွာရိုက်မိပြီး မြေပြင်ပေါ်ပြုတ်ကျသွားသည်။

နန်ထော်မြွေမိစ္ဆာသည် သူ့ရှေ့က အကာအရံကို စိုက်ကြည့်ရင်း မြွေစကားများကိုပြောပြီး သူ့မျက်လုံးများက အေးစက်သွားသည်။

အကာအရံကို ပထမဆုံးထိမိသည့်အချိန်တွင် ဤအကျဉ်းခန်းနှင့်ပတ်သက်သည့် အချက်အလက်အပိုင်းအစများသည် သူ၏စိတ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

ဒါကဘယ်နေရာလဲ သူမသိပေမယ့်… သူ၏သေရေးရှင်ရေးအားလုံးက လူတစ်ယောက်လက်ထဲမှာရှိနေကြောင်း သူသိသည်။

ထိုလူက ဒီနေရာမှာ အရှင်သခင်ဖြစ်သည်။

နန်ထော်မြွေမိစ္ဆာသည် စဉ်းစားနေစဉ် တည်ငြိမ်သော ခြေသံများသည် စင်္ကြံ၏ တစ်ဖက်မှ ထွက်ပေါ်လာပြီး သူ၏ဒေါင်လိုက်မျက်လုံးအိမ်များကျုံ့သွားကာ အကာအရံသို့ အမြန်တက်ပြီး ထိုဘက်သို့ မျှော်ကြည့်လိုက်သည်။

မည်းမှောင်သောစင်္ကြံတွင် အသွင်အပြင်က ပို၍ရှင်းလင်းလာသည်။

ကုတ်အင်္ကျီအဖြူဝတ်ထားသော လူငယ်လေးသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားသည်။ သူ့မျက်နှာကို မြင်လိုက်သည်နှင့် နန်ထော်မြွေမိစ္ဆာ၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။

"တကယ်တော့ မင်းဖြစ်နေတာကိုး"

လင်ချီးယဲ့သည် အမူအရာမဲ့စွာ အရှေ့ကိုလျှောက်သွားပြီး မျက်ခုံးပင့်လိုက်သည်။

"အံ့ဩသွားတာလား၊ မအံ့ဩတာလား။"

TK Team (Chapter 65)