Volume 1 (သေမျိုးနယ်မြေ ၀၆၆)
Chapter 66 (ပထမဆုံးသူနာပြု)
နန်ထော်မြွေမိစ္ဆာသည် အကာအရံနောက်မှာ ထိုင်ပြီး သူ့ကို တိတ်တဆိတ် ကြည့်နေသည်။
လင်ချီးယဲ့၏ မျက်လုံးများလည်း အနည်းငယ် ကျဉ်းမြောင်းနေပြီး အကာအရံအပြင်ဘက်တွင် ရပ်ကာ နန်ထော်မြွေမိစ္ဆာ၏ မျက်လုံးများကို ကြည့်နေသည်။
သူ၏အမြင်အာရုံတွင် ရင်းနှီးသောဘောင်ကွက်တစ်ခု ပေါ်လာသည်။
"အပြစ်သား: နန်ထော်မြွေမိစ္ဆာ
ရွေးချယ်မှု: သင့်လက်ဖြင့်သတ်ခဲ့သော ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်အနေဖြင့် သူ့ဝိညာဉ်၏ကံကြမ္မာကို သင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
ရွေးချယ်မှု ၁: သူ့ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးပြီး ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားအောင် ပြုလုပ်ပါ။
ရွေးချယ်မှု ၂: သင့်အတွက် သစ္စာစောင့်သိမှုတန်ဖိုး ၆၀ ရှိစေပြီး သင့်အား အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးကာ လူနာများကို ပြုစုစောင့်ရှောက်ရန် ဆေးရုံရှိသူနာပြုတစ်ဦးအဖြစ် ငှားရမ်းနိုင်ပါသည်။
လက်ရှိသစ္စာစောင့်သိမှုတန်ဖိုး: ၀/၈၅"
လင်ချီးယဲ့သည် ဤအချက်အလက်ကိုဖတ်ပြီးနောက် မျက်ခုံးအနည်းငယ် ပင့်တင်လိုက်သည်။
ဒီတာဝန်က အရင်တစ်ခေါက်နှင့်မတူချေ။ အရင်တစ်ခေါက် သူနာပြု၏ စံနှုန်းက 'အကြောက်တရား' ဆိုတာ သူမှတ်မိပြီး သို့သော် ယခုတစ်ခေါက်တွင် ၎င်းက 'သစ္စာစောင့်သိမှု' ဖြစ်လာသည်။
တစ်နည်းဆိုရသော် မတူညီသော ဒဏ္ဍာရီလာသတ္တဝါများအတွက် ဆေးရုံသည် သူနာပြုဝန်ထမ်းများ၏ စံနှုန်းအမျိုးမျိုးကို ပေးသည်။
ထို့အပြင် ယခုတစ်ကြိမ် သစ္စာစောင့်သိမှုတန်ဖိုးကို နှစ်ပိုင်းခွဲထားပြီး တစ်ခုက ၀ ဖြစ်ကာ တခြားတစ်ခုက ၈၅ ဖြစ်သည်။လင်ချီးယဲ့ခန့်မှန်းချက် မှန်ပါက နန်ထော်မြွေမိစ္ဆာသည် မတူညီသော အသိစိတ်နှစ်ခုကို ခွဲခြားထားသောကြောင့် ဖြစ်သည်။
ပထမတန်ဖိုးသည် နန်ထော်မြွေမိစ္ဆာကိုယ်တိုင်မှ ဆင်းသက်လာပြီး ဒုတိယတန်ဖိုးမှာ 'လီယိဖေး' ၏ လွတ်လပ်သောအသိစိတ်မှ ဆင်းသက်လာခြင်းဖြစ်သည်။
"မင်းကံကြမ္မာကို မင်းသိပြီးပြီလို့ထင်တယ်"
ခဏအကြာတွင် လင်ချီးယဲ့က ဖြည်းညှင်းစွာပြောလိုက်သည်။
"ငါ့ကိုသတ်လိုက်ရင် လီယိဖေးပါသေလိမ့်မယ်။" နန်ထော်မြွေမိစ္ဆာက လင်ချီးယဲ့၏မျက်လုံးများကို စိုက်ကြည့်နေသည်။
"အိုး" လင်ချီးယဲ့သည် ပေါ့ပေါ့ပါးပါး ပြုံးကာ "ငါက သူ့သေရေးရှင်ရေးနဲ့ပတ်သက်ပြီး ဂရုစိုက်မယ်လို့ မင်းထင်လား။
ဟုတ်ပါတယ်၊ သူသေရင် အဲဒါက ငါ့ကို ခဏတော့ စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မယ်၊ ဒါပေမယ့် အဲဒီလောက်ထိပဲ၊ သူနဲ့ငါ့ရဲ့ဆက်ဆံရေးက… သိပ်မကောင်းဘူး၊ မင်းသိပါတယ်။"
နန်ထော်မြွေမိစ္ဆာက တိတ်ဆိတ်သွားသည်။
နောက်ကွယ်က အရာအားလုံးကို စောင့်ကြည့်နေသည့် တည်ရှိမှုအနေဖြင့် လီယိဖေး၏ လှုပ်ရှားမှုတိုင်းက သူရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။ သူတို့နှစ်ယောက်တွေ့တာက လဝက်ကျော်လောက်သာရှိပါသေးသည်။ ဘယ်လောက်ရင်းနှီးတယ်ဆိုတာပြောရန် လုံးဝအဓိပ္ပါယ်မရှိဖြစ်လိမ့်မည်။
ထို့အပြင် လီယိဖေးလည်း သူ့ကိုထားခဲ့ပြီး တစ်ကြိမ် ထွက်ပြေးသွားခဲ့သည်။
ကြားခံအနေဖြင့် လူနှစ်ယောက်၏ဆက်ဆံရေးကို အသုံးချရလောက်အောင် နန်ထော်မြွေမိစ္ဆာက သိပ်မမိုက်မဲသေးဘူး။
"မင်းဘာလိုချင်တာလဲ"
"မင်းအထင်လွဲနေပြီထင်တယ်" လင်ချီးယဲ့သည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ "အခု မင်းက မင်းရဲ့တန်းဖိုကို ငါ့ကိုပြရမှာ၊ မင်းရဲ့တန်ဖိုးက ငါ့မျှော်လင့်ချက်တွေကို မပြည့်မီဘူးဆိုရင်တော့…
တောင်းပန်ပါတယ်၊ ငါ့ဆေးရုံက အသုံးမကျသူတွေကို မထားဘူး"
နန်ထော်မြွေမိစ္ဆာသညိ ခေတ္တရပ်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ "ငါက ရုပ်ဖျက်ရာမှာတော်တယ်၊ မြွေမျိုးစေ့တွေပျိုးထောင်နိုင်ပြီး ပုန်းအောင်းခြင်းနဲ့ စိမ့်ဝင်ခြင်းက ငါ့ရဲ့ကျွမ်းကျင်မှုတွေပဲ။"
"မလုံလောက်ဘူး"
"ငါက အစီအစဉ်ချတာကောင်းပြီး ငါမင်းကို အကြံဉာဏ်တွေ ပေးနိုင်တယ်။"
"…မင်းဘာကောင်းတယ်လို့ ပြောလိုက်တာလဲ။"
"…ငါဘာမှမပြောဘူး။" နန်ထော်မြွေမိစ္ဆာသည် သူ့ဂိမ်းကိုဖျက်ဆီးလိုက်သူက လင်ချီးယဲ့ဆိုတာ မေ့လုနီးပါးဖြစ်သွားသည်။ "ဒါပေမယ့် အတူတူစဉ်းစားတာက မကောင်းတဲ့အရာမဟုတ်ဘူး၊ မင်းရဲ့ဉာဏ်ပညာတစ်ခုတည်းက အရာအားလုံးကိုလွှမ်းခြုံနိုင်မယ်လို့ မဆိုလိုဘူး၊ ငါတို့မှာ မတူညီတဲ့နည်းလမ်းနဲ့အဆင့်တွေကို တွေးတောပြီး အဲဒါက မင်းကိုကိုးကားချက်တွေပေးနိုင်တယ်။"
"အင်း၊ ဒါကသိပ်မဆိုးဘူး၊ ဘာရှိသေးလဲ။"
"ငါ့အဓိကခန္ဓာကိုယ်ရဲ့တိုက်ခိုက်ရေးစွမ်းအားက အတော်လေးနိမ့်ပေမယ့် ငါအရွယ်ရောက်လာတဲ့အခါ ငါ့အဓိကခန္ဓာကိုယ်ကလည်း ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအားတွေရှိလာပြီး သတ်ရခက်တဲ့ ငါ့ရဲ့အရေခွံကိုလဲနိုင်တယ်။"
"ဆက်ပြောပါဦး"
"…မရှိတော့ဘူး။"
လင်ချီးယဲ့သည် ခဏလောက်တွေးတောလိုက်သည်။ "မင်းက လူကြီးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်လား။"
"…ငါမလုပ်တတ်ဘူး" နန်ထော်မြွေမိစ္ဆာ၏စိတ်က လှည့်ပတ်နေသည်။ "ဒါပေမယ့် လီယိဖေးကတော့ ဒီအရာမှာ အရမ်းကောင်းတယ်"
"အဆင်ပြေတယ်"
လင်ချီးယဲ့သည် ခေတ္တရပ်ပြီးနောက် ထပ်ပြောပြန်သည်။ "မင်းနေနိုင်တယ်၊ ဒါပေမယ့် နောက်ထပ်အခြေအနေတွေရှိတယ်။"
"ဘာအခြေအနေလဲ။"
"မလိုအပ်တဲ့အခါ လီယိဖေးကို ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ပေးလိုက်ပါ။"
နန်ထော်မြွေမိစ္ဆာသည် ခဏလောက် ရုန်းကန်နေပေမယ့် ခေါင်းညိတ်လိုက်သည်။ "…ကောင်းပြီ၊ ငါမင်းကိုကတိပေးတယ်"
လွတ်လပ်မှုက အရေးကြီးပေမယ့် သူ ဘယ်တော့မှ မသေချင်ဘူး။ ထို့အပြင် လီယိဖေးကလည်း သူ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူ့ကိုခန္ဓာကိုယ်ပေးရန် လက်ခံဖို့က မခက်ခဲလွန်းပေ။
လင်ချီးယဲ့သည် ခေါင်းညိတ်ပြပြီး လေဟာနယ်ကိုဆုပ်ကိုင်ရန် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့လက်ထဲတွင် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်း ပေါ်လာသည်။
"ဒါက မင်းရဲ့အလုပ်စာချုပ်ပဲ။ တစ်ချက်ကြည့်ပြီး ပြဿနာမရှိရင် လက်မှတ်ထိုးလိုက်ပါ။" လင်ချီးယဲ့သည် သူဌေးကြီး၏ ကိုယ်ဟန်အနေအထားကိုထား၍ သူ့လက်ထဲကအလုပ်စာချုပ်ကို ပေါ့ပါးစွာ ပစ်ပေးလိုက်သည်။
နန်ထော်မြွေမိစ္ဆာသည် စာရွက်ကို လက်ထဲတွင် ကိုင်ထားပြီး ဂရုတစိုက်ဖတ်ကာ သူ့အမူအရာက ရုတ်တရက် အံ့ဩလာသည်။
အလုပ်စာချုပ်ဆိုတာထက် အရောင်းစာချုပ်လို့ပြောရင် ပိုသင့်လျော်ပါသည်။ နန်ထော်မြွေမိစ္ဆာ ဖြည့်ဆည်းပေးရမည့် တာဝန်အများအပြားကို အတိအကျဖော်ပြထားသော်လည်း 'ဌာနမှူးလင်ချီးယဲ့၏အမိန့်ကို ချွင်းချက်မရှိနာခံရမည်'၊ 'ဌာနမှူးလင်ချီးယဲ့နှင့် သူ့အကျိုးစီးပွားကို ထိခိုက်စေလိုသောဆန္ဒမရှိရပါ'၊ 'ဆေးရုံမှာ အများပြည်သူပိုင်ပစ္စည်းကို မပျက်စီးစေရ'၊ 'ဆေးရုံကို ပုံမှန်သန့်ရှင်းရေးလုပ်ရမည်'၊ 'လူနာတွေအတွက် မနက်စာချက်ရန် စောစောထရမည်' စသည်တို့က ကန့်သတ်ချက်မရှိပေ…
ထပ်လောင်းကော်လံ၏စာကြောင်းတွင် 'မလိုအပ်သည့်အခြေအနေမှာ 'လီယိဖေး' ၏ပင်ကိုယ်စရိုက်က ခန္ဓာကိုယ်ကိုထိန်းချုပ်ရမည်' ဆိုသောစာကြောင်းလည်းပါရှိသည်။
လင်ချီးယဲ့ ဖြည့်ဆည်းပေးရမည့် တာဝန်များအတွက် ကော်လံမှာ အထီးကျန်ဆန်သော စကားလုံး 'မရှိ' ဆိုတာပဲ ရှိသည်။
ဤသည်မှာ သေချာပေါက် သူနာပြုများ၏အကျိုးစီးပွားကို အသုံးချနေခြင်းဖြစ်ကာ ရက်စက်ကြမ်းကြုတ်ပြီး တစ်ဖက်သတ် စာချုပ်တစ်ခုဖြစ်သောကြောင့် ဒီလိုအရာမျိုးက မှောင်မိုက်လောက်အောင် အလွန်ရက်စက်ပါသည်။
သို့သော် ယခုအခါတွင် နန်ထော်မြွေမိစ္ဆာသည် အံကြိတ်လျက် သူ့နာမည်ကို ရေးထိုးရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ပေ။
နာမည်ကို ရေးထိုးလိုက်သည့်အခိုက်တွင် စာချုပ်သည် အလိုအလျောက် လောင်ကျွမ်းသွားပြီး ထို့နောက်တွင် အကျဉ်းခန်းတစ်ဝိုက်ရှိ ထူးဆန်းသောအက္ခရာများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အကျဉ်းခန်းတံခါးက အလိုအလျောက်ပွင့်လာသည်။
တစ်ချိန်တည်းမှာပင် နန်ထော်မြွေမိစ္ဆာ၏ ခန္ဓာကိုယ်သည် လူသားအသွင်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိခဲ့ပြီး သူနာပြုယူနီဖောင်း၏ ရင်ဘတ်တွင် အနက်ရောင်နာမည်ကတ်ပြားတစ်ခုပါရှိပြီး သူ၏ခန္ဓာကိုယ်တွင် စိမ်းပြာရောင်သူနာပြုယူနီဖောင်းတစ်ခု ပါရှိသည်။
—— သူနာပြု ၀၀၁။
လီယိဖေးသည် သူ့အဝတ်အစားများကို ကြောင်တောင်တောင်ကြည့်ပြီး ခေါင်းကုတ်လိုက်သည်။
အခုလေးတင် နန်ထော်မြွေမိစ္ဆာနှင့် လင်ချီးယဲ့၏ဆွေးနွေးမှုကို သူလည်းကြားခဲ့ပြီး လက်ရှိအခြေအနေကို အခြေခံအားဖြင့် သူသဘောပေါက်သွားသည်… သူသည် လင်ချီးယဲ့၏အတန်းဖော်မှ သူ၏လခစားအဖြစ် နိမ့်ကျသွားသည်။
"ပြန်လည်ရှင်သန်လာတော့ ဘယ်လိုခံစားရလဲ" လင်ချီးယဲ့သည် အပြုံးဖြင့် ရှေ့ကို လျှောက်သွားသည်။
" သိပ်မဆိုးပါဘူး…" လီယိဖေးက ခြောက်ကပ်ကပ်အပြုံးဖြင့် ပြောသည်။ "သူဌေးလင်၊ အနာဂတ်မှာ ငါ့ကိုအရမ်းကြီးဖိအားမပေးပါနဲ့၊ ငါသည်းမခံနိုင်ဘူး…"
"ဌာနမှူးလို့ခေါ်ပါ။" လင်ချီးယဲ့က သူ့ပခုံးကိုပုတ်ပြီး လှည့်ကာ အကျဉ်းခန်းအပြင်ဘက်ကို လျှောက်သွားသည်။ "ငါနဲ့လိုက်ခဲ့၊ မင်းကို ဒီဆေးရုံနဲ့ မိတ်ဆက်ပေးမယ်။"
သူနာပြုဝတ်စုံဝတ်ထားသည့် လီယိဖေးသည် သက်ပြင်းချလိုက်ပြီး လင်ချီးယဲ့နောက်ကို အမြန်လိုက်သွားသည်။
"ဒီဧရိယာက လူနာဆောင်တစ်ခုပဲ။ အခု လူနာဆောင်တစ်ခုပဲဖွင့်ထားသေးတယ်။ ပြီးတော့ ဒီဆေးရုံမှာ လူနာတစ်ယောက်တည်းရှိတယ်။ သူမရဲ့နာမည်က နက်စ် လို့ခေါ်တယ်။ သူမရောဂါလက္ခဏာတွေအကြောင်း ပိုမိုသိရှိနိုင်စေဖို့ နောက်ပိုင်းမှာ ငါရေးထားတဲ့ ဆေးမှတ်တမ်းကို ဖတ်ရှုနိုင်တယ်။"
အဲဒါလှုပ်ရှားရေးဧရိယာပဲ။ ပိတ်ရက်တွေမှာ ဘာမှလုပ်စရာမရှိတဲ့အခါ တီဗွီကြည့်တာ၊ စစ်တုရင်ကစားဖို့ မင်းသူမကို ဒီနေရာဆီခေါ်လာလို့ရတယ်။ သူမရင်ခွင်ထဲမှာ ပန်းအိုးကိုင်ပြီး ခြံထဲမှာ အမြဲထိုင်ခွင့်မပြုနဲ့။ မဟုတ်ရင် သူမရဲ့စိတ်ရောဂါကို ကုသနိုင်မယ့်အစား အယ်လ်ဇိုင်းမားရောဂါ ရသွားလိမ့်မယ်...
ဒါက ဆေးဆိုင်ပဲ။ ဒီဆေးတွေကို တစ်နေ့သုံးကြိမ်၊ တစ်ကြိမ်ကို နှစ်လုံး သူမကိုတိုက်ပါ…"
လင်ချီးယဲ့ မိတ်ဆက်လိုက်သည်နှင့် လီယိဖေ၏တစ်ကိုယ်လုံး ထုံကျင်သွားသည်။
ဒီနေရာကဘာလဲ။
"အမေ၊ ကျွန်တော် အမေ့အတွက် အဖော်တစ်ယောက်တွေ့ခေါ်လာတယ်၊ အခုကစပြီး သူက ကျွန်တော့်ကိုယ်စား အမေ့ကို အဖော်ပြုပေးလိမ့်မယ်။"
နောက်ဆုံးတွင် လင်ချီးယဲ့သည် လီယိဖေးကို နက်စ်ဆီသို့ ခေါ်သွားပြီး သူ့ကို အပြုံးဖြင့် မိတ်ဆက်ပေးသည်။
နက်စ်သည် လီယိဖေးကို တစ်ခုခုတွေးနေသလိုမျိုး စိုက်ကြည့်နေသည်။
ခဏကြာပြီးနောက် သူမပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်ပြီး
အံ့အားသင့်စွာ ပြောလာသည်။
"မြေးလေး။ အဘွား နင့်ကိုတွေ့ပြီ။"
TK Team (Chapter 66)